Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Nidānavaṇṇanā

Author: နိဿယ @ IAPT

ဇနပဒိနောတိ၊ ဇနပဒိနောဟူသည်ကား။ ဇနပဒဝန္တော၊ (တိုင်းပြည်ဟူသော) ဇနပုဒ်ရှိကုန်သော။ ရာဇကုမာရာ၊ မင်းသားတို့သည်။ ဝါ၊ တနည်းကား။ ဇနပဒဿ၊ ဇနပုဒ်၏။ ဝါ၊ တိုင်းပြည်ဟူသော ဇနပုဒ်သား လူအပေါင်း၏။ ဣဿရသာမိနော၊ စိုးမိုးအုပ်ချုပ်သော အရှင်သခင်ဖြစ်ကုန်သော။ ရာဇကုမာရာ၊ မင်းသားတို့သည်။ ဂေါတ္တဝသေန၊ အနွယ်အနေအားဖြင့်။ ကုရူ နာမ၊ ကုရုတို့မည်၏။
တေသံ၊ ထိုကုရု မည်သော မင်းသားတို့၏။ နိဝါသော၊ နေရာဒေသသည်။ ဧကော၊ တစ်ခုတည်းသော။ ဇနပဒေါ၊ ဇနပုဒ်သည်။ ယဒိ ဟောတိ၊ အကယ်၍ဖြစ်အံ့။ (ဧဝံသတိ၊ ဤသို့ဖြစ်လသော်။) ကထံ၊ အဘယ်ပုံ အဘယ်နည်းဖြင့်။ ဗဟုဝစနံ၊ ဗဟုဝုစ်သည်။ ဟောတိ၊ ဖြစ်ပါသနည်း။ ဣတိ၊ ဤသို့ စောဒနာဖွယ်ရှိသည် အဖြစ်ကြောင့်။ ရုဠှိသဒ္ဒေနာရုဠှီသဒ္ဒေန ။ ။ ကုရူသု-ဟူ၍ ဗဟုဝုစ်ထားရခြင်းနှင့် စပ်၍ မောဂ္ဂလ္လာန်နိသျ (ဒု) ၄- ဏာဒိကဏ္ဍ- ၁၉- သုတ်၊ (နှာ-၅၈)၌ သက္ကတသဒ္ဒါကျမ်းသာဓကများနှင့်တကွ အကျယ်တဝင့် ပြထားသော အဆိုအမိန့်များကို ကျယ်ပြန့်သွားစေရန် အကျဉ်းချုပ်မျှ ထည့်သွင်းပြဆိုဦးအံ့၊ “ကုရူသု ဝိဟရတိ” ၌ ကုရုဇနပုဒ် (ကုရုတိုင်းပြည်)သည် တစ်ခုတည်းသာဖြစ်သောကြောင့် “ကုရုသ္မိံ” ဟု ဧကဝုစ်ဖြင့် ဆိုသင့်လျက် မဆိုဘဲ “ကုရူသု”ဟု ဗဟုဝုစ်ဖြင့် ဆိုခြင်းသည် ကုရု မည်သော ဇနပုဒ်ကို ပိုင်ဆိုင်သော ကုရုမည်သော မင်းသားများစွာတို့၏ နေရာဌာနဖြစ်သည်ကို အစွဲပြု၍ ဆိုအပ်သော ရုဠှီသဒ္ဒါဖြစ်သောကြောင့်ဟု အဋ္ဌကထာမိန့်ဆို၏၊ ဌာနီဖြစ်သော ကုရုအမည်ရှိသော မင်းသားတို့၏ ဗဟုဝုစ် “ကုရူ”ဟူသော နာမည်ကို ဌာနဖြစ်သော ဇနပုဒ် တစ်ခုတည်း၌ တင်စားမှည့်ခေါ်အပ်သော ဌာနျူပစာရ (တဝမ်းပူဖြင့်) အတင်ရုဠှီတည်း၊ “အင်္ဂေသု ဝိဟရတိ- မလ္လေသု ဝိဟရတိ”တို့၌လည်း ဤနည်းတူပင်တည်း။ ။
ထို့ပြင် “ဝရဏာ နဂရံ- ဂေါဒါ ဂါမော”တို့၌ ရေခံတက်ပင်များစွာ ပေါက်ရောက်ရာ ရေခံတက်ပင်တောသည်၊ “ဝရဏာ”ဟု ပုလ္လိင်ဗဟုဝုစ် နာမည်တွင်ရာမှ တဖန် ထိုတောအနီးရှိ မြို့တစ်မြို့တည်းကိုလည်း “ဝရဏာ”ဟုပင် ပုလ္လိင် ဗဟုဝုစ်ဖြင့် ခေါ်ဆိုခြင်း (နဂရကို ငဲ့၍ “ဝရဏံ နဂရံ”ဟု နပုလ္လိင်ဧကဝုစ်ဖြင့် မခေါ်ဆိုခြင်း) ဂေါဒါဝရီမြစ်သည်၊ ဣတ္ထိလိင်အာကာရန္တဖြင့် “ဂေါဒါ”ဟု နာမည်တွင်ရာမှ တဖန် ထိုမြစ်အနီးရှိ ရွာတရွာကို အာကာရန္တဣတ္ထိလိင်ဖြင့် “ဂေါဒါ”ဟုပင်ခေါ်ဆိုခြင်း (ဂါမောကိုငဲ့ကာ “ဂေါဒေါ ဂါမော”ဟု ပုလ္လိင်ဩကာရန္တဖြင့် မခေါ်ဆိုခြင်း) သည်လည်း အဋ္ဌကထာအလို ရုဠှီသဒ္ဒါဖြစ်သောကြောင့်ပင်တည်း၊ ပါဏိနိသဒ္ဒါကျမ်း၌မူ နာမည်အနက်ဟောသညာသဒ္ဒါဖြစ်သောကြောင့်ဟု အကြောင်းပြ၏။ မင်းသားများစွာတို့ကို ကုရူဟု ဗဟုဝုစ်နာမည်ဖြင့် ခေါ်ဆိုခဲ့ရာမှ တဖန် ဇနပုဒ် တစ်ခုတည်းကိုလည်း ဗဟုဝုစ်ဖြင့်ပင် “ကုရူ”ဟု ဆက်လက်ခေါ်ဆိုအပ်သော သညာသဒ္ဒါဖြစ်သောကြောင့်ဟု ဆိုလို၏။ အဋ္ဌကထာနှင့် အတူတူပင်တည်း၊
ပါဏိနိသဒ္ဒါကျမ်းထက် ရှေးကျသော သဒ္ဒါကျမ်းဆရာ (အက္ခရစိန္တက)တို့ကမူ သညာ သဒ္ဒါ (ရုဠှီသဒ္ဒါ) ဟုမဆိုဘဲ ထို “ကုရု, ဝရဏာ, ဂေါဒါ”တို့နောင် တဒ္ဓိတ်ပစ္စည်း သက်၍ အနွတ္ထသဒ္ဒါပြုလုပ်ကြ၏။ “ကုရူနံ နိဝါသော ဇနပဒေါ, ဝရဏာနံ အဝိဒူရေ ဘဝံ နဂရံ, ဂေါဒါယ အဝိဒူရေ ဘဝေါ ဂါမော” ဟူသော အနက်၌ အဏ်ပစ္စည်းသက်၊ အနုဗန်ချေ၍ ရုပ်ပြီးသောအခါ ဇနပဒေါ, နဂရံ, ဂါမော- ဟူသော သမာနာဓိကရဏသဒ္ဒါတို့၏ အဘိဓေယျလိင်သို့ မလိုက်ဘဲ နဂိုမူလလိင်ဝုစ်အတိုင်းပင် “ကုရူသု (ဇနပဒေ)၊ ဝရဏာ (နဂရံ)၊ ဂေါဒါ (ဂါမော) ဟူ၍ ရုပ်စီရင်ကြကုန်၏၊ “ကုရူနံ နိဝါသော ဇနပဒေါ” အစရှိသည်ဖြင့် ပြခဲ့သည့် အတိုင်း ဝစနတ္ထပြု၍ ရုပ်စီရင်လျှင် အနွတ္ထသဒ္ဒါသာဖြစ်၍ ပါဏိနိသဒ္ဒါကျမ်းနှင့် အဋ္ဌကထာတို့ ပြဆိုအပ်သော သညာသဒ္ဒါ, ရုဠှီသဒ္ဒါမဖြစ်နိုင်တော့ပေ။ သို့သော် ထိုဒေသ၌ နေကြသော ကုရုတိုင်းသား, ဝရဏမြို့သား, ဂေါဒါရွာသားတို့သည် ယင်းသို့သော ရှေးသဒ္ဒါကျမ်းတို့ ရုပ်စီရင်ပုံကို ကြားဖူးသင်ဖူးကြမည်မဟုတ်သောကြောင့် ထိုဒေသနေသူ လူတို့ခေါ်ဝေါ် နေကြရိုးဖြစ်သော လောကောပစာရအတိုင်း သညာသဒ္ဒါ (ရူဠှီသဒ္ဒါ) သာဖြစ်သည်ဟူ၍ “ပါဏိနိ” အစရှိသောနောက်သဒ္ဒါကျမ်းဆရာတို့ မိန့်ဆိုကြပြီး ထိုရှေးသဒ္ဒါကျမ်းတို့၏ ဝစနတ္ထနှင့် ရုပ်စီရင်ပုံကို လက်သင့်မခံ ပယ်လှန်ကြကုန်၏။
ဤသုတ်ဋီကာဆရာစသည်တို့သည်ကား ပါဏိနိအစရှိသော နောက်သဒ္ဒါကျမ်းတို့၏ အဆိုကို မဖော်ပြဘဲ “အက္ခရစိန္တကာ ဟိ” အစရှိသည်ဖြင့် ရှေးသဒ္ဒါကျမ်းတို့၏ ရုပ်စီရင်ပုံကိုသာဖော်ပြပြီး ထိုရုပ်စီရင်ပုံကို အဋ္ဌကထာဆရာ၏ “ရုဠှီသဒ္ဒေန”ဟူသော စကားနှင့် “အယမေတ္ထ ရုဠှီ” ဟူ၍ ဆက်စပ်ပြုကြကုန်၏။ ယင်းသို့ ဆက်စပ်ခြင်းသည် အဋ္ဌကထာဆရာ၏စကားနှင့် ရှေးသဒ္ဒါကျမ်းဆရာတို့စကားသည် အတူတူဖြစ်သည်ဟု ဆိုရာရောက်၏။ သို့သော် အဋ္ဌကထာ ဆရာ၏ ရုဠှီဟူသော အဆိုနှင့် ရှေးသဒ္ဒါဆရာတို့၏ အနွတ္တဟူသော အဆိုသည် လုံးဝဆန့်ကျင်၍ မည်သည့်နည်းနှင့်မျှ ဆက်စပ်မိမည် (တူညီနိုင်မည်) မဟုတ်သည်မှာ သိသာပါ၏။ ထို့အပြင် “ယုတ္တေ ဝိယ”ဟူသော ဋီကာပါဌ်၌ “ပစ္စယတ္တေန သဟ အတ္တာနံ ယုဉ္ဇတီတိ ယုတ္တသဒ္ဒေန ပကတျတ္ထော ဝုစ္စတေ”ဟူ ယုတ္တသဒ္ဒါကို ဝစနတ္ထပြု၍ “ကုရု, ဝရဏ”ဟူသော ပကတိပုဒ်၏ ဗဟုဝုစ်အနက်, ဂေါဒါပုဒ်၏ ဣတ္ထိလိင်အနက်ကို ယုတ္တဟု ခေါ်ဆိုကြောင်း မောဂ္ဂလ္လာန် နိဿယ၌ မိန့်တော်မူ၏။
