Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Subhaddaparibbājakavatthuvaṇṇanā

Author: နိဿယ @ IAPT

ကင်္ခါဧဝ၊ ယုံမှားတွေဝေခြင်းသည်သာလျှင်။ ကင်္ခါဓမ္မော၊ ယုံမှား တွေဝေခြင်း သဘောတရားမည်၏။ [ဓမ္မပုဒ်သည် သဘောတရားဟူသော အနက်ကို ဟောသော်လည်း ထိုသဘောတရားဟူသည် တခြားမဟုတ်။ ကင်္ခါပင်ဖြစ်သောကြောင့် ကင်္ခါဓမ္မပုဒ်ကို အဝဓာရဏကမ္မဓာရယသမာသ်တွဲစပ်ရသည်]
ဧကတောဝါတိ၊ ကား။ ဘူမိ၊ လယ်မြေကို။ အဝိဘဇိတွာ၊ မခွဲဝေမူ၍။ သာဓာရဏတောဝ၊ နှစ်ဦးလုံးပိုင်ဆိုင်သော အားဖြင့်သာလျှင်။ (သဿံ အကံသု)
ဗီဇတော စ၊ မျိုးစေ့မှလည်း။ အဂ္ဂံ၊ အဦးအဖျားကို။ ဂဟေတွာ၊ ယူ၍။ အာဟာရံ၊ အာဟာရကို။ သမ္ပါဒေတွာ၊ ပြည့်စုံစေ၍။ ဒါနံ၊ ပေးလှူခြင်းသည်။ ဗီဇဂ္ဂံ၊ ဗီဇဂ္ဂ (မျိုးစေ့ဦး) အလှူဒါနမည်၏။
ဂဗ္ဘကာလေတိ၊ ကား။ ဂဗ္ဘဓာရဏတော၊ စပါးအဖုံး အလုံးကိုဆောင်ရာ အခါမှ။ (ဖုံးတုန်းလုံးတုန်း အခါမှ)။ ပရံ၊ နောက်၌။ ခီရဂ္ဂဟဏကာလေ၊ နို့ရည်ကို ယူရာအခါ၌။ (ဒဿာမ)
တေန၊ ထို့ကြောင့်။ အာဟ၊ အဋ္ဌကထာဆရာ ဖွင့်ဆိုသည်ကား။ ဂဗ္ဘံ ။ပ။ နီဟရိတွာတိ အာဒိ၊ ဂဗ္ဘံ ။ပ။ နီဟရိတွာ-အစရှိသည်တည်း။
ပုထုကကာလေတိ၊ ကား။ သဿာနံ၊ ကောက်စပါးတို့၏။ နာတိပက္ကေ၊ အလွန်မမှည့်သေးရာဖြစ်သော။ ပုထုကယောဂျဖလကာလေ၊ မုန့်ဆန်းအားလျော်သော အသီးဖြစ်ရာ အခါ၌။
(အဒါသိ) လာယနဂ္ဂတ္တိ၊ ကား။ ပက္ကဿ၊ မှည့်ရင့်သော။ သဿဿ၊ ကောက်စပါး၏။ လဝနေ၊ ရိတ်လုခါနီး အချိန်၌။ လဝနာရမ္ဘေ၊ ရိတ်ခြင်းငှာ အားထုတ်ရာအခါ၌။ ဒါနံ၊ အလှူဒါနကို။ အဒါသိ၊ ပေးလှူပြီ။
လုနဿ၊ ရိတ်အပ်ပြီးသော။ သဿဿ၊ ၏။ ဝါ၊ ကောက်ကို။ ဝေဏိဝသေန၊ အထုံးအစည်းအဖြစ်ဖြင့်။ ဗန္ဓိတွာ၊ ထုံး၍။ ဌပနံ၊ ထားခြင်းသည်။ ဝေဏိကရဏံ၊ ကောက်လှိုင်းအထုံး ပြုခြင်းမည်၏။
တဿ၊ ထိုကောက်လှိုင်းထုံးခြင်း စည်းခြင်းကို။ အာရမ္ဘေ၊ အားထုတ်ရာအခါ၌။ ဒါနံ၊ ပေးလှူခြင်းသည်။ ဝေဏဂ္ဂံ၊ ကောက်လှိုင်းထုံးဦး ဒါနမည်၏။
ပန၊ ထိုမှတပါး။ ဝေဏိယော၊ ကောက်လှိုင်းစည်းတို့ကို။ ဧကတော၊ တပေါင်းတည်း တစ်စုတည်း။ ကတွာ၊ ပြု၍။ ရာသိကရဏံ၊ အစုအပုံပြုခြင်းသည်။ ကလာပေါ၊ ကလာပမည်၏။ [ကလာပဿ ကရဏံ ကလာပေါ (အစုအပုံပြုခြင်း) ကရဏပုဒ်ကျေ၏။]
တတ္ထ၊ ထိုကောက်လှိုင်းစီး အပုံပြုရာအခါ၌။ အဂ္ဂဒါနံ၊ အဦးအဖျားပေးလှူခြင်းသည်။ ကလာပဂ္ဂံ၊ ကလာပဂ္ဂမည်၏။
ကလာပတော၊ ကောက်လှိုင်းပုံမှ။ နီဟရိတွာ၊ ထုတ်ဆောင်၍။ မဒ္ဒနေ၊ နင်းနယ်ရာအခါ၌။ အဂ္ဂဒါနံ၊ သည်။ ခလဂ္ဂံ၊ တလင်းအဦး အလှူဒါနမည်၏။ [ခလေ ခလမဒ္ဒနေ၊ တလင်းပေါ်မှ ကောက်လှိုင်းနယ်ရာ အခါ၌။ အဂ္ဂံ အဂ္ဂဒါနံ ခလဂ္ဂံ၊ ဟုကြံ]
မဒ္ဒိတံ၊ နင်းနယ်အပ်ပြီးသော စပါးကို။ ဩဖုဏိတွာ၊ လေထဲလွှင့်၍ လှေ့၍။ ဓညဿ၊ စပါး၏။ ရာသိကရဏေ၊ အစုအပုံ ပြုရာအခါ၌။ အဂ္ဂဒါနံ၊ သည်။ ခလဘဏ္ဍဂ္ဂံ၊ တလင်းပေါ်က စပါးဘဏ္ဍာ၏ အဦးအဖျားပေးလှူခြင်းမည်၏။
ဓညဿ၊ စပါးကို။ ခလတော၊ တလင်းပေါ်မှ။ ကောဋ္ဌော၊ စပါးကျီထဲ၌။ ပက္ခိပနေ၊ ထည့်သွင်းရာအခါ၌။ အဂ္ဂဒါနံ၊ ဦးဦးဖျားဖျားပေးလှူခြင်းသည်။ ကောဋ္ဌဂ္ဂံ၊ ကျီသွင်းဦး အလှူမည်၏။
