ပဉ္စကနည်း
။ ။ ဤနည်း၌ ပဌမဈာန်သည် စတုက္ကနည်းပဌမဈာန်နှင့် အားလုံးတူ၏၊ ဒုတိယဈာန်၌ “အဝိတက္ကအဝိစာရံ”နေရာဝယ် “အဝိတက္ကံ ဝိစာရမတ္တံ”ဟု ထူးခြား၏
[“အဝိတက္ကံ၊ ဝိတက်မရှိသော၊
ဝိစာရမတ္တံ၊ ဝိစာရ မျှသာရှိသော”ဟု အနက်ပေးပါ၊]
ဤ၌ တတိယဈာန်သည် စတုက္ကနည်းဝယ် ဒုတိယဈာန်နှင့် အားလုံးတူ၏။ ဤ၌ စတုတ္ထဈာန်သည် စတုက္ကနည်းလာ တတိယဈာန်နှင့်တူ၏၊ ဤ၌ ပဉ္စမဈာန်သည် စတုက္ကနည်းလာ စတုတ္ထဈာန် နှင့် အားလုံးတူပြီး ….
ပဉ္စကနယော၊ ပဉ္စကနည်းသည်၊
နိဋ္ဌိတော၊ ပြီ။