ဥဒ္ဒေသဝါရ
။ ။ ကတမေ ဓမ္မာ အကုသလာ၊
ယသ္မိံ သမယေ အကုသလံ သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ၊ မိစ္ဆာဒိဋ္ဌိနှင့်အညီအမျှ ဧကုပ္ပာဒတာ အစရှိသော အပြားတို့ဖြင့်ယှဉ်သော၊
စိတ္တံ၊ သည်၊
ရူပါရမဏံ၊ ကို၊
အာရဗ္ဘ ဝါ၊ အာရုံပြု၍သော်လည်းကောင်း၊ပေ၊
ဓမ္မာရမဏံ၊ ဓမ္မာရုံကို၊
အာရဗ္ဘ ဝါ၊ သော်လည်းကောင်း၊
ယံ ယံ ဝါ ပန၊ အမှတ်မထား, တစ်ပါးပါးသောအာရုံကို၊
အာရဗ္ဘ၊ အာရုံပြု၍၊
ဥပ္ပန္နံ၊ ဖြစ်ဆဲသည်၊ [အတိတ်စိတ်၏ ဘင်ခဏမှ အထက် ဖြစ်သော နောက်ကာလ၌ ခဏတ္တယသို့ရောက်သည်၊(သဒ္ဒတ္ထ)] ဟောတိ၊
[(တစ်နည်း) ဒိဋ္ဌိဂတသမ္ပယုတ္တံ၊ သော၊
ရူပါရမဏံ ဝါ၊ ရူပါရုံဟူသော အာရုံရှိသည်မူလည်းဖြစ်သော၊ပေ၊
ဓမ္မာရမဏံ ဝါ၊ ဓမ္မရုံဟူသော အာရုံရှိသည်မူလည်း ဖြစ်သော၊
စိတ္တံ၊ သည်၊
ယံ ယံ ဝါ ပန၊ အမှတ်မထား တစ်ပါးပါးသောအာရုံကို၊
အာရဗ္ဘ၊ ၍၊ ဥပ္ပန္နံ ဟောတိ၊]
တသ္မိံ သမယေ၊ ၌၊
ဖဿော ဟောတိ၊ပေ၊မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိသည်၊ ဟောတိ၊
မိစ္ဆာသင်္ကပ္ပော၊ မိစ္ဆာသင်္ကပ္ပသည်၊ ဟောတိ၊
အဘိဇ္ဈာ၊ အဘိဇ္ဈာသည်၊ ဟောတိ၊ စသည်ဖြင့် နာမည်မျှသာ ပေးပါ၊...ဣမေ ဓမ္မာ အကုသလာ၊ (နိဂုံး)၊ ယသ္မိံ၊ပေ၊ဥပ္ပန္နံ ဟောတိ၊ တသ္မိံ သမယေ ဣမေ ဓမ္မာ အကုသလာ၊ ဤသို့ နိဂုံးဝါကျ အမြဲပါ,ပါစေ။
**ယသ္မိံ သမယေ** ။ ။ သမယသဒ္ဒါ၏ သမဝါယစသော အနက်ငါးပါးတို့တွင် အကုသိုလ်အရာ၌ နဝမခဏ စတုစက္ကသမ္ပတ္တိခဏနှင့် မဆိုင်သောကြောင့် ခဏအနက် မရနိုင်၊ ကြွင်းလေးနက်ကား ရနိုင်၏။ ကုသိုလ်အစ၌ ပေးခဲ့သောအနက်များကို နည်းမှီး၍ ဤ၌ ထိုလေးနက်ကို ပေးကြပါလေ။ဧကဂ္ဂတာနိဒ္ဒေသ
။ ။ ယော အဝိသာဟာရော၊ အကြင်တကွဖြစ်ဖက်တရားတို့ကို အထူးထူးအပြားပြား, ထက်ဝန်းကျင်သို့ မဆောင်တတ်သော သဘောသည်၊ (အတ္ထိ)၊
တသ္မိံ သမယေ အယံ ဧကဂ္ဂတာ ဟောတိ။[ဤသို့ အနိယမတစ်ခုလျှင် နိယမဝါကျတစ်ခု ထည့်၍ တွဲစပ်ပါ၊]
