Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Sambahulaparicchedavaṇṇanā

Author: နိဿယ @ IAPT

စန္ဒာဒီနံ၊ လအစရှိသည်တို့၏။ သောဘာဝိသေသံ၊ တင့်တယ်ခြင်း ဂုဏ်ထူးကို။ ရဟေတိ စဇာပေတိ၊ စွန့်စေတတ်၏။ ဣတိ၊ ထို့ကြောင့်။ ရာဟု၊ ရာဟုမည်၏။ ရာဟုဂ္ဂဟော၊ ဖမ်းယူတတ်သော ရာဟုတည်း။ ဝါ၊ ရာဟုဂြိုဟ်တည်း။ ဣဓ ပန၊ ဤရာဟုလော- ဟူသော ပါဌ်၌ကား။ (ပုတ္တော၊ သားတော် ရာဟုလသည်။) ရာဟု ဝိယ၊ ရာဟုနှင့်တူ၏။ (ရာဟုကဲ့ဖမ်းချုပ်တတ်၏) ဣတိ၊ ထို့ကြောင့်။ ရာဟု၊ ရာဟု မည်၏။
စ၊ ထို့အပြင်။ ဗန္ဓနန္တိ၊ ဗန္ဓနံဟူသော စကားကို။ (သိနေဟ ဗန္ဓနဿ၊ ချစ်ခြင်းဟူသော အနှောင်အဖွဲ့၏။) အနတ္ထုပ္ပတ္တိဋ္ဌာနတံ၊ အကျိုးမဲ့ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ (မဟာသတ္တေန၊ ဘုရား အလောင်းတော်သည်။) ဝုတ္တံ၊ မြွက်ဆိုအပ်ပြီ။
တထာ၊ ထိုသို့ အကျိုးမဲ့ ဖြစ်ခြင်း၏ အကြောင်း အဖြစ်ဖြင့်။ မဟာသတ္တေန၊ သည်။ ဝုတ္တဝစနမေဝ၊ မြွက်ဆိုအပ်သော “ရာဟု ဇာတော၊ ဗန္ဓနံ ဇာတံ” ဟူသော စကားကိုပင်။ ဂဟေတွာ၊ ယူ၍။ ကုမာရဿ၊ မင်းသား၏။ ရာဟုလောတိနာမံ၊ ရာဟုလဟူသော နာမည်ကို။ အကံသု၊ မှည့်ကြကုန်ပြီ။
အထာတိ၊ အထဟူသော သဒ္ဒါသည်။ နိပါတမတ္တံ၊ အနက်မရ နိပါတ်မျှသာတည်း။
ရောစိနီတိ၊ ကား။ ရောစနသီလာ၊ ထွန်းလင်းတင့်တယ်ခြင်း အလေ့ရှိသော မိဖုရား။ ဥဇ္ဇလရူပါ၊ ထွန်းလင်းတင့်တယ်ခြင်း သဘောရှိသော မိဖုရား။ ဣတိ၊ ကား။ အတ္ထော၊ အနက်တည်း။
ရုစဂ္ဂတီတိ၊ ကား။ ရုစံ၊ ထွန်းလင်းတောက်ပခြင်းသို့။ ပဘာတံ၊ အရောင်ထွန်းလင်းခြင်းသို့။ အာဂတိဘူတာ၊ ရောက်သူ ဖြစ်သော မိဖုရား။ ဂကာရာဂမံ၊ ဂအက္ခရာလာခြင်းကို။ ကတွာ၊ ပြု၍။ ဝုတ္တံ၊ ရုစ္စဂ္ဂတီ-ဟုဆိုအပ်ပြီ။
ဣတ္ထိရတနဘာဝတော၊ မိန်းမရတနာ၏ အဖြစ်ကြောင့်။ မနုဿလောကေ၊ လူ့လောက၌။ သဗ္ဗာသံ၊ အားလုံးကုန်သော။ ဣတ္ထီနံ၊ မိန်းမတို့၏။ ဝါ၊ တို့ထက်။ ဗိမ္ဗပဋိစ္ဆန္နဘူတာ ဗိမ္ဗပဋိစ္ဆန္နဘူတာတိ ဗိမ္ဗာ ။ ။ ပဋိစ္ဆာဒီယတေတိ ပဋိစ္ဆန္နာ (အဝတ်ဖြင့် ခြုံလွှမ်းဆင်မြန်းထားအပ်သော) ဗိမ္ဗော- အရုပ်- ဟု ဝိသေသနပရပဒကမ္မဓာရည်းပြု၊ ဗိမ္ဗသဒ္ဒါ “အရုပ်၊ရုပ်တု” အနက်ဟော၊ ပဋိမာ ပဋိဗိမ္မဉ္စ ဗိမ္ဗော ပဋိနိဓီရိတော၊ အဘိဓာန်၊ ၅၂၉-ဂါထာ၊ ထို့နောက် ဗိမ္ဗပဋိစ္ဆန္နော ဝိယာတိ ဗိမ္ဗပဋိစ္ဆန္နာ၊ ဗိမ္ဗပဋိစ္ဆန္နာ ဟုတွာ ဘူတာ ဗိမ္ဗပဋိစ္ဆန္နဘူတာ- အဝတ်ဖြင့် ခြုံလွှမ်းဆင်မြန်းထားအပ်သော အရုပ်ပမာ ချစ်စရာ တင့်တယ်လှပသည် ဖြစ်၍ ဖြစ်သော ရာဟုလမယ်တော် ယသောဓရာ၊ ဤဋီကာ အဖွင့်အလို သံဝဏ္ဏတံ ဖြစ်သော ဗိမ္ဗပုဒ်၌ ပဋိစ္ဆန္နပုဒ်အကျကြံသင့်၏၊ သင့်မည်ထင်သလို ကြံရခြင်း ဖြစ်သည်၊ သုတ်မဟာဝါ အဋ္ဌကထာ ဘာသာဋီကာ (နှာ- ၅၁) ၌ “အလုံးစုံသော မိန်းမတို့ထက် အရုပ်ကလေးသဖွယ် တင့် တယ် သော ကြင်ယာတော်- ဟု မြန်မာပြန်ထားပြီး ပခုက္ကူဆရာတော်ကြီး၏ နိဿယ၌မူ “ဗိမ္ဗာ- တပါးသော မိန်းမတို့၏ ရုပ်ပုံကို လွှမ်းမိုးသကဲ့သို့ ဖြစ်သည် အဖြစ်ကြောင့် ဗိမ္ဗာ အမည်ရှိသော ယသောဓရာမိဖုရား”ဟု အနက်ပေး၏၊ တိပိဋကပါဠိမြန်မာ အဘိဓာန်၌ “ဗိမ္ဗပဋိစ္ဆန္န- ခန္ဓာကိုယ်ဖြင့် - ဖုံးလွှမ်း-သာလွန်-သော၊ ကိုယ်လုံးကိုယ်ပေါက်သာလွန်လှပသော၊ သူ” ဟု မြန်မာပြန်၏၊ အဘိဓာန်ဋီကာ၊ ၃၃၆-ဂါထာ၌ “ဗိမ္ဗံ ဝုစ္စတိ သရီရံ၊ အတိသယဝဏ္ဏသရီရယုတ္တတာယ ဗိမ္ဗာ”ဟု ဖွင့်၏။ ဗိမ္ဗပုဒ်ကို ခန္ဓာကိုယ် အနက်ဟောကြံခြင်းဖြစ်၏။ ၊ အဝတ်ဖြင့် ခြုံလွှမ်းဆင်မြန်းထားအပ်သော အရုပ်ပမာချစ်စရာ လှပတင့်တယ်သည် ဖြစ်၍ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ (ရာဟုလမာတာ၊ ရာဟုလ၏ မယ်တော် ယသောဓရာသည်။) ဗိမ္ဗာ၊ ဗိမ္ဗာမည်၏။
ဈာနာ ဝုဋ္ဌာယာတိ၊ ကား။ ပါဒကဇ္ဈာနတော၊ အခြေခံဖြစ်သော စတုတ္ထဈာန်မှ။ ဝုဋ္ဌာယ၊ ထ၍။ (အဓိဋ္ဌာသိ၊ အဓိဋ္ဌာန်ပြီ။)
အဋ္ဌင်္ဂုလုဗ္ဗေဓောတိ၊ ကား။ အဋ္ဌင်္ဂုလပ္ပမာဏဗဟလဘာဝါ၊ လက်ရှစ်သစ်ပမာဏရှိသော မြင့်မတ်သည် အဖြစ်ရှိကုန်သော။ (သုဝဏ္ဏိဋ္ဌကာ၊ ရွှေအုတ်တို့ကို။)
စူဠံသေန ဆာဒေတွာတိ၊ ကား။ တိရိယဘာဂေန၊ အနံဘက် အဖို့ဖြင့်။ ဌပနဝသေန၊ ထောင်ထားခြင်း အနေအားဖြင့်။ သဗ္ဗံ၊ အားလုံးစုံသော။ ဝိဟာရဋ္ဌာနံ၊ ကျောင်းတည်ရာ မြေကွက်ကို။ ဆာဒေတွာ၊ ဖုံးအုပ်၍။ (ကိဏိံသု၊ ဝယ်ကုန်ပြီ။)
သုဝဏ္ဏယဋ္ဌိဖာလေဟီတိ၊ ကား။ ဖာလပ္ပမာဏာဟိ၊ ထွန်းသွားပမာဏရှိကုန်သော။ သုဝဏ္ဏယဋ္ဌီဟိ၊ ရွှေချောင်းတို့ဖြင့်။ (ဆာဒေတွာ)။
သုဝဏ္ဏဟတ္ထိပါဒါနီတိ၊ ကား။ ပကတိဟတ္ထိပါဒပရိမာဏာနိ၊ ပြကတေ့သော သက်ရှိဆင်၏ ခြေထောက် အတိုင်း အတာ ပမာဏရှိကုန်သော။ သုဝဏ္ဏခဏ္ဍာနိ၊ ရွှေ့ပိုင်းတို့ကို။ (ကာရေတွာ၊ ၍။)
ဝုတ္တနယေနေဝါတိ၊ ကား။ စူဠံသေနေဝ၊ သေးငယ်သော အနံဘက်အဖို့ဖြင့် သာလျှင်။ (ဆာဒေတွာ)
သုဝဏ္ဏကဋ္ဋီဟီတိ၊ ကား။ သုဝဏ္ဏခဏ္ဍေဟိ၊ ရွှေအပိုင်းတို့ဖြင့်။ (ဆာဒေတွာ)
သလက္ခဏာနန္တိ၊ ကား။ လက္ခဏသမ္ပန္နာနံ၊ အမှတ်တံဆိပ်နှင့် ပြည့်စုံကုန်သော။ သဟဿာရာနံ၊ တစ်ထောင်သော အကန့်ရှိကုန်သော။ (ကဟာပဏာနံ၊ တို့၏။)
