Issues
Select Version
元亨寺·CBETA
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

178. Sīhasenāpativatthu

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အဘိညာတာ အဘိညာတာ၊ အလွန်အသိအမှတ် ပြုအပ်, အလွန်အသိအမှတ် ပြုအပ်ကုန်သော။ (အလွန်ထင်ရှားကုန်, အလွန်ထင်ရှားကုန်သော။) လိစ္ဆဝီ၊ တို့သည်။ သန္တာဂါရေ၊ မင်းကွန်းစံနန်း၌။ (လွှတ်တော်ရုံး၌။) သန္နိသိန္နာ၊ အတူတကွ ထိုင်နေကြကုန်သည်။ သန္နိပတိပတာ၊ အတူတကွ ကျရောက်ကြကုန်သည်။ (စည်းဝေးကြကုန်သည်။ သမာနာ၊ ကုန်လျက်။) အရနေကပရိယာယေန၊ တစ်ပါးမက များစွာသောအကြောင်းဖြင့်။ ဗုဒ္ဓဿ၊ ၏။ ဝဏ္ဏံ၊ ဂုဏ်ကို။ ဘာသန္တိ၊ ပြောကြကုန်၏။ ပေ။
သီဟော၊ သီဟမည်သော။ နိဂဏ္ဌသာဝကော၊ နိဂဏ္ဌ၏ တပည့်ဖြစ်သော။ သေနာပတိ၊ စစ်သူကြီးသည်။ တဿံ ပရိသာယံ၊ ၌။ နိသိန္နော ဟောတိ၊ ပေ။
နိဿံသယံ၊ သံသယမဲ့။ (စင်စစ်ဧကန်။) သော ဘဂဝါ၊ သည်။ အရဟံ၊ ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူပြီးသည်။ (ရဟန္တာသည်။) သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓသည်။ ဘဝိဿတိ၊ ဖြစ်တော်မူလိမ့်မည်။ တထာဟိ (တထာ ဧဝ)၊ ထို့ကြောင့်ပင်။ ဘာသန္တိ၊ အဟံ၊ သည်။ အရဟန္တံ၊ သော။ ပေ။
တံ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ငှာ။ ယန္နူန ဥပသင်္ကမေယျံ၊ အကယ်၍သွားရပါမူကောင်းလေစွ။ ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။ ပေ။
ယေန၊ နာဋပုတ္တော၊ နာဋ၏သားဖြစ်သော။ နိဂဏ္ဌော (အတ္ထိ)၊ ပေ။
ဘန္တေ သမဏံ ဂေါတမံ၊ ဒဿနာယ၊ ငှာ။ ဥပသင်္ကမိတုံ၊ ချဉ်းကပ်ခြင်းငှာ။ ဣစ္ဆာမိ၊ ဣတိ (အဝေါစ။)
သီဟ၊ ကိံ ပန၊ အဘယ်ကြောင့်။ တွံ၊ သည်။ ကိရိယဝါဒေါ၊ ကုသိုလ် အကုသိုလ်ကို ပြုထိုက်၏ဟု ပြောဆိုကြောင်း အယူရှိသည်။ (ကုသိုလ် အကုသိုလ်ကို ပြုလျှင် ပြုအပ်ရာ မရောက်ဟု ပြောဆိုကြောင်းအယူရှိသော။) သမဏံ ‌ဂေါတမံ၊ ကို။ ဒဿနာယ၊ ငှာ။ ဥပသင်္ကမိဿသိ၊ ချည်းကပ်မလို့နည်း?။ ဟိ၊ မှန်၏။
သီဟ၊ သီဟ။ သမဏော ဂေါတမော၊ သည်။ အကိရိယဝါဒေါ၊ ၏။ အကိရိယာယ၊ ကုသိုလ် အကုသိုလ်ကို မပြုခြင်းငှာ။ ဓမ္မံ၊ ဒေသေတိ၊ ဟော၏။ တေန စ၊ ထို အကိရိယဝါဒဖြင့်လည်း။ သာဝကေ၊ သာဝကတို့ကို။ ဝိနေတိ၊ ဆုံးမ၏။ ဣတိ၊ ဤသို့ ပြောပြီ။ ပေ။
ဒဿနာယ၊ ယော ဂမိကာဘိသင်္ခါရော၊ အကြင် ခရီးသွားမည့်သူ၏ ပြင်ဆင်မှုသည်။) အဟောသိ၊ သော၊ ထို ဂမိကာဘိသင်္ခါရသည်။ ပဋိဿမ္ဘိ၊ ငြိမ်းအေးပြီ။

