Issues
Select Version
胜嗣Jinadāyāda
中文
နိဿယ
မြန်မာဘာသာ
云台教理组
中文
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Bodhisattadhammatāvaṇṇanā

Author: နိဿယ @ IAPT

ဝိပဿီတိ တဿ နာမန္တိ၊ နာမံဟူ၍။ ဝတွာ၊ ဖွင့်ဆိုပြီး၍။ တဿ၊ ထိုဝိပဿီဟူသော ဘွဲ့တော်၏။ အနွတ္ထတံ၊ အနက်သို့ အစဉ်လိုက်သည် အဖြစ်ကို။ ဒဿေတုံ၊ ပြုခြင်းငှာ။ တဉ္စ ခေါတိ အာဒိ၊ တဉ္စ ခေါ အစရှိသော စကားရပ်ကို။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဝိဝိဓေ အတ္ထေတိဝိဝိဓေ အတ္တေ-၌ အတ္ထသုံးမျိုး ။ ။ အဋ္ဌကထာ၌ ဘုရားအလောင်းတော်၏ ဘွဲ့နာမည် အနက်ဟော “ဝိပဿီ” ပုဒ်ကို “တဉ္စခေါ ဝိဝိဓေ အတ္ထေ ပဿနကုသလတာယ လဒ္ဓံ” ဟု ဖွင့်ဆိုရာ၌ အတ္ထသုံးမျိုး ခွဲခြား၍ ဋီကာဖွင့်ထား၏။
(၁) တိရောဟိတ ။ပ။ နာနာဝိဓေ (အတ္ထေစ) -တစုံတခုက ဖုံးကွယ်တားဆီး ထားအပ်သော ညိုသော အရာဝတ္ထု အစရှိသော အရာဝတ္ထု အမျိုးမျိုးနှင့် ဝေးကွာသော အရပ်၌ ရောက်နေသော ညိုသော အရာဝတ္ထုအစရှိသော အရာဝတ္ထုအမျိုးမျိုးတည်းဟူသော မျက်ကွယ် အနက်ဒြပ်ဝတ္ထု (အတ္ထ) များ။
(၂) တဒညေစ ။ပ။ ယထူပဂတေ (အတ္ထေစ)- ထိုတစုံတခုက ကာကွယ်တားဆီးထား အပ်သော အညို၊ အဝါ အစရှိသော အရာဝတ္ထုမှတပါး တခြားသော မျက်စိဖြင့် တိုက်ရိုက် မြင်ရလောက်အောင် အနီး အပါးသို့ ရောက်လာသမျှ ညိုသော အရာဝတ္ထုအစရှိသော အရာဝတ္ထု အမျိုးမျိုးတည်းဟူသော အနက်ဒြပ်ဝတ္ထု (အတ္ထ)များ။
(၃) ဝေါဟာရဝိနိစ္ဆယေ (အတ္ထေစ)- တရားတဘောင် အမှုအခင်းဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းကိစ္စတည်းဟူသော အတ္ထများ၊ ဤအတ္ထသုံးမျိုးတို့ကို ကြည်ရှုဆင်ခြင် သိမြင်ခြင်း၌ ကျွမ်းကျင်သည် အဖြစ်ကြောင့် ဝိပဿီဟူသော ဘွဲ့နာမည်ကို ရတော်မူ၏- ဟု ဖွင့်သည်၊ ဤသို့ အတ္ထသုံးမျိုးခွဲ၍ ဋီကာဖွင့်ဆိုခြင်းမှာလည်း ဝိပဿီသမညာအခန်းစာပိုဒ် (၄၀) ပါဠိတော်နှင့် လျော်ညီစွာ ဖွင့်ထားခြင်းဖြစ်၏။ ထို့ကြောင့် ယင်းဋီကာအဖွင့်နှင့် ထိုပါဠိတော်ကို တိုက်ဆိုင်ကြည့်ပါက ထိုအတ္ထ၏ အဖွင့်သုံးမျိုးတို့တွင်-
(၁) (၂) အဖွင့်သည် “အနိမိသန္တော ကုမာရော ပဿတိ” စသော ပါဠိတော်နှင့် ကိုက်ညီ၏။ (၃) အဖွင့်သည် “ဗန္ဓုမာ ရာဇာ အတ္ထကရဏေ နိသိန္နော ။ပ။ ဝိစေယျ ဝိစေယျ အတ္ထေ ပနာယတိ ဉာယေန” ဟူသော ပါဠိတော်နှင့် ကိုက်ညီ၏။ ထိုအဖွင့်သုံးမျိုးတို့တွင် (၁) (၂) အဖွင့်အလို အတ္ထသဒ္ဒါသည် အနက်ဒြပ်အထည်ဝတ္ထုအနက်ဟောဖြစ်သင့်၏၊ (၃) အဖွင့်အလို အတ္ထသဒ္ဒါသည် လုပ်ငန်းကိစ္စ အနက်ဟော ဖြစ်သင့်၏၊ ထိုဋီကာအဖွင့်နှင့် အညီ အနက်ပေးလိုလျှင် “ဝိဝိဓေ- အထူးထူးအပြားပြား များစွာကုန်သော၊ အတ္ထေ- မျက်မှောက် မျက်ကွယ်နှစ်သွယ်သော အညိုအဝါစသော အရာဝတ္ထုနှင့် တရားတဘောင် အမှုအခင်း ဆုံးဖြတ်ခြင်းကိစ္စတို့ကို၊ ပဿနကုသလတာယ- ကြောင့်” ဟူ၍ အနက်ပေးသင့်၏။ ထိုသုံးမျိုးတို့တွင် “အတ္ထေ ပနာယတိ” ၌ အတ္ထသည် ဝေါဟာရဝိနိစ္ဆယဖြစ်သော အတ္ထသာတည်း။
၊ ဟူသည်ကား။ တိရောဟိတ, ဝိဒူရဒေသဂတာဒိကေ၊ တစုံတခုက ဖုံးကွယ်တားဆီးထားအပ်သော ညိုသော အရာဝတ္ထုနှင့် ဝေးသော အရပ်ဒေသသို့ရောက်နေသော ညိုသော အရာဝတ္ထု အစရှိကုန်သော။ နီလာဒိဝသေန၊ ညိုသော အရာဝတ္ထုအစရှိသော အပြားအားဖြင့်။ နာနာဝိဓေ၊ အထူးထူးအပြားပြားရှိကုန်သော။ (အတ္ထေစ၊ အနက်ဒြပ်အရာဝတ္ထုတို့ကို လည်းကောင်း။) တဒညေ၊ ထိုမှတပါးကုန်သော။ (ထိုတစုံတခုက ကာကွယ်တားဆီး ထားအပ်သော ညိုသော အရာဝတ္ထု စသည်မှ တပါးတခြားကုန်သော) ဣန္ဒြိယဂေါ စရဘူတေ၊ မျက်စိဣနြေ၏ ကျက်စားရာ ဖြစ်ကုန်သော။ [ပါဠိတော်၌ “အနိမိသန္တော ပေက္ခတိ”ဟု ရှိသောကြောင့် မျက်စိဣန္ဒြေကိုသာ ယူခြင်းဖြစ်သည်] ယထူပဂတေ၊ အနီး အပါးသို့ရောက်လာသမျှကုန်သော။ တေစ (အတ္ထေ)၊ ထိုအညို၊ အဝါအစရှိသော အမျိုးမျိုးသော အနက်ဒြပ် အရာဝတ္ထုတို့ကိုလည်းကောင်း။ ဝေါဟာရဝိနိစ္ဆယေဝေါဟာရဝိနိစ္ဆယေစ။ ။ ဤ၌ ဝေါဟာရ သဒ္ဒါသည် “ဝေါဟာရော တု ဝိဝါဒေါ'ထ” ဟူသော အဘိဓာန် ဂါထာ (၁၁၇)မှာ ပါသော ဝိဝါဒ (တရားတဘောင် စွဲဆိုငြင်းခုံခြင်း အမှုအခင်း) အနက်ဟောဖြစ်သင့်၏။ သို့သော် ဤနေရာ၌မူ ဝိနိစ္ဆယသဒ္ဒါနှင့် တွဲနေသောကြောင့် ထိုငြင်းခုံမှုကို အရှုံးအနိုင် ဆုံးဖြတ်ခြင်းတိုင်အောင် ကာရဏူပစာရ အားဖြင့် ဝေါဟာရ-ဟုဆိုလို၏။ ထို့အပြင် ဝေါဟာရနှင့် ဝိနိစ္ဆယသဒ္ဒါနှစ်ခုတို့သည် အနက်တူ ပရိယာယ် ပုဒ်များလည်း ဖြစ်နိုင်သောကြောင့် “ဣတိ စိတ္တမနော” ၌ ကဲ့သို့ ရှေ့ပုဒ်ကို နောက်ပုဒ်ကဖွင့်ပြ၏။ ထို့ကြောင့် တချို့နေရာ၌ “ဝိနိစ္ဆယ ဝေါဟာရေ”ဟု ရှေ့နောက်ပြောင်းလဲလျက် ရှိ၏၊ ဥပမာအားဖြင့်- ဝိနိစ္ဆယ ဝေါဟာရေ နိယုတ္တတ္တာ ဝေါဟာရိကောတိ သင်္ခံ ဂတော မဟာမတ္တော၊ (ဒုတိယပါရာဇိက အဋ္ဌကထာ၊ နှာ-၂၅၇) တဖန် ဝိနိစ္ဆယကာ၊ နှာ- ၄၀-၌မူ “ဝေါဟာရိကောတိ ဝိနိစ္ဆယာမစ္စော”ဟု ဝေါဟာရသဒ္ဒါကို ဝိနိစ္ဆယပုဒ်ဖြင့်ပင် ဖွင့်ထား၏။
ထို့အပြင် ကောက်ကျစ်စဉ်းလဲသော ဆုံးဖြတ်မှု ပြုသူကို “ဝေါဟာရကူဋ”ဟု လည်း သုံးနှုန်း၏။ လဉ္ဇံ ဂဟေတွာ သာမိကေ ပရာဇေန္တာ ကူဋေန ဝေါဟာရေန သမန္နာဂတတ္တာ ဝါဟာရကူဋာ၊ (သုတ္တနိပါတ် အဋ္ဌကထာ၊ ပ၊ နှာ- ၃၀၅) နောက်မဟာပရိနိဗ္ဗာနသုတ် ဋီကာ၌လည်း “ဒဏ္ဍနီတိ သည်တေ ဝေါဟာရေ (ဒဏ္ဍနီတိခေါ် အမှုအခင်းအဆုံးအဖြတ်၌) နိယုတ္တာ ဝေါဟာရိကာ-ဟု ဖွင့်၏။
၊ တရားတဘောင် အမှုအခင်း ဆုံးဖြတ်ချက်ချခြင်းတည်းဟူသော။ အတ္ထေစ၊ လုပ်ငန်းကိစ္စ တို့ကိုလည်းကောင်း။ ဣတိ၊ ဤသို့။ နာနာဝိဓေ၊ အထူးထူးအပြားပြားရှိကုန်သော။ အတ္ထေ၊ အနက်ဒြပ်ဝတ္ထုနှင့် လုပ်ငန်းကိစ္စတို့ကို။ (ပဿနကုသလတာယ၊ သိမြင်ခြင်း၌ ကျွမ်းကျင်သည် အဖြစ်ကြောင့်။ လဒ္ဓံ၊ ရအပ်ပြီ)။
ပဿနကုသလတာယာတိ၊ ကား။ (တံ၊ ထိုဝိပဿီ-ဟူသော နာမည်ကို။) ဒဿနေ၊ သိမြင်ခြင်း၌။ နိပုဏဘာဝေန၊ ကျွမ်းကျင်သည် အဖြစ်ကြောင့်။ (လဒ္ဓံ၊ ရအပ်ပြီ။) [နိပုဏောစ ပဋု ဆေကော။ အဘိဓာန်ဂါထာ ၇၂၁-နှင့်အညီ နိပုဏသဒ္ဒါ ဆေကဝါစက]
ယာထာဝတော၊ မမှားဧကန် အမှန်အားဖြင့်သာလျှင်။ ဥေယျံ၊ သိဖွယ်သိစရာ အဖြာဖြာကို။ ဗုဇ္ဈတိ၊ သိတော်မူ၏။ ဣတိ၊ ထို့ကြောင့်။ ဗောဓိ၊ ဗောဓိမည်၏။ သော ဧဝ၊ ထိုသိဖွယ် သိစရာ အဖြာဖြာကို မှန်ကန်စွာ သိတတ်သော ပုဂ္ဂိုလ်သည်ပင်လျှင်။ သတ္တယောဂတော၊ သတ္တသဒ္ဒါနှင့်တွဲယှဉ်ခြင်းကြောင့်။ ဗောဓိသတ္တော၊ ဗောဓိသတ္တမည်၏။ ဣတိ၊ ဤအနက်ကို။ (ဒဿေတုံ၊ ငှာ။) ပဏ္ဍိတသတ္တော ဗုဇ္ဈနကသတ္တောတိ၊ တ္တောဟူ၍။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီ။
ပန၊ ချီးမွမ်းဖွယ်ရှိသေးသည်ကား။ သုစိန္တိတစိန္တိတာဒိနာ၊ ကောင်းသော အကြံအစည်ကို ကြံစည်နိုင်ခြင်းစသော အကြောင်းကြောင့်။ ပဏ္ဍိတဘာဝေ၊ ပညာရှိမည်သည် အဖြစ်၌။ ဝတ္တဗ္ဗမေဝ၊ ဆိုဖွယ်သည်ပင်။ နတ္ထိ၊ မရှိ။
စပန၊ ဒုတိယဝစနတ္ထ ပြုခြင်း၏ အကြောင်းရင်းကား။ ယဒါ၊ အကြင်အခါ၌။ အနေန၊ ဤဝိပဿီဘုရား အလောင်းတော်သည်။ မဟာဘိနီ ဟာရော၊ မြတ်သော သဗ္ဗညုတဉာဏ် မဂ်ဉာဏ်သို့ စိတ်ကို ရှေ့ရှုဆောင်မှု (ဘုရား ဆုတောင်းမှု)ကို။ ကတော၊ ပြုတော်မူအပ်ပြီ။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍။ မဟာဗောဓိယံ၊ မြတ်သော သဗ္ဗညုတဉာဏ် မဂ်ဉာဏ်ဟူသော ဗောဓိ၌။ ဧကန္တနိန္နတ္တာ၊ တစ်ခုသော အဖို့(တသမတ်တည်း) အားဖြင့် ညွတ်ကိုင်းသည် အဖြစ်ကြောင့်။ ဗောဓိမှိ၊ မဂ်ဉာဏ်, သဗ္ဗညုတဉာဏ်ဗောဓိ၌။ သတ္တော၊ ငြိတွယ်သော ပုဂ္ဂိုလ်တည်း။ ဗောဓိ သတ္တော၊ မဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်၌ ငြိတွယ်သော ပုဂ္ဂိုလ်။ ဣတိ၊ ဤအနက်ကို ပြလိုသောကြောင့်။ အာဟ၊ မိန့်တော်မူသည်ကား။ ဗောဓိသင်္ခါတေသူတိ အာဒိ၊ ဗောဓိ သင်္ခါတေသု အစရှိသည်တည်း။
ဟိ၊ ချဲ့ဦးအံ့။ မဂ္ဂဉာဏပဒဋ္ဌာနံ၊ မဂ်ဉာဏ်ဟူသော နီးစွာသော အကြောင်းရှိသော။ သဗ္ဗညုတညာဏံ၊ သဗ္ဗညုတဉာဏ်ကိုလည်းကောင်း။ သဗ္ဗညုတညာဏပဒဋ္ဌာနံ၊ သဗ္ဗညုတဉာဏ်တော်၏ နီးစွာသော အကြောင်းဖြစ်သော။ မဂ္ဂဉာဏံစ၊ မဂ်ဉာဏ်ကို လည်းကောင်း။ ဗောဓီတ၊ ဗောဓိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ [အဋ္ဌကထာ၌မှု “ဗောဓိသင်္ခါတေသု စတူသု မ​ဂ္ဂေသု” ဟုသာ ပြထား၏၊ သဗ္ဗညုတဉာဏ်ကို မပြပေ]
သတော သမ္ပဇာနောတိ ဣမိနာ၊ သတော သမ္ပဇာနော- ဟူသော ဤပါဌ်ဖြင့်။ စတုတ္ထာယ၊ လေးခုမြောက်သော။ ဂဗ္ဘာဝက္ကန္တိယာ၊ အမိဝမ်းသို့ သက်ရောက်ခြင်းဖြင့်။ ဩက္ကမိ၊ သက်ရောက်တော်မူပြီ။ ဣတိ၊ ဤအနက်ကို။ ဒဿေတိ၊ ပြတော်မူ၏။
ဟိ၊ ချဲ့ဦးအံ့။ ဂဗ္ဘာဝက္ကန္တိယော- အမိဝမ်းသို့ သက်ရောက်ခြင်းတို့သည်။ [ပါထိကဝဂ္ဂသမ္ပသာဒနီယသုတ်၊ ၈၅ သဂီတိသုတ်၊ ၁၉၂] စတဿော၊ လေးမျိုးတို့တည်း။ ဣဓ၊ ဤလောက၌။ ဧက​စ္စော၊ အချို့ သော။ ဂဗ္ဘော၊ ကိုယ်ဝန် သူငယ်သည်။ မာတုကုစ္ဆိယံ၊ အမိဝမ်း၌။ ဩက္ကမနေ၊ သက်ရောက်ဆဲ အခါ၌လည်းကောင်း။ ဌာနေ၊ ကိန်းအောင်းတည်နေဆဲ အခါ၌လည်းကောင်း။ နိက္ခမနေ၊ အမိဝမ်းမှ ထွက်ဆဲ အခါ၌လည်းကောင်း။ ဣတိ၊ ဤသို့။ တီသု၊ သုံးမျိုးကုန်သော။ ဌာနေသု၊ အခါဟူသော အရာဌာနတို့၌။ အသမ္ပဇာနော၊ မသိသည်။ ဝါ၊ တွေဝေသည်။ ဟောတိ၊ ၏။ ဧကစ္စော၊ သည်။ ပဌမေ၊ ရှေးဦးစွာသော။ ဌာနေ၊ သက်ရောက်ဆဲ အခါဟူသော ဌာန၌။ သမ္ပဇာနော၊ သိသည်။ ဝါ၊ မတွေဝေသည်။ ဟောတိ၊ ၏။ ဣတရေသု၊ ကျန်သော ဌာနနှစ်မျိုးတို့၌။ သမ္ပဇာနော၊ သိသည်။ နဟောတိ၊ မဖြစ်။ဧကစ္စော= သည်။ ပဌမေ၊ သော။ ဌာနေစ၊ လည်းကောင်း။ ဒုတိယေ၊ နှစ်ခုမြောက်သော။ ဌာနေစ၊ ကိန်းအောင်းဆဲအခိုက် ဌာန၌လည်းကောင်း။ သမ္ပဇာနောဟောတိ၊ တတိယေ၊ သုံးခုမြောက်သော။ ဌာနေ၊ ထွက်ဆဲ အခိုက်ဌာန၌။ သမ္ပဇာနော၊ သည်။ နဟောတိ၊ ဧကစ္စော၊ သည်။ တီသုပိ၊ သုံးမျိုးလုံးလည်းဖြစ်ကုန်သော။ ဌာနေသု၊ တို့၌။ သမ္ပဇာနော ဟောတိ။
တတ္ထ၊ ထိုသုံးမျိုးသော အမိဝမ်းတိုက်သက်ရောက်ခြင်း တို့တွင်။ ပဌမာ၊ သော။ ဂဗ္ဘာဝက္ကန္တိ၊ ခြင်းကို။ လောကိယမဟာဇနဿ၊ လောက၌ ရှိသမျှ များစွာသော လူအပေါင်း၏။ ဝသေန၊ ဖြစ်ရိုးစဉ်လာအနေအားဖြင့်။ ဝုတ္တာ၊ (အရှင်သာရိပုတြာ ထေရ်) ဟောတော်မူအပ်ပြီ။ ဒုတိယာ၊ သော (ဂတ္တဝက္ကန္တိ- ကို)။ အသီတိမဟာသာဝကာနံ၊ ရှစ်ကျိတ်သော မဟာသာဝကတို့၏။ ဝသေန (ဝုတ္တာ)။ တတိယာ၊ သော (ဂဗ္ဘာဝက္ကန္တိ- ကို)။ ဒွိန္နီ၊ နှစ်ပါးကုန်သော။ အဂ္ဂသာဝကာနံ၊ အဂ္ဂသာဝကတို့၏ လည်းကောင်း။ ပစ္စေကဗုဒ္ဓါနဉ္စ၊ ပစ္စေကဗုဒ္ဓတို့၏ လည်းကောင်း။ ဝသေန (ဝုတ္တာ)။
တေ၊ ထိုအဂ္ဂသာဝက, ပစ္စေကဗုဒ္ဓတို့သည်။ ကမ္မဇဝါတေဟိ၊ ကံကြောင့် ဖြစ်သောလေတို့သည်။ ဥဒ္ဓံပါဒါ၊ အထက်၌ ခြေထောက်ရှိကြရလေအောင်။ အဓောသိရာ၊ အောက်၌ ဦးခေါင်းရှိကြရလေအောင်။ ဝါ၊ ဦးခေါင်းဇောက်ထိုး ဖြစ်ကြရလေအောင်။ အနေကသတပေါရိသေ၊ ရာပေါင်းများစွာသော တရပ်တသူ နက်သော။ ဝါ၊ အသူတရာပေါင်းများစွာ နတ်သော။ ပပါတေ၊ ချောက်ထဲ၌။ ခိတ္တာဝိယ၊ ပစ်ချအပ်ကုန်သကဲ့သို့။ ယောနိမုခေ၊ အင်္ဂါဇာတ် အဝ၌။ ခိတ္တာ၊ ပစ်ချအပ်ကုန်သည်။ (သမာနာ၊ ဖြစ်ကုန်လသော်)။ တာဠစ္ဆိဂ္ဂလေန၊ သံကောက်ပေါက် (သော့ပေါက်)ဖြင့်။ ဟတ္ထီ၊ ဆင်တို့သည်။ နိက္ခမန္တိ ဝိယ၊ ထွက်ကြရကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သမ္ဗာဓေန၊ ကျင်းမြောင်းသော။ ယောနိမုခေန၊ အင်္ဂါဇာတ် အပေါက်ဝဖြင့်။ နိက္ခမန္တာ၊ ထွက်ကြရကုန်လသော်။ မဟန္တံ၊ ကြီးစွာသော။ ဒုက္ခံ၊ ဆင်းရဲခြင်းသို့။ ပါပုဏန္တိကိရ၊ ရောက်ကြကုန်သတတ်။ တေန၊ ထို့ကြောင့်။ နေသံ၊ ထိုအဂ္ဂသာဝကနှင့် ပစ္စေကဗုဒ္ဓတို့၏။ ဝါ၊ တို့မှာ။ မယံ၊ ငါတို့သည်။ နိက္ခမာမ၊ အမိဝမ်းမှ ထွက်နေကြကုန်၏။ ဣတိ၊ ဤသို့။ သမ္ပဇညံ၊ သိခြင်းသည်။ နဟောတိ၊ မဖြစ်။
စတုတ္ထာ၊ လေးခုမြောက်သော။ ဂဗ္ဘာဝက္ကန္တိ၊ ကို။ သဗ္ဗညု ဗောဓိသတ္တာနံ၊ သဗ္ဗညုဘုရားအလောင်းတော်တို့၏။ ဝသေန၊ ဖြင့် (ဝုတ္တာ)။
ဟိ၊ ချဲ့ဦးအံ့။ တေ၊ ထိုသဗ္ဗညုဘုရားလောင်းတို့သည်။ မာတုကုစ္ဆိမှိ၊ မယ်တော်ဝမ်း၌။ ပဋိသန္ဓိံ၊ ပဋိသန္ဓေကို။ ဂဏှန္တာပိ၊ ယူကြကုန်စဉ်လည်း။ ပဇာနန္တိ၊ ယူဆဲမှန်းသိကုန်၏။ တတ္ထ၊ ထိုအမိဝမ်း၌။ ဝသန္တာပိ၊ ကိန်းအောင်းနေကုန်စဉ်လည်း။ ပဇာနန္တိ၊ ကိန်းအောင်းနေမှန်းသိကုန်၏။ နိက္ခမနကာလေပိ၊ အမိဝမ်းမှ ထွက်ဆဲ (ဖွားတော်မူဆဲ) အခါ၌လည်း။ ပဇာနန္တိ၊ ထွက်ဆဲ မှန်းသိကုန်၏။ (ကသ္မာ၊ အဘယ့်ကြောင့်။ ပဇာနန္တိ၊ သိတော်မူကြကုန်သနည်းဟူမူ)။
ဟိ (ယသ္မာ)၊ အကြင်ကြောင့်။ တေ၊ ထိုသဗ္ဗညုဘုရားအလောင်းတော်တို့ကို။ ကမ္မဇဝါတာ၊ ကံကြောင့်ဖြစ်သော လေတို့သည်။ ဥဒ္ဓံပါဒေ၊ အထက်၌ ခြေထောက် ရှိသည်တို့ကို။ အဓောသိရေ၊ ဦးခေါင်းဇောက်ထိုးရှိသည်တို့ကို။ ကတွာ၊ ပြု၍။ ခိပိတုံ၊ ယောနိအဝ၌ ပစ်ချခြင်းငှာ။ နသ​က္ကောန္တိ၊ မစွမ်းနိုင်ကုန်။ ဒွေ၊ နှစ်ချောင်းကုန်သော။ ဟတ္ထေ၊ လက်တို့ကို။ ပသာရိတွာ၊ ဆန့်တန်း၍။ အက္ခီနိ၊ မျက်လုံးတို့ကို။ ဥမ္မီလေတွာ၊ ဖွင့်၍။ ဌိတကာဝ၊ မတ်တတ်ရပ်ကုန်လျက် သာလျှင်။ နိက္ခမန္တိ၊ အမိဝမ်းမှ ထွက်တော် မူကုန်၏။ ဣတိ၊ ထို့ကြောင့်။ (ပဇာနန္တိ၊ သိကြကုန်၏)။