ဗောဓိပလ္လင်္ကာတိ၊ ကား။ အဘိသမ္ဗုဇ္ဈနကာလေ၊ သစ္စာလေးပါးကို ထိုးထွင်းသိတော်မူရာ (ဘုရားဖြစ်တော်မူရာ) အခါ၌။ နိသဇ္ဇဋ္ဌာနံ၊ ထိုင်တော်မူရာအရပ်ကို။
(အဝိဇဟိတံ၊ မစွန့်အပ်။) အဝိဇဟိတောတိ၊ ကား။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ တထာ၊ ထိုအကြောင်းဖြင့်။ (သစ္စာလေးပါးကို သိတော်မူခြင်း, ဓမ္မစကြာတရားဟောတော်မူခြင်း ဟူသော အကြောင်းဖြင့်) နိသဇ္ဇာယ၊ ထိုင်တော်မူခြင်း၏။ အနညတ္ထဘာဝီဘာဝတော၊ (ဗောဓိပလ္လင်္ကဋ္ဌာန, ဓမ္မစက္ကပ္ပဝတ္တနဌာနမှ) အခြားသော နေရာဌာနတို့၌ ဖြစ်လေ့မရှိသည် အဖြစ်ကြောင့်။ အပရိစ္စတ္တော၊ မစွန့်အပ်။
တေန၊ ထို့ကြောင့်။ ဧကသ္မိံယေဝ ဌာနေ ဟောတီတိ၊ ဟောတိဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ပဌမပဒဂဏ္ဌိကာတိပဌမပဒဂဏ္ဌိကာ ။ ။ ဤသုတ် အဋ္ဌကထာ ဘာသာဋီကာ၌- ဌဝမ်းဘဲဖြင့် “ဂဏ္ဌိကာ” ဟုရှိသော ဋီကာပါဌ်ကို ဍရင်ကောက်ဖြင့် “ဂဏ္ဍိကာ” ဟု ပြင်တော်မူ၏။ အကြောင်းပြချက်ကား- ပဒနှင့်ပါဒသည် အနက်တူသောကြောင့် မထူးသော်လည်း ဂဏ္ဍိကာနှင့် ဂဏ္ဌိကာတို့ကား အနက်မတူ၊ ထောမနိဓိအဘိဓာန်၌ ဂဏ္ဍဓာတ်+ဣန်ပစ္စည်းဖြင့် ဝုဒ္ဓိပြု၍ပြီးသော “ဂါဏ္ဍိ” သဒ္ဒါသည် “ဂါန္ထိနှင့် အနက်တူဟုဆို၏၊ ဂဏ္ဌိပုဒ်ကား ထောမနိဓိ၌ မရှိ၊ ထို့ကြောင့် ပဌမပါဒဂဏ္ဍိကာ ပါဌ်သည် သက္ကတ အဘိဓာန်နှင့် လျော်၏၊ ဂ၌ ဝုဒ္ဓိရှိလျှင်သာ၍ကောင်း၏။ ဤသို့ဘာသာဋီကာ ဆုံးဖြတ်ထား၏။ [မှတ်ချက်- ဘာသာဋီကာစာအုပ်၌ “ဂဏ္ဍဓာတ်”ဟု စာရိုက်လွဲနေ၏၊ ဂဏ္ဍပုဒ်သာတည်း၊ “ဂါန္ထိ”ဟုလည်း စာရိုက်လွဲ၏။ “ဂန္ထိ”ဟု ရဿသရသာတည်း]။
ထိုဘာသာဋီကာ ဆုံးဖြတ်ချက်သည် ကစ္စည်းသဒ္ဒါကြီး “ဓနုမှာစ” သုတ်နှင့် မောဂ္ဂလ္လာန် သဒ္ဒါကျမ်း၊ ၄-ဏာဒိကဏ္ဍ “သီလာဒိတောဝေါ”သုတ်တို့၌ ပြထားသော- ဂါဏ္ဍီဝံ, ဂါဏ္ဍိဝံ ဓနု (များသော အဖုအဆစ်ရှိသော လေး၊ သန်မာသောလေး) ဂါဏ္ဍီဝဓနွာ (ထိုလေးရှိသောအဇ္ဇုနမင်း) ဟူသော ပြယုဂ်တို့၌ “ဂါဏ္ဍီ, ဂါဏ္ဍိ” သဒ္ဒါတို့ကိုသာ အာရုံပြု စိတ်စိုက်လိုက်မိခြင်းကြောင့် ဖြစ်ဖွယ်ရှိပါ၏၊ ထိုဂါဏ္ဍိသဒ္ဒါသည် ဂဍိဓာတ် အစ်ပစ္စည်း၊ (စ အနုဗန်ရှိသော အပစ္စည်း) ဖြင့်ပြီးသော ဂဏ္ဍသဒ္ဒါနောင် ဣန်ပစ္စည်းသက်၊ ဂ၌ ဝုဒ္ဓိရောက်၍ ပြီး၏။ ယင်းသို့ ပြီးသော ဂါဏ္ဍိသဒ္ဒါသည် အဖုအဆစ်၊ အထုံးအဖွဲ့ အနက်ဟော ဂန္ထိ (ဂြန္ထိ) သဒ္ဒါနှင့် အနက်တူ၏၊ [ဂါဏိ-ပု၊ ဂဏ္ဍ+ဣန်၊ ဝုဒ္ဓိ၊ ဂန္ထိမှီ] အကျယ်ကို ကစ္စည်းဘာသာဋီကာနှင့် မောဂ္ဂလ္လာန်နိသျ (ပ-နှာ၊ ၄၈၁) ၃-ကဏ္ဍ၊ ၅၀- သုတ်၊ ၎င်းသျ (ဒု-နှာ၊ ၁၂၇) ၄- ကဏ္ဍ၊ ၈၀-သုတ်တို့ကြည့်။
ယင်းသို့ပြခဲ့သည့်အတိုင်း ဤသုတ်အဋ္ဌကထာ ဘာသာဋီကာသည် ဍရင်ကောက် “ဂါဏ္ဍိ” သဒ္ဒါကို သာဓကပြုထားသော်လည်း ထိုဂါဏ္ဍိသဒ္ဒါသည် ပါဠိအဘိဓာန်နှင့် ပါဠိ အဋ္ဌကထာ ဋီကာတို့၌ တွေ့နိုင်သော ပါဌ်မဟုတ်ပါ၊ ဌဝမ်းဘဲနှင့် “ဂဏ္ဌိ” သဒ္ဒါကိုကား “ပဗ္ဗံ တု ဖလု ဂဏ္ဌိသော” ဟူ၍ ပါဠိအဘိဓာန်မှာပင် (ဂါထာ-၆၀၀) အဖုအဆစ်အနက်ဟော အဖြစ်တွေ့ရပါ၏၊ သက္ကတ အင်္ဂလိပ်အဘိဓာန်တို့၌လည်း “ဂြန္ထိ” ဟုတွေ့ရပါ၏။ အမရကောသ သက္ကတ အဘိဓာန်၌ကား (၁၈-ဝဂ်၊ ၈၄-ဂါထာ) ၌ ထိုသဒ္ဒါကျမ်းများ၏ ပြယုဂ်ဖြစ်သော ဍရင်ကောက် “ဂါဏ္ဍီဝ, ဂါဏ္ဍိဝ” သဒ္ဒါနှင့် (၁၄-ဝဂ်၊ ၁၆၂-ဂါထာ)၌ “ဂြန္ထိ (အဆစ်အဖု)” သဒ္ဒါကို တွေ့ရ၏၊ ပါဠိ၌ ဌဝမ်းဘဲ “ဂဏ္ဌိ” သဒ္ဒါသည် ထို သက္ကတ “ဂြန္ထိ” သဒ္ဒါမှ ပြောင်းလဲလာသည်ဖြစ်၏။ ထို့ကြောင့် ဏွာဒိမောဂ္ဂလ္လာန်၌ “ဂန္ထ ဂန္ထနေ (ထုံးဖွဲ့ခြင်း၌) ဂန္ထေတီတိ ဂဏ္ဌိ၊ တထနရာနံ ဋဌဏလာတိ- သုတ်ဖြင့် နထာနံ- နငယ်, ထဆင်ထူးတို့ကို၊ ဏဌာ- ဏကြီး, ဌဝမ်းဘဲ ပြုလေကုန်၊ ပဗ္ဗော- အဆစ်၊ ဂဏ္ဌိ- အထုံးအဖွဲ့၊ (မောဂ်၊ သျ၊ ဒု-၂၆၂၊ ၃၇၉)။ ဝိသုဒ္ဓါရုံ၊ ဓာတွတ္ထသင်္ဂြိုဟ်၌လည်း ဂန္ထဓာတ်၌ “ဂန္တေတီတိ ဂဏ္ဌိ၊ ပဗ္ဗဂဏ္ဌိ၊ နထာနံ ဏဌာ” ဟုပင် စီရင်၏။
ဂဏ္ဌိဘူတံ ပဒံ၊ ယထာ ဟိ ရုက္ခဿ ဂဏ္ဌိဋ္ဌာနံ ဒုဗ္ဗိနိဝေဓံ ဒုတ္တစ္ဆိတဉ္စ ဟောတိ၊ ဧဝမေဝံ ယံ ပဒံ အတ္ထတော ဝိဝရိတုံ နသက္ကာ၊ တံ “ဂဏ္ဌိပဒ”န္တိ ဝုစ္စတိ၊ မူလပဏ်ဋီ၊ ပ-နှာ၊ ၅၆။ ဂဏ္ဌိဋ္ဌာနန္တိ အတ္ထတောစ အဓိပ္ပါယတောစ ဒုဗ္ဗိနိဝေဓတာယ ဂဏ္ဌိဘူတံ ဌာနံ၊ ဝိသုဒ္ဓိမဂ်ဋီ၊ ပ-၁၃၉။
သက္ကတ၌ ရနှင့် တကွသော “ပြတိပတ္တိ, အရ်ထကထာ” စသည်တို့သည် ပါဠိ၌ မုဒ္ဓဇသို့ ပြောင်း၍ “ပဋိပတ္တိ, အဋ္ဌကထာ” စသည်ဖြစ်ရိုးရှိသောကြောင့် “ဂြန္ထိ”မှ “ဂဏ္ဌိ”ဟု ဖြစ်၏၊ [ကင်္ခါယောဇနာမဟာဋီကာ၌မူ ဂေါသဒ္ဒူပဒ, ဌာဓာတ်ဖြင့် “ဂေါ ဉာဏံ တိဋ္ဌတိ ဧတ္ထာတိ ဂဏ္ဌိ”ဟု ဝစနတ္ထပြုပါသတတ်] ဤသို့စသည်ဖြင့် သာဓကများစွာတွေ့နိုင်ပါ၏။ သို့ဖြစ်ရကား၊ ယခင်ဍရင်ကောက် “ဂဏ္ဍိ, ဂါဏ္ဍိ”တို့သည်လည်း ပါဌ် မှန်ပင်ဖြစ်စေကာမူ သက္ကတသဒ္ဒါ ကျမ်းပြယုဂ်ဖြစ်၍ ပိဋကတ်တော်၌ တွေ့နိုင်မည်မဟုတ်သောကြောင့် အတွေ့များသော ဌဝမ်းဘဲ “ဂဏ္ဌိ” ပါဌ်ကိုသာ အတည်ပြုသင့်သည်ဟု ယူဆပါသည်။
