Issues
Select Version
中文翻译1
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

Hetugocchakaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁ဝ၅၉။ ကတမေ ဓမ္မာ ဟေတူ၊
ကုသလာဟေတူ၊ ကုသိုလ်ဟိတ်တို့သည်၊ တယော၊ သုံးပါးတို့တည်း၊ပေ၊ ကာမာဝစရဟေတူ၊ ကာမာဝစရဟိတ်တို့သည်၊ နဝ၊ ကိုးပါးတို့တည်း၊ အပရိယာပန္နဟေတူ၊ ဝဋ်ဒုက္ခ၌ အကျုံးမဝင်ကုန်သော လောကုတ္တရာဟိတ်တို့သည်၊ ဆ၊ ခြောက်ပါးတို့တည်း၊ပေ။
၁၀၆၂။ [“အဒေါသော အဒုဿနာ အဒုဿိတတ္တံ”တို့၏ အနက်ကို ကာမာဝစရကုသိုလ် အဒေါသနိဒ္ဒေသ၌ ပြခဲ့ပြီ၊] ယာ မေတ္တိ၊ အကြင် ချစ်ခြင်း သည်၊ (အတ္ထိ)၊ ယာ မေတ္တာယနာ၊ အကြင် မေတ္တာ၏ဖြစ်ခြင်းသည်။(အတ္ထိ)၊ ယံ မေတ္တာယိတတ္တံ၊ အကြင် မေတ္တာဖြင့်ဖြစ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊(အတ္ထိ)၊ ယာ အနုဒါ၊ အကြင်အဖန်ဖန်စောင့်ရှောက်တတ်သောသဘော သည်၊(အတ္ထိ)၊ [ဒဒွေးဘော်ဖြင့်“အနုဒ္ဒါ”ဟုလည်း ရှိ၏၊] ယာ အနုဒါယနာ၊ အကြင်အဖန်ဖန်စောင့်ရှောက်ခြင်းဖြင့်ဖြစ်ခြင်းသည်၊ (အတ္ထိ)၊ ယံ အနုဒါယိ တတ္တံ၊ အကြင်အဖန်ဖန်စောင့်ရှောက်ခြင်းဖြင့်ဖြစ်သော စိတ်၏ဖြစ်ကြောင်း ဖြစ်ရာသည်၊ (အတ္ထိ)၊ ယာ ဟိတေသိတာ၊ အကြင် သူတစ်ပါး၏စီးပွားကို ရှာလေ့ရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ယာ အနုကမ္မာ၊ အကြင် လျော်စွာတုန်လှုပ် တတ်သောသဘောသည်၊ ဝါ၊ သနားတတ်သောသဘော သည်၊(အတ္ထိ)၊ ယော အဗျာပါဒေါ၊ အကြင် ဗျာပါဒ၏ဆန့်ကျင်ဘက်သဘော သည်၊ (အတ္ထိ)၊ ယော အဗျာပဇ္ဈော၊ အကြင် ကောဓဒုက္ခ၏ဆန့်ကျင်ဘက် သဘောသည်၊(အတ္ထိ)၊ အဒေါသော၊ အဒေါသဟူသော၊ ယံ ကုသလမူလံ၊ သည် ၊ ဝါ၊ သည်၊ (အတ္ထိ)၊ အယံ ဝုစ္စတိ အဒေါသော။
၁၀၆၃။ တတ္ထ ကတမော အမောဟော၊
ဒုက္ခေ၊ ဒုက္ခသစ္စာ၌၊ ဉာဏံ၊ သိတတ်သောဉာဏ်သည်၊(အတ္ထိ)၊ ဒုက္ခသမုဒယေ၊ ကြွင်းသောအကြောင်းနှင့် ပေါင်းမိလတ်သော် ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသစ္စာ၌၊ ဉာဏံ၊ သည်၊(အတ္ထိ)၊ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာ၌၊ ဉာဏံ(အတ္ထိ)၊ ဒုက္ခနိရောဓ ဂါမိနိယာ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော၊ ပဋိပဒါယ၊ အကျင့်ဟူသော မဂ္ဂသစ္စာ၌၊ ဉာဏံ (အတ္ထိ)၊ [ပုဗ္ဗန္တေ ဉာဏံ စသည်တို့၏ အနက်ကို တိကနိက္ခေပ, ဝိစိကိစ္ဆာနိဒ္ဒေသ၌ ပြခဲ့ပြီ၊ ယာ ဧဝရူပါ ပညာစသည် တို့၏ အနက်ကို ပဌမကာမာဝစရကုသိုလ် သမ္မာဒိဋ္ဌိနိဒ္ဒေသ၌ ပြခဲ့ပြီ၊] အယံ ဝုစ္စတိ အမောဟော၊
ဣမေ တယော ကုသလဟေတူ။
၁ဝ၆၅။ တတ္ထ၊ ထိုလောဘ ဒေါသ မောဟတို့တွင်၊ ကတမော၊ သည်၊ လောဘော၊ နည်း၊

ယော ရာဂေါ၊ အကြင် တပ်မက်ခြင်းသဘောသည်၊ (အတ္ထိ)၊ (နောက်၌လည်း ပုဒ်တိုင်းလိုက်ပါ၊] ယော သာရာဂေါ၊ အကြင် လွန်စွာ တပ်မက်ခြင်းသဘောသည်၊ ယော အနုနယော၊ အကြင်အာရုံတို့၌ သတ္တဝါတို့ကို အဖန်ဖန်ဆောင်တတ်သောသဘောသည်၊ ယော အနုရောဓော၊ အကြင် လိုလား တတ် ချစ်ခင်တတ်သောသဘောသည်၊ ယာ နန္ဒီ၊ အကြင်ဘဝ၌ နှစ်သက် ကြောင်း တဏှာသည်၊ ဝါ၊ အကြင် ဘဝ၌ နှစ်သက်တတ်သောတဏှာသည်၊ ယော နန္ဒိရာဂေါ၊ အကြင်နှစ်သက်တတ်, တပ်မက်တတ်သောတဏှာသည်၊ စိတ္တဿ၊ ၏၊ ယော သာရာဂေါ၊ အကြင် လွန်စွာတပ်မက်တတ်သော သဘောသည်၊ ယာ ဣစ္ဆာ၊ အကြင် ရူပါရုံ စသည်ကို လိုလားကြောင်းတဏှာ သည်၊ ယာ မုစ္ဆာ၊ အကြင် တွေဝေကြောင်း တဏှာသည်၊ ယံ အဇ္ဈောသာနံ၊ အကြင် မျို၍ပြီးဆုံးကြောင်း တဏှာသည်၊ ယော ဂေဓော၊ အကြင် မက်မော ကြောင်းလောဘသည်၊ ယော ပလိဂေဓော၊ အကြင် ထက်ဝန်းကျင် လွန်စွာ မက်မောတတ်သောလောဘသည်၊ ယော သင်္ဂေါ၊ အကြင် အာရုံတို့၌ ငြိကပ် ကြောင်း လောဘသည်၊ ဝါ၊ ငြိကပ်တတ်(ဆွဲချိတ်တတ်)သော လောဘသည်၊ ယော ပင်္ကော၊ အကြင် ညွန်ကဲ့သို့ နှစ်မြှုပ်တတ်သောလောဘသည်၊ ယာ ဧဇာ၊ အကြင် ထိုထိုဘ၀သို့ ဆွဲငင်တတ်သော တဏှာသည်၊ ယာ မာယာ၊ အကြင်လှည့်ပတ်တတ်သောတဏှာသည်။ ယာဇနိကာ၊ အကြင် ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကိုဖြစ်စေတတ်သော တဏှာသည်၊ ယာ သဉ္စနနီ၊ အကြင် ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို ဒုက္ခနှင့် ယှဉ်စေလျက် ဖြစ်စေတတ်သောတဏှာသည်၊ ယာ သိဗ္ဗိနီ၊ အကြင် ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို စုတိပဋိသန္ဓေ၏အစွမ်းဖြင့် ချုပ်စပ်တတ်သောတဏှာသည်၊ ယာ ဇာလိနီ၊ အကြင် များပြားဘိတုံ, အာရုံတည်းဟူသော ပိုက်ကွန်ရှိသော တဏှာသည်၊ ယာ သရိတာ၊ အကြင် လျင်မြန်သော ရေအယဉ်ရှိသော မြစ်နှင့်တူသောတဏှာ သည်၊ ဝါ၊ စိုစွပ်သောတဏှာသည်၊ ယာ ဝိသတ္တိကာ၊ အကြင် ကျယ်ပြန့်သော တဏှာသည်၊ ဝါ၊ အာရုံတို့၌ အထူးထူး အပြားပြား သွားတတ်သောတဏှာသည်၊ ဝါ၊ သတ္တဝါတို့ကို ချွတ်ယွင်းစေတတ်သော တဏှာသည်၊ ဝါ၊ အထူးထူး အပြားပြားအားဖြင့် နေက္ခမ္မသို့ ရှေးရှုဖြစ်ခြင်းမှ စိတ်ကို ရုပ်သိမ်းထားတတ်, ချုံးထားတတ်သောတဏှာသည်၊ ဝါ၊ ဒုက္ခသို့ ဆောင်တတ်သောတဏှာသည်၊ ဝါ၊ ဒုက္ခ၏အကြောင်းရင်းဖြစ်သောတဏှာသည်၊ ဝါ၊ ဒုက္ခဝေဒနာဟူသော အကြောင်းရင်းရှိသော တဏှာသည်၊ ဝါ၊ ဒုက္ခဟူသော အကျိုးရှိသောတဏှာသည်၊ ဝါ၊ ရူပါရုံစသော အာရုံတို့သို့ ဆောင်ခြင်းရှိသောတဏှာသည်၊(အတ္တိ)။ ယံ သုတ္တံ၊ အကြင် လိပ်၏နောက်သို့ လိုက်သောကြိုးငယ်နှင့်တူသော သဘောသည်၊ ယာ ဝိသဋာ၊ အကြင် ရူပါရုံစသည်တို့၌ ကျယ်ပြန့်သောတဏှာသည်၊ ယာ အာယူဟိနီ၊ အကြင် ထိုထိုအာရုံကို ရဖို့ရာ သတ္တဝါတို့ကို အားထုတ် စေတတ်သောတဏှာသည်၊ ယာ ဒုတိယာ၊ အကြင်နှစ်ယောက်မြောက်အဖော် နှင့် တူသောတဏှာသည်၊ ယာ ပဏိဓိ၊ အကြင်အာရုံသို့ ရှေးရှုထားတတ်, တောင့်တတတ်သော တဏှာသည်၊ ယာ ဘဝနေတ္တိ၊ အကြင် ဘဝသို့ ဆောင်ကြောင်းဖြစ်သော တဏှာကြိုးသည်၊ ယံ ဝနံ၊ အကြင် ထိုထိုအာရုံသို့ ကပ်တတ်သောလောဘသည်၊ ဝါ၊ အကြင် တောင့်တတတ်သောတဏှာသည်၊ ဝါ၊ အကြင် တောနှင့်တူသောတဏှာသည်၊ ယော ၀နထော၊ အကြင် ကြီးစွာ သော တောရှုပ်နှင့်တူသောတဏှာသည်၊ ယော သန္ထဝေါ၊ အကြင် ကောင်းစွာ ချီးမွမ်းတတ်(ပေါင်းသင်းတတ်)သောတဏှာသည်၊ ယော သိနေဟော၊ အကြင် ချစ်တတ် သောတဏှာသည်၊ ယာ အပေက္ခာ၊ အကြင် ရှုငဲ့တတ်သော တဏှာသည်၊ ယော ပဋိဗန္ဓု၊ အကြင် အသီးအသီးအာရုံ၌ နှောင်ဖွဲ့တတ်သော တဏှာသည်၊ ဝါ၊ အသီးအခြား ဆွေမျိုးဖြစ်သောတဏှာသည်၊ ယာ အာသာ၊ အကြင် အာရုံတို့သို့ ပျံ့နှံ့တတ်သောတဏှာသည်၊ ဝါ၊ အကြင် အာရုံတို့ကို ခံစားတတ်သော တဏှာသည်၊ ယာ အာသိသနာ၊ အကြင် လိုချင်တောင့်တတတ်သောတဏှာသည်၊ ယံ အာသိသိတ္တံ၊ အကြင် လိုချင်တောင့်တတ်သော