(ဘဂဝတော၊ မြတ်စွာဘုရား၏။
ဝါ၊ မှာ။)
သီတံဝါ၊ အအေးသည် လည်းကောင်း။
ဥဏှံဝါ၊ အပူသည်လည်းကောင်း။
နတ္ထိ၊ မရှိ။
တာယံ ဝေလာယံ၊ ထိုအချိန်အခါ၌။ (မြတ်စွာဘုရားကို အရှင်အာနန္ဒာ ယပ်ခတ်ပေးနေရာထိုအခါ၌။)
ပုညာနုဘာဝေန၊ ဘုန်းကံ၏အစွမ်းအာနုဘော်တော်ကြောင့်။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။
ဝါ၊ တို့မှာ။
သဗ္ဗကာလံ၊ အားလုံးသောကာလပတ်လုံး။
သမသီတုဏှာဝ၊ ညီမျှသော အအေးအပူသာလျှင်ဖြစ်သော။
ဥတု၊ ဥတုသည်။
ဟောတိ၊ ဖြစ်၏။
တံ၊ ထိုသို့ ထိုအချိန်က ပုညာနုဘာဝကြောင့် မြတ်စွာဘုရားတို့မှာ အခါခပ်သိမ်း သမသီတဥဏှဥတု ရှိသည်အဖြစ်ကို။
သန္ဓာယ၊ ရည်ရွယ်၍။
တထာ၊ ထိုသို့“သီတံဝါ ဥဏှံဝါ နတ္ထိ”ဟူ၍။
(အာစရိယေန)
ဝုတ္တံ၊ ပြီ။
အဘိဏှံ သန္နိပါတာတိ၊ ကား။
နိစ္စသန္နိပါတာ၊ အမြဲမပြတ် စည်းဝေးကြကုန်၏။
ပန၊ ဆက်ဦးအံ့။
တံ နိစ္စသန္နိပါတတံ၊ ထိုအမြဲစည်းဝေးကြသည် အဖြစ်ကို။
ဒဿေတုံ၊ ပြခြင်းငှာ။
ဒိဝသဿာတိ အာဒိ၊ ဒိဝသဿအစရှိသော စကားရပ်ကို။
(အာစရိယေန)
ဝုတ္တံ၊ ပြီ။
သန္နိပါတဗဟုလာတိ၊ ကား။
ပစုရသန္နိပါတာ၊ အကြိမ်များစွာစည်းဝေးကြကုန်၏။
ဝေါသာနန္တိ၊ ကား။
သင်္ကောစံ၊ တွန့်ဆုပ်ခြင်းသို့။
ယာဝကီဝန္တိ၊ ယာဝကီဝံ-ဟူသော။
ဧကမေဝ၊ တစ်ခုတည်းသာဖြစ်သော။
ဧတံ ပဒံ၊ ဤပုဒ်သည်။
အနိယမတော၊ ကန့်သတ်ချက်မရှိသောအားဖြင့်။
ပရိမာဏဝါစိ၊ အတိုင်းအတာပမာဏကို ဟောသောပုဒ်တည်း။
[ပဒသဒ္ဒါ၏ လိင်အတိုင်း “ဝါစိ”ဟု နပုလ္လိင်ဣရဿရုပ်ရှိရမည်ဖြစ်၏။]
စ၊ ထိုသို့ပင် အနိယမကာလဝါစိ ဖြစ်ပါသော်လည်း။
ဧတ္ထ၊ ဤလိစ္ဆဝီမင်းတို့ စည်းဝေးခြင်းကိစ္စ၌။
ကာလော၊ စည်းဝေးရာကာလကို။
အဓိပ္ပေတော၊ အလိုရှိအပ်၏။
ဣတိ၊ ထို့ကြောင့်။
ယတ္တကံ ကာလန္တိ၊ ဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
ဝုဒ္ဓိယေဝါတိ အာဒိနာ၊ ဝုဒ္ဓိယေဝ-အစရှိသော ပါဠိတော်ဝါကျဖြင့်။
ဝုတ္တံ၊ ဟောတော်မူအပ်သော။
အတ္ထံ၊ အနက်ကို။
ဗျတိရေကမုခေန၊ ပြောင်းပြန်အနက် ဟူသော အဦးအစဖြင့်။ (ပြောင်းပြန်အနက်ကို အဦးအစ မျက်နှာစာပြုသောအားဖြင့်။)
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
အဘိဏှံ အသန္နိပတန္တာ ဟီတိအာဒိ၊ အဘိဏှံ အသန္နိပတန္တာ ဟိ- အစရှိသော စကားရပ်ကို။
(အာစရိယေန၊ သည်။)
ဝုတ္တံ၊ ဖွင့်ဆိုအပ်ပြီ။
အာကုလာတိ၊ ကား။
ခုဘိတာ၊ ချောက်ချားကုန်၏။ (ရုတ်ရုတ်သဲသဲဖြစ်နေကုန်၏။)
နပသန္နာ၊ ခိုးသူ အသင်းအပင်း မရှင်းလင်းကုန်။
ဘိဇ္ဇိတွာတိ၊ ကား။
ဝဂ္ဂဗန္ဓတော၊ အုပ်စုအဖွဲ့အစည်းမှ။
ဝိဘဇ္ဇ၊ ဖရိုဖရဲပြိုကွဲ၍။
ဝိသုံ ဝိသုံ၊ သီးခြားသီးခြားစီ။
ဟုတွာ၊ ဖြစ်၍။
(ပလာယန္တိ)
သန္နိပါတဘေရိယာတိ၊ ကား။
သန္နိပါတာရောစနဘေရိယာ၊ စည်းဝေးရန် ဖိတ်ခေါ်ပြောဆိုကြောင်းစည်သည်။
(နိဂ္ဂတာယ)
အဍ္ဎဘုတ္တာဝါတိ၊ ကား။
သာမိဘုတ္တာ၊ ပိုင်ရှင်ဖြစ်ဖြင့် စားပြီးကုန်သည်။
[ဤပုဒ်ကိုပါဠိရှိသည့်အတိုင်းပင် ယခုလိုအနက်ပြန်ဆိုပါက “အဍ္ဎဘုတ္တာ”ဟူသော သံဝဏ္ဏေတဗ္ဗပုဒ်နှင့် မည်သို့ဆက်စပ် ရမည်ကို စဉ်းစားမရပါ။
အသာဓိတဘုတ္တာ၊ မပြီးစီးစေ အပ်သေးသော စားခြင်း ကိစ္စရှိကုန်သည်။
ဝါ၊ စားခြင်းကိစ္စမပြီးစီးသေး၍ တချို့ တဝက်မျှသာ စားပြီးကုန်သည်။”
ဟု ဖြစ်သင့်ရှိသင့်သော ပါဠိကိုပြ၍ အနက်ပေးလိုပါ၏၊ စဉ်းစားကြပါကုန်။]