ဥဒ္ဓရိတွာတိ၊ ကား။ ကောဋ္ဌတော၊ စပါးကျီမှ။ ဥဒ္ဓရိတွာတိ၊ ထုတ်၍။ (အဒါသိ)။
နဝ အဂ္ဂဒါနာနိ အဒါသီတိဣမိနာ၊ နဝ ။ပ။ အဒါသိဟူသော ဤပါဌ်ဖြင့်။ အဟံ၊ ငါသည်။ ကထံ၊ အဘယ်နည်းအဘယ်ပုံအားဖြင့်။ သတ္ထု၊ မြတ်စွာဘုရား၏။ သန္တိကေ၊ အထံတော်၌။ အဂ္ဂတောဝ၊ အဦးအစပဌမပုဂ္ဂိုလ်အဖြစ်အားဖြင့်။ မုစ္စေယျံ၊ ဝဋ်ဒုက္ခမှ လွတ်မြောက်ရပါမည်နည်း။ ဣတိ၊ ဤသို့စဉ်းစားပြီး၍။ အဂ္ဂဂ္ဂဒါနဝသေန၊ အဦးအဖျား, အဦးအဖျား လှူဖွယ်ဝတ္ထုကို ပေးလှူခြင်းအနေဖြင့်။ ဝိဝဋ္ဋူပနိဿယဿ၊ ဝဋ်ဒုက္ခကင်းရာနိဗ္ဗာန်၏ အားကြီးသော မှီရာအကြောင်းရှိသော။ ကုသလဿ၊ ကုသိုလ်ကို။ ကတူပစိတတ္တာစ၊ ပြုအပ်ဆည်းပူးစုဆောင်းအပ်ပြီးသည်၏ အဖြစ်ကြောင့် လည်းကောင်း။ ဉာဏဿ၊ ဉာဏ်၏။ တထာ၊ ထိုဝိဝပနိဿယ ဖြစ်နိုင်လောက်အောင်။ ပရိပါကံ၊ ရင့်ကျက်ခြင်းသို့။ ဂတတ္တာစ၊ ရောက်သည်အဖြစ်ကြောင့်လည်းကောင်း။ အဂ္ဂဓမ္မဒေသနာယ၊ ဦးဦးဖျားဖျားဖြစ်သော ဓမ္မစကြာတရားဒေသနာတော်၏။ တဿ၊ ထိုအရှင်အညာသိကောဏ္ဍညထေရ်၏။ ဝါ၊ ထေရ်သည်။ ဘာဇနဘာဝံ၊ တည်ရာ၏ အဖြစ်ကို။ [အရှင်အညာသိကောဏ္ဍညထေရ်သည် ဓမ္မစကြာတရားတော်၏ တည်ရာဌာနအဖြစ်ကို ဟုစပ်ပါ] (ဘဂဝါ၊ မြတ်စွာဘုရားသည်။) ဒဿေတိ၊ ပြတော်မူ၏။
တေန၊ ထို့ကြောင့်။ အာဟ၊ မြတ်စွာဘုရားဟောတော်မူသည်ကား။ ဣမံ အဂ္ဂဓမ္မံ တဿ ဒေသေဿာမီတိအာဒိ၊ ဣမံ ။ပ။ ဿာမိ အစရှိသည်တည်း။
ဩဟီယိတွာ၊ တွန့်ဆုတ်၍။ သင်္ကောစံ၊ တွန့်ဆုတ်ခြင်းသို့။ အာပဇ္ဇိတွာ၊ ရောက်၍။
အညာတုကာမောဝ၊ သိခြင်းငှာ အလိုရှိသည်သာလျှင်။ (ဟုတွာ ပုစ္ဆိဿတိ) သန္ဒိဋ္ဌိံ၊ မိမိ၏ အယူကို။ န ပရာမာသီ၊ မှားယွင်းသောအားဖြင့် မသုံးသပ်သည်။
(ဟုတွာ) အဗ္ဘညိံသူတိ၊ အဗ္ဘညိံသုဟူသော ပါဌ်၏။ (အတ္ထံ၊ ၌စပ်) သန္ဒေဟဇာတဿ၊ ဖြစ်သော ယုံမှားမှုရှိသော သုဘဒ္ဒပရိဗိုဇ်၏။ ပုစ္ဆာဝစနံ၊ ပုစ္ဆာစကားတည်း။ ဣတိကတွာ၊ ဤသို့နှလုံးသွင်းပိုက်မှု ပြု၍။ ဇာနိံသူတိ၊ သိပါကုန်၏လော ဟူ၍။ အတ္ထံ၊ အနက်ကို။ (အာစရိယော) အာဟ၊ ပြီ။
တေန၊ ထို့ကြောင့်။ ပါဠိယံ၊ ပါဠိတော်၌။ သဗ္ဗေဝ နအဗ္ဘညိံသူတိ၊ ဟူ၍။ (သုဘဒ္ဒေါ ပရိဗ္ဗာဇကော၊ သည်။) အာဟ၊ မေးလျှောက်ပြီ။
နေသန္တိ၊ ကား။ ပုရာဏာဒီနီ၊ ပုရာဏအစရှိသော တိတ္ထိယဆရာကြီးတို့၏။
သာ ပဋိညာတိ၊ ကား။ ကရောတောခေါ မဟာရာဇ ကာရယတောတိအာဒိနာ၊ ကရောတော ခေါ မဟာရာဇ ကာရယတော အစရှိသည်ဖြင့်။ ပဋိညာ၊ ဝန်ခံခြင်းသည်။ [ပဋိညာတာ၊ ဟုပါဌ်ရှိနေလေ၏] ဝါ၊ တနည်းကား။ (သာ ပဋိညာတိ၊ ကား။) သဗ္ဗညုပဋိညာဧဝ၊ သဗ္ဗညုဟု ဝန်ခံခြင်းသည်သာလျှင်။ (နိယျာနိကာ သစေ ဟောတိ)