ယာ အဝိသာဟဋ မာနသတာ၊ အကြင် အထူးထူးအပြားပြား, ထက်ဝန်းကျင်သို့ မဆောင်အပ် သော စိတ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊(အတ္ထိ)၊
ယံ သမာဓိဗလံ၊ အကြင် တကွ ဖြစ်ဖက် တရားတို့၌ မတုန်လှုပ်တတ်သော သမာဓိသည်၊(အတ္ထိ)၊
ယော မိစ္ဆာ သမာဓိ၊ အကြင် မမှန်မကန်, ဖောက်ပြန်မှားယွင်းသော သမာဓိသည်၊(အတ္ထိ)။
မိစ္ဆာဒိဋ္ဌိနိဒ္ဒေသ။ ။ ကတမာ၊ သော၊
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိသည်၊
ဝါ၊ မမှန် ဖောက်ပြား, မှားယွင်းစွာ မြင်တတ်သောသဘောသည်၊
ဟောတိ၊ နည်း၊
တသ္မိံ သမယေ၊ ၌၊
ယာ ဒိဋ္ဌိ၊ အကြင် ဒိဋ္ဌိသည်၊ (အတ္ထိ)၊
ယံ ဒိဋ္ဌိကတံ၊ အကြင် ၆၂ ဖြာ, မိစ္ဆာအယူတို့၌ ပါဝင်သောသဘောသည်၊ (အတ္ထိ)၊
ယံ ဒိဋ္ဌိဂဟနံ၊ အကြင် လွန်မြောက်ဖို့ရာ, ခဲယဉ်းစွာသော မိစ္ဆာအယူတည်းဟူသော တောရှုပ်သည်၊ (အတ္ထိ)၊
ယော ဒိဋ္ဌိကန္တာရော၊ အကြင် မိစ္ဆာအယူတည်းဟူသော ခရီးခဲသည်၊
ယံ ဒိဋ္ဌိဝိသူကာယိကံ၊ အကြင် သမ္မာဒိဋ္ဌိကို ထိုးဆွတတ်, ဆန့်ကျင်ဘက် အားဖြင့်လည်း ဖြစ်တတ်သောသဘောသည်၊ (အတ္ထိ)၊
ယံ ဒိဋ္ဌိဝိပ္ဖန္ဒိတံ၊ အကြင် အထူးထူး အဖုံဖုံ, တုန်လှုပ်တတ်သော မိစ္ဆာအယူသည်၊(အတ္ထိ)၊
ယံ ဒိဋ္ဌိသညောဇနံ၊ အကြင် မိစ္ဆာအယူတည်းဟူသော သံယောဇဉ်သည်၊ (အတ္ထိ)၊
ယော ဂါဟော၊ အကြင် အာရုံကို မြဲစွာဖမ်းယူတတ်သောသဘောသည်၊ (အတ္ထိ)၊
ယော ပတိဋ္ဌာဟော၊ အကြင် မြဲစွာတည်လျက် ဖမ်းယူတတ်သောသဘောသည်၊ (အတ္ထိ)၊ [“ပတိဂ္ဂါဟော”ဟု ရှိလျှင်လည်း အနက်တူ။]
ယော အဘိနိဝေသော၊ အကြင် နိစ္စစသောအားဖြင့် စွဲမြဲစွာနှလုံးသွင်းတတ်သော သဘောသည်၊ (အတ္ထိ)၊
ယော ပရာမာသော၊ အကြင် မှန်သည်မှတစ်ပါး မှားသောအားဖြင့် သုံးသပ်တတ်သောသဘောသည်၊ (အတ္ထိ)၊
ယော ကုမဂ္ဂေါ၊ အကြင် စက်စုပ်အပ်သောလမ်းသည်၊
ဝါ၊ အကြင် စက်ဆုပ်ရွံဖွယ် အပါယ်လေးပါးတို့၏လမ်းသည်၊ (အတ္ထိ)၊
ယော မိစ္ဆာပထော၊ အကြင် မမှန်ဖောက်ပြား, မှားယွင်းသောလမ်းသည်၊ (အတ္ထိ)၊
ယံ မိစ္ဆတ္တံ၊ အကြင် မှားယွင်းသောသဘောရှိသော အယူသည်၊ (အတ္ထိ)၊
ယံ တိတ္ထာယတနံ၊ အကြင် ရေဆိပ်ပမာ, အကျိုးမဲ့တို့၏ တည်ရာသည်၊