(သမာနာစ၊ ဖြစ်ကုန်သော်လည်းကောင်း။)
ဩသီဒမာနေတိ၊ ကား။
ဟာယမာနေ၊ ဆုတ်ယုတ် လသော်။
ပုဗ္ဗေ အကတန္တိ၊ ကား။
ပုဗ္ဗေ၊ ရှေး၌။
အနိဗ္ဗတ္တံ၊ မဖြစ်သေးသော။
ဝါ၊ မဖြစ်စေအပ်သေးသော။ (မကောက်ခံအပ်သေးသော)
သုင်္ကန္တိ၊ ကား။
ဘဏ္ဍံ၊ ပစ္စည်းဥစ္စာကို။
ဂဟေတွာ၊ ယူ၍။
ဂစ္ဆန္တေဟိ၊ သွားသောလူတို့သည်။
(ဒါတဗ္ဗဘာဂံ၊ ၌စပ်။)
ပဗ္ဗတခဏ္ဍနဒီတိတ္ထဂါမဒွါရာဒီသု၊ တောင်ကျိုးတောင်ပြတ်လမ်း, မြစ်ဆိပ်,ရွာတံခါးအစရှိသည်တို့၌။
ရာဇပုရိသာနံ၊ မင်းချင်းယောက်ျားတို့အား။
ဒါတဗ္ဗဘာဂံ၊ ပေးရမည့် ကင်းခွန်အဖို့ကို။
ဗလိန္တိ၊ ကား။
နိပ္ဖန္နသဿာဒိတော၊ ရိတ်သိမ်းပြီးစီးပြီးသော ကောက်စပါး အစရှိသည်တို့မှ။
ဆဘာဂံ
ဆဘာဂံ သတ္တဘာဂံ ။ ။ အကယ်၍ ဤ “ဆဘာဂံ”စသည့်နေရာ၌ “ဆဋ္ဌဘာဂံ” စသည်ဖြင့် ရှိခဲ့လျှင်ခြောက်ခုမြောက်အဖို့ (ခြောက်ပုံတစ်ပုံ) စသည်ဖြင့် အနက်ဆိုရမည်ဖြစ်၏။ ယခုမူကား ပူရဏအနက်ဟောတဒ္ဓိတ်ပစ္စည်းမပါဘဲ ဆဘာဂံ-စသည်ဖြင့်ရှိနေသောကြောင့် ဆယ်ပုံပုံလျှင် ခြောက်ပုံနှင့်ခုနစ်ပုံစသည်ဖြင့် အနက်ပြန်ဆိုရမည်ဖြစ်၏။ ရိတ်သိမ်းပြီးသော ကောက်စပါးစသည်တို့မှ ဆယ်ပုံပုံ ခြောက်ပုံ, ခုနစ်ပုံစသည် အခွန်ပေးဆက်ရပါက အလွန် များလှ၍ “အပညတ္တံ ပညပေန္တိ” အရ ရှေးကမပညတ် မသတ်မှတ်သည်ကို ပညတ်သတ်မှတ်ရာ ရောက်၏။ ထို့ကြောင့် ပူရဏအနက်ယူ၍ ခြောက်ပုံတစ်ပုံ” စသည်ဖြင့် အနက်မပေးသင့်ပါ။
၊ ခြောက်ဖို့ခြောက်ပုံကို (ဆယ်ပုံပုံခြောက်ပုံကို)။
သတ္တဘာဂံ၊ ခုနစ်ဖို့ခုနစ်ပုံကို။
ဣတိ အာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
လဒ္ဓကရံ၊ ရအပ်သော အခွန်ကို။
(အာဟရာပေန္တာ၊ ဆောင်ယူစေသော ဘုရင်မင်းတို့သည်။
အပညတ္တံ၊ မပညတ် မသတ်မှတ်အပ်သေးသော ဥပဒေကို။
ပညပေန္တိနာမ၊ ပညတ်သတ်မှတ်ကုန်သည်မည်၏။
[ဤနေရာအဋ္ဌကထာစာအုပ်၌ “န ပညပေန္တိ, န သမုစ္ဆိန္ဒန္တိ”ဟူ၍- န ပဋိသေဓ အပိုပါနေကြောင်း အဋ္ဌကထာနိဿယ ဆရာတော်ကြီးများ မိန့်တော်မူကုန်၏။)
ဒဏ္ဍန္တိ၊ ကား။
ဒသဝီသတိကဟာပဏာဒိကံ၊ တစ်ဆယ်ကျပ်, နှစ်ဆယ်ကျပ်အစရှိသော။
အပရာဓာနုရူပံ၊ အပြစ်အားလျော်စွာ။
ဂဟေတဗ္ဗဓနဒဏ္ဍံ၊ ယူထိုက်သော ဥစ္စာဒဏ်ကို။
ဝဇ္ဇိဓမ္မန္တိ၊ ကား။
ဝဇ္ဇိရာဇဓမ္မံ၊ ဝဇ္ဇီမင်းတို့၏ တရားဥပဒေကို။
(သမာဒါယ၊ ကောင်းစွာနာယူ၍။
နဝတ္တန္တိနာမ၊ မလိုက်နာမကျင့်သုံးကုန်သည်မည်၏။)
ဣဒါနိ၊ ရှေးက မပညတ်အပ် သည်ကို ပညတ်ပုံစသည်ကို ဖွင့်ပြပြီးရာ ယခုအခါ၌။
အပညတ္တပညာပနာဒီသုစ၊ ထိုမပညတ်အပ်ဖူးသည်ကို ပညတ်ခြင်းအစရှိသည်တို့၌လည်းကောင်း။
တပ္ပဋိက္ခေပေစ၊ ထိုမပညတ်အပ်ဖူးသည်ကို ပညတ်ခြင်းကို ပယ်ရှားတားမြစ်ခြင်း၌လည်းကောင်း။
[အင်္ဂုတ္တိုရ်ဋီကာ၊ သတ္တကနိပါတ်၊ သာရန္ဒဒသုတ်အဖွင့်၊ (၁၅၉) အတိုင်းပါဠိရှိပါစေ]
အာဒီနဝါနိသံသေ၊ မကောင်းကျိုး အပြစ်နှင့် ကောင်းကျိုးအာနိသင်တို့ကို။
ဝိတ္ထာရတော၊ အကျယ်တဝင့် အားဖြင့်။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
တေသံ အပညတ္တန္တိအာဒိ၊ တေသံ အပညတ္တံ- အစရှိသော စကားရပ်ကို။
(အာစရိယေန၊ သည်။)
ဝုတ္တံ၊ ဖွင့်ဆိုတော်မူအပ်ပြီ။
ပါရိစရိယက္ခမာတိ၊ ကား။
ဥပဋ္ဌာနက္ခမာ၊ အနီးချဉ်းကပ် ပြုစုခံ့ကျန်းစွမ်းနိုင်ကုန်သည်။
(န ဟောန္တိ)။
ဧတေသံ၊ ဤပုဂ္ဂိုလ်တို့၏။