တိ၊ ရုဠှိသဒ္ဒေနဟူ၍။ (အာစရိယော၊ အဋ္ဌကထာဆရာသည်။) အာဟ၊ မိန့်ဆိုပြီ။
ဟိ၊ ချဲ့ဦးအံ့။ အက္ခရစိန္တကာ၊ အက္ခရာ ပုဒ်ပါဌ်ကို ကြံစည်သော သဒ္ဒါကျမ်းဆရာတို့သည်။ ဤဒိသေသု၊ ဤကဲ့သို့ရှုအပ်ကုန်သော။ ဌာနေသု၊ ဇနပုဒ်တိုင်းပြည် မြို့ရွာအနက်ဟောသဒ္ဒါဟူသော အရာဌာနတို့၌။ ယုတ္တေ ဝိယ၊ မူရင်း ပကတိပုဒ်၏ လိင်ဝှစ်အနက်၌ကဲ့သို့။ ဤဒိသလိင်္ဂဝစနာနိ၊ ဤကဲ့သို့ရှုအပ်သော လိင်ဝုစ်တို့ကို။ ဣစ္ဆန္တိ၊ အလိုရှိကြကုန်၏။
အယံ၊ ဤပကတိပုဒ်၏ မူရင်းလိင်ဝုစ်ရှိရခြင်းသည်။ ဧတ္ထ၊ ဤရူဠှိသဒ္ဒေန-ဟူသော အဋ္ဌကထာ စကား၌။ ရုဠှီ၊ ရုဠှီမည်၏။ အညတ္ထာပိ၊ အခြားသော ပါဠိတော်တို့၌လည်း။ အင်္ဂေသု ဝိဟရတီတိစ၊ အင်္ဂေသု ဝိဟရတိ- ဟူ၍ လည်းကောင်း။ မလ္လေသု ဝိဟရတီတိစ၊ ကောင်း။ ဝုစ္စတိ၊ ယထာ- ဟောတော်မူအပ်သကဲ့သို့တည်း။
တဗ္ဗိသေသနေ၊ ထိုကုရု, အင်္ဂစသော ဝိသေသနပုဒ်ရှိသည်။ (သမာနေပိ၊ ဖြစ်ပါသော်လည်း။) ဇနပဒသဒ္ဒေ၊ (ဝိသေသျဖြစ်သော) ဇနပဒသဒ္ဒါဟူသော။ ဇာတိသဒ္ဒေ၊ ဇာတိသဒ္ဒါ၌။ ဧကဝစနမေဝ၊ ဧကဝုစ်သာတည်း။ [ဇာတ်ကိုအနေ၊ ဟောရိုးထွေ ချလေ ဧကဝုစ်]။
အဋ္ဌကထာစရိယာ ပနာတိ (ဧတ္ထ)၊ အဋ္ဌကထာစရိယာပနဟူသော ဤပါဌ်၌။ ပနသဒ္ဒေါ၊ ပနသဒ္ဒါသည်။ ဝိသေသတ္ထဇောတနော၊ ဝိသေသအနက်ကို ထွန်း၏။ (ယခင်ဆိုအပ်ပြီးသော အနက်နှင့်မတူထူးခြားကွဲပြားသော အနက်ကို ထွန်းပြ၏။) တေန၊ ထိုပနသဒ္ဒါဖြင့်။ (ဇောတေတိ၊ ၌စပ်။) ဧတံ၊ ဤကုရူသု- ဟူသော သဒ္ဒါသည်။ ပုထုအတ္ထဝိသယတာယ ဧဝ ပုတု အတ္ထဝိသယတာယ ဧဝ။ ။ အဋ္ဌကထာဝယ်နောက်၌ “ဗဟုကေ ပန ဂါမနိဂမာဒယော ဥပါဒါယ ဗဟုဝစနေန ဝေါဟရိယတိ”ဟု ဆိုလတ္တံ့စကားအတိုင်း ယောက်ျား များစွာကို “ပုရိသာ”ဟု ဗဟုဝုစ်ဝိဘတ်ဖြင့် သုံးစွဲရိုးထုံးစံရှိသကဲ့သို့ များစွာသော ရွာနိဂုံး အနက်ဒြပ်ရှိသောကြောင့်သာလျှင် “ကုရူသု”ဟု ဗဟုဝုစ်ဝိဘတ်ဖြင့် ဆိုခြင်းဖြစ်သည်၊ ပဌမ နည်းကဲ့သို့ မင်းသားအများ၏ ဗဟုဝုစ်နာမည်ကို ဇနပုဒ်တစ်ခုတည်း၌ တင်စားသော ရုဠှီသဒ္ဒါ ဖြစ်သောကြောင့် မဟုတ်ဟူ၍ ဧဝသဒ္ဒါက ရုဠှီသဒ္ဒေန-ဟူသော အကြောင်းပြစကားကို တားမြစ်ကန့်ကွက်သည်။ {{nissaya|| (ရွာနိဂုံးအစရှိသော) များစွာသော အနက်ဒြပ်ဟူသော ဖြစ်ရာရှိသည်အဖြစ်ကြောင့်သာလျှင်။}} ပုထုဝစနံ၊ ဗဟုဝိဘတ်ရှိသည်။ (ဟောတိ၊ ဖြစ်၏။) ဣတိ၊ ဤသို့အားဖြင့် (ဤသို့ ပုထုအတ္ထဝိသယဖြစ်၍ ပုထုစနဖြစ်ခြင်းအားဖြင့်)။ ဗဟုကေ ပနာတိအာဒိနာ၊ ဗဟုကေ ပန- အစရှိသည်ဖြင့်။ ဝိက္ခမာနဝိသေသံ၊ နောက်၌ ဆိုအပ်လတ္တံ့သော အနက်ထူးခြားမှုကို။ ဇောတေတိ၊ ထွန်းပြ၏။
သုတွာတိ၊ ကား။ မန္ဓာတုမဟာရာဇဿ၊ မန္ဓာတုမည်သော စကြဝတေးမင်းမြတ်၏။ အာနုဘာဝဒဿနာနုသာရေန၊ တန်ခိုးအာနုဘော်ကို မြင်ရခြင်းကို အစဉ် လျှောက်သဖြင့်။ ပရမ္ပရာနုဂတံ၊ အစဉ်အဆက်ပြောစကားသို့ အစဉ်လိုက်သော။ ကထံ၊ စကားကို။ သုတွာ၊ ကြားရ၍။ ဝါ၊ ကြားရခြင်းကြောင့်။ (အာဂမံသု၊ လိုက်ပါလာကြကုန်ပြီ။)
အနုသံယာယန္တေနာတိ၊ ကား။ အနုဝိစရန္တေန၊ အစဉ်အတိုင်းလှည့်လည်သော။ (မန္ဓာတုစက္ကဝတ္တိနာ ရညာ၊ ဟူသော အဋ္ဌကထာ၌စပ်။)
ဧတေသံ ဌာနန္တိ၊ ဧတေသံ ဌာနံ- ဟူသော စကားဖြင့်။ ခန္ဒိမသူရိယမုခေန၊ လနေဟူသော အဦးအစဘုံဗိမာန်ကို ဖော်ပြသောအားဖြင့်။ စာတုမဟာရာဇိကဘဝနံ၊ စာတုမဟာရာဇ် နတ်ဘုံဗိမာန်ကို။ (ပရိဏာယကရတနံ၊ သားကြီးရတနာသည်။) အာဟ၊ သံတော်ဦး တင်ပြီ။
တေန၊ ထို့ကြောင့်။ အာဟ၊ အဋ္ဌကထာဖွင့်ဆိုသည်ကား။ တတ္ထ အဂမာသီတိ အာဒိ၊ တတ္တ အဂမာသိ-အစရှိသည်တည်း။
သောတိ၊ သောဟူသည်ကား။ မန္ဓာတုမဟာရာဇာ၊ မန္ဓာတုစကြာမင်းမြတ်သည်။
တန္တိ၊ တံဟူသည်ကား။ စာတုမဟာရာဇိကရဇ္ဇံ၊ စတုမဟာရာဇ်နတ်မင်း၏ အဖြစ်ကို။
ဂဟေတွာတိ၊ ကား။ သမ္ပဋိစ္ဆိတွာ၊ လက်ခံ၍။
ပုန၊ တဖန်။ ပရိဏာယကရတနံ၊ သားကြီးရတနာကို။ ပုစ္ဆိ၊ မေးပြီ။
သုဓမ္မာယ၊ သုဓမ္မာမည်သော။ ဒေဝသဘာယစ၊ နတ်သဘင်၏လည်းကောင်း။ ဝါ၊ နတ်တို့စည်းဝေးရာ ခန်းမဆောင်၏လည်းကောင်း။ ဒေဝပုရဿစ၊ နတ်မြို့တော်၏လည်းကောင်း (သုဒဿနမည်သော တာဝတိံသာ နတ်မြို့တော်၏လည်းကောင်း)။ စတူသု၊ လေးခုကုန်သော။ ဒွါရေသု၊ တံခါးတို့၌။ အာရက္ခာယ၊ အစောင့်တာဝန်ကို။ အဓိဂတတ္တာ၊ ရယူအပ်သည်အဖြစ်ကြောင့်။ ဒေါဝါရိက ဘူမိယံ၊ တံခါးစောင့်ရာထူးဘုံအဆင့်၌။ တိဋ္ဌန္တိ၊ တည်ကုန်၏။
ဒိဗ္ဗရုက္ခသဟဿပဋိမဏ္ဍိတန္တိ ဣဒံ၊ ဒိဗ္ဗရုက္ခသဟဿပဋိမဏ္ဍိကံဟူသော သဒ္ဒါကို။ စိတ္တလတာဝနန္တိအာဒီသုပိ၊ စိတ္တလတာဝနံ အစရှိသော သဒ္ဒါတို့၌လည်း။ ယောဇေတဗ္ဗံ၊ ဝိသေသနအဖြစ်ဖြင့် ယှဉ်စပ်ရမည်။
ပထဝိယံ ပတိဋ္ဌာသီတိ၊ ကား။ ဘဿိတွာ၊ သက်လျော၍။ ပထဝိယာ၊ မြေပြင်၏။ အာသန္နဋ္ဌာနေ၊ အနီးအရပ်၌။ အဋ္ဌာသိ၊ တည်ပြီ။
