ပရိတ္ထအဘိဘာယတန။ ။ကတမေ ဓမ္မာ ကုသလာ၊
ယသ္မိံ သမယေ (ယောဂါဝစရော)ရုပ္ပပပတ္တိယာ မဂ္ဂံ ဘာဝေတိ၊ ဖြစ်စေ၏၊
အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊
အရူပသညီ၊ ကသိုဏ်းရုပ်၌ဖြစ်သော ပရိကမ်သညာရှိသူမဟုတ်သည်၊
(ဟုတွာ၊ ၍၊)
ဗဟိဒ္ဓါ၊ အပသန္တာန်၌၊
ပရိတ္တာနိ၊ ကျဉ်းငယ်ကုန်သော၊
ရူပါနိ၊ ကသိုဏ်းရုပ်တို့ကို၊ [ကသိုဏ်း ၈ ပါးရှိသောကြောင့် “ရူပါနိ”ဟု ဗဟုဝုစ်ဆိုသည်၊]
ပဿတိ၊ ရှု၏၊
တာနိ၊ ထိုကသိုဏ်းရုပ်တို့ကို၊
အဘိဘုယျ၊ လွှမ်းမိုး၍၊
(သမာပဇ္ဇတိ၊ ကောင်းစွာရောက်၏၊
ဝါ၊ ဈာန်ရ၏၊)
ဇာနမိ၊ ငါသိ၏၊
ပဿာမိ၊ ငါမြင်၏၊
ဣတိ၊ ဤသို့ နှလုံးသွင်းမှုအာဘောဂဖြစ်၏၊
ကာမေဟိ ဝိဝိစ္စေဝ၊ပေ၊ဥပသမ္ပဇ္ဇ ဝိဟရတိ၊ပေ၊ဣမေ ဓမ္မာ ကုသလာ၊ [ဒုတိယ ဈာန်မှစ၍ စတုက္ကနည်း, ပဉ္စကနည်းကုန်အောင် ဤအတိုင်းသာတည်း။]
ကသိုဏ်းရှစ်ပါး
။ ။ဤပြအပ်ပြီးသော ပါဠိတော်များသည် ပထဝီကသိုဏ်းကို အာရုံပြုသောဈာန်ကို ပြသောပါဠိတော်များတည်း၊ အာပေါစသော ကသိုဏ်းတို့၌လည်း ဤအတိုင်းပင် ဖြစ်သည်၊ ဤ ပါဠိတော်၌ ကသိုဏ်း ၈ ပါးသာ လာ၏၊ အာကာသ ကသိုဏ်းနှင့် အာလောကကသိုဏ်းမပါ၊ အာကာသကသိုဏ်းကို ဟောတော်မမူခြင်း၏ အကြောင်းကို အဋ္ဌကထာ၌ ရှုပါ၊ အာလောကကသိုဏ်းကိုကား အရောင်အလင်းချင်း တူသောကြောင့် တိုက်ရိုက်ဟောတော်မူအပ်ပြီးသော သြဒါတကသိုဏ်း၌ သွင်းယူကြ ၏၊[ သြဒါတကသိဏေ ပန အာလောကကသိဏံ, အာကာသကသိဏေ စ(ပဌမာရုပ္ပ ဝိညာဉ်၏အာရုံဖြစ်သော ကသိဏာဋိမာကာသဟု ခေါ်အပ်သော အာကာသကသိုဏ်း ၌လည်း) ပရိစ္ဆိန္နာကာသကသိဏံ အန္တောဂဓံ ကတွာ ဒေသနာ ကတာ၊-ဝိသုဒ္ဓိမဂ် မဟာဋီကာ, သေသကသိဏကထာအဖွင့်။]
အဘိဘာယတန
။ ။ [အဘိဘု+အာယတန၊] ယောဂီပုဂ္ဂိုလ်သည် ဉာဏ်ထက်၏၊ ကသိုဏ်းအာရုံက ကျဉ်းငယ်သောပရိတ္တ ဖြစ်၏၊ (ဝမ်းမီးကောင်းနေသူသည် ထမင်း တစ်ဇွန်းတစ်ယောင်းမလောက်ကို မစားလောက်ဟု ယူဆသကဲ့သို့) “ဤပရိတ္တအာရုံ၌ စိတ်တည်ငြိမ်စွာ သမာဓိရအောင်ပြုဖို့ ငါ့မှာ ဝန်မလေး”ဟု ယူဆ၍ အာရုံကို လွှမ်းမိုး ကာ ဈာန်ရ၏၊ ကသိုဏ်းအာရုံက တိုးပွားသောအပ္ပမာဏဖြစ်လျှင်လည်း ဉာဏ်က ထက်မြက်လှသောကြောင့်(အစားကြီးသူသည် ထမင်းတစ်ပွဲစာကို များသည်ဟု မထင် သကဲ့သို့ ထိုကျယ်ဝန်းသော အပ္ပမာဏအာရုံကိုလည်း “ဤအာရုံ၌ စိတ် တည်ကြည်ဖို့ ရန် ငါ့မှာ တာဝန်မလေးပါ”ဟု ယူဆ၍ အာရုံကို လွှမ်းမိုးကာ ဈာန်ရ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်၏ဈာန်ကို “အဘိဘာယတနဈာန်”ဟုခေါ်သည်၊ ဝစနတ္ထကို ဋီကာ၌ကြည့်ပါ။
ဇာနာမိ ပဿာမိ
။ ။ ဤစကားသည် ထို ဈာန်ရသောပုဂ္ဂိုလ်၏ ပုဗ္ဗာဘောဂ (ရှေးအဖို့၌ နှလုံးသွင်းမှုကို ပြသောစကားတည်း၊) ထို့ကြောင့် “ဣတိ-ဤသို့ နှလုံးသွင်းမှု အာဘောဂဖြစ်၏”ဟု အနက်ပေးပါသည်။
ပဋိပဒါစတုက္က
။ ။ ဒုက္ခပ္ပဋိပဒါ စသော ပဋိပဒါ ၄ ပါးသွင်း၍လည်း ဤနည်း အတိုင်း ဈာန် ၉ ပါး ဖြစ်ပြန်၏။
အာရမဏဒုက
။ ။ အာရုံ၌ကား “ပရိတ္တာနိ”ဟု မူတည်ခဲ့သောကြောင့် “ပရိတ္တံ ပရိတ္တာရမဏံ, အပ္ပမာဏံ ပရိတ္တာရမဏံ”ဟု ဈာန်တစ်ပါးလျှင် အာရုံ ၂ ပါးသာရ၏၊ အနက်ပေးပုံမှာ ရှေ့အတိုင်းပင်တည်း။
အဋ္ဌက္ခတ္တုကံ
။ ။ ပဋိပဒါ ၄ ပါးကို မူတည်လျက် အာရုံ ၂ ပါးဖြင့် မြှောက်ပွား၍ ဟောတော်မူအပ်သော ဈာန် ၈ ပါးအပေါင်းကို “အဋ္ဌက္ခတ္ထုကဈာန်” ဟုခေါ်၏၊ “အဋ္ဌက္ခတ္တုကံ-ရှစ်ကြိမ်ရှိသောဈာန်အပေါင်းသည်း နိဋ္ဌိတံ-ပြီ”ဟု ပေးပါ။
သုဝဏ္ဏ ဒုဗ္ဗဏ္ဏ
။ ။ ဤနည်း၌ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ- ကောင်းသောအဆင်းရှိကုန်, မကောင်းသောအဆင်းရှိကုန်သော”ဟူသော ပုဒ်သာပို၏၊ ဤအဘိဘာယတန ပါဠိတော်ဝယ် သုဒ္ဓိကနဝက(ပဋိပဒါ စသည်တို့နှင့်မရောသော ဈာန် ၉ ပါးသာ) စာအုပ်တို့၌ တိုက်ရိုက်လာ၏၊ သို့သော် “ဧဝမေတ္ထ ဧကေကသ္မိံ အဘိဘာယတနေ ဧကော သုဒ္ဓိကနဝကော, စတ္တာရော ပဋိပဒါနဝကာ , ဒွေ အာရမဏနဝကာ, အာရမဏပဋိပဒါမိဿကေ အဋ္ဌနဝကာတိ ပန္နရသနဝကာတိ”ဟု ဆိုသောကြောင့် ပဋိပဒါနဝကစသည်တို့ကိုလည်း ပေယျာလမြှုပ်ထားသည်ဟု