ကုလဘောဂဣဿရိယာဒိဝသေန၊ အမျိုး, စီးပွားဥစ္စာ, အစိုးရသည်၏ အဖြစ်အစရှိသည်တို့ အနေအားဖြင့်။
မဟတီ၊ ကြီးမြတ်သော။
မတ္တာ ပမာဏံ၊ အတိုင်းအတာပမာဏသည်။
(အတ္ထိ၊ ရှိ၏။)
ဣတိ၊ ထို့ကြောင့်။
(တေ၊ ထိုပုဂ္ဂိုလ်တို့သည်။)
မဟာမတ္တာ၊ မဟာမတ္တတို့မည်၏။
နီတိသတ္ထဝိဟိတေ၊ နီတိကျမ်း၌ စီစဉ်အပ်သော။
ဝိနိစ္ဆယ၊ ဆုံးဖြတ်မှုတာဝန်၌။
ဌပိတာ၊ ခန့်ထားအပ်ကုန်သော။
မဟာမတ္တာ၊ အမတ်ကြီးတို့သည်။
ဝိနိစ္ဆယမဟာမတ္တာ၊ ဝိနိစ္ဆယမဟာမတ္တတို့မည်၏။
တေသံ၊ ထိုနီတိကျမ်း၌ စီစဉ်အပ်သော ဆုံးဖြတ်မှုတာဝန်၌ ခန့်ထားအပ်သော အမတ်ကြီးတို့အား။
ဒေန္တီတိ၊ ကား။
နိယျာတေန္တိ၊ အပ်နှံကြကုန်၏။
သစေ စောရောတိ၊ ကား။
ဧဝံသညိနော၊ ဤသို့ သူခိုးဟု ထင်မှတ်မှုရှိကုန်သည်။
သစေ ဟောန္တိ၊ အကယ်၍ ဖြစ်ကုန်အံ့။
ပါပဘီရုတာယ၊ မကောင်းမှုအကုသိုလ်မှ ကြောက်ကုန်သည်အဖြစ်ကြောင့်။
အတ္တနာ၊ ကိုယ်တိုင်။
ကိဉ္စိ၊ တစ်စုံတစ်ခုသော စကားကို။
အဝတွာ၊ မပြောဆိုကုန်မူ၍။
ဒဏ္ဍနီတိသညိတေ၊ ဒဏ္ဍနီတိကျမ်းအဆုံးအဖြတ်ဟု သိမှတ်ထားအပ်သော။
ဝေါဟာရေ၊ တရားဆုံးဖြတ်မှုရာထူး၌။
နိယုတ္တာ၊ ယှဉ်ကုန်သော (တာဝန်ရှိကုန်သော) တရားသူကြီးတို့တည်း။
ဣတိ၊ ထို့ကြောင့်။
ဝေါဟာရိကာ၊ ဝေါဟာရိကတို့မည်၏။
ယေ၊ ယင်းတရားသူကြီးတို့ကို။
ဓမ္မဋ္ဌာတိ၊ တရားဥပဒေ၌ ရပ်တည်သူတို့ဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
သုတ္တဓရာတိ၊ ကား။
နီတိသုတ္တဓရာ၊ နီတိသုတ်ကျမ်းကို ဆောင်သော သူတို့တည်း။
ဤဒိသေ၊ ဤကဲ့သို့ရှုအပ်ကုန်သော (ဤကဲ့သို့နီတိသုတ်ကျမ်းကိုဆောင်ကုန်သော)။
ဝေါဟာရဝိနိစ္ဆယေ၊ ရှေးရိုးဆိုထုံး တရားဆုံးဖြတ်မှု တာဝန်၌။
နိယမေတွာ၊ သတ်မှတ်၍။
ဌပိတာ၊ ခန့်ထားခံရသူတို့တည်း။
ပရမ္ပရာဘတေသု၊ အဆက်ဆက်သော မင်းတို့ဆောင်ထားအပ်ကုန်သော (တာဝန်ပေးထားအပ်ကုန်သော)။
အဋ္ဌသု၊ ရှစ်ဦးကုန်သော။
ကုလေသု၊ အမျိုးတို့၌။
ဇာတာ၊ ဖြစ်ကုန်သော။
အဂတိဂမနဝိရတာ၊ အဂတိလိုက်စားခြင်းမှ ရှောင်ကြဉ် ကုန်သော။
အဋ္ဌမဟလ္လကပုရိသာ၊ ရှစ်ဦးသော အသက်အရွယ်ကြီးသော ပုဂ္ဂိုလ်တို့သည်။
အဋ္ဌကုလိကာ၊ အဋ္ဌကုလိကတို့မည်၏။
သက္ကာရန္တိ၊ ကား။
ဥပကာရံ၊ အလေးအမြတ် ပြုအပ်သော ပူဇော်မူကို။
ဂရုဘာဝံ ပစ္စုပဋ္ဌပေတွာတိ၊ ကား။
ဣမေ၊ ဤဘိုးကြီး ဘွားကြီးတို့သည်။
အမှာကံ၊ ငါတို့၏။
ဂရုနော၊ အလေးဂရုပြုထိုက်သူတို့ပေတည်း။
ဣတိ၊ ဤသို့။
တတ္ထ၊ ထိုအလေးအမြတ် ပူဇော်မှု၌။
ဂရုဘာဝံ၊ အလေးဂရုပြုထိုက်သူ၏ အဖြစ်ကို။
ပတိ ပတိ၊ အသီးအသီး။
ဝါ၊ တစ်ဦးစီတစ်ဦးစီ။
ဥပဋ္ဌပေတွာ၊ ဖြစ်စေ၍။
မာနေန္တီတိ၊ ကား။
သမ္မာနေန္တိ၊ လွန်စွာမြတ်နိုးကုန်၏။
ပန၊ ဆက်ဦးအံ့။
တံ သမ္မာနနံ၊ ထိုလွန်စွာမြတ်နိုးခြင်းသည်။
တေသု၊ ထိုဝဇ္ဇီဘိုးကြီးဘွားကြီးတို့၌။
နေသံ၊ ထိုဝဇ္ဇီမင်းတို့၏။
အတ္တမနတာ ပုဗ္ဗကံ၊ မိမိတို့ပင်ကိုသဘော ချစ်မြတ်နိုးသော စိတ်ရှိသည်အဖြစ်သာလျှင် ရှေ့သွားရှိ၏။
ဣတိ၊ ဤအနက်ကို ပြလိုသည်အဖြစ်ကြောင့်။
မနေန ပိယာယန္တီတိ၊ မနေန ပိယာယန္တိ-ဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
နိပစ္စကာရန္တိ၊ ကား။
ပဏိပါတံ၊ ရိုသေတုပ်ကွဦးနှိမ်ချမှု ပြုခြင်းကို။
ဒဿေန္တီတိ၊ ကား။
ဣမေ၊ ဤပုဂ္ဂိုလ်ကြီးတို့သည်။
အမှာကံ၊ ငါတို့၏။
ပိတာမဟာ၊ အဘိုးတို့ပေတည်း။
မာတာမဟာ၊ အဘွားတို့ပေတည်း။
ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
နီစစိတ္တာ၊ နှိမ်ချသောစိတ်ရှိကုန်သည်။
ဟုတွာ၊ ဖြစ်ကြ၍။
ဂရုစိတ္တာကာရံ၊ အလေးဂရုပြုသော စိတ်၏ အခြင်းအရာအမူအရာကို။
ဒဿေန္တိ၊ ပြကြကုန်၏။
သန္ဓာရေတုန္တိ၊ ကား။
သမ္ဗန္ဓံ၊ ဆက်စပ်သည်ကို။
အဝိစ္ဆိန္နံ၊ အဆက်မပြတ်သည်ကို။
ကတွာ၊ ပြု၍။
ဃဋေတုံ၊ ဆက်စပ်ခြင်းငှာ။(သက္ကောန္တိ)
ပသယှာကာရဿာတိ၊ ကား။
ဗလက္ကာရဿ၊ ခွန်အားဗလကို အသုံးပြုခြင်း၏။
ဝါ၊ နိုင်ထက်စီးနင်းပြုမူခြင်း၏။
(နာမံ၊ တည်း။)
ဝုဒ္ဓိယာ၊ ကြီးပွားတိုးတက်ခြင်း၏။
ဝါ၊ ကို။
ဝါ၊ သည်။
ပူဇနီယတာယ၊ ပူဇော်ထိုက်သည် အဖြစ်ကြောင့်။
ဝုဒ္ဓိဟာနိယောဝုဒ္ဓိဟာနိယော ။ ။ အဋ္ဌကထာ၌ ဝုဒ္ဓိနှင့်ဟာနိတို့ကို အကျယ်ချဲ့ဖွင့်ပြရာဝယ် အမျိုးသမီး တို့ကို အတင်းအဓမ္မနိုင်ထက် စီးနင်းခေါ်ဆောင် သိမ်းပိုက်မှုပြုခြင်းကြောင့် ဟာနိဖြစ်ပုံကို ရှေးဦးစွာ ဖွင့်ပြ၍ ယင်းသို့ခေါ်ဆောင် သိမ်းပိုက်မှုမပြုခြင်းကြောင့် ဝုဒ္ဓိဖြစ်ပုံကို နောက်ထား၍ ဖွင့်ပြထားသော်လည်း အကျဉ်းချုံး၍ နိဂုံးအုပ်သော အခါ၌မူ ယင်းသို့ ရှေ့နောက်မစဉ်ဘဲ ဝုဒ္ဓိကို ရှေ့ကထားကား“ဧဝမေတ္ထ ဝုဒ္ဓိဟာနိယော ဝေဒိတဗ္ဗာ” ဟူ၍ ပြောင်းပြန် ဂဏန်းစဉ်လျက် ဖွင့်ပြထား၏။ ယင်းသို့ရှေ့နောက်အစဉ်ပြောင်းခြင်းနှင့်စပ်၍ ဘာမျှစောဒနာ စရာမရှိအောင် ဋီကာ၌ နှစ်နည်းဖွင့်ပြထား၏၊ ထိုနှစ်နည်းတို့တွင်
(၁) ဝုဒ္ဓိနှင့် ဟာနိတို့တွင် ဝုဒ္ဓိသည် ပူဇနီယဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ၌ “ဝုဒ္ဓိဟာနိယော” ဟူ၍ ဝုဒ္ဓိကို ရှေ့ကထားပြီး ပူဇနီယမဟုတ်သော ဟာနိကိုမူ နောက်ထား၏၊ သို့သော် အနက်အဓိပ္ပါယ်နှင့်ယှဉ်တွဲသော အခါ၌ကား အဋ္ဌကထာမှာ အကျယ်ဖွင့်ပြခဲ့သည့် အစီအစဉ်အတိုင်းဟာနိကိုရှေ့ကထား၍ ဝုဒ္ဓိကို နောက်ထားကာ အနက်အဓိပ္ပါယ်တွဲစပ်မှတ်ပါ၊ (၂) တနည်း အားဖြင့်မူ ပူဇနီယဖြစ်မှု, မဖြစ်မှုကို အကြောင်းပြု၍ ရှေ့နောက်စဉ်သည်မဟုတ်ဘဲ ပါဠိတော် မှာပင် “ဝုဒ္ဓိယေဝ ပါဋိကင်္ခါ နော ပရိဟာနိ”ဟူ၍ ဟောထားသော အစီအစဉ်အတိုင်း အဋ္ဌကထာမှာလည်း “ဝုဒ္ဓိဟာနိယော”ဟူ၍ ဝုဒ္ဓိကို ရှေ့ကပြ ထားခြင်းဖြစ်ပါသည်ဟု ဋီကာဖွင့် ထား၏။ တိ၊ ဝုဒ္ဓိဟာနိယော-ဟူ၍။ ကာမံ ဝုတ္တံ၊ အကယ်၍ ရှေ့နောက်စဉ်ကာ အဋ္ဌကထာ၌ ပြဆိုထားအပ်ပါပေ၏။ (ဝုဒ္ဓိကို ရှေ့ကထား၍ ဟာနိကို နောက်ထားကာ အကယ်၍ ပြဆိုထားအပ်ပါပေ၏။) ပန၊ ထိုသို့ပင်ပြဆိုထားအပ်ပါသော်လည်း။ အတ္ထော၊ အနက်အဓိပ္ပါယ်ကို။(ဝုဒ္ဓိနှင့်ဟာနိတို့၏ အကျယ်တဝင့်အနက်အဓိပ္ပါယ်ကို) ဝုတ္တာနုက္ကမေနေဝ၊ အဋ္ဌကထာ၌ ပြဆိုအပ်ပြီးသော ရှေ့နောက်အစဉ်အားဖြင့်သာလျှင်။(ဟာနိဖြစ်ပုံကို ရှေ့ကထား၍ ဝုဒ္ဓိဖြစ်ပုံကို နောက်ထားကာ အဋ္ဌကထာ၌ ပြဆိုအပ်ခဲ့သော အစီအစဉ် အတိုင်းသာလျှင်) ယောဇေတဗ္ဗော၊ ယှဉ်တွဲစပ်ဟပ်ရမည်။ ဝါ၊ တနည်းကား။(ပူဇနီယဖြစ်မှု မဖြစ်မှုကို အကြောင်းပြု၍ ရှေ့နောက်စဉ်သည်မဟုတ်သောနည်း တမျိုးကား။) ပါဠိယံ၊ ပါဠိတော်၌။ ယသ္မာ၊ အကြင့်ကြောင့်။ ဝုဒ္ဓိယေဝ ပါဋိကင်္ခါ။ နော ပရိဟာနီတိ၊ ဝုဒ္ဓိ ။ပ။ ပရိဟာနိ-ဟူ၍။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။(ဝုဒ္ဓိကို ရှေ့ကထား၍ ဟာနိကို နောက်ထားကာ ဟောတော် မူအပ်ပြီ) တသ္မာ၊ ထိုသို့ဟောတော်မူအပ်သည် အဖြစ်ကြောင့်။ တဒနုက္ကမေန၊ ထိုပါဠိတော်၌ ဟောတော်မူအပ်ပြီးသော အစီအစဉ်အားဖြင့်။ ဝုဒ္ဓိဟာနိယောတိ၊ ဝုဒ္ဓိဟာနိယော- ဟူ၍။ ဝုတ္တံ၊ အဋ္ဌကထာ၌ မိန့်ဆိုအပ်ပြီ။
