ဘန္တနေတ္တက+ဥပ္ပလာဒိဝိဝိဓံ
ဘန္တနေတ္တက+ဥပ္ပလာဒိဝိဝိဓံ။ ။ ဤပုဒ်ကို စာမူရှိသည့်အတိုင်းအနက်ပေးသည်။ ဘာသာဋီကာ၌မူ ပါဌ်ပျက်နေဟန်တူသည်ဟု မိန့်၏။ ပါဠိတော်၌ “နာနာရတ္တာနံ စ ဒုဿာနံ ဝိလာတံ ကယိရမာနံ”ဟု မိန့်ဆိုထားသောကြောင့် ယခုကာလ၌ အသုဘအလောင်းထားသည့်ခုတင် (မော်တော်ကားစသည်)ကို အရောင်အဆင်း လှပသော အဝတ် (ဆေးရေးပန်းချီ)တို့နှင့် ပန်းကုံးများဖြင့် အလှပြင်ထားသကဲ့သို့ ထိုရှေးခေတ်ကာလတုန်းကလည်း ဝိလာတ ခေါ် ထမ်းစင်ကို ရောင်စုံအဝတ်များဖြင့် လှပအောင် ပြုလုပ်ဆင်ယင်ကြဟန်ရှိ၏၊ ထို့ကြောင့် လိပ်ပြာခေါ် ပိတုန်းများနှင့် ကြာရွက် ကြာပွင့် ပန်းချီအရုပ်များလည်း ထိုရောင်စုံအဝတ်များ၌ ပါရှိနိုင်၏။ ယင်းသို့ဖြစ်နိုင်ဖွယ်ရှိသည်ကို မှန်းဆ၍ အနက်ပြန်ဆိုထားခြင်းဖြစ်သည်၊ စဉ်းစားကြ လေကုန်။
၊ တုန်လှုပ်သော မျက်စိရှိသော လိပ်ပြာ ကောင်နှင့် ကြာပွင့်ပန်းချီအရုပ်အစရှိသော အထူးထူးသော အဆင်တန်ဆာကို။
ကတွာ၊ ပြု၍။
လာတဗ္ဗတော၊ ယူအပ်သည်အဖြစ်ကြောင့်။
ဝယှံ စ၊ လှည်းပေါင်းချုပ်သည်လည်းကောင်း။
သိဝိကာစ၊ အလောင်းတင်ထမ်းစင်သည်လည်းကောင်း။
ဝိလာတော၊ ဝိလာတ မည်၏။
ဣတိ၊ ထို့ကြောင့်။
ဝိလာတန္တိ သိဝိကန္တိ၊ ဝိလာတန္တိ သိဝိကံ-ဟူ၍။
(အာစရိယော၊ အဋ္ဌကထာဆရာသည်။)
အာဟ၊ ဖွင့်ဆိုပြီ။
သိဝိကာယ၊ ထမ်းစင်၏။
ဝါ၊ ကို။
ဒိဋ္ဌပုဗ္ဗတ္တာ၊ မြင်အပ်ဖူးသည်အဖြစ်ကြောင့်။
မဟာသတ္တော၊ ဘုရားအလောင်းသည်။
စိတကပဉ္ဇရံ၊ မသာလောင်းတင်ထားရာထင်းပုံကို (လှောင်ချိုင့်သဏ္ဌာန် ထင်းပုံကို)။
သိဝိကန္တိ၊ ဟူ၍။
အာဟ၊ မိန့်ဆိုတော်မူပြီ။
ဣတော ပဋိဂတန္တိ၊ ကား။
ဣတော ဘဝတော၊ ဤယခုဘဝမှ။
အပဂတံ၊ (ဆွေမျိုးအပေါင်းကို) စွန့်ခွာသွားသော။
ကတကာလန္တိ၊ ကား။
ပရိယောသာပိတဇီဝနကာလံ၊ ပြီးဆုံးစေအပ်ပြီးသော အသက်ရှင်ရာ ကာလရှိသော။
တေန၊ ထို့ကြောင့်။
အာဟ၊ အဋ္ဌကထာဆရာ ဖွင့်ဆိုသည်ကား။
ယတ္တကန္တိအာဒိ၊ ယတ္တကံ အစရှိသည်တည်း။