နာဂါပလောကိတန္တိ၊ ကား။
နာဂဿ၊ ဆင်ပြောင်ကြီး၏။
အပလောကိတံဝိယ၊ ကြည့်ရှုခြင်းကဲ့သို့သော။
အပလောကိတံ၊ ကြည့်ရှုတော်မူခြင်းကို။
ဟတ္ထိနာဂဿ၊ ဆင်ပြောင်ကြီး၏။
အပလောကနသဒိသံ၊ ကြည့်ရှုခြင်းနှင့်တူသော။
အပလောကနံ၊ ကြည့်ရှုတော်မူခြင်းကို။
(အပလောကေတွာ၊ ကြည့်ရှုတော်မူပြီး၍။)
ဣတိ၊ ဤကား။
အတ္ထော၊ အနက်။
အာဟစ္စာတိ၊ ကား။
ဖုသိတွာ၊ ထိ၍။
(ဌိတာနိဝိယ၊ တည်ကုန်သကဲ့သို့လည်းကောင်း။)
အင်္ကုသကလဂ္ဂါနိဝိယာတိ၊ ကား။
အင်္ကုသကာနိ၊ ချွန်းချိတ်တို့သည်။
အညမညသ္မိံ၊ အချင်းချင်း၌။
လဂ္ဂါနိ၊ ချိတ်တွယ်နေကုန်သည််။
အာသတ္တာနိ၊ ချိတ်ဆက်နေကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ဌိတာနိဝိယ၊ တည်ကုန်သကဲ့သို့လည်းကောင်း။
ဧကာဗဒ္ဓါနီတိ၊ ကား။
အညမညံ၊ အချင်းချင်း။
ဧကတော၊ တပေါင်းတည်း။
အာဗဒ္ဓါနိ၊ ချိတ်ဆက်နေကုန်သည်။
(ဟုတွာ ဌိတာနိ၊ တည်ကုန်၏။)
တသ္မာတိ၊ ကား။
ဂီဝဋ္ဌီနံ၊ လည်ပင်းရိုးတို့၏။
ဧကဂ္ဃနာနံဝိယ၊ တခဲနက်ဖြစ်ကုန်သကဲ့သို့။
ဧကာဗဒ္ဓဘာဝေန၊ တပေါင်းတည်း ဆက်စပ်နေကုန်သည် အဖြစ်ကြောင့်။
(န သက္ကာ၊ ၌စပ်)
ကေဝလံ၊ အခြားသော အရိုးတော်များ မပါဘဲ သီးသန့်။
ဂီဝဋ္ဌီနိယေဝ၊ လည်ပင်းရိုးတို့ချည်းသာလျှင်။
(ဣတရသန္ဓီသု၊ အခြားသော အရိုးအဆက်တို့၌။
ဧကာဗဒ္ဓါနိ၊ တပေါင်းတည်း ဆက်စပ်နေကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ဌိတာနိ၊ တည်ကုန်သည်။
န၊ မဟုတ်သေး။
[နကေဝလံ ဂီဝဋ္ဌီနံ၊ ၌ "ဂီဝဋ္ဌီနိ" ဟု ပဌမာဗဟုဝုစ်ဝိဘတ်ဖြင့် ပါဠိပြင်လိုက်၏။
ဆဋ္ဌီဝိဘတ်ဖြင့် မရှိသင့်]
အထခေါ၊ အဟုတ်အမှန်ကား။
ဗာဟုသန္ဓိအာဒိကာ၊ လက်မောင်းရိုး အဆက်အစရှိကုန်သော။
ဒွါဒသ၊ တစ်ဆယ့်နှစ်မျိုးကုန်သော။
မဟာသန္ဓိယော စ၊ ကြီးသော အရိုးအဆက်တို့ကို လည်းကောင်း။
အင်္ဂုလိသန္ဓိယောစ၊ လက်ချောင်းရိုး အဆက်တို့ကိုလည်းကောင်း။