ဝါ၊ တိတ္ထိတို့၏ ပေါက်ပွားရာ, တည်နေရာသည်၊ (အတ္ထိ)၊
ယော ဝိပရိယာသဂ္ဂါဟော၊ အကြင် ဖောက်ပြန်သော ယူခြင်းသည်၊
ဝါ၊ ဖောက်ပြန်သောအားဖြင့် ယူခြင်းသည်၊ (အတ္ထိ)၊
တသ္မိံ သမယေ အယံ မိစ္ဆာဒိဋ္ဌိ ဟောတိ၊ (နိဂုံး)
ယသ္မိံ ၊ပေ၊ ဟောတိ၊ တသ္မိံ သမယေ အယံ၊ ဤသို့သော (“ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော”စသည်ဖြင့် ဆိုအပ်ပြီးသော သဘောရှိသော၊) မိစ္ဆာဒိဋ္ဌိ ဟောတိ။
လောဘနိဒ္ဒေသ။ ။ယော လောဘော၊ အကြင် လိုချင်တတ်သောသဘောသည်၊(အတ္ထိ)၊
ယာ လုဗ္ဘနာ၊ အကြင်လိုချင်ခြင်းသည်၊ (အတ္ထိ)၊
ယံ လုဗ္ဘိတတ္တံ၊ အကြင် လိုချင်တတ်သောစိတ်၏ (ပုဂ္ဂိုလ်၏) ဖြစ်ကြောင်းဖြစ်ရာသည်(အတ္ထိ)၊
ယော သာရာဂေါ၊ အကြင် လွန်စွာတပ်မက်တတ်သောသဘောသည်၊(အတ္ထိ)၊
ယာ သာရဇ္ဇနာ၊ အကြင် လွန်စွာတပ်မက်ခြင်းသည်၊(အတ္ထိ)၊
ယံ သာရဇ္ဇိတတ္တံ၊ အကြင် လွန်စွာတပ်မက်တတ်သော စိတ်၏ (ပုဂ္ဂိုလ်၏)ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊
ယာ အဘိဇ္ဈာ၊ အကြင်ရှေးရှုကြံတတ်သောသဘောသည်၊ (အတ္ထိ)၊
လောဘော၊ လောဘဟူသော၊
ယံ အကုသလမူလံ၊ အကြင် အကုသိုလ်ဟူသော မူလသည်၊
ဝါ၊ အကုသိုလ်တို့၏ မူလသည်၊ (အတ္ထိ)၊
အယံ တသ္မိံ သမယေ လောဘော ဟောတိ၊ (နိဂုံး) ယသ္မိံ သမယေ၊ပေ၊ ဥပ္ပန္နံ ဟောတိ၊ တသ္မိံ သမယေ အယံ လောဘော ဟောတိ။
မောဟနိဒ္ဒေသ။ ။ယံ အညာဏံ၊ အကြင်သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်သည်၊ (အတ္ထိ)၊
ယံ အဒဿနံ၊ အကြင် မြင်တတ်သောဉာဏ်၏ ဆန့်ကျင်ဘက်သည်၊(အတ္ထိ)၊
ယော အနဘိသမယော၊ အကြင် ရှေးရှုဖြစ်၍ သစ္စာလေးပါးတရားတို့ကို ကောင်းစွာမသိတတ်သောသဘောသည်၊[တစ်နည်း၊ ရှေးရှုဖြစ်၍ သစ္စာလေးပါးတရားနှင့် ပေါင်းဆုံတတ်သောသဘောသည်၊အတ္ထိ၊]
ယော အနနုဗောဓော၊ အကြင် လျော်စွာ သစ္စာလေးပါးတရားတို့ကို သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်သည်၊ (အတ္ထိ)၊