၊ ကာ။ ပစ္ဆိမေ၊ နောက်ဆုံး၌ ဖြစ်သော။ သောပါနဖလကေ၊ စောင်းတန်း ပျဉ်ချပ်၌။ ဝါ၊ လှေခါးထစ်၌။ ဌတွာ၊ ရပ်တော်မူ၍။ ဌပိယမာနဿ၊ ဖိနင်းချထားအပ်သော။ ဒက္ခိဏပါဒဿ၊ ယာဘက်ခြေတော်၏။ ပတိဋ္ဌဟနဋ္ဌာနံ၊ တည်ရာ အရပ်သည်။ (အဝိဇဟိတံဝ၊ မစွန့်အပ်သည်သာ။ ဟောတိ)
ပန၊ ဆက်ဦးအံ့။ ဝါ၊ ပဒဂဏ္ဌိ-ဟုဆိုရခြင်း၏ အကြောင်းကား။ တံ၊ ထိုယာဘက်ခြေတော်တည်ရာ အရပ်ကို။ ဝါ၊ သည်။ ယသ္မာ၊ အကြင်ကြောင့်။ ဒဠှံ၊ မြဲမြံသည်။ ထိရံ၊ ခိုင်ခံ့သည်။ ကေနစိ၊ မည်သူတစ်ဦးမျှ။ အဘေဇ္ဇံ၊ မဖျက်ဆီးနိုင်သည်။ ဟောတိ၊ ၏။ တသ္မာ၊ ထို့ကြောင့်။ ပဒဂဏ္ဌီတိ၊ ဟူ၍။ ဝါ၊ အဆစ်အဖု, အထုံးအဖွဲ့ပမာ ဖျက်ဆီးမရနိုင်သော ခြေတော်ချနင်းရာ ဌာနဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ယသ္မိံ ဘူမိဘာဂေ၊ အကြင်မြေအဖို့ (မြေပြင်)၌။ ဣဒါနိ၊ ယခုအခါ၌။ ဇေတဝနမဟာ ဝိဟာရော၊ ဇေတဝန်မည်သော ကျောင်းတိုက်တော်ကြီးသည်။ (ဟောတိ၊ ရှိ၏။) တတ္ထ၊ ထိုဇေတဝန်ကျောင်းတိုက်တော်ကြီး တည်ရှိရာ မြေပြင်၌။ ယသ္မိံ ဌာနေ၊ အကြင်အရပ်၌။ ပုရိမာနံ၊ ရှေး၌ ဖြစ်ကုန်သော။ သဗ္ဗဗုဒ္ဓါနံ၊ အားလုံးသော ဘုရားရှင်တို့၏။ မဉ္စာ၊ ညောင်စောင်း (ခုတင်)တို့ကို။ ပညတ္တာ၊ ခင်းထားအပ်ပြီးကုန်ပြီး။ တသ္မိံယေဝ ပဒေသေ၊ ရှေး၌ ဖြစ်သော အားလုံးသော မြတ်စွာဘုရားတို့၏ ညောင်စောင်းခင်းထားအပ်ရာ ထိုအရပ်၌ပင်လျှင်။ အမှာကံ= ငါတို့၏။ ဘဂဝတောပိ၊ မြတ်စွာဘုရား၏လည်း။ မဉ္စော၊ ကို။ ပညတ္တော၊ ခင်ထားအပ်ပြီ။ ဣတိ ကတွာ၊ ဤသို့ နှလုံးသွင်းမှုပြု၍။ “စတ္တာရိ၊ လေးခုကုန်သော။ မဉ္စပါဒဋ္ဌာနာနိ၊ ညောင်စောင်းခြေထောက်တို့တည်ရာ ဌာနတို့သည်။ အဝိဇဟိတာနေဝ၊ မစွန့်အပ် (မရွေ့ရှား) ကုန်သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။” ဣတိ၊ ဤသို့။ (အာစရိယေန၊ အဋ္ဌကထာဆရာသည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ပန၊ အထူးဆိုဖွယ်ကား။ မဉ္စာနံ၊ ညောင်စောင်းတို့၏။ မဟန္တခုဒ္ဒကဘာဝေန၊ ကြီးကုန်, ငယ်ကုန်သည် အဖြစ်ကြောင့်။ မဉ္စပညာပနပဒေသဿ၊ ညောင်စောင်းတို့ ခင်ထားရာအရပ်၏။ မဟန္တာမဟန္တတာ၊ ကျယ်သည်, မကျယ်သည် အဖြစ်သည်။ အပ္ပမာဏံ၊ လိုရင်းပမာဏမဟုတ်။ ပန၊ အဟုတ်အမှန်ကား။ ဗုဒ္ဓါနုဘာဝေန၊ မြတ်စွာဘုရားတို့၏ တန်ခိုး အာနုဘော်တော်ကြောင့်။ သော ပဒေသော၊ ထိုညောင်စောင်း ခင်းထားရာ အရပ်သည်။ သဗ္ဗဒါ၊ အားလုံးသော အခါကာလ၌။ ဧကပ္ပမာဏောယေဝ၊ တူညီသော အတိုင်းအတာရှိသည်ချည်းသာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ ထို့ကြောင့်။ “စတ္တာရိ ။ပ။ ဟောန္တီ” တိ၊ ဟောန္တိ- ဟူ၍။ ဝုတ္တံ၊ ပြီ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
ဝိဟာရောပိ နဝိဇဟိတောယေဝါတိ ဧတ္ထာပိ၊ ဝိဟာရောပိ ။ပ။ ယေဝ- ဟူသော ဤစကား၌လည်း။ ဧသေဝနယော၊ ဤနည်းပင်တည်း။
ပုရိမံ၊ ရှေး၌ဖြစ်သော။ ဝိဟာရဋ္ဌာနံ၊ ကျောင်းတိုက်တည်ရာ ဌာနကို။ နပရိစ္စဇတိ၊ မစွန့်ခွာ။ ဣတိ၊ ဤကား။ အတ္ထော၊ ဆိုလိုရင်းအနက်တည်း။
ဝိသိဋ္ဌာ၊ မတူထူးခြားသော။ မတ္တာ၊ အတိုင်းအတာတည်း။ ဝိမတ္တာ၊ မတူထူးခြားသော အတိုင်းအတာ။ ဝိမတ္တာဝ၊ ဝိမတ္တာသည်ပင်။ ဝေမတ္တံ၊ ဝေမတ္တမည်၏။ ဝိသဒိသတာ၊ မတူသည်အဖြစ်တည်း။ ဣတိ အတ္ထော၊ ဤကားအနက်တည်း။
အာရောဟော၊ ရှည်သည် အဖြစ်သည်။ ပမာဏံ၊ ပမာဏမည်၏။
ပဓာနံ၊ ပဓာနဟူသည်။ ဒုက္ကရကိရိယာ၊ ခက်ခဲစွာ ပြုကျင့်အပ်သော ကမ္မဋ္ဌာန်းအားထုတ်မှုပြုကျင့်တော်မူခြင်းတည်း။
ရသ္မီတိ၊ ရသ္မီဟူသည်။ သရီရပ္ပဘာ၊ ကိုယ်တော်၏ ရောင်ခြည်တည်း။
သတ္တာနံ၊ လူသတ္တဝါတို့၏။ ပါကတိကဟတ္ထေန၊ ပကတိရိုးရိုးလက် အတောင်အားဖြင့်။ မဇ္ဈိမပုရိသော၊ အလယ်အလတ် (ပုံမှန်) လူယောက်ျားသည်။ ဆဟတ္ထော၊ ခြောက်တောင်ရှိ၏။ တတော၊ ထိုမဇ္ဈိမပုရိသထက်။ တိဂုဏံ၊ သုံးဆတက် (၁၈)တောင် ပမာဏသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သရီရပ္ပမာဏံ၊ ကိုယ်တော်အရပ်ပမာဏတည်း။ ဣတိ၊ ဤသို့သော အတိုင်းအတာအားဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဋ္ဌာရသဟတ္ထောအဋ္ဌာရသဟတ္ထော ။ ။ မြတ်စွာဘုရား၏ အရပ်တော်နှင့် စပ်၍ ဋီကာ၌ ပြထားသည့် အတိုင်း နှစ်ဝါဒရှိကြောင်း သိရ၏၊ ဗုဒ္ဓဝံသပါဠိတော်၌ “အရပ်တော် ၁၆-တောင်”ဟု ပါရှိကြောင်း မိန့်တော်မူကြသော်လည်း “ဗျာမပ္ပဘာ သဒါ မယံ သောဠသဟတ္ထမုဂ္ဂတာ”ဟူသော ဗုဒ္ဓဝံသပါဠိတော်ကို တိုက်ရိုက် မြန်မာပြန်လျှင်ကား “ငါ၏ ဗျာမပ္ပဘာခေါ် ရောင်ခြည်တော်သည် တစ်ဆယ့်ခြောက်တောင်တိုင်အောင် မြင့်တက်၏”ဟု ဆိုလိုပါ၏၊ အဋ္ဌာရသဟတ္ထ-၌ ဟတ္ထသဒ္ဒါ၏ အနက်ကို “တောင်”ဟု မယူဘဲ “မိုက်”ဟု ယူကာ (၁၈)မိုက် (၆-တောင်)ဟု ယူဆကြသော သီဟိုဠ်ကျွန်း နှောင်းခေတ် မထေရ်တို့၏ ဝါဒကိုလည်း ရတနာ့ဂုဏ်ရည် ကျမ်း၌ အမရပုရ၊ ဘာသာဋီကာ ဆရာတော်ကြီး ပြထား၏။
