ဥစ္စာသယနမဟာသယနနာနိ၊ မြင့်သောနေရာ, ကြီးကျယ်ခမ်းနား ဆန်းပြားသောနေရာတို့ကို။
ဓာရေန္တိ၊
သေယျထိဒံ၊ အဘယ်ဥစ္စာသယန, မဟာသယနတို့ကို။
(ဓာရေန္တိ၊ ကုန်သနည်း?။)
အာသန္ဒိံ၊ ဘုရားရှင်၏ လက်ရှစ်သစ် ပမာဏထက် လွန်သောအခြေရှိသော ညောင်စောင်း အင်းပျဉ် (ခုတင်ထိုင်ခုံ) ကိုလည်းကောင်း။
ပလ္လင်္ကံ၊ အခြေ၌ ခြင်္သေ့, သစ်, ကျားစသော သားရဲရုပ်ရှိသော ပလ္လင်ကိုလည်းကောင်း။
ဂေါနကံ၊ လက်လေးသစ်ထက် ရှည်သောအမွေးရှိသော သားမွေးကော်ဇောနက်ကြီးကိုလည်းကောင်း။
စိတ္တကံ၊ ဆန်းကြယ်စွာ ရက်အပ်သော သားမွေးအခင်းကိုလည်းကောင်း။
ပဋိကံ၊ အဖြူသက်သက်ရက်အပ်သော သားမွေးအခင်းကိုလည်းကောင်း။
ပဋလိကံ၊ တစ်ခဲနက်ပန်းပြောက်ရှိသော သားမွေး အခင်းကိုလည်းကောင်း။
တူလိကံ၊ သစ်, နွယ်, မြက်ဟုသုံးခုသော လဲရှိသော အခင်းကိုလည်းကောင်း။
ဝိကဋိကံ၊ ခြင်္သေ့, သစ်, ကျားစသော သားရဲရုပ်တို့ဖြင့် ဆန်းကြယ်စွာပြုအပ်သော သားမွေးအခင်းကိုလည်းကောင်း။
ဥဒ္ဒလောမိံ၊ တစ်ဖက်၌ ပေါ်ထွက်သောအမွေးရှိသော တစ်ဖက်ချောသားမွေးအခင်းကိုလည်းကောင်း။
ဧကန္တလောမိံ၊ နှစ်ဖက်၌ ပေါ်ထွက်သောအမွေးရှိသော နှစ်ဖက်ချော သားမွေးအခင်းကိုလည်းကောင်း။
(ဤကား ဤမဟာဝဂ္ဂအဋ္ဌကထာအလိုတည်း၊ သီလက္ခန္ဓ, ဗြဟ္မဇာလသုတ္တဋ္ဌကထာ၌ကား ပြောင်းပြန်ဖွင့်၏။)
ကဋ္ဋိဿံ၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်အပ်သော ပိုးချည်အကြမ်းခင်းကိုလည်းကောင်း။
ဝါ၊ ပိုးချည်တိုင်လျောက် ရွှေချည်ဖောက်၍ ရက်အပ်သော အခင်းကိုလည်းကောင်း။
ကောသေယျံ၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်အပ်သော ပိုးချည်ချော အခင်းကိုလည်းကောင်း။
ဝါ၊ ပိုးချည်တိုင်လျောက်ပိုးချည်ဖောက်၍ ရက်အပ်သော အခင်းကိုလည်းကောင်း။
ကုတ္တကံ၊ တစ်ကျိပ်ခြောက်ယောက် ကပြလောက်သော သားမွေးအခင်းကိုလည်းကောင်း။
ဟတ္ထတ္ထရဏံ၊ ဆင့်ကျောက်ကုန်း၌ ခင်းထိုက်သော သားမွေးအခင်းကို လည်းကောင်း။
အဿတ္ထရဏံ၊ ကိုလည်းကောင်း။
ရထတ္ထဏံ၊ ရထားပေါ်၌ ခင်းထိုက်သော သားမွေးအခင်းကိုလည်းကောင်း။
အဇိနပ္ပဝေဏိံ၊ ညောင်စောင်း(ခုတင်) ပမာဏရှိအောင် အထပ်ထပ်ချုပ်အပ်သော သစ်နက်ရေအခင်းကိုလည်းကောင်း။
ကဒလိမိဂပဝရပစ္စတ္ထဏံ၊ ဝံပိုင်မည်သော သားကောင်၏အရေဖြင့် ပြုအပ်သော မြတ်သော အပေါ်လွှမ်း အခင်းကိုလည်းကောင်း။
သဥတ္တရစ္ဆဒံ၊ အထက်၌ဗိတာန်နီနှင့်တကွဖြစ်သော အခင်းကိုလည်းကောင်း။
ဥဘတောလောဟိတကူပဓာနံ၊ ခြေရင်း, ခေါင်းရင်းနှစ်ဖက်ဝယ် နီသောအုံးကိုလည်းကောင်း။
(ဓာရေန္တိ။)
(ရှေးနိဿယ၌ "သဥတ္တရစ္ဆဒံ- အထက်ဗိတာန်နီနှင့်တကွ၊ ဥဘတောလောဟိတကူပဓာနံ- ခြေရင်း, ခေါင်းရင်းနှစ်ဖက်၌ နီသောအုံးရှိသော အိပ်ရာနေရာကိုလည်းကောင်း၊" ဟု ပေး၏။
ထိုသို့ မပေးသင့်ကြောင်းကို သီလက္ခန်ဘာသာဋီကာ ပထမအုပ်, မဇ္ဈိမသီလ၌ ပြထားပြီ။)
မနုဿာ၊ တို့သည်။
ဝိဟာရစာရိကံ၊ ကျောင်းတိုက်ဝယ် လှည့်လည်ခြင်းကို။
အာဟိဏ္ဍန္တာ၊ လှည့်လည်ကုန်လသော်။
ပဿိတွာ၊ ၍။
ဥဇ္ဈာယန္တိ (ကိံ။)
ကာမဘောဂိနော၊ ကာမဂုဏ်ကို ခံစားလေ့ရှိကုန်သော။
ဂိဟီ သေယျထာပိ၊ လူတို့ကဲ့သို့ပါတကား။
ပေ။
(သိက္ခာပုဒ်၌
"သေယျထိဒံ၊ ထို ဥစ္စာသယန, မဟာသယနဟူသည် အဘယ်နည်း?။
အာသန္ဒီ၊ လည်းကောင်း။
ပလ္လင်္ကော၊ လည်းကောင်း။
ပေ။
ဥဘတောလောဟိတကူပဓာနံ၊ လည်းကောင်းတည်း"** ဟု ပေးပါ။