(၁) ဝုဒ္ဓိနှင့် ဟာနိတို့တွင် ဝုဒ္ဓိသည် ပူဇနီယဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ၌ “ဝုဒ္ဓိဟာနိယော” ဟူ၍ ဝုဒ္ဓိကို ရှေ့ကထားပြီး ပူဇနီယမဟုတ်သော ဟာနိကိုမူ နောက်ထား၏၊ သို့သော် အနက်အဓိပ္ပါယ်နှင့်ယှဉ်တွဲသော အခါ၌ကား အဋ္ဌကထာမှာ အကျယ်ဖွင့်ပြခဲ့သည့် အစီအစဉ်အတိုင်းဟာနိကိုရှေ့ကထား၍ ဝုဒ္ဓိကို နောက်ထားကာ အနက်အဓိပ္ပါယ်တွဲစပ်မှတ်ပါ၊ (၂) တနည်း အားဖြင့်မူ ပူဇနီယဖြစ်မှု, မဖြစ်မှုကို အကြောင်းပြု၍ ရှေ့နောက်စဉ်သည်မဟုတ်ဘဲ ပါဠိတော် မှာပင် “ဝုဒ္ဓိယေဝ ပါဋိကင်္ခါ နော ပရိဟာနိ”ဟူ၍ ဟောထားသော အစီအစဉ်အတိုင်း အဋ္ဌကထာမှာလည်း “ဝုဒ္ဓိဟာနိယော”ဟူ၍ ဝုဒ္ဓိကို ရှေ့ကပြ ထားခြင်းဖြစ်ပါသည်ဟု ဋီကာဖွင့် ထား၏။ တိ၊ ဝုဒ္ဓိဟာနိယော-ဟူ၍။ ကာမံ ဝုတ္တံ၊ အကယ်၍ ရှေ့နောက်စဉ်ကာ အဋ္ဌကထာ၌ ပြဆိုထားအပ်ပါပေ၏။ (ဝုဒ္ဓိကို ရှေ့ကထား၍ ဟာနိကို နောက်ထားကာ အကယ်၍ ပြဆိုထားအပ်ပါပေ၏။) ပန၊ ထိုသို့ပင်ပြဆိုထားအပ်ပါသော်လည်း။ အတ္ထော၊ အနက်အဓိပ္ပါယ်ကို။(ဝုဒ္ဓိနှင့်ဟာနိတို့၏ အကျယ်တဝင့်အနက်အဓိပ္ပါယ်ကို) ဝုတ္တာနုက္ကမေနေဝ၊ အဋ္ဌကထာ၌ ပြဆိုအပ်ပြီးသော ရှေ့နောက်အစဉ်အားဖြင့်သာလျှင်။(ဟာနိဖြစ်ပုံကို ရှေ့ကထား၍ ဝုဒ္ဓိဖြစ်ပုံကို နောက်ထားကာ အဋ္ဌကထာ၌ ပြဆိုအပ်ခဲ့သော အစီအစဉ် အတိုင်းသာလျှင်) ယောဇေတဗ္ဗော၊ ယှဉ်တွဲစပ်ဟပ်ရမည်။ ဝါ၊ တနည်းကား။(ပူဇနီယဖြစ်မှု မဖြစ်မှုကို အကြောင်းပြု၍ ရှေ့နောက်စဉ်သည်မဟုတ်သောနည်း တမျိုးကား။) ပါဠိယံ၊ ပါဠိတော်၌။ ယသ္မာ၊ အကြင့်ကြောင့်။ ဝုဒ္ဓိယေဝ ပါဋိကင်္ခါ။ နော ပရိဟာနီတိ၊ ဝုဒ္ဓိ ။ပ။ ပရိဟာနိ-ဟူ၍။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။(ဝုဒ္ဓိကို ရှေ့ကထား၍ ဟာနိကို နောက်ထားကာ ဟောတော် မူအပ်ပြီ) တသ္မာ၊ ထိုသို့ဟောတော်မူအပ်သည် အဖြစ်ကြောင့်။ တဒနုက္ကမေန၊ ထိုပါဠိတော်၌ ဟောတော်မူအပ်ပြီးသော အစီအစဉ်အားဖြင့်။ ဝုဒ္ဓိဟာနိယောတိ၊ ဝုဒ္ဓိဟာနိယော- ဟူ၍။ ဝုတ္တံ၊ အဋ္ဌကထာ၌ မိန့်ဆိုအပ်ပြီ။
ပါပကမ္မေ၊ မကောင်းမှု အကုသိုလ်ကံသည်။
ဝိပစ္စိတုံ၊ အကျိုးပေးခြင်းငှာ။
အလဒ္ဓေါကာသေ ဝါ၊ မရအပ်သော အခွင့်ရှိလသော်လည်းကောင်း။
တဿ ကမ္မဿ၊ ထိုအကုသိုလ်ကံ၏။
ဝိပါကေ၊ အကျိုးဝိပါက်သည်။
ဝိပစ္စိတုံ၊ အကျိုးဝိပါက်အဖြစ်ဖြင့်ဖြစ်ခြင်းငှာ။
အလဒ္ဓေါကာသေဝါ၊ ကောင်း။
ဒေဝတောပသဂ္ဂေါ၊ နတ်တို့ ပူးကပ်နှိပ်စက်ခြင်းသည်။
အနဝသရောဝ၊ မသက်ရောက်သော အခွင့်ရှိသည်သာလျှင်။
ဝါ၊ အခွင့်မသာသည်သာလျှင်။
(ဟောတိ) ပန၊ ယင်းသို့မဟုတ်မူ၍။
တသ္မိံ၊ ထိုအကုသိုလ်ကံနှင့် ထိုကံအကျိုးဝိပါက်သည်။
လဒ္ဓေါကာသေ၊ ရအပ်သော အခွင့်ရှိလသော်။
ဒေဝတောပသဂ္ဂဿ၊ ခြင်း၏။
အဝသရော၊ သက်ရောက်သော အခွင့်သည်။ (အခွင့်သာသည်။)
ဟောတိ၊ ၏။
ဣတိ၊ ဤအနက်ကို ပြလိုသည်အဖြစ်ကြောင့်။
အနုပ္ပန္နံ ။ပ။ ဝဍ္ဎေန္တီတိ၊ ဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
ဧတေနေဝ၊ ဤနည်းအားဖြင့်သာလျှင်။
အနုပ္ပန္နံ သုခန္တိ ဧတ္ထာပိ၊ အနုပ္ပန္နံ သုခံ ဟူသော ဤပါဌ်၌လည်း။