ဌပေတွာ၊ ချန်ထား၍။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။
သဗ္ဗာနိပိ၊ အားလုံးစုံတို့လည်း ဖြစ်ကုန်သော။
တာနိ၊ ထိုအရိုးတော်တို့သည်။
ဣတရသန္ဓိသု၊ တို့၌။
ဧကာဗဒ္ဓါနိ ဟုတွာ ဌိတာနိ၊ တည်ကုန်၏။
ယတော၊ ယင်းသို့ မြတ်စွာဘုရားရှင်တို့၏ ပြဆိုအပ်ပြီးသော အရိုးတော်အားလုံးတို့သည် သက်ဆိုင်ရာ ဆိုင်ရာအရိုးဆက်တို့၌ တပေါင်းတည်း ဆက်စပ်လျက်တည်ကုန်သည် အဖြစ်ကြောင့်။
နေသံ၊ ထိုမြတ်စွာဘုရားတို့၏။
ကာယဗလံ၊ ကိုယ်တော်ခွန်အားသည်။
ပကတိဟတ္ထီနံ၊ ပကတိရိုးရိုးဆင်တို့၏။
ကောဋိသဟဿဗလပ္ပမာဏံ၊ ကုဋေတစ်ထောင်တို့ ခွန်အားအတိုင်းအတာ ပမာဏရှိသည်။
ဟောတိ၊ ၏။
(အယံ ပထဝီ၊ ဤမြေကြီးသည်။)
ကဏ္ဋကပရိဝတ္တနေ၊ ကဏ္ဋကမြင်း၏ ပြန်လှည့်ရာအရပ်၌။
(ကုလာလစက္ကံ ဝိယ၊ အိုးထိန်းသည်တို့ စက်ကဲ့သို့။
ပရိဝတ္တိတွာ၊ ချာချာလည်၍။
နဂရာ၊ ကပိလဝတ်မြို့တော်မှ။
နိက္ခမိတွာ၊ ထွက်လာ၍။
နဂရံ၊ ကို။
ပဿိတုကာမံ၊ ကြည့်ရှုခြင်းငှာ အလိုရှိသော။
ဗောဒိသတ္တံ၊ ဘုရားအလောင်း သိဒ္ဓတ္ထဘုရင်မင်းကို။)
ကပိလဝတ္ထုနဂရာဘိမုခံ၊ ကပိလဝတ်မြို့တော်သို့ ရှေ့ရှုမျက်နှာတော်မူသည်ကို။
အကာသိ ဝိယ၊ ပြုခဲ့ဖူးသကဲ့သို့။
(တထာ၊ ထို့အတူ။
အယံ ပထဝီ၊ သည်။
ကုလာလ စက္ကံဝိယ၊ သို့။
ပရိဝတ္တေတွာ၊ ၍။
ဘဂဝန္တံ၊ ဝေသာလီမြို့ကို ကြည့်ရှုတော်မူလိုသော မြတ်စွာဘုရားကို။
ဝေသာလိနဂရာဘိမုခံ၊ မူသည်ကို။
အကာသိ၊ ပြုပြီ။
ယဒိဧဝံ၊ ယင်းသို့ ဤမြေကြီးသည် အိုးထိန်းသည်စက်ကဲ့သို့ ချာချာလည်၍ မြတ်စွာဘုရားကို ဝေသာလီမြို့သို့ ရှေ့ရှု မျက်နှာတော်မူသည်ကို ပြုသည် ဖြစ်ချေသော်။
ကထံ၊ အဘယ်ပုံအဘယ်နည်းဖြင့်။
တံ၊ ထိုကြည့်ရှုတော်မူခြင်းသည်။
နာဂါပလောကိတံနာမ၊ ဆင်ပြောင်ကြီး၏ ကြည့်ရှုခြင်းနှင့်တူသော ကြည့်ရှုတော်မူခြင်း မည်သည်။
ဇာတံ၊ ဖြစ်နိုင်ပါတော့အံ့နည်း။