ဉာဏေန ပရိစ္ဆိန္ဒိတွာတိ၊ ကား ပုဗ္ဗဘာဂေ၊ မယ်တော် ဝမ်းတိုက်သို့ မသက်ရောက်မီ ရှေ့အဖို့၌။ ပဉ္စမဟာဝိလောကနဉာဏေဟိ စေဝ၊ ငါးပါးသော ကြည့်ခြင်းကြီးတို့ကို သိသော ဉာဏ်တို့ဖြင့်လည်းကောင်း။ ဝါ၊ ငါးမျိုးသော ကြီးစွာသော ကြည့်ရှုသင့်သော အရာဌာနတို့ကို သိသော ဉာဏ်တို့ဖြင့်လည်းကောင်း။ ဣဒါန၊ ယခုအခါ၌။ စဝါမိ၊ စုတေနေ၏။ ဣတိ၊ ဤသို့။ စုတိ ပရိစ္ဆိန္ဒနဉာဏေနစ၊ စုတေခြင်းကို ပိုင်းခြားသိသော ဉာဏ်ဖြင့်လည်းကောင်း။ အပရဘာဂေ၊ မယ်တော်ဝမ်းသို့ သက်ရောက် ပဋိသန္ဓေနေပြီးရာ နောက်အဖို့၌။ မယာ၊ ငါသည်။ ဣဓ၊ ဤမယ်တော်ဝမ်း၌။ ပဋိသန္ဓိ၊ ပဋိသန္ဓေကို။ ဂဟိတာ၊ ယူအပ်ပြီးပြီ။ ဣတိ၊ ဤသို့။ ပဋိသန္ဓိပရိစ္ဆိန္ဒန ဉာဏေနစ၊ ပဋိသန္ဓေနေခြင်းကို ပိုင်းခြား သိသောဉာဏ်ဖြင့်လည်းကောင်း။ ပရိစ္ဆိဇ္ဇ၊ ပိုင်းဖြတ်ခွဲခြား၍။ ဇာနိတွာ၊ သိပြီး၍။ (မာတုကုစ္ဆိံ၊ သို့။ ဩက္ကမိ၊ သက်ရောက်ပြီ။)
ပဉ္စန္နံ၊ ငါးပါးကုန်သော။ မဟာပရိစ္စာဂါနံ စ၊ ကြီးစွာသော စွန့်ကြဲလှူဒါန်းခြင်းတို့၏ လည်းကောင်း။ ဉာတတ္ထစရိယာဒီနဉ္စ၊ ဆွေးမျိုးတို့၏ အကျိုးကို ပြုကျင့်တော်မူခြင်း စသည်တို့၏ လည်းကောင်း။ ပါရမိယာ၊ ပါရမီဆယ်ပါး၌။ ပရိယာပန္နဘာဝေ၊ ပါဝင်ကုန်သည် အဖြစ်သည်။ သတိပိ၊ ရှိပါသော်လည်း။ (တေသံ၊ ထိုမဟာပရိစ္စာဂနှင့် ဉာတတ္ထစရိယာ အစရှိသည်တို့၏။) သမ္ဘာရဝိသေသ ဘာဝဒဿနတ္ထံ၊ ထူးခြားသော ကုသိုလ်ပါရမီ အဆောက်အဦးတို့၏ အဖြစ်ကို ပြခြင်းအကျိုးငှာ။ ဝိသုံ၊ ပါရမီဆယ်ပါးမှ အသီးအခြား။ ဂဟဏံ၊ ယူခြင်းသည်။ (ဟောတိ)။
တတ္ထ၊ ထိုပဉ္စမဟာပရိစ္စာဂအစရှိသည်တို့တွင်။ အင်္ဂပရိစ္စာဂေါ၊ လက်ခြေ စသော ခန္ဓာကိုယ် အစိတ်အပိုင်း အင်္ဂါကို စွန့်လှူခြင်းလည်းကောင်း။ နယနပရိစ္စာဂေါ၊ မျက်လုံးကို စွန့်လှူခြင်းလည်းကောင်း။ အတ္တပရိစ္စာဂေါ၊ ခန္ဓာကိုယ်တစ်ခုလုံးကို စွန့်လှူခြင်း လည်းကောင်း။ ရဇ္ဇပရိစ္စာဂေါ၊ တိုင်းပြည်ကို စွန့်လှူခြင်းလည်းကောင်း။ ပုတ္တဒါရပရိစ္စာဂေါ၊ သားမယားကို စွန့်လှူခြင်းလည်းကောင်း။ ဣတိ၊ ဤမည်ကုန်သော။ ဣမေ ပဉ္စ၊ ဤငါးမျိုးတို့သည်။ မဟာပရိစ္စာဂါ၊ ကြီးစွာသော စွန့်လွှတ်လှူဒါန်းခြင်းတို့ မည်၏။
တတ္ထာပိ၊ ထိုငါးမျိုးသော စွန့်ခြင်းကြီးတို့တွင်လည်း။ အင်္ဂပရိစ္စာဂါဒယောပိ၊ အင်္ဂပရိစ္စာဂ အစရှိသည်တို့သည်လည်း။ ဒါနပါရမီယေဝ၊ ဒါန ပါရမီသည်ပင်။ ကာမံ ဟောတိ၊ အကယ်၍ကား ဖြစ်ပါပေ၏။ တထာပိ၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။ (တေသံ၊ ထိုအင်္ဂပရိစ္စာဂအစရှိသည်တို့၏။) ပရိစ္စာဂဝိသေသဘာဝဒဿနတ္ထဉ္စေဝ၊ စွန့်လှူမှု အထူးတို့၏ အဖြစ်ကို ပြုခြင်း အကျိုးငှာလည်းကောင်း။ သုဒုက္ကရ ဘာဝဒဿနတ္ထဉ္စ၊ အလွန်ခက်ခဲစွာ ပြုကျင့်အပ်သော ပရိစ္စာဂတို့၏ အဖြစ်ကို ပြခြင်း အကျိုးငှာလည်းကောင်း။ မဟာပရိစ္စာဂါနံ၊ စွန့်ခြင်းကြီးတို့ကို။ ဝိသုံ၊ ဒါနပါရမီမှ သီးခြား။ ဂဟဏံ၊ (ဟောတိ၊ ၏။)
စ၊ ဤမျှမကသေး။ တတောဧဝ၊ ထိုသို့ ပရိစ္စာဂဝိသေသ, သုဒုက္ကရဖြစ်ခြင်းကြောင့်ပင်။ အင်္ဂပရိစ္စာဂတောပိ၊ အင်္ဂပရိစ္စာဂမှလည်း။ ဝိသုံ၊ သီးခြား။ နယနပရိစ္စာဂဂ္ဂဟဏံစ၊ မျက်လုံးကို စွန့်လှူခြင်းကို ယူခြင်းကိုလည်းကောင်း။ ပရိစ္စာဂဘာဝသာမညေ၊ စွန့်လှူခြင်း အဖြစ်အားဖြင့် တူသည်အဖြစ်သည်။ (သတိပိ၊ ဖြစ်ပါသော်လည်း။) ရဇ္ဇပရိစ္စာဂ ပုတ္တဒါရပရိစ္စာဂဂ္ဂဟဏဉ္စ၊ တိုင်းပြည်ကို စွန့်လှူခြင်း,သား မယားကို စွန့်လှူခြင်းကို ယူခြင်းကိုလည်းကောင်း။ ကတံ၊ ပြုတော်မူအပ်ပြီ။
ဉာတီနံ၊ ဆွေတော်မျိုးတော်တို့၏။ အတ္ထစရိယာ၊ အကျိုးစီးပွားကို ပြုကျင့်ခြင်းသည်။ ဉာတတ္ထစရိယာ၊ ဉာတတ္ထစရိယာမည်၏။ သာစ၊ ထိုဉာတတ္ထစရိယာ သည်လည်း။ ကရုဏာယနဝသေန၊ သနားမှုဖြစ်ခြင်း၏ အနေအားဖြင့်။ (ဟောတိ)
တထာ၊ ထိုမှတပါး။ သတ္တလောကဿ၊ သတ္တလောက၏။ ဒိဋ္ဌဓမ္မိက သမ္ပရာယိက ပရမတ္ထာနံ၊ မျက်မှောက်ဘဝ၌ ဖြစ်သော စီးပွား, တမလွန်ဘဝ၌ ဖြစ်သော စီးပွား မြတ်သော နိဗ္ဗာန်ဟူသော စီးပွားတို့၏။ ဝသေန၊ အမျိုးအစားအပြားအားဖြင့်။ ဟိတစရိယာ၊ စီးပွားကို ကျင့်ခြင်းသည်။ လောကတ္ထစရိယာ၊ မည်၏။
ကမ္မဿကတာ ဉာဏဝသေနစ၊ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည် အဖြစ်ကို သိသော ဉာဏ်၏ အနေအားဖြင့်လည်းကောင်း။ အနဝဇ္ဇ ။ပ။ ဋ္ဌာနဝသေနစ၊ အပြစ်မရှိသော အသက်မွေးခြင်း၏ အကြောင်းဖြစ်သော အမှုလုပ်ငန်း, အသက်မွေးခြင်း၏ အကြောင်းဖြစ်သော လက်မှုအတတ်, အသက်မွေးခြင်း၏ အကြောင်းဖြစ်သော နှုတ်မှု ဝိဇ္ဇာပညာတို့ အနေအားဖြင့်လည်းကောင်း။ ခန္ဓာယတနာဒိဝသေနစ၊ ခန္ဓာအာယတန အစရှိသည်တို့ အနေအားဖြင့်လည်းကောင်း။ လက္ခဏတ္တယာဒိတီရဏဝသေနစ၊ လက္ခဏာသုံးပါး အပေါင်းကို ဆင်ခြင်သုံးသပ်ခြင်း အနေအားဖြင့်လည်းကောင်း။ အတ္တနော စ၊ ကိုယ်တော်အတွက်လည်းကောင်း။ ပရေသဉ္စ၊ သူတပါးတို့အတွက် လည်းကောင်း။ တတ္ထ၊ ထိုကမ္မဿကတာဉာဏ် စသည်တို့၌။ သတိပဋ္ဌာနေန၊ သတိ၏လွန်ကဲစွဲမြဲစွာ သက်ဝင်တည်နေခြင်းအားဖြင့်။ ဉာဏစာရော၊ ဉာဏ်၏ ကျက်စားဖြစ်ပွားခြင်းသည်။ ဗုဒ္ဓစရိယာ ဗုဒ္ဓစရိယာ ။ ။ ဤသုတ်အဋ္ဌကထာ(နှာ-၂ဝ)၌ “ဉာတတ္ထစရိယ လောကတ္ထစရိယ ဗုဒ္ဓစရိယာနံ ကောဋိံ ပတွာ” ဟူ၍ စရိယာသုံးပါးကိုပြရာ၌ “ဗုဒ္ဓစရိယာ” ဟုတွေ့ရ၏။ ဋီကာ၌လည်း ထိုအတိုင်းပင်တည်း၊ သီလက္ခန် ဗြဟ္မဇာလသုတ် အဋ္ဌကထာ (၆ဝ) အင်္ဂုတ္တိုရ် အဋ္ဌကထာ ဧကကနိပါတ် (၈၀) တို့၌မူ “ဗုဒ္ဓိစရိယာ” ဟု ဣသရနှင့် ရှိ၏၊ ဉာဏစာရော-ဟု ဖွင့်သောကြောင့် ဣသရရှိသော ပါဌ်ကို ဘာသာဋီကာ ဆရာတော်ကြီး အတည်ပြုတော်မူ၏။ ယခုအခါ၌ကား အရွတ်အဖတ်များသော ပရိတ်ကြီး ရတနသုတ်အတိုင်း “ဗုဒ္ဓတ္ထစရိယာ”ဟု အသိများ၏။ ဓမ္မပဒအဋ္ဌကထာ၊ နှာ (၂၇၅) အတ္တနော ပုဗ္ဗကမ္မဝတ္ထုနှင့် မဇ္ဈိမပဏ်အဋ္ဌကထာ (နှာ- ၃) ကန္ဒရကသုတ်တို့၌လည်း ပရိတ်ကြီးအတိုင်းရှိ၏။ ၊ ဗုဒ္ဓစရိယာ မည်၏။ပန= ဆက်ဦးအံ့။ သာ၊ ထိုဗုဒ္ဓစရိယာသည်။ အတ္ထတော၊ ပင်ကို မူရင်း အနက်အားဖြင့်။ ပညာပါရမီယေဝ၊ ပညာပါရမီသာတည်း။ ပန၊ သို့သော်လည်း။ ဉာဏ၊ ။ပ။ ဒဿနတ္ထံ၊ မဂ်ဉာဏ်, သဗ္ဗညုတဉာဏ်၏ ထူးခြားသောအကြောင်းပညာပါရမီ တမျိုး၏ အဖြစ်ကို ပြခြင်း အကျိုးငှာ။ (တဿာ၊ ထိုဗုဒ္ဓစရိယာကို။) ဝိသုံ၊ ပညာပါရမီမှ သီးခြားခွဲထုတ်၍။ ဂဟဏံ၊ ယူခြင်းကို။ (ကတံ၊ ပြုအပ်ပြီ။)
ဗုဒ္ဓစရိယာနန္တိ၊ ဗုဒ္ဓစရိယာနံ-ဟူ၍။ ဗဟုဝစနနိဒ္ဒေသေန၊ ဗဟုဝုစ်ဖြင့် ညွှန်ပြခြင်းကြောင့်။ ပုဗ္ဗယောဂ ။ပ။ ဒီနံ၊ ဘုရားမဖြစ်မီရှေးဘဝ၌ ကြိုးပမ်းအားထုတ်မှု, ရှေးဘဝ၌ ကျင့်အပ်သော အကျင့်, တရားဟောခြင်း အစရှိသည်တို့ကို။ သင်္ဂဟော၊ သွင်းယူခြင်းကို။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
တတ္ထ၊ ထိုပုဗ္ဗဿာဂစသည်တို့တွင်။ ဂတပစ္စာဂတဝတ္တသင်္ခါတာယ၊ ဆွမ်းခံသွားရင်း ပြန်လာရင်း ကမ္မဋ္ဌာန်းစီးဖြန်းမှု ကျင့်ဝတ်ဟု ဆိုအပ်သော။ ပုဗ္ဗဘာဂပဋိပဒါယ၊ အရိယမဂ်၏ ရှေ့ပိုင်း အကျင့်နှင့်။ သဒ္ဓိံ၊ တကွ။ အဘိညာသမာပတ္တိနိပ္ဖါဒနံ၊ အဘိညာဉ်နှင့် ဈာန်သမာပတ်ကို ဖြစ်စေခြင်းသည်။ ပုဗ္ဗယောဂေါ၊ ဘုရားမဖြစ်မီ ရှေးဘဝ၌ အားထုတ်ခြင်း မည်၏။ ဝါ၊ ရှေးဘဝ၌ အားထုတ်အပ်သော အကျင့်မည်၏။
ဒါနာဒီသုယေဝ၊ ဒါနပါရမီကုသိုလ် အစရှိသည်တို့၌ပင်။ သာတိသယပဋိပတ္တိ၊ အလွန်အကဲ အားထုတ်ခြင်းနှင့်တကွသော အကျင့်ပဋိပတ်သည်။ ပုဗ္ဗစရိယာ၊ ရှေးဘဝ၌ ပြုအပ်သော အကျင့်မည်၏။
ယာဝစရိယာ ပိဋကသင်္ဂဟိတာ၊ စရိယာပိဋကပါဠိတော်၌ သွင်းယူ အပ်သော ပါရမီတော်များ တိုင်အောင်။ အဘိနီဟာရော၊ သဗ္ဗညုတဉာဏ်တော်သို့ ရှေ့ရှုဆောင်သော အကျင့်သည်။ ပုဗ္ဗယောဂေါ၊ မည်၏။ ကာယာဒိဝိဝေကဝသေန၊ အပေါင်းအဖော်တို့မှ ကိုယ်အားဖြင့် ခွဲခွာနေခြင်းအစရှိသော ဝိဝေကအကျင့်အနေအားဖြင့်။ ဧကစရိယာ၊ အဖော်မမှီးတဦးတည်း ကမ္မဋ္ဌာန်း စီးဖြန်းမှု အကျင့်သည်။ ဗုဒ္ဓစရိယာ၊ ဉာဏ်၏ ဖြစ်ပွားကျက်စားခြင်းမည်၏။ ဣတိ၊ ဤသို့။ ကေစိ၊ အချို့ဆရာတို့သည်။ (ဝဒန္တိ၊ မိန့်ဆိုကြကုန်၏။)
ဒါနာဒီနဉ္စေဝ၊ ပေးလှူခြင်းအစရှိသည်တို့ကိုလည်းကောင်း။ အပ္ပိစ္ဆတာဒီနဉ္စ၊ လောဘအလိုရမ္မက်မရှိသူ၏ အဖြစ်အစရှိသည်တို့ကိုလည်းကောင်း။ သံသာရ နိဗ္ဗာနေသု၊ ဘဝသံသရာနှင့် နိဗ္ဗာန်တို့၌။ အာဒီနဝါနိသံသာနဉ္စ၊ အပြစ်နှင့် အကျိုးတို့ကို လည်းကောင်း။ ဝိဘာဝနဝသေန၊ ထင်ရှားစွာပြောဟောခြင်း အနေအားဖြင့်။ ပဝတ္တကထာစ၊ ဖြစ်သော စကားသည်လည်းကောင်း။ သတ္တာနံ၊ တရားနာ သတ္တဝါတို့ကို။ ဗောဓိတ္တယေ၊ (သမ္မာသမ္ဗောဓိ, ပစ္စေကဗောဓိ, သာဝကဗောဓိဟူသော) ဗောဓိဉာဏ်သုံးပါးအပေါင်း၌။ ပတိဋ္ဌာပနပရိပါစနဝသေန၊ တည်ရှိစေခြင်း, ရင့်ကျက် စေခြင်း အနေအားဖြင့်။ ပဝတ္တကထာစ၊ ကောင်း။ ဓမ္မက္ခာနံ၊ တရားစကားမည်၏။ ဝါ၊ တရားဟောခြင်းမည်၏။
ကောဋိံ ပတွာတိ၊ ကား။ ပရပရိယန္တံ၊ မြတ်သော အဆုံးစွန် အဆင့်သို့။ ပရမုက္ကံသံ၊ မြတ်သော ထိပ်ဆုံး အဆင့်သို့။ ပါပုဏိတွာ၊ ရောက်၍။ (နိဗ္ဗတ္တန္တိ- ၌စပ်)
သတ္တမဟာဒါနာနီတိ၊ ဟူသည်ကား။ အဋ္ဌဝဿိကကာလေ၊ ရှစ်နှစ် အသက်အရွယ်ရှိရာ အခါ၌။ ဟဒယမံသာဒီနိပိ၊ နှလုံးသား စသည်တို့ကိုသော်မှပင်။ ယာစကာနံ၊ တောင်းခံလာသူတို့အား။ ဒဒေယျံ၊ ငါပေးလို၏။ ဣတိ၊ ဤသို့သော။ အဇ္ဈာသယံ၊ အလိုဆန္ဒကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေပြီး၍။ ဒိန္နဒါနံ၊ ပေးအပ်သော အလှူ လည်းကောင်း။ မင်္ဂလဟတ္ထိဒါနံ၊ မင်္ဂလာဆင်ဖြူတော် အလှူလည်းကောင်း။ ဂမနသမယေ၊ (ဝင်္ကတောင်ခရီးအလားတူ) ခရီးသွားခါနီး ကာလ၌။ ဒိန္နံ၊ ပေးလှူအပ်သော။ သတ္တသတကမဟာဒါနံသတ္တသတကမဟာဒါနံ ။ ။ ဋီကာ၌ “သတ္တသတ္တက”ဟု ပါဠိရှိသော်လည်း ဝေဿန္တရဇာတ် အဋ္ဌကထာ (နှာ-၂၅၉)၌မူ “သတ္တသတက”ဟု ရှိ၏။ ဆင်, မြင်း, ရထား, မိန်းမ, နို့စားနွားမ, ကျွန်, ကျွန်မ- ဟူသော လှူဖွယ် ပစ္စည်း (၇) မျိုးကို တစ်မျိုး တစ်မျိုး၌ ခုနစ်ရာစီသတ်မှတ်၍ လှူသောကြောင့် “သတ္တသတကမဟာဒါန”ဟု ခေါ်၏။ ထို့ကြောင့် သတ္တသတပုဒ်နောင် တဒ္ဓိတ်ကပစ္စည်းသက်၍ “သတ္တသတသော- ခုနစ်ရာစီ, ခုနစ်ရာစီ အားဖြင့်၊ ဒိန္နံ- ပေးလှူအပ်သော မဟာဒါနတည်း” ဟူ၍ (သော ဝိစ္ဆာ ပကာရေသု- ဟူသော မောဂ္ဂလ္လာန်၊ ဏာဒိကဏ္ဍ- ၁၁၈) သုတ်ဖြင့် သက်သော “သောပစ္စယန္တ”ပုဒ်ဖြင့် ဝစနတ္ထပြုသင့်၏။ထို့နောက် “သတ္တန္နံ သတ္တသတကံ သတ္တသတ္တသတကံ” ဟု ဆိုလိုလျက် သတ္တ တစ်ပုဒ်ကို ချေ၍ သတ္တသတကံ- ပုဒ်ပြီးသည်ဟုကြံရာ၏။
သတ္တန္နံ - ခုနစ်မျိုးသော လှူဖွယ် ပစ္စည်းတို့၏၊ သတ္တသတကံ- ခုနစ်ရာစီ, ခုနစ်ရာစီ အားဖြင့် (ဝါ- ခုနစ်ရာစီပြု၍) ပေးလှူအပ်သော မဟာဒါန၊ ဤဋီကာ၌ အဖွင့်များသည် ဝေဿန္တရဇာတ်မှ ယူပြထားသော ဘုရားလောင်းဖြစ်စဉ်တော်များဖြစ်၏။ ထို့ကြောင့် ဘုရား အလောင်းတိုင်း၏ ဖြစ်စဉ်တော်များသည် ဝေဿန္တရာမင်း၏ ဖြစ်စဉ်တော်များနှင့် အတူတူ ဖြစ်ရိုးစဉ်လာ နိယာမတရားဖြစ်သည်ဟု မှတ်ရမည်ဖြစ်၏ (မြို့တော်နာမည်, ပုဂ္ဂိုလ်နာမည် စသည် မတူညီနိုင်သည်တော့ရှိနိုင်၏) ထို့ကြောင့် ဤနိဿယ၌ “ဂမနသမယေ- (ဝင်္ကတောင် ခရီးအလားတူ) ခရီးသွားခါနီးကာလ၌”အနက်ပေးရသည်။
၊ သတ္တသတက အလှူကြီးလည်းကောင်း။ မဂ္ဂံ၊ ခရီးကို။ ဂစ္ဆန္တေန၊ သွားနေစဉ်။ ဒိန္နံ၊ လှူအပ်သော။ အဿဒါနံ၊ (ရထား၌တပ်ထားအပ်သော) မြင်းတော်အလှူ။ ရထဒါနံ၊ ရထားအလှူ။ ပုတ္တဒါနံ၊ (တောထဲမှာနေစဉ်) သားတော် သမီးတော် အလှူ။ ဘရိယာဒါနံ၊ မယားအလှူ။ ဣတိ၊ ဤသို့။ သတ္တ၊ (၇) မျိုးကုန်သော။ ဣမာနိ မဟာဒါနာနိ၊ ဤအလှူကြီးတို့ကို။ ဒတွာ၊ ပေးလှူပြီး၍။ (တုသိတဘဝနေ နိဗ္ဗတ္တန္တိ- ဟူသော အဋ္ဌကထာ၌စပ်)။
ဣဒါနေဝ၊ ယခုအခါ၌ပင်။ မေ၊ ငါ၏။ မရဏံ၊ ကွယ်လွန်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ အဓိမုစ္စိတွာ၊ စွဲမြဲစွာ နှလုံးသွင်း၍။ ကာလကရဏံ၊ ကွယ်လွန်မှုကို ပြုခြင်းသည်။ အဓိမုတ္တိကာလကိရိယာ၊ အဓိမုတ္တိကာလ ကိရိယာ မည်၏။ တံ၊ ထိုစွဲမြဲစွာ နှလုံးသွင်း၍ ကွယ်လွန်မှု ပြုခြင်းသည်။ ဗောဓိသတ္တာနံယေဝ၊ ဘုရား အလောင်းတော်တို့၏သာလျှင်။ (ကာလကရဏံ၊ သည်။ ဟောတိ၊ ဖြစ်၏။) အညေသံ၊ အခြားပုဂ္ဂိုလ်တို့၏။ (ကာလကရဏံ၊ သည်။ နဟောတိ၊ မဖြစ်။)
