Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

多余衣论

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

  1. 多余衣论

အညေနေဝ၊ ကျောင်း၌ဝတ်အပ်သော တိစီဝရိတ်မှ အခြားသာလျှင်ဖြစ်သော။ တိစီဝရေန၊ ဖြင့်။ ဂါမံ ပဝိသန္တိ၊ အညေန (ဧဝ)၊ ရွာ၌ဝတ်အပ်သော တိစီဝရိတ်မှ အခြားသာလျှင်ဖြစ်သော။ တိစီဝရေန အာရာမေ၊ အစ္ဆန္တိ၊ နေကုန်၏။ အညေန (ဧဝ)၊ ကျောင်း၌ဝတ်အပ်သော တိစီဝရတ်, ရွာ၌ဝတ်အပ်သော တိစီဝရိတ်မှ အခြားသာလျှင်ဖြစ်သော။ တိစီဝရေန၊ နဟာနံ၊ ရေချိုးရာ အရပ်သို့။ (ရေချိုးဆိပ်သို့။) ဩတရန္တိ၊ သက်ရောက်ကြကုန်၏။ ပေ။
အတိရေကစီဝရံ၊ အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းမှ အပိုအလွန်ဖြစ်သော သင်္ကန်းကို။ ပေ။ (ဤသိက္ခာပုဒ် ပညတ်တော်မူချိန်၌ ဝိပ္ပနာကို ခွင့်ပြုတော်မမူအပ်သေးသောကြောင့် "အဓိဋ္ဌာန်တင်အပ်, ဝိကပ္ပနပြုအပ်သော သင်္ကန်းမှ အပိုအလွန်ဖြစ်သော သင်္ကန်း" ဟု မပေးရ၊ ဝိကပ္ပနာကို နောက်၌ ခွင့်ပြုတော်မူလိမ့်မည်၊ အဓိဋ္ဌာန်ကား ခွင့်ပြုတော်မူအပ်ပြီး ဖြစ်၏၊ ထို့ကြောင့် "န ဘိက္ခဝေ အတိရေကစီဝရံ၊ ပေ၊ ယထာ ဓမ္မော ကာရေတဗ္ဗော" ဟု မိန့်သည်။)
နဝမံ၊ ကိုးရက်မြောက်သော။ ဒိဝသံ ဝါ၊ နေ့၌သော်လည်းကောင်း။ ဒသမံ (ဒိဝသံ) ဝါ၊ ၌သော်လည်းကောင်း။ (အာဂစ္ဆိဿတိ၊ လာပါလိမ့်မည်။) ဣတိ၊ ဤသို့ လျှောက်ပြီ။ ပေ။
ဒသာဟပရမံ၊ ဆယ်ရက်အလွန်အပိုင်းအခြားရှိသော ကာလပတ်လုံး။ အတိရေကစီဝရံ၊ ဓာရေတုံ၊ ပေ။
အတိရေကစီဝရံ၊ အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းမှ အပိုအလွန်ဖြစ်သော သင်္ကန်းကို။ ဝိကပ္ပေတုံ၊ ဝိကပ္ပနာပြုခြင်းငှာ။ (ကိုယ့်ဟာအမှတ် ကင်းစင်လတ်အောင် ပြုခြင်းငှာ။) ဒသာဟပရမံ စသည်၌ မှတ်ချက်။ ။ "ဒသာဟပရမံ အတိရေကစိဝရံ ဓာရေတုံ" ဖြင့် အသစ်ရအပ်သော သင်္ကန်းကို အဓိဋ္ဌာန်မတင်ဘဲ ဆယ်ရက်အထိ ထားနိုင်၏ဟု ခွင့်ပြုတော်မူ၏၊ "အတိရေက စီဝရံ ဝိကပ္ပေတုံ" ဖြင့် အဓိဋ္ဌာန်တင်ရာ၌ တစ်ထည်စီကိုသာ တင်ရသောကြောင့် ကြွင်းသမျှ သင်္ကန်းများကို ဝိကပ္ပနာ ပြုထားဖို့ရန် ခွင့်ပြုတော်မူ၏၊ အဋ္ဌကထာတို့၌ကား ဝိကပ္ပနာ မပြုလိုလျှင် ပရိက္ခရစောဠ အဓိဋ္ဌာန်လည်း ပြုနိုင်၏ဟု မိန့်ကြသည်၊ အကျယ်ကို ပထမကထိနသိက္ခာပဒ အဋ္ဌကထာ၌ ကြည့်ပါ။
အန္တရဝါသကော၊ သည်။ ဆိဒ္ဒေါ၊ အပေါက် ရှိသည်။ (ပေါက်နေသည်။) ဟောတိ၊ ပေ။
အဂ္ဂဠံ၊ အဝတ်ပိုင်းကို။ (အဖာကို။) ယန္နူနအစ္ဆုပေယျံ၊ အကယ်၍ ငြိကပ်စေရပါမူကား ကောင်းလေစွ။ (ဖာရပါမူကား ကောင်းလေစွ။) (ဧဝံ၊ ဤသို့ဖြစ်လတ်သော်။) သမန္တတော၊ ၌။ ဒုပဋ္ဋံ၊ နှစ်ထပ်နှစ်လွှာရှိသည်လည်းကောင်း။ မဇ္ဈေ၊ ၌။ ဧကစ္စိယံ၊ တစ်ထပ်တစ်လွှာရှိသည်လည်းကောင်း။ ဘဝိဿတိ၊ ပေ။
အဟတာနံ၊ ထုရိုက်ဖွတ်လျှော်အပ်ပြီး မဟုတ်ကုန်သော။ ဝါ၊ အစာ မချေအပ်ကုန်သေးသော။ (အသစ်စက်စက် ဖြစ်ကုန်သော။) ဒုဿာနံ၊ အဝတ်တို့၏လည်းကောင်း။ အဟတကပ္ပာနံ၊ ထုရိုက်ဖွပ်လျှော်အပ်ပြီး မဟုတ်သော အဝတ်နှင့်တူသော။ (အစာ မချေအပ်သေးသော အဝတ်နှင့်တူသော)။ ဒုသာနံ၊ တို့၏လည်းကောင်း။ (တစ်ပတ်ရစ်အဝတ်မျိုးတည်း။) ဒိဂုဏံ၊ သံဃာဋိံ၊ ကိုလည်းကောင်း။ ပေ။ ဥတုဒ္ဓဋာနံ၊ ဥတုများစွာရှည်ကြာသောကာလ၌ ထုတ်ဆောင်အပ်ကုန်ပြီးသော။ ဒုဿာနံ၊ အဝတ်ဟောင်းတို့၏။ စတုဂ္ဂုဏံ၊ လေးထပ်ရှိသော။ သံဃာဋိံ၊ ကိုလည်းကောင်း။ ပေ။ ပံသုကူလေ၊ ပံ့သုကူအဝတ်၌။ ယာဝဒတ္ထံ၊ အလိုရှိတိုင်းသော အထပ်အလွှာကိုလည်းကောင်း။ အနုဇာနာမိ၊ ပါပဏိကေ၊ ဈေးဆိုင်မှကျရစ်သော အဝတ်၌။ ဥဿာဟော၊ (ရှာသောအားဖြင့်) အားထုတ်မှုကို။ ကရဏီယော၊
ဘိက္ခဝေ၊ အဂ္ဂဠံ၊ အဖာကိုလည်းကောင်း။ တုန္နံ၊ နှစ်လွှာထပ်၍ အပ်ဖြင့် ချုပ်ခြင်းကိုလည်းကောင်း။ ဩဝဋ္ဋိကံ၊ လုံး၍ ချုပ်ခြင်းကိုလည်းကောင်း။ ကဏ္ဍုသကံ၊ တရုတ်မြောင်း ချုပ်ခြင်းကိုလည်းကောင်း။ ဒဠှီကမ္မံ၊ ခိုင်မြဲအောင် ပြုခြင်းကိုလည်းကောင်း။ အနုဇာနာမိ၊ ("အဟတာနံ" စသော ပုဒ်တို့၏အဖွင့်ကိုဘာသာဋီကာ၌ ပြထားပြီ)။ ပေ။