ယင်းသို့ အနက်ပေးရာ၌ အကြောင်းဖြစ်သော ကရဇကာယစသည်တို့ကို ရှုသည်ကိုသာ တိုက်ရိုက်တွေ့ရပြီး အကျိုးဖြစ်သော ဝင်လေထွက်လေကို ရှုသည်ကို တိုက်ရိုက်မတွေ့ ရ၊ သို့သော် “ယထာ အဿာသ ပဿာသကာယော ကရဇကာယာဒိသမ္ဗန္ဓ အစရှိသော ဋီကာအဖွင့်အတိုင်း ကရဇကာယအစရှိသည်တို့နှင့် ဝင်လေထွက်လေတို့သည် အကြောင်းအကျိုးအဖြစ်ဖြင့် အချင်းချင်း ဆက်သွယ်နေသောကြောင့် အကြောင်းကို ရှုသည်ကို ပြလျှင် အကျိုးကို ရှုသည်ကို လည်း ပြပြီးဖြစ်တော့၏၊ ဥပမာအားဖြင့် “ပရိမုခံ သတိ ဥပဋ္ဌပေတွာ”ဟူသော ပါဠိတော်နှင့် အညီ ကရဇကာယဖြစ်သော ဝမ်းဗိုက်ထဲသို့ ဝင်သော ထွက်သော လေတို့ကို ရှုလိုသောအခါ ပရိမုခ ခေါ် နှာသီးဖျားနှင့် အထက်နှုတ်ခမ်းအလယ်၌ သတိကို ကပ်ထားလျှင် အကျိုးဖြစ်သော ဝင်လေထွက်လေတို့ကို ရှုပြီးဖြစ်သည်နှင့် တူ၏၊ ဤကား အဋ္ဌကထာအဖွင့်နှင့် အညီ သမုဒယဓမ္မာနုပဿီဝါ- အစရှိသော ပါဠိတော်၌ သိရသော အဓိပ္ပါယ်တည်း။
ဤအဋ္ဌကထာနည်းအပြင် ဋီကာနည်း တနည်းသတ်သတ်ဖွင့်ပြချက်အလို "သမုဒယဓမ္မ”၌ ဓမ္မသဒ္ဒါသည် ပကတိဝါစီ (ပင်ကို ပကတိသဘော-ဟူသော အနက်) ဟောဖြစ်၏၊ ထိုအဖွင့် အလို “ကာယသ္မိံ- ဝင်လေထွက်လေ ရုပ်အပေါင်း၌၊ သမုဒယဓမ္မာနုပဿီ ဝါ- ဖြစ်ခြင်း သဘောကို အဖန်ဖန်ရှုလျက်လည်း၊ ဝိဟရတိ- နေ၏”ဟု အနက်ပေးရသောကြောင့် ကာယသ္မိံ ဟူသော အာဓာရနှင့် သမုဒယဓမ္မာနုပဿီ-ဟူသော အာမေယ်တို့ အဆက်အစပ်အလွန်ကောင်း၏။ ထို့ကြောင့် ဋီကာ၌ “ကာယသ္မိန္တိ ဘုမ္မဝစနံ သုဋ္ဌုတရံ ယုဇ္ဇတိ”ဟု မိန့်၏။ ၊ ဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ ပြီ။ [“တံနိမိတ္တတာယ- နေရာ၌ “ဖလဘာဝေန”ဟုလည်းကောင်း၊ တံနိမိတ္တဘာဝေန-နေရာ၌ “ဟေတုဘာဝေန”ဟု လည်းကောင်း ယခင် ပဏ္ဏာသဋီကာ၌ ပါဌ်ရှိ၏ထိုပါဌ်က ပို၍ ရှင်း၏၊]
သို့သော် “သမုဒယဓမ္မ”၌ ဒုတိယနည်းအဖွင့်ကဲ့သို့ပင် ဝယဓမ္မပုဒ်၌လည်း အနက်ယူပါက ယင်းသို့ ကာရဏူပစာရမ ကြံရတော့ဘဲ “ဝယဓမ္မာနုပဿီဝါ- ဝင်လေထွက်လေတို့၏ ပျက်ခြင်း သဘောကို အဖန်ဖန် ရှုလျက်လည်း”ဟု အနက်ပေးရသောကြောင့် တိုက်ရိုက်မုချအားဖြင့်ပင် ဝင်လေထွက်လေတို့၏ ပျက်ခြင်း သဘောကို ရှုသည်မည်ပါ၏။ ထိုကြောင့် ဋီကာ၌ “ဒုတိယ ဝိကပ္ပဝသေန ဥပစာရေန ဝိနာ အတ္ထော ဝေဒိတဗ္ဗော”ဟု