ကိရ၊ ချဲ့ပြဦးအံ့။ ဗောဓိသတ္တာ၊ တို့သည်။ ဒီဃာယုကဒေဝလောကေ၊ ရှည်သော အသက်ရှိသော နတ်တို့၏ ဘုံဌာန၌။ ဌိတာ၊ တည်နေရကုန်သည်။ (သမာနာ၊ ဖြစ်ကုန်လသော်။ ဝါ၊ ဖြစ်ကုန်စဉ်။) ဣဓ၊ ဤအသက်ရှည်သော နတ်တို့ဘုံဌာန၌။ ဌိတဿ၊ တည်နေရသော။ မေ၊ ငါ၏။ ဝါ၊ ငါ့မှာ။ ဗောဓိသမ္ဘာရသမ္ဘရဏံ၊ သဗ္ဗညုဗောဓိဉာဏ်၏ အကြောင်း အဆောက်အဦးဖြစ်သော ပါရမီတို့ကို ဆည်းပူး စုဆောင်းခြင်းသည်။ နသမ္ဘဝတိ၊ မဖြစ်နိုင်။ ဣတိ၊ ဤသို့ ဆင်ခြင်စဉ်းစားခြင်းကို။ ကတွာ၊ ပြု၍။ တတ္ထ၊ ထိုအသက်ရှည်ကြာ နတ်ပြည်ရွာ၌။ ဝါသတော၊ နေရခြင်းကြောင့်။ နိဗ္ဗိန္ဒမာနသာ၊ ငြီးငွေ့သော စိတ်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တဒါ၊ ငြီးငွေ့စိတ်ဖြစ်ရာ ထိုအခါ၌။ ဝိမာနံ၊ မိမိ၏ ဗိမာန်သို့။ ပဝိသိတွာ၊ ဝင်ကြကုန်၍။ အက္ခီနီ၊ မျက်စိတို့ကို။ နိမီလေတွာ၊ မှိတ်ကြကုန်၍။ ဣတော၊ ဤအချိန်အခါမှ။ ဥဒ္ဓံ၊ အထက် (နောက်) ကာလ၌။ မေ၊ ငါ၏။ ဇီဝိတံ၊ နတ်အသက်သည်။ နပ္ပဝတ္တတု၊ မဖြစ်မတည်ပါစေသတည်း။ ဣတိ၊ ဤသို့။ စိတ္တံ၊ စိတ်ကို။ အဓိဋ္ဌာယ၊ တည်ဆောက်ပြုပြင်၍။ ဝါ၊ အဓိဋ္ဌာန်၍။ နိသီဒန္တိ၊ ထိုင်နေကြကုန်၏။ စိတ္တာဓိဋ္ဌာနသမနန္တရမေဝ၊ စိတ်ကိုတည်ဆောင် ပြုပြင်ရာ ကာလ၏ အခြားမဲ့၌သာလျှင်။ မရဏံ၊ ကွယ်လွန်ခြင်းသည်။ (ဟောတိ၊ ၏)။
ဟိ၊ ချဲ့ဦးအံ့။ ပါရမိဓမ္မာနံ၊ ပါရမီတရားတော်တို့၏။ ဥက္ကံသပ္ပဝတ္တိယာ၊ အဆုံးစွန်ရောက်မှ ပြည့်စုံလုံလောက်သော အတိုင်းအတာအားဖြင့်ဖြစ်ခြင်းငှာ။ တသ္မိံ တသ္မိံ အတ္တဘာဝေ၊ ထိုထိုဘဝ အတ္တဘော၌။ အဘိညာသမာပတ္တီဟိ၊ အဘိညာဉ်, ဈာန်သမာပတ်တို့ဖြင့်။ သန္တာနဿ၊ ရုပ်နာမ်ခန္ဓာအစဉ်၏။ ဝါ၊ ကို။ ဝိသေသိတတ္တာ၊ ထူးခြားစေအပ်သည် အဖြစ်ကြောင့် (ထူးထူးခြားခြား ဖြစ်စေအပ်ပြီးသည် အဖြစ်ကြောင့်)။ [တနုဘာဝေန၊ ၌စပ်။] အတ္တသိနေဟဿ၊ မိမိခန္ဓာကိုယ်၌ ချစ်ခင်တွယ်တာသော တဏှာ အစေး၏။ တနုဘာဝေနစ၊ နည်းပါးသည် အဖြစ်ကြောင့်လည်းကောင်း။ သတ္တေသု၊ သတ္တဝါတို့၌။ မဟာကရုဏာယ၊ ကြီးမားသော ကရုဏာ၏။ ဥဠာရဘာဝေနစ၊ ပြန့်ပွား များပြားသည် အဖြစ်ကြောင့်လည်းကောင်း။ အဓိဋ္ဌာနဿ၊ စိတ်ကို တည်ဆောက် စီမံ အဓိဋ္ဌာန်မှု၏။ တိက္ခဝိသဒဘာဝါပတ္တိယာ၊ ထက်မြတ်သန့်ရှင်းသည် အဖြစ်သို့ရောက်ခြင်းကြောင့်။ ဗောဓိသတ္တာနံ၊ ဘုရားအလောင်းတော်တို့၏။ အဓိပ္ပါယာ၊ အလိုဆန္ဒတို့သည်။ သမိဇ္ဈန္တိ၊ ပြည့်စုံကုန်၏။
နေသံ၊ ထိုဘုရားအလောင်းတော်တို့၏။ စိတ္တေ၊ စိတ်၌။ ဝသီဘာဝေါ၊ အစွမ်းသတ္တိအပြည့်အစုံရှိသည် အဖြစ်သည်။ (ဟောတိဝိယ၊ ဖြစ်သကဲ့သို့)။ နေသံ၊ တို့၏။ ကမ္မေသုစ၊ ကိုယ်မှု နှုတ်မှု ပြုလုပ်အပ်သမျှ ကိစ္စတို့၌လည်း။ ဝသီဘာဝေါ၊ သည် (ဟောတိ)။ တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ စိတ်၌ ကဲ့သို့ ကိုမှု နှုတ်မှု ထိုကိစ္စစုတို့၌လည်း ဝသီဘော်မြောက် သိဒ္ဓိပေါက်၍ စွမ်းအင်သတ္တိအပြည့် အဝရှိကုန်သည် အဖြစ်ကြောင့်)။ ယတ္ထ၊ အကြင်ဘုံဘဝ၌။ ဥပပန္နာနံ၊ ပဋိသန္ဓေနေကြသော ဘုရားအလောင်းတော်တို့၏။ ဝါ၊ တို့မှာ။ ပါရမိယော၊ ပါရမီတော်တို့သည်။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ ပရိဗြူဟန္တိ၊ တိုးပွားကုန်၏။
ဝုတ္တနယေန၊ ဆိုအပ်ပြီးသော အဓိမုတ္တိကာလံကိရိယာနည်းဖြင့်။ ကာလံကတွာ၊ ကွယ်လွန်မှုပြုကြ၍။ တတ္ထ၊ ပါရမီတရားတိုးပွားနိုင်ရာ ထိုဘုံဘဝ၌။ ဥပပဇ္ဇန္တိ၊ ပဋိသန္ဓေနေတော်မူကြကုန်၏။
တထာဟိ၊ ထို့ကြောင့်ပင်။ အမှာကံ၊ ငါတို့၏။ မဟာသတ္တော၊ ဂေါတမမြတ်စွာ ဘုရား အလောင်းတော်သည်။ ဣမသ္မိံယေဝ ကပ္ပေ၊ ဤဘဒ္ဒကမ္ဘာ၌ပင်။ နာနာ ဇာတီသု၊ အမျိုးမျိုးသော ဘဝတို့၌။ အပရိဟီနဇ္ဈာနော၊ မဆုတ်ယုတ်မကွယ်ပသော ဈာန်ရှိလျက်။ ကာလံကတွာ၊ ကွယ်လွန်မှုပြု၍။ ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ နိဗ္ဗတ္တော၊ ဖြစ်သည်။ (သမာနာ၊ ဖြစ်လသော်)။ အပ္ပကမေဝ၊ အနည်းငယ်သာဖြစ်သော။ ကာလံ၊ ကာလပတ်လုံး။ တတ္ထ၊ ထိုဗြဟ္မာ့ပြည်၌။ ဌတွာ၊ တည်နေပြီး၍။ တတော၊ ထိုဗြဟ္မာပြည်မှ။ စဝိတွာ၊ စုတေပြီး၍။ မနုဿလောကေ၊ လူ့ပြည်၌။ နိဗ္ဗ‌တ္တော၊ ဖြစ်သည် (ဟုတွာ)။ ပါရမီသမ္ဘရဏပ္ပသုတော၊ ပါရမီကုသိုလ်တို့ကို ဖြည့်ကျင့်စုဆောင်းခြင်း၌ ကြိုးပမ်း အားထုတ်သည်။ အဟောသိ၊ ဖြစ်ပြီ။
တေန၊ ထို့ကြောင့်။ ဗောဓိသတ္တာနံယေဝ။ န အညေသန္တိ၊ အညံသံ ဟူ၍။ (မယာ၊ ငါသည်)။ ဝုတ္တံ၊ ဆိုအပ်ခဲ့ပြီ။
ဧကေန ။ပ။ ပူရိတတ္တာတိ ဣမိနာ၊ ဧကေန ။ပ။ ပူရိတတ္တာ- ဟူသော ဤစကားဖြင့်။ ပယောဇနာ ဘာဝတော၊ အဓိမုတ္တိကာလကိရိယာ၏ အကျိုးတစုံတခုမျှမရှိသည် အဖြစ်ကြောင့်။ တတ္ထ၊ ထိုတုသိတာနတ်ပြည်၌။ ဌတွာ၊ တည်နေတော်မူ၍။ အဓိမုတ္တိကာလကိရိယာ နာမ၊ (ယခုပင်ငါ၏ ကွယ်လွန်မှု ဖြစ်စေသတည်းဟု) စွဲမြဲစွာနှလုံးသွင်း၍ ကွယ်လွန်ခြင်း မည်သည်။ နအဟောသိ၊ မဖြစ်တော့ပြီ။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ (အာစရိယော၊ သည်။) ဒဿေတိ၊ ပြတော်မူ၏။
အပိစ၊ အကြောင်းတမျိုးပြရသော်ကား။ [ထို့နောက် ဥပမာန စကားရပ်များကို ရှေးဦးစွာ အနက်ရေးအံ့] စရိမဘဝေ၊ ဘုရားဖြစ်မည့်နောက်ဆုံး ဘဝ၌။ အနေကမဟာနိဓိသမုဋ္ဌာနပုဗ္ဗကာယ၊ တလုံးမကများစွာသော ရွှေအိုးကြီးတို့ ဖြစ်ပေါ်လာခြင်းဟူသော ရှေ့တော်ပြေးစည်းစိမ်ရှိသော။ ဒိဗ္ဗသမ္ပတ္တိသဒိသာယ၊ နတ်၌ ဖြစ်သော စည်းစိမ်နှင့် တူသော။ မဟာသမ္ပတ္တိယာ၊ ကြီးစွာသော စည်းစိမ်၏။ နိဗ္ဗတ္တိ၊ ဖြစ်ပေါ်လာခြင်းသည်။ ဣတော၊ ဤနောက်ဆုံးဘဝမှ။ ပရံ၊ နောက်၌။ မဟာပုရိသဿ၊ ဘုရားအလောင်းတော် ယောက်ျားမြတ်၏။ မနုဿသမ္ပတ္တိ အနုဘဝနံ နာမ၊ လူ့စည်းစိမ် ခံစားခြင်းမည်သည်။ နတ္ထိ၊ မရှိတော့။ ဣတိ၊ ဤသို့ဤပုံအားဖြင့်။ ဥဿာဟဇာတဿ၊ ဖြစ်သောကြောင့်ကြစိုက်ထုတ်မှုရှိသကဲ့သို့ ဖြစ်သော။ ပုညသမ္ဘာရဿ၊ ကုသိုလ်ကောင်းမှုဟူသော အဆောက်အဦးကြီး၏။ ဝသေန- အစွမ်းကြောင့်။ ဟောတိ ဝိယစ၊ ဖြစ်သကဲ့သို့လည်းကောင်း။ ဗုဒ္ဓဘူတဿ၊ ဘုရားအဖြစ်သို့ ရောက်တော်မူစဉ်။ အသဒိသဒါနာဒိဝသေန၊ မည်သည့် အလှူဒါနနှင့်မျှ မတူသော အလှူဒါန အစရှိသည်တို့၏ အနေအားဖြင့်။ အနညသာဓာရဏလာဘုပ္ပတ္တိ၊ အခြားသူတို့၏ မည်သည့် လာဘ်လာဘနှင့်မျှ တန်းတူ ရည်တူ မဆက်စပ် မသက်ဆိုင်သော လာဘ်လာဘ၏ ဖြစ်ခြင်းသည်။ ဣတော၊ ဤဘဝမှ။ ပရံ၊ နောက်၌။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သမ္ပတ္တိ အနုဘဝနံနာမ၊ လာဘ်လာဘ စည်းစိမ်ခံစားခြင်း မည်သည်။ နတ္ထိ၊ မရှိတော့။ ဣတိ၊ ဖြင့်။ ဥဿာဟဇာတဿ၊ သော။ ပုညသမ္ဘာရဿ၊ ၏။ ဝသေန၊ ကြောင့်။ ဟောတိ ဝိယစ၊ ကောင်း။ တထာ၊ ထို့အတူ။ [ထို့နောက် ဥပမေယျစကားရပ်သို့ သွားအံ့] တတ္ထ၊ ထိုတုသိ တာနတ်ဘဝ၌။ ယာဝတာယုကဋ္ဌာနံ၊ နတ်တို့ အသက်တမ်းရှိသမျှတည်နေရခြင်းသည်။ ဣတော၊ ဤတုသိတာ နတ်သား ဘဝမှ။ ပရံ၊ နောက်၌။ မဟာပုရိသဿ- ၏။ ဒိဗ္ဗသမ္ပတ္တိအနုဘဝနံနာမ၊ နတ်၌ဖြစ်သော စည်စိမ်ခံစားရခြင်းမည်သည်။ နတ္ထိ၊ မရှိတော့။ ဣတိ၊ ဖြင့်။ ဥဿာဟဇာတဿ၊ သော။ ပုညသမ္ဘာရဿ၊ ၏။ ဝသေန၊ ကြောင့်။ (ဟောတိ၊ ၏။) ဣတိ၊ ဤသို့။ (ဝိညုနာ၊ ပညာရှိပုဂ္ဂိုလ်သည်)။ ဒဋ္ဌဗ္ဗံ၊ မှတ်သားထားရမည်။
အယံ၊ ဤသို့ ဖြစ်ခြင်းသည်။ (ဤဘဝမှ နောက်၌ ဘုရားအလောင်းတော် နတ်သားမှာ နတ်စည်းစိမ်ခံစားရခြင်း မရှိတော့ပြီဟု ရည်စူးတောင့်တ ကြောင့်ကြစိုက်ထုတ်သကဲ့သို့ ဖြစ်သော ပါရမီကုသိုလ် အဆောက်အဦး၏ အစွမ်းသတ္တိကြောင့် ဘုရားအလောင်းတော် နတ်သားသည် ထိုတုသိတာနတ်ပြည်၌ အဓိမုတ္တိကာလကိရိယာမပြုတော့ဘဲ တုသိတာ နတ်သက်တမ်းရှိသမျှ ကာလကြာရှည် တည်နေခြင်းသည်)။ ဧတ္ထ၊ ဤဘုရားမဖြစ်မီ အခြားမဲ့ ဒုတိယဘဝဝယ် ဘုရားအလောင်းတော်တို့ တုသိတာ နတ်ပြည်ဖြစ်ရာ၌။ ဓမ္မတာ၊ ထုံးတမ်းစဉ်လာ ဓမ္မတာပေတည်း။
မနုဿဂဏနာဝသေန၊ လူတို့ အရေအတွက် အနေအားဖြင့်။ (သတ္တဟိ ဒိဝသေဟိ၊ ခုနစ်ရက်တို့ဖြင့်။ စုတိ၊ စုတေခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။) ဒေဝဂဏနာဝသေန၊ တုသိတာနတ်တို့ အရေအတွက် အနေအားဖြင့်။ (သတ္တဟိ ဒိဝသေဟိ စုတိ၊ သည်။ နဘဝိဿတိ၊ ဖြစ်လတ္တံ့မဟုတ်။)
ပုဗ္ဗနိမိတ္တာနီတိ၊ ကား။ စုတိယာ၊ စုတေ ကွယ်လွန်ခြင်း၏။ ပုဗ္ဗနိမိတ္တာနိ၊ ရှေ့ပြေး နိမိတ်တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
အမိလာယိတွာတိဟဧတ္တ၊ အမိလာယိတ္တာ ဟူသော ဤပါဌ်၌။ အမိလာတဂ္ဂဟဏေနေဝ၊ အမိလာတသဒ္ဒါဖြင့်ပင်။ တာသံ မာလာနံ၊ ထိုနတ်ပန်းတို့၏။ ဝဏ္ဏသမ္ပဒါယပိ၊ အဆင်းနှင့် ပြည့်စုံခြင်းလည်းကောင်း။ ဂန္ဓသမ္ပဒါယပိ၊ အနံ့နှင့် ပြည့်စုံခြင်း၏လည်းကောင်း။ သောဘာသမ္ပဒါယပိ၊ တင့်တယ်လှပခြင်းနှင့် ပြည့်စုံခြင်း၏ လည်းကောင်း။ အဝိနာသော၊ မပျက်စီးခြင်းကို။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဒဿိတော၊ ပြတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
ဗာဟိရဗ္ဘန္တရာနံ၊ ခန္ဓာကိုယ်၏ပြင်ပနှင့်အတွင်း၌ ရှိကုန်သော။ ရဇောဇလ္လာနံ၊ မြူအညစ်အကြေးတို့၏။ လေပဿပိ၊ လိမ်းကပ်ခြင်း၏လည်း။ အဘာဝတော၊ မရှိခြင်းကြောင့်။ ဒေဝါနံ၊ နတ်တို့၏။ သရီရဂတာနိ၊ ခန္ဓာကိုယ်ပေါ်ရောက်နေကုန်သော။ ဝတ္ထနိ၊ အဝတ်တို့သည်။ သဗ္ဗကာလံ၊ အားလုံးသော ကာလပတ်လုံး။ ပရိသုဒ္ဓပ္ပဘဿရာနိဧဝ၊ သန့်ရှင်း၍ တလက်လက်ထွက်သော အရောင်ရှိကုန်သည်သာလျှင်။ ဟုတွာ၊ ဖြစ်၍။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဣတိ၊ ဤအနက်ကို ပြလိုသောကြောင့်။ ဝတ္ထေသုပိ ဧသေဝ နယောတိ၊ ဟူ၍။ အာဟ၊ ပြီ။
နေဝ သီတံ န ဥဏှန္တိ၊ ကား။ ယဿ သီတဿ၊ အကြင်အအေးကို။ ပဋိကာရဝသေန၊ ကုစားကာကွယ်ရေး အနေအားဖြင့်။ အဓိကံ၊ အလွန်အကဲ။ သေဝိယမာနံ၊ မှီဝဲ သုံးစွဲအပ်သော။ ဥဏှံ၊ အပူငွေ့သည်။ သေဒံ၊ ချွေးကို။ ဥပ္ပါဒေယျ၊ ဖြစ်စေရာ၏။ ဝါ၊ သို့မဟုတ်။ သယမေဝ၊ အပူငွေ့ကိုယ်တိုင်ပင်လျှင်။ ခရတရံ၊ အထူးလွန်ကဲစွာ ကြမ်းတမ်းသည်။ ဟုတွာ၊ ဖြစ်၍။ အဘိဘဝန္တံ၊ လွှမ်းမိုးသည်။ (ဟုတွာ၊ ဖြစ်၍)။ သရီရေ၊ ၌။ သေဒံ၊ ကို။ ဥပ္ပါဒေယျ၊ ရာ၏။ တာဒိသံ၊ ထိုကဲ့သို့ ရှုအပ်သော။ သီတံ၊ အအေးသည်။ နေဝ ဟောတိ၊ မရှိ။ ဥဏှံ၊ အပူသည်။ နဟောတိ၊ မရှိ။
တသ္မိံ ကာလေတိ၊ ကား။ ယထာဝုတ္တမရဏာသန္နကာလေ၊ (၇) ရက်ဟု ဆိုအပ်ပြီး တိုင်းသောသေခါနီး ကာလ၌။ (သေဒါ မုစ္စန္တိ၊ ၌စပ်)။
ဗိန္ဒုဝသေနာတိ၊ ကား။ ဆိန္နသုတ္တာယ၊ ပြတ်သော ချည်ရှိသော။ အာမုက္ကမုတ္တာဝလိယာ၊ ဝတ်ဆင်ထားအပ်သော ပုလဲသွယ်မှ။ နိပတန္တာ၊ ပြုတ်ကျကုန်သော။ မုတ္တာဂုဠိကာ ဝိယ၊ ပုလဲလုံးတို့ကဲ့သို့။ ဗိန္ဒု ဗိန္ဒု၊ အလုံးအလုံး။ ဝါ၊ အပေါက် အပေါက်။ ဟုတွာ၊ ဖြစ်၍။ (မုစ္စန္တိ၊ ထွက်ကုန်၏)။
သေဒါတိ၊ ကား။ သေဒဓာရာ၊ ချွေးအလျဉ်တို့သည်။ မုစ္စန္တိ၊ ယိုထွက်ကုန်၏။
ဒန္တာနံ၊ သွားတို့၏။ ခဏ္ဍိတ ဘာဝေါ၊ ကျိုးကုန်သည် အဖြစ်သည်။ ခဏ္ဍိစ္စံ၊ ခဏ္ဍိစ္စံမည်၏။
ကေသာနံ၊ ဆံပင်တို့၏။ ပလိတဘာဝေါ၊ ဖြူကုန်သည် အဖြစ်သည်။ ပါလိစ္စံ၊ ၏။
အာဒိသဒ္ဒေန၊ အာဒိသဒ္ဒါဖြင့်။ ဝလိတ္တစတံ၊ တွန့်သော အရေရှိကုန်သည် အဖြစ်ကို။ သင်္ဂဏှာတိ၊ သိမ်းယူ၏။
ကိလန္တရူပေါ၊ ပင်ပန်းနွမ်းနယ်သူ၏ သဘောရှိသော။ အတ္တဘာဝေါ၊ ခန္ဓာကိုယ်သည်။ ဟောတိ၊ ဖြစ်၏။ ပန၊ သို့သော်လည်း။ ခဏ္ဍိစ္စပါလိစ္စာဒီ၊ သွားကျိုး ကုန်သည်အဖြစ်, ဆံပင်ဖြူကုန်သည်အဖြစ် အစရှိသည်တို့သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
ဥက္ကဏ္ဌိတာတိ၊ ကား။ အနဘိရတိ၊ မပျော်မွေ့ခြင်းသည်။ (နတ္ထိ)
ဥပရူပရိ၊ ဆင့်ကဲ ဆင့်ကဲ။ ဝါ၊ တမျိုးပြီးတမျိုး။ ဥဠာရုဠာရာနမေဝ၊ ကောင်းမြတ်ကုန် ကောင်းမြတ်ကုန်သည် သာဖြစ်ကုန်သော။ ဝိသေသတော၊ အထူးအားဖြင့်။ ဒုဝိဇာနာနံ၊ သိနိုင်ခဲကုန်သော။ ဘောဂါနံ၊ စည်းစိမ်တို့၏။ ဥပတိဋ္ဌနတော၊ အနီးချဉ်းကပ်တည်နေကုန်သည် အဖြစ်ကြောင့်။ သာ၊ ထိုပျင်းရိခြင်းသည်။
နတ္ထိ၊ မရှိ။ နိဿသန္တီတိ၊ ကား။ ဥဏှံ၊ ကိုယ်စိတ်နှစ်တန်ပူပန်စွာ။ နိဿသန္တိ၊ ရှူရှိုက်ကုန်၏။ (သေရတော့မည်မှန်းသိ၍ သဲထိတ်ရင်ဖိုဖြစ်ကာ အသက်ရှူမမှန်ပြင်းထန်စွာ အသက်ရှူကုန်၏)
ဝိဇမ္ဘန္တီတိ၊ ကား။ အနဘိရတိဝသေန၊ မပျော်မွေ့ခြင်းအနေအားဖြင့်။ ဝိဇမ္ဘနံ၊ ကိုယ်လက်ဆန့်တန်းခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။
ပဏ္ဍိတာ ဧဝါတိ၊ ကား။ ဗုဒ္ဓိသမ္ပန္နာ၊ ပညာနှင့် ပြည့်စုံကုန်သော။ ဒေဝတာ ဧဝ၊ နတ်တို့သည်သာလျှင်။ (ဇာနန္တိ၊ သိကုန်၏)။
သမ္ပတိဇာတာ၊ ယခုလတ်တလော ကာလ၌ပင် နတ်ဖြစ်ကုန်သော။ ဒေဝတာ၊ နတ်တို့သည်။ ကီဒိသေန၊ အဘယ်ကဲ့သို့ ရှူအပ်သော။ ပုညကမ္မေန၊ ကုသိုလ်ကောင်းမှုကြောင့်။ ဣဓ၊ ဤနတ်ပြည်၌။ နိဗ္ဗတ္တာ၊ ဖြစ်ကြလေကုန်သနည်း။ ဣတိ၊ ဤသို့။ စိ‌န္တေတွာ၊ စဉ်းစား ဆင်ခြင်ကြည့်ကြပြီး၍။ ဣမိနာ နာမ၊ ဤမည်သော။ ပုညက​မ္မေန၊ ကြောင့်။ ဣဓ၊ ၌။ နိဗ္ဗတ္တာ၊ ဖြစ်ကြကုန်၏။ ဣတိ၊ ဤသို့။ ဇာနန္တိယထာ၊ သိကြကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မဟာပုညာ၊ ကြီးမားသော ဘုန်းကံရှိကုန်သော။ ဒေဝတာ၊ နတ်တို့သည်။ အတီတဘဝေ၊ လွန်ခဲ့ပြီး အတိတ်ဘဝ၌။ အတ္တနာ၊ မိမိကိုယ်တိုင်။ ကတံ၊ ပြုအပ်ခဲ့သော။ ပုညကမ္မံဝါ၊ ကောင်းမှုကုသိုလ်ကံကို လည်းကောင်း။ အညဒါပိ၊ အခြားသောအခါ၌လည်း။ (ကတံ၊ သော)။ ဧကစ္စံ၊ အချို့သော။ ပုညကမ္မံဝါ၊ ကောင်း။ ဇာနန္တိယေဝ၊ သိကြကုန်သည် သာတည်း။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ (ဒဿေတုံ၊ ငှာ)။ အာဟ၊ မိန့်ဆိုတော် မူသည်ကား။ ယေ မဟာပုညာတိ အာဒိ၊ ယေ မဟာပုညာ အစရှိသည်တည်း။
