၃၈၄။ ဆသု အဇ္ဈတ္တိကဗာဟိရေသူတိ၊ ကား။
ဆသု၊ ခြောက်ပါးကုန်သော။
အဇ္ဈတ္တိကသု၊ ခန္ဓာအတ္တဘောကို စွဲမှီ၍ဖြစ်သော တရား၌ဖြစ်ကုန်သော။
(အာယတနေသု၊ အာယတနတို့၌လည်းကောင်း။) ဆသု= ကုန်သော။
ဗာဟိရေသု၊ ခန္ဓာအတ္တဘော၏ အပြင်အပ၌ ဖြစ်ကုန်သော။
(အာယတနေသု၊ ကောင်း)
ဣတိ၊ ဤသို့။
ဆသူတိပဒံ၊ ဆသု-ဟူသော ပုဒ်ကို။
ပစ္စေကံ၊ အသီးအသီး။
ယောဇေတဗ္ဗံ၊ ယှဉ်စေရမည်။
ပန၊ မေးဖွယ်ကား။
ကသ္မာ၊ အဘယ့်ကြောင့်။
ဧတာနိ ဥဘယာနိ၊ ဤအဇ္ဈတ္တိကအာယတန, ဗာဟိရအာယတနနှစ်ပါးစုံတို့ကို။
ဆဠေဝ၊ ခြောက်ပါးစီတို့ကိုသာ ။
(ဘဂဝတာ၊ မြတ်စွာ ဘုရားသည်။)
ဝုတ္တာနိ၊ ဟောတော်မူအပ်ပါကုန်သနည်း။
ဆဝိညာဏ။ပ။ဝဝတ္ထာနတော၊ ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့၏ဖြစ်ရာ ဒွါရနှင့် အာရုံတို့ကို အသီးအသီးခွဲခြားသတ်မှတ်တော်မူသည်အဖြစ်ကြောင့် (ဆဠေဝ ဝုတ္တာနိ- ဟောတော်မူအပ်ပါကုန်ပြီ။)
ဟိ၊ ချဲ့ဦးအံ့။
စက္ခုဝိညာဏဝီထိယာ၊ စက္ခုဝိညာဏဝီထိ၌။
ပရိယာပန္နဿ၊ အကျုံးဝင်သော။
ဝိညာဏကာယဿ၊ ဝိညာဏအပေါင်း၏။
ဥပ္ပတ္တိဒွါရံ၊ ဖြစ်ရာဒွါရသည်။
စက္ခာယတနမေဝ၊ စက္ခာယတနသာတည်း။
အာရမ္မဏံစ၊ အာရုံသည်လည်း။
ရူပါယတနမေဝ၊ ရူပါရုံသာတည်း။
တထာ၊ ထိုမှ တပါး။
ဣတရေသံ၊ ထိုမှ တပါးသော သောတဝိညာဏဝီထိအစရှိသည်တို့၌ အကျုံးဝင်သော ဝိညာဏ်အပေါင်းတို့၏။
(ဥပ္ပတ္တိ ဒွါရာနိ၊ ဖြစ်ရာဒွါရတို့သည်။)
ဣတရာနိ၊ စက္ခာယတနစသည်တို့မှ တပါးသော သောတာယတနအစရှိသည်တို့သာတည်း။
(အာရမ္မဏာနိပိ၊ အာရုံတို့သည်လည်း။
ဣတရာနိ၊ ရူပါရုံအစရှိသည်တို့မှ တပါးသော သဒ္ဒါရုံအစရှိသည်တို့သာတည်း။)
ပန၊ ထိုမှတပါး။
ဆဋ္ဌဿ၊ ခြောက်ခုမြောက်သော မနောဝိညာဏဝီထိ၌ အကျုံးဝင်သော မနောဝိညာဏ်အပေါင်း၏။
ဥပ္ပတ္တိဒ္ဓါရံ၊ သည်။
ဘဝင်္ဂမနသင်္ခါတော၊ ဘဝင်စိတ်ဟု ဆိုအပ်သော။
မနာယတနေ့ကဒေသော၊ မနာယတနာစိတ်အချို့တည်း။
အာရမ္မဏံ စ၊ သည်လည်း။
အသာဓာရဏံ၊ အခြားသော ရူပါရုံအစရှိသည်တို့နှင့် မသက်ဆိုင်သော။
ဓမ္မာယတနံ၊ ဓမ္မာယတနတည်း။
စက္ခတိ၊ သာယာတတ်၏။
ဝါ၊ ထင်ရှားပြတတ်၏။
ဣတိ၊ ထို့ကြောင့်။
စက္ခု၊ စက္ခုမည်၏။
ရူပံ၊ ရူပါရုံကို။
အဿာဒေတိ၊ သာယာတတ်၏။
ဝိဘာဝေတိ စ၊ ထင်ရှား ပြလည်း ထင်ရှားပြတတ်၏။
ဣတိ၊ ဤကား။
အတ္ထော၊ တည်း။
သုဏာတိ၊ ကြားတတ်၏။
ဝါ၊ နားထောင်တတ်၏။
ဣတိ၊ ကြောင့်။
သောတံ၊ သောတမည်၏။
ဃာယတိ၊ နမ်းရှူ တတ်၏။
ဣတိ၊ ကြောင့်။
ဃာနံ၊ ၏။
ဇီဝိတနိမိတ္တတာယ၊ အသက်ရှည်ခြင်း၏ အကြောင်း၏ အဖြစ်ကြောင့်။
ရသော၊ အာရသာရသာရုံသည်။
ဇီဝိတံ၊ ဇီဝိတမည်၏။
တံ ဇီဝိတံ၊ ထိုအသက်ရှည်ခြင်း၏ အကြောင်းဖြစ်သော ရသာရုံကို။
အဝှါယတိ၊ ခေါ်ဝေါ်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ဇိဝှါ၊ ဇိဝှါမည်၏။
ကုစ္ဆိတာနံ၊ စက်ဆုပ်ဖွယ်ဖြစ်ကုန် သော။
သာသဝဓမ္မာနံ၊ သာသဝလောကီတရားတို့၏။
အာယော ဥပ္ပတ္တိဒေသော၊ ဖြစ်ရာ အရပ်တည်း။
ဣတိ၊ ကြောင့်။
ကာယော၊ ကာယမည်၏။
အာရမ္မဏံ၊ အာရုံကို။
မုနှာတိ ဝိဇာနာတိ၊ သိတတ်၏။
ဣတိ၊ ကြောင့်။
မနော၊ မနမည်၏။
ဝဏ္ဏဝိကာရံ၊ အဆင်း၏ ပြောင်းလဲခြင်းသို့။
အာပဇ္ဇမာနံ၊ ရောက်လျက်။
ဟဒယင်္ဂတဘာဝံ၊ စိတ်နှလုံး၌ဖြစ်သော အလိုသဘောကို။
ရူပယတိ ပကာသေတိ၊ ထင်ရှားပြတတ်၏။
ဣတိ၊ ကြောင့်။
ရူပံ၊ ရူပမည်၏။
အတ္တနော၊ မိမိ၏။
ပစ္စယေဟိ၊ (စိတ်ဥတုဟူသော) အကြောင်းတို့သည်။
သပ္ပတိ ဟရီယတိ၊ ဆောင်အပ်၏။
သောတဝိညေယျဘာဝံ၊ သောတဝိညာဏ်ဖြင့် သိအပ်သော အာရုံအဖြစ်သို့။
ဂမီယတိ၊ ရောက်စေအပ်၏။
ဣတိ၊ ထို့ကြောင့်။
သဒ္ဒေါ၊ သဒ္ဒါမည်၏။
[ဂမီယတိ၊ ကား ကာရိတ်ကမ္မရုပ်တည်း၊ ထို့ကြောင့် ယင်း၏ အပ္ပဓာနကံကို “သောတပိညေယျဘာဝီ”ဟု အပုတ္တကံပြုလုပ်ထားသည်၊ ပဓာနပ္ပာက်ကား သဒ္ဒေါတည်း။]
အတ္တနော၊ မိမိ၏။
ဝတ္ထုံ၊ တည်ရာ ဝတ္ထုကို။
ဂန္ဓယတိ သူစေတိ၊ ထင်ရှားဖော်ပြ တတ်၏။
ဣတိ၊ ကြောင့်။
ဂန္ဓော၊ ၏။
တံ၊ ထိုအာရုံကို။
သတ္တာ၊ သတ္တဝါတို့သည်။
ရသန္တိ အဿာဒေန္တိ၊ သာယာကြကုန်၏။
ဣတိ၊ ထိုသို့သတ္တဝါတို့က သာယာအပ်သည် အဖြစ်ကြောင်း ။
(သော၊ ထိုအာရုံသည်)
ရသော၊ ရသာရုံအရသာမည်၏။
[ဤဝိဂြိုဟ်ကား အဝုတ္တကမ္မသာနေဖြစ်၏၊ ထို့ကြောင့် “ရသီယတိအဿာဒီယတီတိရသော”ဟု ပုတ္တကမ္မသာဓနပြုရမည်၊]
ဖုသီယတိ၊ တွေ့ထိအပ်၏။
ဣတိ၊ ကြောင့်။
ဖောဋ္ဌဗ္ဗံ၊ မည်၏။
အတ္တနော၊ မိမိ၏။
သဘာဝံ၊ သဘောကို။
