ကိံဒဒေါ၊ အဘယ်အလှူကို လှူသောသူသည်။
ဗလဒေါ၊ ခွန်အားကိုလှူသည်မည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။
ကိံဒဒေါ၊ သည်။
ဝဏ္ဏဒေါ၊ အဆင်းကို လှူသည်မည်သည်။
ဟောတိ၊ နည်း။
ကိံဒဒေါ၊ သည်။
သုခဒေါ၊ ချမ်းသာကို လှူသည်မည်သည်။
ဟောတိ၊ နည်း။
ကိံဒဒေါ၊ သည်။
စက္ခုဒေါ၊ မျက်စိကို လှူသည်မည်သည်။
ဟောတိ၊ နည်း။
ကော စ၊ အဘယ်အလှူကိုလှူသောသူသည်ကား။
သဗ္ဗဒဒေါ၊ ခပ်သိမ်းသော အလှူကို ပေးလှူသောသူမည်သည်။
ဟောတိ၊ နည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိတော၊ မေးအပ်သောရှင်တော်မြတ်ဘုရားသည်။
မေ၊ ၏။
တံ၊ ထိုမေးလျှောက်အပ်သောပြဿနာကို။
အက္ခာဟိ၊ ဖြေကြားတော်မူပါလော့။
ဣတိ၊ ဤသို့ရွတ်ဆို မေးလျှောက်ပြီ။
အန္နဒေါ၊ ဆွမ်းကို လှူသောသူသည်။
ဗလဒေါ၊ ခွန်အားကို လှူသည်မည်သည်။
ဟောတိ၊ ၏။
ဝတ္ထဒေါ၊ အဝတ်သင်္ကန်းကို လှူသောသူသည်။
ဝဏ္ဏဒေါ၊ အဆင်းကိုလှူသည်မည်သည်။
ဟောတိ၊ ၏။
ယာနဒေါ၊ ယာဉ်ကိုလှူသောသူသည်။
သုခဒေါ၊ ချမ်းသာကို လှူသည်မည်သည်။
ဟောတိ၊ ၏။
ဒီပဒေါ၊ ဆီမီးကို လှူသောသူသည်။
စက္ခုဒေါ၊ မျက်စိကို လှူသည်မည်သည်။
ဟောတိ၊ ၏။
ယော၊ အကြင်သူသည်။
ဥပဿယံ၊ ကျောင်းအလှူကို။
ဒဒါတိ၊ ၏။
သော စ၊ ထိုသူသည်ကား။
သဗ္ဗဒဒေါ၊ အလုံးစုံကို ပေးလှူသောသူမည်သည်။
ဟောတိ၊ ၏။
ယော၊ အကြင်သူသည်။
ဓမ္မံ၊ တရားကို။
အနုသာသတိ၊ ဟောပြဆုံးမ၏။
သော၊ ထိုသူ သည်။
အမတံဒဒေါ၊ အမြိုက်နိဗ္ဗာန်ကို ပေးလှူ သောသူမည်သည်။
ဟောတိ၊ ၏။
ဣတိ၊ ဤသို့ ဖြေဆိုတော်မူ၏။