အာယုနော၊ အနှစ်တစ်သိန်း သက်တမ်းထက်။ ပရံ၊ ကျော်လွန်အောင်။ (သတ္တာနံ၊ သတ္တဝါတို့၏)။ စိရတရကာလတ္တာ၊ အထူးအသက်ရှည်ရာ ကာလရှိကုန်သည် အဖြစ်ကြောင့်။ (ဇာတိဇာရာမရဏာနိ၊ ပဋိသန္ဓေနေခြင်း အိုမင်းရင့်ရော်ခြင်း သေခြင်းသဘောတို့သည်)။ န ပညာယန္တိ၊ မထင်ရှားကုန်။
အနိယျာနိကန္တိ၊ အနိယျာနိကံ ဟူသည်ကား။ သတ္တာနံ၊ သတ္တဝါတို့၏။ အဘာဇနဘာဝတော၊ မြတ်စွာဘုရားအဆုံး အမတရား၏ တည်ရာမဟုတ်ကုန်သည် အဖြစ်ကြောင့်။ (သာသနံ၊ မြတ်စွာဘုရား၏ သစ္စာလေးပါး အဆုံးအမ တရားတော်သည်)။ နိယျာနာဝဟံ၊ ဝဋ်ဒုက္ခမှ ထုတ်ဆောင်ခြင်း ကိစ္စကို ဆောင်ရွက်နိုင်သည်။ (နဟောတိ၊ မဖြစ်နိုင်တော့)။
အာယုနောန ပရမာယူနာ ။ ။“သတ္တာ န ပရမာယုနော ဟောန္တိ နာမ ပါပုဿတာယ” အစရှိသော ဋီကာဝါကျသည် ဆိုလိုရင်း အဓိပ္ပါယ်ပြည့်စုံသော ဝါကျမဖြစ်နိုင်ပါ။ စာကျပျောက်နေသော ဝါကျဟု ယူဆပါ၏။ “တဒါ ဟိ သတ္တာ ဥဿန္ဓကိလေသာ ဟောန္တိ” အစရှိသော အဋ္ဌကထာဝါကျ၌ စောဒနာဖွယ်ရှိသောကြောင့် “သတ္တာ န ပရမာယုနော” အစရှိသည်ဖြင့် ဋီကာဆရာဖြည့်စွက်ဖွင့်ပြခြင်း ဖြစ်နိုင်၏။ အနည်းငယ် ချဲ့ထွင် ဖေါ်ပြရသော်
အသက်တစ်ရာအောက် ယုတ်လျော့ကျဆင်း၍ အလွန်အသက်တိုသော လူတို့ လက်ထက်ကာလသည် ကိလေသာထူပြောကြသောကြောင့် မြတ်စွာဘုရား ပွင့်ထွန်းမှု မဖြစ်နိုင်သော အကာလဖြစ်သည်ဟု အဋ္ဌကထာ မိန့်ဆို၏။ သို့ဖြစ်လျှင် အသက်တစ်သိန်းထက် ကျော်လွန်အောင် အသက်ရှည်သော လူတို့ လက်ထက်ကာလကိုလည်း သတ္တဝါတို့ ကိလေသာ ထူပြောကြသောကြောင့်ပင် ဘုရားပွင့်ထွန်းမှု မဖြစ်နိုင်သော အကာလဟု ဆိုရပါမည်လောဟု စောဒနာဖွယ်ရှိ၏၊ ထို့ကြောင့် အသက်တစ်သိန်းထက် ကျော်လွန်အောင် အသက်ရှည်ရာ ကာလကိုကား ကိလေသာထူပြောကြသောကြောင့် ဘုရားပွင့်ထွန်းမှု မဖြစ်နိုင်ရာ အကာလဟု မဆိုရပါ၊ အဋ္ဌကထာ ပြဆိုထားသည့် အတိုင်းပင် အသက်တစ်သိန်းထက် ကျော်လွန်အောင် အသက်ရှည်ရာ ကာလ၌ သတ္တဝါတို့သည် ဇာတိဇရာမရဏတို့ မထင်ရှားရကား အနိစ္စဒုက္ခ အနတ္တတရားကို ယုံကြည်ကြမည်မဟုတ်သောကြောင့် ထိုကာလသည် မြတ်စွာရှင်များ ပွင့်ထွန်းရာ ကာလမဖြစ်နိုင်ဟု ဆိုရမည် ဖြစ်၏။ ယင်းသို့ ပြဆိုထားသော အဋ္ဌကထာ စကားကိုပင် ရည်ညွှန်း၍ “သတ္တာ န ပရမာယုနော” အစရှိသော ဝါကျကို ဋီကာ မိန့်ဆိုခြင်း ဖြစ်နိုင်၏။ ယင်းသို့ မိန့်ဆိုသည်နှင့် ကိုက်ညီအောင် ထည့်သင့်သော ပါဌသေသကို ထည့်၍ ဋီကာဝါကျကို အနက်ပြန်ဆိုထားပါသည်၊ ဤထက် အကောင်းဆုံးဖြစ်အောင် ဆက်လက် စဉ်းစားကြပါကုန်။
၊ အနှစ်တစ်သိန်း အသက်တမ်းထက်။ ပရံ၊ ကျော်လွန်အောင်။ (စိရတရကာလိကာ၊ အထူးအသက်ရှည်ရာ ကာလရှိကုန်သော)။ သတ္တာ၊ သတ္ထာတို့သည်။ ပါပုဿန္နတာယ၊ ထူပြောသော အကုသိုလ်ရှိကုန်သည် အဖြစ်ကြောင့်။ (အဘာဇနာ၊ မြတ်စွာဘုရား အဆုံးအမတရား၏ တည်ရာမဟုတ်ကုန်သည်။ နဟောန္တိနာမ၊ မဖြစ်သည် မည်ကုန်၏။ ဣတိ၊ ဤသို့သော အနက်အဓိပ္ပါယ်ကို ပြလိုသည် အဖြစ်ကြောင့်လည်း တဒါဟိ သတ္တာ ။ပ။ ဟောန္တီတိ- ဟူ၍။ (အာစရိယော) အာဟ၊ ဖွင့်ဆိုတော်မူပြီ။
ဧတ္ထ၊ ဤမြတ်စွာဘုရား ပွင့်ထွန်းသင့်ရာ အခါကာလကို ပြဆိုရာ စကားရပ်၌။ (ဌတွာ၊ ရပ်တန့်၍။ စောဒကော၊ စောဒကဆရာသည်)။ အာဟ၊ ဆို၏။ (ကိန္တိ၊ အဘယ်သို့။ အာဟ၊ ဆိုသနည်းဟူမူ)။ ကသ္မာ၊ အဘယ့်ကြောင့်။ သမ္မာသမ္ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။ မနုဿလောကေဧဝ၊ လူပြည်၌သာလျှင်။ ဥပ္ပဇ္ဇန္တိ၊ ပွင့်ထွန်းကုန် သနည်း။ ဒေဝဗြဟ္မလောကေသု၊ နတ်ပြည်, ဗြဟ္မာပြည်တို့၌။ နဥပ္ပဇ္ဇန္တိ၊ ပွင့်ထွန်းတော် မမူကုန်သနည်း။ ဣတိ၊ ဤသို့။ (အာဟ၊ ဆို၏)။
တာဝ၊ ဗြဟ္မာပြည်မှ ရှေးဦးစွာ။ (နိဒ္ဒိသိတဗ္ဗေ၊ ညွှန်ပြသင့်သော။) ဒေဝလောကေ၊ နတ်ပြည်၌။ ဗြဟ္မစရိယဝါသဿ၊ မြတ်သော အရိယမဂ်အကျင့်ကို ကျင့်သုံးခြင်း၏။ အနောကာသဘာဝတော၊ သင့်လျော်သော ဘုံဌာန မဟုတ်သည်အဖြစ်ကြောင့်။ [အင်္ဂုတ္တိရ်ဋီကာ (ဧကက၊ နှာ-၁၂၃)၌ အဋ္ဌာနဘာဝတော- ဟုပါဌ်ရှိ၏] တထာ၊ ထိုမှတပါး။ ဝါ၊ ထိုလူသား စင်စစ်ဖြစ်သော မြတ်စွာဘုရားရှင်တို့ကဲ့သို့။ (ဒေဝဘူတာနံ၊ နတ်ဖြစ်သော ဘုရားတို့၏။) အနစ္ဆရိယ ဘာဝတော၊ အံ့ဩဖွယ် သဘောမရှိကုန်သည် အဖြစ်ကြောင့်။ (ဒေဝလောကေ၊ ၌။ နုပ္ပဇ္ဇန္တိ၊ ကုန်)။
ဟိ၊ ချဲ့ဦးအံ့။ ဗုဒ္ဓါ၊ တရားလုံးစုံ အကုန်သိတော်မူကုန်သော။ ဘဂဝန္တော၊ ရွှေဘုန်းတော်သခင် ဘုရားရှင်တို့သည်။ အစ္ဆရိယဓမ္မာ၊ အံ့ဩဖွယ်သဘောတရား ရှိတော်မူကုန်၏။ မနုဿဘူတာနံ၊ လူသားစင်စစ် ဖြစ်သော မြတ်စွာဘုရားရှင်တို့၏။ သာ အစ္ဆရိယဓမ္မတာ၊ ထိုအံ့ဩဖွယ် သဘောရှိကြသည် အဖြစ်သည်။ ပါကဋာ၊ ထင်ရှားသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ (ဧဝံ၊ ဤအတူ)။ ဒေဝတ္တဘာဝေ၊ နတ်ခန္ဓာအတ္တဘော၌။ ဌိတာနံ၊ တည်ကုန်သော။ တေသံ၊ ထိုမြတ်စွာဘုရားတို့၏။ သာ အစ္ဆရိယဓမ္မတာ၊ သည်။ ပါကဋာ၊ သည်။ န ဟောတိ၊ မဖြစ်။ ဟိ၊ မှန်၏။ ဒေဝဘူတေ၊ နတ်ဖြစ်သော။ သမ္မာသမ္ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဒိဿမာနံ၊ တွေ့မြင်ရသော။ ဗုဒ္ဓါနုဘာဝံ၊ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကို။ ဒေဝါနုဘာဝတော၊ နတ်၏တန်ခိုးအာနုဘော် အဖြစ်ဖြင့်။ ဝါ၊ နတ်၏ တန်ခိုးအာနုဘော်ဟူ၍။ လောကော၊ သတ္တလောကသည်။ ဝါ၊ သတ္တဝါအပေါင်းသည်။ ဒဟတိ၊ စိတ်၌သတ်မှတ်ထား၏၊ ဗုဒ္ဓါနုဘာဝတော၊ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်အဖြစ်အားဖြင့်။ ဝါ၊ ဘော်ဟူ၍။ န ဒဟတိ၊ စိတ်၌ အဆန်းတကြယ်သတ်မှတ်မထား။ တထာ၊ ထိုသို့မြတ်စွာဘုရား၏ တန်ခိုးအာနုဘော် ဟူ၍ စိတ်၌သတ်မှတ်မထားခြင်းသည်။ သတိ၊ ဖြစ်လသော်။ သမ္မာသမ္ဗုဒ္ဓေါတိ၊ အမှားမပါ မှန်စွာကိုယ်တိုင်သိမြင်နိုင်သော မြတ်စွာဘုရားဟူ၍။ နာဓိမုစ္စတိ၊ သူတို့ စိတ်ထဲစွဲမြဲထင်ထင်မသက်ဝင်။ ဝါ၊ နှလုံးမသွင်း။ န သမ္ပသီဒတိ၊ ကြည်ညိုစိတ်ဝင် မကြည်လင်။ ဣဿရကုတ္တဂ္ဂါဟံ ဣဿရကုတ္တဂါဟံ။ ။ ဋီကာ၌ “ဣဿရဂုတ္တဂါဟံ”ဟု ပါဠိပျက်နေ၏၊ ဤနေရာ အဖွင့်ဝါကျမျိုး၌ “ဣဿရကုတ္တဂ္ဂာဟံ နဝိဿ​ဇ္ဇေတိ”ဟု အင်္ဂုတ္တိုရ်ဋီကာ၊ပ-နှာ၊ ၁၂၃ (ဧကက နိပါတ်)ရှိ၏၊ ထို့ပြင် ပါထိကဝဂ္ဂပါဠိတော် ပါထိကသုတ် (၂၃)၌ “ဧကေ သမဏဗြာဟ္မဏာ ဣဿရကုတ္တံ ဗြဟ္မကုတ္တံ အာစရိယကံ အဂ္ဂညံ ပညပေန္တိ”ဟု ရှိပြီး “ဣဿရကုတ္တံ ဗြဟ္မကုတ္တန္တိ ဣဿရကတံ ဗြဟ္မကတံ ဣသာရဿရနိမ္မိတံ ဗြဟ္မနိမ္မိတန္တိ အတ္ထော”စသည်ဖြင့် အဋ္ဌကထာဖွင့်၏။ ၊ အစိုးရသခင် ဗြဟ္မာမင်းသည် စီမံဖန်ဆင်းအပ်၏ဟု ယူဆခြင်းကို။ န ဝိဿဇ္ဇေတိ၊ မစွန့်လွှတ်။ စ၊ ထို့အပြင်။ ဒေဝတ္တဘာဝဿ- နတ်ကိုယ် အတ္တဘော၏။ စိရကာလာဓိဋ္ဌာနတော၊ ကြာမြင့်စွာ တည်ရှိသည် ဖြစ်ကြောင့်။ ဧကစ္စ သဿတဝါဒတော၊ အချို့သော အသက်ရှင်အတ္တကောင်နှင့် လောကသည် မပြတ်မစဲ အမြဲတည်ရှိ၏ဟူသော အယူဝါဒမှ။ န ပရိမုစ္စတိ၊ မလွတ်မြောက်။
ဗြဟ္မလောကေ နုပ္ပဇ္ဇန္တီတိ ဧတ္ထာပိ၊ ဗြဟ္မလောကေ နုပ္ပဇ္ဇန္တီတိ- ဟူသော ဤပါဌ်၌လည်း။ ဧသော ဧဝ၊ ဤဖွင့်ဆိုအပ်ပြီးသော စကားရပ်သည်ပင်။ နယော၊ သိကြောင်း အစီအစဉ် ပေတည်း။
ဟိ- ဣဿရကုတ္တဂ္ဂါဟံ၊ အစရှိသော စကားသည် အမှန်ဖြစ်၏။ သတ္တာနံ၊ သတ္တဝါတို့၏။ တာဒိသ။ပ။တ္ထံ၊ ထိုကဲ့သို့ရှုအပ်သော ဣဿရကုတ္တါဟအစရှိသော စွဲလမ်းယူဆခြင်းမှ လွတ်မြောက်ခြင်းအကျိုးငှာ။ ဗုဒ္ဓါ၊ ကုန်သော။ ဘဂဝန္တော၊ တို့သည်။ မနုဿ သုဂတိယံယေဝ၊ လူတို့၏ သုဂတိဘုံ၌သာလျှင်။ ဥပ္ပဇ္ဇန္တိ၊ ပွင့်ထွန်းတော်မူကုန်၏။ ဒေဝသုဂတိယံ၊ နတ်တို့၏ သုဂတိဘုံ၌။ န ဥပ္ပဇ္ဇန္တိ၊ ကုန်။
မနုဿဂတိယံ၊ ၌။ ဥပ္ပဇ္ဇန္တာပိ၊ ပွင့်တော်မူပါကုန်သော်လည်း။ ဩပပါတိကာ၊ ဥပပါတ်ပဋိသန္ဓေနေသူတို့သည်။ နဟောန္တိ၊ မဖြစ်ရကုန်။ စ၊ ဩပပါတိက မဖြစ်သင့်ခြင်း၏အကြောင်းကို ပြရသော်ကား။ ဩပပါတိကူပပတ္တိယံ၊ ဥပပါတ်ပဋိသန္ဓေနေသူအဖြစ်ဖြင့် ပဋိသန္ဓေကပ်ရောက်တည်နေ ခြင်းသည်။ သတိ၊ ဖြစ်လသော်။ ဝုတ္တဒေါသာနာတိဝတ္တနတော စ၊ (ဘုရားဟု မသတ်မှတ် မကြည်ညိုခြင်းစသော) ဆိုအပ်ခဲ့ပြီးသော အပြစ်တို့ကို မကျော်လွန်နိုင်ခြင်းကြောင့်လည်းကောင်း။ ဓမ္မဝေနေယျာနံ၊ တရားဒေသနာတော်ဖြင့်ဆုံးမထိုက်သော သတ္တဝါတို့အတွက်။ ဓမ္မတန္တိယာ၊ တရားဒေသနာပါဠိတော်ကို။ ဌပနဿ၊ ကာလကြာရှည်တည်ထားခြင်း၏။ ဝါ၊ ခြင်းကို။ ဣစ္ဆိတဗ္ဗတ္တံ၊ အလိုရှိထိုက်သည်အဖြစ်သည်။ (ဟောတိဝိယ၊ ဖြစ်သကဲ့သို့)။ ဓာတုဝေနေယျာနံ၊ အရိုးဓာတ်တော်ဖြင့် ဆုံးမထိုက်သော သတ္တဝါတို့အတွက်။ ဓာတူနံ၊ ဓာတ်တော်တို့၏။ ဌပနဿ၊ ကာလကြာရှည်တည်ထားခြင်း၏။ ဣစ္ဆိတဗ္ဗတ္တာစ၊ အလိုရှိထိုက်သည်ဖြစ်ကြောင့်လည်းကောင်း။ (မနုဿဂတိယံ၊ ၌။ ဥပ္ပဇ္ဇန္တာပိ၊ ကုန်သော်လည်း။ ဩပပါတိကာ၊ တို့သည်။ န ဟောန္တိ၊ ကုန်။)
ဟိ၊ အမှန်စင်စစ်ဖြစ်ရပ်ကား။ ဩပပါတိကာနံ၊ ဥပပါတ်နတ်ဗြဟ္မာရဟန္တာတို့၏။ ပရိနိဗ္ဗာနတော၊ ပရိနိဗ္ဗာန်ဝင်စံရာအခါမှ။ ဥဒ္ဓံ၊ အထက်(နောက်ကာလ၌။ သရီရဓာတုယော၊ ကိုယ်တော်၏ အရိုးဓာတ်တော်တို့သည်။ နတိဋ္ဌန္တိ၊ မတည်ရစ်(မကျန်ရစ်)တော့ကုန်။
ပန၊ ဆက်လက်ဆိုဖွယ်ကား။ မဟာဗောဓိ သတ္တာ၊ မြင့်မြတ်သော ဘုရားအလောင်းတော် တို့သည်။ မနုဿလောကေ၊ လူ့ပြည်လောက၌။ ဥပ္ပဇ္ဇန္တာပိ၊ ဖြစ်ပါကုန်သော်လည်း။ ဝါ၊ ဖြစ်ကုန်စဉ်လည်း။ စရိမဘဝေ၊ နောက်ဆုံးဘဝ၌။ မနုဿဘာဝဿ၊ လူအဖြစ်၏။ ပါကဋဘာဝကရဏာယ၊ ထင်ရှားသည်အဖြစ်ကို ပြုခြင်းငှာ။ ဒါရပရိဂ္ဂဟံပိ၊ ဇနီးမယားကို သိမ်းပိုက်လက်ခံခြင်းကိုလည်း။ ကရောန္တာ၊ ပြုကြကုန်လျက်။ ယာဝ ပုတ္တမုခဒဿနာ၊ သားတော်၏ မျက်နှာကို မြင်ရသည်တိုင်အောင်။ အဂါရမဇ္ဈေ၊ အိမ်ရာတည်ထောင် လူ့ဘောင်အလယ်၌။ တိဋ္ဌန္တိ၊ တည်နေကြရကုန်၏။ ပရိပါကဂတသီလနေက္ခမ္မပညာဒိပါရမိကာပိ၊ ရင့်ကျက်ခြင်းသို့ ရောက်သော သီလ, နေက္ခမ္မ ပညာအစရှိသော ပါရမီရှိပါ ကုန်သော်လည်း။ န အဘိနိက္ခမန္တိ၊ လူ့ဘောင်မှ မထွက်ခွာကြသေးကုန်။ (ပါရမီများ ရင့်ကျက်နေပြီဖြစ်သော်လည်း သားတော်တစ်ပါး မဖွားမြင်သေးပါက လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းမပြုကြသေးကုန်ဟူလို) ဣတိ၊ ဤသို့။ (ဒဋ္ဌဗ္ဗံ၊ မှတ်ထားရမည်။)
ဝါ၊ တနည်းကား။ ဧတာယ ကာရဏစိန္တာယ၊ ဤသို့ လူ့ပြည်က ဩပပါတိက မဟုတ်သော လူသားများသာ ဘုရားဖြစ်နိုင်ခြင်း၏ အကြောင်းကို ကြံစည်ခြင်းဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ မနုဿဘူတာနံယေဝ၊ လူသားစင်စစ်ဖြစ်သူတို့၏သာလျှင်။ ယဒိဒံ (ယာ အယံ) အဘိသမ္ဗုဇ္ဈနာ၊ အကြင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းမြင်သိရရှိခြင်းသည်။ ဒေဝ ဘူတာနံ၊ နတ်ဖြစ်သူတို့၏။ ယဒိဒံ န အဘိသမ္ဗုဇ္ဈနာ၊ အကြင် အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်ကို ထိုးထွင်းမသိမရရှိခြင်းသည်။ (အတ္ထိ၊ ရှိ၏။ ဧသာ၊ ဤလူသားစင်စစ်ဖြစ်သူတို့သာ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းမြင်သိ ရရှိခြင်းသည်။ ဝါ၊ လူသားစစ်စစ်တို့သာလျှင် ဘုရားဖြစ်နိုင်ခြင်းသည်။) သဗ္ဗဗုဒ္ဓေဟိ၊ အားလုံးသော မြတ်စွာဘုရားတို့သည်။ အာစိဏ္ဏသမာစိဏ္ဏာ၊ လေ့ကျက်အပ်,ကောင်းစွာ လေ့ကျက် အပ်သော အစဉ်အလာအလေ့အကျက်တော်သာတည်း။
ဣတိ အယံ၊ ဤအစဉ်အလာ အလေ့အကျက်တော်သည်။ ဧတ္ထ၊ ဤလူသားစင်စစ်တို့သာ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်တော်ကို ထိုးထွင်းမြင်သိရရှိရာ၌။ ဓမ္မတာ၊ ထုံးတမ်းစဥ်လာ ဓမ္မတာပေတည်း။
တထာ (တံ ဝစနံ)၊ ထိုသဗ္ဗဗုဒ္ဓဟိ။ပ။ဓမ္မတာ-ဟူသော စကားသည်။ ဟိ (သစ္စံ)၊ အမှန်ပေတည်း။ တဒတ္ထော၊ ထိုဉာဏ်တော်တို့ကို ရရှိခြင်း (ဘုရားဖြစ်ခြင်း)ဟူသော အကျိုးရှိသော။ ဝါ၊ ထိုအကျိုးကို ရရှိစေနိုင်သော။ မဟာဘိနီဟာရောပိ၊ မြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်သို့ စိတ်ကို ရှေ့ရှုဆောင်မှုဟူသော ဘုရားဆုတောင်းခြင်းသည်လည်း။ မနုဿဘူတာနံယေဝ၊ တို့၏သာ။ (မဟာအဘိနီဟာရော၊ သည်။) ဣဇ္ဈတိ၊ ပြီးစီးထမြောက်၏။ ဒေဝဘူတာနံ၊ တို့၏။ (မဟာဘိနီဟာရော၊ သည်။) န ဣဇ္ဈတိ၊ မပြီးစီး မထမြောက်။
ပန၊ နောက်ထပ် မေးဖွယ်ကား။ ကသ္မာ၊ အဘယ့်ကြောင့်။ သမ္မာသမ္ဗုဒ္ဓါ၊ မြတ်စွာဘုရားရှင်တို့သည်။ ဇမ္ဗူဒီပေဧဝ၊ ဇမ္ဗူကျွန်း၌သာလျှင်။ ဥပ္ပဇ္ဇန္တိ၊ ပွင့်ထွန်းတော် မူကြကုန်သနည်း။ (ကသ္မာ၊ ကြောင့်)။ သေသဒီပေသု၊ ဇမ္ဗူကျွန်းမှ ကြွင်းသော ကျွန်းတို့၌။ န ဥပ္ပဇ္ဇန္တိ၊ မပွင့်တော်မူကြကုန်သနည်း။