တဖန် ဟတ္ထသဒ္ဒါ၏ လက်ဟူသော အထင်ရှားဆုံး အနက်ကို ယူရမည်ဟူသော နောက်ဆုံးဝါဒရှိသေး၏၊ လက်ဟု ဆိုရာ၌လည်း ဤနေရာ၌ အသင့်လျော်ဆုံးဖြစ်သော “ဖြန့်ထားသော လက်ဖဝါးပြင်”ကိုသာ ဆိုလို၏၊ ထိုလက်ဖဝါးပြင်မှာ လေးလက်မရှိ၍ အဋ္ဌာရသဟတ္ထ (တစ်ဆယ့်ရှစ်လက်) ၌ လက်မပေါင်း (၁၈x၄) ၇၂-လက်မရှိ၏၊ ၎င်းကို ပေဖွဲ့လျှင် (၇၂×၁၂) ၆-ပေရှိသောကြောင့် ကိုယ်လုံး ကိုယ်ထည် ခံ့ညားပြီ၊ အရပ်တော် ၆-ပေရှိ၍ ဝါဝင်းသော အသားအရေတော်ရှိသော မြတ်စွာဘုရားကို အလွန်သပ္ပါယ်စွာ ဖူးမြင်နိုင်ပါသည်၊ ဘုရားမပွင့်မီ ရှေးနှစ်ပေါင်းများစွာက ဆေးစိမ်ထား၍ နဂိုမူလအတိုင်း မပျက်မစီးရှိနေသော လူသားရုပ်အလောင်းများသည် ယခုခေတ်လူများနှင့် အရွယ်အစား အရပ်အမောင်း ဘာမျှထူခြားမှုမရှိသည်ကို မြောက်မြားစွာ တွေ့ရကြပြီးဖြစ်ရကား ဂေါတမမြတ်စွာဘုရားသည် ယခုလူ သားများထက် ထူးထူးခြားခြား အရပ်မမြင့် ဟု ယူဆကြပေပြီ၊ ထို့ကြောင့် ထိုအတိုင်းအတာအတိုင်း မြတ်စွာဘုရား အရပ်တော် ၆-ပေ ဟူသော ဝါဒသည် အသင့်လျော်ဆုံးဖြစ်သည် ယူဆပါ၏။
၊ တဆယ့်ရှစ်တောင် အရပ်တော်ရှိ၏။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆရာတို့ဆိုကုန်၏။
အပရေ ပန၊ အခြားဆရာတို့သည်ကား။ “မနုဿာနံ၊ လူတို့၏။ ပါကတိကဟတ္ထေန၊ ဖြင့်။ မဇ္ဈိမပုရိသော၊ သည်။ စတုဟတ္ထော၊ လေးတောင်ရှိ၏။ တတော၊ ထိုလေးတောင်ရှိသော မဇ္ဈိမပုရိသထက်။ တိဂုဏံ၊ သုံးဆတက် (၁၂) တောင်ပမာဏသည်။ ဘဂဝတော၊ ၏၊။ သရီရပ္ပမာဏံ၊ တည်း။ ဣတိ၊ ဖြင့်။ ဘဂဝါ၊ သည်။ ဥပါဒိန္နက ရူပဓမ္မဝသေန၊ ပင်ကို အရှိ ဥပါဒိန္နကရုပ် ခန္ဓာ၏ ပုံမှန်သဘော အနေအားဖြင့်။ (ခန္ဓာကိုယ်တော်မှ အပြင်ပြန်ထွက်သွားသော ဥတုဇရောင်ခြည်တော် မပါဘဲ ပင်ကိုအရှိခန္ဓာကိုယ်တော် အနေအားဖြင့်) ဒွါဒသဟတ္ထော၊ တစ်ဆယ်နှစ်တောင်ရှိ၏။ ပန၊ တစ်ဆယ်ရှစ်တောင်ဖြစ်ရခြင်း၏ အကြောင်းကား။ သမန္တတော၊ ကိုယ်တော်၏ ပတ်ဝန်းကျင်၌။ ဗျာမမတ္တံ၊ တလံ အတိုင်းအရှည် ရှိသော အရပ်တိုင်အောင်။ ဗျာမပ္ပဘာ၊ ဗျာမပဘာမည်သော ရောင်ခြည်တော်သည်။ (တလံမျှလောက် အမြဲထွန်းတောက်သော အရောင်တော်၏ အဖြစ်ကြောင့် ဗျာမပ္ပဘာမည်သော ရောင်ခြည်တော်သည်) ဖရတိ၊ ဖြန့်လွှမ်း၏။ ဣတိ၊ ထို့ကြောင့်။ ဥပရိ၊ အထက်၌။ ဆဟတ္ထံ၊ ခြောက်တောင်တိုင်အောင်။ အဗ္ဘုဂ္ဂတော၊ မြင့်တက်တော်မူသည်။ (ဟုတွာ၊ ဖြစ်၍။) ဗဟလတရပ္ပဘာရူပေန၊ ပို၍ ကျယ်ပြန့်သော အဆင်းရောင်တော်နှင့်။ သဒ္ဓိံ၊ အတူတကွ။ အဋ္ဌာရသဟတ္ထော၊ တဆယ်ရှစ်တောင် ရှိသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့။ ဘဏန္တိ၊ ဆိုကြကုန်၏။
အဒ္ဓနိယန္တိ၊ ကား။ ဒီဃကာလံ၊ ရှည်သော ကာလရှိသည်။ (ဟောတိ)
အဇ္ဈာ သယပဋိဗဒ္ဓန္တိ၊ ကား။ ဗောဓိသမ္ဘာရသမ္ဘရဏကာလေ၊ သဗ္ဗညုဗောဓိဉာဏ်၏ အကြောင်း အဆောက်အဦးဖြစ်သော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူရာ အခါ၌။ တထာ၊ ထိုရောင်ခြည်တော်ကို အကျယ်အပြန့်ပမာဏအားဖြင့် အလိုရှိသလို ဖြန့်နိုင်ခြင်း၏ အကြောင်း အနေအားဖြင့်။ ပဝတ္တဇ္ဈာသယာဓီနံ၊ ဖြစ်သော အလိုတော်နှင့်ဆက်စပ်၏။ (တံ ရသ္မိပမာဏံ၊ ထိုရောင်ခြည်တော်၏ အကျယ်အပြန့်အတိုင်းအတာသည်။) တထာ၊ အားဖြင့်။ ပဝတ္တပတ္ထနာနုရူပံ၊ ဖြစ်သော ဆုတောင်းတော်မူခြင်းအားလျော်စွာ။ ဝိပုလံစ၊ ကျယ်ပြန့်သည်လည်းကောင်း။ ဝိပုလတရဉ္စ၊ သာ၍ ကျယ်ပြန့်သည် လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤကား။ အတ္ထော၊ ဆိုလိုရင်း အနက်တည်း။
သွာယံ အတ္ထော၊ ထိုဆိုလိုရင်း အနက်ကို။ စရိယာပိဋကဝဏ္ဏနာယံ၊ စရိယာပိဋက ပါဠိတော်၏ အဖွင့်အဋ္ဌကထာ၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
စ၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤဝေမတ္တတာကို ပြဆိုရာ အခန်း၌။ ယသ္မာ၊ အကြင့်ကြောင့်။ သရီရပ္ပမာဏံ၊ ကိုယ်တော်၏ အရပ်တော် ပမာဏသည် လည်းကောင်း။ ပဓာနံ၊ ဒုက္ကရ စရိယာ အကျင့်ကို အားထုတ်တော်မူခြင်းသည် လည်းကောင်း။ သရီရပ္ပဘာစ၊ ကိုယ်တော်၏ ရောင်ခြည်တော် ကွန့်မြူးရာ ဌာနပမာဏသည် လည်းကောင်း။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရား ရှင်တို့၏။ ဝိသဒိသာ၊ မတူ ထူးခြားသော အကြောင်းအရာတို့သည်။ (ဟောန္တိ၊ ဖြစ်ကုန်၏။) ဣတိ၊ ဤအကြောင်း အရာတို့သည်။ ဣဓ၊ ဤမဟာပဒါနသုတ်၌။ ပါဠိယံ၊ ပုဗ္ဗေနိဝါသပဋိသံယုတ္တ ကထာပါဠိတော်၌။ အနာဂတာ၊ မလာကုန် (မပါရှိကုန်)။ တသ္မာ၊ ထို့ကြောင့်။ တေဟိ၊ ထိုသရီရပ္ပမာဏစသော ဝေမတ္တတာတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ဝေမတ္တတာ သာမညေန၊ မတူထူးခြားသော အကြောင်းအရာ အဖြစ်အားဖြင့် တူသည် အဖြစ်ကြောင့်။ အာယုကုလာနိပိ၊ အာယုဝေမတ္တ, ကုလဝေမတ္တတို့ကိုလည်း။ ဣဓ၊ ဤဝေမတ္တတာကို ပြဆိုရာ ပါဠိတော် အခန်း၌။ အာဟရိတွာ၊ ဆောင်ယူ၍။ (အာစရိယေန) ဒီပိတာနိ၊ ပြဆိုအပ်ပြီးကုန်ပြီ။
ပဋိဝိဒ္ဓဂုဏေသူတိ၊ ကား။ အဓိဂတသဗ္ဗညုဂုဏေသု၊ ရတော်မူအပ်ပြီးသော သဗ္ဗညု မြတ်စွာဘုရား ဂုဏ်တော်တို့၌။ (ဝေမတ္တံ၊ မတူထူးခြားသော အတိုင်းအတာသည်။ ဝါ၊ မတူကွဲပြား၊ ခြားနားမှုသည်။ နတ္ထိ၊ မရှိ။)
