၂၄၉။ ဣတ္ထိရတနံ ပါတုဘဝတီတိ၊ ဣတ္ထိရတနံ ပါတုဘဝတိ- ဟူ၍။
ဝတွာ၊ ဖွင့်ဆိုတော်မူပြီး၍။
အဿာ၊ ထိုဣတ္ထိရတနာ၏။
ကုတော၊ အဘယ်အမျိုးမှ။
ပါတုဘာဝေါ၊ ထင်ရှားဖြစ်ပေါ်လာခြင်းသည် ။
(ဟောတိ၊ ဖြစ်ပါသနည်း) ။
ဣတိ၊ ဤသို့ မေးဖွယ်ရှိခြင်းကြောင့်။
(တံ၊ ထိုဣတ္ထိရတနာဖြစ်ရာ အမျိုးကို) ။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
မဒ္ဒရာဇကုလတောတိ အာဒိ၊ မဒ္ဒရာဇကုလတော- အစရှိသော စကားရပ်ကို။
(အာစရိယေန၊ အဋ္ဌကထာဆရာသည်) ။
ဝုတ္တံ၊ ဖွင့်ဆိုတော်မူအပ်ပြီ။
မဒ္ဒရဋ္ဌံ၊ မဒ္ဒတိုင်းပြည်သည်။
ဇမ္ဗုဒီပေ၊ သပြေပင်ဖြင့် မှတ်သားအပ်သော ကျွန်း၌။
အဘိရူပါနံ၊ လွန်ကဲသော အဆင်းရှိကုန်သော။
ဝါ၊ အလွန်အဆင်းလှကုန်သော။
ဣတ္ထီနံ၊ မိန်းမတို့၏။
ဥပ္ပတ္တိဋ္ဌာနံ ကိရ၊ ဖြစ်ရာအရပ်ဖြစ်သတဲ့။
တထာ ဟိ၊ ထိုစကား မှန်၏။
သိဉ္စယ မဟာရာဇဿ၊ သိဉ္စယမင်းကြီး၏။
ဒေဝီ၊ မိဖုရား။
ဝေဿန္တရမဟာရာဇဿ၊ ဝေဿန္တရာမင်းကြီး၏။
ဒေဝီ၊ မိဖုရား။
ဘဒ္ဒကာပိလာနီ၊ ဘဒ္ဒကာပိလာနီ။
ဣတိ ဧဝမာဒိ၊ ဤသို့ အစရှိသော။
ဣတ္ထိရတနံ၊ မိန်းမရတနာသည်။
မဒ္ဒရဋ္ဌေဧဝ၊ မဒ္ဒတိုင်းပြည်၌ သာလျှင်။
ဥပ္ပန္နံ၊ ဖြစ်ပြီ။
ပုညာနုဘာဝေနာတိ၊ ကား။
စက္ကဝတ္တိရညော၊ စက္ကဝတ်မင်း၏။
ပုညတေဇေန၊ ကုသိုလ်၏ အစွမ်းကြောင့်။
(သယံ အာဂစ္ဆတိ)။
သဏ္ဌာနပါရိပူရိယာတိ၊ ကား။
ဟတ္ထပါဒါဒိသရီရာဝယဝါနံ၊ လက်ခြေ အစရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းတို့၏။
သုသဏ္ဏိတာယ၊ ကောင်းစွာ တည်ရှိခြင်းကြောင့်။
(အဘိရူပါ၊ မည်၏-၌စပ်) ။
ဟိ၊ မှန်၏။
အဝယဝပါရိပူရိယာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း၏ ပြည့်ဖြိုးခြင်း ပြည့်စုံခြင်းကြောင့်။
သမုဒါယပါရိပူရိသိဒ္ဓိ၊ အပေါင်းတကိုယ်လုံး ပြည့်ဖြိုးမှု၏ ပြီးစီးခြင်းသည်။
ဟောတိ။