တာဝ၊ ငါတို့ အယူအဆမှ ရှေးဦးစွာ။ ကေစိ၊ အချို့ဆရာတို့သည်။ အာဟု၊ ဆိုကြကုန်၏။ (ကိန္တိ၊ အဘယ်သို့။ အာဟု၊ ဆိုကုန်သနည်း ဟူမူ)။ ယသ္မာ၊ အကြင့်ကြောင့်။ ပထဝိယာ၊ ကမ္ဘာ့မြေပြင်ကြီး၏။ နာဘိဘူတာ၊ ဗဟိုချက် မဖြစ်သော။ ဗုဒ္ဓါနုဘာဝသဟိတာ၊ မြတ်စွာဘုရားတို့၏ တန်ခိုးအာနုဘော်နှင့် တကွဖြစ်သည်။ (ဟုတွာ၊ ဖြစ်၍)။ အစလဋ္ဌာနဘူတာ၊ မလှုပ်မယိုင်မြဲခိုင်တည်တံ့သည် ဖြစ်သော။ ဗောဓိ မဏ္ဍဘူမိ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်၏ ကြည်လင်ရာ (ဖြစ်ပေါ်ရာ) မြေသည် (ဗောဓိမဏ္ဍိုင်မြေသည်)။ ဇမ္ဗုဒီပေ ဧဝ၊ ဇမ္ဗူကျွန်း၌သာလျှင်။ ဟောတိ၊ ရှိ၏။ တသ္မာ၊ ထို့ကြောင့်။ (သမ္မာသမ္ဗုဒ္ဓါ၊ တို့သည်)။ ဇမ္ဗုဒီပေဧဝ၊ လျှင်။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့လည်းကောင်း။ တထာ၊ ထို့အတူ။ ဣတရေသံ၊ ဗောဓိမဏ္ဍဘူမိမှ အခြားကုန်သော။ အဝိဇဟိတဋ္ဌာနာနမ္ပိ၊ မစွန့်အပ်မပြောင်းမရွှေ့အပ်)သော အရပ်တို့ ၏လည်း။ တတ္ထေဝ၊ ထို ဇမ္ဗုဒိပ်၌သာလျှင်။ လဗ္ဘနတော၊ ရအပ်ရနိုင်သည်အဖြစ်ကြောင့်။ (သမ္မာသမ္ဗုဒ္ဓါ ဇမ္ဗုဒီပေဧဝ ဥပ္ပဇ္ဇန္တိ- ၏)။ ဣတိ၊ ဤသို့လည်းကောင်း။ အာဟု၊ မိန့်ဆိုကုန်၏။
ပန၊ ကေစိဝါဒမှ တပါး, သကဝါဒကား။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ဧတ္ထ၊ ဤဇမ္ဗုဒိပ်၌သာ မြတ်စွာဘုရားရှင်တို့ ပွင့်ထွန်းတော်မူခြင်း၏အကြောင်းကို ပြဆိုရာ၌။ အမှာကံ၊ ငါတို့၏။ ခန္တိ၊ အလိုအကြိုက်အယူအဆတည်း။ ယသ္မာ၊ အကြင်ကြောင့်။ ပုရိမဗုဒ္ဓါနံ စ၊ ရှေးမြတ်စွာဘုရားတို့၏လည်းကောင်း။ မဟာဗောဓိသတ္တာနံ စ၊ မြင့်မြတ်သော ဘုရားအလောင်းတော်တို့၏လည်းကောင်း။ ပစ္စေကဗုဒ္ဓါနဉ္စ၊ ပစ္စေကဗုဒ္ဓ အရှင်မြတ်တို့၏လည်းကောင်း။ နိဗ္ဗတ္တိယာ၊ ဗောဓိဆု အသီးသီးပြီးစီးထမြောက်ခြင်းငှာ။ အဘိနီ ဟာရော စ၊ ဗောဓိဉာဏ်အသီးသီးသို့ စိတ် ကို ရှေ့ရှုဆောင်မှု,တောင်းဆုယူခြင်းသည်လည်းကောင်း။ သာဝကဗောဓိသတ္တာနံ၊ သာဝကဗောဓိဉာဏ်၌ လိုလားတွယ်တာကြသော သာဝက ရဟန္တာလောင်းလျာတို့၏။ သာဝကဗောဓိယာ၊ သာဝကဗောဓိဉာဏ်အကျိုးငှာ။ အဘိနီဟာရော စ၊ စိတ်ကို ရှေ့ရှုဆောင်မှုတောင်းဆုယူခြင်းသည်လည်းကောင်း။ သာဝကပါရမိယာ၊ သာဝကပါရမီတော်ကို။ သမ္ဘရဏံစံ၊ ဖြည့် ကျင့်စုဆောင်းခြင်းသည် လည်းကောင်း။ ပရိပါစနဉ္စ၊ ရင့်ကျက်ထက်သန်စေခြင်းသည်လည်းကောင်း။ ဗုဒ္ဓခေတ္တ ဘူတေ၊ မြတ်စွာဘုရားတို့ ပွင့်ထွန်းရာ နယ်ပယ်ဖြစ်သော။ ဣမသ္မိံ စက္ကဝါဠေ၊ ဤစကြဝဠာ။ ဝါ၊ ဤစကြဝဠာက၊။ ဇမ္ဗူဒီပေဧဝ၊ သပြေပင်ကျွန်း၌သာလျှင်။ ဣဇ္ဈတိ၊ ပြီးစီး၏။ အညတ္ထ၊ အခြားသော စကြဝဠာ၌။ န ဣဇ္ဈတိ၊ မပြီးစီး။
စ၊ ထို့အပြင်။ ဗုဒ္ဓုပ္ပါဒေါ၊ မြတ်စွာဘုရားရှင်တို့ ပွင့်ထွန်းတော်မူခြင်းသည်။ ဝေနေယျာနံ၊ ဆုံးမထိုက်သော သတ္တဝါတို့ကို။ ဝိနယနတ္ထော၊ ဆုံးမရခြင်းအကျိုးရှိ၏။ ဣတိ၊ ထို့ကြောင့်။ အဂ္ဂသာဝက ။ပ။ သာပေက္ခာယ၊ အဂ္ဂသာဝက, မဟာသာဝက အစရှိသော ဝေနေယျပုဂ္ဂိုလ်ထူးတို့ကို ငဲ့ကွက် ရှုစားထောက်ထားခြင်းကြောင့်။ ဧတသ္မိံ ဇမ္ဗုဒီပေဧဝ၊ ဤဇမ္ဗုဒိပ်၌သာလျှင်။ ဗုဒ္ဓါ၊ တို့သည်။ နိဗ္ဗတ္တန္တိ၊ ပွင့်ထွန်းတော်မူကုန်၏။ သေသဒီပေသု၊ ဇမ္ဗူကျွန်းမှ ကြွင်းသော ကျွန်းတို့၌။ န နိဗ္ဗတ္တန္တိ၊ ပွင့်ထွန်းတော်မမူကုန်။
အယဉ္စ နယော၊ ဤသိကြောင်းနည်းသည်လည်း။ (ပြခဲ့သော “ယဒိ မနုဿဘူတာနံ ယေဝ အဘိသမ္ဗဇ္ဇနာ- ဟူသော နည်းသာမက ဇမ္ဗူဒိပ်၌သာ မြတ်စွာဘုရားရှင်တို့ ပွင့်ထွန်းခြင်းဟူသော သိကြောင်းနည်းသည်လည်း။) သဗ္ဗဗုဒ္ဓါနံ၊ တို့၏။ အာစိဏ္ဏသမာစိဏ္ဏော၊ လေ့ကျက်အပ်, ကောင်းစွာလေ့ကျက်အပ်သော အစဉ်အလာဓမ္မတာနည်းပေတည်။ ဣတိ၊ ဤသည်ကား။ အမှာကံ၊ တို့၏။ ခန္တိ၊ တည်း။
သမ္ပတ္တိစက္ကာနံ၊ (ပုဗ္ဗေစကတပုညတာ, ပဋိရူပဒေသဝါသ, သပ္ပုရိသူပနိဿယ, အတ္တသမ္မာပဏိဓိ-ဟူသော) ပြည့်စုံကောင်းမြတ်သော စက်ဝန်းစက်ဘီးတို့၏။ အညမညူ - ပနိဿယတော၊ အချင်းချင်း အားကြီးသော မှီရာအကြောင်း၏အဖြစ်ဖြင့်။ အပရာပရံ၊ အဆက်မပြတ် ထပ်ကာထပ်ကာ။ ဝတ္တတိဝိယ၊ လည်ပတ်နေသကဲ့သို့။ (တထာ၊ ထို့အတူ။) တေသံ ဥတ္တမပုရိသာနံ၊ ထိုမြင့်မြတ်သော ပုဂ္ဂိုလ်တို့၏။ တတ္ထေဝ၊ ထိုဇမ္ဗူဒိပ်၌ သာလျှင်။ ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။ အညမညူပနိဿယတော၊ ဖြင့်။ အပရာပရံ၊ ကာ။ ဝတ္တတိ၊ ၏။ ဣတိ၊ ဤအနက်ကို။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။ [ဥတ္တမပုရိသတို့က ဝေနေယျ ပုဂ္ဂိုလ်ထူးတို့ကို ငဲ့ညှာထောက်ထားခြင်း, ဝေနေယျပုဂ္ဂိုလ်ထူးတို့က ဥတ္တမပုရိသတို့ကို အားကိုး အားထားပြုခြင်းဖြင့် အညမညူပနိဿယဖြစ်ကာ ဆက်ကာမပြတ် လည်ပတ် ဖြစ်နေခြင်းသည် သမ္ပတ္တိစက်လေးခုတို့ ဆက်ကာလည်ပတ်ဖြစ်နေခြင်းကဲ့ဖြစ်သည်ဟု မှတ်ထိုက်၏ဟူလို] ဧတေနေဝ၊ ထို့ကြောင့်ပင်လျှင်။ (ထိုသို့ အညမညူပနိဿယဖြစ်ကာ ဆက်ကာ မပြတ်လည်ပတ်ဖြစ်နေခြင်းကြောင့်ပင်) ဣမံ စက္ကဝါဠံ၊ ဤစကြဝဠာကို။ မဇ္ဈေ၊ အလယ်၌။ ကတွာ၊ ပြု၍။ ဝါ၊ ထား၍။ ဣမိနာ၊ ဤစကြဝဠာနှင့်။ သဒ္ဓိံ၊ အတူတကွ။ စက္ကဝါဠာနံ၊ တို့၏။ ဒသသဟဿဿေဝ၊ တစ်သောင်း၏သာလျှင်။ ခေတ္တဘာဝေါ၊ မြတ်စွာဘုရားရှင်တို့ ပွင့်ထွန်းရာနယ်ပယ်၏အဖြစ်ကို။ (အာစရိယေန၊ သည်။) ဒီပိတော၊ ပြတော်မူအပ်ပြီ။ (ကသ္မာ၊ အဘယ်ကြောင့်နည်း)။ ဣတော၊ ဤစကြဝဠာ တစ်သောင်းမှ။ အညဿ၊ အခြားစကြဝဠာဖြစ်သော။ ဗုဒ္ဓါနံ၊ တို့၏။ ဥပ္ပတ္တိဋ္ဌာနဿ၊ ဖြစ်ရာဌာန၏။ ဝါ၊ ကို။ တေပိဋက၊ ပိဋကသုံးပုံဟူသော။ ဗုဒ္ဓဝစနေ၊ မြတ်စွာဘုရား စကားတော်၌။ အနုပလဗ္ဘနတော၊ မရအပ်(မတွေ့ရသည်အဖြစ်ကြောင့်တည်း။
တေန၊ ထို့ကြောင့်။ တီသု။ပ။ပဿီတိ၊ တီသု။ပ။ပဿိ ဟူ၍။ (အာစရိယော၊ အဋ္ဌကထာဆရာ သည်။) အာဟ၊ မိန့်တော်မူပြီ။
ဣမိနာ နယေန၊ ဤနည်းအားဖြင့်။ (ဤစကြဝဠာနှင့် တကွ စကြဝဠာတိုက်တစ်သောင်းသည်သာ မြတ်စွာဘုရားရှင်တို့ပွင့်ထွန်းရာ ခေတ်နယ်ပယ် ဖြစ်ရခြင်း၏အကြောင်းဖြစ်ပုံနည်းအားဖြင့်) ဒေသနိယာမေပိ၊ မြတ်စွာဘုရားရှင်တို့ ပွင့်ထွန်းရာအရပ်ဒေသဖြစ်မှု အစဉ်အလာနိယာမ၌လည်း။ ကာရဏံ၊ အကြောင်းကို။ နီဟရိတွာ၊ ရှာဖွေထုတ်ဆောင်၍။ (ပဏ္ဍိတေန၊ ပညာရှိသည်။) ဝတ္တဗ္ဗံ၊ ပြဆိုသင့်၏။
စ၊ ခတ္တိယကုလ၌သာ ဘုရားအလောင်းတော် ပဋိသန္ဓေတည်နေခြင်း၏အကြောင်း ကား။ ဣဒါနိ၊ ပဋိသန္ဓေတည်နေရာအမျိုးကိုကြည့်ရှုတော်မူရာ ယခုအခါ၌။ (ခတ္တိယကုလဿ၊ မင်းမျိုး၏။ ဝါ၊ မင်းမျိုးကို)။ ဗြာဟ္မဏာနမ္ပိ၊ ပုဏ္ဏားတို့၏လည်း။ (ပုဏ္ဏားတို့က သော်မှပင်) ပူဇနီယဘာဝတော၊ ပူဇော်ထိုက်သည်အဖြစ်ကြောင့်။ ခတ္တိယကုလံ၊ ကို။ လောကသမ္မတံ၊ သတ္တလောကသည် အမျိုးမြတ်ဟုသမုတ်အပ်၏။
ပိတုဝသေန၊ ခမည်းတော်အနေအားဖြင့်။ ကုလဿ၊ အမျိုး၏။ နိဒ္ဒိသိတဗ္ဗတော၊ ညွှန်ပြထိုက်သည်အဖြစ်ကြောင်း။ (ဗန္ဓုမာ နာမ၊ ဗန္ဓုမာမည်သော)။ ရာဇာ၊ မင်းသည်။ (မေ၊ ငါ၏၊) ပိတာ၊ ခမည်းတော်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ ကုလံ၊ အမျိုးကို။ ပဿိ၊ မြင်တော်မူပြီ။ (အဿာ၊ ထိုဗန္ဓုမတီ မိဖုရား၏။ အာယု၊ အသက်သည်။)
ဒသန္နံ မာသာနံ၊ ဆယ်လတို့၏။ ဥပရိ၊ အထက်၌။ သတ္တဒိဝသာနိ၊ ခုနစ်ရက်တို့ပတ်လုံး။ (ဌဿတိ၊ တည်ရှိလတ္တံ့)။ ဣတိ၊ ဤသို့။ ပဿိ၊ မြင်တော်မူပြီ။ တေန၊ ထိုသို့မြင်တော်မူသည်အဖြစ်ကြောင့်။ အတ္တနော၊ ကိုယ်တော်မြတ်၏။ အန္တရာယာဘာဝံ၊ ပဋိသန္ဓေနေတော်မူခြင်း၏ အန္တရာယ်မရှိခြင်းကို။ အညာသိ၊ သိတော်မူ ပြီ။ စ၊ ဤမျှမသေား။ တဿာ၊ ထိုမယ်တော်မိဖုရား၏။ တုသိတဘဝေ၊ တုသိတာနတ် ဘဝ၌။ ဒိဗ္ဗသမ္ပတ္တိပစ္စနုဘဝနံ၊ နတ်၌ဖြစ်သော စည်းစိမ်ခံစားခြင်းကို။ (အညာသိ)
တာ ဒေဝတာတိ၊ တော ဒေဝတာဟူသည်ကား။ ဒသသဟဿိစက္ကဝါဠဒေဝတာ၊ တစ်သောင်းသော စကြဝဠာမှလာရောက်နေကြသော နတ်တို့ကို။
(ဥ‌ယျောဇေတွာ၊ အပြန်ခိုင်း၍။) ပန၊ မေးဖွယ်ရှိသည်ကား။ ကထံ၊ အဘယ်သို့သော အခြင်းအရာအားဖြင့်။ (အဘယ်ပုံ အဘယ်နည်းဖြင့်) တဒါ၊ ထိုဘုရားအလောင်းတော် စုတေခါနီးရာအခါ၌။ တာ ဒေဝတာ၊ (တစ်သောင်းသော စကြဝဠာမှ လာရောက်ကြသော) ထိုနတ်တို့သည်။ ဗောဓိသတ္တဿ၊ ဘုရားအလောင်းတော်နတ်သား၏။ ပူရိတပါရမိဘာဝံ စ၊ ဖြည့်ကျင့် အပ်ပြီးသော ပါရမီရှိသည်အဖြစ်ကိုလည်း။ ဇာနန္တိ၊ သိကြကုန်သနည်း။ စ၊ ထို့အပြင်။ ကထံ၊ ဖြင့်။ အဿ၊ ထိုအလောင်းတော်နတ်သား၏။ ဗုဒ္ဓဘာဝံ၊ ဘုရားဖြစ်လတ္တံ့၏ အဖြစ်ကို။ ဇာနန္တိ၊ နည်း။ ဣတိ၊ ဤကားအမေးပုစ္ဆာတည်း။
မဟေသက္ခာနံ၊ ကြီးသောတန်ခိုးရှိ ကုန်သော။ ဒေဝတာနံ၊ နတ်တို့၏။ ဝသေန၊ အစွမ်းဖြင့်။ (ဇာနန္တိ၊ သိကြကုန်၏။) စ၊ ထို့အပြင်။ ယေဘုယျေန၊ များသောအားဖြင့်။ တာ ဒေဝတာ၊ တို့သည်။ အဘိသမယဘာဂိနော၊ သစ္စာလေးပါးတရားကို ထိုးထွင်းသိသော အရိယမဂ် တရားထူးဝေစုအဖို့ ရှိကုန်၏။ (တရားထူးရမည့်နတ်များဖြစ်ကြ၏။)
တထာဟိ၊ ထိုစကားမှန်၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မဒါနသံဝိဘာဂေ၊ တရားလှူဖွယ်ကို ဝေခြမ်းပေးလှူရာအခါ၌။ အနေကဝါရံ၊ အကြိမ်များစွာ။ ဒသ။ပ။ပါတော၊ တစ်သောင်းသော စကြဝဠာမှ လာကြသော နတ်တို့၏ ပေါင်းဆုံစုဝေးခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ (ဣတိ၊ ဤကား အဖြေတည်း။)
ဉာဏသဟိတေဟိ၊ ဉာဏ်နှင့် တကွဖြစ်ကုန်သော။ စုတိအာသန္နဇဝနေဟိ၊ စုတိစိတ်၏ အနီး၌ဖြစ်သော ဇောတို့ဖြင့်။ စုတိယာ၊ စုတိစိတ်၏။ ဥပဋ္ဌိဘာဝဿ၊ နီးကပ်စွာ တည်ရှိသည်၏အဖြစ်၏။ ဝါ၊ ကို။ ပဋိသံဝိဒိတတ္တာ၊ သိသည်အဖြစ်ကြောင့်။ စဝါမီတိ၊ စုတေနေ၏ဟူ၍။ (မဟာသတ္တော၊ ဘုရားအလောင်းတော်သည်)။
ဇာနာတိ၊ သိ၏။ စုတိစိတ္တက္ခဏဿ၊ စုတိစိတ်ဖြစ်ရာခဏ၏။ ဣတ္တရဘာဝတေ၊ (ဥပါဒ်, ဌ, ဘင်မျှသာ ဖြစ်၍) တိုတောင်းသည်အဖြစ်ကြောင့်။ စုတိစိတ္တံ၊ ကို။ န ဇာနာတိ၊ မသိနိုင်။
တထာဟိ၊ ထိုသို့မသိနိုင်မှာ အမှန်ဖြစ်၏။ တံ၊ ထိုစုတိစိတ်သည်။ စုတူပပါတဉာဏဿာပိ၊ စုတိ၏ အနီး ပဋိသန္ဓေ၏ အနီးကို သိသော ဒိဗ္ဗစက္ခုဉာဏ်သော်မှပင်။ အဝိသယောဝ၊ သိစကောင်းသော အရာမဟုတ်သည် သာတည်း။
ပဋိသန္ဓိစိတ္တေပိ၊ ပဋိသန္ဓေစိတ်၌လည်း။ ဧသေဝနယော၊ ဤစုတိစိတ်ကို သိပုံအဖွင့်နည်းတူပင်တည်း။
အာဝဇ္ဇနပရိယာယောတိ၊ ဟူသည်ကား။ အာဝဇ္ဇနက္ကမော၊ အာဝဇ္ဇန်းဖြစ်ပုံ အစီအစဉ်သည်။ ဝါ၊ ကို။ (လဒ္ဓုံ၊ ရခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏။)
ယသ္မာ၊ အကြင့်ကြောင့်။ ဧကဝါရံ၊ တကြိမ်။ အာဝဇ္ဇီတမတ္တေန၊ အာရုံကို ဆင်ခြင်အပ်ကာမျှဖြင့်။ အာရမ္မဏံ၊ အာရုံကို။ နိစ္ဆိတုံ၊ ဆုံးဖြတ်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ [အာရုံကို တစ်ကြိမ် ဆင်ခြင်ရုံမျှဖြင့် (ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဇောဝီထိတစ်ကြိမ်ဖြစ်ရုံ မျှဖြင့်) ငါစုတေနေသည်ဟု မသိနိုင်သေးဟူလို] တသ္မာ၊ ထို့ကြောင့်။ တမေဝါရမ္မဏံ၊ (တစ်ကြိမ်ဆင်ခြင်အပ်ပြီးသော) ထိုအာရုံကိုပင်။ ဒုတိယံ၊ နှစ်ကြိမ်မြောက်တိုင်အောင် လည်းကောင်း။ တတိယံ၊ သုံးကြိမ်မြောက်တိုင်အောင်လည်းကောင်း။ အာဝဇ္ဇိတွာ၊ ဆင်ခြင်ပြီး၍။ နိစ္ဆယတိ၊ ဆုံးဖြတ်၏။
စ၊ ဆက်ဦးအံ့။ ဧတ္ထ- ဤအာဝဇ္ဇနပရိယာယော၊ ဟူသော ပါဌ်၌။ အာဝဇ္ဇနသီသေန၊ အာဝဇ္ဇန်းဟူသော ဦးခေါင်းပဓာနပြသော စကားဖြင့်။ ဇဝနဝါရော၊ ဇောစိတ်ဖြစ်ရာ ဝီထိအလှည့်အကြိမ်ကို။ (အာစရိယေန) ဂဟိတော၊ ယူအပ်ပြီ။
တေန၊ ထို့ကြောင့်။ ဒုတိယ။ပ။ဇာနိဿတီတိ- ဇာနိဿတိ၊ ဟူ၍။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီ။
စုတိယာ၊ စုတိစိတ်၏။ ပုရေတရံ၊ ရှေးဦးအလျင်။ ကတိပယစိတ္တဝါရတော၊ အနည်းငယ်နှစ်ကြိမ်သုံးကြိမ်သော ဝီထိစိတ်အလှည့်အကြိမ်မှ။ ပဋ္ဌာယ၊ စ၍။ မေ၊ ငါ၏။ မရဏံ၊ စုတေခြင်းသည်။ အာသန္နံ၊ နီးကပ်ပြီ။ ဣတိ၊ ဤသို့။ ဇာနနတော၊ သိခြင်းကြောင့်။ “စုက္ခဏပိ စဝါမီတိ ဇာနာတီတိ၊ ဇာနာတိ- ဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ပန၊ စုတိစိတ်ကို မသိနိုင်ခြင်း၏ အကြောင်းမှ တပါး ပဋိသန္ဓေစိတ်ကို မသိနိုင်ခြင်း၏ အကြောင်းကား။ ပဋိသန္ဓိယာ၊ ပဋိသန္ဓေစိတ်၏။ အပုဗ္ဗဘာဝတော၊ (စုတိစိတ်၌ကဲ့သို့ ကြိုတင်ဆင်ခြင်ရန်) ရှေ့ပိုင်းကာလမရှိသည်အဖြစ်ကြောင့်။ ပဋိသန္ဓိစိတ္တံ၊ ပဋိသန္ဓေစိတ်ကို။ နဇာနာတိ၊ မသိ။
နိကန္တိယာ၊ ဘဝနိကန္တိလောဘဇော၏။ ဥပ္ပတ္တိတော၊ ဖြစ်ခြင်းမှ။ ဝါ၊ ဖြစ်ရာအခါမှ။ ပရတော၊ နောက်၌။ မေ၊ ငါသည်။ အသုကသ္မိံ၊ ဤမည်သော။ ဌာနေ၊ အရပ်၌။ ပဋိသန္ဓိ၊ ပဋိသန္ဓေကို။ ဂဟိတာ၊ ယူအပ်ပြီ။ ဣတိ၊ ဤသို့။ ဇာနာတိ၊ သိ၏။
တသ္မိံ ကာလေတိ၊ ကား။ ပဋိသန္ဓိဂ္ဂဟဏကာလေ၊ ပဋိသန္ဓေ ယူရာအခါ၌။ (ကမ္ပတိ၊ ၌စပ်။)