နိယျာနိကာတိ၊ ကား။ သပ္ပါဋိဟာရိယာ၊ ဆန့်ကျင်ဘက် အယူဝါဒတို့ကို ပယ်ရှား၍ မိမိအယူဝါဒ တည်မြဲအောင် ဟောပြောနိုင်ခြင်းဟူသော အစွမ်းတန်ခိုးနှင့် တကွဖြစ်သည်။ (သစေ ဟောတိ၊ အံ့။) [ယခင်မာရယာစနကထာအဖွင့်ဋီကာ (နှာ၊ ၁၅၂) ကို နည်းမှီးအနက်ပေးသည်] ဝါ၊ တနည်းကား။ တေသံ၊ ထိုပုရာဏအစရှိသော တိတ္ထိယဆရာတို့၏။ သိဒ္ဓန္တသင်္ခါတာ၊ အယူဝါဒနှင့် သက်ဆိုင်သည်ဟု ဆိုအပ်သော။ [ဒဿနံ ဒိဋ္ဌိ လဒ္ဓိတ္ထီ သိဒ္ဓန္တော သမယော ဘဝေ- ဟူသော အဘိဓာန်ဂါထာ- ၁၆၁- ကို နည်းမှီးသည်။] ဝဋ္ဋတော၊ ဝဋ်ဒုက္ခမှ။ နိဿရနဋ္ဌေန၊ ထွက်မြောက်ကြောင်း၏ အဖြစ်ဟူသော အနက်ကြောင့်။ နိယျာနိကာ၊ ဝဋ်ဒုက္ခမှ ထုတ်ဆောင်သည်။ (သစေ ဟောတိ၊ အံ့။) ဣတိ၊ ဤကားအနက်တည်း။
သာသနဿ၊ အဆုံးအမတရား၏။ သမ္ပတ္တိယာ၊ ပြည့်စုံခြင်းကြောင့်။ တေသံ၊ ထိုပုရာဏအစရှိသော ဆရာကြီးတို့၏။ ဝါ၊ တို့သည်။ သဗ္ဗညုတံ၊ သဗ္ဗညုတို့၏ အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။ ဣတိ စ၊ ဤသို့လည်းကောင်း။ တဗ္ဗိပရိယာယတော၊ အဆုံးအမတရား၏ သမ္ပတ္တိဖြစ်ခြင်းမှ ပြောင်းပြန်ဖြစ်သော သမ္ပတ္တိမဖြစ်ခြင်းကြောင့်။ (တေသံ၊ တို့၏။ ဝါ၊ တို့သည်။) အသဗ္ဗညုတံ၊ သဗ္ဗညုမဟုတ်ကုန်သည် အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။ ဣတိစ၊ လည်းကောင်း။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
တေန၊ ထို့ကြောင့်။ အာဟ၊ ကား။ တသ္မာတိအာဒိ၊ တသ္မာ စအရှိသည်တည်း။
အတ္ထာဘာဝတောတိ၊ ကား။ သုဘဒ္ဒဿ၊ သုဘဒ္ဒပရိဗိုဇ်၏။ သာဓေတဗ္ဗ အတ္ထာဘာဝတော၊ ပြီးစီးစေဖွယ်ရာ အကျိုးမရှိသည် အဖြစ်ကြောင့်။
ဩကာသာဘာဝတောတိ၊ ကား။ တထာ၊ ထိုပုရာဏအစရှိသော သမဏဗြာဟ္မဏတို့ ပဋိညာ၏ နိယျာနိက မဟုတ်သည်အဖြစ်ကို ဖြေဆိုခြင်းအားဖြင့်။ ဝိတ္ထာရိတံ၊ အကျယ်ချဲ့ အပ်သည်ကို။ ကတွာ၊ ပြု၍။ ဓမ္မံ၊ တရားကို။ ဒေသေတုံ၊ ဟောခြင်းငှာ။ အဝသရာဘာဝတော၊ အခွင့်ချိန်ခါ မရှိသည်အဖြစ်ကြောင့်။ (အလန္တိ ပဋိက္ခိပိတွာ၊ ၍။)
ဣဒါနိ၊ သုဘဒ္ဒ၏ မွေးခွန်းကို ဖြေဆိုမပြု ပယ်ရှားမှု ပြုခြင်း၏ အကြောင်းကို ပြပြီးရာ ယခုအခါ၌။ တမေဝ ဩကာသာဘာဝံ၊ ထိုအခွင့်ချိန်ခါ မရှိခြင်းကိုပင်လျှင်။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ ပဌမယာမသ္မိံန္တိအာဒိ၊ ပဌမယာမသ္မိံ အစရှိသော စကားရပ်ကို။ (အာစရိယေန) ဝုတ္တံ၊ ဖွင့်ဆိုတော်မူအပ်ပြီ။
သမဏဘာဝကရာနံ၊ ကိလေသာတို့ကို ငြိမ်းစေတတ်သူ၏ အဖြစ်ကို ပြုတတ်ကုန်သော။ ယေသံဓမ္မာနံ၊ အကြင်တရားတို့ကို။ သမ္ပါဒနေန၊ ပြည့်စုံစေခြင်းကြောင့်။ သမဏော၊ ကိလေသာတို့ကို ငြိမ်းစေတတ်သော ပုဂ္ဂိုလ်မည်သည်။ (ဟောတိ၊ ဖြစ်၏။) တေ (ဓမ္မာ) ပန၊ ထိုကိလေသာတို့ကို ငြိမ်းစေတတ်သောသူ၏ အဖြစ်ကို ပြုတတ်သော တရားတို့သည်ကား။ ဥက္ကဋ္ဌနိဒ္ဒေသေန၊ အမြတ်ဆုံးတရားကို ညွှန်ပြခြင်းအားဖြင့်။ အရိယမဂ္ဂဓမ္မာ၊ အရိယမဂ်တရားတို့တည်း။ ဣတိ၊ ဤသို့အားဖြင့်။ စတုမဂ္ဂသံသိဒ္ဓိယာ၊ လေးပါးသော အရိယမဂ်တရားတို့ ပြီးစီးရရှိခြင်း အနက်သဘောကြောင့်။ ပါဠိယံ၊ ပါဠိတော်၌။ စတ္တာရော၊ လေးဦးကုန်သော။ သမဏာ၊ သမဏမည်သော ပုဂ္ဂိုလ်တို့ကို။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ ဣတိ၊ ဤသို့ဟောတော်မူအပ်ကုန်သော။ တေ၊ ထိုလေးပါးသော သမဏမည်သော