ရူပန္တွေဝ သင်္ခံ ဂစ္ဆတီတိ အာဒီသုဝိယ၊ ရူပန္တွေ သင်္ခံ ဂစ္ဆတိ အစရှိသော ပါဠိဝါကျတို့၌ ကဲ့သို့။
ရူပန္တိ၊ ရူပဟူသည်။
သရီရံ၊ ကိုယ်ခန္ဓာတည်း။
ဒဿနီယာတိ၊ ကား။
သုရူပဘာဝေန၊ လှပသော ကိုယ်ခန္ဓာ ရှိသည် အဖြစ်ကြောင့်။
ပဿိတဗ္ဗယုတ္တာ၊ ရှုချင်ဖွယ်ကောင်းသည် အဖြစ်နှင့် ယှဉ်၏။ )
တေန၊ ထို့ကြောင့်။
ဒိဿမာနာဝါတိအာဒိ၊ ဒိဿမာနာဝ- အစရှိသော။
(ယံဝစနံ၊ အကြင် စကားသည်။
အတ္ထိ၊ ရှိ၏။
တံ ဝစနံ၊ ထိုစကားကို။
အာစရိယော၊ သည်) ။
အာဟ၊ ဖွင့်ဆိုပြီ။
ယောနိသော၊ ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းအားဖြင့်။
စိန္တေန္တာနံ၊ ကြံစည် စဉ်းစားသူတို့၏။
ကမ္မဖလသဒ္ဓါယ၊ ကံအကျိုး၌ ယုံကြည်မှုကုသိုလ် သဒ္ဓါ၏။
ဝသေန၊ အစွမ်းဖြင့်။
ဝါ၊ အလိုကျအားဖြင့်။
သောမနဿဝသေန၊ ဝမ်းမြောက်မှု၏ အစွမ်းဖြင့်။
စိတ္တံ၊ စိတ်ကို။
ပညာဒေတိ၊ ကြည်လင်စေ၏။
ပသာဒါဟတ္တာတိ၊ ပသာဒါဝဟတ္တာ-ဟူသော။
ကာရဏဝစနေန၊ အကြောင်းပြ စကားဖြင့်။
ပါသာဒိကတာယ၊ စိတ်ကြည်လင်မှုကို ဖြစ်စေတတ်သည် အဖြစ်ကြောင့်။
ဝဏ္ဏပေါက္ခရတာသိဒ္ဓိ၊ အဆင်း၏ ကောင်းသည်အဖြစ် ပြီးစီးခြင်းကို။
ဝုတ္တာ ယထာ၊ ဟောတော်မူအပ်ပြီးသကဲ့သို့။
ဧဝံ၊ ဤအတူ။
ဒဿနီယတာယ၊ ရှုချင်ဖွယ် ကောင်းသည် အဖြစ်ကြောင့်။
ပါသာဒိကတာသိဒ္ဓိစ၊ စိတ်ကြည်လင်မှုကို ဖြစ်စေတတ်သည် အဖြစ်၏ ပြီးစီးခြင်းကိုလည်းကောင်း။
အဘိရူပတာယ၊ လွန်ကဲသော အဆင်းရှိသည် အဖြစ်ကြောင့်။
ဒဿနီယတာသိဒ္ဓိစ၊ ရှုချင်ဖွယ်ကောင်းသည် အဖြစ်၏ ပြီးစီးခြင်းကို လည်းကောင်း။
ဝတ္တဗ္ဗာ၊ ဆိုသင့်ဆိုထိုက်၏။
ဣတိ၊ ဤသို့သော။
နယံ၊ နည်းကို။
ဝါ၊ လမ်းညွှန်ချက်ကို။
ဒဿေတိ၊ ပြတော်မူ၏။
ဝါ၊ တနည်းကား။
ပဋိလောမတော၊ ပြောင်းပြန်အားဖြင့်။
ဝဏ္ဏပေါက္ခရတာယ၊ အဆင်း၏ ကောင်းမွန်သည် အဖြစ်ကြောင်း ။
ပါသာဒိကတာ သိဒ္ဓိ၊ ကိုလည်းကောင်း။
ပါသာဒိကတာယ၊ ကြောင့်။
ဒဿနီယတာ သိဒ္ဓိ၊ ကောင်း။
