ဂေါပါနသီ ဝိယ ဝင်္ကန္တိ
ဂေါပါနသီ ဝိယ ဝင်္ကန္တိ။ ။ ဋီကာ၌ “ဂေါပါနသိဝင်္ကန္တိ”ဟူ၍ ပါဠိတော်ကို သံဝဏ္ဏေ တဗ္ဗအဖြစ်ဖြင့် တွေ့နေခြင်းမှာ စာပျက်နေခြင်းသာတည်း၊ အဋ္ဌကထာ၌ “ဂေါပါနသိဝင်္ကန္တိ ဂေါပါနသီ ဝိယ ဝင်္ကံ”ဟု ဖွင့်ထားသောကြောင့် “ဂေါပါနသီ ဝိယ ဝင်္ကံ”ဟူသော အဋ္ဌကထာပါဌ်ကို သံဝဏ္ဏေတဗ္ဗတည်ပါဌ်ပြုလုပ်မှသာ ဋီကာပါဌ်မှန်ဖြစ်နိုင်၏။ ထို့နောက် တဖန် “ဝင်္ကဂေါပါနသီ ဝိယ ဝင်္ကံ၊ နဟိ”ဟု ရှိရမည်ဖြစ်ပါလျက် “ဝင်္ကဂေါပါနသီ ဝိယ ဝင်္ကာနဥှိ”ဟု ပါဠိပျက်နေပြန်၏၊ ထို့ကြောင့် “ဂေါပါနသီ ဝိယ ဝင်္ကန္တိ ဝင်္ကဂေါပါနသီ ဝိယ ဝင်္ကံ၊ န ဟိ ဝင်္ကဘာဝဿ နိဒဿနတ္ထံ အဝင်္ကဂေါပါနသီ ဂယှတိ”ဟူသော အင်္ဂုတ္တိုရ်ဋီကာ၊ ဒု-၄၅ (တိကနိပါတ် ဒေဝဒူတသုတ်)အတိုင်း ဋီကာဝါကျရှိစေရမည်ဖြစ်ပါသည်၊ အဋ္ဌကထာ၌ “ဂေါပါနသီ ဝိယ”ဟု သာမာန်မျှ ဖွင့်ပြထားသောကြောင့် ကောက်သော အခြင်ယနယ်များသာမက ဖြောင့်သောအခြင်ယနယ်များပါ ဥပမာအဖြစ်ဖြင့် ပါဝင်နေလေ၏။ ယင်းသို့ မပါဝင်စေလိုရကားကောက်သော အခြင်ယနယ်များသာ သူအို၏ ဥပမာအဖြစ်ပါဝင်စေလိုသောကြောင့် “ဝင်္ကဂေါပါနသီ ဝိယ”ဟု ဋီကာဆရာက ဝင်္ကပုဒ်ဖြည့်စွက်ဖွင့်ရသည်။
၊ ဂေါပါနသီ ဝိယ ဝင်္ကံ-ဟူသည်ကား။
ဝင်္ကပေါပါနသီ ဝိယ၊ ကောက်သော အခြင်ယနယ်ကဲ့သို့။
ဝင်္ကံ၊ ကောက်သော။
(ပုရိသံ၊ ကို။)
ဟိ၊ မှန်၏။
(ဝင်္ကပေါပါနသီ ဝိယ၊ ဟု ဖွင့်ဆိုခြင်းသည် အမှန်ပင်ဖြစ်၏။)
ဝင်္ကဘာဝဿ၊ ကောက်သည်အဖြစ်ကို။
နိဒဿနတ္ထံ-၊ ညွှန်ပြခြင်းငှာ။
အဝင်္ကဂေါပါနသီ၊ မကောက်သော အခြင်ယနယ်ကို။
နဂယှတိ၊ မယူအပ်။
အာဘဂ္ဂဝင်္ကန္တိအာဘဂ္ဂဝင်္ကန္တိ ။ ။ မဟာပဒါနသုတ် ယခုအဋ္ဌကထာစာအုပ်၌ ဘောဂ္ဂဝင်္ကံ (ဘဂ္ဂဝင်္ကံ၊ သျာ)ဟူ၍ ပါဌ်နှစ်မျိုးတွေ့ရ၏၊ ဋီကာ၌ကား အစ၌ အာဒီဃနှင့်တကွ “ဘော”ဟု ဩသရဖြင့် “အာဘောဂ္ဂဝင်္ကံန္တိ”ဟု သံဝဏ္ဏေတဗ္ဗတည်ပါဌ် တွေ့ရ၏၊ “အာဘောဂ္ဂဝင်္ကန္တိ အာဒိတော ပဋ္ဌာယ အဗ္ဘုဂ္ဂတာယ ကုဋိလသရီရတာယ ဝင်္ကံ၊ တေနာဟ“ခန္ဓေ”တိအာဒိဟူ၍ လည်း ဖွင့်ထား၏။ ထိုဋီကာအဖွင့်ကို ရှု၍ ဘာသာဋီကာ၌
“အာဒိတော ပဋ္ဌာယ”သည် ရသင့်၍ ထည့်အပ်သော သံဝဏ္ဏနာတည်း၊ “အဗ္ဘုဂ္ဂတာယ” ကား “အာဘောဂ္ဂ”၏ အဖွင့်တည်း၊ မှန်၏- အာဘောဂ္ဂကို “အဘိ+ဥဂ္ဂ”ဟု ပုဒ်ခွဲသောအခါ အဗ္ဘုဂ္ဂတနှင့် အနက်တူ၏။ အဘိဥဂ္ဂစ္ဆတီတိ အဘုဂ္ဂံ (ကုဋိလသရီရံ) အဘုဂ္ဂံယေဝ (သွတ္ထ၌ ဏပစ္စည်းသက်၌) အာဘောဂ္ဂံ၊ အဘိ၌ အကို အာပြု၊ ဘိ၌ ဣကို ချေ။ နောက် ဥကို ဩပြု၊ ဤအဖွင့်ကို ထောက်၍ ပါဠိတော်အဋ္ဌကထာတို့၌ “အာဘောဂ္ဂံ”ဟု ရှိရမည်၊ ဤသို့ ဘာသာဋီကာ ဖွင့်ဆိုထား၏။