ပုဂ္ဂိုလ်တို့သည်။ ဗာဟိရသမယေ၊ မြတ်စွာဘုရား သာသနာတော်၏ အပြင်အပ အယူဝါဒ၌။ သဗ္ဗေန၊ အားလုံးစုံသော အခြင်းအရာအားဖြင့်။ သဗ္ဗံ၊ အားလုံးစုံ။ (တနည်း) သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း လုံးဝဥဿုံ။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤအနက်ကို။ ဒဿေန္တော၊ ပြတော်မူလိုသည် အဖြစ်ကြောင့်။ ပဌမော သောတာပန္နသမဏောတိအာဒိံ၊ ပဌမော သောတာပန္နသမဏော အစရှိသော စကားရပ်ကို။ (အာစရိယော) အာဟ၊ ပြီ။
ပုရိမဒေသနာယာတိ၊ ကား။ ယသ္မိံ စ ခေါ သုဘဒ္ဒ ဓမ္မဝိနယေတိအာဒိနာ၊ ယသ္မိံ ။ပ။ ဝိနယေ အစရှိသည်ဖြင့်။ ဝုတ္တာယ၊ ဟောတော်မူအပ်သော။ ဒေသနာယ၊ ဒေသနာတော်ဖြင့်။
ဗျတိရေကတောစဗျတိရေကတော ။ပ။ ပဌမသမဏော ။ ဤဝါကျ၌ “ပဌမနယော” ဟုပါဌ်ရှိနေ၏။ သို့သော် ပဌမနည်း ဒုတိယနည်းစသည်ဖြင့် ဖွင့်ပြထားသည်ကို မတွေ့ရပါ။ ပါဠိတော်၌ “ပဌမသမဏ, ဒုတိယသမဏ” စသည်ဟောထားသောကြောင့် နဂိုမူလက “ပဌမသမဏော”ဟု ရှိရာမှ “ပဌမနယော” ပါဠိပျက်သွားဟန် တူပါ၏။ ပါဠိတော်၌ “ပဌမသမဏ” စသည်ဖြင့် သမဏလေးမျိုးဟောတော်မူပြီး အဋ္ဌကထာ၌ သမဏ(၁၂)မျိုး ဖွင့်ပြထား၏။ မဂ္ဂဋ္ဌသမဏခေါ်မဂ်၌ တည်သော သမဏလေးပါး။ ဖလဋ္ဌသမဏခေါ်ဖိုလ်၌ တည်သော သမဏလေးပါးတို့အပြင် မဂ်မရမီ ဝိပဿနာအားထုတ်သော အာရဒ္ဓဝိပဿက သမဏလည်း ရှိသေး၏။ မဂ္ဂဋ္ဌသမဏလေးပါးရှိသည်နှင့် လျော်စွာ မဂ်မရမီက အာရဒ္ဓဝိပဿက သမဏလည်း လေးမျိုးရှိသောကြောင့် သမဏ (၁၂)ပါး ရှိခြင်းဖြစ်သည်။
ထို့ပြင် ဋီကာ၌ “ဗျတိရေကတော အနွယတော”ဟု ဆိုရာ၌ ဤဗုဒ္ဓမြတ်စွာ သာသနာတော်၌သာ သမဏလေးပါး၊ ၁၂-ပါးရှိသည်ကို အနွယဟု ဆိုလို၍ သာသနာပ တိတ္ထိယတို့ ပရပ္ပဝါဒ၌ ထိုသမဏများ ဆိတ်သုဉ်းသည်ကို ဗျတိရေကဟုဆိုလို၏။
တဖန် ဤနေရာ ဋီကာ၏ တဆက်တည်းသော နောက်စာကြောင်း၌ “ဗာဟိရကသမယေ ဝိပဿနာရမ္ဘဿ ဂန္ထောပိ နတ္ထေဝ”ဟူ၍ ကျမ်းဂန်အနက်ဟော “ဂန္ထ”ပုဒ်ဖြင့် ရှိနေရာ၌ ခရီးလမ်းစဉ်အနက်ဟော “ပန္ထ” ပုဒ်ဖြင့် ပြင်၍ အနက်ပေးလိုက်ပါ၏။ မဟာသတိပဋ္ဌာနသုတ်၌ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”ဟူ၍ မဂ္ဂပုဒ်ဖြင့် ဟောတော်မူရာဝယ် ထိုမဂ္ဂပုဒ်နှင့် အနက်တူ “ပန္ထ”ပုဒ်ကို အဋ္ဌကထာပြထားသည်နှင့် လျော်ညီစွာ ပြင်လိုက်ခြင်းဖြစ်၏။
၊ ပြောင်းပြန်ဆန့်ကျင်ဘက် အနက်အားဖြင့်လည်းကောင်း။ အနွယတောစ၊ အလျော်အနက် အားဖြင့် လည်းကောင်း။ အဓိပ္ပေတော၊ အလိုရှိအပ်သော။ အတ္ထော၊ အနက်ကို။ ဝိဘာဝီယတိ၊ ထင်ရှားပြအပ်၏။ ဣတိ၊ ထို့ကြောင့်။ ဧတ္ထ၊ ဤသမဏတို့တွင်။ ပဌမသမဏောပိဗျတိရေကတော ။ပ။ ပဌမသမဏော ။ ဤဝါကျ၌ “ပဌမနယော” ဟုပါဌ်ရှိနေ၏။ သို့သော် ပဌမနည်း ဒုတိယနည်းစသည်ဖြင့် ဖွင့်ပြထားသည်ကို မတွေ့ရပါ။ ပါဠိတော်၌ “ပဌမသမဏ, ဒုတိယသမဏ” စသည်ဟောထားသောကြောင့် နဂိုမူလက “ပဌမသမဏော”ဟု ရှိရာမှ “ပဌမနယော” ပါဠိပျက်သွားဟန် တူပါ၏။ ပါဠိတော်၌ “ပဌမသမဏ” စသည်ဖြင့် သမဏလေးမျိုးဟောတော်မူပြီး အဋ္ဌကထာ၌ သမဏ(၁၂)မျိုး ဖွင့်ပြထား၏။ မဂ္ဂဋ္ဌသမဏခေါ်မဂ်၌ တည်သော သမဏလေးပါး။ ဖလဋ္ဌသမဏခေါ်ဖိုလ်၌ တည်သော သမဏလေးပါးတို့အပြင် မဂ်မရမီ ဝိပဿနာအားထုတ်သော အာရဒ္ဓဝိပဿက သမဏလည်း ရှိသေး၏။ မဂ္ဂဋ္ဌသမဏလေးပါးရှိသည်နှင့် လျော်စွာ မဂ်မရမီက အာရဒ္ဓဝိပဿက သမဏလည်း လေးမျိုးရှိသောကြောင့် သမဏ (၁၂)ပါး ရှိခြင်းဖြစ်သည်။
