Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
中文翻译1
中文
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

Saṃyojanagocchakaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

[အခြား သံယောဇဉ်များ၏အနက်ကို ရှေး၌ ပေးခဲ့ပြီ။]

၁၁၂၁။ တတ္ထ၊ ထို သံယောဇဉ်တို့တွင်၊ ကတမံ၊ သည်၊ မာနသံယောဇနံ၊ နည်း၊

အဟံ၊ ငါသည်၊ သေယျော၊ သူတစ်ပါးထက် မြတ်သူသည်၊ အသ္မိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ မာနော၊ မှတ်ထင်ခြင်းသည်၊(ဟောတိ)၊ အဟံ သဒိသော၊ သူတစ်ပါးနှင့် တန်းတူသူသည်၊ အသ္မိ၊ ၏၊ ဣတိ မာနော (ဟောတိ)၊ အဟံ ဟီနော၊ သူတစ်ပါးအောက် ယုတ်ညံ့သူသည်၊ အသ္မိ ဣတိ, မာနော (ဟောတိ)၊
ဧဝရူပေါ၊ ဤသို့ သဘောရှိသော၊ ယော မာနော၊ အကြင် မှတ်ထင်တတ်သော သဘောသည်၊ ယာ မညနာ၊ အကြင် မှတ်ထင်ခြင်းသည်၊ ယံ မညိတတ္တံ၊ အကြင် မှတ်ထင်တတ်သော စိတ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊ ယာ ဥန္နတိ၊ အကြင် အထက်၌ ညွတ်ခြင်းသည်၊ ဝါ၊ ထောင်လွှားတက်ကြွခြင်းသည်၊ ယော ဥန္နာမော၊ အကြင် မိမိကိန်းရာ သတ္တဝါကို ထောင်လွှားတက်ကြွစေတတ်သောသဘော သည်၊ ယော ဓဇော၊ အကြင် တံခွန်အလံနှင့်တူသောသဘောသည်၊ ယော သမ္ပဂ္ဂါဟော၊ အကြင်စိတ်ကို ချီးမြှောက်တတ်သောသဘောသည်၊ စိတ္တဿ၊ ၏၊ ယာ ကေတုကမျတာ၊ အကြင် အမြင့်ဆုံးအလံကဲ့သို့ မိမိ၏ အမြင့်ဆုံး၏ အဖြစ်ကို လိုလားသော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ဣဒံ ဝုစ္စတိ မာနသံယောဇနံ။
၁၁၂၆။ တတ္ထ ကတမံ ဣဿာသံယောဇနံ၊
ပရလာဘသက္ကာရဂရုကာရ မာနနဝန္ဒနပူဇနာသု၊ သူတစ်ပါးတို့၏ သာမညလာဘ်, အထူးပြုအပ်သော လာဘ်, အလေးဂရုပြုခြင်း, မြတ်နိုးခြင်း, ရှိခိုးခြင်း, ပူဇော်ခြင်းတို့၌၊ ယာ ဣဿာ၊ အကြင်ငြူစူတတ်သောသဘောသည်၊ ယာ ဣဿာယနာ၊ အကြင်ငြူစူခြင်းဖြင့် ဖြစ်ခြင်းသည်၊ ယံ ဣဿာယိတတ္တံ၊ အကြင်ငြူစူခြင်းဖြင့်ဖြစ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယာ ဥဿူယာ၊ အကြင် အပြစ်ပြောတတ်သော သဘောသည်၊ ယာ ဥဿူယနာ၊ အကြင် အပြစ်ပြောခြင်းဖြင့်ဖြစ်ခြင်းသည်၊ ယံ ဥဿူယိတတ္တံ၊ အကြင်အပြစ်ပြောတတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ သည်၊ (အတ္ထိ)၊ ဣဒံ ဝုစ္စတိ ဣဿာသံယောဇနံ။
၁၁၂၇။ တတ္ထ ကတမံ မစ္ဆရိယသံယောဇနံ၊
မစ္ဆရိယာနိ၊ မစ္ဆရိယတို့သည်၊ ဝါ၊ ဝန်တိုခြင်းတို့သည်၊ အာဝါသမစ္ဆရိယံ၊ အာဝါသ၌ ဝန်တိုခြင်းလည်းကောင်း၊ ကုလမစ္ဆရိယံ၊ အမျိုး၌ ဝန်တိုခြင်းလည်းကောင်း၊ လာဘမစ္ဆရိယံ၊ ပစ္စည်းလေးပါးဟူသော လာဘ်၌ ဝန်တိုခြင်းလည်းကောင်း၊ ဝဏ္ဏမစ္ဆရိယံ၊ ကိုယ်အဆင်း, ဂုဏ်သတင်း၌ ဝန်တိုခြင်းလည်းကောင်း၊ ဓမ္မမစ္ဆရိယံ၊ ပရိယတ် ဓမ္မ၌ ဝန်တိုခြင်းလည်းကောင်း၊ (ဣတိ၊ သို့၊) ပဉ္စ၊ ငါးပါးတို့တည်း၊

ဧဝရူပံ၊ သော၊ ယံ မစ္ဆေရံ၊ အကြင်ဝန်တိုတတ်သောသဘောသည်၊ ယာ မစ္ဆရာယနာ၊ အကြင် ဝန်တိုခြင်းဖြင့်ဖြစ်ခြင်းသည်၊ ယံ မစ္ဆရာယိတတ္တံ၊ အကြင် ဝန်တိုခြင်း ဖြင့် ဖြစ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယံ ဝေဝိစ္ဆံ၊ အကြင် အခြားသူ၌ နှံ့စေခြင်းငှာ အလိုမရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယံ ကဒရိယံ၊ အကြင်ပေးကမ်းမှု၌ လေးစားခြင်းမရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ ယာ ကဋကဉ္စုကတာ၊ အကြင် တောင်းရမ်းသူကိုမြင်လျှင် ခါးစပ်သည်၏အဖြစ်ကြောင့် စိတ်ကို တွန့်စေတတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (တစ်နည်း) ယာ ကဠုကဉ္စုကတာ၊ အကြင် ကုတ်နေသောဇွန်းဖြင့် ထမင်းခူးခြင်းကဲ့သို့ အာဝါသ စသည်တို့၌ ပြန့်ပြန့်ပြူးပြူး မရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ စိတ္တဿ၊ ၏၊ ယံ အဂ္ဂဟိတတ္တံ၊ အကြင် ပိတ်ချုပ်၍ယူအပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ဣဒံ ဝုစ္စတိ မစ္ဆရိယသံယောဇနံ၊ပေ။

သညောဇနဂေါစကပြီးပြီ။