သို့သော် အကယ်၍ အာဘောဂ္ဂံသဒ္ဒါကို “အဘိ+ဥဂ္ဂ”ဟု ပုဒ်ဖြတ်၍ အဗ္ဘုဂ္ဂတသဒ္ဒါနှင့် အနက်တူ ပြုလိုက်ပါက ထိုအာဘောဂ္ဂသဒ္ဒါသည် “အထက်သို့ မြင့်တက်သူ”ဟူသော အနက်ဟော ပုဒ်သာဖြစ်နိုင်၏။ “ကုဋိလသရီရ”ဟူ၍ ဘာသာဋီကာ ပြထားသော “ကောက်သော (ကုန်းသော) သူ”ဟူသော အနက်ဟောပုဒ် မဖြစ်နိုင်ပါ။ ထို့ကြောင့် အလားတူ ပါဠိတော်နှင့် အဖွင့်များကို ကြည့်ရှုသောအခါ -
ဤနေရာမျိုး ပါဠိတော်အားလုံးတို့၌ “ဘောဂ္ဂံ”ဟုသာ ရှိပြီး မူလပဏ္ဏာသအဋ္ဌကထာ (ပ-၃၆၅၊ မဟာဒုက္ခက္ခန္ဓသုတ်)နှင့် အင်္ဂုတ္တိုရ်တိကနိပါတ်အဋ္ဌကထာ (ဒု-၁၁၈၊ ဒေဝဒူတသုတ်) တို့၌ “ဘောဂ္ဂန္တိ ဘဂ္ဂံ၊ ဣမိနာပိဿ ဝင်္ကဘာဝမေဝ ဒီပေတိ”ဟူ၍ ဖွင့်သည်ကို ထောက်၍ “ပလ္လင်္ကံ အာဘုဇိတွာ၊ ဘုဇဂ, ဘုဇင်္ဂမ (မြွေ)”ပုဒ်တို့၌ကဲ့သို့ ကောဋိလျ (ကောက်ကွေးခြင်း) အနက်ဟော ဘုဇဓာတ်၊ ကတ္တားဟောဏျပစ္စည်း (တနည်း) ဘဂ္ဂံကဲ့သို့ တပစ္စည်းဖြင့် “ဘုဇတိ ကုဋိလော ဘဝတီတိ ဘောဂ္ဂေါ”ဟု ဝစနတ္ထပြု၍ ဘောဂ္ဂပုဒ်သည် ကောက်သော သူ, ကုန်းသော သူဟူသော အနက်ကို ဟော၏၊ ထိုကောက်သော သူသည်လည်း သာမန်အနည်းငယ်မျှကောက် သည်မဟုတ်ဘဲ ခန္ဓာကိုယ်ကို ချိုးခေါက်ထားသကဲ့သို့ အလွန်အမင်း ကောက်သူဖြစ်ကြောင်းသိ စေလို၍ “ဘဂ္ဂံ”ဟု အဋ္ဌကထာဖွင့်ခြင်းဖြစ်၏။ ထို့ကြောင့် -
ဘောဂ္ဂန္တိ အတိဝိယ ဝင်္ကတာယ ဘောဂ္ဂံ၊ တာဒိသံ ပန သရီရံ ဘဂ္ဂံ ဝိယဟောတီတိ အာဟ “ဘဂ္ဂ”န္တိ၊ တေနာဟ “ဣမိနာ ပိဿ ဝင်္ကဘာဝမေဝ ဒီပေတီတိ” မူလပဏ္ဏာသဋီကာ၊ ဒု-၄၅။ ဘဂ္ဂန္တိ ဘဂ္ဂသရီရံ၊ ကဋီယံ ဘဂ္ဂကာယတ္တာ။ အင်္ဂုတ္တိုရ်ဋီကာ၊ ဒု-၁၁၅၊ ဤအဖွင့်တို့ကိုထောက်၍ “ဘောဂ္ဂံ”ဟူသော သြသရနှင့် တကွသော ပါဠိတော်ကို အသရဖြင့် “ဘဂ္ဂံ”ဟု ဖွင့်သည်မှာ အလွန်ထင်ရှားနေသောကြောင့် အဋ္ဌကထာသံဝဏ္ဏနာပါဌ်၌ ရဿဖြင့် “ဘဂ္ဂ”ဟု ရှိသင့်သည်မှာ သေချာလှပါသည်၊ ထို့ကြောင့် ဤမဟာပဒါနသုတ် ဋီကာပါဌ်ကိုလည်း အစ၌ အာဥပသာရနှင့် တကွ “အာဘဂ္ဂဝင်္ကံ”ဟု ပြင်ထားလိုက်ပါသည်။
ထို့အပြင် ဤမဟာပဒါနသုတ်အဋ္ဌကထာ၌ “ဘောဂ္ဂန္တိ ခန္ဓေ ကဋိယံ ဇာဏူသူတိ တီသု ဌာနေသု ဘောဂ္ဂဝင်္ကံ (ဘဂ္ဂဝင်္ကံ-သျာမူ) ပခုံးလည်ကုပ်, ခါး, ပုဆစ်ဒူးဝန်း၊ ဤသုံးဌာန တို့၌ ချိုးထားအပ်သကဲ့သို့ ကောက်သောသူ-ဟူ၍ အခြား အဋ္ဌကထာတို့ထက် တိုးချဲ့ဖွင့်ထား၏။ ထိုအဋ္ဌကထာအဖွင့်ဝါကျ၏ “ဘဂ္ဂဝင်္ကံ”နေရာဝယ် “အာဘဂ္ဂဝင်္ကံ”ဟု တည်ပါဌ်ပြု၍ ဋီကာ ဖွင့်ရာ၌ “အာဒိတော ပဋ္ဌာယ”သည် “အာဘဂ္ဂဝင်္ကံ”မှ အာဥပသာရ၏ အဖွင့်ဖြစ်ပြီး “အဗ္ဘုဂ္ဂတာယ”သည် အဓိပ္ပါယ်ရအောင် အပိုထည့်သော ပါဌ်ဖြစ်သည်ဟု ယူဆ၏။ ထိုအဖွင့်၏ ဆိုလိုရင်းမှာ - ရှေးဦးစွာ ဒူးဆစ်၌ ကောက်၏။ ထို့နောက် ခါး၌ကောက်၏။ ပခုံးလည်ကုပ်၌ ကောက်၏။ ဤသို့အားဖြင့် အစမှ စ၍ အထက်သို့ တက်လျက် သုံးဌာနတို့၌ ခန္ဓာကိုယ်ကို ချိုးခေါက်ထားသကဲ့သို့ အလွန်အမင်းကောက်သည်ဟု ဆိုလို၏ဟု စဉ်းစားမိပါသည်။ ၊ အာဘဂ္ဂဝင်္ကံဟူသည်ကား။ အာဒိတော၊ အစမှ။ ပဋ္ဌာယ၊ စ၍။ အဗ္ဘုဂ္ဂတာယ၊ မြင့်တက်သော။ ကုဋိလသရီရတာယ၊ ကောက်သော ခန္ဓာကိုယ်ရှိသည် အဖြစ်အားဖြင့်။ ဝင်္ကံ၊ ကောက်သော။ (ပုရိသံ၊ ကို။)

တေန၊ ထို့ကြောင့် (ထိုသို့ အစမှစ၍ မြင့်တက်လျက် ကောက်သော ကိုယ်ရှိခြင်းအားဖြင့် ကောက်သည် အဖြစ်ကြောင့်)။
အာဟ၊ အဋ္ဌကထာဆရာဖွင့်ဆိုသည်ကား။
ခန္ဓေတိ အာဒိ၊ ခန္ဓေအစရှိသည်တည်း။
ဧတဿ၊ ထိုလူ၏။
ဝါ၊ ထိုလူမှာ။
ဒဏ္ဍပရံ၊ အလွန်အကဲ တုတ်ကိုင်စွဲရခြင်းရှိသော။
ဒဏ္ဍဂ္ဂဟဏပရံ၊ အလွန်အကဲ တုတ်ကိုင်စွဲရခြင်းရှိသော။
အယနံ၊ သွားရခြင်းသည်။
ဂမနံ၊ သွားရခြင်းသည်။
(အတ္ထိ၊ ရှိ၏။)
ဣတိ၊ ထို့ကြောင့်။
(ထိုသို့ အလွန်အကဲတုတ်ကိုင် စွဲရခြင်းရှိသော သွားခြင်းရှိသည်အဖြစ်ကြောင့်။)
ဒဏ္ဍပရာယဏံဒဏ္ဍပရာယဏံ။ ။ ဋီကာ၌ ဤပုဒ်ကို နှစ်နည်းဖွင့်ရာတွင် ပဌမနည်း၌ ဒဏ္ဍသဒ္ဒါ၌ တုတ်တောင်ဝှေးကိုသာမက တုတ်တောင်ဝှေးကို ကိုင်စွဲရခြင်း (ဂဟဏကြိယာ)တိုင်အောင် ဌာနူပစာရအားဖြင့် ယူ၍ ဒဏ္ဍော ပရံ (အဓိကံ) ယဿ အယနဿာတိ ဒဏ္ဍပရံ (အလွန်အကဲ တုတ်ကိုင်စွဲရခြင်းရှိသော သွားခြင်း၊) တနည်းအားဖြင့် ဒဏ္ဍဿ ဂဟဏံ ဒဏ္ဍဂ္ဂဟဏံ၊ ဒဏ္ဍဂ္ဂဟဏံ ပရံ (အဓိကံ) ယဿ အယနဿာတိ ဒဏ္ဍဂ္ဂဟဏပရံ-ဟု ဆိုလိုလျက် ဂဟဏပုဒ် ကို ချေ၍ ဒဏ္ဍပရံ-ဟု ရှိရသည်။ ထို့နောက် “ဒဏ္ဍပရံ အယနံ ဂမနံ ဧတဿ ပုရိသဿာတိ ဒဏ္ဍပရာယနော”ဟူ၍ ဋီကာအတိုင်း ဝစနတ္ထပြု။
ဒုတိယနည်းဋီကာ ဖွင့်ရာ၌မူ “အာယနံ ဂမနကာရကံ”ဟူသည်နှင့် အညီ “အယတိ ဂစ္ဆတိ ဧတေန ဒဏ္ဍေနာတိ အာယနံ (အယနံ)- သွားကြောင်းဖြစ်သော တုတ်တောင်ဝှေး”ဟု ဝစနတ္ထပြု၍ တုတ်တောင်ဝှေးကို အဘိဓေယျကောက်ရသောကြောင့် ဒဏ္ဍပုဒ်အရလည်း ပဌမ နည်းကဲ့သို့ ဂဟဏကြိယာတိုင်အောင် မယူရတော့ဘဲ တုတ်တောင်ဝှေးကိုသာ ယူရတော့၏။ အာယနံ-ဟု အာဒီဃဖြင့် ဋီကာရှိသော်လည်း၊ ပဌမနည်း၌ကဲ့သို့ “အယနံ”ဟု ရဿဖြင့်လည်း ရှိနိုင်ပါ၏၊ ပရံ(အဓိကံ) အာယနံ ပရာယဏံ- အလွန်အကဲ ကိုင်စွဲသွားကြောင်းဖြစ်သော တုတ်၊ ဒဏ္ဍော ပရာယဏံ ဧတဿ ပုရိသဿာတိ ဒဏ္ဍပရာယဏော။ ၊ ဒဏ္ဍပရာယဏ မည်သော။ ဝါ၊ အလွန်အကဲ တုတ်ကိုင်စွဲခြင်းရှိကာ သွားရခြင်းရှိသော။ (ပုရိသံ၊ လူကို။) [ပါဠိတော်အတိုင်း ဒုတိယာဝိဘတျန္တထားခြင်းဖြစ်၏။] ဝါ၊ တနည်းကား။ ဧတဿ၊ ထိုလူ၏။ ဝါ၊ မှာ။ ဒဏ္ဍော၊ ထုတ် (တောင်ဝှေး)တည်းဟူ သော။ ပရံ၊ အလွန်အကဲ။ အာယနံ၊ သွားရကြောင်းသည်။ ဂမနကာရဏံ၊ သွားရခြင်း၏ အကြောင်းသည်။ (အတ္ထိ၊ ရှိ၏။) ဣတိ၊ ထို့ကြောင့်။ (ထိုသို့ တုတ်တောင်ဝှေးဟူသော အလွန်အကဲ ကိုင်စွဲသွားရကြောင်းရှိသည်အဖြစ်ကြောင့်။) ဒဏ္ဍပရာယဏံ၊ ဒဏ္ဍပရာယဏ မည်သော။ ဝါ၊ တုတ်တောင်ဝှေးဟူသော အလွန်အကဲ ကိုင်စွဲသွားရကြောင်းရှိသော။ (ပုရိသံ၊ ကို။) ဧတဿ၊ ထိုလူ၏။