ထို့ပြင် ဋီကာ၌ “ဗျတိရေကတော အနွယတော”ဟု ဆိုရာ၌ ဤဗုဒ္ဓမြတ်စွာ သာသနာတော်၌သာ သမဏလေးပါး၊ ၁၂-ပါးရှိသည်ကို အနွယဟု ဆိုလို၍ သာသနာပ တိတ္ထိယတို့ ပရပ္ပဝါဒ၌ ထိုသမဏများ ဆိတ်သုဉ်းသည်ကို ဗျတိရေကဟုဆိုလို၏။
တဖန် ဤနေရာ ဋီကာ၏ တဆက်တည်းသော နောက်စာကြောင်း၌ “ဗာဟိရကသမယေ ဝိပဿနာရမ္ဘဿ ဂန္ထောပိ နတ္ထေဝ”ဟူ၍ ကျမ်းဂန်အနက်ဟော “ဂန္ထ”ပုဒ်ဖြင့် ရှိနေရာ၌ ခရီးလမ်းစဉ်အနက်ဟော “ပန္ထ” ပုဒ်ဖြင့် ပြင်၍ အနက်ပေးလိုက်ပါ၏။ မဟာသတိပဋ္ဌာနသုတ်၌ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”ဟူ၍ မဂ္ဂပုဒ်ဖြင့် ဟောတော်မူရာဝယ် ထိုမဂ္ဂပုဒ်နှင့် အနက်တူ “ပန္ထ”ပုဒ်ကို အဋ္ဌကထာပြထားသည်နှင့် လျော်ညီစွာ ပြင်လိုက်ခြင်းဖြစ်၏။
၊ ပဌမသမဏကိုလည်း။ ပုရိမဒေသနာယာတိပဒေန၊ ပုရိမဒေသနာယဟူသော ပုဒ်ဖြင့်။ သင်္ဂဟိတောဝ၊ သွင်းယူအပ်သည်သာ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
အတ္တနော၊ ကိုယ်တော်၏။ သာသနံ၊ အဆုံးအမတရား ဒေသနာ သာသနာတော်ကို။ နိယမန္တော၊ သတ်မှတ်တော်မူလိုသည်။ (ဤသာသနာတော်၌သာ သောတာပန် သမဏစသည်ကို ရနိုင်သည်ဟုသတ်မှတ် ညွှန်ပြလိုသည်။ ဟုတွာ၊ ဖြစ်၍။) ဣမသ္မိံ ခေါတိ၊ ဣမသ္မိံခေါဟူ၍။ (ဘဂဝါ၊ မြတ်စွာဘုရားသည်။) အာဟ၊ ဟောတော်မူပြီ။ ဣတိ၊ ဤသို့။ ယောဇနာ၊ ပါဠိတော်ကို အနက်ယှဉ်စပ်ခြင်းကို။ (ကာတဗ္ဗာ၊ ပြုရမည်။)
အာရဒ္ဓဝိပဿကေဟီတိ၊ ကား။ (ပရပ္ပဝါဒါ၊ ဤသာသနာတော်မှ အပြင်အပတိတ္ထိယ တို့၏ အယူဝါဒတို့သည်။) သမာဓိကမ္မိကဝိပဿကေဟိ၊ သမ္မာဓိလုပ်ငန်းနှင့် ယှဉ်သော ဝိပဿနာ ရှုသော ပုဂ္ဂိုလ်တို့မှလည်းကောင်း။ (သုညာ၊ ဆိတ်သုဉ်းကုန်၏။) (ဧတံ၊ ဤအာရဒ္ဓဝိပဿကေဟိ-ဟူသော စကားကို။) သိခါပ္ပတ္တဝိပဿကေ၊ အထွတ် အထိတ်သို့ရောက်သော ဝိပဿနာရှုသော ပုဂ္ဂိုလ်တို့ကို။ သန္ဓာယ၊ ရည်ရွယ်၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ ပြီ။ ပဋ္ဌပိတဝိပဿနေ၊ လက်ဦးပဌမစ၍ ဖြစ်စေအပ်သော ဝိပဿနာရှိသော ပုဂ္ဂိုလ်တို့ကို။ (သန္ဓာယ၊ ၍။) န ဝုတ္တံ၊ မိန့်ဆိုအပ်သည်မဟုတ်။
ပန၊ ဝါဒတမျိုးကား။ ဗာဟိရကသမယေ၊ ဗုဒ္ဓသာသနာတော်၏ အပြင်အပ တိတ္ထိယတို့၏ အယူဝါဒ၌။ ဝိပဿနာရဗ္ဘဿ၊ ဝိပဿနာအားထုတ်ခြင်း၏။ ပန္ထောပိ၊ အကျင့်လမ်းစဉ် သည်သော်မှပင်။ နတ္ထေဝ၊ မရှိသည်သာတည်း။ ဣတိ၊ ထို့ကြောင့်။ ဧတံ၊ ဤအာရဒ္ဓဝိပဿကေဟိ- ဟူသော စကားသည်။ အဝိသေသဝစနံ၊ သိခါပ္ပတ္တဝိပဿက ပုဂ္ဂိုလ်ဟူ၍ အထူးဆိုလိုသည်မဟုတ်ဘဲ ဝိပဿနာအားထုတ်သူ အားလုံးကို ပြဆိုကြောင်း စကားတည်း။ ဣတိ၊ ဤသို့။ အပရေ၊ တပါးသော ဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။