စ၊ စောဒနာဘွယ်ကား။ ဗောဓိသမ္ဘာရေသုစ၊ သဗ္ဗညုတာဉာဏ်ဟူသော ဗောဓိ၏ အကြောင်း အဆောက်အဦ ဖြစ်သော ပါရမီ ကုသိုလ်တို့၌လည်းကောင်း။ ဝေနေယျ ပုဂ္ဂလပရိမာဏေစ၊ ဆုံးမထိုက် (ကျွတ်ထိုက်သော) ပုဂ္ဂိုလ်တို့၏ အရေအတွက် အတိုင်းအတာ၌လည်းကောင်း။ ဝေမတ္တံ၊ သည်။ နတ္ထိနနု၊ မရှိသည်ပင် မဟုတ်ပါလော။ (အထ၊ ထိုသို့ မရှိလသော်။ ကသ္မာ၊ အဘယ်ကြောင့်။ တေသု၊ ထိုဗောဓိသမ္ဘာရနှင့် ဝေနေယျပုဂ္ဂလ ပရိမာဏတို့၌။ ဝေမတ္တံ၊ ကို။ အာစရိယေန၊ သည်။ နဥဒ္ဓတံ၊ မထုတ်ပြအပ်ပါသနည်း။) ဣတိ၊ ဤကားစောဒနာတည်း။ (တံ ဝစနံ၊ ယင်းနှစ်မျိုးတို့၌ ဝေမတ္တမရှိဟု ဆိုအပ်သော ထိုစကားသည်။)
သစ္စံ၊ မှန်ပေ၏။ (ဝေမတ္တံ၊ ယင်းနှစ်မျိုးတို့၌ မတူကွဲပြားခြားနားမှုသည်။) နတ္ထိ၊ မရှိပါပေ။ ပန၊ သို့ပါသော်လည်း။ တဒုဘယံ၊ ထိုနှစ်မျိုးစုံသော ဝေမတ္တသည်။ ဗုဒ္ဓဂုဏဂ္ဂဟဏေန၊ သဗ္ဗညုမြတ်စွာဘုရား ဂုဏ်တော်တို့ကိုယူခြင်းဖြင့်။ ဂဟိတမေဝ၊ ယူအပ်ပြီးသည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ ထို့ကြောင့်။ (တဒုဘယံ၊ ကို။ အာစရိယေန၊ သည်။) နဥဒ္ဓတံ၊ ပါဠိမုတ္တကအဖြစ်ဖြင့် ထုတ်မပြအပ်ပေသတည်း။
ဟိ၊ ချဲ့ဦးအံ့။ ယဒဂ္ဂေန၊ အကြင်အပိုင်း အခြားဖြင့်။ သဗ္ဗဗုဒ္ဓါနံ၊ အားလုံးသော မြတ်စွာဘုရားတို့၏။ ဗုဒ္ဓဂုဏေသု၊ မြတ်စွာ ဘုရားဂုဏ်တော်တို့၌။ ဝေမတ္တံ၊ သည်။ နတ္ထိ၊ မရှိ။ တဒဂ္ဂေန၊ ထိုအပိုင်းအခြားဖြင့်။ (ထိုဗုဒ္ဓဂုဏ်တော်တို့၌ ထူးခြားမှုမရှိ, ထပ်တူညီမျှဖြစ်စေသော အပိုင်းအခြား အကန့်အသတ်ဖြင့်) နေသံ၊ ထိုအားလုံးသော မြတ်စွာဘုရားတို့၏။ သမ္ဗောဓိ သမ္ဘာရေသုပိ၊ တို့၌လည်း။ ဝေမတ္တံ၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤကား ဖြေရှင်းချက်တည်း။
ကသ္မာ၊ အဘယ့်ကြောင့်။ (သမ္ဗောဓိ သမ္ဘာရေသုပိ၊ လည်း။ ဝေမတ္တံ၊ သည်။ နတ္ထိ၊ မရှိပါသနည်း။ ဣတိ၊ ဤကား အမေးတည်း။)
ဖလဿ၊ အကျိုးဖြစ်သော ဗုဒ္ဓဂုဏ်၏။ ဟေတုအနုရူပတာယ၊ အကြောင်းဖြစ်သော သမ္ဗောဓိသမ္ဘာရအား လျော်ညီသည် အဖြစ်ကြောင့်။ (သမ္ဗောဓိသမ္ဘာရေသုပိ ဝေမတ္တံ နတ္ထိ၊ မရှိ။ ဣတိ၊ ဤကား အဖြေတည်း။) ပန၊ ထိုမှတပါး။ (ထည့်ဆို) ဧကန္တေနေဝ၊ ဧကန်စင်စစ်အားဖြင့်သာလျှင်။ ဝေနေယျ ပုဂ္ဂလပရိမာဏေ၊ ဆုံးမထိုက် (ကျွတ်ထိုက်) သော သတ္တဝါတို့၏ အတိုင်းအတာ ပမာဏ၌။ ဝေမတ္တာဘာဝေါ၊ မတူကွဲပြားခြားနားမှု မရှိခြင်းကို။ ဝိဘာဝိတော၊ ထင်ရှားပြအပ်ပြီ။ [ဗုဒ္ဓဝံသပါဠိတော် စသည်တို့၌ “ဧကဒွိန္နံ အဘိသမယာ၊ ဂဏာနာတော အသင်္ခိယာ” စသည်ဖြင့် မဂ်ဖိုလ်တရားထူးရရှိသော ဝေနေယျပုဂ္ဂိုလ်တို့ အကန့်အသတ် မရှိများပြားလှကြောင်းကို မြတ်စွာ ဘုရားရှင်အားလုံးတို့၏ ဗုဒ္ဓဝင်တို့၌ပင် တူညီစွာ ဖေါ်ပြထား၏။ ထို့ကြောင့် ဝေနေယျပုဂ္ဂလ ပရိမာဏ၌လည်း ဝေမတ္တ မရှိပင် ဖြစ်၏ ဟူလို]။
ဟိ၊ မှန်၏။ မဟာဗောဓိသတ္တာနံ၊ မြင့်မြတ်သောဘုရား အလောင်းတော်ကြီးတို့၏။ ဟေတုအဝတ္ထာယံ၊ ဘုရားဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပါရမီဖြည့်ရာ အခိုက်ကာလ၌။ သမ္ဘတူပနိဿယိန္ဒြိယပရိပါကာ၊ ဆည်းပူးစုဆောင်းထားအပ်သော အားကြီးသော မှီရာအကြောင်းဖြစ်သော ပါရမီ ကုသိုလ်တည်းဟူသော သဒ္ဓါပညာ အစရှိသော ဣန္ဒြေတို့ရင့်ကျက်မှု ရှိကုန်သော။ ဝေနေယျပုဂ္ဂလာ၊ ဝေနေယျပုဂ္ဂိုလ်တို့သည်။ စရိမဘဝေ၊ (မြတ်စွာဘုရားပွင့်တော်မူရာ) နောက်ဆုံးဘဝ၌။ အရဟတ္တသမ္ပတ္တိယာ၊ အရဟတ္တဖိုလ်သို့ ရောက်ခြင်းအားဖြင့်။ တထာဂတဂုဏာနုဘာဝ သမ္ဗဿေန၊ မြတ်စွာဘုရား၏ ဒေသနာဉာဏ် စသော ဂုဏ်တော်တို့၏ အစွမ်းအာနုဘော်တော် တို့နှင့်တွေ့ထိခြင်းကြောင့်။ ဝိဗောဓံ၊ ပွင့်လင်းခြင်းသို့။ ဥပဂစ္ဆန္တိ၊ ရောက်ကုန်၏။ (ကာနိ ဝိယ၊ အဘယ်တို့ကဲ့သို့ နည်းဟူမူ။) ပရိပေါသိတာနိ၊ ရေ၌ ဖွံ့ထွားကြီးပွားနေကုန်သော။ ကမလဝနာနိ၊ ကြာခြုံကြာရုံတော တို့သည်။ သူရိယရသ္မိသမ္ဖဿေန၊ နေရောင်ခြည်ဖြင့် တွေ့ထိခြင်းကြောင့်။ ဝိဗောဓံ၊ ပွင့်လင်းခြင်းသို့။ ဥပဂစ္ဆန္တိဝိယ၊ ရောက်ကုန်သကဲ့သို့တည်း။ ဣတိ၊ ဤသို့။ အဋ္ဌကထာစရိယာ၊ အဋ္ဌကထာဆရာတို့သည်။ ဒီပေသုံ၊ ဖွင့်ပြကြကုန်ပြီ။
နိဓိကုမ္ဘောတိ၊ နိမိ ကုမ္ဘော- ဟူသော စကားကို။ စတ္တာရော၊ လေးလုံးကုန်သော။ မဟာနိဓယော၊ ရွှေအိုးကြီးတို့ကို။ သန္ဓာယ၊ ရည်ရွယ်၍။ (အာစရိယော) ဝဒတိ၊ မိန့်ဆို၏။
ဇာတောစာတိ (ဧတ္ထ)၊ ဇာတာစ- ဟူသော ဤပါဌ်၌။
စသဒ္ဒေန၊ စသဒ္ဒါဖြင့်။ ကတမဟာဘိနီဟာရောစ၊ ပြုအပ်ပြီးသော ဘုရားဆုပန်ဆင်မှု ရှိတော်မူသည် လည်းကောင်း။ (အဟောသိ) ဣတိ၊ ဤသို့။ အယမ္ပိ အတ္ထော၊ ဤအနက်ကိုလည်း။ သင်္ဂဟိတော၊ သွင်းယူအပ်ပြီ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
ဟိ၊ မှန်၏။ ဗုဒ္ဓဝံသေ၊ ဗုဒ္ဓဝံသပါဠိတော်၌။ “တာရာဂဏာ ။ပ။ ဘဝိဿတီတိ၊ တာရာဂဏာ ။ပ။ ဘဝိဿတိ- ဟူသော။ ဧတံ၊ ဤစကားတော်ကို။ (ဘဂဝတာ၊ မြတ်စွာ ဘုရားသည်။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