(ဂမိဿတီတိ၊ ဂမိကော၊ ဂမိကဿ+အဘိသင်္ခါရော၊ ဂမိကာဘိသင်္ခါရော။ ဝိမတိ၌ **"ဂမနေ+ ဝါ‌ယာမော"** ဟု ဖွင့်၏၊ ထိုအလို **"ဂမနံ ဂမိကာ၊ ဂမု ဓာတ်+ဏျပစ္စည်း၊ ဣတ္ထိဇောတ အာ ပစ္စည်း၊ ဣ လာ၊ ယကို က ပြု၊ ဂမိကာယ + အဘိသင်္ခါရော၊ ဂမိကာဘိသင်္ခါရော"** ဟု ပြုပါ။) အကိရိယဝါ‌ဒေါ။ ။ ဤပုဒ်ကို အဋ္ဌကထာ, ဋီကာတို့၌ အထူးမဖွင့်ပါ၊ ဝေရဉ္ဇကဏ္ဍ၌ကား ဝေရဉ္ဇာဗြာဟ္မဏသည် "သမဏ ဂေါတမသည် အဘိဝါဒန စသော အမှုကို မပြုထိုက်ဟု အယူရှိသူ" ဟု ထင်၍ အကိရိယဝါဒဖြင့် မြတ်စွာဘုရားအား စွပ်စွဲပုံပါ၏၊ ဤနေရာ၌ ထို အနက်ကို ဆိုလိုမည် မထင်ပါ၊ နိဂဏ္ဌနာဋပုတ္တသည် (ထိုအချိန်က) တွင်ကျယ်လျက်ရှိသော "အကိရိယ-ကုသိုလ် အကုသိုလ်ကို မပြုထိုက်, ပြုသော်လည်း ပြုရာ‌မရောက်" ဟူသော ဝါဒဖြင့် မြတ်စွာဘုရားအား စွပ်စွဲလိုက်ဟန် တူပါသည်၊ ထို့ကြောင့် အကိရယဝါဒေါကို အနက်တစ်မျိုး ပေးလိုက်ပါသည်၊ ရှေးနိဿယ၌ကား "အကိရီယဝါဒေါ- ‌မပြုအပ်ဟု အယူရှိ၏" ဟု သာမညပင်ပေးထားပါသည်၊ ("အတ္ထိ သီဟ ပရိယာယော" စသည်၌ ပါသော အကိရိယဝါဒေါကား ဝေရဉ္ဇကဏ္ဍ အဋ္ဌကထာအတိုင်းပင်တည်း။)

(နှစ်ကြိမ်မြောက် အကြံဖြစ်ရာ၌လည်း တားမြစ်၏၊ သုံးကြိမ်မြောက် အကြံဖြစ်ရာ၌ကား-)

ဣ‌မေ နိကဏ္ဌာ၊ တို့သည်။ အပလောကိတာ ဝါ၊ ပန်ပြောအပ်သည်မူလည်း ‌ဖြစ်စေကုန်။ အနပလောကိတာ ဝါ၊ မပန်ပြောအပ်သည်မူလည်း ဖြစ်ပစေကုန်။ မေ၊ ၏ (အပေါ်၌။) ကိံ၊ အဘယ်ကို။ ကရိဿန္တိ၊ ပြုနိုင်ကြလိမ့်မည်နည်း?။ **တစ်နည်း** ကိံ ကရိဿန္တိ၊ ဘာတတ်နိုင်ကြလိမ့်မည်နည်း?။ အဟံ၊ နိဂဏ္ဌေ၊ တို့ကို။ အနပလောကေတွာဝ၊ မပန်ပြောပဲသာ။ ပေ။
ယန္နူန ဥပသင်္ကမေယျံ၊ ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။ ပေ။
ဒိဝသဿ၊ နေ့၏။ ဒိဝါ၊ နေ့အခါ၌။ (မွန်းလွဲပြီးခါစ အချိန်၌)။ ပေ။
အဝေါစ (ကိံ။)
ဘန္တေ၊ မြတ်စွာဘုရား။ မေ၊ သည်။ ဧတံ၊ ဤအကြောင်းကို။ သုတံ၊ ကြားအပ်ပါပြီ။ (ကြားဖူးပါပြီ။) (ကိံ)၊ သမဏောဂေါတမော၊ သည်။ အကိရိယဝါဒေါ၊ ၏။ ပေ။ ဝိနေတိ၊ ဣတိ၊ ဤသို့ ကြားအပ်ပါပြီ။
ဘန္တေ၊ ယေ ‌တေ၊ အကြင် သူတို့သည်။ အကိရိယဝါဒေါ၊ ပေ။ ဝိနေတီတိ၊ ဟူ၍။ ဧဝံ၊ သို့။ အာဟံသု၊ ပြောကြပါပြီ။