ဌာနာဒီသု၊ ရပ်ခြင်းအစရှိသည်တို့၌။
ဒဏ္ဍော၊ တုတ် ဟူသော။
ဂတိ၊ ဖြစ်ရာ, တည်မှီရာသည်။
အဝဿယေ၊ မှီခိုအားထားရာသည်။
(အတ္ထိ၊ ရှိ၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။)
တေန၊ ထိုတုတ်နှင့်။
ဝိနာ၊ ကင်း၍။
အပ္ပဝတ္တနတော၊ မဖြစ်နိုင်သည်အဖြစ်ကြောင့်တည်း။
ဣတိ၊ ထို့ကြောင့်။
ဒဏ္ဍဂတိကံ၊ ဒဏ္ဍဂတိကမည်သော။
ဝါ၊ တုတ်ဟူသော ဖြစ်ရာ မှီခိုရာရှိသော။
(ပုရိသံ)
ဝါ၊ တနည်းကား။
ဧတေန၊ ဤတုတ်ဖြင့်။
(ပုရိသော၊ လူသည်။)
ဂစ္ဆတိ၊ သွားရ၏။
ဝါ၊ သွားရ ရပ်ရ၏။
ဣတိ၊ ထို့ကြောင့်။
(သာ၊ ထိုတုတ်သည်။)
ဂတိ၊ ဂတိမည်၏။
ဧတဿ၊ ထိုလူ၏။
ဒဏ္ဍော၊ တုတ်ဟူသော။
ဂတိ၊ သွားရကြောင်း ပစ္စည်းဝတ္ထုသည်။
ဂမနကာရဏံ၊ သွားရခြင်း၏ အကြောင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထို့ကြောင့်။
ဒဏ္ဍဂတိကံ၊ ဒဏ္ဍဂတိကမည်သော။
ဝါ၊ တုတ်ဟူသော သွားရကြောင်း ပစ္စည်းဝတ္ထုရှိသော။
(ပုရိသံ၊ ကို။)
ဒဏ္ဍပဋိသရဏန္တိ ဧတ္ထာပိ၊ ဒဏ္ဍပဋိသရဏံ-ဟူသော ဤပါဌ်၌လည်း။
ဧသေဝ နယော၊ ဤနည်းသည်သာ လျှင်တည်း။
ဇရာတုရန္တိ၊ ကား။
ဇရာယ၊ အိုမင်းခြင်းကြောင့်။
ကိလန္တံ၊ ပင်ပန်းနေသော။
အဿဝသံ၊ မိမိ၏ အလိုဆန္ဒမပါရှိသော။
ဝါ၊ မိမိ၏ အလိုဆန္ဒ အတိုင်းမဖြစ်နိုင်သော။
(ပုရိသံ)
ယဒါ ရထော ပူရတော ဟောတီတိ၊ ဟောတိဟူသည်ကား။
ဒွေဓာ ပထေ၊ နှစ်ဖြာကွဲသော လမ်းသည်။
သမ္ပတ္တေ၊ ဆိုက်ရောက်တွေ့ကြုံလာလသော်။
ဗလကာယေ၊ စစ်သည်အပေါင်းသည်။
ပုရတော၊ ရှေ့၌။
ဝါ၊ ရှေ့က။
ဂစ္ဆန္တေ၊ သွားလသော်။
တတ္ထ၊ ထိုနှစ်ဖြာကွဲသော လမ်းတို့တွင်။
ဧကံ၊ တစ်ခုသော။
သဏ္ဌာနံ၊ ကောင်းမွန် ညီညာစွာ တည်ရှိသော လမ်းပေါ်သို့။
အာရုဠှော၊ တက်ရောက်သည်။
(ဟုတွာ၊ ဖြစ်၍။)
မဇ္ဈေ၊ စစ်တပ်၏ အလယ်၌။
ဂစ္ဆန္တော၊ သွားသော။
ဗောဓိသတ္တေန၊ ဘုရားအလောင်းတော် သည်။
အာရုဠှော၊ တက်စီးအပ်သော။
ရထော၊ ရထားသည်။
ဣတရံ၊ နောက်ထပ် တစ်ခုသော။
သဏ္ဌာနံ၊ ကောင်းစွာတည်ရှိသော လမ်းသို့။
ဂစ္ဆန္တော၊ ရောက်လသော်။
ယဒါ၊ အကြင်အခါ၌။
ပုရတော၊ စစ်တပ်၏ ရှေ့၌။
ဝါ၊ ရှေ့က။
ဟောတိ၊ ဖြစ်၏။
ပစ္ဆာ ဗလကာယောတိ၊ ကား။
တဒါ၊ ထိုအခါ၌ (ဘုရားအလောင်းတော် စီးအပ်သော ရထားက နောက်ထပ်တစ်ခုသော လမ်းသို့ ရောက်၍ စစ်တပ်၏ ရှေ့ကဖြစ်ရာ ထိုအခါ၌)။
သဗ္ဗော၊ အားလုံးသော။
ဗလကာယော၊ စစ်သည်ဗိုလ်ပါအပေါင်းသည်။
ပစ္ဆာ၊ ဘုရား အလောင်းတော်ရထား၏ နောက်၌။
