မူလေတိ၊ မူလေဟူသည်ကား။
မူလာဝယဝဿ၊ အမြစ်ဟူသော အစိတ်အပိုင်း၏။
သမီပေ၊ အနီးအရပ်၌။
(အဘိသမ္ဗုဒ္ဓေါ၊ သစ္စာလေးပါး တရားကို ထိုးထွင်း သိတော်မူပြီ)။
ပန၊ ဆက်ဦးအံ့။
တံ၊ ထိုအနီးအရပ်ဟူသည်။
တဿာ၊ ထိုသခွတ်ဗောဓိပင်၏။
ဟေဋ္ဌာပဒေသော၊ အောက်အရပ်သည်။
ဟောတိ၊ ၏။
ဣတိ၊ ထို့ကြောင့်။
ပါဋလိ ရုက္ခဿ ဟေဋ္ဌာတိ၊ ဋ္ဌာဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
တံဒိဝသန္တိ၊ ကား။
အတ္တနာ၊ မိမိဟူသော ဗောဓိပင်သည်။
ဇာတဒိဝသေ၊ ပေါက်ရာ နေ့၌။
ဝါ၊ တနည်းကား။
တံ ဒိဝသန္တိ၊ ကား။
တံဘဂဝတော၊ ထိုဝိပဿီမြတ်စွာဘုရား၏။
အဘိသမ္ဗောဓိဒိဝသေ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရရှိရာနေ့၌။
(အဗ္ဘုဂ္ဂတော၊ ဖြန့်လွှမ်း၍ တက်ပြီ။)
ကိရ၊ ချဲ့ဦးအံ့။
သော ဗောဓိရုက္ခော၊ ထိုဗောဓိပင်သည်။
သာလကလျာဏီဝိယ
သာလကလျာဏီ ။ ။ ကောဏ္ဍညမြတ်စွာဘုရား၏ ဗောဓိပင် သည် သာလကလျာဏီ ဖြစ်၏၊ ဗုဒ္ဓဝံသအဋ္ဌကထာ (၁၆၉) ဓမ္မသင်္ဂဏီမူလဋီကာ (၂၆) တို့၌ ၎င်း၏ နာမည်ကို အထူးမဖေါ်ပြဘဲ သာလကလျာဏိ ရုက္ခော (သာလကလျာဏီနာမ ဧကော ရုက္ခော) - သာလကလျာဏီမည်သော သစ်ပင်၊ ထိုသစ်ပင်သည် ဘုရားပွင့်တော်မူရာအခါ, စက္ကဝတ္တိမင်း မင်းပြုရာအခါတို့၌သာ တနေ့တည်းဖြင့်ပင် ပေါက်လာသော သစ်ပင်-ဟု ဖွင့်၏၊ မင်းကွန်း တိပိဋကဓရဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင် ပထမတွဲ၊ ဒုတိယပိုင်း (နှာ-၃၁၁)၌ သာလကလျာဏီခေါ်ကြောင်လျှာပင် (သို့မဟုတ်) နှံပဲပင် (နဘဲပင်)ဟု နှစ်မျိုး ပြထား၏။ အများအားဖြင့်မူ “နဘဲပင်”ဟု မြန်မာပြန်ရိုးရှိ၏၊ သို့သော် ဤသုတ်ဋီကာ၌မူ “သာလကလျာဏီ ဝိယ”ဟု ဥပမာအနေဖြင့်သာ ပြထားခြင်း ဖြစ်နိုင်၍ ဗောဓိပင်နှင့် သက်ဆိုင်ချင်မှ သက်ဆိုင်ပါလိမ့်မည်။
၊ နှံပဲပင် (နဘဲပင်)ကဲ့သို့။
ပထဝိယာ၊ မြေ၏။
အဗ္ဘန္တရေ ဧဝ၊ အတွင်း၌သာလျှင်။
ပုရေတရံ၊ ဘုရားပွင့်တော် မမူမီ ရှေးဦးစွာ။
ဝဍ္ဎေန္တော၊ ကြီးပွားလျက်။