တဒဇ္ဈာသယံ၊ ထိုမြတ်စွာဘုရား၏ ကြည့်ရှုတော်မူလိုသော ဆန္ဒတော်ကို။
ဥပါဒါယ၊ ကပ်ယူအစွဲပြု၍။
(နာဂါပလောကိတံ နာမ၊ သည်။
ဇာတံ၊ ဖြစ်ပါ၏။)
ဟိ၊ ချဲ့ဦးအံ့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
နာဂါပလောကိတဝသေနေဝ၊ ဆင်ပြောင်ကြီး၏ ကြည့်ရှုခြင်းနှင့်တူသော ကြည့်ရှုခြင်းအနေအားဖြင့်သာလျှင်။
အပလောကေတုကာမော၊ ကြည့်ရှုခြင်းငှာ အလိုရှိတော်မူသည်။
ဇာတော၊ ဖြစ်ပြီ။
ပန၊ ယင်းသို့ဖြစ်လသော်။
အဿ၊ ထိုမြတ်စွာဘုရား၏။
ပုညာနုဘာဝေန၊ ကောင်းမှုကုသိုလ်၏ အစွမ်း အာနုဘော်တော်ကြောင့်။
အဿ၊ ထိုဝေသာလီမြို့တော်၏။
ပတိဋ္ဌိတဋ္ဌာနံ၊ တည်ရာဌာနသည်။
ပရိဝတ္တိ၊ ချာချာလည်ပြီ။
တေန၊ ထို့ကြောင့်။
တံ၊ ထိုကြည့်ရှုတော် မူခြင်းကို။
နာဂါပလောကိတန္တွေဝ၊ ဆင်ပြောင်ကြီး၏ ကြည့်ရှုခြင်းနှင့်တူသော ကြည့်ရှုတော်မူခြင်းဟူ၍သာလျှင်။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
အာနန္ဒ၊ အာနန္ဒာ။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ဝေသာလိယာ၊ ကို။
ဣဒံဒဿနံ၊ ဤကြည့်ခြင်းသည်။
ပစ္ဆိမံ၊ နောက်ဆုံး၌ဖြစ်သော။
ဒဿနံ၊ ကြည့်ခြင်းတည်း။
ဣတိ၊ ဤသို့မိန့်တော်မူအပ်သော။
ဣဒံ၊ ဤစကားတော်သည်။
ဝေသာလိယာ၊ ကို။
အပလောကနဿ၊ ကြည့်တော်မူခြင်း၏။
ကာရဏဝစနံ၊ နောက်ဆုံးအကြိမ်အဖြစ် အကြောင်းပြစကားတော်သည်။
န၊ မဟုတ်။
(ကသ္မာ၊ နည်း။)
အနေကန္တိကတ္တာ၊ တစ်ခုတည်းအဖို့ရှိသော အကြောင်းမဟုတ်သည်အဖြစ်ကြောင့်တည်း။
ဝါ၊ သေချာသောအကြောင်း မဟုတ်သည်အဖြစ်ကြောင့်တည်း။
ပန၊ အမှန်စင်စစ်ကား။
ဧတံ၊ ဤ ဣဒံ ပစ္ဆိမံ။ ပ။
ဒဿနံဟူသော စကားတော်သည်။
ဘူတကထနမတ္တံ၊ အမှန်တကယ် ကြည့်ရှုမှုဟူသော အဖြစ်မှန်ကို မိန့်ဆိုသောစကားမျှသာတည်း။
တံ၊ ထို ဣဒံပစ္ဆိမံ အစရှိသော စကားတော်ကို။
မဂ္ဂသောဓနဝသေန၊ ကြွတော်မူရသည့် ခရီးစဉ်ကို ရှင်းလင်းပြောပြခြင်းအနေအားဖြင့်။