မိန့်သည်။ ၊ ဝယဓမ္မာနုပဿီ-ဟူသော ဤပါဌ်၌။ ဝိနာသဿ၊ အဿာသပဿာသပျက်စီးခြင်း၏။အဟေတုကတ္တေ= အကြောင်းမရှိသည်အဖြစ်သည်။ သတိပိ၊ ရှိပါသော်လည်း။ ယေသံ ဟေတုဓမ္မာနံ၊ အကြင် အဿာသပဿာသ၏ အကြောင်းဖြစ်သော ကရဇကာယအစရှိသော တရားတို့၏။ အဘာဝေ၊ မရှိခြင်းကြောင့်။ ယံ၊ အကြင်အဿာသ ပဿာသသည်။ န ဟောတိ၊ မဖြစ်။ တဒဘာဝေါ၊ ထိုကရဇကာယအစရှိသော အကြောင်း၏ မရှိခြင်းသည်။ တဿ၊ ထိုအဿာသပဿာသ၏။ အဘာဝဿ၊ မရှိခြင်း၏။ ဟေတုဝိယ၊ အကြောင်းကဲ့သို့။ ဝေါဟရီယတိ၊ ခေါ်ဝေါ်အပ်၏။ ဣတိ၊ ထို့ကြောင့်။ ဥပစာရတေ၊ တင်စားသောအားဖြင့် (ကာရဏူပစာရအားဖြင့်) ကရဇကာယာဒိအဘာဝေါ၊ ကရဇကာယအစရှိသည်တို့၏ မဖြစ်ခြင်းကို။ ပဿာသကာယဿ၊ ဝင်လေထွက်လေ ရုပ်အပေါင်း၏။ ဝယကာရဏံ၊ ပျက်စီးခြင်း၏ အကြောင်းဟူ၍။ (အာစရိယေန) ဝုတ္တော= မိန့်ဆိုအပ်ပြီ။
စ၊ ဆက်ဦးအံ့။
ယထာ ပုတ္တ အဓိကဘာဝေနေ၊ ဆိုအပ်ခဲ့ပြီးတိုင်းသော ဝါယောဓာတ်၏ အစွမ်းသတ္တိအားဖြင့် ပိုလွန်သည်အဖြစ်ကြောင့်သာလျှင်။
ဝါယော ဂဟဏံ၊ ဝါယောဓာတ်ကို ယူခြင်းသည် ။
(ဟောတိ) ဝါယောဓာတုယာ ဧဝ၊ ဝါယောဓာတ် တစ်ခုတည်း၏သာလျှင်။
ဇနကဘာဝတော၊ ဝိညတ်ကို ဖြစ်စေတတ်သည်အဖြစ်ကြောင့်။
ဝါယောဂဟဏံ၊ သည်။
န ဟောတိ၊ မဟုတ်။
အညထာ၊ အဓိကဘာဝမှ တပါးသော ။
ဇနကဘာဝ၊ ဟူသော အခြင်းအရာအားဖြင့် ။
(အတ္ထေ၊ အနက်ကို။
ဂယမာနေ၊ ယူအပ်လ သော်)
ဝိညတ္တိယာ၊ ဝိညတ်ရုပ်၏ ။
ဥပါဒါယရူပဘာဝေါ ၁။ ဝိညတ္တိယာ ဥပါဒါယရူပဘာဝေါ ဒုရူပပါဒေါ ။ ။ ဤဋီကာဝါကျသည် အနည်းငယ်အသိခက်၏၊ ထို့ကြောင့် ယခင် ဝါကျများနှင့် ဆက်စပ်၍ အနည်းငယ်ချဲ့ထွင် ရေးဦးအံ့ - ဝါယော ဝိညတ္တိံ ဇနေတိ-ဟူသော စကားအရ ဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေသည်-ဟု စာအရှိအတိုင်း အဓိပ္ပါယ်ယူလျှင် ဝိညတ်ရုပ်၏ တာဝန်ကို ဝါယောဓာတ်က ချည်း ယူထားသလိုဖြစ်နေသောကြောင့် ဝိညတ်ရုပ်မှာ ဘာကိစ္စကိုမျှ မပြီးစီးစေဘဲ အချည်းနှီး အလုပ်လက်မဲ့အနေဖြင့် ဖြစ်ပေါ်လာရာရောက်၏ဟူ၍ ထိုဋီကာဝါကျ၏ အကျဉ်းချုပ်ဆိုလိုရင်း သိရ၏။ အနည်းငယ်ချဲ့၍ ပြရသော် -
