Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
元亨寺·CBETA
中文
莊春江讀經站
繁体中文
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

4. Pavāraṇākkhandhako

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

(ယေန သမယေန ဘဂဝတာ ပဝါရဏာ အပညတ္တာ၊ ဟောတိ၊ အနိယမ ထည့်ပါ။) တေန၊ ပေ။ အာရာမေ၊
တေန ခေါ ပန သမယေန၊ ၌။ သမ္ဗဟုလာ၊ သုတ္တန်နည်းလာ များစွာကုန်သော။ သန္ဒိဋ္ဌာ၊ ထိုဤအရပ် ပေါင်းစုံလတ်၍ မြင်အပ်ဖူးကုန်သော။ သမ္ဘတ္တာ၊ အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂတို့ဖြင့် ကောင်းစွာ ဆည်းကပ်ဖော် ဆည်းကပ်ဖက်ဖြစ်ကုန်သော။ ဘိက္ခူ၊ ပေ။ ဝဿံ ဥပဂစ္ဆိံသု၊ (သန္ဒိဋ္ဌ, သမ္ဘတ္တပုဒ်တို့၏ အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ၊ ဒုတိယပါရာဇိက၌ ပြထားပြီ။) ပေ။
မယံ၊ ကေန ဥပါယေန၊ ဖြင့်။ သမဂ္ဂါ၊ ညီညွတ်ကုန်သည်။ အဝိဝဒမာနာ၊ ဆန့်ကျင်ဘက် မပြောဆိုကြကုန်သည်။ (ဟုတွာ။) ဖာသုကံ၊ ချမ်းသာစွာ။ ဝဿံ၊ မိုးလပတ်လုံး။ ဝသေယျာမ နု ခေါ၊ နေနိုင်ကုန်ရာပါအံ့နည်း၊? ပိဏ္ဍကေန၊ ဆွမ်းဖြင့်လည်း။ န ကိလမေယျာမ နု ခေါ၊ မပင်ပန်းကုန်ရာပါအံ့နည်း။ ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။
အထခေါ၊ ပေ။ အဟောသိ၊ ဖြစ်ပြန်ပြီ။ (ကိံ။)

မယံ၊ အညမညံ၊ အချင်းချင်း။ သစေ နေဝ အာလာပေယျာမ၊ အကယ်၍ စပြီး စကားမပြောကုန်အံ့။ (အကယ်၍ ရှေးဦးစွာ စကားမပြောကုန်အံ့။) (သစေ) န သလ္လပေယျာမ၊ အကယ်၍ပြန်လှန်ပြီး စကားမပြောကုန်အံ့။ (အတုံ့ပြန်၍ စကားမပြောကုန်အံ့။) (ဤသို့ စကားမပြောဘဲ နေနိုင်ရန် ကျင့်ရမည့်ဝတ်များကို "ယော ပဌမံ" စသည်ဖြင့် ကြံစည်ကြပြန်သည်။) ယော၊ အကြင်ရဟန်းသည်။ ပဌမံ၊ စွာ။ ဂါမတော၊ မှ။ ပိဏ္ဍာယ၊ ငှာ။ (စရိတွာ၊ လှည့်လည်ပြီး၍။) ပဋိက္ကမေယျ၊ ပြန်လာရာ၏။ (ပါဠိယံ "ပိဏ္ဍာယ ပဋိက္ကမေယျာ" တိ ပိဏ္ဍာယ စရိတွာ ပဋိက္ကမေယျ၊ ဝိမတိ။) သော၊ သည်။ ပဌမံ အာသနံ၊ ပညပေယျ၊ ရာ၏။ ပေ။ ဥပနိက္ခိပေယျ၊ ရာ၏။ (မဟာခန္ဓကပုဒ်၌ ၆၆-၌ အနက်ပေးခဲ့ပြီ။)