ဟိ၊ မှန်၏။ စက္ကရတနံ၊ စကြာရတနာသည်။ ဘူမိယံ၊ မြေပြင်၌။ နပတတိ၊ မကျရောက်။ စ၊ စင်စစ်အမှန်ကား။ တထာဌိတံ၊ ထိုမြေပြင်အနီး၌တည်ပြီးသည်။ (ဟုတွာ၊ ဖြစ်၍။) နစိရဿေဝ၊ မကြာမီသာလျှင်။ အန္တရဓာယိ၊ ကွယ်ပျောက်သွားပြီ။ (ကသ္မာ၊ အဘယ်ကြောင့်နည်း။) တေန အတ္တဘာဝေန၊ ထိုစကြဝတေးမင်း ခန္ဓာကိုယ်၏အဖြစ်ဖြင့်။ စက္ကဝတ္တိဣဿရိယဿ၊ စကြဝတေးအစိုးရဘုရင်၏ အဖြစ်ဟူသော ရာထူး၏။ အဘာဝတော၊ မရှိသည်အဖြစ်ကြောင့်တည်း။
စိရတရံ ကာလံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ဌတွာ၊ တည်ပြီး၍။ (အန္တရဓာယိ၊ ပြီ။) ဣတိ၊ ဤသို့။ အပရေ၊ အခြားသော ဆရာတို့သည်။ (ဝဒန္တိ၊ ဆိုကြကုန်၏)။
ရာဇာ၊ မန္ဓာတုမင်းသည်။ အတ္တနော၊ မိမိ၏။ အာနုဘာဝေန၊ ကိုယ်ပိုင် တန်ခိုးအစွမ်းဖြင့်။ ဧကကောဝ၊ သူတစ်ဦးတည်းသာလျှင်။ အဂမာသိ၊ (တာဝတိံသာ နတ်ပြည်သို့) သွားပြီ။
မနုဿဘာဝေါတိ၊ ကား။ မနုဿဂန္ဓသရီရနိဿန္ဒာဒိမနုဿဘာဝေါ၊ လူ့ကိုယ်အနံ့နှင့် ခန္ဓာကိုယ်၏ အကျိုးဆက်တွက်လာသော ချွေး နှပ် တံတွေးစသော လူ့အဖြစ်ဆိုးသည်။ (ဝိဂစ္ဆိ၊ ကင်းပျောက်သွားပြီ။)
ပါတုရဟောသီတိ၊ ကား။ ဒေဝလောကေ၊ နတ်ပြည်၌။ ပဝတ္တိဝိပါကဒါယိနော၊ ပဝတ္တိအကျိုးကို ပေးလေ့ ရှိသော။ အပရာပရိယာယ၊ အကျိုးပေးလှည့်ကျရာ ဘဝအဆက်ဆက်၌။ ဝေဒနီယဿ၊ ခံစားအပ်သော။ ဝါ၊ ခံစားအပ်သော အကျိုးရှိသော။ ကမ္မဿ၊ ကံ၏။ ဝါ၊ ကံက။ ကတောကာသတ္တာ၊ ပြုအပ်သော အကျိုးပေးခွင့်ရှိသည် အဖြစ်ကြောင့်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောဠသဝဿုဒ္ဒေသိကတာ မာလာအမိလာယနာဒိ၊ ၁၆-နှစ်အရွယ် ရှိ၏ဟု ညွှန်ပြလိုက်သည်၏အဖြစ်, နတ်ဖြစ်စကာလ၌ ပန်ဆင်ထားအပ်သော ပန်းမညှိုးခြင်း အစရှိသော။ ဒိဗ္ဗဘာဝေါ၊ နတ်၏အဖြစ်ထူးသည်။ ပါတုရဟောသိ၊ ထင်ရှားဖြစ်ပြီ။
တဒါ၊ ထိုမန္ဓာတုစကြာမင်းအုပ်ချုပ်ရာအခါ၌။ မနုဿာနံ၊ လူတို့၏။ အသင်္ချေယျာယုကတာယ၊ နှစ်ပေါင်းမရေမတွက်နိုင်သော ကာလကြာအောင် အသက်ရှည် ကုန်သည် အဖြစ်ကြောင့်။ (တာဝ၊ သိကြားမင်းပေါင်း သုံးကျိပ်ခြောက်ယောက် စုတေ သေလွန်သည်တိုင်အောင်။ မန္ဓာတုမဟာရာဇာ၊ သည်။) သက္ကရဇ္ဇံ၊ သိကြားမင်း အဖြစ်ကို။ ကာရေတွာ၊ ပြု၍။ ဝါ၊ နတ်အပေါင်းကို တင်မြှောက်ခိုင်း၍။
မေ၊ ငါ့အား။ ဣမိနာ ဥပဒ္ဓရဇ္ဇေန၊ ဤထက်ဝက်သောနတ်ပြည်ဘုရင်အဖြစ်ဖြင့်။ ကိံ၊ အဘယ်ပြုနိုင်အံ့နည်း။ ဣတိ၊ ဤသို့။ အတြိစ္ဆတာယ၊ အလွန်အလိုရမ္မက်ကြီးသည် အဖြစ်ကြောင့်။ (ကာမေဟိ၊ ကာမဂုဏ်အာရုံတို့ဖြင့်။) အတိတ္တောဝ၊ မရောင့်ရဲ အားမရသည်သာလျှင်။ (ဟုတွာ၊ ဖြစ်၍။ စဝိတွာ၊ စုတေ၍။)
မနုဿလောကေ၊ လူ့ပြည်၌။ ဥတုနော၊ ရာသီဥတု၏။ ကက္ခဠတာယ၊ ကြမ်းတမ်းသည်အဖြစ်ကြောင့်။ ဝါတာတပေန၊ လေနေပူသည်။ ဖုဋ္ဌဂတ္တော၊ တွေ့ထိနှိပ်စက်ခံရသော ကိုယ်ရှိသည်။ (ဟုတွာ) ကာလံ၊ ကွယ်လွန်ခြင်းကို။ အကာသိ၊ ပြုပြီ။
အဝယဝေသု၊ အစိတ်အစိတ်ဖြစ်သော အနက်တို့၌ (အစိတ်အပိုင်းဖြစ်သောရွာ နိဂုံးဟူသော အနက်တို့၌)။ သိဒ္ဓေါ၊ ပြီးသော။ ဝိသေသော၊ ထူးခြားသော အနက်သည် (ထူးခြားသော ဗဟုဝုစ်အနက်သည်)။ သမုဒါယဿ၊ အပေါင်းဖြစ်သော အနက်ကို (အပေါင်းဖြစ်သော တိုင်းဇနပုဒ်ဟူသောအနက်ကို)။ ဝိသေသကော၊ အထူးပြုသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ ဧကံ၊ တစ်ခုတည်းသော။ ရဋ္ဌမ္ပိ၊ တိုင်းကိုလည်း။ ဗဟုဝစနေန၊ ဗဟုဝုစ်ဖြင့်။ ဝေါဟရိယတိ၊ ခေါ်ဝေါ်အပ်၏။
နိရုတ္တိနယေန၊ ဝဏ္ဏဝိကာ-ရနိရုတ္တိနည်းဖြင့်။ ဒကာရေန၊ ဒ အက္ခရာဖြင့်။ အတ္ထံ၊ အနက်ကို။ ဝဏ္ဏယန္တိ၊ ဖွင့်ကုန်၏။
ကမ္မာသပါဒေါ၊ ကမ္မာသပါဒဟူသော သဒ္ဒါကို။ ဥတ္တရပဒလောပေန၊ ပါဒဟူသော နောက်ပုဒ်ကျေသောအားဖြင့်။ ကမ္မာသောတိ၊ ကမ္မာသဟူ၍ (ပြောက်ကျားသော ခြေရှိသူဟူ၍)။ ဝုစ္စတိ၊ ဆိုအပ်၏။ ရူပဘဝေါ၊ ရူပဘဝ-ဟူသော သဒ္ဒါကို။ (ဥတ္တရပဒလောပေန၊ ဘဝဟူသောနောက်ပုဒ်ကျေသောအားဖြင့်။) ရူပန္တိ၊ ရူပဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့တည်း။
ပန၊ မေးဖွယ်ကား။ သော၊ ထိုပေါရိသာဒကို။ ကထံ၊ အဘယ် အကြောင်းကြောင့်။ ကမ္မာသပါဒေါတိ၊ ကမ္မာသပါဒဟူ၍။ ဝုစ္စတိ၊ ဆိုအပ်ပါသနည်း။ ဣတိ၊ ဤသို့မေးဖွယ်ရှိသည်အဖြစ်ကြောင့်။ အာဟ၊ အဋ္ဌကထာဆရာဖွင့်ဆိုသည်ကား။ တဿ ကိရာတိအာဒိ၊ တဿ ကိရအစရှိသည်တည်း။
ဒမိတောတိဧတ္ထ၊ ဒမိတော ဟူသော ဤပါဌ်၌။ ကီဒိသံ၊ အဘယ်ကဲ့သို့ ရှုအပ်သော။ ဒမနံ၊ ဆုံးမခြင်းကို။ အဓိပ္ပေတံ၊ အလိုရှိအပ်ပါသနည်း။ ဣတိ၊ ကြောင့်။ ပေါရိသာဒ။ပ။ပဋိသေဓိတောတိ၊ တောဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဣမေ ပန ထေရာတိ၊ ဣမေ ပန ထေရာ-ဟူသော ပါဌ်ဖြင့်။ မဇ္ဈိမဘာဏကာတိ၊ မဇ္ဈိမနိကာယ်ကို ရွတ်အံသော ထေရ်တို့ဟူ၍။ ကေစိ၊ အချို့ဆရာတို့သည်။ (ဝဒန္တိ၊ ဆိုကြကုန်၏။)
အပရေပန၊ အခြားသောဆရာတို့သည်ကား။ အဋ္ဌကထာစရိယာတိ၊ အဋ္ဌကထာဆရာတို့ဟူ၍လည်းကောင်း။ ဒီဃဘာဏကာတိ၊ ဒီဃနိကာယကို ရွတ်အံသော ထေရ်တို့ဟူ၍လည်းကောင်း။ ဝဒန္တိ၊ ကုန်၏။
