Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Ussādanāvaṇṇanā

Author: နိဿယ @ IAPT

တေနာတိ၊ တေန-ဟူသည်ကား။ မဟာပညဘာဝေန၊ ကြီးမားသော ပညာရှိသည် အဖြစ်ကြောင့်။ (ခါယတိ၊ ထင်ပေါ်လာ၏။)
တတ္ထာတိ၊ ကား။ ထေရဿ၊ အရှင်အာနန္ဒာ ထေရ်အား။ ပဋိစ္စသမုပ္ပါဒဿ၊ ၏။ ဥတ္တာနကဘာဝေ၊ ပေါ်လွင်ထင်ရှားသည် အဖြစ်သည်။ အညေသံ၊ အခြားပုဂ္ဂိုလ်တို့အား။ ဂမ္ဘီရဘာဝေ၊ နက်နဲသည်အဖြစ်သည်။ သတိပိ၊ ရှိပါသော်လည်း။ ဝါ၊ ရှိသည်အဖြစ်၌။ (စတသော ဥပမာ ဝဒန္တိ)
သုဘောဇနရသပုဋ္ဌဿတိ၊ ကား။ သုန္ဒရေန၊ ကောင်းမွန်သော။ ဘောဇနရသေန၊ ဘောဇဉ် အရသာဖြင့်။ ပေါသိတဿ၊ မွေးမြူအပ်လျက်။
ကတယောဂဿာတိ၊ ကား။ နိဗဒ္ဓပယောဂေန၊ အမြဲမပြတ်လုံ့လစိုက်ထုတ်ခြင်းဖြင့်။ ကတပရိစယဿ၊ ပြုအပ်ပြီးသော လေ့ကျက်မှုရှိသော။ (မဟာမလ္လဿ၊ အား။)
မလ္လပါသာဏန္တိ၊ ကား။ မဟဗ္ဗလေဟိ၊ ကြီးသောခွန်အားရှိကုန်သော။ မလ္လေဟိယေဝ၊ လက်ဝှေ့သမားတို့သည်သာလျှင်။ ဥက္ခိပိတဗ္ဗပါသာဏံ၊ မြှောက်ချီနိုင်သော ကျောက်တုံးကို။ (ဒဿေသုံ၊ ပြုကြကုန်ပြီ။)
ကုဟိံ ဣမဿ ဘာရိယဋ္ဌာနန္တိ၊ ဋ္ဌာနံဟူသော ဝါကျဖြင့်။ (ဝဒတိ၊ ၌စပ်။) ကသ္မိံ ပဿေ၊ အဘယ်နံပါးဘက်၌။ ဣမဿ ပါသာဏဿ၊ ဤကျောက်တုံး၏။ ဂရုတရပ္ပဒေသော၊ အထူးလေးသောအရပ်သည်။ (အတ္ထိ၊ ရှိပါသနည်း။) ဣတိ၊ ဤသို့။ တဿ၊ ထိုကျောက်တုံး၏။ သလ္လဟုကဘာဝံ၊ ပေါ့ပါးသည်အဖြစ်ကို။ (မဟာမလ္လော၊ လက်ဝှေ့သမားကြီးသည်။) ဒီပေန္တော၊ ပြလိုသည်အဖြစ်ကြောင့်။ ဝဒတိ၊ ပြော၏။
တိမိရပိင်္ဂလေနေဝ၊ တိမိရပိင်္ဂလငါးကြီးဖြင့်သာလျှင်။ ဒီပေန္တိ၊ ဥပမာပြကြကုန်၏။ (ကသ္မာ၊ အဘယ့်ကြောင့်။ ဒီပေန္တိ၊ ဥပမာပြုကြကုန်သနည်း။) တဿ၊ ထိုတိမိရပိင်္ဂလ ငါးကြီး၏။ ဝါ၊ သည်။ မဟာဝိပ္ဖါရဘာဝတော၊ ကြီးမားကျယ်ပြန့်ခြင်းရှိသည် အဖြစ်ကြောင့်။ (ဒီပေန္တိ၊ ကုန်၏။)
တေန၊ ထို့ကြောင့်။ တဿ ကိရာတိအာဒိ၊ တဿ ကိရအစရှိသည်ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ပက္ကုထတီတိ၊ ကား။ (ဥဒကံ၊ ရေသည်။) ပက္ကုထန္တံဝိယ၊ ပွက်ပွက်ဆူသကဲ့သို့။ ပရိဝတ္တတိ၊ ပတ်ဝန်းကျင်ချာချာလည်၏။ ပရိတော၊ ပတ်ဝန်းကျင်အရပ်၌။ ဝိဝတ္တတိ၊ ချာချာလည်၏။
ဟိ၊ အမှန်တကယ် ဆိုရသော်ကား။ ဧတံ၊ ဤငါးကြီး၏ နားရွက်နှစ်ဖက်နှင့်အမြီး, ဦးခေါင်းတို့ လှုပ်ရှားပုံပြ စကားသည်။ လက္ခဏဝစနံ လက္ခဏဝစနဥှေတံ ။ ။ ဤစကားဖြင့် ဥပလက္ခဏနည်းဟု ဆိုလို၏။ ဤဋီကာ စာမျက်နှာ (၅၅) ၌ “လက္ခဏဝစနဉ္စေတံ ပါဠိယံ- ယဒိဒံ “အာသဝေဟီတိ ဟူသော စကားနှင့် အတူတူပင်ဖြစ်၏။ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ”ဟူ၍ ပါဠိတော်၌ (ရာဂ, ဒိဋ္ဌိ, မောဟ-ဟူသော) အာသဝတို့ကိုသာ တိုက်ရိုက်ပြထား၏။ သို့သော် တိုက်ရိုက်မပြသော ကျန်သော တဒေကဋ္ဌကိလေသာ အားလုံးနှင့် ပါပဓမ္မအားလုံးမှလည်း စိတ်သည် လွတ်မြောက်သည်သာဖြစ်သောကြောင့် အာသဝေဟိ- ဟူသော စကားသည် ဥပလက္ခဏနည်း ဖြစ်သည်ဟု ဋီကာဆိုလို၏၊ ထိုအတူ ဤ၌လည်း အဋ္ဌကထာ၌ တိမိရပိင်္ဂလငါးကြီး၏ လှုပ်ရှားသော ကိုယ်အင်္ဂါတို့ကို ကုန်စင်အောင် မပြ၊ လက်ယာဘက်နားရွက်ကို လှုပ်လိုက်ခတ်လိုက်လျှင် ယူဇနာငါးရာတိုင်အောင် ရေများ လှုပ်ရှားသွား၏၊ ထိုအတူ ဝဲဘက်နားရွက်, အမြီး, ဦးခေါင်းတို့ကို လှုပ်လိုက်လျှင်လည်း ယူဇနာ ငါးရာစီပင် လှုပ်ရှားသွား၏-ဟူ၍ ဤမျှသာ ပြထား၏။ ကျန်သော ကိုယ်အင်္ဂါများ ဖြစ်သော (ကျောကုန်းပေါ်က) အကြေးခွံ, အရိုး,ကျောကုန်း၏ အတောင်အတက်တို့ကို တိုက်ရိုက်မပြ၊ ၎င်းတို့ကို လှုပ်လိုက် ခတ်လိုက်လျှင်လည်း ရေတွေလှုပ်ရှားသွားမည်ပင်ဖြစ်၏။ ထို့ကြောင့် အဋ္ဌကထာ၌ လှုပ်ရှားသော ကိုယ်အင်္ဂါတို့ကို ဥပလက္ခဏ နည်းအားဖြင့် တချို့ကိုသာ ပြထားသည် ဟု ဋီကာဆိုလို၏၊ ဤကား ဤသုတ်ဋီကာ ပါဠိများပျက်နေသောကြောင့် ယခင်သံယုတ်ဋီကာ၊ ဒု (နှာ-၁၀၁) ပါဠိများကိုယူ၍ အနက်ပေးကာ သေချာအောင် အဓိပ္ပါယ် ရှင်းပြလိုက်ခြင်း ဖြစ်သည်။ {{nissaya|| တစ်စိတ်တဒေသအမှတ်လက္ခဏာကိုမျှ ပြသော စကားတည်း။}} (ကသ္မာ၊ အဘယ်ကြောင့်။ ဧတံ၊ သည်။ လက္ခဏဝစနံ၊ တည်း။ ဣတိ၊ ဤသို့။ ဝိညာယတိ၊ သိအပ်ပါသနည်း။ ဉာပကဟိတ်တည်း)။
ပိဋ္ဌိယံ၊ ငါးကြီး၏ ကျောကုန်း ပေါ်၌။ သကလိက အဋ္ဌိကာ၊ အကြေးခွံနှင့် ပေါ်ထွက်နေသော အရိုးတို့သည် လည်းကောင်း။ ပိဋ္ဌိပတ္တံ၊ ကျောကုန်း၏ အတောင်အတက်သည်လည်းကောင်း။ အဝသိဋ္ဌာ၊ ကြွင်းကျန်နေ ကုန်သေး၏။ (တသ္မာ၊ ကြောင့်။ ဧတံ၊ သည်။ လက္ခဏဝစနံ၊ တည်း။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်ပါ၏။) [သံယုတ်ဋီကာ၊ ဒု-၁၀၁၌ “ပိဋ္ဌိယံ သကလိကအဋ္ဌိကာ ပိဋ္ဌိပတ္တံ”ဟု ပါဌ်မှန် ရှိသည်။]
ကာယူပပန္နဿာတိ၊ ကား။ မဟတာ၊ ကြီးစွာသော။ ကာယေန၊ ခန္ဓာကိုယ်သည်။ ဝါ၊ နှင့်။ ဥပေတဿ၊ ကပ်ရောက်အပ်သော။ ဝါ၊ ပြည့်စုံသော။ မဟာကာယဿ၊ ကြီးသော ကိုယ်ထည်ရှိသော။ ဣတိ၊ ဤကား။ အတ္ထော၊ တည်း။
ပိဉ္ဆဝဋ္ဋီတိ၊ ကား။ ပိဉ္ဆကလာပေါ၊ အမြီးအစည်းသည်။ ဝါ၊ အမြီးလုံးသည်။
သုပဏ္ဏဝါတန္တိ၊ ကား။ နာဂဂ္ဂဟဏာဒီသု၊ နဂါးကို ဖမ်းယူရာအခါ အစရှိသည်တို့၌။ ပက္ခပပ္ဖေါဋနဝသေန၊ အတောင်နှစ်ဖက်ကို ရိုက်ခတ်ခြင်း၏ အစွမ်းကြောင့်။ ဥပ္ပဇ္ဇနကဝါတံ၊ ဖြစ်သောလေကို။ (ဒဿေတုံ)။