မှတ်ပါ၊ ထိုတွင် နောက်ဆုံးဖြစ်သော အဋ္ဌက္ခတ္တုက၌ “ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂ ဘာဝေတိ၊ အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒဗ္ဗဏ္ဏာနိ, တာနိ အဘိဘုယျ ဇာနာမိ ပဿာမီတိ ဝိဝိစ္စေဝ၊ပေ၊ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခဋိပဒံ ဒန္ဓာဘိညံ ပရိတ္တံ ပရိတ္တာရမဏံ၊ တသ္မိံ သမယေ၊ပေ၊ကုသလာ "ဟု ပေယျာလကို ဖော်ပါ ။ ပဋိပဒါ ၄ ပါးကို မူတည်, အာရုံ ၂ ပါး ဖြင့် မြှောက်၍ အဋ္ဌက္ခတ္တုကဈာန် ဖြစ်သည်၊ “အဋ္ဌက္ခတ္တုကံ-သော၊ ဣဒံမ္ပိ-ဤဈာန်အပေါင်းသည်လည်း၊ ၊ နိဋ္ဌိတံ-ပြီ။
အပ္ပမာဏအဘိဘာယတန
။ ။ “ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ (တိုးပွား သောပမာဏအတိုင်းအရှည် ရှိကုန်သော၊) တာနိ အဘိဘုယျ”စသည်ဖြင့် “ပရိတ္တာနိ”” နေရာဝယ်“အပ္ပမာာနိ" "ဟု လဲလှယ်ရခြင်းသာ ထူး၏၊ ဤအပ္ပမာဏအဘိဘာယတန ၌လည်း ပရိတ္တအဘိဘာယတနကဲ့သို့ ပန္နရသနဝကပင်တည်း၊ အာရမဏဒုက၌ “ပရိတ္တံ အပ္ပမာဏာရမဏံ, အပ္ပမာဏံ အပ္ပမာဏာရမဏံ ”ဟု ဒုကဖြစ်ပုံကို သိပါ၊ အပ္ပမာဏအာရုံဖြစ်သောကြောင့် "ပရိတ္တာရမဏ"ဟု မပါရတော့။
အဘိဘာယတန ၄ ပါး
။ ။ အဋ္ဌကထာ၌ “စတူသုပိ အဘိဘာယတနေသု”ဟု ဆိုသောကြောင့် ဤတိုင်အောင် အဘိဘာယတန ၄ ပါးကို ပြပြီးဟု သိပါ၊ ၄ ပါးကား- “ပရိတ္တာနိ တာနိ အဘိဘုယျ”ဟု ပရိတ္တာနိသဒ္ဒါပါသော အဘိဘာယတန ၁, ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ ဟု ပါသော ပရိတ္တသုဝဏ္ဏဒုဗ္ဗဏ္ဏအဘိဘာယတန ၁. အပ္ပမာဏာနိ ဟု ပါသော အဘိဘာယတန ၁, အပ္ပမာဏာနိသုဝဏ္ဏဒုဗ္ဗဏ္ဏာနိ ဟုပါသော အဘိ ဘာယတန ၁, ဤ ၄ ပါးတည်း။
ပဉ္စမအဘိဘာယတန စသည်
။ ။ ရှေ့၌ အဘိဘာယတန ၄ ပါးကို ပြခဲ့ပြီ၊ နီလာနိ စသည်ဖြင့် ဟောတော်မူအပ်သော နီလအဘိဘာယတနဈာန်ကို ပဉ္စမအဘိဘာယတနဟု ခေါ်ထား၏၊ ထို့အတူ ပီတအဘိဘာယတနဈာန်ကို ဆဋ္ဌ, လောဟိတအဘိဘာယတနဈာန်ကို သတ္တမ, သြဒါတအဘိဘာယတနဈာန်ကို အဋ္ဌမဟု သိပါ။