သာဝတ္ထိနိဒါနံ၊ တည်း။
ဧကမန္တံ၊ ၌။
ဌိတာ ခေါ၊ သော။
သာ ဒေဝတာ၊ သည်။
ဘဂဝတော၊ ၏။
သန္တိကေ၊ ၌။
"ဇာဂရတံ၊ နိုးကြားကြကုန်စဉ်။
ကတိ၊ အဘယ်မျှတို့သည်။
သုတ္တာ၊ အိပ်ကုန်သည်မည်ကုန်သနည်း။
သုတ္တေသု၊ အိပ်ကုန်ကြစဉ်။
ကတိ၊ အဘယ်မျှတို့သည်။
ဇာဂရာ၊ နိုးကုန်သည်မည်ကုန်သနည်း။
ကတိဘိ၊ အဘယ်မျှတို့ဖြင့်။
ရဇံ၊ ကိလေသာတည်းဟူသော မြူကို။
အာဒေတိ၊ ယူသနည်း။
ကတိဘိ၊ အဘယ်မျှတို့ဖြင့်။
ပရိသုဇ္ဈတီတိ၊ စင်ကြယ်ပါသနည်း” ဟူသော။
ဣမံ ဂါထံ၊ ကို။
အဘာသိ၊ ၏။
ဇာဂရတံ၊ ဣန္ဒြေငါးပါး နိုးကြားကြကုန်စဉ်။
ပဉ္စ၊ ငါးပါးကုန်သော နီဝရဏတို့သည်။
သုတ္တာ၊ ကုန်၏။
သုတ္တေသု၊ နီဝရဏငါးပါး အိပ်ပျော်ကြကုန်စဉ်။
ပဉ္စ၊ ငါးပါး ကုန်သော ဣန္ဒြေတို့သည်။
ဇာဂရာ၊ ကုန်၏။
ပဉ္စဘိ၊ ငါးပါးကုန်သော နီဝရဏတို့ဖြင့်။
ရဇံ၊ ကိလေသာတည်းဟူသောမြူကို။
အာဒေတိ၊ ယူ၏။
ပဉ္စဘိ၊ ငါးပါးကုန်သော ဣန္ဒြေတို့ဖြင့်။
ပရိသုဇ္ဈတိ၊ စင်ကြယ်၏။
ဣတိ၊ ဤသို့ဖြေတော်မူ၏။