အဝက္ကာရပါတိံ၊ ဆွမ်းပို (ဆွမ်းကျန်) ထည့်စရာခွက်ကို။ ဓောဝိတွာ၊ ဆေး၍။ ဥပဋ္ဌပေယျ၊ တည်စေရာ၏။ (ထားရာ၏။) (အဝက္ကာရပါတိ၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။ ရှေးနိဿယ၌ "ဆွမ်းဦးထည့်စရာခွက်ဟု ပေး၏) ။ ပေ။ ဘုတ္တာဝသေသော၊ စားအပ်ပြီးမှ အကြွင်းသည်။ သ စဿ (သစေ+အဿ)၊ အကယ်၍ ရှိငြားအံ့။ (ဧဝံ သတိ ဘုဉ္စိတုံ။) သစေ အာကင်္ခေယျ၊ အံ့။ (ဧဝံ သတိ။) ဘုဉ္ဇေယျ၊ နော စေ အာကင်္ခေယျ၊ အပ္ပဟရိတေ ဝါ၊ စိမ်းစိုသော မြက်သစ်ပင်မရှိရာ အရပ်၌သော်လည်း။ ဆ‌‌ဍ္ဍေယျ၊ စွန့်ပစ်ရာ၏။ အပ္ပာဏ‌ကေ၊ ပိုးကောင်မရှိသော။ ဥဒကေ ဝါ၊ ၌သော်လည်း။ ဩပိလာပေယျ၊ နစ်မြုပ်စေရာ၏။ (သွန်းလောင်းစေရာ၏။) (ဩပိလာပေယျာတိ နိမုဇ္ဇာပေယျ၊ ဋီကာ။) သော၊ (နောက်မှ ဆွမ်းခံပြန်လာသော) ထိုရဟန်းသည်။ အာသနံ၊ ကို။ ဥဒ္ဓရေယျ၊ ရုပ်သိမ်းရာ၏။ ပေ။ ပဋိသာပေယျ၊ သိမ်းဆည်းရာ၏။ ပေ။ ဘတ္တဂ္ဂံ၊ ဆွမ်းစားကျောင်းကို။ သမ္မဇ္ဇေယျ၊ ရာ၏။

ယော၊ ရိတ္တံ၊ ရေမှ ကင်းဆိတ်သော။ တုစ္ဆံ၊ ရေမှ အချီးနှီးသော။ (ရေမရှိသော။) ပါနီယဃဋံ ဝါ၊ သောက်ရေအိုးကိုသော်လည်းကောင်း။ ပရိဘောဇနီယဃဋံ ဝါ၊ သုံးရေအိုးကိုသော်လည်းကောင်း။ ဝစ္စဃဋံ ဝါ၊ သန့်သက်ရေအိုးကိုသော်လည်းကောင်း။ (ကုဋိ၌ သုံးစွဲအပ်သော အိုးတည်း။) ပဿေယျ၊ မြင်အံ့။ သော၊ ဥပဋ္ဌာပေယျ၊ တည်စေရာ၏။ (တည်ထားရာ၏။) အဿ၊ ထိုရဟန်းသည်။ အဝိသယှံ၊ ချီးမြှောက်ခြင်းငှာ မစွမ်းနိုင်သော အိုးသည်။ အဿ၊ ထိုရဟန်းသည်။ အဝိသယှံ၊ ချီးမြှောက်ခြင်းငှာ မစွမ်းနိုင်သော အိုးသည်။ သစေ ဟောတိ (ဧဝံ သတိ။) ဟတ္ထဝိကာရေန၊ လက်၏ ထူးခြားသောအမူအရာဖြင့်။ (လက်ယက်သဖြင့်။) ဒုတိယံ၊ နှစ်ပါးမြှောက်အဖော်ကို။ အာမန္တေတွာ၊ ခေါ်၍။ ဟတ္ထဝိလင်္ဃကေန၊ လက်တို့ဖြင့် မြှောက်ယူခြင်းဖြင့်။ တစ်နည်း- ဟတ္ထဝိလင်္ဃကေန၊ လက်ချင်းယှက်သဖြင့်။ ဥပဋ္ဌာပေယျ၊ (ဤပုဒ်တို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။) တပ္ပစ္စယာ၊ ထို မမနိုင်ခြင်းဟူသော အကြောင်းကြောင့်။ ဝါစံ၊ စကားကို။ န တွေဝ ဘိန္ဒေယျ၊ မမြွက်ဆိုရာသည်သာ။ ဧဝံ၊ ဤသို့ နေကုန်လသော်။ (စကားမပြောဘဲ ဤကျင့်ဝတ်များအတိုင်း နေကုန်လသော်။) မယံ၊ ပေ။ န ကိလမေယျာမ၊ ကုန်ရာ။ ဣတိ၊ ဤသို့ အကြံဖြစ်ပြန်ပြီ။

အထ ခေါ၊ ပေ။
ဘိန္ဒတိ၊
ဝဿံ၊ ပတ်လုံး။ ဝုဋ္ဌာနံ၊ နေပြီးကုန်သော။ ဘိက္ခူနံ၊ တို့၏။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ (ယံ) ဥပသင်္ကမိတုံ၊ အကြင် သွားခြင်းသည်။ (အတ္ထိ။)
ဧတံ၊ ဤ သွားခြင်းသည်။ ဝဿံ ဝုဋ္ဌာနံ၊ ဘိက္ခူနံ၊ တို့၏။ အာစိဏ္ဏံ ခေါ၊ လေ့ကျက်အပ်သော အကျင့်တည်း။ (ထုံးတမ်းစဉ်လာ ဓမ္မတာတည်း။) (ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ နှစ်ပုဒ်သည် ဥဘယာပေက္ခတည်း)။ ပေ။ တေမာသစ္စယေန၊ သုံးလလွန်ရာ အခါ၌။ သေနာသနံ၊ အိပ်ရာနေရာကို။ (ခုတင်၊ ထိုင်ခုံ စသည်ကို။) သံသာမေတွာ၊ သိုမှီးသိမ်းဆည်း၍။ ပေ။
ယေန၊ ၌။ သာဝတ္ထိ၊ သည်လည်းကောင်း။ ဇေတဝနံ၊ သော။ အနာထပိဏ္ဍိကဿ၊ ၏။ အာရာမော၊ သည်လည်းကောင်း။ (အတ္ထိ။) ယေန ဘဂဝါ (အတ္ထိ။) တေန၊ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်ဝယ် မြတ်စွာဘုရားရှိရာ ထိုအရပ်သို့။ ဥပသင်္ကမိံသု အာစိဏ္ဏံ ၊ပေ၊ ပညပေဿာမာတိ၊ (မဟာခန္ဓကပုဒ်စဉ် ၇၅- ၌ အနက်ပေးခဲ့ပြီ)။ ပေ။
**ယထာ ကထံ**၊ အဘယ်သို့လျှင်။ တုမှေ၊ တို့သည်။ ပေ။ ဝသိတ္ထ၊ နေခဲ့ကြကုန်သနည်း?။ ပေ။ န ကိလမိတ္တ၊ မပင်ပန်းခဲ့ကြကုန်သနည်း?။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
ဣဓ၊ ဤနှစ်၌။ ပေ။ ဥပဂစ္ဆိမှာ၊ ကပ်ခဲ့ပါကုန်ပြီ။
ဘန္တေ၊ တေသံ နော၊ ထို တပည့်တော်တို့၏။ ဧတံ၊ အဟောသိ၊ ပါပြီ။ ပေ။
ဧဝံ၊ လျှင်။ မယံ၊ ပေ။ န ကိလမိမှာ၊ ခဲ့ပါကုန်။ ဣတိ၊ ဤသို့ လျှောက်ကြကုန်ပြီ။ ပေ။