လူတစ်ယောက်က သွားချင်စိတ်ဖြစ်လာသောအခါ ထိုသွားချင်စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ဟု အဋ္ဌကထာဆိုရာ၌ ဝါယောဓာတ်တစ်ခုတည်းကိုသာ ဖြစ်စေသည်မဟုတ်၊ ဝါယောဓာတုအဓိကံ ရူပကလာပံ ဥပ္ပါဒေတိ (ဝါယောဓာတ်ပိုမိုလွန်ကဲစွာပါရှိသော စိတ္တဇရုပ် ကလာပ်တစ်ခုလုံးကို ဖြစ်စေ၏။) ထိုဝါယောဓာတ်သည် အတူတကွဖြစ်ဖော်ဖြစ်ဖက် ရုပ်များထက် ပိုလွန်၏။ သို့သော် ယင်းသို့ ပိုလွန်ရာ၌ ဝါယောဓာတ်အရေအတွက် ပမာဏ ပိုလွန်သည်မဟုတ်၊ အစွမ်းသတ္တိပိုမိုလွန်ကဲခြင်းသာဖြစ်၏ယင်းသို့ ဝါယောဓာတ်အစွမ်းသတ္တိ ပိုမိုလွန်ကဲခြင်း ကြောင့် -
(၁) ဘောလုံးထဲ လေတွေသွင်းလိုက်သကဲ့သို့ ဤရုပ်ခန္ဓာကိုယ်ကြီး တောင့်တောင့်တင်းတင်း ဖြစ်လာမှုဟူသော သန္တမ္တန (၂) ဤခန္ဓာကိုယ်ကြီး ပြောအိမသွားအောင် လဲကျမသွားအောင် ဆောင်ထားနိုင်ခြင်းဟူသော သန္ဓာရဏ (၃) လှုပ်လှုပ်ရှားရှားဖြစ်လာခြင်းဟူသော စလန၊ ဤသုံးမျိုးဖြင့် ထူးခြားသော ခန္ဓာကိုယ်ကြီးဖြစ်လာအောင် ဝါယောဓာတ်က ခန္ဓာကိုယ်ကြီးကို ကူညီထောက်ပံ့လိုက်၏။ ထို့ကြောင့် ဝါယောဓာတ်၌ ယင်းသို့ ကူညီထောက်ပံ့နိုင်သော အာကာရ ဝိသေသခေါ် အစွမ်းသတ္တိသုံးမျိုးရှိ၏၊ ယင်းသို့သော အစွမ်းသတ္တိသုံးမျိုးဖြင့် ဖြစ်ပေါ်လာသောဝါယောဓာတ်ကို ရည်ရွယ်၍ “ဝါယော ဝိညတ္တိံ ဇနေတိ”ဟူ၍ အဋ္ဌကထာမိန့်ဆိုခြင်းဖြစ်၏၊ ထို့အပြင် -
“အဓိပ္ပါယသဟဘာဝီ ဟိ ဝိကာရော ဝိညတ္တိ”ဟူသော ဋီကာနှင့် အညီ လူတယောက် သွားနေရာ၌ ထိုလူသွားနေသည်ဟု လူ၏ အတွင်းသဘောဆန္ဒကို သိစေနိုင်သော အမူအရာထူး (ဝိကာရ)သည် ဝိညတ်မည်၏၊ ထိုအမူအရာထူးသည် ဝါယောဓာတ်၌ မရှိပါ၊ ထိုအမူအရာ ဝိကာရ ဝိညတ်ဖြစ်အောင်လည်း ဝါယောဓာတ်မစွမ်းဆောင်ပါ၊ အကယ်၍ ဝါယောဓာတ်သည် ထိုအစွမ်းသတ္တိပိုမိုလွန်ကဲစွာ ဖြစ်ပေါ်လာသည်ဟု အနက်အဓိပ္ပါယ်မယူဘဲ ဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေသည်ဟု စာရှိသည့်အတိုင်း ယူဆပါက အဘယ်အပြစ်ရှိပါသနည်းဟု မေးဖွယ်ရှိသောကြောင့် “အညထာ ဝိညတ္တိယာပ။သိယာ”ဟု ဋီကာမိန့်ဆို၏။
ယင်းသို့ ယူဆပါက လှုပ်ရှားသွားလာနေသော လူတစ်ယောက်၌ သွားလိုသော အလိုဆန္ဒ ဖြစ်နေသည်ဟု သိစေနိုင်သော ပြခဲ့သော အမူအရာသည် ဝိညတ်၌ မရှိ၊ ဝါယောဓာတ်၌သာ ရှိသည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသောကြောင့် ဝိညတ္တိယာ ဥပါဒါယရူပဘာဝေါ ဒုရုပပါဒေါ သိယာ (ဝိညတ်ရုပ်သည် ဥပါဒါရုပ်အဖြစ်ဖြင့် ဖြစ်လာသော်လဲ ဘာကိစ္စကိုမျှ မပြီးစီးစေဘဲ အချည်းနှီးအလုပ်လက်မဲ့ဖြစ်နေသည်ဟု ဆိုဖွယ်အပြစ်ဖြစ်နေလေ၏။