ဒသသဟဿိလောကဓာတု ကမ္ပတီတိ ဧတ္ထ၊ ကမ္ပတိ- ဟူသော ဤပါဌ်၌။ ကမ္ပနကာရဏံ၊ တုန်လှုပ်ခြင်း၏ အကြောင်းကို။ ဟေဋ္ဌာ၊ အောက်(ရှေးယခင်)ဖြစ်သော။ ဗြဟ္မဇာလဝဏ္ဏနာယံ၊ ဗြဟ္မဇာလသုတ်အဖွင့်၌။
ဝုတ္ထမေဝ၊ ဖွင့်ဆို အပ်ခဲ့ပြီးသည်သာ။ ပန၊ အမှာစကားရပ်ကား။ (အတိဒေသသံ၊ ဝဏ္ဏနာကား)။ ဧတ္ထ၊ ဤဒသသဟဿိလောကဓာတု ကမ္ပတိ- ဟူသော ဤပါဌ်၌။ အတ္ထတော၊ အနက်အားဖြင့်။ ယံ၊ အကြင်စကားရပ်ကို။ ဝတ္တဗ္ဗံ၊ ဆိုသင့် ဆိုထိုက်၏။ တံ၊ ထိုစကားရပ်ကို။ ပရတော၊ နောက်၌။ ဝါ၊ နောက်ဖြစ်သော။ မဟာပရိနိဗ္ဗာနဝဏ္ဏနာယံ၊ မဟာပရိနိဗ္ဗာနသုတ်အဖွင့် အဋ္ဌကထာဋီကာ၌။ အာဂမိဿတိ၊ လာပါလတ္တံ့။
မဟာကာရုဏိကာ၊ ကြီးမြတ်သော ကရုဏာရှိတော်မူကုန်သော။ ဗုဒ္ဓါ၊ သိဖွယ် အားလုံးစုံ အကုန်သိတော်မူကုန်သော။ ဘဂဝန္တော၊ ဘုန်းတော်ကြီးမား မြတ်စွာဘုရား တို့သည်။ သတ္တာနံ၊ သတ္တဝါတို့၏၊ ဟိတသုခဝိဓာနတပ္ပရတာယ၊ စီးပွားချမ်းသာကို စီမံခြင်းဟူသော ထိုကိစ္စသာ ပဓာနလုပ်ငန်းရှိတော်မူကုန်သည်အဖြစ်ကြောင်း။ [တပ္ပရ- ၌ တသဒ္ဒါသည် ဝိဓာနအနက်ကိုပင် ပြန်လည်သုံးသပ်သည်။] ဗဟုလံ၊ များစွာ။ သောမနဿိကာဝ၊ သောမနဿရှိတော်မူကုန်သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ တေသံ၊ ထိုမြတ်စွာဘုရားတို့၏။ ပဌမမဟာဝိပါကစိတ္တေန၊ စိတ်ဖြင့်။ ပဋိသန္ဓိဂ္ဂဟဏံ၊ ပဋိသန္ဓေယူတော်မူခြင်းကို။ အဋ္ဌကထာယံ၊ ၌။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ပန၊ ထေရဝါဒကား။ မဟာသိဝတ္ထေရော၊ သည်။ မဟာကာရုဏိကာ။ပ။ဟိတသုခဝိဓာနတပ္ပရာဝ၊ လုပ်ငန်းရှိတော်မူကုန်သည်သာလျှင်။ ယဒိပိ ဟောန္တိ၊ အကယ်၍ပင်ဖြစ်တော်မူ ပေကုန်၏။ ပန၊ ယင်းသို့ ဖြစ်ပါကုန်သော်လည်း။ (ဘဂဝန္တာ၊ တို့သည်။) ဝိဝေကဇ္ဈာသယာ၊ ကာယ, စိတ္တ၊ ဥပဓိဝိဝေကသုံးပါး၌ အလိုဆန္ဒရှိတော်မူကုန်သည်။ ဝိသင်္ခါရနိန္နာ၊ သင်္ခါရကင်းရာနိဗ္ဗာန်၌ ညွတ်ကိုင်းတော်မူကုန်သည်။ သဗ္ဗသင်္ခါရေသု၊ အားလုံးသော သင်္ခါရတို့၌။ အဇ္ဈုပေက္ခနဗဟုလာ၊ များသော လျစ်လျူရှုခြင်းရှိတော်မူကုန်သည်။ (ဟောန္တိ) ဣတိ၊ ကြောင့်။ ပဉ္စမမဟာဝိပါကစိတ္တေန၊ ငါးပါးမြောက် မဟာဝိပါက်စိတ်ဖြင့်။ (ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြင့်) ပဋိသန္ဓိဂ္ဂဟဏံ၊ ကို။ အာဟ၊ မိန့်ဆိုတော်မူ၏။
ပုရေ ပုဏ္ဏမာယ။ပ။ပဋ္ဌာယာတိ၊ သည်ကား။ ပုဏ္ဏမာယ၊ ဝါဆိုလပြည့်နေ့၏။ ပုရေ၊ ရှေ့၌။ သတ္တမဒိဝသတော၊ ခုနစ်ရက်မြောက်နေ့မှ။ ပဋ္ဌာယ၊ စ၍။ သုက္ကပက္ခေ၊ လဆန်းရက်ပိုင်း၌။ နဝမိတော၊ ကိုးရက်မြောက်နေ့မှ။ ပဋ္ဌာယ၊ ၍။ ဣတိ၊ ဤကား။ အတ္ထော၊ အနက်တည်း။ သတ္တမေ ဒိဝသေတိ၊ ကား။ နဝမိတော၊ မှ။ (ပဋ္ဌာယ၊ ၍။)
သတ္တမေ၊ ခုနစ်ရက်မြောက်သော။ ဒိဝသေ၊ နေ့၌။ အာသဠှိပုဏ္ဏမာယံ၊ ဝါဆိုလပြည့်နေ့၌။ (ဣဒံ သုပိနံ၊ ဤအိပ်မက်ကို။ အဒ္ဒသ၊ မြင်မက်ပြီ)။
ဣဒံ သုပိနန္တိ၊ ကား။ ဣဒါနိ၊ (ဗောဓိသတ္တဓမ္မတာကို ဖွင့်ဆိုရာ) ယခုအခါ၌။ ဝုစ္စမာနာကာရံ၊ ဆိုအပ်လတ္တံ့သော အခြင်းအရာရှိသော အိပ်မက်ကို။ (အဒ္ဒသ)
ပန၊ ဂန္ထန္တရအဆိုအမိန့်ကား။ မဇ္ဈိမဋ္ဌကထာယံ၊ မဇ္ဈိမနိကာယ်ဥပရိပဏ္ဏာသ အစ္ဆရိယအဗ္ဘုတ= သုတ်အဖွင့် အဋ္ဌကထာ၌။ (စတ္တာရော၊ လေးဦးကုန်သော။ မဟာရာဇာနော၊ စတုမဟာရာဇ်နတ်မင်းကြီးတို့သည်။ နံ၊ ထိုဘုရားလောင်း၏ မယ်တော်ကို)။ အနောတတ္တဒဟံ၊ အနောတတ္တအိုင်သို့။ နေတွာ၊ ဆောင်ယူ ပြီး၍။ ဧကမန္တံ၊ သင့်လျော်သည့်နေရာ၌။ အဋ္ဌံသု၊ ရပ်နေကြကုန်ပြီ။
အထ၊ ထိုအခါ၌။ နေသံ၊ ထိုနတ်မင်းကြီးတို့၏။ ဒေဝိယော၊ နတ်သမီးတို့သည်။ အာဂန္တွာ- လာကြ၍။ မနုဿမလဟရဏတ္ထံ၊ လူ့အညစ်အကြေးတို့ကို ပယ်ရှားခြင်းအကျိုးငှာ။ နှာပေတွာ၊ ရေချိုးစေပြီး၍။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဖွင့်ဆိုအပ်ပြီ။
တတ္ထ၊ ထိုမဇ္ဈိမဋ္ဌကထာအဖွင့်ပါဠိ၌။ (အနုတ္တာနပဒတ္ထော၊ မပေါ်လွင်သော ပုဒ်တို့၏ အနက်ကို။ ဧဝံ၊ ဤသို့။ ဝေဒိတဗ္ဗော၊ သိသင့်၏။) နေသံ ဒေဝိယောတိ၊ ကား။ မဟာရာဇူနံ၊ နတ်မင်းကြီးတို့၏။ ဒေဝိယော၊ နတ်သမီးတို့သည်။ (အာဂန္တွာ)
စရိတွာတိ၊ ကား။ (သော သေတဝရဝါရ‌ဏော၊ ထိုမြတ်သော ဆင်ဖြူတော်သည်။) ဂေါစရံ၊ အစာစားရာဌာနသို့။ စရိတွာ၊ လှည့်လည်ပြီး၍။
ဟရိတုပလိတ္တာယာတိ၊ ကား။ ဟရိတေန၊ စိုသော။ ဂေါမယေန၊ နွားချေးဖြင့်။ ကတပရိဘဏ္ဍာယ၊ ပြုအပ်ပြီးသော ပြေပြစ်ညက်ညော အချောသမှုရှိသော။ (ဘူမိယာ၊ မြေပြင်၌)။
သော စ၊ ထိုကိုယ်ဝန်သူငယ်သည်လည်း။ ပုရိသဂဗ္ဘော၊ ယောက်ျားကိုယ်ဝန် ပါတည်း။ နဣတ္ထိဂဗ္ဘော၊ မိန်းကလေးကိုယ်ဝန်မဟုတ်ပါ။ တေ၊ အရှင်မင်းမြတ်၏။ ပုတ္တော၊ သားတော်သည်။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်။ ဣတိ ဧတ္ထကမေဝ၊ ဤမျှလောက်သော အမှန်ဖြစ်ရပ်ကိုသာလျှင်။ တေ ဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်။ အတ္တနော၊ မိမိ မိမိ၏။ သုပိနသတ္ထနယေန၊ အိပ်မက်တိတ္ထုံကျမ်း၌လာသော ဟောနည်းဖြင့်။ ကထေသုံ၊ သံတော်ဦးတင်ကြကုန်ပြီ။
ပန၊ ထိုထက်အပိုအလွန် ဗေဒင်ဟောနိုင်ခြင်း၏အကြောင်းကား။ သစေ အဂါရံ အဇ္ဈာဝသိဿတိတိ အာဒိ၊ သစေ အဂါရံ အဝသိဿတိ-အစရှိသည် ဟူ၍။ တမတ္ထံ၊ ထိုအိမ်ရာတည်ထောင် လူ့ဘောင်၌ စိုးမိုးအုပ်ချုပ်ခြင်းအစရှိသော အကြောင်းအရာကို။ [တနည်း- သစေ အဂါရံ။ပ။ တိ အာဒိ၊ သစေ အဂါရံ အဇ္ဈာဝသိဿတိအစရှိသော။ (ယံ ဝစနံ၊ အကြင် စကားသည်။ အတ္ထိ၊ ရှိ၏။ တဿ ဝစနဿ၊ ထိုစကား၏။) တမတ္ထံ၊ ထိုအကြောင်းအရာကို။] ဒေဝတာဝိဂ္ဂဟေန၊ နတ်တို့ ပူးကပ်ထိန်းချုပ်ထားခြင်းကြောင့်။ (ဗြာဟ္မဏပါမောက္ခာ၊ ပုဏ္ဏားဦးစီးပါမောက္ခဆရာကြီးတို့သည်)။ ယာထာဝတော၊ အမှန်သဘောအားဖြင့်။ ပဝေဒေသုံ၊ သံတော်ဦးတင်ကြကုန်ပြီ။
ဓမ္မတာတိ ဧတ္ထ၊ ဓမ္မတာဟူသော ဤပါဌ်၌။ (သဏ္ဌိတော၊ တည်ရှိသော)။ ဓမ္မသဒ္ဒေါ၊ ဓမ္မသဒ္ဒါသည်။ ဇာတိဓမ္မာနံ ဘိက္ခဝေ သတ္တာနန္တိ အာဒီသု ဝိယ၊ ဇာတိ။ပ။ သတ္တာနံ- အစရှိသော ပါဠိတော်တို့၌ ကဲ့သို့။ ပကတိပရိယာယော၊ ပကတိသဒ္ဒါ၏ ဝေဝုစ်ပရိယယ်စကားလှယ်တည်း။ ဓမ္မော ဧဝ၊ ပင်ကို ပကတိသဘောတရားသည်ပင်။ ဓမ္မတာ၊ ဓမ္မတာမည်၏။ [တာပစ္စည်းအနက်မရှိ သွတ္တ- ဟူလို] ယထာ ဒေဝေါဧဝ ဒေဝတာတိ၊ ဒေဝေါ ဧဝ ဒေဝတာ= ဟူသော ဥဒါဟရုဏ်ကဲ့သို့တည်း။ [ဣတိ၊ တလုံး အကျကြံရသည်] ဣတိ၊ ထို့ကြောင့်။ အယံ သဘာဝေါတိ- အယံ သဘာဝေါ၊ ဟူ၍။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီ ။ အယံ၊ ဤသည်ကား။ (ဤသို့ ဘုရားအလောင်းတော်၏ သတိသမ္ပဇာဉ်အမြဲယှဉ်၍ မယ်တော်ဝမ်းတိုက်သို့ သက်ရောက်တော်မူခြင်းသည်။) ပကတိ၊ ပင်ကိုသဘောတည်း။ ဣတိ၊ ဤကား။ အတ္ထော၊ ဓမ္မသဒ္ဒါ၏ အနက်တည်း။
သွာယံ သဘာဝေါ၊ ထိုသဘောသည်။ အတ္ထတော၊ တရားကိုယ်အနက်ဒြပ်အားဖြင့်။ တထာ၊ ထိုပင်ကို ပကတိအားဖြင့်။ (ပင်ကိုပကတိမှ မပြောင်းလဲသောအားဖြင့်) နိယတ ဘာဝေါ၊ မြဲသည်အဖြစ်တည်း။ ဣတိ၊ ဤအနက်ကို ပြလိုသောကြောင့်။ အယံ။ပ။ ဟောတီတိ- ဟောတိ၊ ဟူ၍။ အာဟ၊ ပြီ။
ပန၊ နိယာမော စ နာမ- အစရှိသည်ကို မိန့်ဆိုရခြင်း၏ အကြောင်းကား။ နိယာမော၊ ဖြစ်မြဲသဘာဝနိယာမတရားသည်။ ဗဟုဝိဓော၊ များသောအပြားရှိ၏။ ဣတိ၊ ထို့ကြောင့်။ တေ သဗ္ဗေ၊ ထိုအားလုံးသော နိယာမတရားတို့ကို။ အတ္ထုဒ္ဓါရနယေန၊ ရသင့်သမျှ အနက်ကို ထုတ်ပြခြင်းဟူသော နည်းဖြင့်။ ဥဒ္ဓရိတွာ၊ ထုတ်ဆောင်ပြီး၍။ ဣဓ၊ ဤဗောဓိသတ္တဓမ္မတာအခန်း၌။ အဓိပ္ပေတနိယာမမေဝေ၊ အလိုရှိအပ်သော နိယာမကို သာလျှင်။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ နိယာမော စ နာမာတိ အာဒိ၊ နိယာမော စ နာမ- အစရှိသော စကားရပ်ကို။ (အာစရိယေန၊ သည်)။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
တတ္ထ၊ ထိုနိယာမော စ နာမ- အစရှိသော စကားရပ်၌။ ကမ္မာနံ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏။ နိယာမော၊ ကောင်းကျိုးဆိုးကျိုးပေးရိုးစဉ်လာ အမြဲသေချာသော သဘောသည်။ ကမ္မနိယာမော၊ ကမ္မနိယာမမည်၏။
ဥတုနိယာမာဒီသု၊ ဥတုနိယာမ အစရှိကုန်သော။ တီသု၊ သုံးမျိုးသော နိယာမတို့၌။ ဧသနယော၊ ဤဆဋ္ဌီတပ္ပုရိယ်ဝစနတ္ထ- ဟူသော သိကြောင်းနည်းကို။ (ဒဋ္ဌဗ္ဗော၊ မှတ်ရမည်)။
ဣတရောပန၊ ယင်းသုံးပါးမှ တပါးသော ဓမ္မနိယာမသည်ကား။ ဓမ္မောဧဝ၊ သဘောတရားသည်ပင်။ (ဘုရား အလောင်းတော်၏ မယ်တော်ဝမ်းတိုက်သို့သက်ရောက်ချိန်စသည်တို့၌ တစ်သောင်းသောလောကဓာတ် တုန်လှုပ်ခြင်းစသည်ဖြစ်မှု သဘောတရားသည်ပင်) နိယာမော၊ ဖြစ်မြဲစဉ်လာ ဓမ္မတာ တည်း။ ဓမ္မနိယာမော၊ သဘောတရားသည်ပင် ဖြစ်မြဲစဉ်လာ ဓမ္မတာ။ ဓမ္မတာ၊ ဖြစ်မြဲ စဉ်လာသဘော။
ကုသလဿ၊ ကုသိုလ်ဖြစ်သော။ ကမ္မဿ၊ ကံ၏။ (ဣဋ္ဌဝိပါကဒါနံ- အလိုရှိအပ်သော အကျိုးကို ပေးခြင်း)
နိသေန္တော၊ သွေးနေစဉ်။ တိခိဏံ၊ ထက်အောင်။ ကရောန္တော၊ ပြုစဉ်။ (ဒိသွာ)။
အနူပါဘူမိဘာဂ ဤနေရာဋီကာ၌ “အရူပါဒိဘူမိဘာဂ”ဟု ပါဠိရှိနေ၏။ ထို၌ “အရူပ” ပါဌ်သည် အတ္ထယုတ္တိမရှိ၊ ပါဠိပျက်နေခြင်းသာဖြစ်သည်ဟု ယူဆ၏။ ထို့ကြောင့် “အနူပါဒိ”ဟု ပါဠိပြင်ထားလိုက်ပါသည်၊ ဟရိတာနူပါဘိ... ဟရိတတိဏသဉ္ဆန္နာ အနူပဘူမိယော။ ပကိဏ္ဏကနိပါတ် သာဓိနဇာတ်အဋ္ဌကထာ (ဇာ၊ဋ္ဌ၊စ-၃၅၉) အနူပခေတ္တေတိ အဇင်္ဂ ဥဒကသမ္ပန္နေ ခေတ္တေ။ မဇ္ဈိမပဏ်ဋီကာ၊၃၄ (ဥပါလိသုတ်)။ အနူပေါ သလိလပ္ပါယော။ပ။ သဒ္ဒလော ဟရိတေ ဒေသေ။ အဘိဓာန်ဘူမိဝဂ် (၇၇) အနူပါဒိ-၌ အာဒိပြင် သဒ္ဒလခေါ် စိမ်းစိုသော ဘူမိဘာဂကို ယူ။ ဝိသေသဝသေန၊ စိမ့်စမ်းမြေပြင် အစရှိသော မြေပြင်၏ ထူးခြားမှုနှင့် စပ်သော အားဖြင့်။ ဥတုဝိသေသဒဿနတော၊ အအေးအပူဥတု၏ ထူးခြားမှုကို တွေ့မြင်ရခြင်းကြောင့်။ ဥတုဝိသေသေန၊ ဥတု၏ ထူးခြားခြင်းကြောင့်။ သိဇ္ဈာမာနာနံ၊ ပြီးစီးကုန်သော။ ရုက္ခာဒီနံ၊ သစ်ပင်အစရှိသည်တို့၏။ ပုပ္ဖဖလာဒိဂ္ဂဟဏံ၊ အပွင့် အသီးအစရှိသည်ကိုယူခြင်းကို ။ “တေသု တေသု ဇနပဒေသူ”တိ၊ ပဒေသုဟူ၍။ ဝိသေသေတွာ၊ အထူးပြု၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
တသ္မိံ တသ္မိံ ကာလေတိ၊ ဟူသည်ကား။ တသ္မိံ တသ္မိံ ဝသန္တာဒိကာလေ၊ ထိုထိုဝသန္တဥတုအစရှိသော ကာလ၌။
(ဧကပ္ပဟာရေနေဝ ရုက္ခာနံ ပုပ္ဖဖလဂဟဏာဒီနိ၊ ယူခြင်းအစရှိသည်တို့လည်းကောင်း၊ ဟူသော အဋ္ဌကထာ၌စပ်ပါ)။ မဓုရတော၊ ချိုသော။ ဗီဇတော၊ မျိုးစေ့မှ။ တိတ္တတော၊ ခါးသော။ ဗီဇတော၊ မှ။ ဣတိ၊ ဤသို့။ ယောဇနာ၊ အနက်ယောဇနာခြင်းသည် (ဟောတိ)။
ဝတ္တမာနသမီပေ၊ ပစ္စုပ္ပန်ကာလ၏ အနီးဖြစ်သော အတိတ်ကာလ၌။ ဝတ္တမာနေဝိယ၊ ဖြစ်တုန်း ဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌ကဲ့သို့။ ဝေါဟရိတဗ္ဗံ၊ ခေါ်ဝေါ်ထိုက်၏။ ဣတိ၊ ထို့ကြောင့်။ ဩက္ကမတီတိ၊ သက်ရောက်ဆဲဟူ၍။ ဝုတ္တံ၊ (သမီပဝတ္တမာန်ဖြင့်) ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤအနက်ကို ပြတော်မူလိုသည်အဖြစ်ကြောင့်။ “ဩက္ကန္တော ။ပ။ဝတ္ထောတိ၊ တ္ထောဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဧဝံ ဟောတီတိ၊ ကား။ ဧဝံ၊ ဤသို့။ ဝုတ္တပ္ပကာရေန၊ ဖွင့်ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ (ပဋိသန္ဓိံ ဂဟေတွာပိ ဇာနာတိ၊ စသည်ဖြင့် အဋ္ဌကထာဖွင့်ဆိုအပ်ပြီးသော အပြားအားဖြင့်)။ အဿ၊ ထိုဘုရား အလောင်းတော်၏။ သမ္ပဇာနနာ၊ (မယ်တော်ဝမ်းတိုက်သို့သက်ရောက်ပဋိသန္ဓေနေပြီးမှန်း)ကောင်းစွာ သိတော်မူခြင်းသည်။ ဟောတိ၊ ၏။
ပဋိသန္ဓိက္ခဏဿ၊ ပဋိသန္ဓေစိတ်ဖြစ်ရာ ခဏ၏၊ ဒုဝိညေယျတာယ၊ ခက်ခဲစွာ သိရသည်အဖြစ်ကြောင့်။ ဩက္ကမမာနေ၊ မယ်တော်ဝမ်းသို့ သက်ရောက်နေဆဲခဏ၌။ (သမ္ပဇာနနာ၊ သည်။ န ဟောတိ)
စ၊ သာဓကကား။ တထာ၊ ထိုပဋိသန္ဓေခဏ၏ အသိခက်သည်အဖြစ်ကြောင့်။ ပဋိသန္ဓိစိတ္တံနဇာနာတီတိ၊ နာတိ- ဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။ ဝါ၊ တနည်းကား။ (အပ္ပမာဏော၊ ၌ အသဒ္ဒါ၏ ဝုဍ္ဎိဝါစကဖွင့်သော အဋ္ဌကထာနည်းမှ တပါး ပဋိသေဓဝါစက အဖွင့်နည်း တမျိုးကား)။
ဒသသဟဿစက္ကဝါဠပတ္ထရဏေန၊ တစ်သောင်းသော စကြဝဠာတို့၌ လွှမ်းမိုးပျံ့နှံ့ခြင်းကြောင့်။ အပ္ပမာဏော၊ ဤရွေ့ဤမျှဟု အကန့်အသတ် ပမာဏမရှိ (များလှစွာ)သော။ (ဩဘာသော၊ အရောင်အလင်းသည်။ ပါတုဘဝကိ)။
အတိဝိယ၊ အလွန်လျှင်။ သမုဇ္ဇလနဘာဝေန၊ ထွန်းလင်းသည်အဖြစ်ကြောင့်။ ဥဠာရော၊ ပြန့်ပွား များပြားစွာသော။ (ဩဘာသော)။
ဒေဝါနုဘောဝန္တိ၊ ကား။ ဒေဝါနံ၊ နတ်တို့၏။ ပဘာနုဘာဝံ၊ အရောင်အလင်း၏ အစွမ်းကို။ (အတိက္ကမ္မဧဝ၊ လွှမ်းမိုးကျော်လွန်၍သာလျှင်)။
ဟိ၊ မှန်၏။ ဒေဝါနံ၊ နတ်တို့၏။ ပဘံ၊ အရောင်အလင်းကို။ သော ဩဘာသော၊ ထိုအရောင်အလင်းသည်။ (ဘုရား အလောင်းတော်မယ်တော် ဝမ်းတိုက်သက်ရောက်ခြင်းကြောင့်ဖြစ်သော ထိုအရောင် အလင်းသည်) အဘိဘဝတိ၊ လွှမ်းမိုး၏။ တေသံ၊ ထိုနတ်တို့၏။ အာဓိပစ္စံ၊ အကြီးအကဲ၏ ဖြစ်ကြောင်း အာဏာတန်ခိုးကို။ န အဘိဘဝတိ၊ လွှမ်းမိုးသည်မဟုတ်။
