Issues
Select Version
နိဿယ
မြန်မာဘာသာ
法护-Dhammapāla
中文
(SN)Sagāthāvaggo
(SN)Sagāthāvaggo

9. Paṭhamaāyusuttaṃ

Author: နိဿယ @ IAPT

(ဧဝံ မေ သုတံ စသည် ပေးမြဲ။ )
ဘဂဝါ၊ သည်။ ဘိက္ခဝေ၊ တို့။ မနုဿာနံ၊ လူတို့၏။ ဣဒံ အာယု၊ ဤအသက်သည်။ အပ္ပံ၊ နည်းလှ၏။
သမ္ပရာယော၊ တမလွန်ဘဝသို့။ ဂမနီယော၊ မချွတ်သွားရလတ္တံ့ ။ ကုသလံ၊ ကုသို့လ်ကို။ ကာတဗ္ဗံ၊ ပြုထိုက်၏။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရိတဗ္ဗံ၊ ကျင့်ထိုက်၏။
ဇာတဿ၊ ပဋိသန္ဓေနေသောသူ၏။ အမရဏံ၊ မသေခြင်းသည်။ နတ္ထိ၊ မရှိ။
ဘိက္ခဝေ၊ တို့။ ယော၊ အကြင်သူသည်။ စိရံ၊ မြင့်ရှည်စွာသော ကာလပတ်လုံး။ ဇီဝတိ၊ အသက်ရှင်၏။ သော၊ ထိုသူသည်။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဇီဝတိ၊ အသက်ရှင်၏။ အပ္ပံဝါဘိယျောတိ၊ အနည်းငယ်သော်လည်း ကျော်လွန်၏ဟူသော။ (အနှစ်နှစ်ရာသို့ မရောက်နိုင်ဟူလို။) ဧတံ၊ ကို။ အဝေါစ၊ မိန့်တော်မူပြီ။
အထ ခေါ၊ ၌။ ပါပိမာ၊ သော။ မာရော၊ သည်။ ယေန၊ ၌။ ဘဂဝါ၊ သည်။ (အတ္ထိ၊ ၏။) တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။ ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ “မနုဿာနံ၊ လူတို့၏။ အာယု၊ အသက်သည်။ ဒီဃံ၊ ရှည်၏။ သုပေါရိသော၊ သူတော်ကောင်းသည်။ နံ၊ ထိုအသက်ကို။ နဟီဠေ၊ တို၏ဟု မရှုတ်ချရာ။ ဝါ၊ မကဲ့ရဲ့ရှာ။ ခီရမတ္တောဝ၊ နို့ရည်ယစ်တွယ် ပက်လက်အိပ် ကလေးငယ်ကဲ့သို့။ စရေယျ၊ ကျင့်ရာ၏။ မစ္စုဿ၊ သေမင်း၏။ အာဂမော၊ လာခြင်းသည်။ နတ္ထီတိ၊ မရှိ” ဟူသော။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ ပြီ။
မနုဿာနံ၊ တို့၏။ အာယု၊ သည်။ အပ္ပံ၊ တိုလှ၏။ သုပေါရိသော၊ သူတော်ကောင်းသည်။ နံ၊ ကို။ ဟီဠေယျ၊ ရာ၏။ အာဒိတ္တသီသောဝ၊ ဦးခေါင်း ဥသျှောင် မီးတောက် လောင်သော ယောက်ျားကဲ့သို့။ စရေယျ၊ ရာ၏။ မစ္စုဿ၊ သေမင်း၏။ အာဂမာ၊ လာခြင်းသည်။ န နတ္ထိ၊ မရှိမဟုတ် ရှိသည်သာ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။
(အထ ခေါ စသည် ပေးမြဲ။)