ဘန္တေ၊ ကစ္စိ၊ အဘယ်သို့ပါနည်း?။ တေ၊ ထိုသူတို့သည်။ ဘဂဝတော၊ ၏။ ဝုတ္တဝါဒိနော၊ မိန့်တော်မူအပ်သော စကားကို ပြောလေ့ရှိပါကုန်၏လော။ ဘဂဝန္တံ၊ ကို။ အဘူတေ၊ မဟုတ်မမှန်သော စကားဖြင့်။ န စ အဗ္ဘာစိက္ခန္တိ၊ လွှမ်းမိုး၍ မပြောပါကုန်၏လော။ (မစွပ်စွဲပါကုန်၏လော။) ဓမ္မဿ စ၊ မြတ်စွာဘုရား မိန့်တော်မူအပ်သော အကြောင်းအားလည်း။ အနုဓမ္မံ၊ လျော်သောအကြောင်းကို။ ဗျာကရောန္တိ၊ ပြောဆိုကြပါကုန်၏လော။ (ပြောကြပါကုန်၏လော။) ကောစိ၊ တစ်စုံတစ်ခုသော။ သဟဓမ္မိ ကော၊ အကြောင်းနှင့်တကွဖြစ်သော။ ဝါဒါနုဝါဒေါ၊ ရှေးဦးစွာ ပြောဆိုအပ်သောစကား, နောက်၌ ပြောဆိုအပ်သော စကားသည်။ ဂါရယှံ၊ ကဲ့ရဲ့ထိုက်သော။ ဌာနံ၊ အရာသို့။ န စ ဂစ္ဆတိ၊ မရောက်ဘဲ ရှိပါ၏လော။
ဟိ၊ မှန်ပါ၏။ ဘန္တေမယံ၊ ဘဂဝန္တံ၊ ကို။ အနဗ္ဘက္ခာတုကာမာ၊ လွှမ်းမိုး၍ ပြောဆိုခြင်းငှာ အလိုမရှိပါကုန်။ (မစွပ်စွဲလိုပါကုန်။) ဣတိ၊ ပြီ။
သီဟ၊ သီဟ။ ယေန ပရိယာယေန၊ အကြင် အကြောင်းဖြင့်။ မံ၊ ကို။ သမ္မာ၊ ကောင်းစွာ။ ဝဒမာနော၊ ပြောဆိုလသော်။ ဝါ၊ ပြောဆိုသူသည်။ ဝဒယျ၊ ပြောဆိုနိုင်ရာ၏။ (ကိံ၊ အဘယ်သို့ ပြောဆိုနိုင်သနည်း?။) သမဏော ဂေါတမော၊ သည်။ အကိရိယဝါဒေါ၊ အကိရိယဝါဒရှိ၏။ (မပြုထိုက်၏ဟု အယူရှိ၏။) အကိရိယာယ၊ အကိရိယအကျိုးငှာ။ (မပြုခြင်းငှာ။) ဓမ္မံ ဒေသေတိ၊ တေန စ၊ ထို အကိရိယဝါဒဖြင့်လည်း။ သာဝကေ၊ တို့ကို။ ဝိနေတိ၊ ဆုံးမ၏။ ဣတိ၊ ဤသို့ ပြောဆိုနိုင်ရာ၏။
သော ပရိယာယော၊ ထို အကြောင်းသည်။ အတ္ထိ၊ (နောက်ဝါကျတို့၌ ဤသို့ အပြည့်အစုံပေးပါ၊ ထူးရာ၌သာ ရေးပါမည်။) သမဏော ဂေါတမော၊ သည်။ ကိရိယဝါဒေါ၊ ပြုထိုက်၏ဟု အယူရှိ၏။ ကိရိယာယ၊ ပြုခြင်းငှာ။ ပေ။
ဥစ္ဆေဒဝါဒေါ၊ ဥစ္ဆေဒဝါဒရှိ၏။ (ဖြတ်တောက်ထိုက်၏ဟု အယူရှိ၏။) ဥစ္ဆေဒါယ၊ ဖြတ်တောက်ခြင်းငှာ။ ပေ။
ဇေဂုစ္ဆီ၊ စက်ဆုပ်ခြင်းအလေ့ ရှိ၏။ ဇေဂုစ္ဆိတာယ၊ စက်ဆုပ်ခြင်းအလေ့ ရှိသူ၏ အဖြစ်အကျိုးငှာ။ ပေ။
ဝေနယျိကော၊ ဝေနယျိကပုဂ္ဂိုလ်တည်း။ (ပယ်ဖျောက်ခြင်းငှာတရားဟောတော်မူတတ်၏။) ဝိနယာယ၊ ပယ်ဖျောက်ခြင်းငှာ။ ပေ။
တပဿီ၊ တပဿီပုဂ္ဂိုလ်တည်း။ တပဿိတာယ၊ တပဿီအဖြစ် အကျိုးငှာ။ ပေ။
အပဂဗ္ဘော၊ ပဋိသန္ဓေမှ ကင်းသူ၏အဖြစ်အကျိုးငှာ။ ပေ။
အဿတ္ထော၊ သက်သာ၏။ (သက်သာရာရ၏။) အဿာသာယ၊ သက်သာခြင်းငှာ။ (သက်သာရာရခြင်းငှာ)။ ပေ။ (အာ ရှေးရှိသော သသဓာတ်သည် အသက်ရှူနိုင်ခြင်း။ ဝါ၊ သက်သာခြင်း၌ ဖြစ်၏။ အဿတ္ထော၌ တ ပစ္စည်း၊ အဿာသာယ၌ အဿာသောဝယ် ဏ ပစ္စည်း) အမှာ။ ။ အတ္ထိ သီဟ ပရိယာယောတိအာဒီနံ အတ္ထော ဝေရဉ္စ ကဏ္ဍေအာဂတနယေနေဝ ဝေဒိတဗ္ဗော" ဟု ဋီကာမိန့်သောကြောင့် အကိရိယဝါဒေါစသော