(သာဝတ္ထိနိဒါနံမှ နိသီဒိအထိ ပေးမြဲ။ ဝိဇယာကို မာရ်နတ်က ဆိုသည်သာ ထူး၏။)
အထခေါ၊ ၌။ ပ။
ပါပိမာ၊ သော။
မာရော၊ သည်။ ပ။
ဝိဇယံ ဘိက္ခုနီံ၊ ကို။
“အယျေ၊ အရှင်မ။
ဧဟိ၊ လာလော့။
တွံ၊ ရှင်မသည်။
ဒဟရာ၊ ငယ်နုသေး၏။
ရူပဝတီ၊ အဆင်းလှ၏။
အဟဉ္စ၊ ငါသည်လည်း။
ဒဟရော၊ ငယ်နု၏။
သုသု၊ နက်မည်းသောဆံရှိ၏။
ပဉ္စင်္ဂိကေန၊ အင်္ဂါငါးပါးရှိသော။
တုရိယေန၊ တူရိယာဖြင့်။
အဘိရမာ မသေတိ၊ အလွန်မွေ့လျော်ကြကုန်စို့” ဟူသော။
ဂါထာယ၊ ဖြင့်။
အဇ္ဈဘာသိ၊ ပြီ။
(အထ ခေါမှ စာဝေတုကာမော ဂါထံ ဘာသတီတိ အထိ ပေးမြဲ။)
အထခေါ၊ ၌။
ဝိဇယာ ဘိက္ခုနီ၊ သည်။ ပ။
မာရံ၊ ကို။
“မာရ၊ မာရ်နတ်။
ရူပါ၊ ရူပါရုံတို့သည်၎င်း။
သဒ္ဒါ၊ သဒ္ဒါရုံတို့သည်၎င်း။
ဂန္ဓာ၊ ဂန္ဓာရုံတို့သည်၎င်း။
ရသာ၊ ရသာရုံတို့သည်၎င်း။
ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်၎င်း။
မနောရမာ၊ နှလုံးမွေ့လျော်ဖွယ်ချည်းတည်း။
တုယှေဝ၊ သင့်အားသာလျှင်။
နိယျာတယာမိ၊ အပ်နှင်း၏။
အဟံ၊ ငါသည်။
တေန၊ ထိုအာရုံငါးပါးဖြင့်။
န အတ္ထိကာ၊ အလိုမရှိ။
ဘိန္ဒနေန၊ ကွဲပျက်ခြင်းသဘောရှိသော။
ပဘင်္ဂုနာ၊ မှုန့်မှုန့်ညက်ညက် ကြေပျက်ခြင်း သဘောရှိသော။
ဣမိနာ ပူတိကာယေန၊ ဤအကောင်ပုပ်ဖြင့်။
အဟံ၊ ငါသည်။
အဇ္ဇီယာမိ၊ ငြီးငွေ့စက်ဆုပ်၏။
ဟရာယာမိ၊ ရှက်နိုး၏။
ကာမတဏှာ၊ ကာမဂုဏ်၌တပ်ခြင်းကို။
သမူဟတာ၊ အကြွင်းမဲ့ နုတ်အပ်ပြီ။
ရူပူပဂါ၊ ရူပဘုံသို့ ရောက်ကုန်သော။
ယေ သတ္တာ စ၊ အကြင်သတ္တဝါတို့သည်၎င်း။
အရူပဋ္ဌာယိနော၊ အရူပဘုံ၌တည်ကုန်သော။
ယေ သတ္တာ စ၊ အကြင်သတ္တဝါတို့သည်၎င်း။
သန္တာ၊ ငြိမ်သက်ကုန်သော။
ယာ သမာပတ္တိ စ၊ အကြင် ရှစ်ပါးသော လောကီဈာန်သမာပတ်တို့သည်၎င်း။
(သန္တိ၊ ရှိကုန်၏။)
သဗ္ဗတ္ထ၊ အလုံးစုံသော ရူပဘဝ, အရူပဘဝ, (ကာမဘဝ) လောကီဈာန်သမာပတ်တို့၌။
တမော၊ ဖုံးလွှမ်းတတ်သော မောဟကို။
ဝိဟတောတိ၊ ပယ်ဖျက်အပ်ပြီ” ဟူကုန်သော။
ဂါထာဟိ၊ တို့ဖြင့်။
ပစ္စဘာသိ၊ ပြီ။
(အထ ခေါ စသည်ပေးမြဲ။)