၁၂၁၉။ စတ္တာရိ ဥပါဒါနာနိ၊ ကာမုပါဒါနံ၊ ကာမုပါဒါန်လည်းကောင်း၊
ဝါ၊ ဝတ္ထုကာမကို စွဲလမ်းတတ်သော လောဘလည်းကောင်း၊
ဝါ၊ ကာမဂုဏ် ကို လိုလားတတ် စွဲလမ်းတတ်သော လောဘလည်းကောင်း၊
ဒိဋ္ဌုပါဒါနံ၊ စွဲလမ်းတတ်သော ဒိဋ္ဌိလည်းကောင်း၊
ဝါ၊ ရှေးရှေးဒိဋ္ဌိကို စွဲလမ်းတတ်သော နောက်နောက်ဒိဋ္ဌိလည်းကောင်း၊
သီလဗ္ဗတုပါဒါနံ၊ လည်းကောင်း၊
ဝါ၊ နွားတို့၏ အလေ့အကျင့်စသည်ကို စွဲလမ်းတတ်သော ဒိဋ္ဌိလည်းကောင်း၊
ဝါ၊ နွားတို့၏ အလေ့အကျင့်စသည်ကိုပင် ကိလေသာမှ စင်ကြယ်ကြောင်း ဟု စွဲလမ်းတတ်သော ဒိဋ္ဌိလည်းကောင်း၊
အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါန် လည်းကောင်း၊
ဝါ၊ အတ္တကို ပြောဆိုကြောင်း, စွဲလမ်းကြောင်းဖြစ်သောဒိဋ္ဌိလည်းကောင်း၊
ဝါ၊ အတ္တဟု ပြောဆိုကြောင်းစကားမျှကို အတ္တဟု စွဲလမ်း ကြောင်းဒိဋ္ဌိလည်းကောင်းတည်း။
၁၂၂၀။ တတ္ထ ကတမံ ကာမုပါဒါနံ၊
ကာမေသု၊ ဝတ္ထုအာရုံကာမဂုဏ်တို့၌၊
ယော ကာမစ္ဆန္ဒော၊ အကြင်လိုလားတတ်, နှစ်သက်တတ်သော လောဘသည်၊ (အတ္ထိ၊) ဤသို့စသည်ဖြင့် အာသဝဂေါစ္ဆက ကာမာသဝနိဒ္ဒေသ၌ ပြခဲ့သည့်အတိုင်း အနက်ပေးပါ။
၁၂၂၁။ တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ၊
ဒိန္နံ၊ ပေးလှူကြောင်း ဒါနစေတနာသည်၊
ဝါ၊ ပေးလှူကြောင်း ဒါနစေတနာ၏အကျိုးရင်း အကျိုးဆက်သည်၊
နတ္ထိ၊ မရှိ၊
ယိဋ္ဌံ၊ အကြီးအကျယ် ပူဇော်ကြောင်းစေတနာ၏ အကျိုးရင်း အကျိုးဆက်သည်၊ နတ္ထိ၊
ဟုတံ၊ အနည်းငယ် ပူဇော်ကြောင်းစေတနာ၏ အကျိုးရင်းအကျိုးဆက်သည်၊ နတ္ထိ၊
သုကတဒုက္ကဋာနံ၊ ကောင်းစွာပြုအပ်, မကောင်းသဖြင့် ပြုအပ်ကုန်သော၊
ကမ္မာနံ၊ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏၊
ဖလံ၊ အကျိုးဆက်သည်လည်းကောင်း၊
ဝိပါကော၊ အကျိုးရင်းသည်လည်း ကောင်း၊ နတ္ထိ၊
အယံ လောကော၊ ဤလောကသည်၊
နတ္ထိ၊ (တစ်ပါးသော လောက၌ တည်သူအတွက်) မရှိ၊
ပရောလောကော၊ တစ်ပါးသော လောကသည်၊
နတ္ထိ၊ (ဤလောက၌ တည်သူအတွက်)မရှိ၊