ပုဒ်တို့၏အနက်ကို ဝေရဉ္ဇကဏ္ဍအတိုင်း အနက်ပေးရပါမည်၊ သို့သော် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က ဘုရားရှင်အား တိုက်ရိုက် စွပ်စွဲပြောဆိုနေကြသည်၊ (သီဟစစ်သူကြီးက သူတစ်ဆင့် ကြားအပ်သောအကြောင်းကို လျှောက်နေသည်) မဟုတ်ပါ၊ မြတ်စွာဘုရားကိုယ်တော်တိုင်က သီဟစစ်သူကြီးအား မိမိကို အကိရိယဝါဒစသည်ရှိသူ ပြောလိုက ပြောနိုင်ပုံကို မိန့်တော်မူနေပါသည်၊ သို့ဖြစ်၍ ‌ဝေရဉ္ဇကဏ္ဍကထာဝယ် ပုဏ္ဏား၏ အလိုအတိုင်း ဖွင့်ပြအပ်သော အနက်ကိုသာ ပေးရပါမည်၊ ထို အနက်ကိုလည်း "ကတမော စ သီဟ ပရိယာယော" အကြောင်းပြ ဝါကျကျမှ အကျယ်ပေးပါမည်။
သီဟ..၊ ယေန ပရိယာယေန၊ ဖြင့်။ မံ၊ ကို။ အကိရိယဝါဒေါ၊ ပေ။ ဝိနေတီတိ၊ ဟူ၍။
သမ္မာ ဝဒမာနော ဝဒေယျ၊ သော ပရိယာယော၊ ထို အကြောင်းဟူသည်။ ကတမော စ၊ အဘယ်နည်း?။ ဟိ၊ အဖြေကား။ သီဟ...၊ အဟံ၊ ကာယဒုစ္စရိတဿ၊ ကာယဒုစရိုက်၏လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ပေ။ မနောဒုစ္စရိတဿ၊ ၏လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ အကိရိယံ၊ မပြုထိုက်သည်၏ အဖြစ်ကို။ (အကိရိယဘာဝံဟုဆိုလိုလျက် ဘာဝပ္ပဓာန, ဘာဝလောပ ကြံပါ။) တစ်နည်း- ။ အကိရိယံ၊ မပြုထိုက်ခြင်းကို။ ဝဒါမိ၊ ဟောတော်မူ၏။ အနေက ဝိဟိတာနံ၊ တစ်ပါးမကများသောအပြား ရှိကုန်သော။ ပါပကာနံ၊ ယုတ်မာကုန်သော။ ဝါ၊ မိမိကိန်းရာသတ္တဝါကို အပါယ်လေးရွာတို့၌ ကျရောက်စေတတ်ကုန်သော။ အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ ဝါ၊ တို့ကို။ အကိရိယံ၊ မပြုထိုက်ကုန်သည်၏အဖြစ်ကို။ ဝါ၊ မပြုခြင်းကို။ ဝဒါမိ၊
သီဟ၊ ‌ ယေန ပရိယာယေန၊ ဖြင့်။ မံ၊ ကို။ အကိရိယဝါဒေါ၊ ပေ။ ဝိနေတီတိ၊ ဟူ၍။
သမ္မာ ဝဒမာနော ဝဒေယျ၊ သော ပရိယာယော၊ ထို အကြောင်းဟူသည်။ အယံ ခေါ၊ ဤသည်ပင်တည်း။ (ဤ ဒုစရိုက်အကုသိုလ်မှုတို့ကို မပြုထိုက်ဟု ဟောတော်မူခြင်းပင်တည်း။) (ဤ အဖြေစကားတော်ကို ကြည့်၍ "အကိရိယဝါဒေါ- ဒုစရိုက်အကုသိုလ်အမှုကို မပြုထိုက်ဟု အယူရှိတော်မူ၏၊ အကိရိယာယ- ဒုစရိုက်အကုသိုလ်အမှုကို မပြုခြင်းငှာ" ပေးပါ၊ နောက်နောက်ဝါကျတို့၌ ဤသို့ အပြည့်အစုံပေးပါ၊ ထူးရာ၌သာ ရေးပါမည်။)
ကာယသုစရိတဿ၊ ၏လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ပေ။ ကိရိယံ၊ ပြုထိုက်သည်၏အဖြစ်ကို။ ဝါ၊ ပြုခြင်းကို။ ဝဒါမိ၊ ပေ။
