အထ၊
ပေ။
ယေန၊
အာပဏံ၊ အာပဏမည်သော နိဂုံးသည်။
(အတ္ထိ။)
(အာပဏအမည်ရပုံကို ဋီကာ၌ ကြည့်ပါ၊ မြတ်စွာဘုရားသည် ထို နိဂုံး၏အနီး မြစ်ကမ်း၌ တောအုပ်ကြီးဝယ် သီတင်းသုံးတော်မူသတတ်)။
ပေ။
ကေဏိယော၊ ကေဏိယမည်သော။
ဇဋိလော၊ သည်။
ပေ။
သမဏဿ ဂေါတမဿ၊ ၏ (အတွက်။)
ကိံ၊ အဘယ်ကို။
ဟရာပေယျံ နု ခေါ၊ ဆောင်ယူစေရပါအံ့နည်း?။
ပေ။
ဗြာဟ္မဏာနံ၊ ဗြာဟ္မဏတို့၏။
ပုဗ္ဗကာ၊ ရှေး၌ဖြစ်ကုန်သော။
ယေ တေ ဣသယော၊ အကြင် ရသေးတို့သည်။
("ယေပိ" ၌ ပိသဒ္ဒါကို နိယမဝါကျရောက်မှ အနက်ပေးမည်။)
မန္တာနံ၊ ဝေဒကျမ်းဂန် မန္တန်တို့ကို။
ကတ္တာရော၊ ပြုစီရင်တတ်ကုန်၏။
မန္တာနံ၊ တို့ကို။
ပဝတ္တာရော၊ ဖြစ်စေတတ်ကုန်၏။
(ပဝတ္တာရောတိ ပဝတ္တယိတာရော။
ဋီကာ။)
ယေသံ၊ ယင်းရသေ့တို့၏။
(သန္တကံ၊ ဥစ္စာဖြစ်သော။)
ဣဒံ မန္တပဒံ၌ စပ်။)
တစ်နည်း- ယေသံ၊ တို့သည်။
(ဂီတံ စသည်၌စပ်။)
ပေါရာဏံ၊ ရှေး၌ဖြစ်သော။
ဂီတံ၊ သီဆိုအပ်သော။
(အသံအနိမ့်အမြင့် ပြည့်စုံအောင် ဂီတ ရွတ်သလို သီဆိုအပ်သော။)
ပ ဝုတ္တံ၊ အခြားသူတို့အား ရွတ်ပြအပ်သော။
(ပို့ချအပ်သော။)
သမိဟိတံ၊ ပေါင်းစုအပ်သော။
(သင်္ဂါယနာတင်သကဲ့သို့ စုပေါင်းထားအပ်သော။)
ဣဒံ မန္တပဒံ၊ ဤ မန္တန်ပုဒ်သည်။
(အတ္ထိ။)
("မန္တ ပဒန္တိ မန္တ သဒ္ဒေ ဗဟိ ကတွာ ရဟော ဘာသိတဗ္ဗဋ္ဌေန မန္တာ ဧဝ တံ တံ အတ္ထပဋိပတ္တိဟေတုတာယ ပဒန္တိ ပန္တ ပဒံ" ဟု ဋီကာ၌ ပဌမန္တဖြင့် ဖွင့်သောကြောင့် "အတ္ထိ" ဟု ထည့်လိုက်ပါသည်၊ သီလက္ခန် အမ္ဗဋ္ဌသုတ္တဋ္ဌကထာ၌ကား ဒုတိယန္တနှင့် ဖွင့်ထားသည်။)
ဧတရဟိ၊ ယခု အခါ၌။
(ယခု လက်ထက်၌။)
ဗြာဟ္မဏာ၊ ဗြာဟ္မဏ တို့သည်။
တံ၊ ထို ရှေးရသေ့တို့ ပြောပြအပ်သော မန္တန်ပုဒ်ကို။
အနုဘာသန္တိ၊ အတုလိုက်၍ ပြောကြကုန်၏။
ဘသိတံ၊ ရှေးရသေ့တို့ ရွတ်ဆိုအပ်သော မန္တန်ပုဒ်ကို။