ဓာရေန္တိ၊ ဆောင်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
ဓမ္မာ၊ ဓမ္မ(ဓမ္မာရုံ)တို့မည်၏။
ပန၊ ထိုမှ တပါး။
သဗ္ဗာနိ၊ အားလုံးသော စက္ခုအစရှိသော (၁၂)ပါးတို့သည်။
အာယာနံ၊ ထိုထိုဒွါရအာရုံတို့၌ဖြစ်တတ်သော စိတ်စေတသိက်တရား တို့ကို။
တနနာဒိအတ္ထေန၊ ချဲ့ထွင်တတ်သည်အဖြစ် အစရှိသော အနက်ကြောင့်။
အာယတနာနိ၊ အာယတနတို့မည်၏။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသော အဖွင့်စကားရပ်သည်။
ဧတ္ထ၊ ဤအာယတနပဗ္ဗအဖွင့်၌။
သင်္ခေပေါ၊ အကျဉ်းချုပ်စကားတည်း။
ဝိတ္ထာရောပန၊ အကျယ်တဝင့် အဖွင့်ကိုကား။
ဝိသုဒ္ဓိမဂ္ဂဝဏ္ဏနာယံ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၏ အဖွင့်ဋီကာ၌။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။
ဝေဒိတဗ္ဗော၊ ၏။
စက္ခုဉ္စ ပဇာနာတီတိ ဧတ္ထ၊ စက္ခုဉ္စ ပဇာနာတိ-ဟူသော ဤပါဌ်၌။
စက္ခုနာမ စက္ခု၊ မည်သည်။
ပသာဒစက္ခု၊ ပသာဒရုပ်ဖြစ်သော စက္ခုတည်း။
သသမ္ဘာရစက္ခု၊ မျက်တွင်း အသားဆိုင် အဆောက်အဦးနှင့် တကွဖြစ်သော စက္ခုပသာဒသည်။
န၊ မဟုတ်။
ဒိဗ္ဗစက္ခု အာဒိကမ္ပိ၊ ဒိဗ္ဗစက္ခုအစရှိသည်သည်လည်း။
န၊ မဟုတ်။
ဣတိ၊ ထို့ကြောင့်။
စက္ခုပသာဒန္တိ၊ စက္ခုပသာဒံ-ဟူ၍ ။
(အာစရိယော) အာဟ၊ ပြီ။
ယံ၊ ယင်း စက္ခုပသာဒကို။
သန္ဓာယ၊ ရည်ရွယ်၍။
ယံ စက္ကူပ။ပသာဒေါတိ၊ ဟူ၍။
(ဘဂဝတာ၊ မြတ်စွာဘုရားသည်။)
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
(ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍ၌ ဟောတော်မူအပ်ပြီ) စသဒ္ဒေါ၊ စသဒ္ဒါသည်။
(စက္ခုဉ္စ-၌စသဒ္ဒါသည်)
ဝက္ခမာနတ္ထ သမုစ္စယတ္တော၊ (ရူပေ စ ပဇာနာတိ-စသည်ဖြင့်။) ဟောတော်မူအပ်လတ္တံ့ သောရူပါရုံအစရှိသော အနက်ကို ပေါင်းစည်းခြင်း အနက်ရှိ၏။
ယာထာဝသရသလက္ခဏ ဝသေနာတိ ၁။ ယာထာဝသရသလက္ခဏဝသေန ။ ။ ဤပုဒ်ကို နှစ်နည်းဖွင့်ရာ၌ “အဝိပရီကဿ အတ္တနော ရသဿစေဝ လက္ခဏဿ စ ဝသေန”စသည်ဖြင့် ပဌမနည်းဖွင့်၏၊ ထိုအဖွင့်အလို “သရသလက္ခဏ”၌ “သ”ကို အတ္တနော-ဟု ဖွင့်၍ “ရသဿ”နှင့် “လက္ခဏဿ”ဟူသော နောက်နှစ်ပုဒ်လုံး၌ စပ်ရသောကြောင့် “သရသ+သလက္ခဏ”ဟု အနက်ယူရ၏၊ ထိုသို့ အနက်ယူရာဝယ် “သရသ”၌ ရသသဒ္ဒါသည် ကိစ္စအနက်ဟောဖြစ်ရကား အဝိဉ္ဆနကိစ္စသည် စက္ခုပသာဒ၏ သရသ(ကိုယ်ပိုင်ကိစ္စ)ဖြစ်၏။ စက္ခုပသာဒ၏ လက္ခဏာ (ကိုယ်ပိုင်လက္ခဏာ)ကို ရူပါဘိဃာတ-စသည်ဖြင့် နှစ်မျိုးပြထားသည်၊ ထို့နောက် -
အထ ဝါ ယာထာဝသရသလက္ခဏဝသေနာတိ ယာထာဝသရသဝသေနစေဝ လက္ခဏ ဝသေန စ”အစရှိသည်ဖြင့် ဒုတိယနည်းဖွင့်၏၊ နောင်အခါ မရှုပ်ထွေးစေရန်အတွက် ဤဒုတိယနည်း၌ “ဝသေန”နှစ်ခုပါသည်ကို သတိပြုသင့်၏၊ “သ”သဒ္ဒါကို ရသသဒ္ဒါနှင့်သာ တွဲစပ်၍ လက္ခဏသဒ္ဒါနှင့် မတွဲစပ်သည်ကိုလည်း သတိပြုသင့်၏။ “ယာထာဝသရသောတိစ အဝိပရိတသဘာဝေါ ဝေဒိတဗ္ဗော”ဟု ဖွင့်သောကြောင့် ဤနည်း၌ ရသသဒ္ဒါသည် သဘာဝ အနက်ဟောဖြစ်သည်ဟု သိသာ၏၊ ထို့နောက် “တသ္မာ သလက္ခဏဝသေနာတိ ဝုတ္တံ ဟောတိ”ဟု ပိဏ္ဍတ္ထဝါကျပြထားသည်မှာ “ဝသေန”နှစ်ချက်မှ ဒုတိယ “ဝသေန ဖြစ်သော “လက္ခဏဝသေန” ၏ အဖွင့်ဟု ထင်စရာရှိ၏၊ မဟုတ်ပါ၊ ထိုပိဏ္ဍတ္ထဝါကျသည် “ယာထာဝသရသဝသေန”ဟူသော ပဌမတည်ပုဒ် (ဝသေန)ကိုပင် အကျိုးပြု လဒ္ဓဂုဏအဖြစ်ဖြင့် ထပ်မံဖွင့်ပြသော ဝါကျဖြစ်ပါ၏။ ထို့ကြောင့် “အတ္တ ဝါ”အစချီသော ဒုတိယအဖွင့် "ယာထာဝသရသ”၌ သရသ(ကိုယ်ပိုင်သဘော) ဟူသည် သလက္ခဏ(ကိုယ်ပိုင်သီးခြားလက္ခဏာ)ဖြစ်သည်ဟု ဆိုလိုရကား စက္ခု၏ ထိုကိုယ်ပိုင် သဘောလက္ခဏာမှာလည်း ပြခဲ့သော ဘူတပ္ပသာဒလက္ခဏာနှစ်မျိုးပင်ဖြစ်၏။
ဤသို့ဖြင့် ပဌမဝသေန"ဖြစ်သော “ယာထာဝရဝသေန”၏ အဖွင့်ကို ပြပြီး၍ ယခုအခါ၌ ဒုတိယဝသေန”ဖြစ်သော “လက္ခဏဝသေန”၏ အဖွင့်ကို ပြလိုရကား “လက္ခဏ သေနာတိ အနိစ္စာဒိသာမညလက္ခဏဝသေန”ဟု ဋီကာဖွင့်၏၊ ယခင် “ယာထာဝသရသဝသေန” အစရှိသော အဖွင့်များဖြင့် သီးခြားကိုယ်ပိုင်သဘောလက္ခဏာ (သရသ-သလက္ခဏ)ကို ယူပြီးဖြစ်သောကြောင့် ယခုအခါ “သ”မပါသော “ရသ”အရ စက္ခု၏ အနိစ္စလက္ခဏာအစရှိသော အများဆိုင် ဘုံဆိုင်သာမညလက္ခဏာများကို ယူရ၏၊ ထိုအနိစ္စ ဒုက္ခ အနတ္တ လက္ခဏာများကို စက္ခုနှင့် သာမက ပရမတ္ထတရားအားလုံးနှင့် သက်ဆိုင်သောကြောင့် သာမည (ဘုံဆိုင်) လက္ခဏာဟု ခေါ်သည်။ ၊ ကား။ အဝိပရီတဿ၊ မလွဲဧကန် မှန်သော။ အတ္တနော၊ မိမိ၏။ ရသဿစေဝ၊ ကိစ္စ၏လည်းကောင်း။ ဝါ၊ ကိစ္စကို သိခြင်း၏လည်းကောင်း။ (အတ္တနော၊ ၏) လက္ခဏဿ စ၊ လက္ခဏာ၏လည်းကောင်း။ ဝါ၊ လက္ခဏာကိုသိခြင်း၏လည်းကောင်း။ ဝသေန၊ အဖြစ်ဖြင့် ။ (ပဇာနာတိ၊ သိ၏။) ရူပေသု၊ ရူပါရုံတို့၌။ အာဝိဉ္စနကိစ္စဿစေဝ၊ ဆွဲငင်ခြင်းကိစ္စ၏လည်းကောင်း။ ဝါ၊ ကောင်း။ ရူပါဘိယာတာရဟဘူတပ္ပသာဒ လက္ခဏဿစ၊ ရူပါရုံ၏ ထိခိုက်ခြင်းကို ထိုက်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်း လက္ခဏာ၏လည်းကောင်း။ ဝါ၊ ကောင်း။ ဒကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပ သာဒလက္ခဏဿ စ၊ ကြည့်ခြင်းငှာ အလိုရှိသည် အဖြစ်ဟူသော တဏှာဆန္ဒသာလျှင် အကြောင်းရှိသော ကံဟူသော ဖြစ်ကြောင်းရှိသော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းလက္ခဏာ၏လည်းကောင်း။ ဝါ၊ ကောင်း။ ဝသေန၊ အဖြစ်ဖြင့်။ (ပဇာနာတိ) ဣတိ၊ ကား။ အတ္တော၊ တည်း။
အထ ဝါ ယာထာဝသရသလက္ခဏဝသေနာတိ ယာထာဝသရသဝသေနစေဝ လက္ခဏ ဝသေန စ”အစရှိသည်ဖြင့် ဒုတိယနည်းဖွင့်၏၊ နောင်အခါ မရှုပ်ထွေးစေရန်အတွက် ဤဒုတိယနည်း၌ “ဝသေန”နှစ်ခုပါသည်ကို သတိပြုသင့်၏၊ “သ”သဒ္ဒါကို ရသသဒ္ဒါနှင့်သာ တွဲစပ်၍ လက္ခဏသဒ္ဒါနှင့် မတွဲစပ်သည်ကိုလည်း သတိပြုသင့်၏။ “ယာထာဝသရသောတိစ အဝိပရိတသဘာဝေါ ဝေဒိတဗ္ဗော”ဟု ဖွင့်သောကြောင့် ဤနည်း၌ ရသသဒ္ဒါသည် သဘာဝ အနက်ဟောဖြစ်သည်ဟု သိသာ၏၊ ထို့နောက် “တသ္မာ သလက္ခဏဝသေနာတိ ဝုတ္တံ ဟောတိ”ဟု ပိဏ္ဍတ္ထဝါကျပြထားသည်မှာ “ဝသေန”နှစ်ချက်မှ ဒုတိယ “ဝသေန ဖြစ်သော “လက္ခဏဝသေန” ၏ အဖွင့်ဟု ထင်စရာရှိ၏၊ မဟုတ်ပါ၊ ထိုပိဏ္ဍတ္ထဝါကျသည် “ယာထာဝသရသဝသေန”ဟူသော ပဌမတည်ပုဒ် (ဝသေန)ကိုပင် အကျိုးပြု လဒ္ဓဂုဏအဖြစ်ဖြင့် ထပ်မံဖွင့်ပြသော ဝါကျဖြစ်ပါ၏။ ထို့ကြောင့် “အတ္တ ဝါ”အစချီသော ဒုတိယအဖွင့် "ယာထာဝသရသ”၌ သရသ(ကိုယ်ပိုင်သဘော) ဟူသည် သလက္ခဏ(ကိုယ်ပိုင်သီးခြားလက္ခဏာ)ဖြစ်သည်ဟု ဆိုလိုရကား စက္ခု၏ ထိုကိုယ်ပိုင် သဘောလက္ခဏာမှာလည်း ပြခဲ့သော ဘူတပ္ပသာဒလက္ခဏာနှစ်မျိုးပင်ဖြစ်၏။
ဤသို့ဖြင့် ပဌမဝသေန"ဖြစ်သော “ယာထာဝရဝသေန”၏ အဖွင့်ကို ပြပြီး၍ ယခုအခါ၌ ဒုတိယဝသေန”ဖြစ်သော “လက္ခဏဝသေန”၏ အဖွင့်ကို ပြလိုရကား “လက္ခဏ သေနာတိ အနိစ္စာဒိသာမညလက္ခဏဝသေန”ဟု ဋီကာဖွင့်၏၊ ယခင် “ယာထာဝသရသဝသေန” အစရှိသော အဖွင့်များဖြင့် သီးခြားကိုယ်ပိုင်သဘောလက္ခဏာ (သရသ-သလက္ခဏ)ကို ယူပြီးဖြစ်သောကြောင့် ယခုအခါ “သ”မပါသော “ရသ”အရ စက္ခု၏ အနိစ္စလက္ခဏာအစရှိသော အများဆိုင် ဘုံဆိုင်သာမညလက္ခဏာများကို ယူရ၏၊ ထိုအနိစ္စ ဒုက္ခ အနတ္တ လက္ခဏာများကို စက္ခုနှင့် သာမက ပရမတ္ထတရားအားလုံးနှင့် သက်ဆိုင်သောကြောင့် သာမည (ဘုံဆိုင်) လက္ခဏာဟု ခေါ်သည်။ ၊ ကား။ အဝိပရီတဿ၊ မလွဲဧကန် မှန်သော။ အတ္တနော၊ မိမိ၏။ ရသဿစေဝ၊ ကိစ္စ၏လည်းကောင်း။ ဝါ၊ ကိစ္စကို သိခြင်း၏လည်းကောင်း။ (အတ္တနော၊ ၏) လက္ခဏဿ စ၊ လက္ခဏာ၏လည်းကောင်း။ ဝါ၊ လက္ခဏာကိုသိခြင်း၏လည်းကောင်း။ ဝသေန၊ အဖြစ်ဖြင့် ။ (ပဇာနာတိ၊ သိ၏။) ရူပေသု၊ ရူပါရုံတို့၌။ အာဝိဉ္စနကိစ္စဿစေဝ၊ ဆွဲငင်ခြင်းကိစ္စ၏လည်းကောင်း။ ဝါ၊ ကောင်း။ ရူပါဘိယာတာရဟဘူတပ္ပသာဒ လက္ခဏဿစ၊ ရူပါရုံ၏ ထိခိုက်ခြင်းကို ထိုက်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်း လက္ခဏာ၏လည်းကောင်း။ ဝါ၊ ကောင်း။ ဒကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပ သာဒလက္ခဏဿ စ၊ ကြည့်ခြင်းငှာ အလိုရှိသည် အဖြစ်ဟူသော တဏှာဆန္ဒသာလျှင် အကြောင်းရှိသော ကံဟူသော ဖြစ်ကြောင်းရှိသော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းလက္ခဏာ၏လည်းကောင်း။ ဝါ၊ ကောင်း။ ဝသေန၊ အဖြစ်ဖြင့်။ (ပဇာနာတိ) ဣတိ၊ ကား။ အတ္တော၊ တည်း။
အထ ဝါ၊ တနည်းကား။
ယာထာဝသရသလက္ခဏဝသေနာတိ၊ ကား။
ယာထာဝ သရသဝသေနစေဝ၊ မှန်ကန်သော မိမိ၏ သဘောကို သိခြင်း အဖြစ်ဖြင့် လည်းကောင်း။
လက္ခဏဝသေန စ၊ လက္ခဏာကို သိခြင်းအဖြစ်ဖြင့်လည်းကောင်း။
(ပဇာနာတိ)စ၊ ဆက်ဦးအံ့။
အပိပရီတသဘာဝေါ၊ မလွဲဧကန် မှန်ကန်သော သဘောကို။
ယာထာဝသ ရသောတိ၊ ယာထာဝသရသ-ဟူ၍။
ဝေဒိတဗ္ဗော၊ သိထိုက်၏။
(ကသ္မာ၊ အဘယ်ကြောင့်။
အဝိပရိတသဘာဝေါ၊ ကို။
ယာထာဝသရသောတိ၊ ဟူ၍။