အယံခေါ၊ တည်း။ (သုစရိုက်ကုသိုလ်အမှုကို ပြုထိုက်၏ဟု ဟောတော်မူခြင်းပင်တည်း။) ကိရိယဝါဒေါ၊ သုစရိုက်ကုသိုလ်အမှုကို ပြုထိုက်၏ဟု အယူရှိတော်မူ၏။ ကိရိယာယ၊ သုစရိုက်ကုသိုလ်အမှုကို ပြုခြင်းငှာ။ ပေ။
ရာဂဿ၊ ၏လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ပေ။ ဥစ္ဆေဒံ၊ ဖြတ်တောက်ထိုက်သည်၏ အဖြစ်ကို။ ဝါ၊ ဖြတ်တောက်ခြင်းကို။ ဝဒါမိ၊ ပေ။
အယံ ခေါ၊ တည်း။ (ဤ ရာဂစသော အကုသိုလ်တရားတို့ကို ပယ်ရှားဖြတ်တောက်ထိုက်၏ဟု ဟောတော်မူခြင်းပင်တည်း။) (ဥစ္ဆေဒဝါဒေါ၊ ရာဂစသော အကုသိုလ်တရားတို့ကို ပယ်ရှားဖြတ်တောက်ထိုက်၏ဟု အယူရှိတော်မူ၏။ ဥစ္ဆေဒါယ၊ ရာဂစသော အကုသိုလ်တရားတို့ကို ပယ်ရှားဖြတ်တောက်ခြင်းငှာ။)
ကာယဒုစ္စရိတေန၊ ကိုလည်းကောင်း။ ဇိဂုစ္ဆာမိ၊ စက်ဆုပ်တော်မူ၏။ ("ကာယဒုစရိတေန" စသည်၌ တတိယာဝိဘတ်ကို ဒုတိယာဝိဘတ်၏ အနက်၌ သက်ပါ)။ ပေ။ ဓမ္မာနံ၊ တို့သို့။ သမာပတ္တိယာ၊ ရောက်ခြင်းကို။ ဇိဂုစ္ဆာမိ၊ ပေ။
အယံ ခေါ၊ တည်း။ (ဤ ဒုစရိုက်အကုသိုလ်အလုပ်တို့ကို စက်ဆုပ်တော်မူခြင်းပင်တည်း။) (ဇေဂုစ္ဆီ၊ ဒုစရိုက်အကုသိုလ်အလုပ်ကို စက်ဆုပ်ခြင်းအလေ့ ရှိတော်မူ၏။ ဇေဂုစ္ဆိတာယ၊ ဒုစရိုက်အကုသိုလ်အလုပ်ကို စက်ဆုပ်ခြင်းအလေ့ရှိသူ၏အဖြစ် အကျိုးငှာ။)
ရာဂဿ၊ ကိုလည်းကောင်း။ ပေ။ ဝိနယာယ၊ ပယ်ဖျောက်ခြင်းငှာ။ ဓမ္မံ၊ ဒေသေမိ၊ ပေ။
အယံ ခေါ၊ တည်း။ (ဤ ရာဂစသော ကိလေသာတို့ကို ပယ်ဖျောက်ခြင်းငှာ တရားဟောတော်မူခြင်းပင်တည်း။) (ဝေနယျိကော၊ ရာဂစသော ကိလေသာတို့ကို ပယ်ဖျောက်ခြင်းငှာ တရားဟောတော်မူ၏။ ဝိနယာယ၊ ရာဂစသော ကိလေသာတို့ကို ပယ်ဖျောက်ခြင်းငှာ။)
သီဟ၊ သီဟ။ ပါပကေ၊ ကုန်သော။ ပေ။ ဓမ္မေ၊ တို့ကို လည်းကောင်း။ ကာယဒုစ္စရိတံ၊ ကိုလည်းကောင်း။ ပေ။ တပနီယေ၊ မိမိ ကိန်းရာသတ္တဝါကို လောင်မြှိုက်တတ်ကုန်၏ဟူ၍။ ဝဒါမိ၊ သီဟ၊ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ (အကုသလာဓမ္မာ၌ စပ်။) ဝါ၊ သည်။ (ပဟီနာ စသည်၌ စပ်။)
တပနီယာ၊ ကုန်သော။ ပေ။ ဓမ္မာ၊ တို့ကို။ ပဟီနာ၊ ပယ်အပ်ကုန်ပြီ။ ဥစ္ဆိန္နမူလာ၊ အရိယာမဂ်ဓာတ်, လက်နက်မြတ်ဖြင့်, ဖြတ်အပ်ပြီးသော အဝိဇ္ဇာ, တဏှာဟူသော ဘဝအမြစ်ရှိကုန်ပြီ။ တာလာဝတ္ထုကတာ၊ ထန်းပင်၏တည်ရာ မြေပမာကဲ့သို့ ပြုအပ်ပြီးသောတည်ရာ စိတ်အစဉ် ရှိကုန်ပြီ။ **တစ်နည်း**- တာလာဝတ္ထုကတာ၊ လည်ဆစ်ပန်အိုး, ဖြတ်ချိုးအပ်ပြီး ဖြစ်၍ အရွက်အသီးစသည်တို့၏တည်ရာ မဟုတ်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ကုန်ပြီ။ အနဘာဝံ၊ နောက်၌ဖြစ်ခြင်း မရှိအောင်။ (နောက်တစ်ဖန် ဖြစ်ခြင်း မရှိအောင်။) ကတာ၊ ပြုအပ်ကုန်ပြီ။ အာယတိံ၊ နောင်အခါ၌။ အနုပ္ပါဒဓမ္မာ၊ ဖြစ်ခြင်းသဘောမရှိတော့ကုန်။ တံ၊ ထို ပုဂ္ဂိုလ်ကို။ အဟံ၊ သည်။ တပဿီတိ၊ ဟူ၍။ ဝဒါမိ၊ တည်း။ (ဤ တပနီယ အကုသလဓမ္မတို့ကို ပယ်တော်မူပြီးခြင်းပင်တည်း။) (တပဿီ၊ မိမိကိန်းရာ သတ္တဝါကို လောင်မြိုက်တတ်သော အကုသိုလ်တရားတို့ကို ပယ်ရှားတော်မူပြီးဖြစ်၏။ တပဿီတာယ၊ တပဿီအဖြစ် အကျိုးငှာ။)
သီဟ၊ ယဿ၊ ၏။ (ဂဗ္ဘသေယျာ စသည်၌ စပ်။) ဝါ၊ သည်။ (ပဟီနာ စသည်၌ စပ်။) အာယတိ၊ နောင်အခါ၌။ ဂဗ္ဘသေယျာ၊ ဇလာဗုဇသတ္တဝါအဖြစ်ဖြင့် အမိဝမ်း၌ ကိန်းခြင်းကိုလည်းကောင်း။ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ၊ အန္ဓဇ, သံသေဒဇ, ဩပပါတိက သတ္တဝါအဖြစ်ဖြင့် ဘဝသစ်၌ ဖြစ်ခြင်းကို လည်းကောင်း။ ပဟီနာ၊ ပယ်အပ်ပြီ။ ပေ။ အနုပ္ပါဒဓမ္မာ၊ ၏။ ပေ။
အယံခေါ၊ တည်း။ (ဤ ဂဗ္ဘသေယျက ပုနဗ္ဘဝါဘိနိဗ္ဗတ္တိကို ပယ်ပြီးခြင်းပင်တည်း။) (အပဂဗ္ဘော၊ ပဋိသန္ဓေမှ ကင်း၏။ အပဂဗ္ဘတာယ၊ ပဋိသန္ဓေမှ ကင်းသူ၏အဖြစ်အကျိုးငှာ။)
သီဟ အဟံ၊ ပရမေန၊ လွန်မြတ်သော။ အဿာသေန၊ မဂ် ဖိုလ်ဟူသော သက်သာခြင်းဖြင့်။ အဿတ္ထော၊ သက်သာတော်မူ၏။ (သက်သာရာရတော်မူ၏)။ ပေ။
အယံ ခေါ၊ ဤ သက်သာခြင်းပင်တည်း။ (ဤ မဂ် ဖိုလ်ဟူသော လွန်မြတ်သော သက်သာခြင်းဖြင့် သက်သာတော်မူခြင်းပင်တည်း။)
(ဤသို့ ဘုရားရှင်က ပြဿနာရှစ်ချက်ဖြင့် တရားဟောတော်မူသောအခါ သီဟသေနာပတိသည် ဥပါသကာအဖြစ်သို့ ခံယူ၏။) သီဟ၊ အနုဝိစ္စ၊ ဉာဏ်ဖြင့်သက်ဝင်၍။ ကာရံ၊ ပြုထိုက်သော အမှုကို။ ကရောဟိ၊ လော့။ (ဤပုဒ်တို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။) အနုဝိစ္စ၊ ၍။ ကာရော၊ ပြုခြင်းသည်။ တုမှာဒိသာနံ၊ အသင်ကဲ့သို့ ရှုအပ်ကုန်သော။ ဉာတမနုဿာနံ၊ ထင်ရှားသော လူတို့၏ (အတွက်။) သာဓု၊ ကောင်းသည်။ ဟောတိ၊ ဣတိ၊ ပြီ။
ယံ၊ အကြင်အကြောင်းကြောင့်။ မံ၊ ကို။ ဘဂဝါ၊ သည်။ အနုဝိစ္စ၊ ပေ။ ဟောတီတိ၊ ဟူ၍။ ဧဝံ၊ သို့။ အာဟ၊ မိန့်တော်မူပါပြီ။ ဘန္တေ၊ ဣမိနာပိ၊ ဤအကြောင်းကြောင့်လည်း။ (ဤသို့ မိန့်တော်မူခြင်းကြောင့်လည်း။) အဟံ၊ ဘဂဝတော၊ ၏ (အပေါ်၌)။ ပေ။ အဘိရဒ္ဓေါ၊ အလွန် နှစ်သက်ပါ၏။ (အလွန်ကျေနပ်ပါ၏။) (အဘိရဒ္ဓေါ၌ ရာဓ ဓာတ်သည် "အာရောဓောဟံ ရညော" ၌ ကဲ့သို့ နှစ်သက်ခြင်းအနက်ကို ဟော၏။)
