ကိံသု၊ အဘယ်တရားသည်။
ယာဝ ဇရာ၊ အိုသည်တိုင်အောင်။
သာဓု၊ ကောင်းပါသနည်း။
ကိံသု၊ သည်။
ပတိဋ္ဌိတံ၊ စိတ်အစဉ်၌တည်မှု။
သာဓု၊ ကောင်းပါသနည်း။
ကိံသု၊ သည်။
နရာနံ၊ လူတို့၏။
ရတနံ၊ ရတနာမည်ပါသနည်း။
ကိံသု၊ ကို။
စောရေဟိ၊ ခိုးသူတို့သည်။
ဒူဟရံ၊ မခိုးယူနိုင်ပါသနည်း။
ဣတိ၊ ဤသို့ နတ်သားတယောက်ကလျှောက်ထားပြီ။
သီလံ၊ သီလသည်။
ယာဝ ဇရာ၊ အိုသည်တိုင်အောင်။
သာဓု၊ ကောင်း၏။
သဒ္ဓါ၊ သဒ္ဓါတရားသည်။
ပတိဋ္ဌိတာ၊ စိတ်အစဉ်၌တည်မှု။
သာဓု၊ ကောင်း၏။
ပညာ၊ ပညာသည်။
နရာနံ၊ လူတို့၏။
ရတနံ၊ ရတနာမည်၏။
ပုညံ၊ ကောင်းမှုကို။
စောရေဟိ၊ ခိုးသူတို့သည်။
ဒူဟရံ၊ မခိုးယူနိုင်။
ဣတိ၊ ဤသို့ ဖြေတော်မူ၏။