အဓိဂတဋ္ဌာနန္တိ၊ ကား။ အဓိဂတဿ၊ မိမိရအပ်ပြီးသော သောတာပတ္တိမဂ်၏။ ကာရဏံ၊ အကြောင်းဖြစ်သော အကျင့်ကို။ တဒတ္ထံ၊ ထိုသောတာပတ္တိမဂ် အကျိုးငှာ။ ပုဗ္ဗဘာဂပဋိပဒံ၊ ရှေ့အဖို့၌ဖြစ်သော အကျင့်လမ်းစဉ်ကို။ (အညဿ၊ အခြားသော သူအား။ ကထေတွာ) ဣတိ၊ ဤကား။ အတ္ထော၊ အနက်တည်း။ ယေန၊ အကြင်သောတာပန်ပုဂ္ဂိုလ်သည်။ (အကြင် သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် သည်။) သောတာပတ္တိမဂ္ဂေါ၊ သောတာပတ္တိမဂ်ကို။ အဓိဂတော၊ ရအပ်ပြီးပြီ။ ဥပရိမဂ္ဂေါ၊ အထက်မဂ်ကို။ န အဓိဂတော၊ မရအပ်သေး။ သော၊ ထိုသောတာ ပတ္တိမဂ်ကိုသာ ရပြီး၍ အထက်မဂ်ကို မရသေးသော ထိုသောတာပန်ပုဂ္ဂိုလ်သည်။ တဿ၊ ထိုမိမိရအပ်ပြီးသော သောတာပတ္တိမဂ်၏။ အကုပ္ပဓမ္မတာယ၊ ဆန့်ကျင်ဘက် ကိလေသာတို့ကြောင့် ပျက်စီးခြင်းသဘောမရှိသည် အဖြစ်ဖြင့်။ သောတာပတ္တိမဂ္ဂေ၊ သောတာပတ္တိမဂ်၌။ ဌိတော၊ တည်သောပုဂ္ဂိုလ်မည်၏။ ဣတိ၊ ထို့ကြောင့်။ (ထိုသို့ပျက်စီးခြင်း သဘောမရှိသည် အဖြစ်ဖြင့် သောတာပတ္တိမဂ်၌ တည်သော ပုဂ္ဂိုလ်မည်သည် အဖြစ်ကြောင့်။) သောတာပန္နော၊ သောတာပန်ပုဂ္ဂိုလ်သည်။ (သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်သည်။) သောတာပတ္တိမဂ္ဂဋ္ဌော၊ သောတာပတ္တိမဂ်ဋ္ဌမည်၏။ (သောတာပန် သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်ဖြစ်နေပါလျက် သောတာပတ္တိမဂ်၌ တည်သူမည်၏)။ ဝါ၊ တစ်နည်းကား။ (သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်။) သိဒ္ဓိတော၊ သောတာ ပတ္တိမဂ်၏ အပြီးအစီး ဖြစ်ပြီးခြင်းကြောင့်။ ဘူတပုဗ္ဗဂတိယာ၊ ဘူတပုဗ္ဗဂတိနည်းအားဖြင့်။ (ဖြစ်ဖူးသော သောတာပတ္တိမဂ်၏ ဖြစ်ပုံဖြစ်နည်းအားဖြင့်။) တတ္ထ၊ ထိုသောတာပတ္တိမဂ်၌။ ဌိတပုဗ္ဗော၊ တည်ဖူးသည်။ (ဟောတိ) ဣတိ၊ ထိုသို့အပြီးအစီး ဖြစ်ပြီးခြင်းကြောင့် ဘူတပုဗ္ဗဂတိကနည်းအားဖြင့် သောတာပတ္တိမဂ်၌ တည်ဖူးသည်အဖြစ်ကြောင့်။ သောတာပန္နော၊ သည်။ သောတာပတ္တိမဂ္ဂဋ္ဌော၊ မည်၏။ သေသအရိယာ၊ သောတာပန်မှ ကြွင်းသော အရိယာပုဂ္ဂိုလ်တို့သည်။ န သောတာပတ္တိမဂ္ဂဋ္ဌာ၊ သောတာပတ္တိမဂ္ဂဋ္ဌမည်သူ မဟုတ်ကုန်။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။ သေသအရိယာနံ၊ တို့၏။ ဝါ၊ တို့သည်။) ဘူမန္တရုပ္ပတ္တိတော၊ သောတာပန်အဆင့်မှ တစ်ပါးသော သကဒါမ်ပုဂ္ဂိုလ် အဆင့်အစရှိ သော ဘုံအဆင့်သို့ ရောက်ကုန်သည် အဖြစ်ကြောင့်တည်း။
ဟိ၊ သောတာပန်ပုဂ္ဂိုလ်က သာလျှင် အခြားသော သူကို သောတာပတ္တိမဂ္ဂ ပုဂ္ဂိုလ်ဖြစ်အောင် ပြုနိုင်သည်မှန်၏။ သောတာပန္နော၊ သည်။ အတ္တနာ၊ မိမိကိုယ်တိုင်။ အဓိဂတဋ္ဌာနံ၊ ရောက်အပ် ရအပ်ပြီးသော နေရာဌာနဖြစ်သော။ သောတာပတ္တိမဂ္ဂံ၊ သောတာပတ္တိမဂ်ကို။ အညဿ၊ အခြား ပုဂ္ဂိုလ်အား။ ကထေတွာ၊ ပုဗ္ဗဘာဂပဋိပဒါကျင့်စဉ်ကို ပြောဟောခြင်းဖြင့် ပြောဟော၍။ သောတာပတ္တိမဂ္ဂဋ္ဌံ၊ သောတာပတ္တိမဂ်၌ တည်သူဖြစ်အောင်။ ကရေယျ၊ ပြုနိုင်၏။ အဋ္ဌမကော၊ ရှစ်ယောက်မြောက် သောတာပတ္တိမဂ်ပုဂ္ဂိုလ်သည်။ (သောတာပတ္တိမဂ္ဂဋ္ဌံ၊ အောင်။) န ကရေယျ၊ မပြုနိုင်။ (ကသ္မာ၊ နည်း။) အသမ္ဘဝတော၊ မဟာပရိနိဗ္ဗာန မဖြစ်နိုင်သည် အဖြစ်ကြောင့်တည်း။ (ဧကစိတ္တက္ခဏိကဖြစ်သော မဂ်ပုဂ္ဂိုလ်အနေအားဖြင့် အခြားသူကို မဂ္ဂဋ္ဌပုဂ္ဂိုလ်ဖြစ်အောင် ပြုခြင်းကိစ္စ၏ မဖြစ်နိုင်ခြင်းကြောင့်တည်း)။
