Issues
Select Version
中文翻译1
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

Asubhajhānaṃ soḷasakkhattukaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အသုဘဈာန် ။ ။ ကတမေ ဓမ္မာ ကုသလာ၊
ယသ္မိံ ၊ပေ၊ဘာဝေတိ၊ ကာမေဟိ ဝိဝိစ္စေဝ၊ ပေ၊ ဥဒ္ဓုမာတကသညာသဟဂတံ၊ ဥဒ္ဓုမာတကပဋိဘာဂနိမိတ်၌ အပ္ပနာ၏အစွမ်းဖြင့်ဖြစ်သော သညာနှင့်တကွဖြစ်သော၊ ဝါ၊ သေသည်မှ အထက်၂ ရက် ၃ ရက်ကူးသဖြင့် ဖူးဖူးရောင်ပုပ်, စက်ဆုပ်ဖွယ်ရာ မသာလောင်း ဟူသော ပဋိဘာဂနိမိတ်၌ အပ္ပနာ၏အစွမ်းဖြင့်ဖြစ်သော သညာနှင့်တကွ ဖြစ်သော၊ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဣမေ ဓမ္မာ ကုသလား..[ဝိနီလက သညာသဟဂတံ စသည်တို့၌လည်း နည်းတူ၊ အနက်အကျယ်ကို အခြေပြု ကမ္မဋ္ဌာန်းပိုင်း၌ ရှုပါ၊ ဤအသုဘကို အာရုံပြု၍ ပဌမဈာန်သာ ရနိုင်၏။]
အသုဘဈာနံ၊ အသုဘဈာန်သည်၊ သောဠသက္ခတ္တုကံ၊ တစ်ဆယ့်ခြောက်ကြိမ် ရှိ၏၊ [“သောဠသက္ခတ္တုက”ဟု လာသမျှ၌ ပဋိပဒါ ၄ ပါးနှင့် အာရုံ ၄ ပါးကို ရော၍ မြှောက်ပွားရ၏၊ ထို့ကြောင့် မရောဘဲ ပဋိပဒါစတုက္ကဈာန်, အာရမဏစတုက္ကဈာန်များလည်း ရနိုင်သည်ချည်း မှတ်ပါ။]

ကြွင်းအာရုံများ သွင်းယူပုံ ။ ။ရူပါဝစရဈာန်ရဖို့ရန် “ကသိုဏ်းဆယ်ဝ, အသုဘနှင့် ကာယဂတာ, အာနာပါန, လေးဝဗြဟ္မစိုရ်, ကျမ်းဆိုလျော်ညီ, ဆဗ္ဗိသတိ, ပညတ္တိ တည်း”ဟူသည်နှင့်အညီ အာရုံကမ္မဋ္ဌာန်း ၂၆ ပါးရှိသော်လည်း ဤ ပါဠိတော်၌ ကသိုဏ်း ၈ပါး, ဗြဟ္မဝိဟာရ ၄ ပါး, အသုဘ ၁၀ ပါး၊ ဤ ၂၂ ပါးတို့ကိုသာ တိုက်ရိုက်ပြတော်မူ၏၊ အာကာသ, အာလောကကသိုဏ်း ၂ ပါးနှင့် ကာယဂတာသတိ, အာနာပါနသတိ၏ အာရုံများ ကျန်သေး၏၊ ထိုတွင် အာကာသကသိုဏ်းနှင့် အာလောကကသိုဏ်းကို သွင်းယူရပုံကို ရှေ့၌ ပြခဲ့ပြီ၊ ဝါယောကသိဏဈာန်ကို ယူလိုက်လျှင် ထွက်သက်ဝင်သက်လေကို အာရုံပြုသော အာနာပါနဈာန်ကိုလည်း ယူအပ်ပြီး ဖြစ်တော့၏၊ နီလ, ပီတ, လောဟိတ, သြဒါတဟူသော ဝဏ္ဏကသိုဏ်း ၄ ပါးကို ယူလိုက်လျှင် ဆံပင်အစရှိသည်တို့၌ဖြစ်သော ကာယဂတာသတိကိုလည်းကောင်း, အသုဘ ၁ဝ ပါးကို ယူလိုက်လျှင် ဒွတ္တိံသာကာရ၌ ပဋိကူလမနသိကာရ အစွမ်းဖြင့်ဖြစ်သော ကာယဂတာသတိကိုလည်းကောင်း ယူအပ်ပြီး ဖြစ်တော့၏- ဟု အဋ္ဌကထာ၌ ဆိုသည်၊ နဝသိဝထိကဝဏ္ဏဇ္ဈာန အဓိပ္ပာယ်ကို ရူပါဝစရကုသိုလ်ဈာန် အဆုံး ဘာသာဋီကာ၌ ရှုပါ။

ရူပါဝစရကုသိုလ်ဈာန်အာလုံးပြီးပြီ။