Issues
Select Version
နိဿယ
မြန်မာဘာသာ
(SN)Sagāthāvaggo
(SN)Sagāthāvaggo

7. Vanaropasuttaṃ

Author: နိဿယ @ IAPT

ကေသံ၊ အဘယ်သူတို့အား။ ဒိဝါ စ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ သဒါ၊ အခါခပ်သိမ်း။ ပုညံ၊ ကောင်းမှုသည်။ ပဝဍ္ဎတိ၊ တိုးပွါးပါသနည်း။ ကေ၊ အဘယ်သူတို့သည်။ ဓမ္မဋ္ဌာ၊ တရား၌တည်ပါကုန်သနည်း။ ကေ၊ အဘယ်သူတို့သည်။ သီလသမ္ပန္နာ၊ သီလနှင့်ပြည့်စုံကုန်ပါသနည်း။ ကေ ဇနာ၊ အဘယ်သူတို့သည်။ သဂ္ဂဂါမိနော၊ နတ်ပြည်သို့သွားရကုန်ပါသနည်း။ ဣတိ၊ ပြီ။
ယေ ဇနာ၊ အကြင်သူတို့သည်။ အာရာမရောပ၊ သစ်သီးအရံ ပန်းကရံကို စိုက်ပျိုးကုန်၏။ ဝနရောပါ၊ တောကို စိုက်ပျိုးကုန်၏။ သေတုကာရကာ၊ တံတားကို ခင်းကုန်၏။ ပပဉ္စ၊ ရေအိုးစဉ်ကို၎င်း။ ဥဒပါနဉ္စ၊ ရေတွင်းရေကန်ကို၎င်း။ (ကရောန္တိ၊ ပြုလုပ်ကုန်၏။) ယေ၊ အကြင်သူတို့သည်။ ဥပဿယံ၊ ဇရပ်တန်ဆောင်း ကျောင်းကန် အရိပ်အာဝါသကို။ ဒဒန္တိ၊ ဆောက်လုပ် လှူဒါန်းကုန်၏။
တေသံ၊ ထိုသူတို့အား။ ဒိဝါ စ၊ နေ့၌၎င်း။ ရတ္တော စ၊ ညဉ့်၌၎င်း။ သဒါ၊ အခါခပ်သိမ်း။ ပုညံ၊ ကောင်းမှုသည်။ ပဝဍ္ဎတိ၊ တိုးပွါး၏။ တေ ဗနာ၊ ထိုသူတို့သည်။ ဓမ္မဋ္ဌာ၊ တရား၌တည်ကုန်၏။ တေ ဇနာ၊ တို့သည်။ သီလသမ္ပန္နာ၊ သီလနှင့် ပြည့်စုံကုန်၏။ တေ ဇနာ၊ တို့သည်။ သဂ္ဂဂါမိနော၊ နတ်ပြည်သို့ သွားရကုန်၏။ ဣတိ၊ ပြီ။