ဣမေ မောဃပုရိသာ၊ ဤ ဈာန်, မဂ်, ဖိုလ် မမှီး အချီးနှီးသော ယောကျ်ားတို့သည်။ အဖာသုကညေဝ (အဖာသုံ+ဧဝ)၊ မချမ်းသာစွာသာလျှင်။ (မချမ်းသာဘဲသာလျှင်။) ဝုဋ္ဌာ၊ နေခဲ့ရကုန်သည်။ (သမာနာ၊ ကုန်လျက်။) ဖာသုံ၊ စွာ။ ဝုဋ္ဌာ၊ ကုန်သည်။ အမှာ၊ ဖြစ်ပါကုန်၏။ ဣတိ၊ ဤသို့။ ပဋိဇာနန္တိကိရ၊ ဝန်ခံကြကုန်သတဲ့။ (ကိရသဒ္ဒါသည် "မနှစ်သက်ခြင်း" အနက်ကို ဟော၏။)
ဘိက္ခဝေ ဣမေ မောဃပုရိသာ၊ ပသုသံဝါသညေဝ၊ သားကောင်းတို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့် တူစွာသာလျှင်။ ဝုဋ္ဌာ (သမာနာ)၊ ပေ။ ပဋိဇာနန္တိကိရ၊ (ဤပုဒ်တို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ၊ နောက်၌ "ဇဠကသံဝါသညေဝ- သို့းတို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့်တူစွာသာလျှင် သပတ္တသံဝါသညေဝ- ရန်သူတို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့် တူစွာသာလျှင်" ဟု ဆိုပါ။)
ကထံ ဟိ၊ ကြောင့်။ ဣမေ မောဃပုရိသာ၊ တို့သည်။ မူဂဗ္ဗတံ၊ စကားမပြောနိုင်သူ လူအတို့၏ အကျင့်ဖြစ်သော။ တိတ္ထိယသမာဒါနံ၊ တိတ္ထိတို့သည်ဆောက်တည်အပ်သော အကျင့်ကို။ ဝတ္ထုမှတ်ချက်။ ။ ဤဝတ္ထု၌ စကားမပြောဘဲ နေရုံမျှကို "မူဂဗ္ဗတ- အကျင့်" ဟု မိန့်တော်မူလိုရင်း မဟုတ်ပါ၊ "လုံးဝ စကားမပြောကြစတမ်း" ဟု ကတိကဝတ်ပြု၍ နေခြင်းကိုသာ "မူဂဗ္ဗထ" ဟု မိန့်တော်မူလိုပါသည်။ သမာဒိဿန္တိ နာမ၊ ဆောက်တည်ကြရကုန်သနည်း?။ (ဆောက်တည်ကြပါလိမ့်။) ပေ။
န သမာဒိယိတဗ္ဗံ၊ မဆောက်တည်ထိုက်။ ပေ။
ဝဿံ ဝုဋ္ဌာနံ၊ ဘိက္ခူနံ၊ တို့အား။ တီဟိ၊ ကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဒိဋ္ဌေ န ဝါ၊ မြင်ခြင်းအားဖြင့်သော်လည်းကောင်း။ သုတေနန ဝါ၊ ကြားခြင်းအားဖြင့်သော်လည်းကောင်း။ ပရိသင်္ကာယ ဝါ၊ ယုံမှားခြင်းအားဖြင့် သော်လည်းကောင်း။ ပဝါရေတုံ၊ (အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို)အပ်နှံခြင်းငှာ။ ဝါ၊ အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို ဖိတ်မန်ခြင်းငှာ။ အနုဇာနာမိ၊