ဧသနယော သေသမဂ္ဂဋ္ဌေသူတိဧတ္ထာပိ၊ ဧသနယော သေသမဂ္ဂဋ္ဌေသု ဟူသောပါဌ်၌လည်း။ ဣမိနာဝ နယေန၊ ဤသောတာပတ္တိမဂ္ဂ၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။ အတ္ထော၊ အနက်ကို။ ဝေဒိတဗ္ဗော၊ သိသင့်၏။
ပဂုဏံ ကမ္မဋ္ဌာနန္တိ၊ ပဂုဏံ ကမ္မဋ္ဌာနဟူသည်ကား။ အတ္တနော၊ မိမိ၏။ ပဂုဏံ၊ ကျေညက်စွာ လေ့လာပွားများ စေအပ်ပြီးသော။ ဝိပဿနာကမ္မဋ္ဌာနံ၊ ဝိပဿနာကမ္မဋ္ဌာန်းကို။ (ကထေတွာ၊ ၍။) ဧတေနေဝ၊ ဤပဂုဏံ ကမ္မဋ္ဌာနံဟူသော စကားဖြင့်ပင်လျှင်။ အဝိသေသဝစနန္တိ၊ အာရဒ္ဓဝိပဿကေဟိဟူသော စကားသည် အဝိသေသ ဝစနဖြစ်သည်ဟူသော။ ဝါဒေါ၊ ဝါဒကို။ (အာစရိယေန၊ သည်။) ပဋိက္ခိတ္တော၊ ပယ်မြစ်အပ်ပြီ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗော၊ ၏။ (ကိံ ကုသလန္တိ၊ ကံ ကုသလံဟူသော ပါဌ်ဖြင့်။)
သဗ္ဗညုတညာဏံ၊ သဗ္ဗညုတာဉာဏ်ကို။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။
ကသ္မာ၊ အဘယ့်ကြောင့်။ သဗ္ဗညုတညာဏံ၊ ကို။ အဓိပ္ပေတံ၊ အလိုရှိအပ်သနည်း။) ဟိ (ယသ္မာ)၊ အကျင့်ကြောင့်။ တံ၊ ထိုသဗ္ဗညုတာဉာဏ်တော် သည်။ ဝါ၊ ကို။ သဗ္ဗဉေယျဓမ္မာ-ဝဗောဓနေ၊ အားလုံးသော သိဖွယ်တရားတို့ကို ထိုးထွင်းသိခြင်း၌။ ကုသလံ ဆေကံ၊ ကျွမ်းကျင်၏။ နိပုဏံ၊ ကျွမ်းကျင်သိမ်မွေ့၏။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။ တတ္ထ၊ ထိုသိဖွယ်တရား အားလုံးကို သိခြင်းကိစ္စ၌။ အသင်္ဂအပ္ပဋိဟတံ၊ ငြိကပ်ရပ်တန့်မှု မရှိ အတားအဆီးမရှိဘဲ။ ပဝတ္တတိ၊ ဖြစ်၏။ ဣတိကတွာ၊ ဤအကြောင်းကြောင့်။ (သဗ္ဗညုတညာဏံ၊ ကို။ အဓိပ္ပေတံ၊ ၏)။
ဧကေန၊ တစ်ခုသော။ ဝဿေန၊ နှစ်ဖြင့်။ သမဓိကာနိ၊ ပိုလွန်ကုန်သော။ (ပညာသဝဿာနိ၊ နှစ်ငါးဆယ်တို့သည်။ ဟောန္တိ) [အဓိကာနိ ပုဒ်သည် ပါဠိတော်မှ “ပညာသ ဝဿာနိ”နှင့် တုလျာဓိကရဏဖြစ်သောကြောင့် သမဓိကာနိ၌ “သဟ” မှ ဟကျေသော “သ”ဟု ဆိုဖွယ်မလိုပါ။ နိဂ္ဂဟိတ်နှင့် တကွသော “သံ” ဥပသာရ အနက်မဲ့ဟုဆိုသင့်ပါ၏]
ဧတေန၊ ဤတရားဖြင့်။ စတုသစ္စဓမ္မံ၊ သစ္စာလေးပါးတရားကို။ ယာထာဝတော၊ မှန်ကန်သောအားဖြင့်။ ဉာယန္တိ ပဋိဝိဇ္ဈန္တိ၊ ထိုးထွင်းသိကုန်၏။ ဣတိ၊ ထိုသို့သစ္စလေးပါးတရားကို ဟုတ်မှန်စွာ ထိုးထွင်းသိကြောင်း၏ အဖြစ်ကြောင့်။ လောကုတ္တရမဂ္ဂေါ၊ လောကုတ္တရမဂ်ဖြစ်သော။ (သော၊ ထိုတရားသည်။) ဉာယော၊ ဉာယမည်၏။ ဣတိ၊ ဤအနက်ကို ပြလိုသည် အဖြစ်ကြောင့်။ အရိယမဂ္ဂဓမ္မဿာတိ၊ အရိယမဂ္ဂဓမ္မဿဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဧတေန၊ ဤတရားဖြင့်။ အရိယမဂ္ဂေါ၊ အရိယမဂ်ကို။ ပစ္စက္ခတော၊ မျက်မှောက်တိုက်ရိုက်အားဖြင့်။ ပဒိဿတိ ဒိဿတိ၊ တွေ့မြင်အပ်၏။ ဣတိ၊ ထိုသို့အရိယမဂ်ကို မျက်မှောက်တိုက်ရိုက် တွေ့မြင်အပ်ကြောင်း တရား၏ အဖြစ်ကြောင့်။ ဝိပဿနာ၊ ဝိပဿနာမည်သော။ (သော၊ ထိုတရားသည်။) ပဒေသော၊ ပဒေသမည်၏။ ဣတိ၊ ထို့ကြောင့်။ ပဒေသေ ဝိပဿနာမဂ္ဂေတိ၊ ဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
