Issues
Select Version
(SN)Sagāthāvaggo
(SN)Sagāthāvaggo

3. Dhajaggasuttaṃ

Author: နိဿယ @ IAPT

(သာဝတ္ထိယံ။ ပ။ ပစ္စဿောသုံ ပေးမြဲ။)
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို ဟောတော်မူအံ့။ ဒေဝါသုရသင်္ဂါမော၊ နတ်အသူရာတို့၏စစ်ပွဲသည်။ သမုပဗျူဠှော၊ ပေါင်းစုဆင်နွှဲအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။ အထ ခေါ၊ ထိုအခါ၌။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ တာဝတိံ သေ၊ တာဝတိံသာဘုံသားဖြစ်ကုန်သော။ ဒေဝေ၊ နတ်တို့ကို။ “မာရိသာ၊ ငါကဲ့သို့ ရှုအပ်သော နတ်အပေါင်းတို့။ သင်္ဂါမဂတာနံ၊ စစ်မြေပြင်သို့ရောက်ကုန်သော။ ဒေဝါနံ၊ နတ်တို့၏(သန္တာန်၌)။ ဘယံ ဝါ၊ ကြောက်ခြင်းသည်၎င်း။ ဆမ္ဘိတတ္တံ ဝါ၊ ကိုယ် ခက်ထန်သည်၏အဖြစ်သည်၎င်း။ လောမဟံသော ဝါ၊ အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ သစေ ဥပ္ပဇ္ဇေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ တသ္မိံ သမယေ၊ ထိုအခါ၌။ မမေဝ၊ ငါ၏သာလျှင်။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ မမံ၊ ငါ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကြကုန်သော။ ဝေါ၊ သင်တို့၏(သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
မေ၊ ငါ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ နောစေ ဥလ္လောကေယျာထ၊ အကယ်၍ မော်မကြည့်မိကုန်အံ့။ အထ၊ ထိုသို့ မော်မကြည့်ခဲ့မိသော်။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ၊ ပဇာပတိ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ၊ ပဇာပတိ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော။ ဝေါ၊ သင်နတ်သားတို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ၊ ပဇာပတိ၏။ ဓဇဂ္ဂံ၊ ကို။ နော စေ ဥလ္လောကေယျာထ၊ အကယ်၍ မော်မကြည့်မိကုန်အံ့။ အထ၊ ထိုသို့ မော်မကြည့်ခဲ့မိသော်။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော။ ဝေါ၊ သင်နတ်သားတို့၏(သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင် ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ နော စေ ဥလ္လောကေယျာထ၊ အကယ်၍ မော်မကြည့်မိကုန်အံ့။ အထ၊ ထိုသို့မော်မကြည့်မိခဲ့သော်။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဤသာနဿ၊ ဤသာန၏။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။
ဟိ၊ မှန်၏။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဤသာနဿ၊ ဤသာန၏။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော။ ဝေါ၊ သင်တို့၏(သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင်ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင်အမွေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သော၊ ထိုကြောက်ခြင်းစသည်သည်။ ပဟီယိဿတီတိ၊ ကင်းပျောက်လတ္တံ့ ”ဟူ၍။ အာမန္တေသိ၊ သိစေပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝါနမိန္ဒဿ၊ နတ်တို့ကိုအစိုးရသော။ သက္ကဿ ဝါ၊ သိကြားမင်း၏ သော်လည်း။ တံ ခေါ ပန ဓဇဂ္ဂံ၊ ထိုတန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌) ။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ပဇာပတိဿ ဝါ၊ ပဇာပတိ၏ သော်လည်း။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌)။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဝရုဏဿ၊ ဝရုဏ၏သော်လည်း။ ဓဇဂ္ဂံ၊ ကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌)။ ဒေဝရာဇဿ၊ နတ်မင်းဖြစ်သော။ ဤသာနဿ၊ ဤသာန၏သော်လည်း။ ဓဇဂ္ဂံ၊ တန်ခွန်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကုန်သော နတ်တို့၏(သန္တာန်၌) ။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏အဖြစ် သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယျေထာပိ၊ ကင်းပျောက်မူလည်း ကင်းပျောက်ရာ၏။ နောပိ ပဟီယျေထ၊ မကင်းပျောက်မူလည်း မကင်းပျောက်ရာ။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘိက္ခဝေ၊ ရဟန်း တို့။ ဟိ၊ အကြင့်ကြောင့်။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ အဝီတရာဂေါ၊ မကင်းသော ရာဂရှိသည်ဖြစ်၍။ အဝီတဒေါသော၊ မကင်းသော ဒေါသရှိသည်ဖြစ်၍။ အဝီတမောဟော၊ မကင်းသော မောဟရှိသည်ဖြစ်၍။ ဘီရု၊ ကြောက်တတ်သော သဘောရှိ ၏။ ဆမ္ဘီ၊ ကိုယ်ခက်ထန်သော သဘောရှိ၏။ ဥတြာသီ၊ ထိတ်လန့်တတ်သော သဘောရှိ၏။ ပလာယီ၊ ထွက်ပြေးတတ်သော သဘောရှိ၏။ ဣတိ၊ ထို့ကြောင့်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။ အဟဉ္စ ခေါ၊ ငါသည်ကား။ ဧဝံ၊ ဤသို့။ ဝဒါမိ၊ မိန့်ဆိုတော်မူအံ့။
ဘိက္ခဝေ၊ ရဟန်းတို့။ အရညဂတာနံ ဝါ၊ တောသို့ ရောက်သည်သော်လည်း ဖြစ်ကုန်သော။ ရုက္ခ မူလဂတာနံ ဝါ၊ သစ်ပင်ရင်းသို့ ရောက်သည်သော်လည်း ဖြစ်ကုန်သော။ သုညာဂါရဂတာနံ ဝါ၊ ဆိတ်ကွယ်ရာအရပ်သို့ ရောက်သည်သော်လည်း ဖြစ်ကုန်သော။ တုမှာကံ၊ သင်ချစ်သားတို့၏ (သန္တာန်၌)။ ဘယံ ဝါ၊ ကြောက်ခြင်းသည်၎င်း။ ဆမ္ဘိတတ္တံ ဝါ၊ ကိုယ်ခက်ထန်သည်၏အဖြစ်သည် ၎င်း။ လောမဟံသော ဝါ၊ အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ သစေ ဥပ္ပဇ္ဇေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ တသ္မိံ သမယေ၊ ထိုအခါ၌။ မမေဝ၊ ငါဘုရားကိုသာလျှင်။ “သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ခပ်သိမ်းများစွာ ကိလေသာတို့မှ ဝေးကွာတော်မူသော ဤအကြောင်းကြောင့်လည်း။ အရဟံ၊ အရဟံ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ခပ်သိမ်းသော တရားတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ကိုယ်တော်တို့သာ သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး ,စရဏ တဆယ့် ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ သုဂတော၊ သုဂတ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ လောကအားလုံးကို သိမ်းကျုံး ကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ၊ လောကဝိဒူ မည်တော် မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ သီလဂုဏ်, သမာဓိဂုဏ် ,ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိ ဉာဏဒဿနဂုဏ် တို့ဖြင့် မိမိထက် လွန်မြတ်သော ပုဂ္ဂိုလ် ရှိတော်မမူသော ဤအကြောင်း ကြောင့်လည်း။ အနုတ္တရော၊ အနုတ္တရ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဆုံးမသင့် ဆုံးမထိုက်သော တိရစ္ဆာန်ယောက်ျား, လူယောက်ျား, နတ်ယောက်ျားတို့ကို တုတ်ဓား မပြ တရားချသဖြင့် ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ ပုရိသဒမ္မသာရထိ၊ ပုရိသဒမ္မသာရထိမည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဗြဟ္မာနတ်လူ ခပ်သိမ်းသူတို့၏ ဆရာတဆူဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္တာဒေဝမနုဿာနံ မည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ သစ္စာလေးတန် တရားမှန်ကို ဝေဘန် သိတတ် ဝေနေယျတို့ကိုလည်း သိစေတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ သော ဘဂဝါ၊ သည်။ ဣတိပိ၊ ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တဂုဏ် ဘုန်းခြောက်စုံနှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဘဂဝါတိ၊ ဘဂဝါမည်တော် မူ၏”ဟူ၍။ အနုဿရေယျာထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ မှန်၏။ မမံ၊ ငါဘုရားကို။ အနုဿရတံ၊ အဖန်ဖန်အောက်မေ့ကြ ကုန်သော။ ဝေါ၊ သင်ချစ်သားတို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင်ကိုယ်ခက်ထန်သည်၏အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင် အမွှေးရွှင်ပျ ကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက် ခြင်းစသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
မံ၊ ငါဘုရားကို။ နော စေ အနုဿရေယျာထ၊ အကယ်၍ မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ ဓမ္မံ၊ တရားတော်ကို။ “ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားတော်ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ သန္ဒိဋ္ဌိကော၊ ကိုယ်တိုင်သိမြင်ခြင်းငှါ ထိုက်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ အကာလိကော၊ အခါမလင့် အကျိုးကိုပေးတတ်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဧဟိ ပဿိကော၊ လာလှည့် ရှုလှည့်ဟု ညွှန်ပြထိုက်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဩပနေယျိကော၊ (မိမိ၏ စိတ်တည်း၌) ဆောင်ယူထားထိုက်ပါပေ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကို။ ဝိညူဟိ၊ (အရိယာ) ပညာရှိတို့သည်။ ပစ္စတ္တံ၊ အသီးသီး။ ဝေဒိတဗ္ဗောတိ၊ သိထိုက်ခံစားထိုက် ပါပေ၏”ဟူ၍။ အနုဿရေယျာထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ မှန်၏။ ဓမ္မံ၊ တရားကို။ အနုဿရတံ၊ အဖန်ဖန်အောက်မေ့ကြကုန်သော။ ဝေါ၊ သင်ချစ်သား တို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်ခက်ထန်သည်၏ အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင်အမွေးရွှင်ပျ ကြက်သီး ထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။ သော၊ ထိုကြောက်ခြင်း စသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
ဓမ္မံ၊ တရားကို။ နော စေ အနုဿရေယျာထ၊ အကယ်၍ အဖန်ဖန်မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ သံဃံ၊ သံဃာတော်ကို။ “ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။ သုပ္ပဋိပန္နော၊ ကောင်းစွာ ကျင့်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ ဥဇုပ္ပဋိပန္နော၊ ဖြောင့်မတ်စွာ ကျင့်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အား လျော်စွာကျင့်တော်မူပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ သာမီစိပ္ပဋိပန္နော၊ ရိုသေစွာကျင့်တော်မူပါပေ၏။ စတ္တာရိ၊ အစုံအားဖြင့် လေးစုံကုန်သော။ ယဒိဒံ ပုရိသယုဂါနိ၊ အကြင် ပုဂ္ဂိုလ်အစုံတို့သည်။ အဋ္ဌ၊ အရေအတွက်အားဖြင့် ရှစ်ပါးကုန်သော။ ယဒိဒံ ပုရိသပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ (သန္တိ၊ ရှိကုန်၏။) ဘဂဝတော၊ ၏။ ဧသ သာဝကသံဃော၊ လေးစုံ ရှစ်ယောက်သော ဤတပည့်သား သံဃာတော်သည်။ အာဟုနေယျော၊ အရပ်ဝေးမှဆောင်၍ သော်လည်း ပူဇော်ခြင်းငှါ ထိုက်တော်မူပါပေ၏။ ပါဟုနေယျော၊ ဧည့်သည်တို့အလို့ ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပူဇော်ခြင်းငှါ ထိုက်တော်မူပါပေ၏။ ဒက္ခိဏေယျော၊ မြတ်သော အလှူကို ခံတော်မူထိုက်ပါပေ၏။ အဉ္ဇလိကရဏီယော၊ လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်ပါပေ၏။ လောကဿ၊ သတ္တဝါအပေါင်း၏။ အနုတ္တရံ၊ အမြတ်ဆုံးဖြစ်သော။ ပုညက္ခေတ္တန္တိ၊ ကုသိုလ်မျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါပေ၏”ဟူ၍။ အနုဿ ရေယျာထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ မှန်၏။ သံဃံ၊ သံဃာတော်ကို။ အနုဿရတံ၊ အဖန်ဖန်အောက်မေ့ကြကုန်သော။ ဝေါ၊ သင်ချစ်သားတို့၏ (သန္တာန်၌)။ ယံ ဘယံ ဝါ၊ အကြင်ကြောက်ခြင်းသည်၎င်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင်ကိုယ်ခက် ထန်သည်၏အဖြစ်သည်၎င်း။ ယော လောမဟံသော ဝါ၊ အကြင်အမွေးရွှင်ပျကြက်သီးထခြင်းသည်၎င်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သော၊ ထိုကြောက်ခြင်းစသည်သည်။ ပဟီယိဿတိ၊ ကင်းပျောက်လတ္တံ့။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ အကြင်ကြောင့်။ အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို အမှန်ကိုယ်တိုင်သိတော်မူသော။ တထာဂတော၊ မြတ်စွာဘုရားသည်။ ဝီတရာဂေါ၊ ကင်းသောရာဂ ရှိတော်မူသည်ဖြစ်၍။ ဝီတဒေါသော၊ ကင်းသောဒေါသ ရှိတော်မူသည်ဖြစ်၍။ ဝီတမောဟော၊ ကင်းသော မောဟ ရှိတော်မူသည်ဖြစ်၍။ အဘီရု၊ ကြောက်တတ်သော သဘောရှိတော်မမူ။ အစ္ဆမ္ဘီ၊ ကိုယ်ခက်ထန်သောသဘောရှိတော်မမူ။ အနုတြာသီ၊ ထိတ်လန့်တတ်သောသဘော ရှိတော်မမူ။ အပလာယီ၊ ထွက်ပြေးတတ်သောသဘော ရှိတော်မမူ။ ဣတိ၊ ထို့ကြောင့်တည်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
သုဂတော၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤစကားကို။ ဝတွာန၊ မိန့်ဆိုတော်မူပြီး၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ အထာပရံ၊ ထိုမှတပါးသော။ “ဘိက္ခဝေါ၊ ရဟန်းတို့။ အရညေ ဝါ၊ တော၌၎င်း။ ရုက္ခမူလေ ဝါ၊ သစ်ပင်ရင်း၌၎င်း။ သုညာဂါရေ ဝါ၊ ဆိတ်ငြိမ်ရာအရပ်၌၎င်း။ (ဆန်းကြောင့် ရဿ။) သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အနုဿရေထ၊ အဖန်ဖန်အောက်မေ့ကြကုန်လော့။ တုမှာကံ၊ သင်တို့၏(သန္တာန်၌)။ (ဆန်းကြောင့် နိဂ္ဂဟိတလောပ။) ဘယံ၊ ကြောက်ခြင်းသည်။ နော သိယာ၊ မဖြစ်ရာ။
လောကဇေဋ္ဌံ၊ လူတို့ထက် ကြီးမြင့်တော်မူသော။ နရာသဘံ၊ လူတို့ထက် မြတ်တော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နော စေ သရေယျာထ၊ အကယ်၍ မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ နိယျာနိကံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ် သော။ သုဒေသိတံ၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဓမ္မံ၊ တရားတော်ကို။ သရေယျာထ၊ အောက်မေ့ကြကုန်လော့။
နိယျာနိကံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော။ သုဒေသိတံ၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဓမ္မံ၊ တရားတော်ကို။ နော စေ သရေယျာထ၊ အကယ်၍မအောက်မေ့မိကုန်အံ့။ အထ၊ ထိုသို့မအောက်မေ့မိခဲ့သော်။ အနုတ္တရံ၊ မိမိထက်အမြတ်ရှိတော်မမူသော။ ပုညခေတ္တံ၊ ကုသိုလ်မျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တော်မူပေသော။ သံဃံ၊ သံဃာတော်ကို။ သရေယျာထ၊ အောက်မေ့ကြကုန်လော့။
ဘိက္ခဝေါ၊ ရဟန်းတို့။ ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို ၎င်း။ ဓမ္မံ၊ တရားတော်ကို ၎င်း။ သံဃဉ္စ၊ သံဃာတော်ကို ၎င်း။ သရန္တာနံ၊ အောက်မေ့ကုန်သော သင်တို့၏(သန္တာန်၌)။
ဘယံ ဝါ၊ ကြောက်ခြင်းသည် ၎င်း။ ဆမ္ဘိတတ္တံ ဝါ၊ ကိုယ် ခက်ထန်သည်၏ အဖြစ်သည် ၎င်း။ လောမဟံသော ဝါ၊ အမွှေးရွှင်ပျ ကြက်သီးထခြင်း သည် ၎င်း။ န ဟေဿတီတိ၊ မဖြစ်လတ္တံ့” ဟူသော။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။