ဝေဒိတဗ္ဗော၊ သိထိုက် သနည်း)
ဟိ (ယသ္မာ)၊ အကြင့်ကြောင့်။
သော၊ ထိုအဝိပရိတ သဘာဝကို။
အဝိရဒ္ဓပဋိ ဝေဓဝသေန၊ မချွတ်မယွင်း ထိုးထွင်းသိခြင်းအနေအားဖြင့်။
ရသီယတိ အဿာဒီယတိ၊ သာယာအပ်၏။
ရမီယတိ၊ မွေ့လျော်အပ်၏။
ဣတိ၊ ထို့ကြောင့်။
ရသောတိ၊ ရသဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
(တသ္မာ၊ ထို့ကြောင့်။
အဝိပရိတ-သဘာဝေါ၊ ကို။
ယာထာဝသရ သောတိ၊ ဟူ၍။
ဝေဒိတဗ္ဗော၊ ၏)
တသ္မာ၊ ထိုသို့ သိထိုက်သည်အဖြစ်ကြောင့်။
သလက္ခဏဝသေန၊ မိမိ၏ သဘောလက္ခဏာကို သိခြင်း၏ အဖြစ်ဖြင့်။
(ပဇာနာတိ) ဣတိ၊ သို့။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ၏။
လက္ခဏဝသေနာတိ၊ ကား။
အနိစ္စာဒိ သာမညလက္ခဏဝသေန၊ အနိစ္စ၏အဖြစ် အစရှိသော အများဆိုင် လက္ခဏာကို သိခြင်းအနေအားဖြင့် ။
(ပဇာနာတိ)။
စက္ခုံ စ၊ စက္ခုပသာဒကိုလည်းကောင်း။
ရူပေစ၊ ရူပါရုံတို့ကိုလည်းကောင်း။
ပဋိစ္စ၊ အစွဲပြု၍ (အကြောင်းပြု၍)။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်စိတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဣတိ အာဒီသု၊ ဤသို့အစရှိသော ပါဠိတော်တို့၌။ သမုဒိတာနိ ဧဝ= တစ်ခုမကပေါင်းစုမိကြသည်သာဖြစ်ကုန်သော။
ရူပါယတနာနိ၊ အဆင်းရောင် ရူပါရုံ အာယတနတို့ သည်။
စက္ခုဝိညာဏုပ္ပတ္တိဟေတု၊ စက္ခုဝိညာဏ်စိတ်ဖြစ်ခြင်း၏ အကြောင်းသည်။
(ဟောန္တိ၊ ဖြစ်ကုန်၏။)
ဝိသုံ ဝိသုံ၊ အသီးအသီး တစ်ခုစီကုန်သော (ရူပါယတနာနိ တို့သည်။
စက္ခုဝိညာဏပ္ပတ္တိဟေတု၊ သည်။)
န ဟောတိ၊ ဖြစ်သည်မဟုတ်။
ဣတိ၊ ဤသို့သော။
ဣမဿ အတ္ထဿ၊ ဤအနက်ကို။
(ရူပါရုံမြောက်မြားစွာ ပေါင်းစုမိမှသာ စက္ခုဝိညာဏ်ဖြစ်ခြင်း၏အကြောင်းဖြစ်ခြင်းဟူသော အနက်ကို)
ဇောတနတ္ထံ၊ ထွန်းပြခြင်းငှာ။
ရူပေစာတိ၊ ရူပေစ-ဟူ၍။
ပုထုဝနဂ္ဂဟဏံ၊ ဗဟုဝုစ် ဝိဘတ်ဟူသော သဒ္ဒါကို ယူခြင်းသည်။
(ဟောတိ) တာယ ဝ စ ဒေသနာဂတိယာ၊ ထိုစက္ခုံ စ ပဋိစ္စ အစရှိသော ဒေသနာတော်အသွားမျိုးဖြင့်သာလျှင်လည်း။
ဣဓာပိ၊ ဤဓမ္မာနုပဿနာ အာယတနပဗ္ဗ၌လည်း။
ရူပေ စ ပဇာနာတီတိ၊ ဟူ၍ ။
(ဘဂဝတာ၊ မြတ်စွာဘုရားသည်။)
ကာမံ ဝုတ္တံ၊ အကယ်၍ကား ဟောတော်မူအပ်ပါပေပြီ။
ပန၊ ထိုသို့ ဟောတော်မူအပ်ပါသော်လည်း။
ရူပဘာဝသာမညေန၊ ရူပါရုံအဖြစ်ဖြင့် တူသည်အဖြစ်ကြောင့်။
သဗ္ဗံ၊ အားလုံးသော ရူပါရုံကို။
ဧကဇ္ဈံ၊ တပေါင်းတည်း။
ဂဟေတွာ၊ ယူ၍။
ဗဟိဒ္ဓါ။ပ။ရူပဉ္စာတိ၊ ဟူ၍။
ဧကဝစနဝသေန၊ ဧကဝုစ်အဖြစ်ဖြင့်။
အတ္ထော၊ အနက်ဖွင့်သည်။
(ဟောတိ)
သရသလက္ခဏဝသေနာတိ၊ ကား။
စက္ခုဝိညာ ဏကဿ၊ စက္ခုဝိညာဏ်၏။
ဝိသယဘာဝကိစ္စဿ၊ အာရုံ၏အဖြစ်ဟူသော ကိစ္စ၏။
သေနစေဝ၊ အဖြစ်ဖြင့်လည်းကောင်း။
စက္ခုပဋိဟနနလက္ခဏဿ၊ စက္ခုပသာဒ၌ ထိခိုက်ခြင်း လက္ခဏာ၏။
ဝသေန စ၊ အဖြစ်ဖြင့်လည်းကောင်း။
(ရူပေ၊ ရူပါရုံတို့ကို။
ပဇာနာတိ)
ဣတိ၊ ဤသို့။
ယောဇေတဗ္ဗံ၊ အနက်အဓိပ္ပါယ်ယှဉ်စေထိုက်၏။
ဥဘယံ ပဋိစ္စာတိ၊ ဥပနိဿယ ပစ္စယဝသေန- ပကတူပနိဿယပစ္စည်းအဖြစ်ဖြင့်။
ပစ္စယဘူတံ၊ ကျေးဇူးပြုတတ်သော ပစ္စည်းဖြစ်သော။
စက္ခုံစ၊ စက္ခုပသာဒကိုလည်းကောင်း။
အာရမ္မဏာဓိပတိအာရမ္မဏူပနိဿယဝသေန၊ အာရမ္မဏာဓိပတိပစ္စည်း, အာရမ္မဏူပ နိဿယပစ္စည်းတို့၏အဖြစ်ဖြင့်။
ပစ္စယဘူတေ၊ ကုန်သော။
ရူပေစ၊ ရူပါရုံတို့ကိုလည်း ကောင်း။
ပဋိစ္စ၊ ၍။
(သံယောဇနံ ဥပ္ပဇ္ဇတိ)
အယံ၊ ဤအဖွင့် အဋ္ဌကထာသည်။
သုတ္တန္တ သံဝဏ္ဏနာ၊ သုတ္တန်ပါဠိတော်၏ အဖွင့်အဋ္ဌကထာသည်။
ကာမံ(ဟောတိ)၊ အကယ်၍ ဖြစ်ပေ၏။
နိပ္ပရိယာယကထာနာမ၊ ပရိယာယ်မဟုတ် မုချတရားစကားတော်မည်သည်။
အဘိဓမ္မသန္နိဿိတာ ဧဝ၊ အဘိဓမ္မာဒေသနာတော်ကို မှီးငြမ်းပြုသည်သာတည်း။
ဣတိ၊ ထို့ကြောင့်။
အဘိဓမ္မနယေနေဝ၊ အဘိဓမ္မာဒေသနာတော်နည်းအားဖြင့်သာလျှင်။
သံယောဇနာနိ၊ သံယောဇဉ်တို့ကို။
ဒဿေန္တော၊ ပြတော်မူလိုသည်။
(ဟုတွာ၊ ဖြစ်၍။)
ကာမရာဂ။ပ။ အဝိဇ္ဇာသံယောဇနန္တိ၊ ဟူ၍။
(အာစရိယော) အာဟ၊ ပြီ။
တတ္ထ၊ ထိုဆယ်ပါးသော သံယောဇဉ်တို့တွင်။
ကာမေသု၊ ကာမဂုဏ်အာရုံတို့၌။
ဝါ၊ လိုလားနှစ်သက်ဖွယ် အာရုံတို့၌။
ရာဂေါ၊ တပ်မက်ခြင်းသဘောတည်း။
(ဣတိ၊ ထို့ကြောင့်။
ကာမရာဂေါ၊ ကာမရာဂမည်၏။)
ဝါ၊ တနည်းကား။
ကာမော စ၊ လိုလား နှစ်သက်တတ်သော တရားလည်း ဟုတ်၏။
ရာဂေါစ၊ တပ်မက်တတ်သော တရားလည်း ဟုတ်၏။
ဣတိ၊ ကြောင့်။
ကာမရာဂေါ၊ ၏။