[(ဘန္တေ၊ သုမေဓရှင်ရသေ့။ ယသ္မာ၊ အကြင့်ကြောင့်။) ဂဂနမဏ္ဍလေ၊ ကောင်းကင်ပြင်ကျယ်၌။ တာရာဂဏာ၊ ကြယ်တာရာ အပေါင်းတို့ ဟူကုန်သော။ နက္ခတ္တာ၊ နက္ခတ်တို့သည်။ ဝိရောစန္တိ၊ အရောင်တဝင်းဝင်း ထွန်းလင်းတတယ် နေကုန်၏။ ဝိသာခါ၊ ဝိသာခါ နက္ခတ်သည်။ စန္ဒိမာယုတ္တာ၊ လနှင့်ပူးယှဉ်နေ၏။ (တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။) ဓူဝံ၊ မချွတ်မလွဲ။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့]
ဧတေနေဝစ၊ ဤဗုဒ္ဓဝံသ ပါဠိတော် သာဓကကြောင့်လည်း။ သဗ္ဗဗုဒ္ဓါနံ၊ အားလုံးသော ဘုရားရှင်တို့၏။ ဝိသာခါနက္ခတ္တေနေဝ၊ ဝိသာခါ နက္ခတ်ဖြင့်သာလျှင်။ မဟာဘိနီဟာရော၊ မြတ်သော ဘုရားဆုပန်ဆင်တော်မူခြင်းသည်။ ဟောတိ၊ ၏။ ဣတိစ၊ ဤသို့လည်း။ (ပေါရာဏာ၊ ရှေးဆရာတို့သည်။) ဝဒန္တိ၊ မိန့်ဆိုတော် မူကြကုန်၏။
အယံ ဂတီတိ၊ ကား။ အယံ၊ ဤသည်ကား။ (ဤသို့ စုတိမှစ၍ ပဋိသန္ဓေသို့ တက်သွားခြင်းသည်) ပဝတ္တိ၊ ဖြစ်ရိုးဖြစ်စဉ်တည်း။ ပဝတ္တနာကာရော၊ (ဘုရားမှတပါး အခြားပုဂ္ဂိုဟ်တို့ ပုဗ္ဗေနိဝါသဉာဏ်၏) ဖြစ်ပုံ (အောက်မေ့ပုံ) အစဥ်အလာ အခြင်းအရာတည်း။ အညေ၊ မြတ်စွာဘုရားမှ အခြား ပုဂ္ဂိုလ်တို့သည်။ ပုဗ္ဗေနိဝါသံ၊ ရှေးဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာ အစဉ်နှင့် အမည် အနွယ် စသည်ကို။ အနုဿရန္တာ၊ အောက်မေ့ကြကုန်လသော်။ ဣမိနာ အာကာရေန၊ (စုတိမှ စ၍ ပဋိသန္ဓေသို့ အစဉ်အတိုင်း ဖြောင့်မတ်စွာ အောက်မေ့ခြင်းဟူသော) ဤသို့သော အခြင်းအရာအားဖြင့်။ အနုဿရန္တိ၊ အောက်မေ့ကြကုန်၏။ ဣတိ၊ ဤကား။ အတ္ထော၊ အယံ ဂတိပုဒ်၏ ဆိုလိုရင်းအနက်တည်း။ ယသ္မာ၊ အကြင်ကြောင့်။ အတီတ ။ပ။ ဇာတိသင်္ခါတေ၊ ရှေးလွန်ခဲ့ပြီးသော ဘဝ, ထို့ထက် ရှေးကျသော လွန်ခဲ့ပြီးဘဝ, ထို့ထက်ပင် အလွန်အကဲ ရှေးကျသော လွန်ခဲ့ပြီး ဘဝ အစရှိသော ဘဝဟု ဆိုအပ်သော။ ပုဗ္ဗေနိဝါသေ၊ ရှေးက နေခဲ့ဖူးသော ဘဝ၌။ ဉာဏဿ၊ ပုဗ္ဗေနိဝါသဉာဏ်၏။ အဘိမုခဘာဝေန၊ ရှေ့ရှုတည့်တည့် မျက်နှာမူသည် အဖြစ်ဖြင့်။ ပဝတ္တိ၊ ဖြစ်ခြင်းတည်း။ ဣတိ၊ ဤသို့ အနက်ဖွင့်ဆိုခြင်းကို။ ကတွာ၊ ပြု၍။ စုတိတော၊ စုတိမှ။ ပဋ္ဌာယ၊ စ၍။ ယာဝ၊ အကြင်မျှလောက်။ ပဋိသန္ဓိ၊ ပဋိသန္ဓေသည်။ (အတ္ထိ၊ ရှိ၏။) တာဝ၊ ထိုပဋိသန္ဓေ တိုင်အောင်။ အနုဿရဏံ၊ အောက်မေ့ခြင်းသည်။ အာရောဟနံ၊ အထက်တက်ခြင်းမည်၏။
တသ္မာ၊ ထို့ကြောင့်(ထို့သို့ စုတိမှစ၍ ပဋိသန္ဓေတိုင်အောင် အောက်မေ့ခြင်းသည် အထက်တက်ခြင်း မည်သည် အဖြစ်ကြောင့်)။ ပဋိသန္ဓိတော၊ ပဋိသန္ဓေမှ။ ပဋ္ဌာယ၊ ၍။ ယာဝ၊ အကြင်မျှလောက်။ စုတိ၊ စုတိစိတ်သည်။ (အတ္ထိ) တာဝ၊ ထိုစုတိ စိတ်တိုင်အောင်။ အနုဿရဏံ၊ သည်။ ဩရောဟနံ၊ အောက်သို့ သက်ခြင်းတည်း။ ပုဗ္ဗေနိဝါသေ၊ ရှေး၌ နေအပ်ဖူးသောခန္ဓာ အစဉ်၌။ ပဋိမုခ ဘာဝေန၊ မျက်နှာ၏ ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့်။ ဝါ၊ နောက်ပြန်လည်သည် အဖြစ်ဖြင့်။ ဉာဏဿ၊ ပုဗ္ဗေနိဝါသဉာဏ်၏။ ပဝတ္တိ၊ ဖြစ်ခြင်းတည်း။ ဣတိ၊ ဤအနက်ကို။ (ဒဿေတုံ၊ ပြုခြင်းငှာ။) “ပစ္ဆာမုခံ ဉာဏံ ပေသေတွာ” တိ၊ ပေသေတွာဟူ၍။ (အာစရိယော) အာဟ။
စုတိ ဂန္တဗ္ဗန္တိ(ပဒဿ)၊ စုတိ ဂန္တဗ္ဗံ ဟူသော ပုဒ်၏ (အတ္တော- ၌စပ်)။ ပန၊ ပုဗ္ဗေနိဝါ သဉာဏ်၏ ဖြစ်ရိုးဖြစ်စဉ် မဟုတ်၍ ခက်ခဲသော ဖြစ်ပုံကား။ စုတိယာ၊ စုတိသို့။ ဉာဏဂတိယာ၊ ပုဗ္ဗေနိဝါသဉာဏ်၏ သွားခြင်းဖြင့်။ ယံဣဒံ ဂန္တဗ္ဗံ၊ အကြင်သွားခြင်းသည်။ (အတ္ထိ၊ ရှိ၏။) တံ ဂမနံ၊ ထိုသွားခြင်းသည်။ [ဤဂမနံ-ဟူသော အဖွင့်ကို ကြည့်၍ ဂန္တဗ္ဗံ- ၌ တဗ္ဗပစ္စည်း၏ ဘောအနက်ဟောဖြစ်ကြောင်း သိနိုင်သည်] တံဗုဇ္ဈနံ၊ ထိုသိခြင်းသည်။ (အတိဂရုကံ၊ အလွန်ဝန်လေး၏။ ဝါ၊ အလွန်ခက်ခဲ၏။) ဣတိ၊ ဤကား။
အတ္ထော၊ အနက်တည်း။ ဂရုကန္တိ၊ ကား။ ဘာရိယံ၊ ဝန်လေး၏။ ဒုက္ကရံ၊ ခက်ခဲသဖြင့် ပြုအပ်၏။
တေန၊ ထို့ကြောင့်(ထိုသို့ခက်ခဲပုံကို ပြလိုသည် အဖြစ်ကြောင့်) “အာကာသေ ။ပ။ ဝိယာ”တိ၊ ဝိယဟူ၍။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီ။
အပရမ္ပိ ကာရဏန္တိ၊ ဟူသည်ကား။ ပစ္ဆာမုခံ၊ နောက်ပြန်လှည့်၍။ ဉာဏပေသနတော၊ ပုဗ္ဗေနိဝါသဉာဏ်ကို စေလွှတ်သည် အဖြစ်ကြောင့်။ အပရံ၊ (ပဋိသန္ဓေမှ စ၍ စုတိတိုင်အောင် ဉာဏ်ကိုနောက် ပြန်လှည့်၍ အောက်မေ့ခြင်းမှ) တမျိုးတခြားသော။ ဆိန္နဝဋုမာနုဿရဏံ၊ ပြတ်ပြီးသော ကမ္မဝဋ်ရှိတော်မူကြသော ရှေးဘုရားရှင်တို့၏ ပုဗ္ဗေနိဝါသကို အောက်မေ့ခြင်းတည်း ဟူသော။ အစ္ဆရိယမ္ဘုတကာရဏံ၊ အံ့ဩဖွယ် မဖြစ်စဖူး အထူးဖြစ် သော တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူခြင်းဟူသော အကြောင်းကို။ (ဒဿေန္တော၊ ၌စပ်)။
ယတြာတိ၊ ယတြဟူသော သဒ္ဒါသည်။ ပစ္စတ္တတ္ထေ၊ ပဌမာ အနက်၌။ (ပဝတ္တော၊ ဖြစ်သော။) နိပါတော၊ နိပါတ်ပုဒ်တည်း။ နာမာတိ၊ နာမဟူသော သဒ္ဒါသည်။ အစ္ဆရိယတ္ထေ၊ အံ့ဩဖွယ်ဟူသော အနက်၌။ (ပဝတ္တော) နိပါတော၊ တည်း။ ဟိ-သဒ္ဒေါ၊ ဟိသဒ္ဒါသည်။ အနတ္ထကော၊ အနက် မရှိနိပါတ်တည်း။
တေန၊ ထိုသို့ယတြစသည်တို့က ပစ္စတ္တအနက်စသည်၌ ဖြစ်သည် အဖြစ်ကြောင့်။ “ယော နာမ တထာဂတော” တိ၊ ဂတော ဟူ၍။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီ။