ဒဿေတွာ၊ ပြတော်မူပြီး၍။
ဧတ္ထ၊ ဤသို့။
ဣဒံ ပစ္ဆိမံ။ ပ။
ဒဿနံ ဟု မိန့်တော်မူရာ၌။
အညဒေဝ၊ ဤကြည့်ရှုတော်မူခြင်း၏ နောက်ဆုံး အကြိမ်ဖြစ်ခြင်းဟူသော အကြောင်းမှ တပါးတခြားသော။
အပလောကနကာရဏံ၊ ကြည့်ရှုတော်မူခြင်း၏ အကြောင်းကို။
ဒဿေတုကာမော၊ ပြတော်မူလိုသော အဋ္ဌကထာဆရာသည်။
နနုစာတိအာဒိံ၊ နနုစ အစရှိသော စောဒနာ သောဓနာ စကားရပ်ကို။
အာဟ၊ မိန့်တော်မူပြီ။
တံ တံ သဗ္ဗံ၊ ထိုထိုသာဝတ္ထိမြို့ ရာဇဂြိုလ်မြို့အစရှိသော နောက်ဆုံးထွက်ခွါလာရာ မြို့ဟူသမျှကို ကြည့်ရှုခြင်းအားလုံးသည်။
ပစ္ဆိမဒဿနမေဝ၊ နောက်ဆုံးအကြိမ် ကြည့်ရှုခြင်းချည်းသာတည်း။
(ကသ္မာ၊ အဘယ့်ကြောင့်နည်း။)
အနုက္ကမေန၊ ခရီးစဉ်အနေအားဖြင့်။
ကုသိနာရံ၊ ကုသိနာရုံမြို့သို့။
ဂန္တွာ၊ ကြွသွား၍။
ဝါ၊ ရောက်၍။
ပရိနိဗ္ဗာတုကာမတာယ၊ ပရိနိဗ္ဗာန်ဝင်စံတော်မူလိုသည် အဖြစ်ကြောင့်။
တတော တတော၊ ထိုထိုသာဝတ္ထိအစရှိသော မြို့မှ။
နီက္ခန္တတ္တာ၊ ထွက်ခွါလာတော်မူသည် အဖြစ်ကြောင့်တည်း။
အနစ္ဆရိယတ္တာတိ ဣမိနာ၊ အနစ္ဆရိယတ္တာဟူသော စကားဖြင့်။
ယထာဝုတ္တံ၊ ဆိုအပ်ခဲ့ပြီးတိုင်းသော။
အနေကန္တိကတ္တံ၊ အမှန်တကယ်သေချာသော အကြောင်းမဟုတ်သည် အဖြစ်တည်းဟူသော ပစ္ဆိမဒဿန- ဟူသော အကြောင်းကို။
ပရိဟရတိ၊ ပယ်ရှား၏။
တယိဒံ၊ ထိုပစ္ဆိမဒဿနံဟူသော စကားတော်သည်။
သောဓနမတ္တံ၊ ခရီးစဉ်ကို ရှင်းလင်းမိန့်ကြားသော စကားတော်မျှသာတည်း။
ပန၊ အဋ္ဌကထာဆရာ၏ ဧကန္တိက အကြောင်းကား။
ဣဒံ၊ ဤပြလတ္တံ့သော အဋ္ဌကထာဆရာ၏ အကြောင်းပြချက်သည်။
ဧတ္ထ၊ ဤ ဣဒံ ပစ္ဆိမကံ အာနန္ဒ- အစရှိသဖြင့် မိန့်ကြားတော်မူရာ၌။
အဝိပရီတံ၊ မလွဲဧကန်မှန်သော။
ကာရဏံ၊ အကြောင်းပြချက်တည်း။
ဣတိ၊ ဤသို့။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
အပိစာတိအာဒိ၊ အပိစ အစရှိသော စကားရပ်ကို။
(အာစရိယေန)
ဝုတ္တ၊ ပြီ။