ဟောတိ၊ ဖြစ်၏။
[လမ်းနှစ်ခုအဆုံသို့ ရောက်လသော် စစ်တပ်က ရှေ့က သွားရာဝယ် ထိုလမ်းနှစ်ခုတွင် တစ်ခုသော လမ်းခွဲသို့ ရောက်သွား သော ရထားသည် စစ်တပ်၏ အလယ်ပိုင်းသို့ ရောက်လျက်ရှိနေလေ၏။ထိုနှစ်ဖြာကွဲ သော လမ်းတို့ ပြန်ပေါင်းဆုံမိသဖြင့် တစ်ခုတည်းဖြစ်သွားသော ဒုတိယလမ်းပိုင်းသို့ ရထားရောက်သွားသောအခါ၌မူ ရထားက ရှေ့က သွား၍ စစ်တပ်က နောက်ကျန်ရစ် လေ၏။]
တာဒိသေ ဩကာသေတိ၊ ကား။
တာဒိသေ၊ ထိုကဲ့သို့ ရှုအပ်သော။
ဝုတ္တပ္ပကာရေ၊ (ဣတရံ သဏ္ဌာနံ-စသည်ဖြင့်) ဆိုအပ်ပြီးသော အပြားရှိသော။
မဂ္ဂပ္ပဒေသေ၊ ဒုတိယ လမ်းပိုင်းအရပ်၌။
(ဒဿိတံ၊ ၌စပ်။)
တံ ပုရိသန္တိ၊ ကား။
တံ ဇိဏ္ဏပုရိသံ၊ ထိုအိုမင်းနေသော လူယောက်ျားကို။
(ပဿိတွာ)
သုဒ္ဓါဝါသာတိ၊ ကား။
သိဒ္ဓတ္ထာဒီနံ၊ သိဒ္ဓတ္ထအစရှိကုန်သော။
တိဏ္ဏံ၊ သုံးဆူကုန်သော။
သမ္မာသမ္ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။
(ဝိပဿီမြတ်စွာ ဘုရား မပွင့်ထွန်းမီ ရှေးကပွင့်ထွန်းတော်မူကြသော သိဒ္ဓတ္ထမြတ်စွာဘုရား, တိဿမြတ်စွာ ဘုရား, ဖုဿမြတ်စွာဘုရားတို့၏။)
သာသနေ၊ သာသနာတော်၌။
ဗြဟ္မစရိယံ၊ မြတ်သော အရိယမဂ်အကျင့်ကို။
စရိတွာ၊ ကျင့်ကြကုန်၍။
သုဒ္ဓါဝါသဘူမိယံ၊ သုဒ္ဓါဝါသဘုံ၌။
နိဗ္ဗတ္တဗြဟ္မာနော၊ ဖြစ်သော ဗြဟ္မာတို့သည်။
(ဒဿေသုံ၊ ၌စပ်။)
ဟိ၊ မှန်၏။
တေ၊ ထိုဗြဟ္မာတို့သည်။
တဒါ၊ ထိုအခါ၌။
(ဝိပဿီဘုရား အလောင်းတော်မင်းသား၏ ဥယျာနဘူမိသို့ ထွက်ခွာသွားရာအခါ၌။)
တတ္ထ၊ ထိုသုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌။
တိဋ္ဌန္တိ၊ တည်ရှိ နေကြကုန်၏။
ကိံပနေသော ဇိဏ္ဏော နာမာတိ၊ ကိံပနေသော ဇိဏ္ဏောနာမ- ဟူသောပါဌ် ဖြင့်။
(ဒဿေတိ၊ ၌စပ်။)
တယာ၊ အသင်ရထားထိန်းသည်။
ဝုစ္စမာနော၊ ပြောဆိုအပ်သော။
ဧသော
(ဇိဏ္ဏော နာမ)၊ ဤသူအိုမည်သည်။
အတ္ထတော၊ အနက်ဒြပ် အကောင်အထည် အားဖြင့်။
ကိံ၊ အဘယ်ပါနည်း။
မေ၊ ငါ့အား။
တံ၊ ထိုသူအိုမည်သော သူကို။
နိဒ္ဓါရေတွာ၊ အကောင်အထည်ထုတ်ပြ၍။
ကထေဟိ၊ ပြောပါလာ (သံတော်ဦးတင်စမ်းပါလော)။
ဣတိ၊ ဤသို့သော ဆိုလိုရင်းအနက်အဓိပ္ပါယ်ကို။
ဒဿေတိ၊ ပြ၏။
[ဇိဏ္ဏဖြစ်သော ပုရိသကို မေးသည်ဖြစ်လျှင် “ကော ပနေသော ဇိဏ္ဏော နာမ”ဟူ၍ ပုလ္လိင် “ကော”သဒ္ဒါ ဖြင့် မေးသင့်ပါလျက် အဘယ့်ကြောင့် နပုလ္လိင် “ကိံ” သဒ္ဒါဖြင့် မေးပါသနည်းဟု စောဒနာ ဖွယ်ရှိသောကြောင့် “အနိဒ္ဓါရိတသရူပတ္တာ”စသည်မိန့်။]
ဟိ၊ ချဲ့ဦးအံ့။
အတ္တနော၊ မိမိ၏။
ဝါ၊ မိမိဟူသော ဘုရားအလောင်းတော်မင်း သား၏။
(စိတ္တေ၊ စိတ်ထဲ၌။)
တဿ၊ ထိုဇိဏ္ဏဖြစ်သော လူ၏။
ဝါ၊ ထိုဇိဏ္ဏဖြစ်သော လူသည်။
ဝါ၊ ကို။