ဧဝဉ္စကတွာ၊ ဤသို့ “ယောနာမ တထာဂတော” ဟု အနက်ဖွင့်ဆိုမှုပြုခြင်းကြောင့်။ ယတြာတိ၊ ယတြဟူ၍။ နိပါတဝသေန၊ နိပါတ်ပုဒ် အဖြစ်ဖြင့်။ ဝိသုံ၊ သီးခြား။ ယတြသဒ္ဒဂဟဏံ၊ ယတြသဒ္ဒါကို ယူခြင်း (ရွတ်ဆိုခြင်း) သည်။ သမတ္ထိတံ၊ (သဒ္ဒစည်းကမ်းနှင့် ညီညွတ်၍) မြဲမြံခိုင်ခံ့သည်။ ဟောတိ၊ ၏။ (ယေကိလေသာ၊ အကြင်တဏှာ မာန ဒိဋ္ဌိဟူသော ကိလေသာ သုံးမျိုးတို့သည်။)
သတ္တသန္တာနံ၊ သတ္တဝါတို့၏ ခန္ဓာအစဉ်ကို။ သံသာရေ၊ သံသရာ၌။ ပပဉ္စေန္တိ ဝိတ္ထာရေန္တိ၊ ချဲ့တွင်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ (တေ ကိလေသာ၊ ထိုကိလေသာ သုံးမျိုးတို့သည်။) ပပဉ္စာ၊ ပပဉ္စတို့မည်၏။ [အဋ္ဌကထာ အတိုင်း “ပပဉ္စာ”ဟု ဗဟုဝုစ်နှင့် ရှိမှသာ “ဝိတ္ထာရေန္တိ” ဟူသော ဗဟုဝုစ်ကိရိယာနှင့် လိုက်လျောမည်။]
ကိလေသဝဋ္ဋဿ၊ ကိလေသဝဋ်၏။ ဝါ၊ ကို။ ပပဉ္စဂ္ဂဟဏေန၊ ပပဉ္စသဒ္ဒါဖြင့်။ (ဆိန္နပပဉ္စ၊ ဟူသော ပါဠိတော်၌ ပပဉ္စသဒ္ဒါဖြင့်။) ဂဟိတတ္တာ၊ ယူအပ်ပြီးသည် အဖြစ်ကြောင့်လည်းကောင်း။ ဝိပါကဝဋ္ဋဿ၊ ဝိပါကဝဋ်၏။ ဝါ၊ ကို။ ဒုက္ခဂ္ဂဟဏေန၊ (သဗ္ဗဒုက္ခဝီတိဝတ္တေ- ၌) ဒုက္ခသဒ္ဒါဖြင့်။ ဂဟိတတ္တာ၊ ကောင်း။ ကမ္မဝဋ္ဋံ၊ (ကုသိုလ် အကုသိုလ်ကံဟူသော) ကမ္မဝဋ်ကို။ (ဝဋုမန္တိ၊ ဝဋုမဟူ၍။) ဝုစ္စတိ၊ ဆိုအပ်၏။ [ဣတိ သဒ္ဒါပိုသည်ဟု ယူဆ၏]
ပရိယာဒိန္နဝဋ္ဋေတိ၊ ကား။ သဗ္ဗသော၊ အားလုံးစုံ အကုန်အစင်။ ခေပိတဝဋ္ဋေ၊ ကုန်ခန်းစေအပ်ပြီးသော ကမ္မဝဋ်ရှိတော်မူ ကုန်သော။ (ဗုဒ္ဓေ၊ မြတ်စွာဘုရား တို့ကို။)
မဂ္ဂသီလေန ဖလသီလေနာတိ၊ မဂ္ဂသီလေန ဖလသီလေန-ဟူ၍။ ဝတွာ၊ မိန့်ဆိုပြီး၍။ တယိဒံ မဂ္ဂဖလသီလံ၊ ထိုမဂ်ဖိုလ်သီလသည်။ လောကိယသီလပုဗ္ဗကံ၊ ရှေးဦးပဌမအစက လောကီသီလရှိ၏။ (မဂ်ဖိုလ်သီလ မဖြစ်မီက လောကီသီလ ဖြစ်ခဲ့၏) စ၊ ထို့အပြင်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ လောကိယသီလမ္ပိ၊ လောကီသီလသည်လည်း။ လောကုတ္တရသီလံ ဝိယ၊ လောကုတ္တရသီလကဲ့သို့။ အနညသာဓာရဏမေဝ၊ အခြား ပုဂ္ဂိုလ်တို့၏ သီလတို့နှင့် မသက်ဆိုင် (မတူညီ) သည်သာတည်း။ ဣတိ၊ ဤအနက်ကို။ ဒဿေတုံ၊ ပြခြင်းငှာ။ လောကိယလောကုတ္တရသီလေနာတိ၊ ဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
သမာဓိပညာသုပိ၊ သမာဓိနှင့် ပညာတို့၌လည်း။ ဧသေဝနယော၊ ဤနည်းတူ အနညသာဓာရဏချည်းသာတည်း။ သမာဓိပက္ခာတိ (ဧတ္ထ)၊ သမာဓိပက္ခာ- ဟူသော ဤပုဒ်၌။ သမာဓိစ၊ သမာဓိလည်း။ သမာဓိ ပက္ခာစ၊ သမာဓိ၏ အသင်းဝင်တရားတို့လည်း။ သမာဓိပက္ခာ၊ သမာဓိနှင့် သမာဓိအသင်းဝင်တရားတို့။ ဧကဒေသ သရုပေကသေသော၊ တစိတ်တပိုင်း တူသော သုတိရှိသော တခုကြွင်းပြုထားခြင်းကို။ ဒဋ္ဌဗ္ဗော၊ မှတ်လိုက်၏။
တေန၊ ထို့ကြောင့်။ မဂ္ဂသမာဓိနာတိအာဒိစ၊ မဂ္ဂသမာဓိနာ အစရှိသည်ဟူ၍ လည်းကောင်း။ ဝိဟာရော ဂဟိတော ဝါတိစ၊ ဝိဟာရော ဂဟိတောဝ- ဟူ၍လည်းကောင်း။ (အာစရိယော) အာဟ၊ ပြီ။
သမာဓိပက္ခာနာမ၊ သမာဓိ၏ အသင်းဝင်တရားတို့ဟူသည်။ ဝီရိယ သတိအာဒယော၊ ဝီရိယ, သတိအစရှိသည်တို့တည်း။
သယန္တိ၊ ကား။ အတ္တနာ၊ ကိုယ်တိုင်။ (သမာပတ်တို့ကိုယ်တိုင်၊ ဝိက္ခမ္ဘိတေဟိ-၌စပ်)
နီဝရဏာဒီဟီတိ၊ ကား။ နီဝရဏေဟိ စေဝ၊ နီဝရဏတို့သည် လည်းကောင်း။ ဝါ၊ တို့မှ လည်းကောင်း။ တဒေကဋ္ဌေဟိ၊ ထိုနီဝရဏတို့နှင့် အတူတကွ ပယ်သတ်ထိုက်သော အကုသိုလ် အဖြစ်ဖြင့် တယောက်တည်းသော ပုဂ္ဂိုလ်၌ တည်ကုန်သော။ [ပဟာနေကဋ္ဌတည်း] ဝါ၊ ထိုနီဝရဏတို့နှင့် အတူတကွ ဖြစ်ခြင်းအားဖြင့် တခုတည်းသော စိတ္တုပ္ပါဒ်၌ တည်ကုန်သော။ [သဟဇေကဋ္ဌတည်း] ပါပဓမ္မေဟိစ၊ အကုသိုလ်တရားတို့သည် (တို့မှ) လည်းကောင်း။ ဝိတက္ကဝိစာရာ ဒီဟိစ၊ ဝိတက်ဝိစာရအစရှိသော ဈာန် အင်္ဂါတို့သည် (တို့မှ) လည်းကောင်း။ (ဝိမုတ္တတ္တာ၊ လွှတ်အပ်ကုန်ပြီးသည် အဖြစ်ကြောင့်။ ဝါ၊ ကင်းလွတ်ကုန်ပြီးသည် အဖြစ်ကြောင့်- ၌စပ်ပါ)။
ဝိမုတ္တတ္တာ ။ပ။ ဂစ္ဆန္တီတိ ဣမိနာ၊ ဂစ္ဆန္တိ-ဟူသော ဤပါဌ်ဖြင့်။ ဝိမုတ္တိသဒ္ဒဿ၊ ဝိမုတ္တိသဒ္ဒါ၏။ ကမ္မသာဓနတံ၊ ကမ္မသာဓန၏ အဖြစ်ကို။ (အာစရိယော၊ သည်။) အာဟ၊ မိန့်ဆိုပြီ။ (ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူ။) တဿ၊ ထိုဝိမုတ္တိသဒ္ဒါ၏။ အဋ္ဌသမာပတ္တိ အာဒိဝိသယတ္တာ၊ ရှစ်ပါးသော သမာပတ် အစရှိသော ဖြစ်ရာ အနက်ရှိသည် အဖြစ်ကြောင့်တည်း။ [ဝိမုတ္တိသဒ္ဒါက သမာပတ်ရှစ်ပါး အစရှိသော အနက်ကို ဟောသောကြောင့် ထိုဝိမုတ္တိပုဒ်၌ တိပစ္စည်းကို ကံအနက်ဟော- ဟု မိန့်သည်။ သို့သော် ကတ္တား ဟောလည်း ဖြစ်သင့်၏၊ ထို့ကြောင့် နီဝရဏေဟိ- စသည်တို့ကို အဝုတ္တကတ္တား အနက်နှင့် အပါဒါန် အနက်ဟု အနက်နှစ်မျိုးရေးထား၏]
စ၊ ဆက်ဦးအံ့။ ဝိမုတ္တတ္တာတိ၊ ဝိမုတ္တတ္တာ- ဟူသော ပုဒ်ကို။ ဝိက္ခမ္ဘနဝသေန၊ ကြာမြင့်စွာ ပယ်ခွာခြင်း အစွမ်းဖြင့်။ ဝိမုတ္တတ္တာ၊ လွှတ်အပ်ကုန်သည်။ (ဝါ၊ ကင်းလွတ်ကုန်သည်) အဖြစ်ကြောင့်။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသည်ဖြင့်။ ယောဇေတဗ္ဗံ၊ အနက်ယောဇနာရမည်