ဟိ၊ ချဲ့ဦးအံ့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာပေက္ခော၊ ငဲ့ကွက် တွယ်တာမှု ရှိသည်။
(ဟုတွာ၊ ဖြစ်၍။)
ဝေသာလိံ၊ ဝေသာလီမြို့ကို။
န အပလောကေသိ၊ ကြည့်တော်မူသည်မဟုတ်။
မေ၊ ငါ၏။
ဣဒံဂမနံ ပန၊ ဤဝေသာလီမြို့မှ ထွက်ခွါကြွသွားတော်မူခြင်းသည်ကား။
အပုနရာဂမနံ၊ နောက်ထပ်တဖန် ပြန်လာခြင်းမရှိသော ကြွသွားခြင်းတည်း။
ဣတိ၊ ဤသို့သော အနက်သဘောကို။
ဒဿနမုခေန၊ ပြခြင်းဟူသော ဦးတည်ချက်ဖြင့်။
ဗဟုဇနဟိတာယ၊ များစွာသော သတ္တဝါအပေါင်း၏ စီးပွားအလို့ငှာ။
ဗဟုဇနသုခါယ၊ များစွာသော သတ္တဝါအပေါင်း၏ ချမ်းသာခြင်းငှာ။
လောကာနုကမ္ပာယ၊ သတ္တလောကကို ငဲ့ညှာထောက်ထား သနားခြင်းငှာ။
အပလောကေသိ၊ ကြည့်တော်မူပြီ။
တေန၊ ထို့ကြောင့်။
အပိစ ဝေသာလိရာဇာနောတိ အာဒိ၊ ရာဇနော အစရှိသော။
(ယံ ဝစနံ၊ အကြင်စကားသည်။
အတ္ထိ၊ ရှိ၏။
တံ ဝစနံ၊ ထိုစကားကို။
အာစရိယော)
အာဟ၊ ပြီ။
အန္တကရောတိ၊ ကား။
သကလဝဋ္ဋဒုက္ခဿ၊ အားလုံးသော သံသရာဝဋ်ဒုက္ခကို။
ဝါ၊ ၏။
သကသန္တာနေ စ၊ ကိုယ်တော်၏ ခန္ဓာအစဉ်၌လည်းကောင်း။
ပရသန္တာနေ စ၊ တပါးသော သတ္တဝါတို့ ခန္ဓာအစဉ်၌လည်းကောင်း။
ဝိနာသကရော၊ ဖျက်ဆီးခြင်းကို ပြုတော်မူသော။
အဘာဝကရော၊ မရှိခြင်းကို ပြုတော်မူသော။
ဗုဒ္ဓစက္ခု။ ပ။
သင်္ခါတေဟိ၊ ဗုဒ္ဓစက္ခု ဓမ္မစက္ခု ဒိဗ္ဗစက္ခု မံသစက္ခု, သမန္တစက္ခုဟု ဆိုအပ်ကုန်သော။
ပဉ္စဟိ၊ ငါးပါးကုန်သော။
စက္ခူဟိ၊ မျက်လုံးတော်တို့ဖြင့်။
စက္ခုမာ၊ မျက်လုံးတော်များ ရှိတော်မူသော။
(သတ္ထာ၊ မြတ်စွာဘုရားသည်။)
သဝါသနာနံ၊ ဝါသနာနှင့်တကွဖြစ်ကုန်သော။
ကိလေသာနံ၊ ကိလေသာတို့၏။
ဝါ၊ တို့ကို။
သမုစ္ဆိန္နတ္တာ၊ အကြွင်းမဲ့ပယ်ဖြတ်အပ်ကုန်ပြီးသည် အဖြစ်ကြောင့်။
သာတိသယံ၊ လွန်ကဲမှုနှင့် တကွ။
ကိလေသပရိနိဗ္ဗာနေန၊ ကိလေသာတို့၏ ချုပ်ငြိမ်းခြင်းဖြင့်။
ပရိနိဗ္ဗုတော၊ ချုပ်ငြိမ်းတော်မူပြီ။