သာ၊ ထို ပဝါရဏာသည်။ ဝေါ၊ သင်တို့၏။ အညမညာနုလောမတာ၊ အချင်းချင်း ပြောဆိုဖို့ရာ လျော်သည်၏အဖြစ် သည်လည်းကောင်း။ အာပတ္တိဝုဋ္ဌာနတာ၊ အာပတ်မှ ထမြောက်ကြောင်း၏ အဖြစ်သည်လည်းကောင်း။ ဝိနယပုရေက္ခတာ၊ ဝိနည်းကို ရှေ့သွားပြုသည်၏ အဖြစ်သည်လည်းကောင်း။ ဘဝိဿတိ၊ ပေ။
အဇ္ဇ၊ ယနေ့။ ပဝါရဏာ၊ ပဝါရဏာနေ့ပါတည်း။ ပေ။
သံဃော၊ ပဝါရေယျ၊ ပဝါရဏာပြုရာပါ၏။ ဣတိ (ဉာပေတဗ္ဗော) ထေရေန၊ ပေ။
အာဝုသော၊ ငါ့ရှင်တို့။ သံဃံ၊ ကို။ ဒိဋ္ဌေန ဝါ၊ မြင်ခြင်းအားဖြင့်သော်လည်းကောင်း။ ပေ။ ပဝါရေမိ၊ (အပြစ်ရှိက ပြောဆိုဖို့ရန် အပ်နှံပါ၏။) ဝါ၊ အပြစ်ရှိက ပြောဆိုဖို့ရန် ဖိတ်မန်ပါ၏။(အဋ္ဌကထာ ကြည့်ပါ၊) အမှန်မှာ သီလ, သမာဓိ, ပညာ မတိုးပွား အကျိုးမရှိသောစကားကို ပြောဆိုခြင်းထက် မပြောဘဲ ဆိတ်ဆိတ်နေခြင်းကပင် အကျိုးရှိပါသည်၊ ထို့ကြောင့် နှစ်ပါး, သုံးပါး စုဝေးမိသောအခါ အကျိုးရှိသော စကားကို ပြောဖို့ရန် (သို့မဟုတ်) ဆိတ်ဆိတ်နေကြဖို့ရန် "သန္နိပတိတာနံ ဝေါ ဘိက္ခဝေ ဒွယံ ကရဏီယံ ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါ" ဟု သုတ္တန်ပါဠိတော်များ၌ မိန့်တော်မူပါသည်။
ထို့ပြင် ဤဝတ္ထု၌ "ယော ပဌမံ ဂါမတော" မှ စ၍ "န တွေဝ တပ္ပစ္စယာ ဝါစံ ဘိန္ဒေယျ" တိုင်အောင်သော ကျင့်ဝတ်များလည်း အပြစ်ရှိသော ကျင့်ဝတ်များမဟုတ်ပါ၊ ဧကန်ကျင့်ဝတ်များသာ ဖြစ်ပါသည်၊ ထို့ကြောင့်ပင် ဤကျင့်ဝတ်များကို ကောသမ္ဗကက္ခန္ဓက၌ အရှင်အနုရုဒ္ဓါ တို့ သီတင်းသုံးတော်မူရာ တောကျောင်းဝယ် ကျင့်သုံးတော်မူကြပုံကို တွေ့ရပါလိမ့်မည်။
အာယသ္မန္တော၊ အရှင်တို့သည်။ မံ၊ တပည့်တော်ကို။ အနုကမ္မံ၊ လျော်စွာ တုန်လှုပ်တတ်သော ကရုဏာကို။ ဝါ၊ ချီးမြှောက်မှုကို။ ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍။ (စွဲ၍။) ဝဒန္တု၊ အပြစ်ရှိက ပြောဆိုကြပါကုန်။