သော ဧဝ၊ ထိုကာမရာဂသည်ပင်။
ဗန္ဓနဋ္ဌေန၊ နှောင်ဖွဲ့တတ်သည်အဖြစ်ဟူသော အနက်ကြောင့်။
သံယောဇနံ၊ သံယောဇဉ် မည်၏။
ဟိ၊ ချဲ့ဦးအံ့။
အယံ၊ ဤကာမရာဂသည်။
ယဿ၊ အကြင်ပုဂ္ဂိုလ်၏ ။
(သန္တာနေ၊ စိတ်အစဉ်၌)
သံဝိဇ္ဇတိ၊ ဖြစ်၏။
ဝါ၊ ရှိ၏။
တံ ပုဂ္ဂလံ၊ ထိုမိမိဖြစ်ရာ ပုဂ္ဂိုလ်ကို။
ဝဋ္ဋသ္မိံ၊ ဝဋ်ဆင်းရဲ၌။
သံယောဇေတိ ဗန္ဓတိ၊ ချည်နှောင်တတ်၏။
ဣတိ၊ ဤသို့ ချည်နှောင်ခြင်း သဘောအားဖြင့်။
ဒုက္ခေန၊ ဒုက္ခနှင့် တကွ။
သတ္တံ ဝါ၊ သတ္တဝါကိုလည်းကောင်း။
ဘဝန္တရာဒီဟိ၊ အခြားသော ဘဝ (ယောနိ)အစရှိသည်တို့နှင့် တကွ။
ဘဝါဒိက ဝါ ဘဝ၊ (ယောနိ)အစရှိသည်တို့ကိုလည်းကောင်း။
ကမ္မုနာ၊ အကြောင်းကံနှင့် တကွ။
ဝိပါကံ ဝါ၊ အကျိုးဝိပါက်ကိုလည်းကောင်း။
သံယောဇေတိ ဗန္ဓတိ၊ ချည်နှောင်တတ်၏။
ဣတိ၊ ကြောင့်။
သံယောဇနံ၊ မည်၏။
ဧဝံ၊ ဤနည်းတူအားဖြင့်။
ပဋိဃသံယောဇနာဒီနံပိ၊ ပဋိဃသံယောဇဉ်အစရှိသည်တို့၏လည်း။
ယထာရဟံ၊ ထိုက်သည်အားလျော်စွာ။
အတ္တော၊ အနက်ကို။
၀တ္တဗ္ဗော၊ ဖွင့်ဆိုသင့်၏။
ပန၊ ထိုမှ တပါး။
သရသလက္ခဏ ဝသေနာတိ ဧတ္ထ၊ ဝသေနဟူသော ဤပါဌ်၌။
သတ္တဿ၊ သတ္တဝါကို။
ဝဋ္ဋတော၊ ဝဋ်ဆင်းရဲမှ။
အနိဿဇ္ဇနသင်္ခါတဿ၊ မစွန့်လွှတ်ခြင်းဟု ဆိုအပ်သော။
အတ္တနော၊ မိမိ၏။
ကိစ္စဿစေ၊ ကိစ္စ၏လည်းကောင်း။
ယထာဝုတ္တဗန္ဓနသင်္ခါတဿ၊ ဆိုအပ်ပြီး တိုင်းသော ချည်နှောင်ဖွဲ့တုပ်ခြင်းဟု ဆိုအပ်သော။
လက္ခဏဿစ၊ လက္ခဏာ၏ လည်းကောင်း။
ဝသေန၊ အဖြစ်ဖြင့်။
(တံ စ သံယောဇနံ ပဇာနာတိ)ဣတိ၊ ဤသို့။
ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။
ဘဝဿာဒ ဒိဋ္ဌိဿာဒနိဝတ္တနတ္ထံ၊ ဘဝ၌ သာယာခြင်း, ဒိဋ္ဌိ၌ သာယာခြင်းကို တုံ့နစ်စေခြင်းအကျိုးငှာ။
ကာမာဿာဒဂ္ဂဟဏံ၊ ကာမဂုဏ်၌ သာယာမှုကို ယူခြင်းသည် ။
(ဟောတိ)
အဿာဒယတောတိ၊ ကား။
အဘိရမန္တဿ၊ လွန်စွာ ပျော်မွေ့သော။
အဘိနန္ဒတောတိ၊ ကား။
သပ္ပီကတဏှာဝသေန၊ ပီတိနှင့် တကွဖြစ်သော တဏှာ၏အလိုကျအားဖြင့်။
နန္ဒန္တဿ၊ နှစ်သက်သော ။
(ပုဂ္ဂလဿ၊ ၏။
သန္တာနေ)
ပဒဒွယေနာပိ အဿာဒယတော၊ အဘိနန္ဒတောဟူသော ပုဒ်နှစ်ခုအပေါင်းဖြင့်လည်း။
ဗလဝတော၊ အားကောင်းသော။
ကာမရာဂဿ၊ ၏။
ပစ္စယဘူတာ၊ အကြောင်းဖြစ်သော။
ကာမရာဂု ပ္ပတ္တိ၊ အားနည်းသော ကာမရာဂ၏ဖြစ်ခြင်းကို။
(အာစရိယေန) ဝုတ္တာ၊ မိန့်ဆိုအပ်ပြီ။
သေသေသုပိ၊ ကြွင်းသော ။
ကုက္ကုတော၊ အစရှိသော ပုဒ်တို့၌လည်း။
သေနယော၊ အားကြီးသော ပဋိယ၏ အကြောင်းဖြစ်သော အားနည်းသော ပဋိဃ၏ ဖြစ်ခြင်းအစရှိ သည်ကို ဟောအပ်သည်အဖြစ်ဟူသော ဤနည်းကို။
(ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။)
အနိဋ္ဌာရမ္မဏေတိ ဧတ္ထ၊ အနိဋ္ဌာရမ္မဏေ-ဟူသော ဤပါဌ်၌။
(အာနေတွာ သမ္ဗဇ္ဇိတဗ္ဗ ၌စပ်)
အာပါထဂတေတိ၊ အပါထဂတေဟူ၍။
ဝိဘတ္တိဝိပရိဏာမဝသေန၊ ဒုတိယာဝိဘတ်ကို သတ္တမီဝိဘတ်ပြောင်းလဲခြင်းအနေအားဖြင့်။
အာပါထဂတန္တိပဒံ၊ ဒုတိယာဝိဘတ်ဖြင့် အာပါထဂတံ-ဟု မူလရှိရင်းပုဒ်ကို။
အာနေတွာ၊ ဆောင်ယူ၍။
သမ္ဗဇ္ဇိတဗ္ဗံ၊ ဆက်စပ်ရမည်။
[စက္ခုဒွါရေ၊ ၌။
အာပါထဂတေ၊ သော။
အနိဋ္ဌာရမ္မဏေ ၌ဟူ၍ စပ်ပါဟု ဆိုလိုသည်။]
ဧတံ အာရမ္မဏန္တိ၊ ကား။
ဧတံ အာရမ္မဏံ၊ ဤအာရုံသည်။
ဧဝံသုခုမံ၊ ဤမျှလောက် သိမ်မွေ့ ပေ၏။
ဧဝံ ဒုဗ္ဗဘာဂံ၊ ဤမျှလောက်သော ခက်ခဲစွာ ဝေဖန်ရပါ၏။
ဝါ၊ ဤမျှလောက် ဝေဖန်ရခက်ပါ၏။
နိစ္စံ ဒုဝန္တိဣဒံ၊ နိစ္စံ ဓုဝံ-ဟူသော ဤသဒ္ဒါသည်။
နိဒဿနမတ္တံ၊ နမူနာအဖြစ်ဖြင့် ညွှန်ပြအပ်သော ဥဒါဟရုဏ်မျှသာတည်း။
ဥစ္ဆိဒ္ဒိဿတိ၊ ပြတ်စဲလတ္တံ့။
ဝိနဿတိ၊ ပျက်စီးလတ္တံ့။
ဣတိ၊ ဤသို့။
ဂဏှတော၊ ယူဆသော သူ၏ ။
(သန္တာနေ၊ ၌။
ဒိဋ္ဌိသံယောဇနံ ဥပ္ပဇ္ဇတိ)
ဣတိ ဧဝမာဒီနမ္ပိ၊ ဤသို့အစရှိသော ယူဆခြင်း တို့ကိုလည်း။
သင်္ဂဟော၊ သွင်းယူခြင်းကို။
ဣစ္ဆိတဗ္ဗော၊ အလိုရှိထိုက်၏။
ပဌမာယ၊ ရှေးဦးစွာသော။
သက္ကာယဒိဋ္ဌိယာ၊ (ရှုပံ အတ္တတော သမနုပဿတိ-ဟူသော) သက္ကာယ ဒိဋ္ဌိအား။
အနုရောဓဝသေန၊ လျော်သည် (လိုက်ဖက်ညီသည်)အဖြစ်ဖြင့်။
(ဧတံ ရူပါရမ္မဏံ၊ ဤရူပါရုံသည်)
သတ္တောနုခေါ၊ သတ္တဝါကောင်လေလော။
ဣတိ၊ ဤသို့။
(ဝိစိကိစ္ဆတော၊ ယုံမှားတွေဝေသောသူ၏။
သန္တာနေ၊ ၌)
ဣတရာယ၊ ထိုမှ တပါးတခြားသော ။
(သက္ကာယဒိဋ္ဌိယာ၊ ရူပဝန္တိ ဝါ အတ္တာနံ သမနုပဿတိ- ဟူသော သက္ကာယဒိဋ္ဌိအား)
အနုရောဓဝသေန၊ ဖြင့်။
(ဧတံ ရူပါရမ္မဏံ၊ သည်။)