အတ္ထော၊ အနက်ကို။
ဝေဒိတဗ္ဗော၊ သိထိုက်၏။
ဗလကာယဿ၊ စစ်သားအပေါင်း၏။
ဒိဂုဏတိဂုဏတာဒဿနံ၊ နဂိုမူလရှိသည်ထက် နှစ်ဆ သုံးဆတိုးပွားများပြားသည်အဖြစ်ကိုပြခြင်း။
ပဋိဘယဘာဝဒဿနံ၊ ကြောက်မက်ဖွယ် အဖြစ်ကိုပြခြင်း။
ဣတိဧဝမာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
ဒေဝတာနံ၊ နတ်တို့၏။
သင်္ဂါမသီသေ၊ စစ်ပွဲရှေ့တန်းစခန်း၌။
သဟာယတာ၊ အဖော်၏အဖြစ်ကို။
ဝေဒိတဗ္ဗာ၊ သိထိုက်၏။
အနိစ္ဆိတန္တိ၊ ကား။
အနိဋ္ဌံ၊ အလိုမရှိအပ်သော ဘေးအန္တရာယ်သည်။
(န ဂစ္ဆတိ၊ မလာရောက်။)
အာဝရဏတောတိ၊ ကား။
နိသေမနတော၊ တားမြစ်တတ်သည် အဖြစ်ကြောင့်။
[ထို့နောက် “ယဿ”ဟု ရှိ၏။ မကောင်း၊ “ယာ”ဟု ရှိမှသာ ကောင်းမည်။ သို့မဟုတ် ယခင်အင်္ဂုတ္တိုရ်ဋီကာ၊ တ (၁၆၁) ၌ကဲ့သို့ ထိုပါဌ်မပါလျှင်ကောင်း၏။]
ယာ၊ အကြင်စောင့်ရှောက်မှု “ရက္ခာ” အစရှိသည်သည်။
ဓမ္မတော၊ ကုသိုလ်တရားမှ။
အနပေတာ၊ မကင်းသည်။
(ဟောတိ၊ ဖြစ်၏။
သာ၊ ထိုရက္ခာအစရှိသည်သည်။)
ဓမ္မိယာ၊ ဓမ္မိယာမည်၏။
ဣတိ၊ ဤသို့ဣယပစ္စည်းဖြင့် ဆိုလိုလျက်။
(ယကာရဿ၊ ယအက္ခရာ၏။
ကကာရံ၊ ကအက္ခရာကို။
ကတွာ၊ ပြု၍။
ဣဓ၊ ဤဓမ္မိကာ ရက္ခာဝရဏဂုတ္တိ- ဟူသော ပုဒ်၌။
ဓမ္မိကာတိ၊ ဓမ္မိကာ-ဟူ၍။
(ဘဂဝတာ၊ သည်။)
ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
မိဂသူကရာဒိဃာတာယ၊ သမင်, ဝက်အစရှိသော သားကောင်ကို သတ်ခြင်းငှာ။
သုနခါဒယော၊ ခွေးအစရှိသည်တို့ကို။
(သုနခါဒီနံ၊ ဟု ဆဋ္ဌီဝိဘတ်ဖြင့် ပါဠိပျက်နေ၏။)
ကဍ္ဎိတွာ၊ ခေါ်ငင်၍။
ဝနစရဏံ၊ တော၌ လှည့်လည်ခြင်းသည်။
ဝါ၊ တော၌ လှည့်လည်၍ သားကောင်တို့ကို ဖမ်းယူသတ်ဖြတ်ခြင်းသည်။
ဝါဇော၊ ဝါဇမည်၏။
မိဂဝံမိဂဝံ ။ ။ မိဂဝံ နိက္ခမိတွာတိ မိဂမာရဏတ္ထာယ အရညေ မိဂပရိယေသနံ စရိဿာမီတိ နိက္ခမိတွာ (တတ္ထ မိဂဝန္တိ မိဂါနံ ဝါနနတော ဟေသနတော ဗာဓနတော မိဂဝန္တိ လဒ္ဓသမညံ မိဂဝံ (မိဂဝနံ-ဟု ရှိသင့်၏။) သာရတ္ထဋီကာ၊ ပ-၁၃၈ (ဗာဟိရနိဒါန်း) မိဂဝံ နိက္ခမိတွာတိ အရညေ ဝိစရိတွာ၊ မိဂမာရဏကီဠာ မိဂဝံ၊ တံ ဥဒ္ဒိဿ နိက္ခမိတွာ- မိဂဝဓတ္ထံ နိက္ခမိတွာတိ အတ္ထော၊ ဝိမတိ၊ပ-၃၀၊)
ဖော်ပြပါဋီကာများနှင့်အညီ ပါရာဇိကဏ်ဘာသာဋီကာ (ပ-၂၄၅)၌ မိဂေ ဝါတိ ဟိံသတိ ဧတ္ထာတိ မိဂဝံ- သားကောင်တို့ကို ညှဉ်းဆဲသတ်ဖြတ်ရာတော၊ မိဂါနံ ဝါယနံ မိဂဝံ-သားကောင်တို့ကို သတ်ဖြတ်ခြင်း-ဟု ဝစနတ္ထပြုတော်မူ၏။ မိဂေ ဝနန္တိ ဗာဓေန္တိ ဧတ္ထာတိ မိဂဝံ၊ ဗာဓနအနက်ဟော ဝနဓာတ် ကွိပစ္စည်း၊ ဤသို့ ယောဇနာကြံသည်ဟု အဋ္ဌသာလိနီဘာသာဋီကာ (ဒု-၁၇၀)၌ မိန့်၏၊ ဤသုတ်ဋီကာ၌ “မိဂဝါ”ဟု အာကာရန္တပါဌ်ရှိ၏၊ အင်္ဂုတ္တိုရ်ဋီကာ၊ တ-၁၆၁ (သတ္တကနိပါတ်၊ သာရန္ဒဒသုတ်) ၌မှု ထို “မိဂဝါ”ဟူသော ပါဌ်မပါချေ။ ၊ သားကောင်တို့ကို ဖမ်းယူသတ်ဖြတ်ခြင်းတည်း။ တတ္ထ၊ ထိုတော၌ လှည့်လည်ခြင်း၌။ နိယုတ္တာ၊ ယှဉ်သူတို့တည်း။ ဝါ၊ တနည်း။ တေ၊ ထိုသမင်ဝက် အစရှိသော သားကောင်တို့ကို။ ဝါဇေန္တိ နေန္တိ၊ ဖမ်းဆီးဆောင်ယူကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဝါဇိကာ၊ ဝါဇိကတို့မည်၏။ မိဂဝဓစာရိနော၊ သားကောင်တို့ကို သတ်ခြင်းငှာ လှည့်လည်သော သားမုဆိုးတို့တည်း။ (ကိန္တိ အနာဂတာစာတိ ဣမိနာ၊ ကိန္တိ အနာဂတာစ- အစရှိသော ပုစ္ဆာစကားတော်ဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့၏။)