အဘိသမ္ဗောဓိဒိဝသေ၊ ဘုရားပွင့်တော်မူရာ နေ့၌။
ပထဝိံ၊ မြေကို။
ဥမ္ဘိဇ္ဇိတွာ၊ ဖေါက်ခွဲ၍။
ဥဋ္ဌိတော၊ ပေါ်ထွက် လာသည်။
(သမာနော၊ ဖြစ်လသော်။)
ရတနသတံ၊ အတောင်တစ်ရာ တိုင်အောင်။
ဥစ္စော၊ မြင့်သည်။
တာဝဒေဝစ၊ ထိုအတောင်တစ်ရာတိုင်အောင်ပင်လည်း။
ဝိတ္တတော၊ နံဘေးပတ်ပတ်လည်ကျယ်ပြန့်သည်။
ဟုတွာ၊ ဖြစ်၍။
နဘံ၊ ကောင်းကင်ကို။
ပူရေန္တော၊ ပြည့်စေလျက်။
အဋ္ဌာသိ၊ တည်ပြီ။
အယမ္ပိ၊ ဤသို့ ဘုရားပွင့်တော်မူရာ နေ့၌ မြေကို ဖေါက်ထွင်း၍ အထက်သို့ အတောင်တစ်ရာ မြင့်တက်လျက် ဘေးပတ်ဝန်းကျင်၌လည်း အတောင်တစ်ရာ ဖြာထွက်ကာ ကောင်းကင်ကို ပြည့်စေလျက် ဗောဓိပင်တည်ရှိခြင်းသည်လည်း။
ဧတဿ၊ ဤဝိပဿီ မြတ်စွာဘုရား၏။
ရုက္ခဘာဝေန၊ ဗောဓိပင်၏ အဖြစ်ဖြင့်။
အညေဟိ၊ အခြားသော မြတ်စွာဘုရားတို့၏ ဗောဓိပင်တို့နှင့်။
ဝေမတ္တတာ ဝိယ၊ မတူထူးခြားသော အတိုင်းအတာကဲ့သို့။
(အဟောသိ ကိရ၊ ဖြစ်ပြီတဲ့)။
ဃနသံဟတနာဠဝဏ္ဋတာယ၊ တခဲနက်ပေါင်းစပ်သော ရိုးတံနှင့်အညှာရှိသည် အဖြစ်ကြောင့်။
ကဏ္ဏိကဗဒ္ဓေဟိ ဝိယ၊ ဖွဲ့အပ်သော အချက်ရှိသကဲ့သို့ ဖြစ်ကုန်သော။
ပုပ္ဖေဟိ၊ အပွင့်တို့သည်။
(ဧကသဉ္ဆန္နာ၊ တပေါင်းတည်း၊ ဖုံးအုပ်အပ်သည်။)
ဧကသဉ္ဆန္နာတိ၊ ဧကသဉ္ဆန္နာဟူသည်ကား။
ပုပ္ဖါနံ၊ အပွင့်တို့၏။
နိရန္တရတာယ၊ အကြား ကွက်လပ်မရှိ ပြည့်ကြပ်နေကုန်သည် အဖြစ်ဖြင့်။
ဧကဇ္ဈံ၊ တပေါင်းတစုတည်း။
သဉ္ဆန္နာ၊ ဖုံးအုပ်အပ်သည်။
(အဟောသိ၊ ဖြစ်ပြီ။)
တတ္ထ ။ပ။ သမုဇ္ဇလန္တိ၊ ဇ္ဇလံဟူသည်ကား။
တဟံတဟံ၊ ထိုထိုအရပ်၌။
ဩလမ္ဗိတကုသုမဒါမေဟိစေဝ၊ တွဲလဲဆွဲအပ်သော ပန်းဆိုင်းတို့ဖြင့်လည်းကောင်း။
တဟံ တဟံ၊ ၌။
ခိတ္တမာလာပိဏ္ဍီဟိစ၊ ပစ်လွှင့်အပ်သော ပန်းအစုအပေါင်းတို့ဖြင့်လည်းကောင်း။
ဣတောစိတော၊ ဤနေရာ ဤနေရာ၌။
ဝါ၊ ထိုထိုဤဤအရပ်၌။
ဝိပ္ပကိဏ္ဏ ဝိဝိဓဝဏ္ဋမုတ္တပုပ္ဖေဟိစ၊ ဖရိုဖရဲ ပြန့်ကျဲနေသော အထူးထူး အပြားပြား များစွာသော အညှာမှ လွတ်သော ပန်းတို့ဖြင့်လည်းကောင်း။