ယော အသမ္ဗောဓော၊ အကြင် အနိစ္စအစရှိသော သဘောတို့နှင့်တကွ ယှဉ်စပ်၍ မသိတတ်သောသဘောသည်၊ (တစ်နည်း)
ယော အသမ္ဗောဓော၊ အကြင် ထင်ရှားမရှိသော ပကတိ, အတ္တ စသည်ကို သိတတ်သောသဘောသည်၊ (တစ်နည်း)
ယော အသမ္ဗောဓော၊ အကြင် မညီမျှသော သညာစိတ္တဒိဋ္ဌိဝိပလ္လာသကို သိတတ်သောသဘောသည်၊ (အတ္ထိ)၊
ယော အပဋိဝေဓော၊ အကြင် သစ္စာလေးပါးတရားကို ထိုးထွင်း၍ မသိတတ်သောသဘောသည်၊ (အတ္ထိ)၊
ယာ အသံဂါဟနာ၊ အကြင် တစ်ခုသော တရားကိုလည်း အနိစ္စစသော သာမညလက္ခဏာအားဖြင့် ကောင်းစွာ မယူတတ်သောသဘောသည်၊
ဝါ၊ မချီးမြှောက်တတ်သောသဘောသည်၊ (အတ္ထိ)၊
ယာ အပရိယောဂါဟနာ၊ အကြင် ခန္ဓာစသည်တို့တွင် တစ်ခုသောတရားသို့ပင် အနိစ္စစသော သာမညလက္ခဏာအားဖြင့် မသက်ဝင်တတ်သောသဘောသည်၊ (အတ္ထိ)၊
ယာ အသမပေက္ခဏာ၊ အကြင် အညီအမျှ မရှုတတ်သောသဘောသည်
ယာ အပစ္စဝေက္ခဏာ၊ အကြင် ဟုတ်မှန်သောသဘောကို စွဲ၍ မရှုတတ်သော သဘောသည်၊ (အတ္ထိ)၊
ယံ အပစ္စက္ခကမ္မံ၊ အကြင် မျက်မှောက်ဖြစ်သော တစ်ခုသော ကံမျှမရှိသောသဘောသည်၊ (တစ်နည်း)၊
ယံ အပစ္စက္ခကမ္မံ၊ အကြင် မျက်မှောက်ပြုအပ်သော တစ်ခုသောကံမျှ မရှိသောသဘောသည်၊
ယံ ဒုမ္မေဇ္ဈံ၊ အကြင် စင်ကြယ်သောစိတ်အစဉ်ကို ဖျက်ဆီးတတ်သောသဘောသည်၊ (အတ္ထိ)၊
ယံ ဗာလျံ၊ အကြင် ဗာလ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊
ယံ အသမ္ပဇညံ၊ အကြင်ကောင်းစွာအပြားအားဖြင့် မသိတတ်သူ၏ဖြစ်ကြောင်း ဖြစ်ရာသည်၊ (အတ္ထိ)၊
ယော မောဟော၊ အကြင် တွေဝေခြင်းသဘောသည်၊ (အတ္ထိ)၊
ယော ပမောဟော၊ အကြင် အားကြီးသောမောဟသည်၊ (အတ္ထိ)၊
ယော သံမောဟော၊ အကြင် ထက်ဝန်းကျင် တွေဝေတတ်သောသဘောသည်၊(အတ္ထိ)၊
ယာ အဝိဇ္ဇာ၊ ဝိဇ္ဇာဉာဏ်၏ ဆန့်ကျင်ဘက်သဘောသည်၊ (အတ္ထိ)၊
ယော အဝိဇ္ဇောဃော၊ အကြင် အဝိဇ္ဇာဟူသောသြဃသည်၊ (အတ္ထိ)၊
ယော အဝိဇ္ဇာ ယောဂေါ၊ အကြင် အဝိဇ္ဇာဟူသောယောဂသည်၊(အတ္ထိ)၊
ယော အဝိဇ္ဇာနုသယော၊ အကြင် အဝိဇ္ဇာဟူသော အနုသယသည်၊ (အတ္ထိ)၊
ယံ အဝိဇ္ဇာပရိယုဋ္ဌာနံ၊ အကြင် စိတ်ကို လွှမ်းမိုးလုယက်တတ်သော အဝိဇ္ဇာသည်၊ (အတ္ထိ)၊