ဟိ၊ မှန်ပါ၏။ ဘန္တေ၊ အညတိတ္ထိယာ၊ တို့သည်။ မမံ၊ တပည့်တော်ဟူသော။ တပည့်တော်လို ဖြစ်သော။) သာဝကံ၊ ကို။ လဘိတွာ၊ ၍။ ဝါ၊ သော်။ ကေဝလကပ္ပံ၊ အလုံးစုံ အကုန်အစင်ဖြစ်သော။ ဝေသာလိံ၊ ကို။ ပဋာကံ၊ အောင်လံကို။ ပရိဟရေယျုံ၊ ဆောင်ကုန်ရာပါ၏။ (လွှင့်ကုန်ရာပါ၏။) (ကိံ၊ အဘယ်သို့ ကြွေးကြော်၍ လွှင့်ကုန်ရာပါသနည်း?။)
သီဟောသေနာပတိ၊ သည်။ အမှာကံ၊ တို့၏။ သာဝကတ္တံ၊ သာဝကအဖြစ်သို့။ ဥပဂတော၊ ကပ်ရောက်ပြီ။ ဣတိ၊ ဤသို့ ကြွေးကြော်၍ လွှင့်ကုန်ရာပါ၏။
အထ စ ပန၊ ထိုသို့ ဖြစ်ပါလျက်။ မံ၊ ကို။ ဘဂဝါ၊ သည်။
အနုဝိစ္စ၊ ပေ။ သာဓုဟောတီတိ၊ ဟူ၍။
ဧဝံ၊ ဤသို့။ အာဟ၊ ပေ။ (သီဟသေနာပတိသည် နှစ်ကြိမ်မြောက် ဥပါသကာအဖြစ်ကို ခံယူသည်။)
သီဟ၊ တေ၊ ၏။ ကုလံ၊ အမျိုးသည်။ (အိမ်သည်။) ဒီဃရတ္တံ၊ လုံး။ နိဂဏ္ဌာနံ၊ တို့၏။ ဩပါနဘူတံ၊ ရေတွင်းသဖွယ် ဖြစ်၍ ဖြစ်၏။ ယေန၊ ယင်းသို့ ဖြစ်ခြင်းကြောင့်။ ဥပဂတာနံ၊ အိမ်သို့ ကပ်ရောက်လာကုန်သော။ နေသံ၊ ထို နိဂဏ္ဌတို့အား။ ပိဏ္ဍကံ၊ ကို။ ဒါတဗ္ဗံ၊ ပေးလှူထိုက်၏ဟူ၍။ မညေယျာသိ၊ သိလော့။ ဣတိ၊ ပြီ။ (ဣမိနာပါဟံ စသောဝါကျ လွယ်ပြီ။)
ဘန္တေ၊ ပေ။
သမဏော ဂေါတမော၊ သည်။
မယှမေဝ၊ ငါ့အားသာ။ ဒါနံ၊ ကို။ ဒါတဗ္ဗံ၊ ထိုက်၏။ အညေသံ၊ ငါမှတစ်ပါး အခြားသူတို့အား။ ဒါနံ၊ န ဒါတဗ္ဗံ၊ ထိုက်။ မယှမေဝ၊ ၏သာ။ သာဝကာနံ၊ တို့အား။ ပေ။ ဒိန္နံ၊ ပေးလှူအပ်သော ဒါနသည်။ (ပေးလှူကြောင်း ဒါနစေတနာသည်။) မဟပ္ဖလံ၊ များသော အကျိုးရှိ၏။ ပေ။ န မဟပ္ဖလံ၊ မရှိ။ ဣတိ ဧဝံ၊ သို့။ အာဟ၊ ၏။ ဣတိ (သုတံ။)
အထ စ ပန၊ လျက်။ မံ ဘဂဝါ၊ နိဂဏ္ဌေသုပိ၊ တို့၌လည်း။ ဝါ၊ တို့အားလည်း။ ဒါနေ၊ ပေးလှူခြင်း၌။ သမာဒါပေတိ၊ ဆောက်တည်စေတော်မူပါ၏။
ဘန္တေ၊ အပိ စ၊ ထိုသို့ပင် ဆောက်တည်စေတော်မူပါသော်လည်း။ မယံ၊ ဧတ္ထ၊ ဤအရာ၌။ (ဤ နိဂဏ္ဌတို့အား ပေးလှူရာ၌။) ကာလံ၊ အချိန်အခါကို။ ဇာနိဿာမ၊ (ဤသို့ လျှောက်၍ သုံးကြိမ်မြောက် ဥပါသကာအဖြစ်ကို ခံယူ၏၊ ထိုနောက် ဘုရားရှင်က အနုပုဗ္ဗိကထာကို ဟောတော်မူသောအခါ သောတာပန် ဖြစ်သည်)။ ပေ။
ဝေသာလိယာ၊ ၌။ ရထိကာယ၊ ရထားလမ်း တစ်ခုမှ။ ရထိကံ၊ ရထားလမ်း တစ်ခုသို့။ သိင်္ဃာဋကေန၊ လမ်းဆုံ တစ်ခုမှ။ သိင်္ဃာဋကံ၊ လမ်းဆုံ တစ်ခုသို့။ ဗာဟာ၊ လက်မောင်းတို့ကို။ ပဂ္ဂယှ၊ ချီးမြှောက်၍။ ကန္ဒန္တိ၊ ကြွေးကြော်ကြကုန်၏။ (ကိံ၊ အဘယ်သို့ ကြွေးကြော်ကြကုန်သနည်း?။)
