ဒွိပဒံ၊ အခြေနှစ်ချောင်းရှိကုန်သော သူတို့တွင်။
ခတ္တိယော၊ မင်းသည်။
သေဋ္ဌော၊ မြတ်၏။
စတုပ္ပဒံ၊ အခြေလေးချောင်း ရှိကုန်သော သတ္တဝါတို့တွင်။
ဗလီဗဒ္ဒေါ၊ နွားလားဥသဘသည်။
သေဋ္ဌော၊ မြတ်၏။
ဘရိယာနံ၊ မယားတို့တွင်။
ကောမာရီ၊ သတို့သမီးအရွယ်၌ ယူအပ်သော မယားသည်။
သေဋ္ဌာ၊ မြတ်၏။
ပုတ္တာနံ၊ သားတို့တွင်။
ယော စ၊ အကြင်သားသည်။
ပုဗ္ဗဇော၊ ရှေးဦးစွာဖွား၏။
သော၊ ထိုသားသည်။
သေဋ္ဌောတိ၊ မြတ်၏” ဟူသော။
သေဒ၊ ဟူသော။
ဣမံ ဂါထံ၊ ကို။
အဘာသိ၊ ၏။
ဒွိပဒံ၊ အခြေနှစ်ချောင်းရှိကုန်သော သူတို့တွင်။
သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
သေဋ္ဌော၊ မြတ်၏။
စတုပ္ပဒံ၊ အခြေလေးချောင်း ရှိကုန်သော သတ္တဝါတို့တွင်။
အာဇာနီယော၊ ဆင်အစရှိသော အာဇာနည်သည်။
သေဋ္ဌော၊ မြတ်၏။
ဘရိယာနံ၊ မယားတို့တွင်။
သုသာ၊ လင်၏ စကားကို နာယူ နှစ်သက်စေတတ်သော မယားသည်။
သေဋ္ဌာ၊ မြတ်၏။
ပုတ္တာနံ၊ သားတို့တွင်။
ယော စ၊ အကြင် သားသည်။
အဿဝေါ၊ မိဘတို့၏ စကားကို နာယူတတ်၏။
သော၊ ထိုသားသည်။
သေဋ္ဌော၊ မြတ်၏။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။