ဖော်ပြပါဋီကာများနှင့်အညီ ပါရာဇိကဏ်ဘာသာဋီကာ (ပ-၂၄၅)၌ မိဂေ ဝါတိ ဟိံသတိ ဧတ္ထာတိ မိဂဝံ- သားကောင်တို့ကို ညှဉ်းဆဲသတ်ဖြတ်ရာတော၊ မိဂါနံ ဝါယနံ မိဂဝံ-သားကောင်တို့ကို သတ်ဖြတ်ခြင်း-ဟု ဝစနတ္ထပြုတော်မူ၏။ မိဂေ ဝနန္တိ ဗာဓေန္တိ ဧတ္ထာတိ မိဂဝံ၊ ဗာဓနအနက်ဟော ဝနဓာတ် ကွိပစ္စည်း၊ ဤသို့ ယောဇနာကြံသည်ဟု အဋ္ဌသာလိနီဘာသာဋီကာ (ဒု-၁၇၀)၌ မိန့်၏၊ ဤသုတ်ဋီကာ၌ “မိဂဝါ”ဟု အာကာရန္တပါဌ်ရှိ၏၊ အင်္ဂုတ္တိုရ်ဋီကာ၊ တ-၁၆၁ (သတ္တကနိပါတ်၊ သာရန္ဒဒသုတ်) ၌မှု ထို “မိဂဝါ”ဟူသော ပါဌ်မပါချေ။ ၊ သားကောင်တို့ကို ဖမ်းယူသတ်ဖြတ်ခြင်းတည်း။ တတ္ထ၊ ထိုတော၌ လှည့်လည်ခြင်း၌။ နိယုတ္တာ၊ ယှဉ်သူတို့တည်း။ ဝါ၊ တနည်း။ တေ၊ ထိုသမင်ဝက် အစရှိသော သားကောင်တို့ကို။ ဝါဇေန္တိ နေန္တိ၊ ဖမ်းဆီးဆောင်ယူကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဝါဇိကာ၊ ဝါဇိကတို့မည်၏။ မိဂဝဓစာရိနော၊ သားကောင်တို့ကို သတ်ခြင်းငှာ လှည့်လည်သော သားမုဆိုးတို့တည်း။ (ကိန္တိ အနာဂတာစာတိ ဣမိနာ၊ ကိန္တိ အနာဂတာစ- အစရှိသော ပုစ္ဆာစကားတော်ဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့၏။)
စိတ္တပ္ပဝတ္တိံ၊ စိတ်၏ဖြစ်ခြင်းကို။
(အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။)
ပုစ္ဆတိ၊ မေးတော်မူ၏။
(ကသ္မာ၊ အဘယ်ကြောင့်။
စိတ္တပ္ပဝတ္တိယာ၊ စိတ်၏ဖြစ်ခြင်းကို။
ပုဋ္ဌဘာဝေါ၊ မေးအပ်သည်အဖြစ်ကို။
ဝိညာယတိ၊ သိအပ်ပါသနည်း။)
ဟိ (ယသ္မာ)၊ အကြင့်ကြောင့်။
ကာယိကဝါစသိကပယောဂေန၊ ကိုယ်၌ဖြစ်သော လုံ့လပယောဂ, နှုတ်၌ဖြစ်သော လုံ့လပယောဂကြောင့်။
သာ၊ ထိုစိတ်၏ဖြစ်ခြင်းသည်။
လောကေ၊ လောက၌။
ပါကဋာ၊ ထင်ရှား၏။
ပကာသဘူတာ၊ ပေါ်လွင်သည်ဖြစ်၏။
ဣတိ၊ ထို့ကြောင့်။
(စိတ္တပ္ပဝတ္တိယာ၊ ၏။
ဝါ၊ ကို။
ပုဋ္ဌဘာဝေါ၊ ကို။
ဝိညာယတိ၊ သိအပ်ပါ၏။)
ဒေဝါယတနဘာဝေန၊ နတ်တို့၏ နေရာဌာန၏ အဖြစ်ဖြင့် (နတ်နန်း နတ်ကွန်း၏ အဖြစ်ဖြင့်)။
စိတတ္တာ စ၊ (အုတ်စသည်တို့ဖြင့်) စီအပ်သည် အဖြစ်ကြောင့် လည်းကောင်း။
လောကဿ၊ သတ္တဝါအပေါင်း၏။
စိတ္တီကာရဋ္ဌာနတ္တာ စ၊ စိတ်၌ ထားအပ် (ပူဇော်အပ်) သော နေရာဌာန၏ အဖြစ်ကြောင့်လည်းကောင်း။
စေတိယံ၊ စေတိယမည်သည်။
အဟောသိ၊ ဖြစ်ပြီ။
ကာမံကာရဝသေန၊ မိမိအလိုအတိုင်းပြုခြင်း အနေအားဖြင့်။
(ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့ကို။)
ကိဉ္စိပိ၊ တစ်စုံတစ်ခုကိုမျှ (မည်သည့်အရာကိုမျှ)။
န ကရဏီယာ၊ မပြုသင့်မပြုထိုက်ကုန်။
ဣတိ၊ ထို့ကြောင့်။
အကရဏီယာ၊ အကရဏီယ တို့မည်၏။
ပန၊ ဆက်ဦးအံ့။
ကာမံကာရော၊ မိမိအလိုဆန္ဒအတိုင်းပြုခြင်းသည်။
ဟတ္ထဂတကရဏဝသေန၊ (အဇာတသတ်မင်းက) မိမိလက်အတွင်းရောက်အောင် ဝိဇ္ဇီမင်းတို့ကို ဖမ်းဆီးမှုပြုခြင်း အနေအားဖြင့်။
ဟောတိ) ဣတိ၊ ထို့ကြောင့်။
အဂ္ဂဟေတဗ္ဗာတိ အတ္ထောတိ၊ တ္ထော-ဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
အဘိမုခယုဒ္ဓေနာတိ၊ ကား။
အဘိမုခံ၊ ရှေ့ရှုတိုက်ရိုက်။
ဥဇုမေဝ၊ (ဥပလာပနစသည်မပြုဘဲ) ဖြောင့်ဖြောင့် သာလျှင်။
သင်္ဂါမကရဏေန၊ စစ်တိုက်မှုကို ပြုခြင်းအားဖြင့်။
(ဂဟေတုံ၊ ဝဇ္ဇီမင်းတို့ကို ဖမ်းယူခြင်းငှာ။
နသက္ကာ၊ မတတ်ကောင်း။)
ဥပလာပနံ၊ ဥပလာပနဟူသည်။