အနိဒ္ဓါရိတသရူပတ္တာ၊ ထုတ်ဆောင်အပ်ပြီးသော အထည်ကိုယ် သရုပ်သဘောမရှိသည်အဖြစ်ကြောင့်။
ဝါ၊ အထည်ကိုယ် သရုပ်သကောင်ထုတ်ဆောင် အပ်ပြီးမဟုတ်သည်အဖြစ်ကြောင့်။
ဗောဓိသတ္တော၊ ဘုရားအလောင်းတော်သည်။
လိင်္ဂသဗ္ဗနာမေန၊ နပုံလိင်ဖြစ်သော သဗ္ဗနာမ်ပုဒ်ဖြင့်။
ဝါ၊ အားလုံးစုံသော အနက်ဒြပ်တို့၏ နာမည်ဖြစ်သော နပုလ္လိင်ပုဒ်ဖြင့်။
တံ၊ ထိုဇိဏ္ဏဖြစ်သော လူကို။
ဝဒန္တော၊ ခေါ်ဆိုသည်။
(ဟုတွာ၊ ဖြစ်၍။)
ကိန္တိ၊ ကိံဟူ၍။
အာဟ၊ မိန့်ဆိုတော်မူပြီ။
ယထာ၊ ဥပမာပြရသော်ကား။
ကိံ တေ ဇာတန္တိ
ယထာ “ကိံ တေ ဇာတ”န္တိ။ ။ ဤနေရာဋီကာစာမူသည် ပါဠိပျက်ယွင်းခြင်း မရှိသော်လည်း “ယထာ ကိံ, တေ ဇာတန္တိ ဒွယမေဝ ဟိ”ဟု စာရိုက်ပုံမကောင်းလှ၊ ပခုက္ကူ ဆရာတော်ကြီး၏ အဋ္ဌကထာနိဿယ၌ “ယထာ ကိံ တေ ဇာတန္တိ။ ဒွယမေဝ ဟိ”စသည်ဖြင့် ပုဒ်ခွဲပြီး မြန်မာစကားပြေပြန်ဆိုထား၏။ ဤဋီကာနိဿယ၌ ထိုပြန်ဆိုချက်ကို နည်းမှီး၍ အနက်ပေးထားခြင်းဖြစ်၏။ ဘုရားအလောင်းတော်က ဇိဏ္ဏဖြစ်နေသော ပုရိသကို မေးမြန်းရာ၌ “ကော ပနေသော ဇိဏ္ဏောနာမ”ဟု ပုလ္လိင်ဖြင့် မေးသင့်သော်လည်း ထိုဇိဏ္ဏဆိုသူသည် မည်သူမည်ဝါဖြစ်သည်ဟု မသဲကွဲသေးသောကြောင့် အများဆိုင်သဗ္ဗနာမ် နပုလ္လိင်ပုဒ်ဖြင့် “ကိံ”ဟု မေးမြန်းတော်မူ၏၊ အများဆိုင် သာမညအနက်ကို ဆိုလိုရာ၌ ပုလ္လိင်, နပုလ္လိင် တစ်ခုခုဖြင့် ညွှန်ပြရသည်ဟု သဒ္ဒါကျမ်းဆရာတို့ မိန့်ဆိုကြောင်းကိုလည်း “သာမညေ ဘိမတေ သဒ္ဒေါ, နိဒ္ဒိဿတိ ပုမေနဝါ၊ နပုံသကေနဝါပီတိ သဒ္ဒသတ္ထဝိဒူ ဝိဒုံ”ဟူ၍ မာလာဝတာရ(ဂါထာ) မိန့်ဆို၏။
{{nissaya|| ကိံ တေ ဇာတံဟူသည်တည်း။}}
[တေ၊ သင်၏။
ဇာတံ၊ မွေးဖွားသော သူငယ်သည်။
ကိံ၊ မိန်းမ, ယောက်ျား ထိုးနှစ်စားတွင် အဘယ်နည်း။]
ဟိ၊ ချဲ့ဦးအံ့။
လောကေ၊ လောက၌။
ယေဘုယျတော၊ များသောအားဖြင့်။
ဣတ္ထီဝါ၊ မိန်းမသည်သော် လည်းကောင်း။
ပုရိသော ဝါ၊ ယောက်ျားသည်သော်လည်းကောင်း။
ဒွယမေဝ၊ နှစ်မျိုး သည်သာလျှင်။
ဇာယတိ၊ မွေးဖွား၏။
တထာပိ၊ ထိုနှစ်မျိုးသာ မွေးဖွားပါသော်လည်း။
တံ၊ ထိုမိန်းမ ယောက်ျား နှစ်မျိုးကို။
လိင်္ဂသဗ္ဗနာမေန၊ ဖြင့်။
ဝုစ္စတိ၊ ဆိုအပ်၏။
(ကိံတေ ဇာတံ၊ ဟူ၍ နပုလ္လိင်ဖြင့် ဆိုအပ်၏။)
ဣဒံ၊ ဤကိံ ပနေ သော ဇိဏ္ဏော နာမ-ဟူသော စကားကို။
ဧဝံ သမ္ပဒံ၊ ဤပုံမယွင်းဖြစ်ခြင်းရှိ၏ဟူ၍။
ဝေဒိတဗ္ဗံ၊ သိထိုက်၏။
ကိံ ဝုတ္တံ ဟောတီတိ အာဒိ၊ ကိံ ဝုတ္တံ ဟောတိ-အစရှိသော စကားသည်။
တဿ၊ ထို ဇိဏ္ဏဖြစ်သော ပုရိသ၏။
အနိဒ္ဓါရိတသရူပတံ ယေဝ၊ အထည် ကိုယ် သရုပ်သကောင်ထုတ်ဆောင်အပ်ပြီး မဟုတ်သည် အဖြစ်ကိုသာလျှင်။
ဝိဘာဝေတိ၊ ထင်ရှားပြ၏။