ဒဿနီယတာယ၊ ကြောင့်။
အဘိရူပတာသိဒ္ဓိ၊ ကောင်း။
ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်ကုန်၏။
ဧဝံ၊ ဤသို့။
သရီရသမ္ပတ္တိဝသေန၊ ကိုယ်ခန္ဓာ ပြည့်စုံခြင်း၏ အစွမ်းဖြင့် ။
(ဝါ၊ ကိုယ်ခန္ဓာပြည့်စုံခြင်းကြောင့်) ။
အဘိရူပတာဒိကေ၊ လွန်ကဲသော အဆင်းရှိသည် အဖြစ် အစရှိသည်တို့ကို။
ဒဿေတွာ၊ ပြပြီး၍။
ဣဒါနိ၊ ယခုအခါ၌။
သရီရေ၊ ခန္ဓာကိုယ်၌။
ဒေါသာဘာဝ၀သေနပိ၊ အပြစ်မရှိခြင်း၏ အစွမ်းဖြင့်လည်း။
တေ၊ ထိုအဘိရူပဟာ အစရှိသည်တို့ကို။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
အဘိရူပါ ဝါတိ အာဒိ၊ အဘိရူပါ ဝါ အစရှိသော စကားရပ်ကို။
(အာစရိယေန) ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထိုအဘိရူပါ ဝါ- အစရှိသော စကားရပ်၌။
ပမာဏယုတ္တာ၊ ကိုယ်ခန္ဓာ၏ အတိုင်းအတာ ပမာဏနှင့် ယှဉ်ကုန်သည်။ (ဟုတွာ= ဖြစ်၍။
ဝါ၊ ဖြစ်ခြင်းကြောင့်) ။
ပါသာဒိကနာတိဒီဃတာဒယော၊ စိတ်ကို ကြည်လင်စေသည် အဖြစ်, မရှည်လွန်းသည် အဖြစ်အစရှိသည်တို့သည်။
ဟောန္တိယထာ၊ ဖြစ်ကုန်သကဲ့သို့။
ဧဝံ၊ ဤအတူ။
အာရောဟ, ပရိဏာဟယောဂတော စ၊ အရပ်အမောင်း,ကိုယ်လုံးကိုယ်ထည်တို့နှင့် ယှဉ်ခြင်းကြောင့်လည်း။
ပါသာဒိကနာတိဒီ ဃတာဒယော၊ တို့သည်။
(ဟောန္တိ) ။
[ဤ၌ ပါသာဒိကာ-ဟု အာဒီဃ ပါဌ်ရှိနေ၏။ ရဿပြုလုပ်၍ နောက်ပုဒ်နှင့် သမာသ်ရှိမှသာ မှန်ကန်မည် ဖြစ်သည်။ ]
ဧဝံ၊ ဤအတူ။
မနုဿာနံ၊ လူတို့၏။
ဒိဗ္ဗရူပတာသမ္ပတ္တိပိ၊ နတ်၌ ဖြစ်သော ရုပ်သွင် သဏ္ဌာန်ရှိသည် အဖြစ်နှင့် ပြည့်စုံခြင်းသည်လည်း ။
(ဟောတိ) ဣတိ၊ ထို့ကြောင့်။
အပ္ပတ္တာ ဒိဗ္ဗဝဏ္ဏန္တိ ဝဏ္ဏံ၊ ဟူ၍။
(ဘဂဝတာ၊ မြတ်စွာဘုရားသည်)။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဥဗ္ဗေဓေန၊ အရပ်အမြင့်အားဖြင့်။
ပါသာဒိက ဘာဝတော၊ စိတ်ကြည်လင်မှုကို ဖြစ်စေတတ်သည် အဖြစ်ကြောင့်။