ဥဘယထာပိ၊ နှစ်ပါးစုံသော မဇ္ဈိမဘာဏကနှင့် အဋ္ဌကထာစရိယ- ဒီဃဘာဏက-ဟူသော အပြားအားဖြင့်လည်း။ စူဠကမ္မာသဒမ္မံ၊ စူဠကမ္မာသဒမ္မကို။ သန္ဓာယ၊ ရည်ရွယ်၍။ တထာ၊ ထိုဇယဒ္ဒိသဇာတကေ- ဟူသောစကားကို။ ဝဒန္တိ၊ ဆိုကုန်၏။
ဟိ၊ ချဲ့ဦးအံ့။ ယက္ခိနိပုတ္တော၊ ဘီလူးမ၏ သားဖြစ်သော။ ကမ္မာသပါဒေါ၊ ပြောက်ကျားသော ခြေဖဝါးရှိသော ပေါရိသာဒကို။ အလီနသတ္တုကုမာရကာလေ၊ အလီနသတ္တုမင်းသားဖြစ်ရာကာလ၌။ ဗောဓိသတ္တေန၊ ဘုရားအလောင်းတော်သည်။ တတ္ထ၊ ထိုကမ္မာသဒမ္မမည်သော နိဂုံး၌။ ဒမိတော၊ ဆုံးမ အပ်ပြီ။
ပန၊ ထိုမှတပါး။ သုတသောမကာလေ၊ သုတသောမမင်းဖြစ်ရာ ကာလ၌။ ဗာရာဏသိရာဇာ၊ ဗာရဏသိမင်းကို။ ပေါရိသာဒဘာဝပဋိသေဓနေန၊ လူသားစားသူ အဖြစ်မှ တားမြစ်ခြင်းအားဖြင့်။ ယတ္ထ၊ အကြင်နိဂုံး၌။ ဒမိတော၊ ဆုံးမအပ်ပြီ။ တံ၊ ထိုနိဂုံးသည်။ မဟာကမ္မာသဒမ္မံ နာမ၊ မဟာကမ္မာသဒမ္မမည်၏။
ပုတ္တောတိ၊ ပုတ္တော ဟူ၍။ ဝတွာ၊ ဆိုပြီး၍။ အတြဇောတိ၊ အတြဇောဟူ၍။ ဝစနံ၊ ဆိုခြင်းသည်။ ဩရသပုတ္တဘာဝဒဿနတ္ထံ၊ ရင်၌ဖြစ်သော သား၏အဖြစ်ကို ပြရခြင်းအကျိုးရှိ၏။
ယေဟိ၊ အကြင်လူတို့သည်။ အာဝသိတပ္ပဒေသော၊ နေထိုင်အပ်သော အရပ် ဒေသသည်။ ကုရုရဋ္ဌန္တိနာမံ၊ ကုရုတိုင်းဟူသော နာမည်ကို။ လဘိ၊ ရပြီ။ ဥတ္တရကုရုတော၊ မြောက်ကျွန်းမှ။ အာဂတမနုဿာ၊ လာသောလူဖြစ်ကြကုန်သော။ တေ၊ ကုရုတိုင်း ဟူသော နာမည်ကိုရသော ထိုအရပ်၌ နေကြသော ထိုလူတို့သည်။ တတ္ထ၊ ထိုမြောက် ကျွန်း၌။ ရက္ခိတနိယာမေနေဝ၊ စောင့်ထိန်းအပ်ခဲ့ရိုး ထုံးတမ်းစဉ်လာ နိယာမအားဖြင့် သာလျှင်။ ပဉ္စသီလာနိ၊ ငါးပါးသီလတို့ကို။ ရက္ခိံသု၊ စောင့်ထိန်းကြကုန်ပြီ။
တေသံ၊ ထိုမြောက်ကျွန်းမှလာသော လူတို့၏။ ဒိဋ္ဌာနုဂတိယာ၊ တွေ့မြင်အပ်သော အကျင့်သို့ အစဉ်လိုက်သောအားဖြင့်။ ပစ္ဆိမဇနတာ၊ နောက်၌ဖြစ်သော မျိုးဆက် လူအပေါင်းသည်။ (ပဉ္စသီလာနိ၊ တို့ကို။ ရက္ခိ၊ စောင့်ထိန်းပြီ။) ဣတိ၊ ထို့ကြောင့်။ သော၊ ထိုငါးပါးသီလ တရားသည်။ ဒေသဓမ္မဝသေန၊ ဒေသ၏ အစဉ်အလာတရား အနေအားဖြင့်။ အဝိစ္ဆေဒတော၊ မပြတ်မစဲ အမြဲတည်ရှိခြင်းအားဖြင့်။ ပဝတ္တမာနော၊ ဖြစ်နေသည်။ (ဟုတွာ၊ ဖြစ်၍။) ကုရုဝတ္တဓမ္မောတိ၊ ကုရုတိုင်းသားတို့ ကျင့်ဝတ်တရား ဟူ၍။ ပညာယိတ္ထ၊ ထင်ရှားပြီ။
အယဉ္စ အတ္ထော၊ ဤကုရုဓမ္မဟု ထင်ရှားခြင်း အနက်သဘောကိုလည်း။ ကုရုဓမ္မဇာတကေန၊ ကုရုဓမ္မဇာတ်တော်ဖြင့်။ ဒီပေတဗ္ဗော၊ ထင်ရှားဖော်ပြလိုက်၏။
သော (ကုရုဓမ္မော)၊ ထိုကုရုတိုင်းသားတို့၏ ငါးပါးသီလကျင့်ဝတ်တရားသည်။ အပရဘာဂေ၊ ကာလကြာမြင့်ရာ နောက်ကာလအဖို့၌။ ပဌမံ၊ ပဌမဦးဆုံး။ ယတ္ထ၊ အကြင်အရပ်၌။ သံကိလိဋ္ဌော၊ ညစ်နွမ်းသည်။ (ဟုတွာ၊ ဖြစ်၍။) ဇာတော၊ ဖြစ်ပြီ။ တံ၊ ထိုကုရုဝတ္တဓမ္မ၏ ညစ်နွမ်းရာအရပ်ကို။ ဒဿေတုံ၊ ပြခြင်းငှာ။ ကုရုရဋ္ဌဝါသီနန္တိအာဒိကုရုရဋ္ဌဝါသီနံ၊ အစရှိသော စကားရပ်ကို။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ယတ္ထ၊ အကြင်နေရာအရပ်၌။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝသနောကာသဘူတော၊ သီတင်းသုံးနေရာအရပ်ဖြစ်သော။ ကောစိ၊ တစ်စုံတစ်ခုသော။ ဝိဟာရော၊ ကျောင်းတော်သည်။ နတ္ထိ၊ မရှိ။ တတ္ထ၊ ထိုကျောင်းမရှိရာအရပ်၌။ ကေဝလံ၊ ကျောင်းတော် မပါဘဲ သီးသန့်။ ဂေါစရဂါမကိတ္တနံ၊ ဆွမ်းခံရွာကို မြွက်ကြား ဖော်ပြခြင်းသည်။ နိဒါနကထာယ၊ တရားဟောရာဌာနဟူသော နိဒါန်းကို ပြဆိုကြောင်း စကားရပ်၏။ ပကတိ၊ ပင်ကိုယ်သဘာဝအစဉ်အလာ နိယာမတည်း။ တံ၊ ထိုအစဉ်အလာ နိယာမ ဟူသည်။ ယထာ၊ နမူနာအဘယ်နည်းဟူမူ။ “သက္ကေသု ။ပ။ နိဂမောတိ၊ သက္ကေသု ။ပ။ နိဂမော”ဟူသည်တည်း။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သက္ကေသု၊ သက္က မည်ကုန်သော။ (ဇနပဒေ၊ ဇနပုဒ်တိုင်းနိုင်ငံ၌။) သကျာနံ၊ သာကီဝင် မင်းတို့၏။ ဒေဝဒဟံနာမ၊ ဒေဝဒဟမည်သော။ ယော နိဂမော၊ အကြင်နိဂုံးသည်။ အတ္ထိ၊ ရှိ၏။ တံ နိဂမံ၊ ထိုဒေဝဒဟမည်သော နိဂုံးကို။ ဂေါစရဂါမံ၊ ဆွမ်းခံရွာကို။ ကတွာ၊ ပြု၍။ ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။ ဣတိ၊ ဤသို့သော။ [ဣတိတစ်လုံးကျေ၏။] ဣမံ အတ္ထံ၊ ဤအနက်ကို။ ဒဿေန္တော၊ ပြတော်မူလိုသည် အဖြစ်ကြောင့်။ အဝသနောကာသတောတိအာဒိံ၊ အဝသနောကာသတော- အစရှိသော စကားရပ်ကို။ (အာစရိယော) အာဟ၊ ပြီ။
အာယသ္မာတိ ဝါ၊ အာယသ္မာဟူသည်လည်းဖြစ်သော။ ဒေဝါနံ ပိယာတိဝါ၊ ဒေါဝါနံ ပိယဟူသည်လည်းဖြစ်သော။ တတြ ဘဝန္တိဝါ၊ တတြ ဘဝံ- ဟူသည်လည်း ဖြစ်သော။ ဧသော၊ ဤသဒ္ဒါသည်။ ပိယသမုဒါဟာရော၊ ချစ်ဖွယ်စကားအဖြစ်ဖြင့် ထုတ်ဖော်ပြောဆိုကြောင်း သဒ္ဒါတည်း။ ဣတိ၊ ဤသို့ ပြလိုသည် အဖြစ်ကြောင့်။ အာယသ္မာတိ ပိယဝစနမေတန္တိ၊ မေတံဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
တယိဒံ ပိယဝစနံ၊ ထိုချစ်ဖွယ်မြွက်ဆိုအပ်သော စကားကို။ ဂရုဂါရဝဝသေန၊ အလေးဂရု ပြုထိုက်သော ပုဂ္ဂိုလ်တို့၌ အလေးဂရုပြုသော သူ၏အဖြစ်အနေအားဖြင့်။ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ၊ ဤအနက်ကို။ ဒဿေတုံ၊ ပြခြင်းငှာ။ ဂါရဝဝစနမေတန္တိ၊ ဂါရဝဝစနမေတံ- ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