ပဿန္တော၊ အပြစ်ကိုမြင်လသော်။ ပဋိကရိဿာမိ၊ ကုစားပါမည်။
ဒုတိယမ္ပိ၊ ပေ။ ဣတိ၊ ဤသို့ ပြောဆိုထိုက်၏။ ပေ။
ဆဗ္ဗဂ္ဂိယာ၊ ဘိက္ခူ၊ တို့သည်။ ထေရေသု၊ ဘိက္ခူသု၊ တို့သည်။ ဥက္ကုဋိကံ၊ နိသိန္နေသု၊ ထိုင်ကုန်လျက်။ ပဝါရယမာနေသု၊ ပဝါရဏာ ပြုကုန်လသော် (ပြုကုန်စဉ်။) အာသနေသု၊ နေရာတို့၌။ အစ္ဆန္တိ၊ ထိုင်နေကြကုန်၏။ (ဆောင့်ကြောင့်မထိုင်ဘဲ နေကြသည်-ဟူလို)။ ပေ။
န အစ္ဆိတဗ္ဗံ၊ ထိုင် မနေရာ။ ပေ။
သဗ္ဗေဟေဝ၊ အလုံးစုံသော ရဟန်းတို့သည်ပင်။ ဥက္ကုဋိကံ၊ နိသိန္နေဟိ၊ ကုန်လျက်။ ပဝါရေတုံ၊ ပေ။
အညတရော ထေရော၊ ဇရာဒုဗ္ဗလော၊ ဇရာကြောင့် အားမရှိသည်။ (ဟုတွာ။) ယာဝ၊ ‌လောက်။ သဗ္ဗေ၊ အလုံးစုံသော ရဟန်းတို့သည်။ ပဝါရေန္တိ၊ ပဝါရဏာပြုကုန်၏။ ဣတိ၊ ဤသို့ ကြံ၍။ (တာဝ၊ ထို ရဟန်းအားလုံး ပဝါရဏာပြုပြီးရာ ကာလတိုင်အောင်။) ဥက္ကုဋိကံ၊ နိသိန္နော၊ လျက်။ အာဂမယမာနော၊ ဆိုင်းငံ့ရသော်။ မုစ္ဆိတော၊ လွန်စွာဖြစ်သောတွေ‌ဝေခြင်းရှိသည်။ **ဝဒန္တု မံ အာယသ္မန္တော**။ ။ ဖိတ်မန်တုန်းက **"သံဃံ ဘန္တေ ပဝါရေမိ"** ဟု သံဃာကို ဖိတ်မန်ခဲ့သော်လည်း အကြောင်းရှိ၍ ပြောဆိုဆုံးမသောအခါ သံဃာစည်း‌ဝေးပြီးမှ သံဃာက ဆုံးမရမည် မဟုတ်၊ ပုဂ္ဂိုလ်တစ်ပါးချင်း, နှစ်ပါးချင်းက ဆုံးမရသောကြောင့် **"ဝဒန္တု မံ အာယသ္မန္တော"** ဟု လျှောက်သည်၊ အချို့ကား တစ်ပါးမှာ **"သ္မာ"**၊ နှစ်ပါးမှာ **"န္တာ"**၊ သုံးပါးမှာ **"န္တော"**၊ လေးပါး **"ဃော"** ဟု စပ်ဆို၍ လေးပါးဖြစ်လျှင် **"ဝဒတု မံ သံဃော"** ဟု ဆိုရမည်ဟု ပြောကြသေး၏၊ ထိုစကားသည် ခုဒ္ဒသိက္ခာ ဂါထာနှင့် ပဝါရဏာဒါနာနုဇာနနကထာ- အဖွင့် ဤအဋ္ဌကထာ၌လာသော **"ဝဒတု တံ သံဃော"** ဟူသော စကားကို နည်းမှီထားဟန် တူ၏၊ ထိုနေရာတို့၌ **"ဝဒတု တံ သံဃော"** ဟု ရှိရခြင်းမှာ ပဝါရဏာဆောင်သောရဟန်းက ပဝါရဏာ ပေးလိုက်သော ရဟန်း၏ကိုယ်စား