အာရောဟသမ္ပတ္တိ၊ အရပ်အမောင်း၏ ပြည့်စုံခြင်းကို။
ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
ကိသထူလဒေါသာဘာဝတော၊ ပိန်ချုံးသည်, ဝလွန်းသည် အဖြစ်ဟူသော အပြစ်မရှိသည် အဖြစ်ကြောင့်။
ပရိဏာဟသမ္ပတ္တိ၊ ကိုယ်လုံးကိုယ်ထည် ပြည့်စုံခြင်းကို။
ဝုတ္တာ၊ ပြီ။
ဝိဝဏ္ဏတာဘာဝတော၊ ဖေါက်ပြန်သော ရုပ်အဆင်းရှိသည် အဖြစ်၏ မရှိခြင်းကြောင့်။
ဝဏ္ဏသမ္ပတ္တိ၊ အဆင်း၏ ပြည့်စုံခြင်းကို။
ဝုတ္တာ၊ ပြီ။
ကာယဝိ ပတ္တိယာတိ၊ ကား။
သရီရဒေါသဿ၊ ခန္ဓာကိုယ်အပြစ်၏။
(အဘာဝေါ) သတဝါရဝိဟတ ဿာတိ၊ ကား။
သတက္ခတ္တုံ၊ အကြိမ်တစ်ရာတိုင်အောင်။
ဝိဟတဿ၊ တိုက်ခတ်အပ်သော။
ဝါ၊ ဖတ်အပ်သော။
(တူလပိစုနောဝါ- ၌စပ်) ။
စ၊ ဆက်ဦးအံ့။
သတဝါရဝိဟတဿာတိ ဣဒံ၊ သတဝါရဝိဟာဿ-ဟူသော ဤစကားကို။
ကပ္ပါသ ပိစုဝသေန၊ ဝါဂွမ်း အစုအနေအားဖြင့်။
ဝုတ္တံ၊ ဖွင့်ဆိုအပ်ပြီ။
ပန၊ စင်စစ်သော်ကား။
တူလပိစုနော၊ လဲအစုကို။
ဝိဟနနမေဝ၊ တိုက်ခတ် (ဖတ်) ရခြင်းသည်ပင်။
နတ္ထိ၊ မရှိ။
ကုင်္ကုမ, တဂရ, တုရုက္ခ, ယဝနပုပ္ဖါနိ၊ ကုင်္ကုမံ, တောင်ဇလပ်, ကမျည်း, လေးညှင်းပွင့် တို့သည်။
စတုဇ္ဇာတိ၊ နံ့သာမျိုးလေးပါးတို့မည်၏။
တမာလ, တဂရ, တုရုက္ခ, ယဝနပုပ္ဖါနိ၊ ပန်းညို, တောင်ဇလပ်, ကမျည်း, လေးညှင်းပွင့်တို့သည် ။
(စတုဇ္ဇာတိ၊ မည်၏) ။
ဣတိ၊ ဤသို့အပရေ အခြားသော ဆရာတို့သည်။
(ဝဒန္တိ၊ ဆိုကြကုန်၏)။
အဂ္ဂိဒဍ္ဎာ ဝိယာတိ၊ ကား။
အာသနဂတေန၊ မိမိထိုင်နေရာသို့ ရောက်နေသော။
အဂ္ဂိနာ၊ မီးသည်။
ဒဍ္ဎာ ဝိယ၊ လောင်အပ်သကဲ့သို့။
ပဌမမေဝါတိ၊ ကား။
ရာဇာနံ၊ မင်းကို။
ဒိသွာပိ၊ မြင်ရ၍လည်း (မြင်ရလျှင်လည်း) ။
ကိစ္စန္တရပသုတာ၊ ပြုလုပ်မြဲ အခြားကိစ္စ၌သာ ကြောင့်ကြစိုက်နေသည်။
အဟုတွာ၊ မဖြစ်မူ၍။
ကိစ္စန္တရတော၊ အခြားကိစ္စမှ။
ပဌမမေဝ၊ ရှေးဦးအလျင်သာလျှင်။
(ဥဋ္ဌာတိ၊ ပြုလုပ်ရာ နေရာမှ ထလာ၏) ။