အတိဒူရအစ္စာသန္နဝဇ္ဇနေန၊ အလွန်ဝေးသော အရပ်, အလွန်နီးသောအရပ်တို့ကို ရှောင်ကြဉ်ခြင်းကြောင့်။ ဝါ၊ ခြင်းဖြင့်။ နာတိဒူရနာစ္စာသန္နံနာမ၊ အလွန်မဝေးသောအရပ်, အလွန်မနီးသော အရပ် မည်သည်ကို။ ဂဟိတံ၊ ယူအပ်ပြီ။ ပန၊ ယင်းသို့ယူရန် အရပ်ဟု သိနိုင်ဖွယ်ရာကား။ တံ၊ ထိုအလွန်မဝေး အလွန်မနီးသော အရပ်ကို။ အဝကံသတော၊ အောက်ထစ်ဆုံး အနေအားဖြင့်။ ဥဘိန္နံ၊ နှစ်ဦးသော ပုဂ္ဂိုလ်တို့၏။ ပသာရိတဟတ္ထာနံ၊ ဆန့်တန်း အပ်သော လက်တို့၏။ သံဃဋ္ဋနေန၊ ထိခိုက်မိခြင်းအားဖြင့်။ ဝေဒိတဗ္ဗံ၊ သိနိုင်၏။
စက္ခုနာ၊ တစ်ဦး၏ မျက်စိဖြင့်။ စက္ခုံ၊ တစ်ဦး၏ မျက်စိကို။ အာဟစ္စ၊ ရှေ့ရှုတိုက်ဆိုင်မိ၍။ ဒဋ္ဌဗ္ဗံ၊ ကြည့်ရှုရဖွယ်သည်။ ဟောတိ၊ ဖြစ်၏။ တေနာပိ၊ ထိုမျက်လုံးအချင်းချင်း ရှေ့ရှုတည့်တည့် တိုက်ဆိုင်မိ၍ကြည့်ရဖွယ်ဖြစ်ခြင်းဖြင့်လည်း။ အဂါရဝမေဝ၊ မလေးစားသူ၏ အဖြစ်ကိုသာလျှင်။ ကတံ၊ ပြုအပ်သည်။ ဟောတိ၊ ၏။
ဂီဝံ ပရိဝတ္တေတွာတိ၊ ကား။ ပရိဝတ္တနဝသေန၊ နောက်ပြန် လှည့်ခြင်း အနေအားဖြင့်။ ဂီဝံ၊ လည်ပင်းကို။ ပသာရေတွာ၊ ဆန့်တန်း၍။ (ဒဋ္ဌဗ္ဗံ၊ ကြည့်ရှု ရဖွယ်သည်။ ဟောတိ)။
ကုလသင်္ဂဟတ္ထာယာတိ၊ ကား။ ကုလာနုဒ္ဒယဘာဝသေန၊ အမျိုးဒါယကာတို့၌ အစဉ်သနားမှု ကရုဏာ၏ အလိုသဘောအားဖြင့်။ [တာပစ္စည်းအနက်မရှိ]။ ကုလာနံ၊ အမျိုး ဒါယကာ ဒါယိကာမတို့ကို။ အနုဂ္ဂဏှနတ္ထာယ၊ ချီးမြှောက်ခြင်း အကျိုးငှာ။ ဘိက္ခာပဋိဂ္ဂဏှနေန၊ ဆွမ်းကို ခံယူခြင်းအားဖြင့်။ တေသံ၊ ထိုဆွမ်း ဒါယကာတို့ကို။ မဟတော၊ ကြီးစွာသော။ ပုညာဘိသန္ဒဿ၊ ကောင်းမှုတည်းဟူသော မြစ်ရေ အလျဉ်ကို။ ဇနနေန၊ ဖြစ်စေခြင်းအားဖြင့်။ သဟဿဘဏ္ဍိကံ၊ ငွေထောင်ထုပ်ကို။ နိက္ခိပန္တောဝိယ၊ ချထားလိုက်သကဲ့သို့။
(ပိဏ္ဍာယ စရိတွာ) ပဋိသမ္မဇ္ဇိတွာတိ၊ ကား။ အန္တေဝါသိကေဟိ၊ အနီးနေတပည့်တို့သည်။ သမ္မဇ္ဇနဋ္ဌာနံ၊ တံမြက်လှည်းပြီးရာအရပ်ကို။ သက္ကစ္စကာရိတာယ၊ ဂရုတစိုက်ပြုလေ့ရှိသည် အဖြစ်ဖြင့်။ ပုန၊ နောက်ထပ်။ သမ္မဇ္ဇိတွာ၊ တံမြက်စီး လှည်းပြီး၍။ (သမာပဇ္ဇိ၊ ၌စပ်။)
တိက္ခတ္တုန္တိ၊ တိက္ခတ္တုံဟူသည်ကား။ အာဒိတော ပဋ္ဌာယ အန္တန္တိအာဒိနာ၊ အာဒိတော ပဋ္ဌာယ အန္တံ- အစရှိသည်ဖြင့်။ ဝုတ္တစတုရာကာရူပသဉှိတေ၊ ဆိုအပ်ပြီးသော လေးမျိုးသော အခြင်းအရာတို့နှင့် စပ်ကုန်သော။ တယောဝါရေ၊ သုံးကြိမ်တို့တိုင်အောင်။ တေန၊ ထိုအာဒိတော ပဋ္ဌာယ အန္တံ ။ပ။ ပစ္စယာကာရံ သမ္မသိ- ဟူသော စကားရပ်ဖြင့်။ အဿ၊ ထိုအရှင်အာနန္ဒာထေရ်မြတ်၏။ ဝါ၊ သည်။ အဿ၊ ထိုပဋိစ္စသမုပ္ပါဒ်၏။ ဝါ၊ ကို။ ဒွါဒသက္ခတ္တုံ၊ တစ်နေ့လျှင် တစ်ဆယ့်နှစ်ကြိမ်။ သမ္မသိတဘာဝံ၊ သုံးသပ်အပ်သည် အဖြစ်ကို။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီ။
အမှာကံ၊ ငါတို့၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝါ၊ သည်။ (ပစ္စယာကာရဿ၊ ပဋိစ္စသမုပ္ပါဒ်တရားတော်၏။ ဝါ၊ ကို။) ဂမ္ဘီရဘာဝေန၊ နက်နဲသော တရားတော်၏ အဖြစ်ဖြင့်သာလျှင်။ ကထိတတ္တာ၊ ဟောကြားတော်မူအပ်သည် အဖြစ်ကြောင့်။ သေသဗုဒ္ဓေဟိပိ၊ ကြွင်းသော မြတ်စွာဘုရားတို့သည်လည်း။ ဧဝမေဝ၊ ဤအတူ နက်နဲသော တရားတော်အဖြစ်အားဖြင့်သာလျှင်။ (ပစ္စယာကာရော၊ ကို။) ကထိတော၊ ဟောကြားတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ ဓမ္မနွယေ၊ မြတ်စွာဘုရား၏ ဉာဏ်တော် ဂုဏ်တော်တို့ကို မှန်းဆသိသော ဉာဏ်၌။ ဌတွာ၊ တည်၍။ သဗ္ဗဗုဒ္ဓေဟိ ။ပ။ ကထိတောတိ၊ သဗ္ဗဗုဒ္ဓေဟိ ။ပ။ ကထိတော-ဟူ၍။ ဝုတ္တံ၊ လျှောက်အပ်ပြီ။
သာလိန္ဒန္တိ၊ ကား။ သပရိဘဏ္ဍံ၊ အာလိန်ငါးဆင့်ဟူသော အဆောင်အယောင်နှင့်တကွ ဖြစ်သော။
သိနေရုံ ဥက္ခိပန္တောဝိယာတိ ဣမိနာ၊ ဝိယ-ဟူသော ဤပါဌ်ဖြင့်။ တာဒိသာယ၊ ထိုကဲ့သို့ ရှုအပ်သော။ ဒေသနာယ၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၏။ သုဒုက္ကရဘာဝံ၊ လွန်စွာပြုနိုင် (ဟောနိုင်) ခဲသည်အဖြစ်ကို။ (အာစရိယော) အာဟ၊ ပြီ။
ဓမ္မက္ခန္ဓဘာဝတော၊ ပါဠိတော်အုပ်စု (ဓမ္မက္ခန်) ၏အဖြစ်ကြောင့်။ သုတ္တမေဝ၊ ပါဠိဒေသနာတော်ကိုပင်လျှင်။ သုတ္တန္တကထန္တိ၊ သုတ္တန္တကထံဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဝိနယပဏ္ဏတ္တိ, ဘူမန္တရ, သမယန္တရာနံ၊ ဝိနည်းသိက္ခာပုဒ်ပညတ်တော်, သဘောတရားတို့၏ မတူထူးခြားသော ဖြစ်ရာအခိုက်အတန့်နှင့် ဘုံဌာန, အမျိုးမျိုးထူးပြားခြားနားသော မိစ္ဆာအယူတို့ကို။ ဝိဇာနနံ၊ အထူးသိတော်မူခြင်းသည်။ အနညသာဓာရဏံ၊ အခြားသော ပစ္စေကဗုဒ္ဓါ-သာဝကတို့ ဉာဏ်နှင့် မသက်ဆိုင်သည်။ (ဟုတွာ၊ ဖြစ်၍။) သဗ္ဗညုတညာဏဿေဝ၊ သဗ္ဗညုတဉာဏ်တော်၏သာလျှင်။ ဝိသယော၊ ဖြစ်ရာသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အန္တဒွယဝိနိမုတ္တဿ၊ (ကာမသုခလ္လိကာနုယောဂ, အတ္တကိလမထာနုယောဂ ဟူသော) အဖို့အစွန်းနှစ်ခုအပေါင်းမှ လွတ်သော။ ကာရကဝေဒကရဟိတဿ၊ ပြုလုပ်သူ, ခံစားသူဟူသော အသက်ရှင် အတ္တကောင်မှ ကင်းဆိတ်သော။ ပစ္စယာကာရဿ၊ အကြောင်းပစ္စည်းတရားတို့က အကျိုးပစ္စယုပ္ပန် တရားတို့အား ကျေးဇူးပြုပုံ အခြင်းအရာ ဟူသော ပဋိစ္စသမုပ္ပါဒ် တရားတော်ကို။ ဝိဘဇနမ္ပိ၊ ဝေဖန်ဟောကြားတော်မူခြင်း သည်လည်း။ (သဗ္ဗညုတညာဏဿေဝ၊ လျှင်။ ဝိသယော ဟောတိ)။ ဣတိ၊ ဤသို့သော အနက်အဓိပ္ပါယ်ကို။ ဒတောတုံ၊ ပြုခြင်းငှာ။ ဗုဒ္ဓါနဉှီတိအာဒိ၊ ဗုဒ္ဓါနဉှိအစရှိသော စကားရပ်ကို။ (အာစရိယေန၊ သည်။) အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပြီး။ [ဤ၌ ဘူမန္တရ၏ အဓိပ္ပါယ်ကို သီလက္ခန်ဗြဟ္မဇာလသုတ် အဋ္ဌကထာ၊ နှာ-၉၄-ကြည့်]။