သတ္တဿ၊ သတ္တဝါကောင်၏။
ရူပါရမ္မဏံ နုခေါ၊ ရူပါရုံလေလော။
ဣတိ၊ ဤသို့။
ဝိစိကိစ္ဆတော၊ ၏။
(သန္တာနေ၊ ၌။
ဝိစိကိစ္ဆာသံယောဇနံ၊ သည်။
ဥပ္ပဇ္ဇတိ)
ဟိ၊ မှန်၏။
(သက္ကာယဒိဋ္ဌိအားလျော်သောအားဖြင့် ပိစိကိစ္ဆာသံယောဇဉ်ဖြစ်၏ ဟူသော စကားသည် အမှန်ပင်ဖြစ်၏။)
ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာသည်။
အတ္တတ္တနိယာဒိဂါ ဟာနုဂတာ၊ အတ္တကောင်, အတ္တကောင်၏ ဥစ္စာဟု ယူဆသော ဒိဋ္ဌိသို့ အစဉ်လိုက်၏(ယင်းဒိဋ္ဌိ၏နောက်လိုက်ဖြစ်၏။)
(ကသ္မာ၊ အဘယ့်ကြောင့်နည်း။)
ဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိသည်။
အသတိ၊ မရှိလျှင်။
(ဝိစိကိစ္ဆာယ၊ ၏။)
အဘာဝတော၊ မရှိခြင်းကြောင့်တည်း။
ဘဝံ ပတ္ထေန္တဿာတိ၊ ကား။
ဤဒိသေ၊ ဤကဲ့သို့ ရှုအပ်သော။
သမ္ပတ္တိဘဝေ၊ ပြည့်စုံကောင်းမွန် သော ဘဝ၌။
ယသ္မာ၊ အကြင့်ကြောင့်။
အမှာကံ၊ ငါတို့၏။
ဝါ၊ ငါတို့မှာ။
ဣဋ္ဌံ၊ အလိုရှိအပ်သော။
ဣဒံ ရူပါရမ္မဏံ၊ ဤရူပါရုံသည်။
သုလဘံ၊ လွယ်ကူစွာ ရအပ်သည်။
ဇာတံ၊ ဖြစ်ပြီ။
တသ္မာ၊ ထို့ကြောင့်။
အာယတိမ္ပိ၊ နောင်ဘဝ၌လည်း။
ဧဒိသော၊ ဤကဲ့သို့ ရှူအပ်သော ။
(သမ္ပတ္တိဘဝေါ ဝါ၊ သမ္ပတ္တိဘဝသည်သော်လည်းကောင်း။)
ဣတော၊ ဤယခုလက်ရှိ သမ္ပတ္တိဘဝထက်။
ဥတ္တရိတရော၊ သာလွန်ကောင်းမြတ်သော။
သမ္ပတ္တိဘဝေါ ဝါ၊ ကောင်း။
ဘဝေယျ၊ ဖြစ်လိုပါ၏။
ဣတိ၊ ဤသို့။
ဘဝံ၊ ဘဝကို။
နိကာမေန္တဿ၊ လိုလားတောင့်တ သော သူ၏ ။(သန္တာနေ= ၌။
ဘဝရာဂသံယောဇနံ၊ သည်။
ဥပ္ပဇ္ဇတိ)
ဧဝရူပန္တိ
၁။ ဧဝရူပန္တိ ဧဝရူပံ ရူပံ ။ ။ အဋ္ဌကထာ၌ “ဧဝရူပံ သီလဗ္ဗတံ သမာဒိယိတွာ”ဟု ရှိသည့်အတွက် “ဝေရူပံ”ပုဒ်ကို သီလဗ္ဗတံပုဒ်၏ ဝိသေသနပြုလုပ်မည်စိုးသောကြောင့် “ဧဝရူပံ ရူပံ”ဟု ဖွင့်ခြင်းဖြစ်၏၊ ဧဝရူပံပုဒ်အရ ရူပါရုံကို ယူပါ၊ သီလဗ္ဗတကို မယူပါလင့်ဟု ဆိုလို၏။ ထိုဧဝရူပံ ရူပံ-ကို လတ္တံ့၌ ကံအဖြစ်ဖြင့် စပ်၍ သက္ကာ၌ ကတ္တားအဖြစ်ဖြင့် စပ်ပါ။
၊ ကား။
ဧဝရူပံ၊ ဤသို့သဘောရှိသော။
ရူပံ၊ ရူပါရုံကို။
ဝါ၊ သည်။
(လဒ္ဓုံ သက္ကာ) ဟိ၊ မှန်၏။
(ဧဝရူပံ ရူပံ၊ ဟူသော စကားသည် မှန်၏။)
တံသဒိသေ၊ ထိုနဂိုမူလရူပါရုံနှင့် အလားတူဖြစ်သော အခြားသော ရူပါရုံ၌။
တဗ္ဗောဟာရပသေန၊ ထိုနဂိုမူလရူပါရုံ၏ အခေါ်အဝေါ် အသုံးအနှုန်းအနေအားဖြင့်။
ဧဝံ၊ ဤသို့ ဧဝရူပံ ရူပံ-ဟူ၍
(အာစရိယေန၊ သည်။)
ဝုတ္တံ၊ မိန့်ဆိုတော်မူအပ်ပြီး။
ဟိ၊ ဥပမာပြရသော်ကား။
သာ ဧ၀ တိတ္ထိရီ၊ ထိုခါငှက်မပင်တည်း။
တာနိ ဩသမာနိ၊ ထိုဆေးတို့ပင်လျှင်တည်း။
ဣတိ ယထာ၊ ဤသို့သော အပြောအဆို အသုံးအနှုန်းတို့ကဲ့သို့။
တံသဒိသေသု၊ ထိုနမူလအရာဝတ္ထုနှင့် အလားတူအခြားအရာ ဝတ္ထုတို့၌။
တဗ္ဗောဟာရော၊ ထိုနဂိုမူလအရာဝတ္ထု၏ အခေါ်အဝေါ် အသုံးအနှုန်းသည်။
ဘဝတိ၊ ဖြစ်၏။
ဥသူယတောတိ၊ ကား။
ဥသူယံ ဣဿံ၊ ငြူစူခြင်းကို။
ဥပ္ပါဒယတော၊ ဖြစ်စေသော သူ၏။
(သန္တာနေ၊ ၌။
ဣဿာသံယောဇနံ ဥပ္ပဇ္ဇတိ)
အညဿ မစ္ဆရာယတောတိ၊ ကား။
အညေန၊ အခြားသော သူနှင့်အသာဓာရဏဘာဝကရဏေန မသက်ဆိုင်သည်အဖြစ်ကို ပြုခြင်းအားဖြင့်။
မစ္ဆရိယံ၊ ဝန်တိုလျှို့ဝှက်သူ၏ အဖြစ်ကို။
ကရောတော၊ ပြုသော သူ၏။
(သန္တာနေ မစ္ဆရိယသံယောဇနံ ဥပ္ပဇ္ဇတိ)
သဗ္ဗေဟေဝ၊ အားလုံးစုံသာလျှင်ဖြစ်ကုန်သော။
ယထာဝုတ္တေဟိ၊ ဆိုအပ်ပြီးသမျှကုန်သော။
နဝဟိ၊ ကိုးပါးကုန်သော။
သံယောဇနေဟိ၊ သံယောဇဉ်တို့နှင့်(သဟဇာတအညာဏဝသေန တကွဖြစ်သော မသိခြင်းသဘော အနေအားဖြင့်။
အဝိဇ္ဇာသံယောဇနံ ဥပ္ပဇ္ဇတိ)
တဉ္စ ကာရဏန္တိ ၊ သုဘနိမိတ္တ ပဋိဃနိမိတ္တာဒိဝိဘာဂံ၊ သုဘနိမိတ်, ပဋိဃနိမိတ်အစရှိသော ဝေဖန်ခွဲစိတ်အပ်သော အကြောင်းနိမိတ်ဖြစ်သော။
ဣဋ္ဌာနိဋ္ဌာဒိရူပါရမ္မဏဉ္စေ၀၊ အလိုရှိအပ်, အလိုမရှိအပ် အစရှိသော ရူပါရုံလည်းကောင်း။
တဇ္ဇာယောနိသော မနသိကာရဉ္စ၊ ထိုနိမိတ်, အာရုံအစရှိသော အကြောင်းကြောင့်ဖြစ်သော အယောနိ သောမနသိကာရ လည်းကောင်း။
ဣတိ၊ ဤသို့ သော။
တဿ တဿ သံယောဇနဿ၊ ထိုထို သံယောဇဉ်၏။
ကာရဏံ စ၊ အကြောင်းကို လည်း။
(ပဇာနာတိ)
အဝိက္ခမ္ဘိတာသမူဟတဘူမိလဒ္ဓုပ္ပန္နတံ၊
အဝိက္ခမ္ဟတုပ္ပန္န, အသမူဟတုပ္ပန္န, ဘူမိလဒ္ဓုပ္ပန္န ၁။ အဝိက္ခမ္ဘိတုပ္ပန္န။ဘူမိလဒ္ဓုပ္ပန္န ။ ။ (၁) အဝိက္ခမ္ဘိတုပ္ပန္န- အဝိက္ခမ္ဘိတ-သမာပတ်ဖြင့် (ဝါ- ဝိက္ခမ္ဘနပဟာန်ဖြင့်) မပယ်ခွါရသေးသောကြောင့်+ဥပ္ပန္န- အာရုံအစရှိသော အကြောင်း တရားတို့နှင့် ပေါင်းဆုံမိပါက အချိန်မရွေးဖြစ်ပေါ်လာနိုင်သော သံယောဇဉ်ကိလေသာ (ဤနေရာက သံယောဇဉ်ကို ပြသော နေရာဖြစ်သောကြောင့် သံယောဇဉ်ဟု ဖော်ပြထားခြင်း ဖြစ်၏။)