လျှောက်ထားသောအရာဖြစ်၍ **"ဝဒတု တံ သံဃော၊ သံဃာက ထို တိဿရဟန်းကို ပြောဆိုဆုံးမတော်မူပါ"** ဟု သံဃာကို သိမ်းကျုံး၍ လျှောက်ထားခြင်းသာတည်း၊ အခြားနေရာ၌ကား "ဝဒတုမံ သံဃော" ဟု မရှိပါ။ (မူးမိုက်သည်၊ ဟုတွာ။) ပပတိ၊ လဲကျပြီ။ ပေ။
ဘိက္ခဝေ၊ ယာဝ၊ လောက်။ ပဝါရေတိ၊ မိမိ ပဝါရဏာ ပြုနေသေး၏။ တဒမန္တရာ၊ ထို မိမိ ပဝါရဏာ ပြုပြီးသည်၏ အခြားမဲ့တိုင်အောင်။ ဥက္ကုဋိကံ၊ နိသီဒိတုံ၊ ငှာလည်းကောင်း။ ပဝါရေတွာ၊ ပဝါရဏာ ပြုပြီး၍ (မိမိ ပဝါရဏာပြုပြီး၍။) အာသနေ၊ နိသီဒိတုံ၊ ငှာလည်းကောင်း။ အနုဇာနာမိ၊ ဣတိ၊ ပြီ။တဒမန္တရာ ၊ပေ၊ ယာဝပဝါရေတိ။ ။ ("တဒမန္တရာ" ၏ အဖွင့်ကို အဋ္ဌကထာ ဘာသာဋီကာ၌ ပြထားပြီ။) "ယာဝ ပရေဝါတိ" ဝယ် "ပဝါရေတိ" ၏ ကတ္တားကို ဤအဋ္ဌကထာ ဋီကာတို့၌ အထူးထည့်၍ မပြကြ၊ မိမိမှတစ်ပါး အခြားဖြစ်သော ရဟန်း (မိမိနေရာ၏ အခြားမဲ့ဖြစ်သော ရဟန်း)ကို ("အညော" ဟု) ကတ္တားထည့်လျှင် **"ယာဝ ပဝါရေတိ- အကြင်မျှလောက် မိမိ၏ အခြားမဲ့ရဟန်းသည် ပဝါရဏာပြုနေသေး၏၊ တဒမန္တရာ- ထို မိမိ၏ အခြားမဲ့ဖြစ်သော ရဟန်း ပဝါရဏာပြုပြီးသည်၏ အခြားမဲ့တိုင်အောင် ဆောင့်ကြောင့်ထိုင်နေရမည်၊ ပဝါရေတွာ အာသနေ နိသီဒိတုံ- ထို အခြားမဲ့ရဟန်း ပဝါရဏာပြုပြီးမှ နေရာ၌ ထိုင်ရမည်" ဟု အဓိပ္ပာယ်ယူရပါမည်။
"သယံ" ဟု ကတ္တားထည့်ပုံ။ ။ ဤ ပါဠိတော်ကို မှီသော ခုဒ္ဒသိက္ခာ ၄၃၇- ဂါထာ၌လည်းကောင်း, ဝိနယဝိနိစ္ဆယ ပဝါရဏက္ခန္ဓကကထာ ၂၆၃၆- ဂါထာ၌လည်းကောင်း, "သယံ" ဟု ကတ္တားထည့်၏၊ ထိုအလို "ယာဝ ပဝါရေတိ- အကြင်မျှလောက် မိမိသည် ပဝါရဏာပြုနေ၏၊ တဒမန္တရာ ဥက္ကုဋိကံ နိသီဒိတုံ- ထိုမျှလောက် ထို မိမိ ပဝါရဏာပြုပြီးသည်၏ အခြားမဲ့တိုင်အောင် ဆောင့်ကြောင့်ထိုင်နေရမည်၊ ပဝါရေတွာ အာသနေ နိသီဒိတုံ- မိမိ ပဝါရဏာပြုပြီးဖြစ်လျှင် နေရာ၌ ထိုင်နိုင်သည်" ဟု အဓိပ္ပာယ် မှတ်ရပါမည်၊ (ဘာသာဋီကာ၌လည်း ဤ နောက်နည်းကို ရေးထားသည်။)