ယာ အဝိဇ္ဇာလင်္ဂီ၊ အကြင် စီးပွားသို့ ရှေးရှုသွားဖို့ရာ လွဲချော်ခွင်နေတတ်သော အဝိဇ္ဇာသည်၊ (တစ်နည်း)
ယာ အဝိဇ္ဇာလင်္ဂီ၊ အကြင် တံခါးချင် မင်းတုပ်နှင့် တူစွာ, ခဲခဲယဉ်းယဉ်း ဖွင့်ခွာအပ်သော အဝိဇ္ဇာသည်၊ (အတ္ထိ)၊
မောဟော၊ မောဟဟူသော၊
ယံ အကုသလမူလံ၊ သည်၊ (အတ္ထိ)၊
တသ္မိံ သမယေ အယံ မောဟော ဟောတိ၊ [နိဂုံးဝါကျလည်း ထည့်ပါ။]
အမှာ။ ။နောက်နောက်ပုဒ်များ၏ နိဒ္ဒေသတို့၌ အထူးမရှိတော့ပြီ၊ ကောဋ္ဌာသဝါရ, သုညတဝါရတို့လည်း ကုသိုလ်ကို နည်းမှီ၍ သိလောက်ပါပြီ၊ ဒုတိယစိတ်မှစ၍ လောဘမူစိတ်များ၌ အထူးမရှိတော့ပါ။
နဝမစိတ်(ဒေါသမူစိတ်)။ ။ယသ္မိံ သမယေ အကုသလံ, ဒေါမနဿ သဟဂတံ၊ ဒေါမနဿသဟဂုတ်ဖြစ်သော၊
ပဋိဃသမ္ပယုတ္တံ၊ ဒေါသနှင့်အညီ အမျှ ဧကုပ္ပာဒတာ အစရှိသော အပြားတို့ဖြင့်ယှဉ်သော၊
ရူပါရမဏံ အာရဗ္ဘ ဝါ၊ပေ၊စိတ္တံ ဥပ္ပန္နံ ဟောတိ၊
တသ္မိံ သမယေ ဖဿော၊ သည်၊
ဟောတိ၊ ၏၊ပေ၊
ဒေါသော၊ ဒေါသသည်၊
ဟောတိ၊ ၏၊ပေ၊
ဗျာပါဒေါ၊ ဗျာပါဒသည်၊ ဟောတိ၊ပေ၊ ဣမေ ဓမ္မာ အကုသလာ။
ဝေဒနာနိဒ္ဒေသ။ ။တဇ္ဇာ၊ပေ၊သမ္ဖဿဇံ၊ သော။
စေတသိကံ၊ သော၊
ယံ အသာတံ၊ အကြင် သာယာတတ်သော သုခ၏ ဆန့်ကျင်ဘက်သဘောသည်၊ (အတ္ထိ)၊ ဤတစ်ပုဒ်သာ ထူး၏။
ဒေါသနိဒ္ဒေသ။ ။ယော ဒေါသော၊ အကြင် ပျက်စီးတတ်သောသဘောသည်၊
ဝါ၊ အကြင် ပျက်စီးခြင်းသဘောသည်၊ (အတ္ထိ)၊
ယာ ဒုဿနာ၊ အကြင်ပျက်စီးခြင်းသည်၊ (အတ္ထိ)၊
ယံ ဒုဿိတတ္တံ၊ အကြင် ပျက်စီးတတ်သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊
ယာ ဗျာပတ္တိ၊ အကြင် ပင်ကိုသဘောမှ ဖောက်ပြန်ခြင်းသို့ရောက်သောသဘောသည်၊ (အတ္ထိ)၊
ယာ ဗျာပဇ္ဇနာ၊ အကြင် ပင်ကိုသဘောမှ ဖောက်ပြန်ခြင်းသို့ရောက်ခြင်းသည်၊(အတ္ထိ)၊
ယံ ဗျာပဇ္ဇိတတ္တံ၊ အကြင် ပင်ကိုသဘောမှ ဖောက်ပြန်ခြင်းသို့ရောက်သောစိတ်၏ ဖြစ်ကြောင်း ဖြစ်ရာသည်၊ (အတ္ထိ)၊
ယော ဝိရောဓော၊ အကြင် ဆန့်ကျင်တတ်သော သဘောသည်၊ (အတ္ထိ)၊
ယော ပဋိဝိရောဓော-အကြင် အဖန်ဖန် ဆန့်ကျင်တတ်သောသဘောသည်၊(အတ္ထိ)၊..