အနုဘာသန္တိ၊ အတုလိုက်၍ ရွတ်ဆိုကြကုန်၏။
ဝါစိတံ၊ ရှေးရသေ့တို့ ပို့ချအပ်သော မန္တန်ပုဒ်ကို။
အနုဝါစေန္တိ၊ အတုလိုက်၍ ပို့ချကုန်၏။
သေယျထိဒံ၊ ထို ရသေ့တို့ဟူသည် အဘယ်နည်း?။
အဋ္ဌကော၊ အဋ္ဌကရသေ့လည်းကောင်း။
ပေ။
ဘဂု၊ ဘဂုရသေ့လည်းကောင်းတည်း။
ရတ္တူပရတာ၊ ညဉ့်အခါ၌စားခြင်းမှ ရှောင်ကြဉ်ကုန်၏။
(ရတ္တိ ဘောဇနံ ရတ္ထိ၊ တတော+ဥပရတာတိ ရတ္တူပရတာ၊ ဋီကာ။)
ဝိကာလဘေဇနာ၊ မှ။
ဝိရတာ၊ ရှောင်ကြဉ်ကုန်၏။
တေပိ၊ ရသေ့တို့သည်လည်း။
(ယေပိ၊ မှ ပိကို ယူသည်။)
ဧဝရူပါနိ၊
ပါနာနိ၊ သောက်ဖွယ် ဖျော်ရည်တို့ကို။
သာဒိယိံသု၊ သာယာကြကုန်ပြီ။
ပေ။
သာဒိယိတုံ အရဟတိ၊ ထိုက်၏။
ဣတိ၊ ဤသို့ ကြံ၍။
ပဟူတံ၊ များစွာသော။
ပါနံ ပဋိယာဒါပေတွာ၊
ကာဇေဟိ၊ ထမ်းပိုးတို့ဖြင့်။
ဂါဟာပေတွာ၊ ယူစေပြီး၍။
(ဖျော်ရည်အိုးပေါင်းတစ်ထောင်ကို ထမ်းပိုးငါးရာဖြင့် ထမ်းယူစေပြီး၍)။
ပေ။
ဘဂဝန္တံ၊ ကို။
ဓောတဟတ္ထံ၊ ဆေးအပ်ပြီးသော လက်တော်ရှိသည်ဖြစ်၍။
ဩနီတပတ္တပါဏိံ၊ သပိတ်တော်မှ ဖဲအပ်ပြီးသော (ဖယ်အပ်ပြီးသော) လက်တော်ရှိသည်။
(ဉတွာ)၊ ပေ၊ (နောက်ဝါကျတို့ အနက်လွယ်ပြီ။)
အဋ္ဌ၊ ရှစ်မျိုးသော။
ပါနာနိ၊ တို့ကို။
အမ္ဗပါနံ၊ သရက်သီးဖြင့် ပြုအပ်သော ဖျော်ရည်ကိုလည်းကောင်း။
(သရက်သီး ဖျော်ရည်ကိုလည်းကောင်း။)
(ဇမ္ဗူ၊ သပြေသီး။
စောစ၊ အစေ့ပါသော ငှက်ပျောသီး။
(တောငှက်ပျောသီး။)
မောစ၊ အစေ့ မပါသော ငှက်ပျောသီး။
(အိမ်ငှက်ပျောသီး။)
မဓူက၊ သစ်မည်စည်သီး။
(မယ်ဇယ်သီး။)
မုဒ္ဒိက၊ မုဒရက် (စပျစ်) သီး။
သာလူက၊ ကြာစွယ်။)
ဖာလုသကပါနံ၊ ဖက်သက်သီးဖြင့် ပြုအပ်သော ဖျော်ရည်ကိုလည်းကောင်း။
အနုဇာနာမိ၊
ဘိက္ခဝေ၊
ဓညဖလရသံ၊ စပါးသီး၏အရည်ကို။
(ထမင်းရည်, သို့မဟုတ် ဆန်ဆေးရည်ကို။)
ထပေတွာ၊ ချန်ထား၍။
သဗ္ဗံ၊
ဖလရသံ၊ သစ်သီး၏ အရည်ကို။
ပေ။
