ကိံ၊ အဘယ်တရားသည်။
ဇီရတိ၊ ဆွေးမြေ့ပါသနည်း။
ကိံ၊ အဘယ်တရားသည်။
န ဇီရတိ၊ မဆွေးမြေ့ပါသနည်း။
ကိံသု၊ ဘယ်တရားကို။
ဥပ္ပထောတိ၊ လမ်းမှားဟူ၍။
ဝုစ္စတိ၊ ဆိုအပ်ပါသနည်း။
ကိံသု၊ ဘယ်တရားသည်။
ဓမ္မာနံ၊ ကုသိုလ်တရားတို့၏။
ပရိပန္ထော၊ ဘေးရန်မည်ပါသနည်း။
ကိံသု၊ ဘယ်တရားသည်။
ရတ္တိန္ဒိဝက္ခယော၊ နေ့ညဉ့်တို့၌ကုန်ခန်းပါသနည်း။
ကိံ၊ ဘယ်တရားသည်။
ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်၏။
မလံ၊ အညစ်အကြေးမည်ပါသနည်း။
ကိံ၊ သည်။
အနောဒကံ၊ အညစ်အကြေးကိုဆေးကြောစရာ ရေမဟုတ်ပါပဲလျက်။
သိနာနံ၊ အညစ်အကြေးကို ဆေးကြောစရာ ရေမည်ပါသနည်း။
လောကသ္မိံ၊ လောက၌။
ယတ္ထ၊ အကြင်အပေါက်တို့ကြောင့်။
ဝိတ္တံ၊ ဥစ္စာသည်။
န တိဋ္ဌတိ၊ မတည်။
တာနိ ဆိဒ္ဒါနိ၊ ထိုအပေါက်တို့သည်။
ကတိ၊ ဘယ်မျှတို့နည်း။
ဘဝန္တံ၊ အရှင်ဘုရားကို။
ပုဋ္ဌုံ၊ မေးလျှောက်ခြင်းငှါ။
အာဂမှာ၊ လာရောက်ကြပါကုန်ပြီ။
တံ၊ ထိုအမေး၏ အဖြေကို။
မယံ၊ တပည့်တော်တို့သည်။
ကထံ၊ အဘယ်သို့။
ဇာနေမု၊ သိရပါကုန်အံ့နည်း။
ဣတိ၊ ဤသို့ ရွတ်ဆိုလျှောက်ထားကုန်ပြီ။
မစ္စာနံ၊ သတ္တဝါတို့၏။
ရူပံ၊ ရုပ်သည်။
ဇီရတိ၊ ဆွေးမြေ့၏။
နာမဂေါတ္တံ၊ အမည်အနွယ်သည်။
န ဇီရတိ၊ မဆွေးမြေ့။
ရာဂေါ၊ ရာဂကို။
ဥပ္ပထောတိ၊ လမ်းမှားဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
လောဘော၊ လောဘသည်။
ဓမ္မာနံ၊ ကုသိုလ်တရားတို့၏။
ပရပန္ထော၊ ဘေးရန်မည်၏။
ဝယော၊ အရွယ်သည်။
ရတ္တိန္ဒိဝက္ခယော၊ ညဉ့်နေ့တို့၌ ကုန်ခန်းတတ်၏။
ဣတ္ထီ၊ မိန်းမသည်။
ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်၏။
မလံ၊ အညစ်အကြေးမည်၏။
ဧတ္ထ၊ ဤမိန်းမ အာရုံ၌။
အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။
သဇ္ဇတေ၊ ကပ်ငြိ၏။
တပေါ စ၊ ကိလေသာတို့ကို ပူလောင်စေတတ်သော အကျင့်၎င်း။
ဗြဟ္မစရိယဉ္စ၊ မေထုန်မှ ရှောင်ကြဉ်ခြင်း ဟူသော မြတ်သောအကျင့်၎င်း။
တံ၊ ထိုတရားနှစ်ပါး အပေါင်းသည်။
အနောဒကံ၊ အညစ်အကြေးကို ဆေးကြောစရာ ရေမဟုတ်ပါပဲလျက်။
သိနာနံ၊ ကိလေသာအညစ်အကြေးကို ဆေးကြောစရာ ရေမည်ပေ၏။
လောကသ္မိံ၊ လောက၌။
ယတ္ထ၊ အကြင်အပေါက်တို့ကြောင့်။
ဝိတ္တံ၊ ဥစ္စာသည်။
န တိဋ္ဌတိ၊ မတည်။
တာနိ ဆိဒ္ဒါနိ၊ ထိုအပေါက်တို့သည်။
ဆ၊ ခြောက်ပါးတို့တည်း။
အာလသျဉ္စ၊ ပျင်းရိခြင်း၎င်း။
ပမာဒေါ စ၊ မေ့လျော့ခြင်း၎င်း။
အနုဋ္ဌာနံ၊ ထကြွလုံ့လ မရှိခြင်း၎င်း။
အသံယမော၊ သီလကို မစောင့်စည်းခြင်း၎င်း။
နိဒ္ဒါ၊ အိပ်ကြူးခြင်း၎င်း။
တန္ဒီ၊ တခဏမျှ ပျင်းရိခြင်း၎င်း။
ဣတိ၊ ဤသို့။
တေ ဆိဒ္ဒေ၊ ထိုခြောက်ပါးသော အပေါက်တို့ကို။
သဗ္ဗသော၊ အချင်းခပ်သိမ်း။
ဝိတဇ္ဇယေ၊ ရှောင်ကြဉ်ရာ၏။
ဤသို့၊ မိန့်တော်မူ၏။