တတ္ထ၊ ထို“ဗုဒ္ဓါနဉှိ” အစရှိသော စကားရပ်၌။ ဌာနာနီတိ၊ ဌာနာနိ-ဟူသည်ကား။ ကာရဏာနိ၊ အကြောင်းတို့သို့။ (ပတွာ၊ ရောက်လသော်။)
ဂဇ္ဇိတံ မဟန္တံ ဟောတီတိ၊ ကား။ ဒေသေတဗ္ဗဿဧဝ၊ ဟောကြားတော်မူအပ်သော တရားတော်၏ပင်။ အနေကဝိဓတာယစ၊ များသောအပြားရှိသည်အဖြစ်ကြောင့်လည်းကောင်း။ ဒုဝိညေယျတာယစ၊ ခက်ခဲသဖြင့် သိအပ်သည်အဖြစ်ကြောင့်လည်းကောင်း။ နာနာနယေဟိ၊ အမျိုးမျိုးသော နည်းတို့ဖြင့်။ ပဝတ္တမာနံ၊ ဖြစ်သည်။ (ဟုတွာ၊ ၍။) တံ ဒေသနာဂဇ္ဇိတံ၊ ထိုကြုံးဝါးအပ် သကဲ့သို့ဖြစ်သော ရဲရဲတောက်ပြတ်သား ဟောကြားအပ်သော တရားတော်သည်။ မဟန္တံ ဝိပုလံ စ၊ ကျယ်ပြန့်သည်လည်းကောင်း။ ဗဟုဘေဒဉ္စ၊ များသော အမျိုးအစား အပြားရှိသည်လည်းကောင်း။ ဟောတိ၊ ၏။
ဉာဏံ အနုပဝိသတီတိ၊ ကား။ တတောဧဝ၊ ထိုသို့ ကျယ်ပြန့်များပြားသည် အဖြစ်ကြောင့်ပင်။ ဒေသနာဉာဏံ၊ ဒေသနာဉာဏ်သည်။ ဒေသေတဗ္ဗဓမ္မေ၊ ဟောအပ်သော တရားတော်တို့ကို။ ဝိဘာဂသော၊ ခွဲခြမ်းဝေဖန် အပ်သော အစုအစုအားဖြင့်။ ကုရုမာနံ၊ ပြုလျက်။ အနုအနု၊ အစဉ်လိုက်အစဉ်လိုက်။ ပဝိသတိ၊ ဝင်သွား၏။ တေန၊ ထို့ကြောင့်။ (ဒေသနာ ဉာဏံ၊ သည်။) အနုပဝိဿ၊ အစဉ်လိုက်ဝင်၍။ ဌိတံ ဝိယ၊ တည်သကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤကား။ အတ္ထော၊ ဆိုလိုရင်းအနက်တည်း။
ဗုဒ္ဓဉာဏဿ မဟန္တဘာဝေါ ပညာယတီတိ၊ ကား။ ဧဝံဝိဓဿ နာမ၊ ဤသို့အပြားရှိသည် မည်သော။ ဓမ္မဿ၊ တရားတော်ကို။ ဒေသကဉ္စ၊ ဟောတော်မူသော ဉာဏ် (ဒေသနာဉာဏ်) လည်းကောင်း။ ပဋိဝေဓကဉ္စ၊ သစ္စာ လေးပါးကို ထိုးထွင်းသိတတ်သော ဉာဏ် (အရဟတ္တမဂ်ဉာဏ်ဟူသော ပဋိဝေဓဉာဏ်) လည်းကောင်း။ ဣတိ၊ ဤသို့။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏ ဒေသနာဉာဏဿစ၏လည်းကောင်း။ ပဋိဝေဓဉာဏဿစ၊ ၏လည်းကောင်း။ ဥဠာရဘာဝေါ၊ ကျယ်ပြန့် ကြီးမားသည်အဖြစ်သည်။ ပါကဋော၊ ထင်ရှားသည်။ ဟောတိ၊ ဖြစ်၏။
စ၊ စောဒနာဖွယ်ရှိသည်ကား။ ဧတ္ထ၊ ဤဝိနယပညတ္တိအစရှိသော လေးဌာနတို့သို့ ရောက်လသော် ဗုဒ္ဓဉာဏ်တော်၏ ကျယ်ပြန့်ကြီးမားသည် အဖြစ်ကို ပြဆိုရာ စကားရပ်၌။ (ဒဋ္ဌဗ္ဗံ၊ ၌စပ်။) ဗုဒ္ဓဿ၊ အားလုံးစုံအကုန်အစင်သိမြင်တော်မူသော။ ဘဂဝတော၊ ဘုန်းတော်ကြီးမားမြတ်စွာဘုရား၏။ သဗ္ဗံ၊ အားလုံးသော။ ဝစီကမ္မံ၊ ဝစီကံသည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်ဟူသော ရှေ့သွားရှိ၏။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်သည် အစဉ်လိုက်အပ်၏။ ဣတိ၊ ဤသို့။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗာပိ၊ အားလုံးစုံလည်းဖြစ်သော။ ဒေသနာ၊ တရားဒေသနာတော်သည်။ ဉာဏရဟိတာ၊ ဉာဏ်တော်မှ ကင်းသည်။ ကိဉ္စာပိ နတ္ထိ၊ အကယ်၍ကား မရှိပါပေ။ (ဘဂဝတော၊ ၏။) သီဟသမာနဝုတ္တိတာယ၊ ခြင်္သေ့နှင့်တူသော ဖြစ်ခြင်း ရှိသည်အဖြစ်ကြောင့်။ သဗ္ဗတ္ထ၊ အားလုံးသော ပြုပြုသမျှကိုယ် နှုတ်စိတ်မှုလုပ်ငန်းတို့၌။ သမာနပ္ပဝတ္တိ၊ တူသော ဖြစ်ခြင်းရှိသည်။ (ကိဉ္စာပိ ဟောတိ၊ အကယ်၍ ကားဖြစ်ပါပေ၏။)
ပန၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။ ဒေသေတဗ္ဗဝသေန၊ ဟောကြားထိုက်သော တရားတော်၏ အခြေအနေအားဖြင့်(အခြေအနေအားလျော်စွာ)။ ဒေသနာ၊ တရား ဒေသနာတော်သည်။ ဝိသေသတော၊ အထူးအားဖြင့်။ ဉာဏေန၊ ဉာဏ်တော်သည်။ အနုပဝိဋ္ဌာ စ၊ အစဉ်ဝင်ရောက် အပ်သည်လည်းကောင်း။ ဂမ္ဘီရတရာစ၊ သာလွန်၍ နက်နဲသည်လည်း ကောင်း။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်လိုက်၏။
ပန၊ နောက်ထပ်မေးဖွယ်ကား။ ကထံ၊ အဘယ်ပုံဘယ်နည်းအားဖြင့်။ ဝိနယပညတ္တိံ၊ ပညတ်အပ်သော ဝိနည်းသိက္ခာပုဒ်တော်သို့။ ပတွာ၊ ရောက်၍။ ဝါ၊ ရောက်လသော်။ ဒေသနာ၊ သည်။ တိလက္ခဏဗ္ဘာဟတာ၊ အနိစ္စတာ အစရှိသော လက္ခဏ သုံးပါးတို့ဖြင့် ရုပ်နာမ်ခန္ဓာကို ရှေ့ရှုတိုက်ရိုက်တိုက်ခိုက်ထိုးနှက်သည်။ သုညတပဋိသံယုတ္တာ၊ သတ္တဝါကောင် အသက်ရှင်အတ္တကောင်မှ ဆိတ်သုဉ်းသည် အဖြစ်နှင့် ဆက်စပ်သည်။ ဟောတိ၊ ဖြစ်နိုင်ပါအံ့နည်း။
ဣတိ၊ ဤကား အမေးပုစ္ဆာတည်း။ တတ္ထာပိ၊ ထိုဝိနယပညတ်၌လည်း။ ဝါ၊ ထိုဝိနည်းသိက္ခာပုဒ် ပညတ်တော် ဒေသနာ၌လည်း။ သန္နိသိန္နပရိသာယ၊ ပေါင်းစုထိုင်နေသော ပရိသတ်၏။ အဇ္ဈာသယာနုရူပံ၊ အလိုဆန္ဒ အားလျော်စွာ- ပဝတ္တမာနာ- ဖြစ်သော။ ဒေသနာ၊ တရားဒေသနာ တော်သည်။ သင်္ခါရာနံ၊ ရုပ်နာမ်သင်္ခါရတို့၏။ အနိစ္စတာဒိဝိဘာဝနံ စ၊ မမြဲသည်အဖြစ် အစရှိသည်ကို ထင်ရှားဖော်ပြသည်လည်းကောင်း။ သဗ္ဗဓမ္မာနံ၊ အားလုံးသော ပရမတ်ပညတ်တရား တို့၏။ အတ္တတ္တနိယတာဘာဝပ္ပကာသနဉ္စ၊ အတ္တကောင်နှင့် အတ္တကောင်၏ ဥစ္စာအဖြစ်မရှိခြင်းကို ထင်ရှားပြသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