သာမံစ၊ သာမဥပါယ်လည်းကောင်း။ (ချောမော့လိုက်လျောပြောဆိုခြင်းဟူသော စစ်အောင်နိုင်ရန်အကြောင်းလည်းကောင်း။)
ဒါနဉ္စ၊ ဒါနဥပါယ်လည်းကောင်းတည်း။ (ဆင် မြင်းစသော လက်ဆောင် ပဏ္ဏာကို ပေးကမ်းခြင်းဟူသော စစ်အောင်နိုင်ရန် အကြောင်းလည်းကောင်း၊ တည်း။ အဘိဓာန်စတုဗ္ဗဏ္ဏဝဂ်၊ ဂါထာ-၃၄၈)
ဣတိ၊ ဤသို့သော အနက်သဘောကို။
ဒဿေတုံ၊ ပြခြင်းငှာ။
အလန္တိအာဒိ၊ အလံအစရှိသော စကားရပ်ကို။
(အာစရိယေန)
ဝုတ္တံ၊ ပြီ။
ဣဓ၊ ဤဥပလာပန, ဘေဒနှစ်မျိုးတို့တွင်။
ဘေဒေါပိ၊ ရန်သူအချင်းချင်း ကွဲပြားခြင်းသည်လည်း။
ဥပါယော ဧဝ၊ ရန်သူကိုအောင်နိုင်ခြင်း၏ အကြောင်း ဥပါယ်ပင်တည်း။
ဣတိ၊ ထို့ကြောင့်။
အညတြ မိထုဘေဒါယာတိ၊ ဟူ၍။
ဝုတ္တံ၊ ဝဿကာရပုဏ္ဏားက လျှောက်အပ်ပြီ။
ပန၊ ထိုမှတပါး။
ယုဒ္ဓဿ၊ စစ်တိုက်ခြင်း၏။
အနုပါယတာ၊ ရန်အောင်ခြင်း၏ အကြောင်းဥပါယ်မဟုတ်သည်အဖြစ်ကို။
ပဂေဝ၊ ရှေးဦးအစကပင်လျှင်။
ပကာသိတာ၊ ဝဿကာရပုဏ္ဏားက ထင်ရှားပြအပ်ပြီ။(အကရဏီယာဝ ။ပ။ ယဒိဒံ ယုဒ္ဓဿ-ဟု ထင်ရှားပြအပ်ပြီ။)
ဣဒန္တိ၊ ကား။
အညတြ ဥပလာပနာယာတိ စ၊ အညတြ ဥပလာပနာယ-ဟူသည်လည်းဖြစ်သော။
အညတြ မိထုဘေဒါယာတိစ၊ အညတြ မိထုဘေဒါယ-ဟူသည်လည်းဖြစ်သော။
ဣဒံ ဝစနံ၊ ဤစကားကို။
(ဗြာဟ္မဏော အာဟ)
ကထာယ နယံ လဘိတွာတိ၊ ကား။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ယာဝကီဝဉ္စ ။ပ။ နော ပရိဟာနီတိ၊ ပရိဟာနိဟူသော။
ဣမာယ ကထာယ၊ ဤစကားဖြင့်။
နယံ၊ ရန်အောင်ကြောင်းနည်းကို။
ဥပါယံ၊ ရန်အောင်ကြောင်း ဥပါယ်ကို။
လဘိတွာ၊ ရ၍။
အနုကမ္ပါယာတိ၊ ကား။
ဝဇ္ဇိရာဇေသု၊ ဝဇ္ဇီမင်းတို့၌။
အနုဂ္ဂဟေန၊ ချီးမြှောက်တော်မူလိုခြင်းကြောင့်။
(ကထေသိ၊ ဟောတော်မူပြီ။)
အဿာတိ၊ ကား။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဝါ၊ မှာ။
ကထန္တိ၊ ကား။
ဝဇ္ဇီဟိ၊ ဝဇ္ဇီမင်းတို့နှင့်။
သဒ္ဓိံ၊ အတူတကွ။
ကာတဗ္ဗယုဒ္ဓကထံ၊ ပြုထိုက်သော စစ်တိုက်ခြင်းနှင့် စပ်သောစကားကို။
(သမုဋ္ဌာပေထ၊ ဖြစ်စေပါကုန်လော။)
ဥဇုံ ကရိဿာမီတိ၊ ကား။
ပဋိရာဇာနော၊ ရန်သူဝဇ္ဇီမင်းတို့ကို။
အာနေတွာ၊ ခေါ် ဆောင်၍။
ပါကာရပရိခါနံ၊ မြို့ရိုးနှင့် ကျုံးတို့ကို။
အညထာဘာဝါပါဒနေန၊ တစ်မျိုးတစ်ဖုံ၏ အဖြစ်သို့ရောက်စေခြင်းအားဖြင့်။
ဥဇုဘာဝံ၊ ဖြောင့်မတ်ကုန်သည် အဖြစ်ကို။
ကရိဿာမိ၊ ပြုအံ့။
ပတိဋ္ဌိတဂုဏောတိ၊ ကား။
ပတိဋ္ဌိတာစရိယဂုဏော၊ တည်မြဲသော ဆရာဂုဏ်ရှိသည်။
ဣဿရာ၊ စိုးမိုးအုပ်ချုပ်သူတို့သည်။
သန္နိပတန္တု၊ စည်းဝေးကြကုန်လော။
မယံ၊ ငါတို့သည်။
အနိဿရာ၊ စိုးမိုးအုပ်ချုပ်သူမဟုတ်ကုန်။
တတ္ထ၊ ထိုအစည်းအဝေး၌။
ဂန္တာ၊ သွားကြ၍။
ကိံ၊ အဘယ်ကို။
ကရိဿာမ၊ ပြုကြကုန် အံ့နည်း။
ဣတိ၊ ဤသို့ပြော၍။
လိစ္ဆဝိနော၊ လိစ္ဆဝိမင်းတို့သည်။
န သန္နိပတိံသု၊ မစည်းဝေးကြတော့ကုန်။
ဣတိ၊ ဤသည်ကား။
ယောဇနာ၊ ပုဒ်တို့ကို အနက်ယှဉ်စေခြင်း တည်း။
သူရာ သန္နိပတန္တူတိ ဧတ္ထာပိ၊ သူရာ သန္နိပတန္တု-ဟူသော ဝါကျ၌လည်း။
ဧသေဝ နယော၊ ဤဆိုအပ်ပြီးသော နည်းပင်တည်း။
(သူရာ သန္နိပတန္တု၊ မယံ အသူရာ၊ တတ္ထ ဂန္တာ ကိံ ကရိဿာမာတိ လိစ္ဆဝိနော န သန္နိပတိံသူတိယောဇနာ-ဟု ယောဇနာပါဟူလို။)
ဗလဘေရိန္တိ၊ ကား။
ယုဒ္ဓါယ၊ စစ်တိုက်ခြင်းငှာ။
ဗလကာယဿ၊ စစ်သည် အပေါင်း၏။
ဥဋ္ဌာနဘေရိံ၊ စစ်ချီတက်ကြောင်းစည်ကို။