(၂) အသမူဟတုပ္ပန္န- အသမူဟတ-မဂ်ဖြင့် မပယ်သတ်ရသေးသောကြောင့်+ဥပ္ပန္န အကြောင်းညီညွတ်ပါက အချိန်မရွေးဖြစ်လာနိုင်သော သံယောဇဉ်ကိလေသာ၊ (၃) ဝိပဿနာ၏ အာရုံဖြစ်သော လောကီခန္ဓာငါးပါးသည် ကိလေသာတို့ဖြစ်ပွားရာ အသိုက်အအုံဘုံ (ဘူမိ) မည်၏။ ဘူမိ လဒ္ဓါ ယေနာတိ ဘူမိလက္ခံ-နှင့် အညီ ထိုအသိုက်အအုံဘုံကို ရထားသော ဟိလေသာ အပေါင်းသည် ဘူမိလဒ္ဓမည်၏ယင်းဘူမိလဒ္ဓမည်သော ကိလေသာသည်ပင်အကြောင်း ညီညွတ်ပါက ဖြစ်လာနိုင်သောကြောင့် ဘူမိလဒ္ဓုပ္ပန္နမည်၏။ ၊ တို့၏အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ အပ္ပဟီနဋ္ဌေန ဥပ္ပန္နဿာတိ၊ ဟူ၍ ။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
(၂) အသမူဟတုပ္ပန္န- အသမူဟတ-မဂ်ဖြင့် မပယ်သတ်ရသေးသောကြောင့်+ဥပ္ပန္န အကြောင်းညီညွတ်ပါက အချိန်မရွေးဖြစ်လာနိုင်သော သံယောဇဉ်ကိလေသာ၊ (၃) ဝိပဿနာ၏ အာရုံဖြစ်သော လောကီခန္ဓာငါးပါးသည် ကိလေသာတို့ဖြစ်ပွားရာ အသိုက်အအုံဘုံ (ဘူမိ) မည်၏။ ဘူမိ လဒ္ဓါ ယေနာတိ ဘူမိလက္ခံ-နှင့် အညီ ထိုအသိုက်အအုံဘုံကို ရထားသော ဟိလေသာ အပေါင်းသည် ဘူမိလဒ္ဓမည်၏ယင်းဘူမိလဒ္ဓမည်သော ကိလေသာသည်ပင်အကြောင်း ညီညွတ်ပါက ဖြစ်လာနိုင်သောကြောင့် ဘူမိလဒ္ဓုပ္ပန္နမည်၏။ ၊ တို့၏အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ အပ္ပဟီနဋ္ဌေန ဥပ္ပန္နဿာတိ၊ ဟူ၍ ။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
ဝတ္တမာနုပ္ပန္နတာ၊ ဖြစ်ဆဲဖြစ်၍ ဥပါဒ်ဌ်ဘင်ခဏသုံးပါးသို့ ရောက်သော သံယောဇဉ်၏ အဖြစ်ကို။ သမုဒါစာရဂ္ဂဟဏေနေဝ= သမုဒါစာရသဒ္ဓါဖြင့် သာလျှင်။
ဂဟိတာ၊ ယူအပ်ပြီ။
ယေန ကာရဏေနာတိ၊ ကား။
ဝိပဿနာသမထဘာ ဝနာသင်္ခါတေန၊ ဝိပဿနာ ဘာဝနာ, သမထဘာဝနာ-ဟု ဆိုအပ်သော။
ယေန ကာရဏေန၊ အကြင် အကြောင်းကြောင့် (အာယတိ အနုပ္ပါဒေါ မဟာတိ)
ဟိ၊ ချဲ့ဦးအံ့။
တံ (ကာရဏံ)၊ ထိုအကြောင်းဟူသည်။
တဿ၊ ထိုသံယောဇဉ်ကို။
တဒင်္ဂဝသေနစေဝ၊ ထိုထိုဝိပဿနာအစိတ်အင်္ဂါအစွမ်းဖြင့်လည်းကောင်း။
ဝိက္ခမ္ဘနဝသေန စ၊ သမာပတ်ဖြင့် ပယ်ခွာခြင်း အစွမ်းဖြင့်လည်းကောင်း။
ပဟာနကာရဏံ၊ ပယ်ခြင်းဟူသော အကြောင်း ပေတည်း။
ဣဿာမစ္ဆရိယာနံ၊ ဣဿာနှင့် မစ္ဆရိယတို့၏။
ဝါ၊ တို့ကို။
အပါယဂမနီယတာယ၊ အပါယ်ဘုံသို့ သွားကြောင်းတရားတို့၏ အဖြစ်ကြောင့်။
ပဋ္ဌမမဂ္ဂဝဇ္ဈတာ၊ ပဌမမဂ်ဖြင့် ပယ်သတ်အပ်ကုန်သည်တို့၏ အဖြစ်ကို။
(ဘဂဝတာ၊ မြတ်စွာဘုရားသည်။)
ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
ယဒိ ဧဝံ၊ ယင်းသို့ ဟောတော်မူအပ်ပါလျှင်။
တိဏ္ဏံ။ပ။ဟောတီတိ၊ တိဏ္ဏံ။ပ။ ဟောတိ-ဟူသော။
သုတ္တပဒံ၊ ပါဠိတော်ဝါကျကို။
ကထံ၊ အဘယ်သို့ ညီညွတ်လိုက်လျော မဆန့်ကျင်သောအားဖြင့်။
(ဒဋ္ဌဗ္ဗံ၊ မှတ်ရပါမည်နည်း။)
ဣတိ၊ ဤသို့စောဒနာလသော်။
တံ (သုတ္တပဒံ)၊ ထိုပါဠိတော်ဝါကျကို။
သုတ္တန္တပရိယာယေန၊ သုတ္တန်ဒေသနာတော်နည်း အားဖြင့်။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဟိ၊ မှန်၏။
သုတ္တန္တဒေသနာ၊ သုတ္တန်ဒေသနာတော် သည်။
ယထာနုလောမသာသနာ၊ ဝေနေယျသတ္တဝါတို့၏ အလိုအဇ္ဈာသယအားလျော်စွာ ဟောကြားဆုံးမရာ ဒေသနာတော်ပေတည်း။
အယံ ပန၊ ဤဓမ္မာနုပဿနာအာယတနပဗ္ဗ အဖွင့်အဋ္ဌကထာသည်ကား။
အဘိဓမ္မနယေန၊ အဘိဓမ္မာဒေသနာတော်နည်းအားဖြင့်။
သံဝဏ္ဏနာ၊ ဖွင့်ပြကြောင်း အဋ္ဌကထာတည်း။
ဣတိ၊ ထို့ကြောင့်။
အယံ ဒေါသော၊ ဤဆန့်ကျင်ခြင်းအပြစ်သည်။
န ဟောတိ၊ မဖြစ်ပါ။
ဣတိ၊ ဤသို့။
(သောဓေတဗ္ဗံ၊ ဖြေရှင်းသုတ်သင်ရမည်။)
သြဠာရိကဿာတိ၊ ကား။
ထူလဿ၊ ကြမ်းတမ်းသော။
ယတော၊ ယင်းသို့ကြမ်းတမ်းသည်အဖြစ်ကြောင့်။
အဘိဏှသမုပ္ပတ္တိပရိယုဋ္ဌာနတိဗ္ဗတာဝ၊ အမြဲမပြတ်ဖြစ်ခြင်းကြောင့် ထကြွမှု၏ ပြင်းထန်သည်အဖြစ်သည်သာလျှင်။
ဟောတိ၊ ၏။
အဏုသဟဂတဿာတိ၊ ကား။
ဝုတ္တပ္ပကာရာဘာဝေန၊ ဆိုအပ်ပြီးသော အပြားရှိသော သြဠာရိကသဘော၏ မရှိခြင်းကြောင့်။
အဏုဘာဝံ၊ သေးငယ်သည်အဖြစ်သို့။
သုခုမ ဘာဝံ၊ သိမ်မွေ့သည်အဖြစ်သို့။
ဂတဿ၊ ရောက်သော။
(ကာမရာဂပဋိယသံယောဇနဒွယဿ၊ ၏)။