တေန၊ ထို့ကြောင့်။ အာဟ၊ အဋ္ဌကထာဖွင့်ဆိုထားသည်မှာ။ နိဝတ္ထဝတ္ထဿာတိ အာဒိ၊ နိဝတ္ထဝတ္ထဿ အစရှိသည်တည်း။
လောကာနံ၊ စကြဝဠာကမ္ဘာဩကာသလောကသုံးခုတို့၏။ လောကဓာတူနံ၊ စကြဝဠာကမ္ဘာလောကဓာတ်တို့၏။ အန္တရော၊ အလယ်အကြား အရပ်သည်။ ဝိဝရော၊ ဟာလာဟင်းလင်းကွက်လပ်အရပ်သည်။ လောကန္တရော၊ လောကန္တရိက်ဘုံဌာနမည်၏။ သော ဧဝ၊ ထိုလောကန္တရသဒ္ဒါကိုပင်။ ဣတ္ထိလိင်္ဂဝသေန၊ ဣတ္ထိလိင်ပြောင်းလဲသောအားဖြင့်။ (တဒ္ဓိတ်ဣကပစ္စည်းလိင်သို့ လိုက်သောအားဖြင့်။) လောကန္တရိကာတိ၊ လောကန္တရိကာ- ဟူ၍။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
ရုက္ခစ္ဆာဒိနာ၊ သစ်ပင် ချုံအစရှိသော။ ကေနစိ၊ တစ်စုံတစ်ခုသည်။ န ဟညန္တိ၊ မတားဆီးအပ်ကုန်။ ဣတိ၊ ထို့ကြောင့်။ အဃာ၊ အဃတို့မည်၏။ အသမ္ဗာဓာ၊ မကျဉ်းကြပ်သော ငရဲအရပ်တို့တည်း။
တေန၊ ထို့ကြောင့်။ (အာစရိယော) နိစ္စဝိဝဋာတိ၊ ဟူ၍။ အာဟ၊ မိန့်ဆိုပြီ။
အသံဝုတာကိ၊ ကား။ ဟေဋ္ဌာ စ၊ အောက်၌လည်းကောင်း။ ဥပရိ စ၊ အထက်၌လည်းကောင်း။ ကေနစိ၊ တစုံတခုသော အရာဝတ္ထုသည်။ န ပိဟိတာ၊ မပိတ်ဆီးအပ်ကုန်သော။
တေန၊ ထို့ကြောင့်။ ဟေဋ္ဌာပိ အပ္ပတိဋ္ဌာတိ၊ ဌာဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
တတ္ထ၊ ထိုဟေဋ္ဌာပိ အပ္ပတိဋ္ဌာ- ဟူသော ပါဌ်၌။ ပိသဒ္ဒေန၊ ပိသဒ္ဒါဖြင့်။ [တတ္ထနှင့် ပိသန္ဓေန- သည် ရုက္ခေ သာခါကဲ့သို့ အပေါင်းအာဓာရ, အစိတ်အာဓာယ်တည်း။] ဟေဋ္ဌာ၊ လောကန္တရိက်ငရဲ၏ အောက်၌။ ဥဒကဿ၊ ရေကို။ ပိဓာယိကာ၊ ပိတ်ဆီးထား တတ်သော။ ပထဝီ၊ မြေကြီးသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ထို့ကြောင့်။ လောကန္တရိကာ၊ လောကန္တရိက်ငရဲတို့သည်။ အသံဝုတာယထာ၊ တစုံတခုသည် မပိတ်ဆီးအပ်ကုန် သကဲ့သို့။ ဧဝံ၊ ဤအတူ။ စက္ကဝါ‌ဠေသု၊ စကြဝဠာတို့၌။ ဒေဝဝိမာနာနိ၊ နတ်တို့၏ ဘုံဗိမာန်တို့သည်။ ဘဝန္တိ ဝိယ၊ ရှိကုန်သကဲ့သို့။ ဥပရိပိ၊ (လောကန္တရိက်ငရဲတို့၏) အထက်၌လည်း။ ဒေဝဝိမာနာနံ၊ နတ်ဗိမာန်တို့၏။ အဘာဝတော၊ မရှိခြင်းကြောင့်။ (လောကန္တရိကာ၊ တို့သည်။) အသံဝုတာ၊ (တစုံတခုက) မပိတ်ဆီးအပ်ကုန်။ အပ္ပတိဋ္ဌာ၊ တည်ရာမှီရာအောက်ခံအထည်ဝတ္ထုဒြပ်မရှိကုန်။ ဣတိ၊ ဤအနက်ကို။ (အာစရိယော) ဒဿေတိ၊ ပြတော်မူ၏။
ဧတ္ထ၊ ဤလောကန္တရိက်ငရဲတို့၌။ အန္ဓကာရော၊ ကန်းသည်အဖြစ်ကို ပြုတတ်သော အမိုက်မှောင်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ထို့ကြောင့်။ (တာ၊ ထိုလောကန္တ ရိက်ငရဲတို့သည်။) အန္ဓကာရာ၊ အန္ဓကာရာတို့မည်၏။
အာလောကဿ၊ အရောင်အလင်း၏။ အဘာဝတော၊ မရှိသည်အဖြစ်ကြောင့်။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်သည်။ န ဇာယတိ၊ မဖြစ်။ စက္ခုနော၊ စက္ခုပသာဒရုပ်၏။ (အဘာဝတော- မရှိသည်အဖြစ်ကြောင့်။ စက္ခုဝိညာဏံ၊ သည်။ န နဇာယတိ၊ မဖြစ်သည်မဟုတ်)။
တထာ ဟိ၊ ထို့ကြောင့်ပင်။ (ထိုသို့စက္ခုဝိညာဏ်မဖြစ်မဟုတ် ဖြစ်သည်သာ ဖြစ်သောကြောင့်ပင်) တေနော။ပ။ သဉ္ဇာနန္တီတိ၊ ဟူ၍။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်)။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဇမ္ဗုဒီပေ၊ ဇမ္ဗုကျွန်း၌။ [ဇမ္ဗူယာ လက္ခိတော ဒီပေါ ဇမ္ဗုဒီပေါ၊ (ကမ္ဘာ့ချင်းအောင် တည်ရှိသော) သပြေပင်ဖြင့် မှတ်သားအပ်သော ကျွန်း]။ ဌိတမဇ္ဈနှိကဝေလာယံ၊ နေမွန်းမတ်မတ်တည့်ရာ နေ့လယ်အချိန်၌။ ပုဗ္ဗဝိဒေဟဝါသီနံ၊ ပုဗ္ဗဝိဒေဟခေါ် အရှေ့ကျွန်း၌ နေသူ လူတို့အား။ အတ္ထင်္ဂမနဝသေန၊ နေဝင်ခြင်းအခြေအနေအားဖြင့်။ ဥပဍ္ဎံ၊ ထက်ဝက်သော။ သူရိယမဏ္ဍလံ၊ နေဝန်း နေလုံးသည်။ ပညာယတိ၊ ထင်ရှား၏။ အပရဂေါယာနဝါသီနံ၊ အပရဂေါယာနခေါ် အနောက်ကျွန်းနေသူ လူတို့အား။ ဥဂ္ဂမနဝသေန၊ နေတက် နေထွက်ပုံ အနေအားဖြင့်။ (ဥပဍ္ဎံ၊ သော။ သူရိယမဏ္ဍလံ ပညာယတိ။) ဧဝံ၊ ဤနည်း ဤပုံအားဖြင့်။ (ဇမ္မုဒိပ်၌ နေမွန်းမတ်မတ်တည့်နေချိန်ဝယ် အရှေ့ကျွန်း၌ နေဝင်ခြင်း, အနောက်ကျွန်း၌ နေထွက်ခြင်းဟူသော နေသွားလာပုံနည်း အစဉ်မှီးသောအားဖြင့်။) သေသဒီပေသုပိ၊ ကြွင်းသော မြောက်ကျွန်းစသည်တို့၌လည်း။ (သူရိယမဏ္ဍလပညာယနံ၊ နေလုံးထင်ရှားခြင်းကို။ ဝေဒိတဗ္ဗံ၊ သိသင့်၏။) ဣတိ၊ ဤသို့သော နေသွားပုံအရ သုံးကျွန်းလုံး၌ တပြိုင်နက် နေလုံးထင်ထင် မြင်နေရသည်အဖြစ်ကြောင့်။ ဧကပ္ပဟာရေ နေဝ ။ပ။ပညာယန္တီတိ၊ ယန္တိ-ဟူ၍။ (အာစရိယော) အာဟ၊ မိန့်တော်မူပြီ။
ပန၊ ယင်းသို့ သုံးကျွန်းလုံး တပြိုင်နက် လင်းမှု အမြဲပုံသေ မဖြစ်နိုင်ပုံကား။ ဣတော၊ ဤသို့ ဇမ္ဗုဒိပ်၌ နေမွန်းမတ်မတ်တည့်နေခြင်းမှ။ အညထာ၊ တမျိုးတခြား နေမွန်းလွဲခြင်းစသောပြောင်းလဲပုံအားဖြင့်။ ဒွီသု ဒီပေသု ဧဝ၊ နှစ်ကျွန်းတို့၌သာလျှင်။ ဧကပ္ပဟာရေန၊ တပဟိုရ် တည်း, တပြိုင်နက်တည်းအားဖြင့်။ (နာရီရိုက်နှက်၊ စီးဝါးချက်တို့ ဟန်ချက်ညီညီ၊ မသွေဖီးပုံနည်းအားဖြင့်။ စန္ဒိမသူရိယာ၊ လနေတို့သည်။) ပညာယန္တိ၊ ထင်ရှားကုန်၏။ ဣတိ၊ ဤသို့။ (ဒဌဗ္ဗံ)
ဧကေကာယ၊ တစ်ခုတစ်ခုသော။ ဒိသာယ၊ အရပ်မျက်နှာ၌။ နဝ နဝ ယောဇနသတသဟဿာနိ၊ ယူဇနာကိုးသိန်း ကိုးသိန်းတို့တိုင်အောင်။ အန္ဓကာရဝိဓမနမ္ပိ၊ အမိုက်မှောင်ကို ပယ်ဖျောက်ခြင်းကိုလည်း။ ဣမိနာဝ နယေန၊ ဤနည်းဖြင့်ပင်လျှင်။ (သုံးကျွန်းလုံး တပြိုင်နက် လင်းပုံ လင်းနည်း ပြခဲ့ပြီးသောနည်းဖြင့်ပင်လျှင်။) ဒဋ္ဌဗ္ဗံ၊ မှတ်ရမည်။
ပဘာယ နပ္ပဟောန္တီတိ၊ ကား။ (စန္ဒိမသူရိယာ၊ တို့သည်။) အတ္တနော၊ မိမိ၏။ ပဘာယ၊ ဖြင့်။ ဩဘာသိတုံ၊ ထွန်းလင်းခြင်းငှာ။ အနဘိသမ္ဘုနန္တိ၊ မစွမ်း အပေါက် မရောက်နိုင်ကုန်။
ယုဂန္ဓရပဗ္ဗတပ္ပမာဏေ၊ ယုဂန္ဓိုရ်တောင်၏ ပမာဏရှိသော။ အာကာသေ၊ ကောင်းကင်၌။ ဝိစရဏတော၊ လှည့်လည်ကုန်သည်အဖြစ်ကြောင့်။ စက္ကဝါဠ။ပ။ဝိစရန္တီတိ၊ ဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
ဝါဝဋာတိ၊ ဝါဝဋာဟူသည်ကား။ (တေ သတ္တာ၊ ထိုငရဲသားသတ္တဝါတို့သည်။) ခါဒနတ္ထံ၊ ခဲစားခြင်းအကျိုးငှာ။ ဝါ၊ ခဲစားလိုခြင်း ဟူသော အကြောင်းကြောင့်။ ဂဏှိတုံ၊ ဖမ်းယူခြင်းငှာ။ ဥပက္ကမန္တာ၊ ကြိုးစားအားထုတ် ကြကုန်လသော်။ (ပတန္တိ၊ ကျကုန်၏။)
ဝိပရိဝတ္တိတွာတိ၊ ကား။ ဝိဝတ္တိတွာ၊ ချာချာလည်၍။ (ပတန္တိ)
ဆိဇ္ဇိတွာတိ၊ ကား။ မုစ္ဆာပတ္တိယာ၊ မေ့လျော့တွေဝေခြင်းသို့ ရောက်ခြင်းကြောင့်။ ဌိတဋ္ဌာနတော၊ မူလတည်နေရာအရပ်မှ။ မုစ္စိတွာ၊ လွတ်၍။ (ပတန္တိ) ဝါ၊ တနည်းကား။ အင်္ဂပစ္စင်္ဂဆေဒနေန၊ အင်္ဂါကြီးငယ်တို့ကို ကံကြမ္မာက ပိုင်းဖြတ်ခြင်းကြောင့်။ ဆိဇ္ဇိတွာ၊ ပြတ်၍။ (ပတန္တိ)
အစ္စန္တခါရေတိ၊ အစ္စန္တခါရေဟူသောပါဌ်ဖြင့်။ အာတပသန္တာပါဘာဝေန၊ နေပူရှိန်အပူ၏ မရှိခြင်းကြောင့်။ အတိသီတလဘာဝမေဝ၊ အလွန်အေးသည်အဖြစ်ကို သာလျှင်။ သန္ဓာယ၊ ရည်ရွယ်၍။ အစ္စန္တခါရတာ၊ အစ္စန္တခါရ၏အဖြစ်ကို။ ဝုတ္တာ၊ ဖွင့်ဆို အပ်သည်။ သိယာ၊ ဖြစ်ရာ၏။ (ကသ္မာ၊ အဘယ့်ကြောင့်။ အတိသီတလဘာဝမေဝ၊ လျှင်။ သန္ဓာယ၊ ၍။ အစ္စန္တခါရတာ၊ ကို။ ဝုတ္တာ၊ သည်။ သိယာ၊ ဖြစ်ရာသနည်း။)
ဟိ(ယသ္မာ)၊ အကြင်ကြောင့်။ သမ္ပတ္တိကရံ၊ ပြည့်စုံကောင်းမွန်ခြင်းကို ပြုတတ်သော။ မဟာမေဃဝုဋ္ဌံ၊ ကြီးစွာ ရွာသွန်းသော ကမ္ဘာပြုမိုးရေဖြစ်သော။ ပထဝိသန္ဓာရကံ၊ ကမ္ဘာမြေကြီးကို ဆောင်ထားသော။ တံ ကပ္ပသဏ္ဌဟနဥဒကံ၊ ထိုကမ္ဘာတည်ကြောင်း ရေထုသည်။ ကပ္ပဝိနာသကဥဒကံဝိယ၊ ကမ္ဘာဖျက်မိုးရေကဲ့သို့။ ခါရံ၊ စပ်ငံသည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ န အရဟတိ၊ မထိုက်။ (တသ္မာ၊ ထို့ကြောင့်။ အတိသီတလဘာဝမေဝ။ပ။ သိယာ။) [ခန္ဓဝိဘင်းမူလဋီကာ။ နှာ-၅၊ ဥပရိပဏ္ဏာသဋီကာ၊ နှာ-၃၃၇ (အစ္ဆရိယ အဗ္ဘုတသုတ်) တို့၌ ကဲ့သို့ ကပ္ပသဏ္ဌဟနဥဒကံ”ဟု ဝါကျရှိသင့်၏၊ ယင်းသို့ရှိမှလည်း “ကပ္ပဝိနာသကဥဒကံ”ဟူသော ဥပမာနပုဒ်ကဲ့သို့ ဝိဘတျန္တပုဒ်ဖြစ်၍ “တံ ကပ္ပသဏ္ဌဟနဥဒကံ”ဟူ၍ တံ သဒ္ဒါနှင့် တွဲဖက်၍ စွဲနက်ပြုရန် လွယ်ကူသည်။]
ဟိ၊ မှန်၏။ တထာ၊ ထိုကမ္ဘာပျက် မိုးရေကဲ့သို့ အလွန်စပ်ငံသည်အဖြစ်သည်။ သတိ၊ ဖြစ်လသော်။ ပထဝီပိ၊ ကမ္ဘာမြေထုသော်မှပင်။ ဝိလီယေယျ၊ ကျေမွသွားလေရာ၏။ ဝါ၊ တနည်းကား။ တေသံ၊ ထိုလောကန္တရိက်ငရဲသား သတ္တဝါတို့၏။ ပါပကမ္မဗလေန၊ အကုသိုလ်ကံအစွမ်းကြောင့်။ ပေတာနံ၊ ပြိတ္တာတို့၏။ ဥဒကဿ၊ ပင်ကိုမူလရေ၏။ ပုဗ္ဗခေဠဘာဝါပတ္တိဝိယ၊ ပြည်, တံထွေးအဖြစ်သို့ ရောက်ခြင်းကဲ့သို့၏။ တဿ ဥဒကဿ၊ ထိုကမ္ဘာတည်ကြောင်းရေ၏။ တဒါ၊ ထိုလောကန္တရိက်ငရဲသားတို့ ထိုရေထဲကျရောက် လာရာအခါ၌။ ခါရဘာဝါပတ္တိ၊ စပ်ငံသည်အဖြစ်သို့ ရောက်ခြင်းသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့ဆိုလိုသည်အဖြစ်ကို ပြုခြင်းငှာ။ အစ္စန္တခါရေ ဥဒကေတိ၊ ဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
ဧကယာဂုပါနမတ္တမ္ပီတိ၊ ကား။ ပတ္တာဒိဘာဇနဂတံ၊ သပိတ်အစရှိသော ခွက်ထဲရောက်နေသော။ ယာဂုံ၊ ယာဂုကို။ ဂဠောစိအာဒိဥဒ္ဓရဏိယာ၊ ဆင်းသမနွယ်အမှိုက်ဖတ်စသည်ကို ထုတ်ဆယ်ကြောင်း ဇွန်းဖြင့်။ ဂဟေတွာ၊ ယူ၍။ ပိဝနမတ္တံ၊ သောက်ခြင်း အတိုင်းအရှည်ရှိသော။ ကာလမ္ပိ၊ အချိန်ကာလလောက်မျှပင်။ (အယံ ဩဘာသော၊ သည်။ န တိဋ္ဌတိ၊ တည်တံ့မနေပါ။)
သမန္တတောတိ၊ ကား။ သဗ္ဗဘာဂတော၊ အားလုံးသော အရပ်မျက်နှာအဖို့(ဘက်) အားဖြင့်။ ဆပ္ပကာရမ္ပိ၊ (ဝဲ, ယာ, ရှေ့ နောက်, ထက်အောက် ဖုံဖုံ) ခြောက်မျိုးစုံအောင်ပင်။ (ကမ္ပတိ၊ တုန်လှုပ်၏)။
စတုန္နံ မဟာရာဇာနံ ဝသေနာတိ၊ ဝသေန-ဟူသော စကားတော်ကို။ ဝေဿဝဏာဒိစတုမဟာရာဇဘာဝသာမညေန၊ ဝေဿဝဏ်နတ်မင်းအစရှိသောလေးယောက်သော နတ်မင်းကြီးတို့၏ အဖြစ်အားဖြင့်တူသည်အဖြစ်ကြောင့်။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။)
ယထာဝိဟာရန္တိ၊ ရံဟူသည်ကား။ ယထာသကံ၊ မိမိဥစ္စာ အသီးအသီးဖြစ်သော။ ဝိဟာရံ၊ ကျောင်းသို့။ (ဂစ္ဆထ၊ ပြန်သွားကြကုန်လော။)
ပကတိယာတိ၊ ကား။ အတ္တနော၊ မိမိ၏။ ပကတိယာ ဧဝ၊ ပင်ကို သဘာဝအားဖြင့်ပင်။ (သီလသမ္ပန္နာ၊ သီလနှင့် ပြည့်စုံ၏။)
တေန၊ ထို့ကြောင့်။ သဘာဝေနေဝါတိ၊ နေဝ-ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။ (ဗောဓိသတ္တမာတာ၊ ဘုရားအလောင်းတော်၏ မယ်တော်သည်။)
ပရဿ၊ မိမိမှ တခြားသော ရသေ့ပရိဗိုဇ်၏။ သန္တိကေ၊ ထံအနီး၌။ ဂဟဏေန၊ သီလကို ယူခြင်းနှင့်။ ဝိနာ၊ ကင်း၍။ အတ္တနော၊ ၏။ သဘာဝေနေဝ၊ ပင်ကိုသဘောအားဖြင့်ပင်။ သယမေဝ၊ မိမိကိုယ်တိုင်သာလျှင်။ အဓိဋ္ဌဟိတွာ၊ ဆောက်တည်၍။ သီလသမ္ပန္နာ၊ သီလနှင့်ပြည့်စုံ၏။
ဗောဓိသတ္တမာတာပီတိ၊ ကား။ အမှာကံ၊ ငါတို့၏။ ဗောဓိသတ္တမာတာပိ၊ ဘုရား လောင်းမယ်တော်သည်လည်း။ (သီလံ ဂဏှာတိ)
ကာလဒေဝိလဿာတိ၊ ကား။ ကာလဒေဝိလဿ၊ ကာလဒေဝိလ ရသေ့၏။ သန္တိကေ၊ ထံအနီး၌။ အညဒါ၊ ဘုရားအလောင်းတော် ပဋိသန္ဓေနေရာအခါမှ အခြားသောအခါ၌။ (သီလံ) ဂဏှာတိ၊ ယူ၏။ ပန၊ သို့သော်လည်း။ ဗောဓိသတ္တေ၊ သည် ။ ပ။သယမေ၊ ကိုယ်တိုင်သာလျှင်။ သီလံ၊ ကို။ အဂ္ဂဟေသိ ယထာ၊ ယူပြီးသကဲ့သို့။ တထာ၊ ထို့အတူ။ ဝိပဿိဗောဓိသတ္တမာတာပိ၊ ဝိပဿီဘုရားအလောင်း၏ မယ်တော်သည်လည်း။ (သယမေဝ၊ လျှင်။ သီလံ အဂ္ဂဟေတိ၊ ပြီ။) ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ ဆိုလိုရင်းတည်း။
မနုဿေသူတိ ဣဒံ၊ မနုဿေသု-ဟူသော စကားကို။ [ဝုတ္တံ၊ ၌စပ်။] မနုဿိတ္ထိယာနာမ၊ လူမိန်းမမည်သည်၏ (လူမိန်းမမှန်သမျှ)။ မနုဿပုရိသေသု၊ လူယောက်ျား တို့၌။ ပုရိသာဓိပ္ပါယစိတ္တံ၊ ယောက်ျားလိုချင်စိတ်သည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်လေရာ၏။ ဝါ၊ ဖြစ်နိုင်၏။ ဣတိ၊ ဤသို့ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော။ ပကတိစာရိတ္တဝသေန၊ ပင်ကို ရိုးရာ အလေ့အကျက်အနေအားဖြင့်။ ဝုတ္တံ၊ ဆိုအပ်ပြီ။
ပန၊ သို့သော်လည်း။ ဗောဓိသတ္တဿ၊ ဘုရားအလောင်းတော်၏။ မာတုယာ၊ မယ်တော်၏။ ဝါ၊ မယ်တော်မှာ။ ဒေဝေသုပိ၊ နတ်တို့၌ သော်မှပင်။ တာဒိသံ၊ ထိုအများနည်းတူ ရှုမြင်အပ်သော။ စိတ္တံ၊ ဖြစ်ရိုးစဉ်လာ ပုရိသာဓိပ္ပါယစိတ်သည်။ နုပ္ပဇ္ဇတေဝ၊ မဖြစ်ဧကန်တည်း။
ဗောဓိသတ္တဿ၊ ၏။ အာနုဘာဝေန၊ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်။ ဗောဓိသတ္တမာတု၊ ဘုရားလောင်း မယ်တော်၏။ ပုရိသာဓိပ္ပါယစိတ္တံ၊ သည်။ နုပ္ပဇ္ဇတိ ယထာ၊ မဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တဿာ၊ ထိုဘုရားအလောင်းမယ်တော်၏။ အာနုဘာဝေနေဝ၊ ဘော်ကြောင့်ပင်။ သာ၊ ထိုဘုရားအလောင်းမယ်တော်ကို။ ကေနစိ၊ တစ်ဦးတစ်လေသော။ ပုရိသေန၊ ယောက်ျားကမျှ။ အနဘိဘဝနီယာ၊ မလွှမ်းမိုးမနှိပ်စက်အပ် (အနိုင်ကျင့်မခံရ)သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ (ဒဿေတုံ၊ ငှာ။) ပါဒါ။ပ။ဗဇ္ဈန္တီတိ၊ ဗဇ္ဈန္တိဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ပုဗ္ဗေ၊ ရှေး၌။ (၂၁-စာပိုဒ်၌) ကာမဂုဏူပသဉှိတံ၊ ကာမဂုဏ်နှင့် ဆက်စပ် သော။ စိတ္တံ၊ စိတ်သည်။ နုပ္ပဇ္ဇတိ၊ မဖြစ်။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ပုန၊ နောက်ထပ်တဖန်။ ပဉ္စဟိ။ပ။ပရိစာရေတီတိ စ၊ ပဉ္စဟိ။ပ။ပရိစာရေတိ- ဟူ၍လည်း။ ဝုတ္တံ၊ ပြီ။