သမ္မဒေဝ၊ ကောင်းစွာသာလျှင်။
ဥဇ္ဇလံ၊ တောက်ပနေသည်။
(အဟောသိ၊ ပြီ။)
အညမညံ သိရီသမ္ပတ္တာနီတိ၊ ကား။
အညမညဿ၊ အချင်းချင်း၏။
သိရိယာ၊ ကျက်သရေနှင့်။
ဝါ၊ ကျက်သရေသည်။
သောဘာယ၊ တင့်တယ်ခြင်းနှင့်။
ဝါ၊ သည်။
သမ္ပန္နာနိ၊ ပြည့်စုံကုန်သော။
ဝါ၊ ကောင်းစွာရောက်အပ်ကုန်သော။
(စက္ကဝါဠာနိ၊ စကြဝဠာတို့သည်။
အဟေသုံ၊ ဖြစ်ကုန်ပြီ။)
ဗုဒ္ဓဂုဏဝိဘဝသိရိန္တိ၊ ကား။
သမ္မာသမ္ဗုဒ္ဓေဟိ၊ မြတ်စွာ ဘုရားတို့သည်။
အဘိဂန္တဂုဏဝိဘူတိသောဘံ၊ ရထိုက်သောဂုဏ် အသရေအထွေထွေ ပြည့်စုံခြင်းဖြင့် တင့်တယ်ခြင်းကို။
ပဋိဝိဇ္ဈမာနောတိ၊ ကား။
အဓိဂစ္ဆန္တော၊ ထိုးထွင်းသိတော် မူလျက်။
ဝါ၊ ရရှိတော်မူလျက်။
(စတ္တာရိသစ္စာနိ၊ တို့ကို။
အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်းသိတော်မူပြီ)။
သေတမ္ဗရုက္ခောတိ၊ ကား။
သေတဝဏ္ဏဖလော၊ ဖြူသော အဆင်းရှိသော အသီးရှိသော။
အမ္ဗရုက္ခော၊ သရက်ပင်တည်း။
တဒေဝါတိ၊ ကား။
ပါဋလိယာ၊ သခွတ်ဗောဓိပင်၏။
ဝုတ္တပမာဏမေဝ၊ ဆိုအပ်ပြီးသော အတိုင်းအတာသည်ပင်တည်း။
ဧကတောတိ၊ ကား။
ဧကပဿေ၊ တစ်ခုသော ဘက် (အခြမ်း)၌။
(ဖလာနိ ဩလမ္ဗန္တိ၊ တွဲလဲဆွဲ နေကုန်၏။)
သုရသာနီတိ၊ ကား။
သုမဓုရရသာနိ၊ အလွန်ချိုသော အရသာရှိကုန်သော။
(ဖလာနိ၊ တို့သည်။)
ဧကောဝ ပလ္လင်္ကောတိ၊ ကား။
ဧကောဝ၊ တနေရာတည်းသာ ဖြစ်သော။
ပလ္လင်္ကပ္ပဒေသော၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူရာ ပလ္လင်၏ တည်ရှိရာအရပ်သည်။
(အဟောသိ)
ဧတ္ထ၊ ဤသစ်ပင်၏ အနီး (အောက်)၌။
(ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။
စတုမဂ္ဂဉာဏ သင်္ခါတဗောဓိံ၊ လေးပါးသော မဂ်ဉာဏ်ဟု ဆိုအပ်သော ဗောဓိတရားမြတ်ကို)။
ဗုဇ္ဈန္တိ၊ ထိုးထွင်းမြင်သိရရှိတော်မူကုန်၏။
ဣတိ ကတွာ၊ ဤသို့ဝစနတ္ထပြု၍။
သော သော ရုက္ခော၊ မဂ်ဉာဏ်လေးရပ် တရားမြတ်ဗောဓိကို ရရှိရာထိုထိုသစ်ပင်ကို။
ဗောဓီတိ၊ ဗောဓိဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။