စိတ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)။ ယာ ရူပါသာ၊ အကြင် ရူပါရုံ၌ လိုချင်တောင့်တတ်သောတဏှာသည်၊ပေ၊ ယာ ဖောဋ္ဌဗ္ဗာသာ၊ အကြင် ဖောဋ္ဌဗ္ဗာရုံ၌ လိုချင်တောင့်တတတ်သောတဏှာ သည်၊ ယာ လာဘာသာ၊ အကြင် ပရိက္ခရာလာဘ်တို့၌ လိုချင်တောင့်တတတ်သော တဏှာသည်၊ ယာ ဓနာသာ၊ အကြင်ဥစ္စာ၌၊ ပေ၊ ယာ ပုတ္တာသာ၊ အကြင် သားသမီး၌၊ပေ၊ ယာ ဇီဝိတာသာ၊ အကြင် အသက်၌၊ပေ၊ ယာ ဇပ္ပာ၊ အကြင် သတ္တဝါတို့ကို ပြောဆိုစေတတ်သောတဏှာသည်၊ ယာ ပဇပ္ပာ၊ အကြင် ပြောဆိုစေတတ်သောတဏှာသည်၊ [ပ အနက်မရှိ၊] ယာ အဘိဇပ္ပာ၊ သည်၊[အဘိ အနက်မရှိ၊] ဇပ္ပာ၊ ဇပ္ပာဟူသော၊ ယာ ဇပ္ပနာ၊ အကြင် ပြောဆိုစေခြင်းသည်၊ ယံ ဇပ္ပိတတ္တံ၊ အကြင် ပြောဆိုတတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယံ လောလုပ္ပံ၊ အကြင် အာရုံ၌ ဆွဲငင်တတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယာ လောလုပ္ပာယနာ၊ အကြင် အာရုံ၌ ဆွဲငင်တတ်သောပုဂ္ဂိုလ်၏ ဖြစ်ခြင်းသည်၊ ယံ လောလုပ္ပာယိတတ္တံ၊ အကြင် လောလုပ္ပဖြင့်ဖြစ်သောပုဂ္ဂိုလ် ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယာ ပုစ္ဆစဉ္စိကတာ၊ အကြင် အမြီးကို လှုပ်ပြခြင်း ရှိသောခွေးနှင့်တူသော ပုဂ္ဂိုလ်တို့၏ဖြစ်ကြောင်းဖြစ်ရာသည်၊ ဝါ၊ အမြီးနံ့သော ခွေးနှင့်တူသောပုဂ္ဂိုလ်တို့၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ [“ယာ ပုစ္ဆဉ္ဇိကတာ၊ အကြင် အမြီးနံ့သောခွေးနှင့်တူသော ပုဂ္ဂိုလ်တို့၏ဖြစ်ကြောင်းဖြစ်ရာသည်” ဟုလည်း ရှိ၏။] ယာ သာဓုကမျတာ၊ အကြင် အကောင်းကို အလိုရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)။ ယော အဓမ္မရာဂေါ၊ အကြင် မတရားသောရာဂသည်၊ ဝါ၊ အကြင် မတရား သဖြင့် ဖြစ်သောရာဂသည်၊ ယော ဝိသမလောဘော၊ အကြင် မညီမမျှသော လောဘသည်၊ ယာ နိကန္တိ၊ အကြင် အာရုံတို့ကို လိုလားနှစ်သက်တတ်သော တဏှာသည်၊ ယာ နိကာမနာ၊ အကြင်လိုလားနှစ်သက်ခြင်းသည်၊ ယာ ပတ္ထနာ၊ အကြင် တောင့်တခြင်းသည်၊ ယာ ပိဟနာ၊ အကြင်ချစ်ခင်မြတ်နိုးခြင်သည်၊ ယာ သမ္ပတ္ထနာ၊ အကြင်လွန်စွာတောင့်တခြင်းသည်၊ ယာ ကာမတဏှာ၊ အကြင် ကာမဂုဏ်တို့၌ တပ်မက်တတ်သော တဏှာသည်၊ ယာ ဘဝတဏှာ၊ အကြင် ရူပဘဝ အရူပဘဝတို့၌ တပ်မက်တတ်သောတဏှာသည်၊ ယာ ဝိဘဝတဏှာ၊ အကြင် ဥစ္ဆေဒဟူသော ဝိဘဝ၌ တပ်မက်တတ်သောတဏှာသည်၊ ယာ ရူပတဏှာ၊ အကြင် ရူပဘဝ၌ တပ်မက်တတ်သောတဏှာသည်၊ ယာ အရူပတဏှ၊ အကြင် အရူပဘဝ၌ တပ်မက်တတ်သောတဏှာသည်၊ ယာ နိရောဓတဏှာ၊ အကြင် ဘဝ၏ချုပ်ခြင်း၌ဖြစ်သော တဏှာသည်၊ ယာ ရူပတဏှာ၊ အကြင် ရူပါရုံ၌ဖြစ်သောတဏှာသည်၊ပေ၊ ယာ ဓမ္မတဏှာ၊ အကြင် ဓမ္မာရုံ၌ဖြစ်သော တဏှာသည်၊ (အတ္ထိ)။ ယော သြဃော၊ အကြင် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ နှစ်မြှုပ်တတ်သော လောဘသည်၊ ယော ယောဂေါ၊ အကြင် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သောလောဘသည်၊ ယော ဂန္တော၊ အကြင် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ စုတိ ပဋိသန္ဓေအားဖြင့် ဖွဲ့နှောင်တတ်သော လောဘသည်၊ ယံ ဥပါဒါနံ၊ အကြင် အာရုံကို မြဲစွာယူတတ်သော လောဘသည်၊ ယံ အာဝရဏံ၊ အကြင် ကုသိုလ်တရားကို ပိတ်ဆို့တတ်သော လောဘသည်၊ ယံ နိဝရဏံ၊ အကြင် ကုသိုလ်တရားကို တားမြစ်တတ်သော လောဘသည်၊ ယံ ဆာဒနံ၊ အကြင် ကုသိုလ်တရားကို ဖုံးလွှမ်းတတ်သောလောဘသည်၊ ယံ ဘန္ဓနံ၊ အကြင် သတ္တဝါ တို့ကို ဝဋ်ဆင်းရဲ၌ နှောင်ဖွဲ့တတ်သော လောဘသည်၊ ယော ဥပက္ကိလေသော၊ အကြင် စိတ်ကို ကပ်၍ နှိပ်စက်တတ်သော လောဘသည်၊ ယော အနုသယော၊ အကြင် အစွမ်းသတ္တိအထူးရှိ၍ အဖန်ဖန်ကိန်းတတ်သော လောဘသည်၊ ယံ ပရိယုဋ္ဌာနံ၊ အကြင် ကုသိုလ်စိတ်ကို လုယူတတ်သော လောဘသည်။(အတ္ထိ)။ ယာ လတာ၊ အကြင် ရစ်ပတ်တတ်သည်၏အဖြစ်ကြောင့် နွယ်နှင့်တူသော လောဘသည်၊ ယံ ဝေဝိစ္ဆံ၊ အကြင် အထူးထူးအပြားပြား, များသောဝတ္ထုတို့ကို အလိုရှိတတ်သော လောဘသည်၊ ယံ ဒုက္ခမူလံ၊ အကြင် ဝဋ်ဒုက္ခ၏အခြေအမြစ်ဖြစ်သော လောဘသည်၊ ယံ ဒုက္ခနိဒါနံ၊ အကြင် ဝဋ်ဒုက္ခ၏ အကြောင်းရင်းဖြစ်သော လောဘသည်၊ ယော ဒုက္ခပ္ပဘဝေါ၊ အကြင် ဝဋ်ဒုက္ခ၏ စ၍ဖြစ်ရာဖြစ်သော လောဘသည်၊ ယော မာရပါသော၊ အကြင် မာရ်မင်း၏ ကျော့ကွင်း နှင့်တူသော လောဘသည်၊ ယံ မာရဗဠိသံ၊ အကြင် မာရ်မင်း၏ ငါးမျှားချိပ်နှင့် တူသော လောဘသည်၊ ယော မာရဝိသယော၊ အကြင် မာရ်မင်း၏ နိုင်ငံဖြစ်သော လောဘသည်၊ ယာ တဏှာနဒီ၊ အကြင် တဏှာတည်းဟူသော မြစ်သည်၊ ဝါ၊ အကြင် မြစ်နှင့်တူသော တဏှာသည်၊ ယံ တဏှာဇာလံ၊ အကြင် တဏှာတည်း ဟူသော ပိုက်ကွန်သည်၊ ဝါ၊ ပိုက်ကွန်နှင့်တူသော တဏှာသည် ယံ တဏှာဂဒ္ဒုလံ၊ အကြင် တဏှာတည်းဟူသော တောက်သည်၊ ဝါ၊ တောက်နှင့် တူသော တဏှာသည်၊ ယော တဏှာသမုဒ္ဒေါ၊ အကြင် တဏှာတည်းဟူသော သမုဒ္ဒရာသည်၊ ဝါ၊ သမုဒ္ဒရာနှင့်တူသော တဏှာသည်၊ ယာ အဘိဇ္ဈာ၊ အကြင် အာရုံကို ရှေးရှုကြံတတ်သောလောဘသည်၊ ၊ လောဘော၊ လောဘဟူသော၊ ယံ အကုသလမူလံ၊ သည်၊ ဝါ၊ သည်၊ (အတ္ထိ)၊ အယံ၊ ဤသဘောတရားကို၊ လောဘော၊ လောဘဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။

အနုနယစသည်။ ။ဝိသယေသု သတ္တာနံ အနုနယနယော အနုနယော၊ အနု ရုဇ္ဈတိတိ အနုရောဓော၊ ကာမေတီတိ အတ္ထော၊ ယတ္ထ ကတ္ထစိ ဘဝေ သတ္တာ ဧတာယ နန္ဒတိ, သယံ ဝါ နန္ဒတီတိ နန္ဒီ၊ ဣစ္ဆန္တိ ဧတာယ အာရမဏာနီတိ ဣစ္ဆာ၊ အာကဍ္ဎနဝသေန ဧဇာ။ ဝိသတ္တိကာ။ ။ဝိသတာတိ ဝိသတ္တိကာ၊ ဝိသက္ကတီတိ ဝိသတ္တိကာ၊ ဝိသံဝါဒိကာတိ ဝိသတ္တိကာ၊ ဝိသံဟရတီတိ ၀ိသတ္တိကာ၊ ဝိသမူလာတိ ဝိသတ္တိကာ၊ ဝိသပရိဘောဂါတိ ဝိသတ္တိကာ။ သုတ္တံစသည်။ ။ကုမ္မာနုဗန္ဓသုတ္တကံ ဝိယာတိ သုတ္တံ၊ ရူပါဒီသု ဝိတ္ထာဋ္ဌေန ဝိသဋာ၊ တဿ တဿ ပဋိလာဘတ္ထာယ သတ္တေ အာယူဟာပေတီတိ အာယူဟိနီ၊ သဟာယဋ္ဌေန ဒုတိယာ၊ တံ တံ အာရမဏံ ၀နတိ ဘဇတိ အလ္လိယတီတိ ဝနံ၊ ဝနတိ ယာစတီတိဝါ ဝနံ၊ ဝနံဝိယာတိ ဝနံ၊ အာရမဏာနံ အသနတော အာသာ။ ဇပ္ပာစသည်။ ။ဧတံ မယှံ၊ပေ၊ ဧဝံ သတ္တေ ဇပ္ပာပေတီတိ ဇပ္ပာ၊ ဝိသယေ လုပတိ အာကဍ္ဎတီတိ လောလုပေါ၊ လောလုပ္ပဿ ဘာဝေါ လောလုပ္ပံ၊ ပုစ္ဆဉ္ဇိကတာတိ ယာယ တဏှာယ လာဘဋ္ဌာနေသု ပုစ္ဆံ စာလယမာနာ သုနခါဝိယ ကမ္ပမာနာ ဝိစရန္တိ၊ တံ တဿာ ကမ္ပနတဏှာယ နာမံ။

၁ဝ၆၆။ တတ္ထ၊ ထိုလောဘ,ဒေါသ,မောဟတို့တွင်၊ ကတမော၊ အဘယ်သည်၊ ဒေါသော၊ ဒေါသမည်သနည်း၊ (အယံ၊ ဤသူသည်၊ ဝါ၊ ဤအကောင်သည်၊
