Issues
Select Version
中文翻译1
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

အနုသန္ဓေ။ ။“အတ္တမရှိ, ပုဂ္ဂိုလ်မရှိ, သတ္တဝါမရှိ, အထည်ကိုယ်မရှိ အာလုံးတရားများသည် အတ္တမှကင်းဆိတ်သော သုညတို့ချည်းသာ ဖြစ်ကြ၏” ဟု ပြရာဝါရကို “သုညတဝါရ"ဟု ခေါ်၏၊ သင်္ဂဟဝါရကို ဟောတော်မူပြီး၍ သုညတဝါရကို ဟောတော်မူခြင်းငှာ “တသ္မိံ ခေါ ပန သမယေ ဓမ္မာ ဟောန္တိ”စသည်ကို

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အနုသန္ဓေ။ ။“အတ္တမရှိ, ပုဂ္ဂိုလ်မရှိ, သတ္တဝါမရှိ, အထည်ကိုယ်မရှိ အာလုံးတရားများသည် အတ္တမှကင်းဆိတ်သော သုညတို့ချည်းသာ ဖြစ်ကြ၏” ဟု ပြရာဝါရကို “သုညတဝါရ"ဟု ခေါ်၏၊ သင်္ဂဟဝါရကို ဟောတော်မူပြီး၍ သုညတဝါရကို ဟောတော်မူခြင်းငှာ “တသ္မိံ ခေါ ပန သမယေ ဓမ္မာ ဟောန္တိ”စသည်ကို မိန့်တော်မူသည်၊ [ဤ သုညတဝါရ၌ ဥဒ္ဒေသ, နိဒ္ဒေသ အားဖြင့် ၂ ပါးသာ ရှိသည်။]

နိဿယ ။ ။ (ယသ္မိံ သမယေ ကာမာဝစရံ ပဋ္ဌမံ မဟာကုသလစိတ္တံ ဥပ္ပဇ္ဇတိ)၊ တသ္မိံ သမယေ၊ ၌၊ ဓမ္မာ၊ ပုဂ္ဂိုလ် သတ္တဝါ, သူ ငါမဖက်, သက်သက် ပရမတ္ထသဘောတို့သည်သာ၊ ဟောန္တိ၊ န်၏၊ ခန္ဓာ၊ ပုဂ္ဂိုလ် သတ္တဝါ, သူ ငါ မဖက်, သက်သက်သောခန္ဓာတို့သည်သာ၊ ဟောန္တိ၊ ဤသို့ စသည်ဖြင့်ပေးပါ။
၂၄ စု ။ ။ သင်္ဂဟဝါရ၌ ပြအပ်သော ၂၃ စုတို့ဝယ် “ဓမ္မာ ဟောန္တိ”ကို ထည့်၍ ၂၄ စု ရှိ၏၊ အားလုံးအစုတို့၌ “ သဘာဝဋ္ဌေန၊ ပရမတ္ထသဘာဝ ဟူသော အနက်အားဖြင့်၊ ဓမ္မာ၊ တို့သည်သာ၊ ဟောန္တိ” ဤသို့ ဝိသေသန ထည့်၍လည်းကောင်း, ရာသဋ္ဌေနစသော ဝိသေသနပုဒ်တို့ကိုလည်း ထည့်၍ လည်းကောင်း အနက်ပေးလိုလျှင် ပေးပါ၊ သုညတဝါရော၊ သုညတဝါရ တည်း၊
ပဌမံ၊ ရှေးဦးစွာသော၊ စိတ္တံ၊ မဟာကုသိုလ်စိတ်တည်း။ ပဌမမဟာကုသိုလ်စိတ်ပြီးပြီ။
ဒုတိယမဟာကုသိုလ်စိတ် ။ ။ ဤစိတ်၌ “သသင်္ခါရေန”ပုဒ်သာ ထူး၏၊ ကြွင်းသော အစီအစဉ်မှာ ပဌမမဟာကုသိုလ်စိတ်နှင့် အားလုံးတူပြီ၊
ထို့ကြောင့် “ယသ္မိံ သမယေ၊ ၌၊ ကာမာဝစရံ၊ သော၊ သောမနဿသဟဂတံ၊ သော၊ ဉာဏသမ္ပယုတ္တံ၊ သော၊ ကုသလံ၊ သော၊ စိတ္တံ၊ သည်၊ ရူပါရမဏံ၊ ရူပါရုံကို၊ အာရဗ္ဘ ဝါ၊ သော်လည်းကောင်း၊ ပေ၊ ယံ ယံ ဝါ ပန၊ ကို၊ အာရဗ္ဘ၊ ၍၊ သသင်္ခါရေန၊ သင်္ခါရနှင့်တကွဖြစ်သော အာရုံ မနသိကာရစသော အကြောင်း အပေါင်းကြောင့်၊ ဝါ၊ တွန့်ဆုတ်သောစိတ်ကို ပြုစီမံတတ်သော ပယောဂ ဥပါယနှင့်တကွဖြစ်သော အာရုံ မနသိကာရစသော အကြောင်းအပေါင်း ကြောင့်၊ ဥပ္ပန္နံ၊ သည်၊ ဟောတိ၊ ၏၊ ဤသို့ အနက်ပေးပါ၊ သသင်္ခါရေန၏ အဓိပ္ပာယ်ကို ဤစိတ်၏ အဋ္ဌကထာဘာသာဋီကာ ရှုပါ။]
တတိယ, စတုတ္ထစိတ် ။ ။ဤစိတ် ၂ ပါးသည် ရှေ့စိတ် ၂ ပါးအတိုင်းတွင် ဉာဏ် မယှဉ်ခြင်းသာ ထူး၏၊ ထို့ကြောင့် ဥဒ္ဒေသ, နိဒ္ဒေသတို့၌ ဉာဏ် ပညာကို အရကောက်ရသော ပုဒ်များမပါဟု မှတ်ပါ။
ပဉ္စမစိတ်စသည် ။ ။ ဤစိတ်တို့၌ သောမနဿသဟဂတံ နေရာဝယ် “ဥပေက္ခာသဟဂတံ”ပုဒ်ကို လဲလှယ်ရခြင်း, ဝေဒနာကို အရကောက်ရသော နိဒ္ဒေသပုဒ်တို့၌ ဥပေက္ခာဝေဒနာကို အရကောက်ဖို့ရန်– နေဝသာတံ နာသာတံ၊ သာယာတတ်သည်လည်းမဟုတ်, မသာယာတတ်သည်လည်းမဟုတ်သော” ဟူသော ပုဒ်သည်လည်းကောင်း, "အဒုက္ခမသုခံ၊ ဒုက္ခလည်းမဟုတ်,သုခလည်း မဟုတ်သော”ဟူသော ပုဒ်သည်လည်းကောင်း, “ဥပေက္ခိန္ဒြိယံ၊ လစ်လျူရှုခြင်း လက္ခဏာ၌ မိမိ၏အစိုးရ၏အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုစေတတ်သော ဥပေက္ခာသည်”ဟူသော ပုဒ်သည်လည်းကောင်း ထူး၏၊ ကြွင်းသောပုဒ်များမှာ ရှေ့စိတ် ၄ ပါး၏ပုဒ်များနှင့် အစဉ်အတိုင်း တူကြသည်၊
အဋ္ဌ၊ ကုန်သော။ ကာမာဝစရမဟာကုသလစိတ္တာနိ၊ တို့သည်၊ နိဋ္ဌိတာနိ၊ ပြီးကုန်ပြီ။
ဒုတိယဘာဏဝါရော၊ သည်၊ နိဋ္ဌိတော၊ ပြီ။