သမဏောပီတိဧတ္ထာ၊ သမဏောပိ- ဟူသော ဤပါဌ်၌။ ပိသဒ္ဒေါ၊ ပိသဒ္ဒါကို။ ပဒေသဝတ္တီတိဧတ္ထောပိ၊ ပဒေသဝတ္တီဟူသော ဤပုဒ်၌လည်း။ အာနေတွာ၊ ဆောင်ယူ၍။ သမ္ဗန္တိတဗ္ဗော၊ စပ်ရမည်။ ဣတိ၊ ကြောင့်။ ပဒေသဝတ္တီ ။ပ။ ဟောတီတိ၊ ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
သောတိ၊ သောဟူသည်ကား။ တထာဝုတ္တော၊ ထိုသို့ပုဂ္ဂိုလ် တစ်ဦးဦးကို ရဟန်းပြုပေးရန်, ဆုံးမဩဝါဒပေးရန် ဆရာထံမှ တာဝန်ပေးမှုကို လက်ခံရရှိသော တပည့်ဟူ၍ ဆိုအပ်သော။ အန္တေဝါသီ၊ အနီးနေတပည့်သည်။
တေနာတိ၊ ကား။ အာစရိယေန၊ ဆရာသည်။
အတ္တနော၊ မိမိ၏။ ဌာနေ၊ အရာဌာန၌။ ဌပိတော၊ အထားခံရသည်။ ဟောတိ၊ ၏။ (ကသ္မာ၊ နည်း။) ပရပဗ္ဗဇနာဒီသု၊ (ဆရာက တာဝန်ပေးခြင်းကြောင့်) သူတပါးကို ရဟန်းပြုပေးရခြင်း အစရှိသော ကိစ္စတို့၌။ နိယုတ္တတ္တာ၊ ယှဉ်သည်အဖြစ်ကြောင့်တည်း။ ဝါ၊ တာဝန်ယူဆောင်ရွက်ရသည် အဖြစ်ကြောင့်တည်း။
သက္ခိသာဝကောတိ၊ ကား။ ပစ္စက္ခသာဝကော၊ မျက်မှောက် တပည့်သည်။ သမ္ဗုခသာဝကော၊ မျက်မြင်ဒိဋ္ဌတပည့်သည်။ (အဟောသိ) ဣတိအတ္ထော၊ အနက်တည်း။
ဘဂဝတိ ဓရမာနေတိ၊ ကား။ ဓရမာနဿ၊ သက်တော်ထင်ရှားရှိနေသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သန္တိကေ၊ အနီးရှေ့တော်မှောက်၌။
(ပဗ္ဗဇိတွာ) သေသဒွယေပိ၊ ကြွင်းသော ဓရမာနေယေဝ ဘဂဝတိ ဟူသော ပုဒ်နှစ်ပါး အပေါင်း၌လည်း။ ဧသေဝနယော၊ ဤနည်းပင်တည်း။
သဗ္ဗောပိ သောတိ၊ ကား။ သဗ္ဗော၊ အားလုံးသော။ တိဝိဓောပိ၊ သုံးမျိုးအပြား ရှိသည်လည်း ဖြစ်သော။ [တိဝိဓ သရုပ်ကို အဋ္ဌကထာ၌ကြည့်] သော၊ ထိုပုဂ္ဂိုလ်သည်။ (ပစ္ဆိမော၊ သော။ သက္ခိသာဝကော၊ တည်း။)
အယံ ပန၊ ဤသုဘဒ္ဒသည်ကား။ (ဘဂဝတိ၊ မြတ်စွာဘုရားသည်။ ဓရမာနေယေဝ၊ သက်တော် ထင်ထင် တည်ရှိစဉ်မှာပင်။) အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပတ္တော၊ ရောက်ပြီ။ တသ္မာ၊ ထို့ကြောင့်။ ပရိပုဏ္ဏဂတာယ၊ ပြည့်စုံစွာရောက်ခြင်းအားဖြင့်။ (မြတ်စွာဘုရားသက်တော် ထင်ရှားရှိစဉ်မှာပင် ရှင်အဖြစ်ရောက်ခြင်း, ရဟန်းအဖြစ်ရောက်ခြင်း, ကမ္မဋ္ဌာန်းကို ယူ၍ အရဟတ္တဖိုလ်သို့ ရောက်ခြင်းအားဖြင့် သုံးမျိုး အပြည့်အစုံရောက်ခြင်းအားဖြင့်။) မတ္ထကပ္ပတ္တော၊ အထွတ်အထိပ်သို့ ရောက်သည်။ (ဟုတွာ၊ ဖြစ်၍။) ပစ္ဆိမော၊ နောက်ဆုံး၌ဖြစ်သော။ သက္ခိသာဝကော၊ မျက်မှောက်တပည့်သည်။ (အဟောသိ) ဣတိ (ဒဋ္ဌဗ္ဗံ၊ မှတ်ရမည်)။
ပဉ္စမဘာဏဝါရဝဏ္ဏနာ၊ ငါးခုမြောက် ရွတ်ဆိုဖတ်ကြား တထောက်နားရာ အပိုင်းအခန်း၏ အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။