တေနေဝ၊ ထို့ကြောင့်ပင်လျှင်။ အနေက ။ပ။ ကတွာတိအာဒိ၊ အနေက ။ပ။ ကတွာ-အစရှိသည်ဟူ၍။ (အာယသ္မာ ဥပါလိတ္ထေရော၊ အရှင်ဥပါလိထေရ်သည်။) အာဟ၊ မိန့်ဆိုတော်မူပြီ။
အာပဇ္ဇာတိ၊ ကား။ ပတွာ၊ ရောက်၍။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ (မယိ၊ ငါသည်။ ဗုဒ္ဓဂန္ဓဟတ္ထိံ၊ မြတ်စွာဘုရားတည်းဟူသော ဂန္ဓမျိုးဆင်မင်းအထံတော်သို့။ ပါပုဏန္တေ၊ ရောက်လသော်။ ဗုဒ္ဓဂန္ဓဟတ္ထိ၊ သည်။) ဉာဏကောဉ္စနာဒံ၊ ဉာဏ်တော်ဖြင့် မြွက်ကြားအပ်သော တရားဒေသနာဟူသော ကြိုးကြားအသံတော်ကို။ ဝိဿဇ္ဇေတိ၊ ထုတ်လွှတ်တော်မူ၏။ ဧဝံ၊ ဤသို့တရား ဒေသနာကြိုးကြာအသံတော် ထုတ်လွှတ်တော် မူလောက်အောင်သော အခြင်းအရာအားဖြင့်။ (အဟံ၊ ငါသည်။ ဗုဒ္ဓဂန္ဓဟတ္ထိံ၊ အထံတော် သို့။) ပါပုဏိတွာ၊ ရောက်၍။ (ဉာဏကောဉ္စနာဒံ၊ ကို။ သောဿာမိ၊ နားထောင်ရပေအံ့)။
ပမာဏာတိက္ကမေတိ၊ ကား။ ယာဝဉ္စိဒံ တေန ဘဂဝတာတိ အာဒီသုဝိယ၊ ယာဝဉ္စိဒံ တေန ဘဂဝတာ- အစရှိသော ပါဠိတော်တို့၌ကဲ့သို့။ အပရိမာဏတ္ထေ၊ အတိုင်းအတာမရှိသည် အဖြစ်ဟူသော အနက်၌။ (ဝတ္တတိ၊ ဖြစ်၏။)
ဟိ၊ မှန်၏။ အယံ ယာဝသဒ္ဒေါ၊ ဤယာဝသဒ္ဒါသည်။ အပရိမေယျဘာဝဇောတနော၊ မတိုင်းတာ နိုင်သည် အဖြစ်ဟူသော အနက်ကို ထွန်းပြတတ်၏။
တေန၊ ထို့ကြောင့်။ အတိဂမ္ဘီရောတိ အတ္ထောတိ၊ အတိဂမ္ဘီရောတိ အတ္ထော-ဟူ၍။ (အာစရိယော၊ သည်။) အာဟ၊ ဖွင့်ဆိုတော် မူပြီ။
အဝဘာသတီတိ၊ ကား။ ခါယတိ ဥပဋ္ဌာတိ၊ ထင်ပေါ်လာ၏။ [ဤသုတ်ဋီကာ၌ “ဉာယတိ”ဟု ရှိနေ၏၊ သံယုတ်ဋီကာ၊ ဒု-၉၉ (နိဒါနဝဂ္ဂ)၌ “ခါယတိ”ဟု ရှိသည်။] ဟိ၊ မှန်၏။
ဉာဏဿ၊ အရှင်အာနန္ဒာ၏ ဉာဏ်အား။ တထာ၊ ထိုတိမ်သည် အဖြစ်အားဖြင့်။ ဥပဋ္ဌာနံ၊ ထင်ပေါ်လာခြင်းကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဒိဿတီတိ၊ ဒိဿတိ-ဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ ဖွင့်ဆိုတော်မူအပ်ပြီး။
ဧသ ပဋိစ္စသမုပ္ပါဒေါ၊ ဤပဋိစ္စသမုပ္ပါဒ်သည်။ ဧကန္တဂမ္ဘီရောဝ၊ ဧကန်တကယ်နက်နဲသည်သာလျှင်။ ဟောတိနနု၊ ဖြစ်သည်မဟုတ်ပါလော။ တတ္ထ (တသ္မိံ ဂမ္ဘီရဘာဝေဧဝ)၊ ထိုနက်နဲသည် အဖြစ်သည် သာလျှင်။ (သမာနေ၊ ဖြစ်ပါလျက်။) ကသ္မာ၊ အဘယ့်ကြောင့်။ ဂမ္ဘီရာဝဘာသတာ၊ နက်ယောင်ထင်ရသည်အဖြစ်ကို (နက်သကဲ့သို့ ထင်ရခြင်းကို။)။ (ထေရေန၊ အရှင် အာနန္ဒာထေရ်သည်။) ဇောတိတာ၊ ထွန်းပြအပ်ပါနည်း။ (နက်ယောင်ထင်ရအောင် ဖော်ပြလျှောက်ထားအပ်ပါသနည်း။) ဣတိ၊ ဤကားစောဒနာတည်း။
ဧတံ၊ ဤသို့နက်ယောင်ထင်ရသည် အဖြစ်ကိုထွန်းပြုခြင်းသည်။ သစ္စံ၊ မှန်ပေ၏။ ပန၊ သို့ပါသော်လည်း။ အဿ၊ ထိုပဋိစ္စသမုပ္ပါဒ်၏။ ဝါ၊ ကို။ ဂမ္ဘီရာဝဘာသဂ္ဂဟဏံ၊ နက်ယောင်ထင်ရခြင်းကို ယူခြင်း၊ (လျှောက်ထားခြင်း) သည်။ ဧကန္တဂမ္ဘီရတာဒဿနတ္ထမေဝ၊ ဧကန်တကယ်နက်နဲသည်အဖြစ်ကို ပြခြင်းအကျိုးငှာသာလျှင်။ (ဝါ၊ ပြခြင်း အကျိုးရှိသည်သာလျှင်။) ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။ အညတ္ထ၊ အခြားသော ရေအစရှိသော အရာဝတ္ထု၌။ လဗ္ဘမာနံ၊ ရထိုက်သော။ စတုကောဋိကံ၊ လေးဖို့လေးစု (လေးမျိုးလေးစား)ရှိသော အကြောင်းအရာကို။ ဗျတိရေကမုခေန၊ ပြောင်းပြန်ဖြစ်သော အနက်ဟူသော ဦးတည်ချက်ဖြင့်။ နိဒဿေတွာ၊ ညွှန်ပြ၍။ အဿ၊ ထိုပဋိစ္စသမုပ္ပါဒ်၏။ တမေဝ ဧကန္တဂမ္ဘီရတံ၊ ထိုဧကန်နက်နဲသည် အဖြစ်ကိုသာလျှင်။ ဝိဘာဝေတုံ၊ ထင်ရှား ပြခြင်းငှာ။ ဧကဉှီတိအာဒိ၊ ဧကဉှိ-အစရှိသော စကားရပ်ကို။ (အာစရိယေန) ဝုတ္တံ၊ ဖွင့်ဆိုတော်မူအပ်ပြီ။
ဧတံ နတ္ထီတိ၊ ဧတံ နတ္ထိဟူသောပါဌ်ဖြင့်။ (ပဋိစ္စသမုပ္ပါဒေ၊ ၌။) အဂမ္ဘီရောစ၊ မနက်နဲသည် အဖြစ်လည်းကောင်း။ အဂမ္ဘီရာဝဘာသောစ၊ နက်နဲယောင် မထင်ရခြင်းလည်းကောင်း။ ဣတိ၊ ဤသို့သော။ ဧတံ ဒွယံ၊ ဤနှစ်မျိုး အပေါင်းသည်။ နတ္ထိ၊ မရှိ။ တေန၊ ထို့ကြောင့်။ ယထာဒဿိတော၊ အဋ္ဌကထာ၌ ပြထားအပ်ပြီးသမျှသော။ စတုကောဋိကေ၊ လေးခုသော အမျိုးအစား၌။ ဝါ၊ တွင်။ ပစ္ဆိမာ၊ နောက်ဆုံးဖြစ်သော။ ဧကကောဋိ၊ ဂမ္ဘီရ, ဂမ္ဘီရာဝဘာသ-ဟူသော တစ်ခုသောအမျိုးအစားကို။ လဗ္ဘတိ၊ ရအပ်၏။ ဣတိ၊ ဤအနက်ကို။ (အာစရိယော) ဒဿေတိ၊ ပြတော်မူ၏။
တေန၊ ထို့ကြောင့်။ အယဉှီတိအာဒိ၊ အယဉှိအစရှိသော။ (ယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို။ အာစရိယော၊ သည်။) အာဟ၊ မိန့်ဆိုပြီ။
ယေဟိ ဂမ္ဘီရဘာဝေဟိ၊ အကြင်နက်နဲသည်အဖြစ်တို့ကြောင့်။ ပဋိစ္စသမုပ္ပါဒေါ၊ ကို။ ဂမ္ဘီရောတိ၊ နက်နဲ၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တေ (ဂမ္ဘီရဘာဝေ)၊ ထိုနက်နဲသည် အဖြစ်တို့ကို။ စတူဟိ၊ လေးမျိုးကုန်သော။ ဥပမာဟိ၊ ဥပမာတို့ဖြင့်။ ဥလ္လိင်္ဂေန္တော၊ ဖွင့်ပြတော်မူလိုသည်အဖြစ်ကြောင့်။ ဘဝဂ္ဂဟဏာယာတိအာဒိံ၊ ဘဝဂ္ဂဟဏာယအစရှိသော စကားရပ်ကို။ (အာစရိယော) အာဟ၊ ပြီ။ (ဘဝဂ္ဂဿ၊ ဘဝဂ်၏။)