၊ ဥပါဒါယရုပ်၏ အဖြစ်သည်။ ဝါ၊ ဥပါဒါရုပ်ဖြစ်ပေါ်လာမှုသည်။ ဒုရုပပါဒေါ၊ အလိုဆန္ဒကို သိစေခြင်းတည်းဟူသော မိမိကိစ္စပြီးစီးခြင်းမရှိသည်။ ဝါ၊ မိမိကိစ္စကို မပြီးစီးစေသည်။ သိယာ၊ ဖြစ်လေရာ၏။
(၂) စက္ခုဝိညာဏ်စိတ်နှင့် ဖဿ, ဝေဒနာစသော စေတသိက်တို့ အတူတကွ တပြိုင်နက် တအုပ်စုတည်းဖြစ်နေကြခြင်းကြောင့် တစ်ခုတည်းမဟုတ်ပါဘဲ တစ်ခုတည်းတလုံးတခဲတည်း ထင်ရလောက်အောင် ပေါင်းစပ်မိခြင်းသည်သမူဟဃန၊
(၃) ဖဿသည် သံဃဋ္နနလုပ်ငန်းကိစ္စရှိ၍ ဝေဒနာသည် ဖုသနကိစ္စရှိသဖြင့် ယင်းစေတသိက်တို့ လုပ်ငန်းကိစ္စမတူ ကွဲပြားခြားနားမှုရှိသော်လည်း ယင်းကိစ္စ ကွဲပြားခြားနားမှု သည် အလွန် အသိခက်ခြင်းကြောင့် လုပ်ငန်းကိစ္စ အတူတူ တစ်ခုတည်းဟု ထင်ရလောက်အောင် ကိစ္စအားဖြင့် ထိုဖဿစသည်တို့ တလုံးတခဲတည်းကဲ့သို့ ဖြစ်နေခြင်းသည် ကိစ္စဃနမည်၏၊
(၄) ထိုစက္ခုဝိညာဏ်နှင့် တကွ အတူဖြစ်ဖက် ဖဿ ဝေဒနာစသော နာမ်တရားများသည် ရူပါရုံတစ်ခုတည်းကိုသာ အာရုံပြုကြခြင်းကြောင့် ယင်းသို့ အာရုံပြုတူညီမှုကို အကြောင်းပြု၍ ထိုနာမ်တရားများတလုံး တခဲတည်းကဲ့သို့ဖြစ်နေခြင်းသည် အာရမ္မဏဃနမည်၏။ တနည်းအားဖြင့် အာရုံရှိမှသာ ဖြစ်နိုင်ကြ၍ သာရမ္မဏဖြစ်ကြသော ထိုနာမ်တရားတို့သည် အာရုံအမျိုးမျိုးကို အာရုံပြုသဖြင့် အာရုံပြုကွဲပြားမှုရှိနေပါလျက် (မကွဲမပြားသကဲ့သို့) တလုံးတခဲတည်းကဲ့သို့ ဖြစ်နေခြင်းသည်လည်း အာရမ္မယန (ဃနတာ)မည်၏။ သံယုတ်ဋီ၊ (၂၇၁) ဝိသုဒ္ဓိ ဋီ၊ ဒု (၄၃၇) မူလဋီကာဘာသာဋီကာဒု-၅၁၂။ ၊ ကား။ သန္တတိသမူဟကိစ္စဃနာနံ၊ သန္တတိယန, သမူဟဃန, ကိစ္စ ဃနတို့ကို။ ဝါ၊ ရှေ့နောက်စဉ်ကာဆက်ကာဖြစ်နေကြသော ရုပ်နာမ်တရားတို့ အကြား အလပ်မရှိ တဆက်တည်းဖြစ်ကြခြင်းကြောင့် တလုံးတခဲတည်းကဲ့သို့ ဖြစ်နေခြင်း၊ အတူတကွ တအုပ်စုတည်းဖြစ်ကြခြင်းကြောင့် တလုံးတခဲတည်းကဲ့သို့ ဖြစ်နေခြင်း၊ လုပ်ငန်းကိစ္စ မတူကွဲပြားခြားနားသော်လည်း အသိခက်သော ကိစ္စဖြစ်၍ ကိစ္စအားဖြင့် တလုံး တခဲတည်းကဲ့သို့ဖြစ်နေခြင်းတို့ကို။ ဝိနိဗ္ဘုဇ္ဇနံ၊ ခွဲဖျက်ခြင်းကို။ ဝိဝေစနံ၊ ကွဲကွာသွား စေခြင်းကို။ (ကတွာ)။