မေ၊ ငါ၏၊ အနတ္ထံ၊ စီးပွား၏ဆန့်ကျင်ဘက်အလုပ်ကို၊ အစရီ၊ ရှေးက ပြုကျင့်ဖူးပြီ၊ ဣတိ၊ ဤသို့တွေး၍၊ အာဃာတော၊ လွန်စွာထိပါးတတ်သော ဒေါသသည်၊ ဝါ၊ ရန်ငြိုးသည်၊ ဇာယတိ၊ ဖြစ်၏၊ပေ၊ စရတိ၊ ယခုပြုကျင့်ဆဲ၊ ၊ပေ၊ စရိဿတိ၊ နောင်အခါပြုကျင့်လတ္တံ့၊ပေ၊ (အယံ၊ ဤအကောင်သည်၊) မေ၊ ၏၊ ပိယဿ၊ ချစ်အပ်သူ၏၊ မနာပဿ၊ မြတ်နိုးအပ်သူ၏၊ အနတ္ထံ၊ စီးပွား၏ ဆန့်ကျင်ဘက်အလုပ်ကို၊ အစရိ၊ ပြုကျင့်ဖူးပြီးပေ၊ (အယံ၊ ဤသူသည်၊ ဝါ၊ ဤအကောင်သည်၊) မေ၊ ၏၊ အပ္ပိယဿ၊ မချစ်အပ်သူ၏၊(မုန်းအပ်သူ၏၊) အမနာပဿ၊ မမြတ်နိုးအပ်သူ၏၊ အတ္ထံ၊ စီးပွားကို၊ အစရိ၊ ပြီ၊ ဣတိ၊ ဤသို့ တွေး၍၊ အာဃာတော ဇာယတိ၊ပေ၊ ဝါ ပန၊ သည်သာမကသေး၊ အဋ္ဌာနေ၊ ဒေါသဖြစ်ခြင်း၏ အကြောင်းမဟုတ်သောအရာ၌၊ အာဃာတော၊ လွန်စွာ ထိပါးတတ်သော ဒေါသသည်၊ ဝါ၊ စိတ်ဆိုးခြင်းသည်၊ ဇာယတိ၊ ဖြစ်၏။
ဧဝရူပေါ၊ ဤသို့ သဘောရှိသော၊ စိတ္တဿ၊ စိတ်၏၊ ယော အာဃာတော၊ အကြင် ညှဉ်းပန်းနှိပ်စက်တတ်သောဒေါသသည်၊ ယော ပဋိဃာတော၊ အကြင် အဖန်ဖန်စိတ်ကို နှိပ်စက်တတ်သောဒေါသသည်၊ ယံ ပဋိဃံ၊ အကြင် အဖန်ဖန် ညှဉ်းဆဲတတ်သောဒေါသသည်၊ ယော ပဋိဝိရောဓော၊ အကြင် ဆန့်ကျင်တတ်သော ဒေါသသည်၊ ယော ကောပေါ၊ အကြင်စိတ်၏ ပျက်စီးခြင်းသဘောသည်၊ [“ပကောပေါ, သမ္ပကောပေါ”တို့လည်း နည်းတူ၊ သံ+ပဥပသာရတို့ အနက် မရှိ၊] ယော ဒေါသော၊ အကြင် စိတ်ကို ဖျက်စီးတတ်သောဒေါသသည်၊ [“ပဒေါသော, သမ္ပဒေါသော"၌လည်း နည်းတူ၊) စိတ္တဿ၊ ၏၊ ယာ ဗျာပတ္တိ၊ အကြင်ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းသည်၊ ယော မနောပဒေါသော၊ အကြင် စိတ်ကို ဖျက်ဆီးတတ်သောဒေါသသည်၊ ယော ကောဓော၊ အကြင် အမျက် ထွက်တတ်သော ဒေါသည်၊ ယာ ကုဇ္ဈနာ၊ အကြင် အမျက်ထွက်ခြင်းသည်၊ ယံ ကုဇ္ဈိတ္တတံ၊ အကြင် အမျက်ထွက်တတ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ [ဒေါသော, ဒုဿနာ စသည်တို့ကို အကုသလနိဒ္ဒေသအတိုင်း ထပ်၍ ဟောတော်မူသောကြောင့် နိဿယအနက်ကိုလည်း ထိုအတိုင်းမှတ်ပါ၊] အယံ "ယော ဧဝရူပေါ စိတ္တဿ အာဃာတော”စသည်ဖြင့် ဤနိက္ခေပကဏ္ဍ၌ ဟောတော်မူအပ်သည်လည်းဖြစ်သော, ဒေါသော ဒုဿနာ ဒုဿိတတ္တံ စသည်ဖြင့် ဟောတော်မူအပ်သည်လည်းဖြစ်သော ဤသဘောကို၊ ဒေါသော၊ ဟူ၍၊ ဝုစ္စတိ။
၁၀၆၇။ တတ္ထ ကတမော မောဟော၊
