Issues
Select Version
နိဿယ
မြန်မာဘာသာ
(SN)Sagāthāvaggo
(SN)Sagāthāvaggo

9. Catucakkasuttaṃ

Author: နိဿယ @ IAPT

မဟာဝီရ၊ ကြီးသောလုံလရှိတော်မူသော ရှင်တော်ဘုရား။ (ယံ သရီရံ၊ အကြင်ကိုယ်သည်။) စတုစက္ကံ၊ လေးပါးသော ဣရိယာပုထ်စက်ရှိ၏။ နဝဒွါရံ၊ ကိုးပါးသော ဒွါရရှိ၏။ ပုဏ္ဏံ၊ မစင်တို့ဖြင့် ပြည့်၏။ လောဘေန၊ တဏှာနှင့်။ သံယုတံ၊ ယှဉ်စပ်၏။ ပင်္ကဇာတံ၊ အမိဝမ်းဟူသောညွန်၌ ဖြစ်၏။ တတော၊ ထိုကိုယ်မှ။ ကထံ၊ အဘယ်အကြောင်းဖြင့်။ ယာတြာ၊ ထွက်မြောက်ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါအံ့နည်း။ ဣတိ၊ ဤသို့ ရွတ်ဆိုလျှောက်ထားပြီ။
နဒ္ဓိံစ၊ အားကြီးသော အမျက်ဥပနာဟဟူသော ချည်ကြိုးကို၎င်း။ ဝရုတ္တဉ္စ၊ ကြွင်းသော ကိလေသာဟူသော သားရေကြိုးကို၎င်း။ ပါပကံ၊ ယုတ်မာလှသော။ ဣစ္ဆာလောဘဉ္စ၊ ဣစ္ဆာလောဘကို၎င်း။ သမူလံ၊ အဝိဇ္ဇာလျှင် အမြစ်အရင်းရှိသော။ တဏှံ၊ တဏှာကို။ အဗ္ဗုယှ၊ အရဟတ္တမဂ်ဖြင့် နုတ်၍။ ဧဝံ၊ ဤအကြောင်းဖြင့်။ ယာတြာ၊ ထွက်မြောက် ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။