ဒဿနသမကာလမေဝ၊ မြင်ခြင်းနှင့် အတူအမျှကာလ၌သာလျှင် (မြင်သည်နှင့် တပြိုင်နက်သာလျှင်) ။
(ဥဋ္ဌာတိ) ဣတိ အတ္ထော။
ဧတိဿာ၊ ဤမိဖုရား ရတနာ၏။
ဝါ၊ မှာ။
ရညော၊ မင်း၏။
နိသဇ္ဇာယ၊ ထိုင်နေခြင်း၏။
ဝါ၊ မှ။
ပစ္ဆာ၊ နောက်၌။
နိပါတနံ နိသီဒနံ၊ ထိုင်ခြင်းဟူသော။
သီလံ၊ အလေ့အလာသည်။
(အတ္ထိ၊ ရှိ၏)။
ဣတိ၊ ထိုသို့ ဘုရင်မင်းထိုင်ပြီးနောက်မှ ထိုင်ခြင်း အလေ့အလာရှိသည် အဖြစ်ကြောင့် ။
(သာ၊ ထိုမိဖုရား ရတနာသည်)။
ပစ္ဆာနိပါတိနီ၊ ပစ္ဆာနိပါတိနီ မည်၏။
အတ္တနာ၊ မိမိကိုယ်တိုင်။
ရညော၊ မင်း၏။
ဝါ၊ မင်းအတွက်။
တံတံ ကာတဗ္ဗကိစ္စံ၊ ထိုထိုပြုသင့်သော ကိစ္စကို။
(အဟံ၊ ကျွန်တော်မသည်) ။
ကိံကရောမိ၊ အဘယ်ကို ပြုလုပ်ပေးရမည်နည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိတဗ္ဗတာယ၊ မေးရမည့်ကိစ္စ၏ အဖြစ်ဖြင့်။
ကိံကရဏံ၊ အဘယ်ကို ပြုရမည် ဟူသောကိစ္စကို။
ပဋိသာဝေတိ၊ ကြားသိစေတတ်၏။
ဝါ၊ ကြားသိအောင် မေးမြန်း တတ်၏။
ဣတိ၊ ထိုသို့ အဘယ်ကိုပြုရမည်ဟူသော ကိစ္စကို ကြားသိစေတတ်သည် အဖြစ်ကြောင့်။
ကိံကာရပဋိဿာဝိနီ၊ ကိကာရပဋိဿာဝိနီမည်၏။
မာတုဂါမော နာမ၊ မိန်းမမည်သည်။
သဌဇာတိကော၊ စဉ်းလဲကောက်ကျစ်ခြင်း သဘောရှိ၏ (မိမိ၌ မရှိသော ဂုဏ်ကို အရှိလုပ်ခြင်း ဟိတ်ဟန်ဆောင် ဟန်ကြီး ပန်ကြီး လုပ်ခြင်းသဘောရှိ၏) ။
ပန၊ သို့သော်လည်း။
ဣတ္ထိရတနဿ၊ မိဖုရား ရတနာ၏။
တံ၊ ထိုသဌဇာတိသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤအနက်သဘောကို။
ဒဿေတုံ၊ ပြခြင်းငှာ။
သွာဿာတိ အာဒိ၊ သွာဿ- အစရှိသော စကားရပ်ကို။
(အာစရိယေန) ဝုတ္တံ၊ ပြီ။
ဂုဏာတိ၊ ကား။
ရူပဂုဏာစေ၀၊ ရုပ်အဆင်းလှခြင်းဂုဏ်တို့ကိုလည်းကောင်း။
အာစာရဂုဏာစ၊ ကိစ္စတပါး ရပ်နား အလျင် ကြိုတင်ထခြင်းအစရှိသော အကျင့်ဂုဏ် တို့ကိုလည်းကောင်း။
(ဝုတ္တာ၊ ပြီ) ။
ပုရိမကမ္မာနုဘာဝေနာတိ၊ ကား။