[တစ်နည်း၊ ယော ဝိရောဓော၊ အကြင် ဆန့်ကျင်ခြင်းသည်၊ (အတ္ထိ)၊
ယော ပဋိဝိရောဓော၊ အကြင် အဖန်ဖန်ဆန့်ကျင်ခြင်းသည်၊ (အတ္ထိ)၊]
ယံ စဏ္ဍိက္ကံ၊ အကြင် ကြမ်းတမ်းသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊
ယော အသုရောပေါ၊ အကြင်ကောင်းစွာ ဖြစ်စေအပ်သောစကား၏ မရှိကြောင်းသဘောသည်၊
ဝါ၊ အကြင်ကောင်းစွာ ဖြစ်စေအပ်သော အမှန်မရှိကြောင်း မရှိကြောင်းသဘောသည်။(အတ္ထိ)၊
[“အဿုရောပေါ၊ မျက်ရည်ကို ဖြစ်စေတတ်သောသဘောသည်”ဟု အပရေဝါဒ ရှိ၏။]
စိတ္တဿ၊ ၏၊
ယာ အနတ္တမနတာ၊ အကြင် အတ္တမနတာ၏ ဆန့်ကျင်ဘက်သည်၊
ဝါ၊ အကြင် မိမိစိတ်မဟုတ်သည်၏ အဖြစ်သည်၊ (အတ္ထိ)။
ဧကာဒသမ(ဝိစိကိစ္ဆာသဟဂုတ်စိတ်)။ ။“ဝိစိကိစ္ဆာသမ္ပယုတ္တံ၊ ဝိစိကိစ္ဆာနှင့် အညီအမျှ ဧကုပ္ပာဒတာ အစရှိသော အပြားတို့ဖြင့်ယှဉ်သော” တစ်ပုဒ်သာ ထူး၏။
ဝိစိကိစ္ဆာနိဒ္ဒေသ။ ။ယာ ကင်္ခါ၊ အကြင် ယုံမှားတတ်သော သဘောသည်၊ (အတ္ထိ)၊
ယာ ကင်္ခါယနာ၊ အကြင် နောက်ယုံမှားခြင်းကို ဖြစ်စေတတ်သော ရှေ့ယုံမှားခြင်းသည်၊ (အတ္ထိ၊)
[တစ်နည်း၊ ယာ ကင်္ခါယနာ၊ အကြင် ယုံမှားခြင်း သည်၊ (အတ္ထိ)၊]
ယံ ကင်္ခါယိတတ္တံ၊ အကြင် ယုံမှားခြင်းသည် ဖြစ်စေအပ်သော စိတ်၏ဖြစ်ကြောင်းဖြစ်ရာသည်။(အတ္ထိ)၊
ယာ ဝိမတိ၊ အကြင် မသိခြင်းသဘော သည်၊(အတ္ထိ)၊
ယာ ဝိစိကိစ္ဆာ၊ အကြင် ဉာဏ်တည်းဟူသော ဆေးကုခြင်းမှ ကင်းသောသဘောသည်၊(တစ်နည်း)
ယာ ဝိစိကိစ္ဆာ၊ အကြင် သဘောအမှန်ကို စူးစမ်းရှာဖွေလတ်သော်၊ ပင်ပန်းကြောင်းသဘောသည်၊ (အတ္ထိ)၊
ယံ ဒွေဠှကံ၊ အကြင် ဟုတ်လေသလား, မဟုတ်လားဟု နှစ်ပါးအပြားအားဖြင့် စိတ်ကို တုန်လှုပ်စေတတ်သောသဘောသည်၊ (အတ္ထိ)၊
ယော ဒွေဓာပထော၊ အကြင် နှစ်ဖြာကွဲသော လမ်းနှင့်တူသောသဘောသည်၊ (အတ္ထိ)၊
ယော သံသယော၊ အကြင် တစ်ခုတည်းသော အခြင်းအရာ၌ မတည်နိုင်ဘဲ ထက်ဝန်းကျင် ဖြစ်တတ်သောသဘောသည်၊
(ဝါ၊ ယုံမှားခြင်းသဘောသည်၊) (အတ္ထိ)၊...
