ယာ၊ အကြင်တဏှာသည်။
အန္တောဇဋာ၊ ကိုယ်တွင်း၌ မြှေးရှက်တတ်၏။
ဗဟိဇဋာ၊ ကိုယ်ပ၌ မြှေးရှက်တတ်၏။
တာယ ဇဋာယ၊ ထိုတဏှာသည်။
ပဇာ၊ သတ္တဝါအပေါင်းကို။
ဇဋိတာ၊ မြှေးရှက်အပ်ပါ၏။
တံ၊ ထိုအကြောင်းကြောင့်။
ဂေါတမ၊ ဂေါတမနွယ်ဖွား ရှင်တော်ဘုရား။
တံ၊ အရှင်ဘုရားကို။
ပုစ္ဆာမိ၊ မေးလျှောက်ပါ၏။
ဣမံဇဋံ၊ ဤ တဏှာတည်းဟူသော အရှုပ်အထွေးကို။
ကော၊ အဘယ်ပုဂ္ဂိုလ်သည်။
ဝိဇဋယေ၊ ဖြည်ရှင်းနိုင်ပါသနည်း။
ဣတိ၊ ဤသို့ မေးမြန်းလျှောက်ထား၏။
နရော၊ ပုဂ္ဂိုလ်ဖြစ်သော။
သပ္ပညော၊ တိဟိတ်ပဋိသန္ဓေ ပညာရှိသော။
အာတာပီ၊ ကိလေသာတို့ကို လောင်ကျွမ်းစေတတ်သော လုံ့လရှိသော။
နိပကော၊ ပါရိဟာရိယ ပညာရှိသော။
ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
သီလေ၊ စတုပါရိသုဒ္ဓိသီလ၌။
ပတိဋ္ဌာယ၊ တည်၍။
စိတ္တဉ္စ၊ သမာဓိ(စိတ်) ကို၎င်း။
ပညဉ္စ၊ ဝိပဿနာပညာကို၎င်း။
ဘာယံ၊ ဖြစ်စေ၏။
ဝါ၊ ပွါးများ၏။
သော ဘိက္ခု၊ ထိုရဟန်းသည်။
ဣမံ ဇဋံ၊ ဤတဏှာတည်း ဟူသော အရှုပ်အထွေးကို။
ဝိဇဋယေ၊ ဖြည်ရှင်းနိုင်၏။
ယေသံ၊ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်။
ရာဂေါ စ၊ ရာဂကို၎င်း။
ဒေါသော စ၊ ဒေါသကို၎င်း။
အဝိဇ္ဇာ စ၊ အဝိဇ္ဇာကို၎င်း။
ဝိရာဇိတာ၊ ကင်းစေအပ်ကုန်ပြီ။
ဝါ၊ ဖျက်ဆီးအပ်ကုန်ပြီ။
ခီဏာသဝါ၊ ကုန်ခန်းပြီးသော အာသဝရှိကုန်၏။
အရဟန္တော၊ ပစ္စည်းလေးပါးကို ခံတော်မူထိုက်ကုန်၏။
တေသံ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့သည်။
ဇဋာ၊ တဏှာတည်းဟူသော အရှုပ်အထွေးကို။
ဝိဇဋိတာ၊ ဖြည်ရှင်းအပ်ပြီ။
ယတ္ထ၊ အကြင်နိဗ္ဗာန်၌။
နာမဉ္စ၊ နာမ်သည်၎င်း။
ရူပဉ္စ၊ ရုပ်သည်၎င်း။
ပဋိဃဉ္စ၊ ပဋိဃသညာသည်၎င်း။
ရူပသညာ စ၊ ရူပသညာသည်၎င်း။
အသေသံ၊ အကြွင်းမဲ့။
ဥပရုဇ္ဈတိ၊ ချုပ်ငြိမ်း၏။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ဧသာ ဇဋာ၊ ဤတဏှာတည်းဟူသော အရှုပ်အထွေးသည်။
ဆိဇ္ဇေတ၊ ပြတ်၏။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။