ကတဿ၊ ပြုလုပ်အပ်ခဲ့ဖူးသော။
ပုရိမကမ္မဿ၊ ရှေး၌ ဖြစ်သော ကံ၏။
အာနုဘာဝေန၊ အစွမ်းကြောင့်။
ဣတ္ထိရတနဿ၊ ၏။
တဗ္ဗာဝသံဝတ္တနိယဿ၊ ထိုလူ့အဆင်းထက် သာလွန်သည်အဖြစ်အစရှိသော ဂုဏ်တို့ကို ဖြစ်စေတတ်သော။
ပုရိမကမ္မဿ၊ ၏။
အာနုဘာဝေန၊ ကြောင့်။
(နိဗ္ဗတ္တာ၊ ဖြစ်ကုန်၏)။
စက္ကဝတ္တိနောပိ၊ စက္ကဝတ္တိမင်း၏လည်း။
ပရိဝါရသမ္ပတ္တိသံဝတ္တနိယပုညကမ္မံ၊ အခြံအရံပြည့်စုံခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ကံသည်။
တာဒိသဿ၊ ထိုကဲ့သို့ ရှုအပ်သော။
ဖလဝိသေသဿ၊ ပရိဝါရသမ္ပတ္တိဟူသော အကျိုးထူး၏။
ဥပနိဿယော၊ အားကြီးသော မှီရာအကြောင်း ) သည်။
ဟောတိယေဝ၊ ဖြစ်သည် သာတည်း။
တေန၊ ထို့ကြောင့်။
စက္ကဝတ္တိနော ပုညံ ဥပနိဿာယာတိ၊ ဟူ၍ ။
(အာစရိယော) အာဟ။
ဧတေန၊ ဤစက္ကဝတ္တိနော ပုညံ ဥပနိဿာယ- ဟူသော စကားဖြင့် ။
သေသေသု၊ မိဖုရားရတနာမှ ကြွင်းကုန်သော။
သဝိညာဏကရတနေသုပိ၊ ဝိညာဏ်နှင့် တကွဖြစ်သော ဆင်, မြင်းအစရှိသော သက်ရှိရတနာတို့သည်လည်း။
အတ္တနော၊ မိမိ၏။
ကမ္မဝသေန၊ ကုသိုလ်ကံ အစွမ်းကြောင့်။
နိဗ္ဗတ္တေသုပိ၊ ဖြစ်ပါကုန်သော်လည်း။
တေသံ တေသံ ဝိသေသာနံ၊ (လူ့အဆင်းထက် သာလွန်ခြင်းအစရှိသော) ထိုထို ထူးခြားသော ဂုဏ်တို့၏။
တဒုပနိဿယတာ၊ ထိုစက္ကဝတ္တိမင်း၏ ကုသိုလ်ကံဟူသော အားကြီးသောမှီရာရှိကုန်သည်အဖြစ်ကို။
ဝိဘာဝိတာဧဝ၊ ထင်ရှားပြအပ်သည် သာတည်း။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။
ပုဗ္ဗေ၊ ရှေး၌ (စက္ကဝတ္တိမင်းအဖြစ်သို့ မရောက်မီ ရှေး၌) ။
ဧကဒေသဝသေန၊ တစိတ်တချို့ အနေအားဖြင့်။
လဗ္ဘမာနာ၊ ရအပ်သော။
ပါရိပူရိ၊ ပြည့်စုံခြင်းသည်။
ရညော၊ မင်း၏။
စက္ကဝတ္တိဘာဂူပဂမနတော၊ စက္ကဝတ္တိမင်း အဖြစ်သို့ ရောက်ရာအခါမှ။
ပဋ္ဌာယ၊ စ၍။
သဗ္ဗာကာရပရိပူရာ၊ အားလုံးစုံသော အခြင်းအရာတို့နှင့် ပြည့်စုံသည်။
ဇာတာ၊ ဖြစ်ပြီ။