အဇ္ဇ၊ ယနေ့။ သီဟေန၊ သေနာပတိနာ၊ သည်။ ထူလံ၊ ဝဖြိုးသော။ ပသုံ၊ သားကောင်ကို။ ဝဒိတွာ၊ သတ်၍။ သမဏဿ ‌ဂေါတမဿ၊ ဖို့။ ဘတ္တံ၊ ကို။ ကတံ၊ ပြုအပ်ပြီ။ သမဏော ဂေါတမော၊ သည်။ ဇာနံ၊ သိလျက်။ ဥဒ္ဒိဿ၊ မိမိကို ရည်စူး၍။ ကတံ၊ ပြုအပ်‌သော။ ပဋိစ္စ၊ မိမိကို စွဲ၍။ (အကြောင်းပြု၍။) ကမ္မံ၊ ပြုအပ်သော။ **တစ်နည်း** - ပဋိစ္စကမ္မံ၊ သတ်ဖို့ရန် အရိပ်နိမိတ်ပြုခြင်း အမှုရှိသော။ တံ မံသံကို၊ ပရိဘုဉ္ဇတိ၊ ဣတိ (ကန္ဒန္တိ)၊ ပေ။
ဥပကဏ္ဏကေ၊ နား၏အနီး၌။ အာရောစေသိ (ကိံ။) ဘန္တေ၊ အရှင်စစ်သူကြီး။ ယဂ္ဃေ၊ တိုက်တွန်းပါ၏။ ဇာနေယျာသိ၊ သိပါလော။ ဧတေ၊ ပေ။ ကန္ဒန္တိ၊ ကြွေးကြော်နေပါကုန်၏။ ဣတိ၊ ပြီ။
အယျာ၊ အမောင်။ အလံ၊ မသင့်။ (အသာနေ ဟူလို။) ဒီဃရတ္တမ္ပိ၊ ပတ်လုံးလည်း။ တေ အာယသ္မန္တော၊ ထို အရှင်တို့သည်။ ဗုဒ္ဓဿ၊ ၏။ အဝဏ္ဏကာမာ၊ ဂုဏ်၏ဆန့်ကျင်ဘက် အပြစ်ကို အလိုရှိကုန်၏။ ပေ။ တံ ဘဂဝန္တံ၊ ကို။ အသတာ၊ ထင်ရှားမရှိသော။ တုစ္ဆာ၊ အချီးနှီးသော။ မုသာ၊ ချွတ်ယွင်းသော။ အဘူတေန၊ မဟုတ်မမှန်သော စကားဖြင့်။ အဗ္ဘာစိက္ခန္တာ၊ စွပ်စွဲကုန်လသော်။ န ဇိရိဒန္တိ၊ မဆွေးမြေ့နိုင်ကုန်။ (မဆုံးနိုင်ကုန် ဟူလို။) မယံ၊ ဇီဝိတဟေတုပိ၊ အသက်ဟူသော အကြောင်းကြောင့်လည်း။ ပေ။ န ဝေါရောပေယျာမ၊ မခွဲပါကုန်။ ဣတိ၊ ပြီ။ ပေ။
အဒိဋ္ဌံ၊ ကိုယ်တိုင်လည်း မမြင်အပ်သော။ အသုတံ၊ ကြားလည်းမကြားအပ်သော။ အပရိသင်္ကိတံ၊ ယုံမှာလည်း မယုံမှားအပ်သော။ တိကောဋိပရိသုဒ္ဓံ၊ သုံးပါးသောအကြောင်းတို့မှ စင်ကြယ်သော။ မစ္ဆမံသံ၊ ငါးအမဲကို။ အနုဇာနာမိ၊ (တိကောဋိပရိသုဒ္ဓ ပုဒ်၏အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ, စတုတ္ထအုပ်, ဒသမသံဃာဒိသေသ် သိက္ခာပုဒ်၌ ပြထားပြီ။) ပဋိစ္စ ကမ္မံ။ ။ ဤ ပုဒ်၏အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ၊ ဋီကာ၌ကား "သမဏော ဂေါတမော- သည်၊ ပေ၊ ဥဒ္ဒိဿ ကတံ၊ တံ မံသံ- ကို၊ ပရိဘုဉ္ဇတိ- ၏၊ ပဋိစ္စ- ထို အသားကို စွဲ၍၊ ကမ္မံ- ပါဏာတိပါတကံသို့၊ ဖုသတိ- ရောက်၏" ၊ ဤသို့ နှစ်ဝါကျ ခွဲပြီးလျှင် "ဖုသတိ" ဟူသော ပါဌသေသကို ထည့်၍ တစ်နည်း ဖွင့်သေး၏၊ (အထ ဝါ ပဋိစ္စကမ္မံ ဖုသတီတိ ပါဌသေသာ ဒဋ္ဌဗ္ဗော၊ သွာယံ- ထို သမဏဂေါတမ သည်၊) ဧတံ မံသံ ပဋိစ္စ တံ ပါဏဓကကမ္မံ ဖုသတီတိ အတ္ထော၊ တံ ဟိ အကုသလံ ဥပဍ္ဎံ ဒါယကဿ ဥပဍ္ဎံ ပဋိဂ္ဂါဟကဿ ဟောတီတိ နေသံ လဒ္ဓိ၊ ဋီကာ။)