ဒူရဘာဝတော၊ ဝေးကွာသည်အဖြစ်ကြောင့်။ ဘဝဂ္ဂံ၊ ဘဝဂ်ကို။ (အထက်အမြင့်ဆုံး ဘုံဘဝကို။) ဟတ္ထံ၊ လက်ကို။ ပသာရေတွာ၊ ဆန့်တန်း၍။ ဂဟေတုံ၊ ယူခြင်းငှာ။ နသက္ကာ ယထာ၊ မတတ်ကောင်းသကဲ့သို့။ ဧဝံ၊ ဤအတူ။ သင်္ခါရာဒီနံ၊ သင်္ခါရ အစရှိသော အကျိုးတရား တို့၏။ အဝိဇ္ဇာဒိပစ္စယသမ္ဘူတသမုဒါဂတဋ္ဌော၊ အဝိဇ္ဇာ အစရှိသော အကြောင်းကြောင့် ဖြစ်ပေါ်လာခြင်းအနက်သဘောနှင့် အဝိဇ္ဇာအစရှိသော အကြောင်းကြောင့်တပေါင်းတည်း အထက်အထက်၌ ဖြစ်ပေါ်လာခြင်းအနက် သဘောသည်။ ဝါ၊ ကို။ ပါကတိကဉာဏေန၊ ပြကတေ့ရိုးရိုး ဉာဏ်ဖြင့်။ ဂဟေတုံ၊ ငှာ။ နသက္ကာ၊ မတတ်ကောင်း။ [အဝိဇ္ဇာ ဒိပစ္စယသမ္ဘူတဋ္ဌ+အဝိဇ္ဇာဒိပစ္စယသမုဒါဂတဋ္ဌ-ဟူ၍ စပ်ရ၏၊ သမုဒါဂတဋ္ဌ- ၌၊ “သံတပေါင်းတည်း+ဥ- အထက်အထက်၌+အာဂတဋ္ဌ- ဖြစ်ပေါ်လာသည် အဖြစ်ဟူသော အနက်သဘော]။
သိနေရုံ၊ မြင့်မိုရ်တောင်ကို။ ဘိန္ဒိတွာ၊ ခွဲဖောက်၍။ မိဉ္ဇံ၊ အနှစ်အဆီးဟူသော။ ပဗ္ဗတရသံ၊ တောင်၏အရသာကို။ ပါကတိကပုရိသေန၊ ပြကတေ့ရိုးရိုးယောက်ျားသည်။ နီဟရိတုံ၊ ထုတ်ဆောင်ခြင်းငှာ။ နသက္ကာ ယထာ၊ သို့။ ဧဝံ၊ တူ။ ပဋိစ္စသမုပ္ပါဒဂတေ၊ ပဋိစ္စသမုပ္ပါဒ်တရားတော်၌ ပါရှိကုန်သော။ ဓမ္မတ္ထာဒိကေ၊ အကြောင်း (ဓမ္မ) နှင့် အကျိုး (အတ္ထ) အစရှိသည်တို့ကို။ ပါကတိကဉာဏေန၊ ဖြင့်။ ဘိန္ဒိတွာ၊ ခွဲခြမ်း၍။ ဝိဘဇ္ဇ၊ ခွဲဝေ၍။ ပဋိဝိဇ္ဈနဝသေန၊ ထိုးထွင်းသိခြင်း အနေအားဖြင့်။ ဇာနိတုံ၊ သိခြင်းငှာ။ နသက္ကာ။
မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာသည်။ [နသက္ကာ၌စပ်ရမည်ဖြစ်၍ မဟာသမုဒ္ဒေါ-ဟု ပဌမန္တရှိလျှင် ကောင်း၏၊ ယခင်က “သမုဒါဂတဋ္ဌော”ဟုရှိခဲ့သည်။] ပါကတိကပုရိသဿ၊ ၏။ ဗာဟုဒွယေန၊ လက်မောင်းနှစ်ခုအပေါင်းဖြင့်။ ပဓာရိတုံ၊ ကမ်းတစ်ဖက် အရောက်ကူးခြင်းငှာ။ နသက္ကာ ယထာ [ယခင်သံယုတ်ဋီကာ၌ “ပဓာရိတုံ” ဟုမရှိ၊ ပါရံ တရိတုံ- ဟုရှိသည်။] ဧဝံ၊ ဤအတူ။ ဝေပုလ္လဋ္ဌေန၊ ကျယ်ပြန့်သည် အဖြစ်ဟူသောသဘောကြောင့်။ မဟာသမုဒ္ဒသဒိသံ၊ မဟာသမုဒ္ဒရာနှင့်တူသော။ ပဋိစ္စသမုပ္ပါဒံ၊ ကို။ ပါကတိကဉာဏေန၊ ဖြင့်။ ဒေသနာဝသေန၊ တရားဒေသနာ အနေအားဖြင့်။ ပဓာရိတုံ၊ ဟောကြားခြင်းငှာ။ နသက္ကာ [ယခင်သံဋီ-၌၊ ပရိဟရိတုံ- ဟုရှိသည်]။
မဟာပထဝိံ၊ မြေကြီးကို။ ပရိဝတ္တေတွာ၊ အထက်အောက်လှန်၍။ ပါကတိက ပုရိသဿ၊ ၏။ ဝါ၊ သည်။ ပထဝေါဇံ၊ မြေဩဇာကို။ ဂဟေတုံ၊ ငှာ။ နသက္ကာ ယထာ၊ သို့။ ဧဝံ၊ တူ။ ဣတ္ထံ၊ ဤသို့သောအခြင်းအရာအားဖြင့်။ အဝိဇ္ဇာဒယော၊ အဝိဇ္ဇာ အစရှိသော အကြောင်းတရားတို့သည်။ သင်္ခါရာဒီနံ၊ သင်္ခါရအစရှိသော အကျိုးတရား တို့အား။ ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။ ဟောန္တီ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ တေသံ၊ ထိုအဝိဇ္ဇာအစရှိသော အကြောင်းတရားတို့၏။ ပစ္စယ ဘာဝေါ၊ ကျေးဇူးပြုတတ်သည် အဖြစ်သည်။ ဝါ၊ ကို။ ပါကတိကဉာဏေန၊ ဖြင့်။ နီဟရိတွာ၊ ထုတ်ဆောင်၍။ ဂဟေတုံ၊ ငှာ။ နသက္ကာ။
ဣတိဧဝံ၊ ဤသို့။ စတုဗ္ဗိဓဂမ္ဘီရတာဝသေန၊ လေးပါးအပြားရှိသော နက်နက်သည် အဖြစ်၏အနေအားဖြင့်။ စတဿော၊ လေးမျိုးကုန်သော။ ဥပမာ၊ ဥပမာတို့ကို။ ယောဇေတဗ္ဗာ၊ ယှဉ်စပ်ထိုက်ကုန်၏။
ပါကတိကဉာဏဝသေနစ၊ ပကတိရိုးရိုး ဉာဏ်အနေအားဖြင့်လည်း။ အယံ အတ္ထယောဇနာ၊ ဤအနက်ကို ယှဉ်စပ်ခြင်းကို။ ကတာ၊ ပြုသင့်ပြုနိုင်၏။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။) ဒိဋ္ဌသစ္စာနံ၊ မြင်အပ်ပြီးသော သစ္စာလေးပါးရှိကုန်သော အရိယာတို့၏။ ဝါ၊ သစ္စာလေးပါးကို သိပြီးသော အရိယာပုဂ္ဂိုလ်တို့သည်။ တတ္ထ၊ ထိုပဋိစ္စသမုပ္ပါဒ်၌။ ပဋိဝေဓသဘာဝတော၊ ထိုးထွင်း သိခြင်းသဘောရှိသည်အဖြစ်ကြောင့်တည်း။ တထာပိ၊ ထိုသို့ပင် ပါကတိက ဉာဏ်ဖြင့်လည်း ဤအနက်ယောဇနာကို ပြုသင့်ပြုနိုင်ပါသော်လည်း။ ယသ္မာ၊ အကြင့်ကြောင့်။ သာဝကာနံ၊ ဘုရားတပည့် အရိယသာဝကတို့၏ လည်းကောင်း။ ပစ္စေကဗုဒ္ဓါနဉ္စ၊ ပစ္စေကဗုဒ္ဓတို့၏လည်းကောင်း။ တတ္ထ၊ ထိုပဋိစ္စသမုပ္ပါဒ်တရားတော်၌။ သပ္ပဒေသမေဝ၊ တစိတ်တဒေသသာလျှင်ဖြစ်သော။ ဉာဏံ၊ ဉာဏ်သည်။ (ဟောတိ) ဗုဒ္ဓါနံယေဝ၊ မြတ်စွာဘုရားတို့၏သာလျှင်။ (တတ္ထ၊ ၌။) နိပ္ပဒေသံ၊ အကြွင်းအကျန် မရှိသိသော။ ဉာဏံ၊ သည်။ ဟောတိ၊ ၏။ တသ္မာ၊ ကြောင့်။ ဗုဒ္ဓဝိသယံ ပဉှန္တိအာဒိ၊ ဗုဒ္ဓဝိသယံ ပဉှံ အစရှိသော စကားရပ်ကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
ဥဿာဒေန္တောတိ၊ ကား။ ပညာယ၊ ပညာအားဖြင့်။ ဥက္ကံသေန္တော၊ ချီးမြှောက်လိုတော်မူသည် အဖြစ်ကြောင့်(လည်း)။ ဥဂ္ဂဏှန္တော (ပိ)၊ ချီးမြှောက်လိုတော်မူသည်အဖြစ်ကြောင့် (လည်း)။ (ဘဏတိ၊ မိန့်တော်မူ၏။) ဣတိ၊ ဤသည်ကား။ အတ္ထော၊ တည်း။
အပသာဒေန္တောတိ၊ ကား။ နိဗ္ဘစ္ဆန္တော၊ ဖိနှိပ်တော်မူလိုသည် အဖြစ်ကြောင့် (လည်း)။ နိဂ္ဂဏှန္တော၊ ဖိနှိပ်တော် မူလိုသည် အဖြစ်ကြောင့်လည်း။ (ဘဏတိ) ဣတိ အတ္ထော [နိဗ္ဘစ္ဆန္တော- ကို ဘဿဓာတ် ကြံတော်မူကြ၏၊ ဖိနှိပ်ခြင်း အနက်ဟော ပိသဓာတ်ဖြင့် “နိပ္ပိသန္တော”ဟုသော်လည်း ရှိသင့်၏]။