Issues
Select Version
နိဿယ
မြန်မာဘာသာ
(SN)Sagāthāvaggo
(SN)Sagāthāvaggo

7. Suddhikasuttaṃ

Author: နိဿယ @ IAPT

(သာဝတ္ထိနိဒါနံမှ စ၍ ဧကမန္တံ နိသီဒိတိုင်ပေးမြဲ။)
ဧကမန္တံ၊ ၌။ နိသိန္နော ခေါ၊ သော။ သုဒ္ဓိကဘာရဒွါဇော၊ သုဒ္ဓိကဘာရဒွါဇမည်သော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သန္တိကေ၊ အထံ၌။ လောကေ၊ လောက၌။ ကောစိ၊ တစုံတယောက်သော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ သီလဝါပိ၊ ပဉ္စဝိဓ,နိယမသီလရှိသော်လည်း။ တပေါကရမ္ပိ၊ အစာမစားခြင်းစသောအကျင့်ကို ပြုကျင့်သော်လည်း။ န သုဇ္ဈတိ၊ မစင်ကြယ်။ ယော၊ အကြင်သူသည်။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝေဒသုံးပုံ ဟု ဆိုအပ်သော ဝိဇ္ဇာသုံးပါး, အမျိုး၏အကျင့်ဟု ဆို အပ်သော စရဏတို့နှင့် ပြည့်စုံ၏။ သော၊ ထိုသူသည်သာ။ သုတိ၊ စင်ကြယ်၏။ အညာ၊ တပါးသော။ ဣတရာ၊ ဗြာဟ္မဏ ဟူသော နာမည်မျှသာရှိသော။ ဝါ၊ ယုတ်ညံ့သော။ ပဇာ၊ သတ္တဝါသည်။ န သုဇ္ဈတီတိ၊ မစင်ကြယ်” ဟူသော။ ဣမံ ဂါထံ၊ ဤဂါထာကို။ အဇ္ဈဘာသိ၊ ရွတ်ဆိုပြီ။
ပလပံ၊ စင်ကြယ်၏ဟူသော စကားကို။ ဗဟုံ၊ များစွာ။ ဇပ္ပမ္ပိ၊ ဆိုသော်လည်း။ အန္တောကသမ္ဗု၊ ယောက်သွားပုပ်ကဲ့သို့ အတွင်း၌ ကိလေသာဖြင့် ပုပ်သော။ သံကိလိဋ္ဌော၊ ကာယဒုစရိုက်စသည်တို့ဖြင့် ညစ်ညူးသော။ ကုဟနံ၊ ဝါကြွား ပလွှားမှုကို။ ဥပနိဿိတော၊ မှီသောသူသည်။ ဇစ္စာ၊ အမျိုးဇာတ်ကြောင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်သည်။ န ဟောတိ၊ မဖြစ်။
ခတ္တိယော၊ မင်းသည်သော်၎င်း။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်သော်၎င်း။ ဝေဿော၊ ကုန်သည်သည်သော်၎င်း။ သုဒ္ဒေါ၊ သူဆင်းရဲသည်သော်၎င်း။ စဏ္ဍာလပုက္ကုသော၊ ဒွန်း စဏ္ဍား, ပန်းမှိုက်သွန်သည်သော်၎င်း။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော ဝီရိယရှိ ၏။ ပဟိတတ္တော၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိ၏။ နိစ္စံ၊ အမြဲ။ ဒဠှပရက္ကမော၊ မြဲမြံသော လုံ့လရှိ၏။ (သော၊ ထိုသူသည်။) ပရမံ၊ မြတ်သော။ သုဒ္ဓိံ၊ စင်ကြယ်ခြင်းသို့။ ပပ္ပေါတိ၊ ရောက်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိလော့။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။
(ဧဝံ ဝုတ္ထေ စသည် ပေးမြဲ။)