ဧတ္ထ၊ ဤဆယ်ပါးသော သံယောဇဉ်တို့တွင်။
ဥဒ္ဓစ္စသံယောဇနဿ၊ ဥဒ္ဓစ္စသံယောဇဉ် ၏။
အနုပ္ပါဒေါ၊ မဖြစ်ခြင်းကို။
ဝုတ္တောယေဝ၊ ဟောတော်မူအပ်ပြီးသည်သာတည်း။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
(ကသ္မာ၊ နည်း။
ဥဒ္ဓစ္စသံယောဇနဿ၊ ၏။)
ယထာဝုတ္တသံယောဇနေဟိ၊ ဆိုအပ်ပြီးသမျှသော သံယောဇဉ်တို့နှင့်။
အဝိနာဘာဝတော၊ ကင်း၍ မဖြစ်သည်အဖြစ်ကြောင့်တည်း။
ဧကတ္ထတာယ၊ တူသော အနက်ရှိသည်အဖြစ် ကြောင့်။
သောတာဒီနံ၊ သောတပသာဒအစရှိသည်တို့ကို။
သဘာဝသရသလက္ခဏ ဝသေန၊ မှန်ကန်သော မိမိ၏သဘော, မိမိ၏ ကိုယ်ပိုင်ကိစ္စ, ကိုယ်ပိုင်လက္ခဏာ သာမည လက္ခဏာတို့ကို သိခြင်းအနေအားဖြင့်။
ပဇာနနာစ၊ သိခြင်းတို့ကိုလည်းကောင်း။
တပ္ပစ္စ ယာနံ၊ ထိုသောတပသာဒအစရှိသော အကြောင်းရှိကုန်သော။
ဝါ၊ သောတပသာဒ အစရှိသည်တို့ကြောင့် ဖြစ်ကုန်သော။
သံယောဇနာနံ၊ သံယောဇဉ်တို့၏။
ဥပ္ပါဒါဒိပဇာန နာစ၊ ဖြစ်ခြင်းအစရှိသည်တို့ကို သိခြင်းတို့ကိုလည်းကောင်း။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။
ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။
ဣတိ၊ ဤသို့။
ဒဿေန္တော၊ ပြတော်မူလိုသည် အဖြစ်ကြောင့်။
ဧသေဝ နယောတိ၊ ဧသော နခယာ ဟူ၍။
အတိဒိသတိ၊ ပြန်ညွှန်းတော်မူ၏။
အတ္တနော ဝါ ဓမ္မေသူတိ၊ ကား။
အတ္တနော၊ မိမိ၏။
အဇ္ဈတ္တိကာယတနဓမ္မေသု၊ အဇ္ဈတ္တိကာယတနတရားတို့၌။
ဝါ၊ တနည်းကား။
အတ္တနော၊ ၏။
ဥဘယဓမ္မေသု၊ နှစ်မျိုးစုံသော အဇ္ဈတ္တိကာယတန, ဗာဟိရာယတန တရားတို့၌ (ဓမ္မာနုပဿီ ဝိဟရတိ) ။
ဣမသ္မိံ ပက္ခေ၊ အတ္တနော ဥဘယဓမ္မေသုပါ ဟူသော ဤမှာ ဘက်အဖို့၌။
အဇ္ဈတ္တိကာယတနပရိဂ္ဂဏှေနေနာတိ၊ ကား။
အဇ္ဈတ္တိ ကာယတနပရိဂ္ဂဏှနမုခေန၊ အဇ္ဈတ္တိကာယတနကို သိမ်းယူရှုမှတ်ခြင်းကို အဦးပဓာန ပြုခြင်းအားဖြင့် ။
(ဓမ္မာနုပဿီ ဝိဟရတိ) ဣတိ၊ ဤကား။
အတ္ထော၊ တည်း။
စ၊ ယင်းသို့အနက်ဖွင့်ခြင်း၏ အကျိုးကား။
ဧဝံ၊ ဤသို့ အဇ္ဈတ္တိကာယတန - ပရိဂ္ဂဏှနမုခေန-ဟူ၍ အနက်ယူအပ်လသော်။
အနဝသေသတော၊ အကြွင်းအကျန် မရှိသော အားဖြင့်။
သပရသန္တာနေသု၊ မိမိသန္တာန်, သူတပါးသန္တာန်တို့၌၊ အာယတနာနံ အာယတနတို့ကို။
ပရိဂ္ဂဟော၊ သိမ်းယူခြင်းသည်။
သိဒ္ဓေါ၊ ပြီးစီးသည်။
ဟောတိ၊ ၏။
ပရဿ ဝါ ဓမ္မေသူတိ ဧတ္ထာပိ၊ ပရဿ ဝါ ဓမ္မေသု-ဟူသော ဤပါဌ်၌လည်း။
ဧသေဝ နယော၊ ဤနည်းပင်တည်း။
ရူပါယတနဿာတိ၊ ကား။
အဍ္ဎေကာဒသပ္ပဘေဒဿ၊ အခွဲနှင့် တကွ (၁၁)မျိုးအပြားရှိသော။
ဝါ၊ ဆယ်ပါးခွဲ အပြားရှိသော။
ရူပသဘာဝဿ၊ ရုပ်၏ သဘောရှိသော။
အာယတနဿ၊ အာယတန၏။
(သမုဒယဝယာ၊ ဖြစ်ခြင်းပျက်ခြင်း သဘောတရားတို့ကို။)
ရူပက္ခန္ဓေ၊ ရူပက္ခန္ဓာ၌။
ဝုတ္တနယေန၊ ဆိုအပ်ပြီးသော နည်းဖြင့်။
နီဟရိတဗ္ဗာ၊ ထုတ်ဆောင်ထိုက်ကုန်၏။
ဣတိ၊ ဤသို့။
အာနေတွာ၊ ဆောင်၍။
သမ္ဗဇ္ဇိတဗ္ဗံ၊ ဆက်စပ်သင့်၏။
သေသက္ခန္ဓေသူတိ၊ ကား။
ဝေဒနာသညာသင်္ခါရက္ခန္ဓေသု၊ တို့၌။
ဝုတ္တနယေနာတိ၊ ဝုတ္တနယေန-ဟူသော။
ဣမိနာ အတိဒေသေန၊ ဤပြန်၍ ညွှန်ပြကြောင်း သဒ္ဒါဖြင့်။
ရူပက္ခန္ဓေ၊ ၌။
အာဟာရသမုဒယာတိ၊ အာဟာရသမုဒယာ ဟူသော။
(ဣမံ ဝိသေသံ၊ ဤထူးခြားသောဖြစ်ကြောင်း တရားကို။
ဝိဘာဝေတိ၊ ထင်ရှားပြတော်မူ၏။)
ဝိညာဏက္ခန္ဓ၊ ၌။
နာမရူပသမုဒယာတိ၊ ဟူသော ။
(ဣမံ ဝိသေသံ ဝိဘာဝေတိ)
သေသက္ခန္ဓေသု၊ ကြွင်းသော ခန္ဓာတို့၌။
ဖဿမုဒယာတိ၊ ဖဿသမုဒယာ ဟူသော။
ဣမံ ဝိသေသ ဝိဘာဝေတိ၊ ၏။
ပန၊ ထိုမှတပါး။
ဣတရံ၊ အာယတနတို့၏ သမုဒယဝယတို့ကို ခန္ဓာတို့၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထင်ရှားဖော်ပြခြင်းမှ တပါးသော အနက်အဖွင့်သည်။
သဗ္ဗတ္ထ၊ အားလုံးသော ပါဠိပုဒ်ဝါကျတို့၌။
သမာနံ၊ တူ၏။
ဣတိ (ဒဋ္ဌဗ္ဗံ) ခန္ဓပဗ္ဗေ ဝိယ၊ ခန္ဓာအပိုင်း၌ ကဲ့သို့။ အာယတနပဗ္ဗေပိ= အာယတနအပိုင်း၌လည်း။
လောကုတ္တရနိဝတ္တနံ၊ လောကုတ္တရာတရားကို တုံ့နစ်စေခြင်းသည် ။
(ဟောတိ) ပါဠိယံ၊ ပါဠိတော်၌။
ဂဟိတံ၊ ယူအပ်သော လောကုတ္တရာတရားသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ထို့ကြောင့်။
လောကုတ္တရဓမ္မော န ဂဟေတဗ္ဗောတိ၊ ဟူ၍။
(အာစရိယေန) ဝုတ္တံ၊ ပြီ။
သေသံ၊ ကြွင်းသော ပုဒ်ဝါကျသည်။
ဝုတ္တနယမေဝ၊ ဖွင့်ဆိုအပ်ပြီးသော နည်းရှိသည်သာတည်း။
အာယတနပဗ္ဗဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။