[နောက် “ဝိမုတ္တတ္တာ” နှစ်ပုဒ်၌လည်း “တဒင်္ဂဝသေန ဝိမုတ္တတ္တာ, သမုစ္ဆေဒဝသေန ဝိမုတ္တတ္တာ” ဟူ၍ ဖြည့်စွက် အနက်ယောဇနာ ရမည်ဟု ဋီကာ ဆိုလို၏] တဿ တဿာတိ၊ ကား။ အနိစ္စာနုပဿနာဒိကဿ၊ အနိစ္စာနုပဿနာ အစရှိသော တရား၏။
ပစ္စနိကင်္ဂ ဝသေနာတိ၊ ကား။ ပဟာတဗ္ဗပဋိပက္ခအင်္ဂဝသေန၊ ပယ်ထိုက်သော ဆန့်ကျင်ဘက် အင်္ဂါအစိတ်အပိုင်းအဖြစ်ဖြင့်။ (ပရိစ္စတ္တာဟိ၊ ၌စပ်)။
ပဋိပ္ပဿဒ္ဓန္တေ ဥပ္ပန္နတ္တာတိ၊ ကား။ ကိလေသာနံ၊ ကိလေသာတို့၏။ ပဋိပ္ပဿမ္ဘနံ၊ ငြိမ်းအေးခြင်းတည်း။ ပဋိပ္ပဿဒ္ဓံ၊ ကိလေသာတို့၏ ငြိမ်းအေးခြင်း။ သော ဧဝ၊ ထိုကိလေသာတို့၏ ငြိမ်းအေးခြင်းသည်ပင်လျှင်။ ပရိယေသာနဘာဝတော၊ မဂ်၏ အဆုံး၏ အဖြစ်ကြောင့်။ အန္တော၊ အဆုံးတည်း။ တသ္မိံ၊ ထိုကိလေသာတို့၏ ငြိမ်းအေးခြင်းကို။ သာဓေတဗ္ဗေ၊ မဂ်က ပြီးစေထိုက်လသော်။ ဝါ၊ မဂ်ကပြီးစေထိုက်ရာ အခါ၌။ (စတုန္နံသာမညဖလာနံ၊ လေးပါးကုန်သော သာမညဖိုလ်တို့၏။) ဥပ္ပန္နတ္တာ၊ ဖြစ်ကုန်သည် အဖြစ်ကြောင့်။ တံတံမဂ္ဂဝဇ္ဈကိလေသာနံ၊ ထိုထိုမဂ်သည် ပယ်သတ်ထိုက်သော ကိလေသာတို့၏။ ပဋိပ္ပဿမ္ဘနဝသေန၊ ငြိမ်းအေးခြင်း၏ အစွမ်းဖြင့်။ ပဝတ္တတ္တာ၊ ဖြစ်သည် အဖြစ်ကြောင့်။ ဣတိ၊ ဤကား။ အတ္ထော၊ အနက်တည်း။
ကိလေသေဟိ၊ ကိလေသာတို့မှ။ နိဿဋတာစ၊ ထွက်မြောက်သည် အဖြစ်သည်လည်းကောင်း။ အပဂမောစ၊ ကင်းကွာခြင်းသည်လည်းကောင်း။ နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။ တေဟိ၊ ထိုကိလေသာတို့မှ။ ဝိဝိတ္တတ္တာဧဝ၊ ကင်းဆိတ်သည် အဖြစ်ကြောင့်သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ ဤအနက်ကို။ (ဒဿေတုံ၊ ပြခြင်းငှာ။) ဒူရေ ဌိတတ္တာတိ၊ ဒူရေ ဌိတတ္တာဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဓမ္မဓာတူတိ၊ ဓမ္မဓာတုဟူသည်။ ဓမ္မာနံ၊ ပရမတ္ထတရားတို့၏။ သဘာဝေါ၊ သဘောတည်း။ အတ္ထတော၊ သရုပ်တရား ကိုယ်အနက်အားဖြင့်။ စတ္တာရိ၊ လေးပါး ကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့တည်း။
သုပ္ပဋိဝိဒ္ဓါတိ၊ ကား။ (တထာဂတေန၊ မြတ်စွာဘုရားသည်။) သဝါသနာနံ၊ ဝါသနာ အထုံ အငွေ့ နှင့် တကွဖြစ်ကုန်သော။ သဗ္ဗေသံ၊ အားလုံးကုန်သော။ ကိလေသာနံ၊ ကိလေသာတို့၏။ ဝါ၊ တို့ကို။ ပဇဟနတော၊ ပယ်စွန့်တော်မူအပ်ပြီးသည် အဖြစ်ကြောင့်။ (ဓမ္မဓာတု၊ သစ္စာလေးရပ် ဓမ္မဓာတ်ကို။) သုဋ္ဌု၊ ကောင်းစွာ။ ပဋိဝိဒ္ဓါ၊ ထိုးထွင်းသိတော်မူအပ်ပြီ။
ဟိ၊ ယင်းသို့ ကောင်းစွာ ထိုထွင်းသိတော်ခြင်း၏ အကျိုးကား။ ဧဝံ၊ ဤသို့သစ္စာလေးရပ် ဓမ္မဓာတ်ကို ကောင်းစွာ ထိုးတွင်းသိတော်မူပြီးသည် အဖြစ်ကြောင့်။ သဗ္ဗညုတာ၊ သဗ္ဗညုတာဉာဏ်တော် လည်းကောင်း။ (အားလုံးစုံသော တရားတို့ကို သိတော်မူသော မြတ်စွာဘုရားဖြစ်ကြောင်း ဉာဏ်တော်လည်းကောင်း) ဒသဗလဉာဏာဒယောစ၊ ဒသဗလဉာဏ် အစရှိသည် တို့လည်းကောင်း။ ဣတိ၊ ဤမည်ကုန်သော။ သဗ္ဗေ၊ အားလုံးကုန်သော။ ဗုဒ္ဓဂုဏာ၊ မြတ်စွာဘုရား ဂုဏ်တော်တို့သည်။ ဝါ၊ တို့ကို ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အဓိဂတာ၊ ရအပ်ပြီးကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
အရဟတ္တံ၊ အရဟတ္တဖိုလ်သည်။ ဓမ္မဓာတု၊ ဓမ္မဓာတ်မည်၏။ ဣတိ၊ ဤသို့။ ကေစိ၊ အချို့ ဆရာတို့သည်။ (ဝဒန္တိ၊ မိန့်ဆိုကုန်၏။)
သဗ္ဗညုတညာဏံ၊ သဗ္ဗညုတဉာဏ်သည်။ (ဓမ္မဓာတု၊ ၏။) ဣတိ၊ သို့။ အပရေ၊ အခြားဆရာတို့သည်။(ဝဒန္တိ)။
ဒွီဟိ ပဒေဟီတိ၊ ကား။ ဒီဟိ၊ နှစ်ခုကုန်သော။ ဝါကျေဟိ၊ ဝါကျတို့နှင့်။ (အာဗဒ္ဓံ၊ ဆက်စပ်နေ၏။)
အာဗဒ္ဓန္တိ၊ ကား။ (ဣဒံ သုတ္တံ၊ ဤမဟာပဒါနသုတ်သည်။) ဥပရိဒေသနာယ၊ အထက်ဖြစ်သော ဒေသနာတော်၏။ တံမူလကတ္တာ၊ ထိုနှစ်ခုသော ဝါကျဟူသော မူရင်းအကြောင်းရှိသည် အဖြစ်ကြောင့်။ ပဋိဗဒ္ဓံ၊ ဆက်စပ်၏။
ဒေဝစာရိက ကောလာဟလန္တိ၊ ကား။ အတ္တနော၊ ကိုယ်တော်၏။ ဒေဝလောကေ၊ သုဒ္ဓါဝါသဗြဟ္မာ့ ပြည်၌။ စာရိကာယံ၊ ကြွချီလှည့်လည်တော်မူရာ အခါ၌။ သုဒ္ဓါဝါသ ဗြဟ္မာနံ၊ သုဒ္ဓါဝါသဘုံသား ဗြဟ္မာတို့၏။ ကုတူဟလပ္ပဝတ္တိံ၊ အုတ်အုတ်ကျက်ကျက် အသံ၏ ဖြစ်ခြင်းကို။ ဒဿေန္တော၊ ပြတော်မူလျက်။ သုတ္တန္တပရိယောသာနေ၊ မဟာပဒါနသုတ် အဆုံး၌။ ဝိစာရေဿတိ၊ စိစစ်လတ္တံ့။ အတ္ထတော၊ အနက်အားဖြင့်။ ဝိဘာဝေဿတိ၊ ထင်ရှားဖြစ်စေလတ္တံ့။ ဣတိ၊ ဤကား။ ယောဇနာ၊ ဝိစာရေဿတိပုဒ်ကို ဝိဘာဝနာ အနက်နှင့် ယှဥ်စပ်ခြင်းတည်း။
အယံ ဒေသနာတိ၊ အယံ ဒေသနာ-ဟူသော ပါဠ်ဖြင့်။ ဣတော သော ဘိက္ခဝေတိ အာဒိနာ၊ ဘိက္ခဝေ အစရှိသည်ဖြင့်။ ဝိတ္ထာရတော၊ အကျယ်ချဲ့သော အားဖြင့်။ ပဝတ္တိတဒေသနံ၊ ဖြစ်စေအပ်သော ဒေသနာတော်ကို။ (အာစရိယော) အာဟ၊ ပြီ။
နိဒါနကဏ္ဍေတိ၊ နိဒါနကဏ္ဍေဟူသော ပါဠ်ဖြင့်။ အာဒိတော၊ ဤသုတ်အစပိုင်း၌။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဥဒ္ဒေသဒေသနံ၊ အကျဉ်းဟောပြအပ်သော ဒေသနာကို။ (အာစရိယော) အာဟ၊ ပြီ။
ဟိ၊ မှန်၏။ သာ၊ ထိုဥဒ္ဒသဒေသနာသည်။ ဣမိဿာ ဒေသနာယ၊ ဤမဟာပဒါနသုတ် ဒေသနာတော်၏။ နိဒါနဋ္ဌာနိယတ္တာ၊ နိဒါန်းအရာ၌ တည်သည် အဖြစ်ကြောင့်။ တထာ၊ ထိုနိဒါနကဏ္ဍေ- ဟူ၍။ (အာစရိယေန) ဝုတ္တာ၊ ပြီ။