တေန ဟီတိအာဒိ၊ တေန ဟိ-အစရှိသော စကားတော်သည်။
[ဝိဘာဝနံ၊ ၌စပ်။]
အယဉ္စ ဇိဏ္ဏဘာဝေါ၊ ဤအိုမင်းရင့်ရော်ခြင်းသဘောသည်လည်း။
သဗ္ဗသာဓာရဏတ္ထာ၊ အားလုံးသော သတ္တဝါတို့နှင့် သက်ဆိုင်သည်အဖြစ်ကြောင့်။
မယှမ္ပိ၊ ငါ၏လည်း။
ဥပရိ၊ အထက်၌။
အာပတ္တိကောဧဝ၊ ရောက်နေသည်သာတည်း။
[ဤနေရာ၌ “ဇိဏ္ဏဘာဝေါ” နှင့် ကိုက်ညီအောင် “အာပတ္တိကော”ဟု ပြင်လိုက်ပါ၏။]
ဣတိ၊ ဤသို့။
မဟာသတ္တဿ၊ ဘုရားအလောင်းတော်၏။
သံဝိဇ္ဇနာကာရဝိဘာဝနံ၊ ထိတ်လန့်ပုံအခြင်းအရာကို ပြသော စကားတည်း။
ရထံ၊ ရထားကို။
သာရေတိ၊ သွားစေတတ်၏။
ဝါ၊ သွားအောင် မောင်းနှင် တတ်၏။
ဣတိ၊ ထို့ကြောင့်။
သာရထိ၊ သာရထိ(ရထားထိန်း)မည်၏။
ဧတံ၊ ဤနေရာဌာန သို့။
ကီဠာဝိဟာရတ္ထံ၊ မြူထူးပျော်ပါးခြင်းအားဖြင့် နေခြင်းအကျိုးငှာ။
ဝါ၊ နေခြင်းကိစ္စကို။
ဥယျုတ္တာ၊ အားထုတ်သူတို့သည်။
ယန္တိ ဥပဂစ္ဆန္တိ၊ ကပ်ရောက်ကြကုန်၏။
ဣတိ၊ ထို့ကြောင့်။
(ထိုသို့ မြူးထူးပျော်ပါးခြင်းကိစ္စကို အားထုတ်သူတို့ ကပ်ရောက်အပ်သည် အဖြစ်ကြောင့်။)
တံ၊ ထိုနေရာဌာနသည်။
ဥယျာနံ၊ ဥယျာဉ်မည်၏။
[အဝုတ္တကမ္မသာ၊ ဓနတည်း။]
အလန္တိ၊ အလံဟူသော သဒ္ဒါသည်။
ပဋိက္ခေပဝစနံ၊ ငြင်းပယ်ကြောင်းဖြစ်သော သဒ္ဒါတည်း။
နာမာတိ၊ နာမဟူသော သဒ္ဒါသည်။
ဂရဟဏေ၊ ကဲ့ရဲ့ခြင်းအနက်၌။
(ပဝတ္တော၊ ဖြစ်သော။)
နိပါတော၊ နိပါတ်ပုဒ်တည်း။
ကထဉှိနာမာတိ အာဒီသုဝိယ၊ ကထဉှိ နာမ အစရှိသော ပါဠိတော်တို့၌ ကဲ့သို့တည်း။
ဇာတိယာ၊ ဘဝအသစ်ဖြစ်ခြင်း ဇာတိ၏။
အာဒီနဝဒဿနံဇာတိယာ အာဒီနဝဒဿနံ။ ။ ယခုဋီကာစာမူ၌ “ဇာတိယာ အာဒီနဝဒဿနတ္ထံ” စသည်ဖြင့် စာကြောင်းနှစ်ကြောင်းလောက် ပျက်ယွင်းနေ၏၊ စာပျက်သည့်အတိုင်းအနက်ပေးလျှင် လည်း အနက်ပျက်ပင် ဖြစ်၏။ ထို့ကြောင့် မိမိ၏ အတ္တနောမတိဖြင့် ဋီကာဝါကျကို ပြင်ရသော်ဇာတိယာ အာဒီနဝဒဿနံ တမ္မူလဿ ဥမ္မူလနံ ဝိယ ဟောတိ၊ တဿ စ အဝဿိတဘာဝတောတိ ဒဿနတ္ထံ “ဇာတိယာ မူလံ ခဏန္တော နိသီဒိ”တိ အာဟ-ဟူသည်တည်း။ ယင်းသို့ ပြင်၍ အနက်ပေးလိုက်သည့်အတွက် အဓိပ္ပါယ်ပေါ်လွင်နေပုံမှာ -
ဘုရားအလောင်းတော်သည် သူအိုကို မြင်ပြီးသောအခါ “ငါလဲ အိုရဦးမှာပါတကား”ဟု စဉ်းစားပြီးနောက် ထိုဇရာ၏အကြောင်းမှာ ဇာတိဖြစ်သည်ဟု ဇရာ၏ အကြောင်းကို စဉ်းစားမိ ပြန်၏။ ထို့ကြောင့် - ဓီရတ္ထု ကိရ ဘော ဇာတိ နာမ၊ ယတြ ဟိ နာမ ဇာတဿ ဇရာ ပညာယိဿတိ (ဘဝအသစ် ဇာတိဖြစ်လာသောကြောင့် အိုမင်းရင့်ရော်မှု ဇရာလဲ ထင်ရှားပေါ်လာဘိ၏။ ထိုဇာတိသည် စက်ဆုပ်ဖွယ်ပါတကား၊)ဟူ၍ ဇာတိ၏ အပြစ်ကို မြင်လာ၏။ ယင်းသို့ မြင်လာခြင်းသည် “ဘာ့ကြောင့် ဇာတိ ဖြစ်ပေါ်လာရသနည်း”ဟု ဇာတိ၏ အကြောင်းရင်းကို ရှာဖွေ တူးဖြိုခြင်းကဲ့သို့ဖြစ်၏။ ဘာ့ကြောင့်နည်း? ဇာတိ၏ အကြောင်းရင်းသည်လည်း မချွတ် ဧကန်ရှိရမည်ဖြစ်သောကြောင့်တည်း။ ဤသို့သော အဓိပ္ပါယ်ပေါ်လွင်နေသည့်အတိုင်း ဋီကာပါဠိဝါကျကို ပြင်လိုက်ခြင်းဖြစ်ပါသည်) ထိုဝါကျ “အဝဿိတ”ပုဒ်၌ ဧတဗ္ဗော ဘဝိတဗ္ဗောတိ ဣတော၊ အဝဿံ ဣတော အဝဿိတော-ဟု ဝစနတ္ထပြု၊ နိဋ္ဌံ ဣတောတိ နိဋ္ဌိတော-ကဲ့သို့တည်း။ ၊ အပြစ်ကို မြင်ခြင်းသည်။ တံမူလဿ၊ ထိုဇာတိ၏ အကြောင်းရင်း၏။ ဝါ၊ ရင်းကို။ ဥမ္မူလနံဝိယ၊ တူးဖြိုဆွဲနုတ်ခြင်းကဲ့သို့။ ဝါ၊ စူးစမ်းရှာဖွေခြင်း ကဲ့သို့။ ဟောတိ၊ ဖြစ်၏။ (ကသ္မာ၊ အဘယ့်ကြောင့်။ တမ္မူလဿ၊ ၏။ ဝါ၊ ကို။ ဥမ္မူလနံ ဝိယ၊ ကဲ့သို့။ ဟောတိ၊ ဖြစ်သနည်း။) တဿ စ၊ (ဇာတိသာမက)ထိုဇာတိ၏ အကြောင်းရင်း၏လည်း။ ဝါ၊ သည်လည်း။ ဝါ၊ ကိုလည်း။ အဝဿိတဘာဝတော၊ မချွတ်ဧကန်ရှိရမည်အဖြစ်ကြောင့်။ ဝါ၊ မချွတ်ဧကန်ရှိရမည်ဟု စူးစမ်းရှာဖွေသည်အဖြစ်ကြောင့်။ (တမ္မူလဿ၊ ၏။ ဝါ၊ ကို။ ဥမ္မူလနံ ဝိယ၊ သို့။ ဟောတိ၊ ဖြစ်၏။) ဣတိ၊ ဤသို့သော အနက်ကို။ ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှာ။ ဝါ၊ ပြလိုခြင်းဟူသော အကြောင်း ကြောင့်။ “ဇာတိယာ မူလံ ခဏန္တော နိသီဒီတိ၊ နိသီဒိ-ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။

(ကသ္မာ၊ အဘယ်ကြောင့်။
တဿ စ၊ ၏လည်း။
အဝဿိတဘာဝေါ၊ မချွတ်ဧကန်ရှိ ရမည်အဖြစ်သည်။
ဝါ၊ မချွတ်ဧကန်ရှိရမည်ဟု စူးစူမ်းရှာဖွေခြင်းသည်။
ဟောတိ၊ ဖြစ်သနည်း။)
ဟိ (ယသ္မာ)၊ အကြင်ကြောင့်။
ကာရဏေ၊ အကြောင်းတရားသည်။
သိဒ္ဓေ၊ ပြီးစီးလသော်။
ဝါ၊ ပြီးစီးသည်အဖြစ်ကြောင့်။
ဖလံ၊ အကျိုးတရားသည်။
သိဒ္ဓမေဝ၊ ပြီးစီးသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ထို့ကြောင့်။
(တဿ စ၊ လည်း။
အဝဿိတဘာဝေါ၊ သည်။
ဟောတိ၊ ၏။)
(ဣမဿ သလ္လဿ၊ ဤမြား၏။
ဝါ၊ သည်။)
ပီဠံ၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို။
ဇနေတွာ၊ ဖြစ်စေ၍။
အန္တော တုဒနဝသေန၊ စိတ်နှလုံးအတွင်း၌ ထိုးဆွခြင်းအနေအားဖြင့်။
သဗ္ဗပဌမံ၊ အားလုံးသော မြားတို့မှ ရှေးဦးစွာ။
ဟဒယံ၊ စိတ်နှလုံးကို။
အနုပဝိဿ၊ စူးဝင်၍။
ဌိတတ္တာ၊ တည်သည်အဖြစ်ကြောင့်။
ပဌမေန၊ ရှေးဦးစွာသော။
သလ္လေန၊ မြားသည် (သူအိုကို မြင်ရခြင်းကြောင့် “ဓိရတ္ထုကိရ ဘော ဇာတိနာမ”စသည်ဖြင့် ထိတ်လန့် ဆင်ခြင်သံဝေဂဉာဏ်အမြင်ဟူသော မြားသည်)။
ဟဒယေ၊ စိတ်နှလုံး၌။
ဝိဒ္ဓေါဝိယ၊ စူးဝင်ခံရသကဲ့သို့။
နိသီဒိ၊ ထိုင်နေတော်မူပြီ။
ဣတိ၊ ဤသို့။
ယောဇနာ၊ ယှဉ်စပ်ခြင်းကို။
(ဝိဒ္ဓေါဝိယ၊ ဟူသော ပုဒ်၏ နိသီဒိကြိယာနှင့် အနက်အားဖြင့် ယှဉ်စပ်ခြင်းကို။)
(ကာတဗ္ဗာ၊ ပြုရမည်)။