ဍာကရသံ၊ ဟင်းရွက်၏ အရည်ကို။
(ဟင်းချက်စားသောက်သော အရွက်တို့၏ အရည်ကို။)
ထပေတွာ သဗ္ဗွံ၊
ပတ္တရသံ၊ အရွက်၏အရည်ကို။
ပေ။
မဓူကပုပ္ဖရသံ၊ သစ်မည်စည်အဖွင့်အရည်ကို။
ပေ။
ဥစ္ဆုရသံ၊ ကြံရည်ကို။
ပေ။
(နောက်၌ "သကေ- မိမိဥစ္စာဖြစ်သော၊ အဿာမေ- သင်္ခမ်းကျောင်း၌" ဟု ပေးပါ)။
ပေ။
ဥစ္ဆုရသံ။ ။ ဤ ဥစ္ဆုရသသည် အဖတ်ပါလျှင် ယာဝကာလိက ဖြစ်၏၊ အဖတ်မပါလျှင် သတ္ထာဟကာလိကပင် ဖြစ်၏၊ သို့သော် ညနေသောက်ကောင်းသော အနေအားဖြင့် အရည်ချင်း (ရသချင်းတူသောကြောင့် ယာမကာလိကသောက်ဖွယ်၌ ရော၍ ဟောတော်မူထားသည်၊ ဝိမတိ) ကြံရည်သည် သတ္တာဟကာလိက ဖြစ်သော်လည်း "အဂိလာနဿ ဂုဠောဒကံ" ဟူ သော သီးခြား ခွင့်ပြုတော်မူအပ်သော စကားတော်ကြောင့် ဆာရုံမျှဖြင့် ညနေအခါ၌ သောက်ကောင်းပါသည်။
ယညာ၊ ယဇ်တို့သည်။
အဂ္ဂိဟုတ္တမုခါ၊ မီးပူဇော်ခြင်းဟူသော ပဓာနရှိကုန်၏။
(ရှေ့သွားရှိကုန်၏။)
သာဝိတ္တီ၊ သာဝတ္တီဂါထာသည်။
ဆန္ဒသော၊ ဆန်းကျမ်း၏။
(ဝေဒနာကျမ်း၏။)
မုခံ၊ အစတည်း။
(ပဓာနကား မဟုတ်၊ ရှေးဦးစွာ ရွတ်ထိုက်သော ဂါထာသာဖြစ်သည်။)
ရာဇာ၊ သည်။
မနုဿာနံ၊ တို့၏။
မုခံ၊ ပဓာနတည်း။
(ရှေ့သွားတည်း။)
သာဂရော၊ သမုဒ္ဒရာသည်။
နဒီနံ၊ မြစ်တို့၏။
မုခံ၊ ပဓာနတည်း။
စန္ဒော၊ လမင်းသည်။
နက္ခတ္တာနံ၊ နက္ခတ်တာရာတို့၏။
မုခံ၊ ပဓာနတည်း။
အာဒိစ္စော၊ နေမင်းသည်။
တပတံ၊ အရောင်တောက်ပသော အရာဝတ္ထုတို့၏။
မုခံ၊ ပဓာနတည်း။
သံဃော၊ အရိယာသံဃာတော်သည်။
ဝေ၊ စင်စစ်။
ပုညံ၊ ကောင်းမှုကို။
အာကင်္ခမာနာနံ၊ အလိုရှိကုန်သည်ဖြစ်၍။
ယဇတံ၊ ပေးလှူပူဇော်ကြသူတို့၏။
မုခံ၊ ပဓာနတည်း။
(ပါဠိယံ အဂ္ဂိဟုတ္တမုခါတိ အဂ္ဂိဇုဟနပုဗ္ဗကာ- သာဝိတ္တီ မုခံ, ပဌမံ သဇ္ဈာယိတဗ္ဗာတိ အတ္ထော၊ တပတန္တိ ဝိဇော တန္တာနံ၊ ဝိမတိ၊ သာရတ္ထ၌ကား ကျယ်ဝန်းစွာ ဖွင့်ထား၏)။
ပေ။