Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

148. Diguṇādiupāhanapaṭikkhepo

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အထ၊ အရှင်သောဏ၏ လျှောက်ပြီးရာ ထိုအခါ၌။ ပေ။ အာမန္တေသိ (ကိံ။)
ဘိက္ခဝေ၊ ဧဝံ ခေါ၊ လျှင်။ (အရှင်သောဏ လျှောက်သကဲ့သို့ပင်။) ကုလပုတ္တာ၊ အမျိုးကောင်းသားတို့သည်။ အညံ၊ ကို။ ဗျာကရောန္တိ၊ ဖြေဆိုကြကုန်၏။ အတ္ထော စ၊ အနက် အဓိပ္ပာယ်ကိုလည်း။ (မိမိ ရဟန္တာဖြစ်ပြီ ဟူသောအနက် အဓိပ္ပာယ်ကိုလည်း။) ဝုတ္တော၊ ဆိုအပ်ပြီး ဖြစ်တော့၏။ အတ္တာ စ၊ မိမိကိုလည်း။ အနုပနီတော၊ ဥတ္တရိမနုဿဓမ္မသို့ မကပ်ဆောင်အပ်။
အထ စ ပန၊ ထိုသို့ဖြစ်ပါလျက်။ ဣဓ ဧကစ္စေ မောဃပုရိသာ၊ ဟသမာနကံ (ဟဿမာနကံ) မညေ၊ ရယ်ဖွယ်သကဲသို့။ (အဋ္ဌကထာ၌ကား "ဟသမာနာဝိယ- ပြောင်လှောင်ကုန်သကဲ့သို့" ဟု ဗဟုဝုစ်ဖြင့် ပါဌ်တစ်မျိုး ရှိ၏။) အညံဗျာကရောန္တိ၊ တေ၊ ထို မောဃပုရိသတို့သည်။ ပစ္ဆာ၊ ၌။ ဝိဃာတံ၊ စိတ်၏ပင်ပန်းခြင်းသို့။ အာပဇ္ဇန္တိ၊ ရောက်ကြရကုန်၏။ (စတုတ္ထပါရာဇိကကျသည်ဟူလို။) ဣတိ၊ ပြီ။
(ထို့နောက် ဘုရားရှင်က) "သောဏ တွံ သုခုမာလော အသိ၊ တေ၊ အား။ ဧကပလာသိကံ၊ တစ်ထပ် တစ်လွှာရှိသော။ ဥပါဟနံ၊ ဖိနပ်ကို။ အနုဇာနာမိ" ဟု မိန့်တော်မူ၏။
ဘန္တေ အဟံ၊ အသီတိသကဋဝါဟေ၊ လှည်းနှစ်စီးနှစ်စီးတို့ဖြင့် တိုက်အပ်သော ဝါဟရှစ်ဆယ် ရှိကုန်သော။ ဝါ၊ လှည်းအစီး ၁၆ဝ- ဖြင့် တိုက်အပ်သော ဝါဟရှစ်ဆယ် ရှိကုန်သော။ အသီတိသကဋဝါဟေ။ ။ လှည်း နှစ်စီးဖြင့် တိုက်အပ်သော ဝန်ကို "တစ်ဝါဟ" ဟု ခေါ်၏၊ ထို့ကြောင့် "အသီတိသကဋဝါဟ ဟူရာ၌ လှည်းနှစ်စီးနှစ်စီးဖြင့် တိုက်အပ်သော ဝါဟပေါင်း ၈ဝ- ရှိသည်ဟု ဆိုလိုသည်၊ **"ရွှေသည် ဝါဟရှစ်ဆယ်ရှိ၍ (လှည်းဖြင့်တိုက်လျှင်) လှည်းအစီးပေါင်း ၁၆ဝ- ဖြင့် တိုက်ရမည်" ဟူလို၊ ဤ "ဝါဟေ" ဟူသော ဗဟုဝစနနန္တပုဒ်သည် "ဟိရညံ" ၏ ဝိသေသနဖြစ်၏၊ သို့သော် "ရွှေ" သာမညကို ငဲ့၍ ဝိသေသျဖြစ်သော "ဟိရည" ပုဒ်ကို ဧကဝုစ်ဖြင့် ဆိုထားသည်၊ (သကဋဝါဟေတိ ဒွီဟိ သကဋေဟိ ပရိစ္ဆိန္နေ ဝါဟေ၊ "ဝါဟေ" တိ ဗဟုဝစနဿ ဟိရညဝိသေသနတ္ထေပိ သာမညာပေက္ခာယ "ဟိရညံ" တိ ဧကဝစနံ ကတံ၊ ဝိမတိ။) ဟိရညံ၊ ရွှေကိုလည်းကောင်း။ သတ္တဟတ္ထိကံ၊ ဆင်မခြောက်စီး, ဆင်ထီးတစ်စီးအားဖြင့်ခုနစ်စီးသော ဆင်ရှသော။ အနီကဉ္စ၊ ဆင်အနီက ခုနစ်ခုကိုလည်းကောင်း။ ဝါ၊ ဆင်လေးဆယ့်ကိုးစီးကိုလည်းကောင်း။ ဩဟာယ၊ ပယ်စွန့်၍။ ပေ။
ပဗ္ဗဇ္ဇိတော၊ ပါပြီ။ ဘန္တေ၊ အထ၊ ထိုသို့ဖြစ်ပါလျက်။ အဟံ၊ သည်။ ဧကပလာသိကံ၊ ဥပါဟနံ၊ ကို။ စေ ပရိဟရိဿာမိ၊ အကယ်၍ ဆောင်ပါအံ့။ (ဧဝံ သတိ။) တဿ မေ၊ ထို တပည့်တော်ကို။ ဝတ္တာရော၊ ပြောဆိုမည့်သူတို့သည်။ ဘဝိဿန္တိ၊ ရှိပါကုန်လိမ့်မည်။ (ကိံ၊ အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း?။) ကောလိဝိသော၊ ပေ။ ပဗ္ဗဇိတော၊ ၏။ ဒါနိ၊ ယခု။
သော အယံ၊ ထို သောဏသည်။ ဧကပလာသိကာသု၊ ဥပါဟနာသု၊ တို့သည်။ သတ္တော၊ ငြိကပ် (တွယ်တာ) နေ၏။ ဣတိ (ဝတ္တာရော ဘဝိဿန္တိ။) ဘဂဝါ၊
ဘိက္ခု သံဃဿ၊ ရဟန်းအပေါင်းအား။ သစေ အနုဇာနိဿတိ၊ အကယ်၍ ခွင့်ပြုတော်မူအံ့။ (ဧဝံ သတိ) အဟမ္ပိ၊ ပရိဘုဉ္ဇိဿာမိ၊ သုံးစွဲပါမည်။ ပေ။ န ပရိဘုဉ္ဇိဿာမိ၊ သုံးစွဲလိမ့်မည် မဟုတ်ပါ။ ဣတိ၊ ပြီ။
(နောက်၌ "ဒိဂုဏာ၊ နှစ်ထပ်နှစ်လွှာရှိကုန်သော။ ဥပါဟနာ၊ တို့ကို။ န ဓာရေတဗ္ဗာ၊ မဆောင်ထိုက်ကုန်။ တိဂုဏာ၊ သုံးထပ်သုံးလွှာရှိကုန်သော။ ပေ။
ဂုဏင်္ဂုဏူပါဟနာ၊ လေးထပ်စဘိ, အထပ်ထပ်အလွှာရှိသော ဖိနပ်တို့ကို" ဟု ပေးပါ။ (ဖိနပ် နှစ်ဖက်ဖြစ်သောကြောင့် ဗဟုဝုစ်ဖြင့် ထားသည်)။ ပေ။