ယော အနေကံသဂ္ဂါဟော၊ အကြင် တစ်ခုသောအဖို့ကိုယူခြင်း၏ဆန့်ကျင်ဘက် သဘောသည်၊
ယာ အာသပ္ပနာ၊ အကြင်အာရုံ၏ တစ်ခုသောအခြင်းအရာသို့ မသွားနိုင်ဘဲ မိမိသို့ ရှေးရှုနေသကဲ့သို့ဖြစ်သောသဘောသည်၊ (အတ္ထိ)၊
ယာ ပရိသပ္ပနာ၊ အကြင် ဉာဏ်ဖြင့် သက်ဝင်ခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ထက်ဝန်းကျင် ဖြစ်တတ်သောသဘောသည်၊ (အတ္ထိ)၊
ယာ အပရိယောဂါဟနာ၊ အကြင်ဉာဏ်ဖြင့် ထက်ဝန်းကျင် မသက်ဝင်နိုင်သောသဘောသည်၊ (အတ္ထိ)၊
စိတ္တဿ၊ ၏၊
ယံ ထမ္ဘိတတ္တံ၊ အကြင် ခက်ထန်သည်၏အဖြစ်သည်၊ (အတ္ထိ)၊
ယော မနော ဝိလေခေါ၊ အကြင် စိတ်ကို ရေးခြစ်သကဲ့သို့ဖြစ်သောသဘောသည်၊ (အတ္ထိ)။
ဥဒ္ဓစ္စနိဒ္ဒေသ။ ။ယသ္မိံ သမယေ၊ပေ၊ ဥဒ္ဓစ္စသမ္ပယုတ္တံ၊ သော၊
အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ တသ္မိံ၊ပေ၊ကတမံ၊ သော၊
ဥဒ္ဓစ္စံ၊ သည်၊
ဟောတိ၊ နည်း၊
တသ္မိံ သမယေ၊ ၌၊
စိတ္တဿ၊ ၏၊
ယံ ဥဒ္ဓစ္စံ၊ အကြင် အထက်အထက်၌ လွင့်တက်တုန်လှုပ်တတ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊
ယော အဝူပသမော၊ အကြင် မငြိမ်းအေးခြင်းသည်၊(အတ္ထိ)၊
ယော စေတောဝိက္ခေပေါ၊ အကြင် စိတ်ကို အထူးထူးအပြားပြား ပစ်လွှင့်တတ်သောသဘောသည်၊(အတ္ထိ)၊ [စာအုပ်တို့၌ “စေတသော+ဝိက္ခေပေါ “ဟု ဝါကျရှိ၏၊]
စိတ္တဿ၊ ၏။
ယံ ဘန္တတ္တံ၊ အကြင် တုန်လှုပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊
တသ္မိံ သမယေ၊ ၌၊
ဣဒံ၊ ဤသို့သော၊
ဝါ၊ ဤသို့သဘောရှိသော၊
ဥဒ္ဓစ္စံ၊ သည်၊ ဟောတိ၊ (နိဂုံး) ယသ္မိံ၊ပေ၊ ဟောတိ၊ တသ္မိံ သမယေ= ၌၊
ဣဒံ၊ ဤသို့သော၊ ဥဒ္ဓစ္စံ ဟောတိ၊ပေ၊ ဣမေ ဓမ္မာ အကုသလာ၊…
ဒွါဒသ၊ န်သော၊ အကုသလစိတ္တာနိ၊ တို့သည်၊ နိဋ္ဌိတာနိ၊ ကုန်ပြီ။
အကုသလာ ဓမ္မာဟူသော မာတိကာ၏။ ပဒဘာဇနီ ပြီးပြီ။