ဧဏိဇင်္ဃံ၊ ဧဏီမည်သောသားကောင်၏မြင်းခေါင်းနှင့်တူသောမြင်းခေါင်းတော်လည်း ရှိတော်မူသော။
ကိသံ၊ ခန္ဓာကိုယ်တော်လည်း မဝလွန်းရုံ ကြုံတော်မူသော။
ဝီရံ၊ လုံံ့လလည်းရှိတော်မူသော။
အပ္ပါဟာရံ၊ နည်းသော အာဟာရလည်း ရှိတော်မူသော။
အလောလုပ္ပံ၊ ပစ္စည်းလေးပါးတို့၌ လျှပ်ပေါ်ခြင်းလည်း ရှိတော်မမူသော။
ဧကစရံ၊ တကောင်တည်း ကျက်စားသော။
သီဟံဝ၊ ခြင်္သေ့မင်းကဲ့သို့၎င်း။
ဧကစရံ၊ တကောင်ထည်း ကျက်စားသော။
နာဂံဝ၊ ဆင်ပြောင်ကဲ့သို့၎င်း။
ဧကစရံ၊ တကိုယ်တော်တည်း ကျင့်သုံး တော်မူသော။
ကာမေသု၊ ကာမဂုဏ်တို့၌။
အနပေက္ခိနံ၊ ငဲ့ကွက်ခြင်း ရှိတော်မမူသော မြတ်စွာဘုရားသို့။
ဥပသင်္ကမ္မ၊ ချဉ်းကပ်ကုန်၍။
(မယံ၊ တပည့်တော် နတ်အများတို့သည်။)
ပုစ္ဆာမ၊ မေးလျှောက်ပါကုန်၏။
ကထံ၊ အဘယ်အကြောင်းဖြင့်။
ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ။
ပမုစ္စတိ၊ ကင်းလွတ်ပါသနည်း။
ဣတိ၊ ဤသို့ ရွတ်ဆိုလျှောက်ထားကြကုန်ပြီ။
လောကေ၊ လောက၌။
မနောဆဋ္ဌာ၊ မနလျှင် ခြောက်ခုမြောက်ရှိကုန်သော။
ပဉ္စကာမဂုဏာ၊ ငါးမျိုးသော ကာမဂုဏ်တို့ကို။
ပဝေဒိတာ၊ ဟောကြားသိစေတော် မူအပ်ကုန်ပြီ။
ဧတ္ထ၊ ဤကာမဂုဏ်ငါးပါးနာမ်ရုပ်တရား၌။
ဆန္ဒ၊ တပ်မက်သော ရာဂကို။
ဝိရာဇေတွာ၊ ကင်းစေ၍။
ဧဝံ၊ ဤအကြောင်းဖြင့်။
ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ။
ပမုစ္စတိ၊ ကင်းလွှတ်၏။
ဣတိ၊ ဤသို့ မိန့်တော်မူ၏။
တတိယော၊ သော။
သတ္တိဝဂ္ဂေါ၊ သည်။
နိဋ္ဌိတော၊ ပြီ။
တဿ၊ ထိုသတ္တိဝဂ်၏။
ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကာ။
သတ္တိယာ၊ သတ္တိသုတ်နှင့်တကွ။
ဖုသတိစေဝ၊ ဖုသတိသုတ်၎င်း။
ဇဋာ၊ ဇဋာသုတ်၎င်း။
မနောနိဝါရဏာ၊ မနောနိဝါရဏသုတ်၎င်း။
အရဟန္တေန၊ အရဟန္တသုတ်နှင့်တကွ။
ပဇ္ဇောတာ၊ ပဇ္ဇောတသုတ်၎င်း။
သရာ၊ သရသုတ်၎င်း။
မဟဒ္ဓနေန မဟဒ္ဓနံ၊ မဟဒ္ဓနသုတ်၎င်း။
နဝမံ၊ ကိုးသုတ်မြောက်ဖြစ်သော။
စတုစက္ကေန စတုစက္ကံ၊ စတုစက္ကသုတ်၎င်း။
ဧဏိဇင်္ဃေန ဇဏိဇင်္ဃံ၊ ဧဏိဇင်္ဃသုတ်၎င်း။
ဣတိ၊ ဤသို့။
တေ၊ ထိုသုတ်တို့သည်။
ဒသ၊ ဆယ်သုတ်တို့တည်း။
ဣတိ၊ ဤသည်တည်း။