ဒုက္ခေ၊ ဒုက္ခသစ္စာ၌၊ အညာဏံ၊ သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက်မောဟသည်၊(အတ္ထိ)၊ပေ၊ ဧဝရူပံ၊ ဤသို့ သဘောရှိသော၊ ယံ အညာဏံ၊ အကြင် သိတတ်သောဉာဏ်၏ဆန့်ကျင်ဘက် သဘောသည်၊ ယံ အဒဿနံ၊ အကြင် မြင်တတ်သောဉာဏ်၏ဆန့်ကျင်ဘက် သဘောသည်၊ --- စသည်ဖြင့် အကုသလနိဒ္ဒေသ၌ ပြအပ်ခဲ့သည့်အတိုင်း သိပါ၊ အယံ ဝုစ္စတိ မောဟော၊
ဣမေ၊ ဤတရားတို့သည်၊ တယော၊ သုံးပါးကုန်သော၊ အကုသလဟေတူ၊ တို့တည်း။
၁ဝ၆၈။ တတ္ထ၊ ထို ကုသိုလ် အကုသိုလ် အဗျာကတတို့တွင်၊ ကတမေ၊ အဘယ်တရားတို့သည်၊ အဗျာကတဟေတူ၊ အဗျာကတဟိတ်တို့နည်း၊
ကုသလာနံ၊ ကုသိုလ် ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တို့၏၊ ဝိပါကတော ဝါ၊ ဝိပါက်မှလည်း၊ ဝါ၊ ဝိပါက်မူလည်းဖြစ်သော၊ (“အလောဘော”စသည်၌ စပ်၊) ကိရိယာဗျာကတေသု၊ ကိရိယာအဗျာကတဖြစ်ကုန်သော၊ ဓမ္မေသု ဝါ၊ တရား တို့တွင်မူလည်း၊ အလောဘော၊ အလောဘသည်လည်းကောင်း၊ (အတ္ထိ)၊ပေ၊ ဣမေ၊ ဤတရားတို့သည်၊ တယော၊ န်သော၊ အဗျာကတဟေတူ၊ တို့တည်း။ [ဣမေ တယော ကုသလဟေတူတိုင်အောင် ရှေ့၌ ပါခဲ့ပြီ။]
၁ဝ၇၉။ ကတမေ ဓမ္မာ သဟေတုကာ၊
ဝေဒနာက္ခန္ဓော၊ သည်လည်းကောင်း၊ ၊ပေ၊ ဝိညာဏက္ခန္ဓော၊ သည်လည်းကောင်း၊ တေဟိ ဓမ္မေဟိ၊ ထိုဟိတ်တရားတို့ ဖြင့်၊ ယေ ဓမ္မာ၊ အကြင်တရားတို့သည်၊ သဟေတုကာ၊ ဟိတ်နှင့်တကွ ဖြစ် ကုန်၏၊ ဣမေ ဓမ္မာ၊ တို့သည်၊ သဟေတုကာ၊ သဟေတုကတို့တည်း။
၁ဝ၈၃။ ကတမေ ဓမ္မာ၊ တို့သည်၊ ဟေတူစေဝ၊ ဟိတ်တို့သည်လည်းကောင်း၊ သဟေတုကာ စ၊ ဟိတ်နှင့်တကွ ဖြစ်ကုန်သည်လည်းကောင်း၊ (ဟောန္တိ၊ ကုန် သနည်း၊)
လောဘော၊ သည်၊ မောဟေန၊ မောဟအားဖြင့်၊ ဟေတု စေဝ၊ ဟိတ်လည်း မည်၏၊ သဟေတုကော စ၊ ဟိတ်နှင့်တကွလည်း ဖြစ်၏၊ပေ၊
အလောဘော၊ အလောဘသည်လည်းကောင်း၊ အဒေါသော၊ သည်လည်း ကောင်း၊ အမောဟော၊ သည်လည်းကောင်း၊ တေ၊ ထို တရားတို့သည်၊ အညမညံ၊ အချင်းချင်း၊ ဟေတူ စေဝ၊ ဟိတ်တို့လည်း မည်၏၊ သဟေတုကာ စ၊ ဟိတ်နှင့်တကွလည်း ဖြစ်ကုန်၏၊ ဣမေ ဓမ္မာ၊ တို့သည်၊ ဟေတူ စေဝ သဟေတုကာ စ။
၁၀၈၈။ ကတမေ ဓမ္မာ၊ တို့သည်၊ န ဟေတူ၊ ဟိတ်လည်း မမည်ကုန် သနည်း၊ အဟေတုကာ၊ သမ္ပယုတ်ဟိတ်လည်း မရှိကုန်သနည်း၊ပေ၊
ဣမေ ဓမ္မာ န ဟေတူ သဟေတုကာ။ ဟေတုဂေါစ္ဆကပြီးပြီ။