မာတာ၊ အမိ၌ ကောင်းစွာ ပြုခြင်း, မကောင်းသဖြင့် ပြုခြင်း၏အကျိုးရင်း အကျိုးဆက်သည်၊ နတ္ထိ၊
ပိတာ၊ အဘ၌ ကောင်းစွာပြုခြင်း, မကောင်းသဖြင့်ပြုခြင်း၏ အကျိုရင်း အကျိုးဆက်သည်၊ နတ္ထိ၊
သြပပါတိကာ၊ အဟောင်းဘဝမှ အသစ်ဘဝ၌ ကျရောက်ခြင်းအလေ့ရှိကုန်သော၊
သတ္တာ၊ သတ္တဝါတို့သည်၊
နတ္ထိ၊ မရှိကုန်။
ယေ၊ အကြင် သမဏဗြာဟ္မဏ အမည်ရှိသူတို့သည်၊
ဣမဉ္စ လောကံ၊ ဤလောကကိုလည်းကောင်း၊
ပရဉ္စလောကံ၊ တစ်ပါးသောလောကကိုလည်းကောင်း၊
သယံ၊ ကိုယ်တိုင်၊
အဘိညာ၊ ထူးသောဉာဏ်ဖြင့် သိ၍၊
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍၊
ပဝေဒေန္တိ၊ သူတစ်ပါးကို ဟောပြသိစေနိုင်ကြကုန်၏၊
သမဂ္ဂတာ(သမံ+ဂတာ)၊ ပဋိပတ်ကျင့်စဉ်အားဖြင့် အညီအမျှသွားကြကုန်သော၊
သမ္မာပဋိပန္နာ၊ ကောင်းစွာကျင့်ကြကုန်သော၊
(တေ)သမဏဗြာဟ္မဏာ၊ ထို သမဏဗြဟ္မဏ အမည်ရသူတို့သည်၊
လောကေ၊ ၌၊
နတ္ထိ၊ မရှိကုန်၊
ဣတိဧဝရူပါ၊ ဤသို့သဘောရှိသော၊
ယာ ဒိဋ္ဌိ၊ အကြင် မိစ္ဆာအယူသည်။(အတ္ထိ) ၊ပေ၊ ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ၊
**သြပပါတိကာ** ။ ။ ပုရိမဘဝတော ပစ္ဆိမဘဝေ ဥပပတနံ ဥပပါတော၊ သော ယေသံ သီလံ၊ တေ သြပပါတတိကာ၊-မူလဋီကာ၊ ဤနေရာ၌ ဤဋီကာအတိုင်းသာ အနက်ဖြစ်၏၊ ဥပပတ်ပဋိသန္ဓေနေသူတို့ကို ဟောရာ၌ကား “ဘဝဟောင်းမှ ခုန်လွှား ကျရောက်သကဲ့သို့ဖြစ်ခြင်းရှိသူများ”ဟု အနက်ဆိုရသည်။ ထိုအနက်ကို ဤ၌ မရထိုက်။သီလဗ္ဗတုပါဒါနဉ္စ၊ သီလဗ္ဗတုပါဒါန်ကိုလည်းကောင်း၊
အတ္တဝါဒုပါဒါနဉ္စ၊ ကိုလည်းကောင်း၊
ထပေတွာ၊ ချန်ထား၍၊
သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်သော၊
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာအယူသည်၊
ဒိဋ္ဌုပါဒါနံ၊ ဒိဋ္ဌိပါဒါန်တည်း၊ [သီလဗ္ဗတုပါဒါန်ကို တိကနိက္ခေပ သီလဗ္ဗတပရာမာသနိဒ္ဒေသ၌လည်းကောင်း, အတ္တဝါဒုပါဒါန်ကို တိကနိက္ခေပသက္ကာယဒိဋ္ဌိနိဒ္ဒေသ၌လည်းကောင်း အနက်ပေးခဲ့ပြီ။]
နိက္ခေပကဏ္ဍ၊ ၌၊
ဒုတိယဘာဏဝါရော၊ တည်း။