Issues
Select Version
နိဿယ
မြန်မာဘာသာ
(SN)Sagāthāvaggo
(SN)Sagāthāvaggo

7. Dukkarasuttaṃ

Author: နိဿယ @ IAPT

အဗျတ္တေန၊ ပညာမရှိသောသူသည်။ သာမညံ၊ ရဟန်းတရားဟု ဆိုအပ်သော အရိယမဂ်ကို။ ဒုက္ကရဉ္စ၊ ပြုလည်းပြုနိုင်ခဲ၏။ ဒုတ္တိတိက္ခဉ္စ၊ သည်းခံလည်း သည်းခံနိုင်ခဲ၏။
ဗာလော၊ မလိမ္မာသောသူသည်။ ယတ္ထ၊ အကြင်ရဟန်းတရားဟု ဆိုအပ်သော အရိယမဂ်၌။ ဝိသီဒတိ၊ နစ်၏။ တတ္ထ၊ ထိုရဟန်းတရားဟု ဆိုအပ်သော အရိယမဂ်၌။ သမ္ဗာဓာ၊ ဘေးရန်တို့သည်။ ဗဟူဟိ၊ များကုန်သည်သာတည်း။ ဣတိ၊ ဤသို့ လျှောက်၏။
စိတ္တံ၊ မသင့်သောအားဖြင့် ဖြစ်သောစိတ်ကို။ စေ န နိဝါရယေ၊ အကယ်၍ မမြစ်ငြားအံ့။ သာမညံ၊ ရဟန်းတရားဟု ဆိုအပ်သော အရိယမဂ်ကို။ ကတိဟံ၊ အဘယ်မျှသောရက်တို့ပတ်လုံး။ စရေယျ၊ ကျင့်နိုင်ရာအံ့နည်း။ သင်္ကပ္ပါနံ၊ ကာမသင်္ကပ္ပ စသည်တို့၏။ ဝသာနုဂေါ၊ အလိုသို့လိုက်သည်ဖြစ်၍။ ပဒေ ပဒေ၊ အာရုံတိုင်း အာရုံတိုင်း၌။ ဝိသီဒေယျ၊ ဆုတ်နစ်ရာ၏။
အင်္ဂါနိ၊ လည်လျှင် ငါးခုမြောက်သော အင်္ဂါတို့ကို။ သက ကပါလေ၊ မိမိအခွံ၌။ သမောဒဟံ၊ ကောင်းစွာသိမ်းဆည်းသော။ ကုမ္မောဝ၊ လိပ်ကဲ့သို့။ မနောဝိတက္ကေ၊ စိတ်၌ ဖြစ်သော ဝိတက်တို့ကို။ သကေ ကပါလေ၊ မိမိအာရုံကမ္မဋ္ဌာန်း၌။ သမောဒဟံ၊ သိမ်းဆည်းသော။ ဘိက္ခု၊ ရဟန်းသည်။ အနိဿိတော၊ တဏှာဒိဋ္ဌိဟူသော မှီရာတို့ကို မမှီသည်ဖြစ်၍။ အညံ၊ တစ်ပါးသောသူကို။ အဟေဌယာနော၊ မညှဉ်းဆဲသည်ဖြစ်၍။ ပရိနိဗ္ဗုတော၊ ကိလေသာငြိမ်းအေးခြင်းဖြင့် ငြိမ်းသည်ဖြစ်၍။ ကဉ္စိ၊ တစုံတယောက်သော ပုဂ္ဂိုလ်ကို။ န ဥပဝဒေယျ၊ အပြစ်မဆိုရာ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။