ဣဒံ၊ ဤရှေ့နောက်စကားနှစ်ရပ်သည်။ ကထံ၊ အဘယ်နည်းအားဖြင့်။ အညမညံ၊ အချင်းချင်း။ န ဝိရုဇ္ဈတိ၊ မဆန့်ကျင်ပါအံ့နည်း (ဆန့်ကျင်နေသည်မဟုတ်လော-ဟူလို)။ ဣတိ၊ ဤသို့စောဒနာဖွယ်ရှိသည်အဖြစ်ကြောင့်။ ပုဗ္ဗေတိအာဒိ၊ ပုဗ္ဗေအစရှိသော။ (ယံ ဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တံ ဝစနံ၊ ထိုစကားကို။ အာစရိယော၊ သည်။) အာဟ၊ မိန့်ဆိုပြီ။
ဝတ္ထုပဋိက္ခေပေါတိ၊ ဟူသည်ကား။ အဗြဟ္မစရိယဝတ္ထုပဋိသေဓော၊ မမြတ်သော မေထုန်အကျင့်၏ တည်ရာအကြောင်းဖြစ်သော ကာမဂုဏ်နှင့် ဆက်စပ်သော စိတ် (ပုရိသာဓိပ္ပါယစိတ်)ကို တားမြစ်ခြင်းကို။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ကတော၊ ပြုတော်မူအပ်ပြီ။)
တေန၊ ထို့ကြောင့်။ ပုရိသာဓိပ္ပါယဝသေနာဘိ၊ ဝသေန-ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
အာရမ္မဏပဋိလာဘောတိ၊ ကား။ ရူပါဒိပဉ္စကာမဂုဏာရမ္မဏဿေဝ၊ ရူပါရုံအစရှိသော ငါးပါးသော ကာမဂုဏ်အာရုံကိုသာလျှင်။ ပဋိလာဘော၊ ရခြင်းကို။ (ဘဂဝတာ၊ သည်။) ဒဿိတော၊ ပြတော်မူအပ်ပြီ။
ကိလမထောတိ၊ ကား။ ခေဒေါ၊ ပင်ပန်းခြင်းသည်။ (နာဟောသိ) တဿာ၊ ထိုမယ်တော်၏။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဂရုဘာဝကထိနဘာဝါဒယောပိ၊ လေးလံသည်အဖြစ်, တောင်းတင်းခက်ထန်သည်အဖြစ်အစရှိသည်တို့သည်လည်း။ တဒါ၊ ထိုဘုရားအလောင်းတော်ပဋိသန္ဓေတည်နေတော်မူရာအခါ၌။ န ဟောန္တိဧဝ၊ မရှိကုန် သည်သာတည်း။
တိရောကုစ္ဆိဂတံ၊ (ဝမ်းရေ၏ တဖက်) ဝမ်းဗိုက်အတွင်း၌ရောက်နေသော ဘုရားအလောင်းတော်ကို။ (ဗောဓိသတ္တမာတာ၊ ဘုရားအလောင်း၏ မယ်တော် သည်။) ပဿတိ၊ မြင်၏။ ဣတိ၊ ဤသို့။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ကဒါ၊ အဘယ်အခါမှ။ ပဋ္ဌာယ၊ စ၍။ ပဿတိ၊ မြင်သနည်း။ ဣတိ၊ ဤသို့မေးဖွယ်ရှိသည်အဖြစ်ကြောင့်။ အာဟ၊ အဋ္ဌကထာဖွင့်ဆိုသည်ကား။ ကလလာ။ပ။မိတွာတိအာဒိ၊ တွာအစရှိသည်တည်း။
ဒဿနေ၊ (ဘုရားအလောင်း မယ်တော်က) ဘုရားအလောင်းတော်ကို မြင်ရခြင်း၌။ ပယောဇနံ၊ အကျိုးကျေးဇူးကို။ သယမေဝ၊ အဋ္ဌကထာဆရာကိုယ်တိုင်ပင်။ ဝဒတိ၊ မိန့်ဆို၏။
တဿ၊ ထိုအကျိုးကျေးဇူး၏။ အဘာဝတော၊ မရှိခြင်းကြောင့်။ ကလလာဒိကာလေ၊ ကလလရေကြည်အစရှိသည်တို့၏ အခိုက်ကာလ၌။ န ပဿတိ၊ (မယ်တော်က) မမြင်ရသေး။
ဒဟရေန၊ ငယ်သော။ မန္ဒေန၊ နုံ့နှေးလေးထိုင်းသော။ ဥတ္တာနသေယျကေန၊ ပက်လက်အိပ်သော။ ပုတ္တေန၊ သားနှင့်။ သဒ္ဓိံ၊ အတူတကွ။ (နိပန္နာ ဝါ နိသိန္နာ ဝါ၊ လည်းကောင်း။)
ယံ တံ မာတူတိ အာဒိ၊ ယံ တံ မာတု-အစရှိသော စကားကို။ ပကတိစာရိတ္တဝသေန၊ ပင်ကို ရိုးရာအစဉ် အလာ အလေ့အကျက်အနေအားဖြင့်။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ (ကသ္မာ၊ အဘယ့်ကြောင့်။ ယံ တံ မာတူတိ အာဒိ၊ ကို။ ပကတိစာရိတ္တဝသေန၊ ဖြင့်။ ဝုတ္တံ၊ မိန့်ဆိုအပ်သနည်း။)
ဟိ (ယသ္မာ)၊ အကြင့်ကြောင့်။ ဗောဓိသတ္တဂဗ္ဘော၊ ဘုရားအလောင်းတော်တည်းဟူသော ကိုယ်ဝန်သူငယ်သည်။ ပုညသမ္ဘာရဿ၊ ကောင်းမှုကုသိုလ် အဆောက်အဦးအကြောင်းတရား၏။ သာတိသယတ္တာ၊ (စကြဝတေး မင်းနှင့် တကွ သတ္တဝါအားလုံးတို့ထက်) သာလွန်ထူးခြားများပြားမှုနှင့် တကွဖြစ်သည် အဖြစ်ကြောင့်။ စက္ကဝတ္တိဂဗ္ဘတောပိ၊ စကြဝတေးမင်းဟူသော ကိုယ်ဝန်သူငယ်ထက်လည်း။ သဝိသေသံ၊ ထူးခြားသော ပြုစုစောင့်ရှောက်မှုနှင့် တကွဖြစ်သော။ ပရိဟာရံ၊ ပြုစု စောင့်ရှောက်မှုကို။ လဘတိ၊ ရ၏။ (တသ္မာ၊ ထိုသို့ရသည်အဖြစ်ကြောင့်။ ယံ တံ မာတူတိ အာဒိ၊ ကို။ ပကတိစာရိတ္တဝသေန၊ ဖြင့်။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။) [တသ္မာ ဗောဓိသတ္တမာတာ ။ပ။ပရိဟရတိ၊ ဝါကျကား လဒ္ဓဂုဏဝါကျ။] တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ “ယံ တံ မာတု” အစရှိသော စကားကို ပကတိစာရိတ္တအနေအားဖြင့် မိန့်ဆိုအပ်သည်အဖြစ်ကြောင့်။) ဗောဓိသတ္တမာတာ၊ သည်။ အတိဝိယ၊ အလွန်အကဲသာလျှင်။ သပ္ပါယာဟာရာစာရာ၊ သင့်မြတ်လျောက်ပတ်သော အစာအာဟာရနှင့် လျောင်းထိုင်ရပ်သွား လှုပ်ရှားမှုရှိသည်။ ဟုတွာ စ၊ ဖြစ်၍လည်း။ သက္ကစ္စံ၊ ဂရုစိုက်၍။ (ဗောဓိသတ္တံ၊ ဘုရားအလောင်းတော် ကိုယ်ဝန်ကို။ ပရိဟရတိ၊ ထိန်းသိမ်းစောင့်ရှောက်ပြုစု၏။
သုခဝါသတ္ထန္တိ၊ ကား။ ဗောဓိသတ္တဿ၊ ၏။ သုခဝါသတ္ထံ၊ ချမ်းသာစွာနေရခြင်းအကျိုးငှာ။ (ဩလောကယမာနာ၊ ကြည့်ရှုလသော်။)
ပုရတ္ထာဘိမုခေါတိ၊ ကား။ မာတု၊ မယ်တော်၏။ ပုရိမဘာဂါဘိမုခေါ၊ ရှေ့ဘက်အရပ်အဖို့သို့ မျက်နှာလှည့်လျက်။ (နိသီဒတိ၊ ထိုင်နေတော်မူ၏)။
ဣဒါနိ၊ ယခုအခါ၌။ (မယ်တော်၏ ဝမ်းအတွင်းရှိဘုရားအလောင်းသူငယ်ကို မြင်နိုင်ခြင်းဟူသော အကျိုးတရားကို ပြုပြီးရာယခုအခါ၌။) တိရောကုစ္ဆိဂတဿ၊ မယ်တော် ဝမ်းတွင်းသို့ ရောက်နေသော ဘုရားအလောင်း၏။ ဝါ၊ ကို။ ဒိဿမာနတာယ၊ မယ်တော်က မြင်နိုင်သည်အဖြစ်၏။ အဗ္ဘန္တရံ၊ အတွင်းကျသော။ ကာရဏဉ္စ၊ ရှေးကံအကြောင်းကိုလည်းကောင်း။ ဗာဟိရံ၊ အပြင်အပဖြစ်သော။ ကာရဏဉ္စ၊ အကြောင်းကို လည်းကောင်း။ (အဗ္ဘန္တရကံအကြောင်းမှ တပါးသော ဝတ္ထုစင်ကြယ်ခြင်း စသော အကြောင်းကိုလည်းကောင်း။) [ဋီကာ၌ အကြောင်းနှစ်မျိုးဟု သာမာန်မျှပြထား၏။ မိမိ၏ အတ္တနောမတိဖြင့် ခွဲခြားလိုက်ပါသည်] ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ ပုဗ္ဗေကတကမ္မန္တိ အာဒိ၊ ပုဗ္ဗေကတကမ္မံ- အစရှိသော စကားကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
အဿာတိ၊ ကား။ ဒေဝိယာ၊ မယ်တော်မိဖုရား၏။
ဝတ္ထုန္တိ၊ ကား။ ကုစ္ဆိံ၊ ဝမ်းကို။ (သောဓေတိ၊ သုတ်သင်၏။ ဝါ၊ စင်ကြယ်စေ၏။)
ဖလိကအဗ္ဘပဋလာဒိနော၊ ဖလ်(ဖန်)နှင့် တိမ်လွှာ အစရှိသော ပစ္စည်းဝတ္ထု၏။ ပတနုဘာဝေါဝိယ၊ အလွန်ပါးသည် အဖြစ်ကဲ့သို့။ [တနည်း၊ ဖလိကအဗ္ဘပဋလာဒိနော ဝိယ- ဖလ်နှင့် တိမ်လွှာကဲ့သို့သော။] ဗောဓိသတ္တမာတုကုစ္ဆိတစဿ၊ ဘုရားအလောင်းတော်၏ မယ်တော်ဝမ်းအရေ၏။ ပတနုဘာဝေန၊ အလွန် ပါးသည်အဖြစ်ကြောင့်။ ဝါ၊ အလွန်ပါးသည့်အတွက်။ အာလောကဿ၊ အရောင်အလင်း၏။ ဝါ၊ ကို။ ဝိဗန္ဓာဘာဝတော၊ တားဆီးကာကွယ်ခြင်း မရှိသည်အဖြစ်ကြောင့်။ ဗောဓိသတ္တမာတာ၊ ဘုရားအလောင်းတော်၏ မယ်တော်သည်။ ကုစ္ဆိဂတံ၊ မိမိ၏ ဝမ်းဗိုက်အတွင်း ကိန်းနေသော။ ဗောဓိသတ္တံ၊ ကို။ ပဿတိယထာ၊ မြင်ရသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဗောဓိသတ္တောပိ၊ သည်လည်း။ မာတရဉ္စ၊ မယ်တော်ကိုလည်းကောင်း။ အညံ၊ မယ်တော်မှ အခြားသော။ ပုရတော၊ မိမိ၏ရှေ့၌။ ဌိတံ၊ တည်ရှိသော။ ရူပဂတဉ္စ၊ ရူပါရုံကိုလည်းကောင်း။ ပဿတိ ကိံ၊ မြင်ပါသလော။ နော ပဿတိ ကိံ၊ မမြင်ပါသလော။ ဣတိ၊ ဤသို့မေးဖွယ်ရှိသည်အဖြစ်ကြောင့်။ ဗောဓိသတ္တော ပနာတိ အာဒိ၊ ဗောဓိသတ္တော ပန-အစရှိသော။ (ယံ ဝစနံ၊ အကြင် စကားသည်။ အတ္ထိ၊ ရှိ၏။ တံ ဝစနံ၊ ထိုစကားကို။ အာစရိယော၊ အဋ္ဌကထာ ဆရာသည်။) အာဟ၊ မိန့်ဆိုပြီ။
ပန၊ န ဟိ အန္တော။ပ။ဥပ္ပဇ္ဇတိ- ဟူသော စကားကို မိန့်ဆိုရခြင်း၏အကြောင်းကား။ ကသ္မာ၊ အဘယ့်ကြောင့်။ စက္ခုမှိ၊ မျက်စိ (စက္ခုပသာဒ)သည်လည်းကောင်း။ အာလောကေစ၊ အရောင်အလင်းသည်လည်းကောင်း။ သတိ၊ ရှိနေပါလျက်။ (အန္တောကုစ္ဆိဂတော၊ ဝမ်းအတွင်း ကိန်းအောင်းနေသော။ ဗောဓိသတ္တော၊ သည်။ မာတရံ၊ မယ်တော်ကို။) န ပဿတိ၊ မြင်တော်မမူပါသနည်း။ ဣတိ၊ ဤသို့ မေးဖွယ်ရှိသောကြောင့်။ နဟိ။ပ။ဥပ္ပဇ္ဇတီတိ၊ ဇ္ဇတိဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဟိ၊ ဝမ်းအတွင်း၌ စက္ခုဝိညာဏ် မဖြစ်သည်မှာ အမှန်ဖြစ်၏။ တတ္ထ၊ ထိုဝမ်းအတွင်း၌။ အဿာသပဿာသာ၊ ထွက်လေ ဝင်လေတို့သည်။ န ဥပ္ပဇ္ဇန္တိ ဝိယ၊ မဖြစ်ကုန်သကဲ့သို့။ (တထာ၊ ထို့အတူ။) တတ္ထ၊ ၌။ စက္ခုဝိညာဏံပိ၊ သည်လည်း။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။) တဇ္ဇဿ၊ ထိုစက္ခုဝိညာဏ်ဖြစ်ခြင်းအားလျော်သော။ သမန္နာဟာရဿ၊ စိတ်ကို အာရုံသို့ ရှေ့ရှုဆောင်ခြင်း၏။ ဝါ၊ နှလုံးသွင်းခြင်း၏။ အဘာဝတော၊ မရှိသည်အဖြစ်ကြောင့်တည်း။
အညာ၊ (ဘုရားအလောင်း၏ မယ်တော်မှ) တပါးတခြားကုန်သော။ ဣတ္ထိယော၊ မိန်းမတို့သည်။ ဝိဇာတပစ္စယာ၊ ကလေးမွေးဖွားရခြင်းဟူသော အကြောင်းကြောင့်။ (မရန္တိ၊ ကွယ်လွန်ကြကုန်၏။) တာဒိသေန၊ ထိုကဲ့သို့ရှုအပ်သော။ (ကလေးမွေးဖွားရခြင်းကြောင့်ဖြစ်တတ်သော) ရောဂေန၊ ရောဂါတစ်ခုခုသည်။ အဘိဘူတာ၊ လွှမ်းမိုးနှိပ်စက်အပ်ကုန်သည်။ ဟုတွာ ပိ၊ ဖြစ်၍လည်း။ ဝါ၊ ဖြစ်ခြင်းကြောင့်လည်း။ မရန္တိ၊ ကုန်၏။ ပန၊ ထူးခြားချက်ကား။ ဗောဓိသတ္တမာတု၊ ဘုရားအလောင်းမယ်တော်၏။ (မယ်တော်မှာ) ဗောဓိသတ္တေ၊ သည်။ ကုစ္ဆိဂတေ၊ မယ်တော်ဝမ်း၌ ကိန်းအောင်းလသော်။ [တဿ၊ ထိုဘုရားအလောင်းတော်ကို။ ဝိဇာယနနိမိတ္တံ၊ မွေးဖွားရခြင်းဟူသော အကြောင်းကြောင့်။ ဥပရိပဏ္ဏာသဋီကာ။အစ္ဆရိယအဗ္ဘုတသုတ်အဖွင့်(၃၃၈)၌မူ“တဿ ဝိဇာယနနိမိတ္တံ၊ ဟူသော ဤပါဠိမပါ။] ကောစိ၊ တစ်စုံတစ်ခုသော။ ရောဂေါ၊ အနာရောဂါ သည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ကေဝလံ၊ အနာရောဂါ-ဟူသော အကြောင်း မဖက်သက်သက်။ အာယုပရိက္ခယေနေဝ၊ အသက်တမ်းကုန်ခြင်းကြောင့်သာလျှင်။ ကာလံ၊ နတ်ရွာစံခြင်းကို။ ကရောတိ၊ ပြု၏။ သွာယံ အတ္ထော၊ ထိုအာယုက္ခယကြောင့်သာ နတ်ရွာစံကွယ်လွန်မှု ပြုခြင်းဟူသော အနက်ကို။ ဟေဋ္ဌာ၊ အောက်၌။ (ယခင်စာပိုဒ်(၅၇)နှင့် ဗြဟ္မဇာလသုတ်ဋီကာ၌)။ [ထိုဋီကာ၊နှာ-၁၅၆၊ ဧကစ္စသဿတဝါဒဝဏ္ဏနာ-၌ “ကိံ ပနေတံ ပရမာယုနာမ” စသည်ဖြင့် အကျယ်ဖွင့်ထားသော စကားများကို ရည်ညွှန်းသည်ဟု ယူဆပါ၏။] (မယာ၊ ငါသည်။) ဝုတ္တော ဧဝ၊ ဆိုအပ်ခဲ့ပြီးသည်သာ။
ဗောဓိသတ္တေန ဝသိတဋ္ဌာနဉှီတိ အာဒိ၊ ဋ္ဌာနံ-အစရှိသော စကားသည်။ တဿ၊ ထိုကွယ်လွန်မှုပြုခြင်း၏။ ကာရဏဝစနံ၊ အကြောင်းကို ပြဆိုကြောင်းစကားတည်း။
အညေသံ အပရိဘောဂန္တိ၊ ကား။ [ယခု အဋ္ဌကထာ စာမူ၌မူ “အပရိဘောဂါရဟံ”ဟု ရှိ၏။] အညေဟိ၊ မိမိမှ တခြား ပုဂ္ဂိုလ်တို့သည်။ န ပရိဘုဉ္ဇိတဗ္ဗံ၊ အသုံးမပြုထိုက်။ (အာရုံခံစားမှု, ကိစ္စတစုံတခု စေခိုင်း အသုံးချမှု မပြုထိုက်ဟူလို။) န ပရိဘောဂယောဂျံ၊ အသုံးပြုခြင်းငှာ မသင့်လျော်။ ဣတိ၊ ကား။ အတ္ထော၊ ဆိုလိုရင်းအနက်တည်း။
တထာ၊ ထိုသို့အသုံးမပြုထိုက်သည်အဖြစ်သည်။ သတိ၊ ဖြစ်လသော်။ ဗောဓိသတ္တပိတု၊ ဘုရား အလောင်းတော်၏ ခမည်းတော်မင်းကြီး၏။ အညာယ၊ ဘုရားလောင်းမယ်တော်မှ အခြားသော မင်းသမီးတစ်ဦးဦးသည်။ အဂ္ဂမဟေသိယာ၊ အမြတ်ဆုံးသော မိဖုရားသည်။ ဘဝိတဗ္ဗံ၊ ဖြစ်လေရာ၏။ တထာပိ၊ ထိုသို့ပင်ဖြစ်ရာပါသော်လည်း။ ဗောဓိသတ္တမာတရိ၊ ဘုရားအလောင်းတော်၏ မယ်တော်သည်။ ဓရန္တိယာ၊ အသက်ထင်ရှားရှိနေစဉ်။ (အညာယ၊ သည်။ အဂ္ဂမဟေသိယာ၊ သည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။) အယုဇ္ဇမာနကံ၊ မသင့်လျော်။ ဣတိ၊ ထို့ကြောင့်။ အာဟ၊ အဋ္ဌကထာမိန့်ဆိုသည်မှာ။ န စ သက္ကာတိ အာဒိ၊ န စ သက္ကာအစရှိသည်တည်း။
အပနေတွာတိ၊ ကား။ (ဗောဓိသတ္တမာတရံ၊ ကို။) အဂ္ဂမဟေသိဋ္ဌာနတော၊ အမြတ်ဆုံး မိဖုရားကြီးအဖြစ်ဟူသော ရာထူးဌာနမှ။ နီဟရိတွာ၊ ဖယ်ရှား၍။ [အတ္တနိ။ပ။ဗလဝါ ဟောတီတိ- ဟူသော ဝါကျသည်။ ယခင် ဥပရိပဏ်ဋီ(၃၃၈)၌ မပါ။]
အတ္တနိ၊ မိမိခန္ဓာကိုယ်၌။ ဆန္ဒရာဂဝသေနေဝ၊ လိုလားချစ်ခင်မှု တပ်မက်တွယ် တာမှုတို့၏ အစွမ်းကြောင့်ပင်လျှင်။ ဗဟိဒ္ဓါ၊ (မိမိခန္ဓာကိုယ်မှ တခြားတပါး) အပြင်အပ၌။ ဝါ၊ အပြင်အပက။ အာရမ္မဏပရိယေသနာ၊ အာရုံကို ရှာဖွေခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ အတ္တနိ၊ မိမိခန္ဓာကိုယ်၌ [ဝိသယိနိ-ဟူသော ပါဠိမကောင်းဟု ယူဆ၍ “အတ္တနိ”ဟု ပြင်လိုက်၏]။ သာရာဂေါ၊ ပြင်းထန်အားကြီးစွာ ချစ်ခင်တပ်မက် ခြင်းသည်။ သတ္တာနံ၊ သတ္တဝါတို့၏။ ဝိသယေသု၊ အခြားအာရုံတို့၌။ သာရာဂဿ၊ ပြင်းထန်စွာ တပ်မက်ခြင်း၏။ ဗလဝကာရဏံ၊ အားကြီးသော အကြောင်းသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤအနက်ကို။ (ဒဿေတုံ၊ ပြုခြင်းငှာ။) သတ္တာနံ ။ပ။ဟောတီတိ၊ ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
အနုရက္ခိတုံ န သက္ကောတီတိ၊ ကား။ သမ္မာ၊ ကောင်းစွာ။ ဂဗ္ဘပရိဟာရံ၊ ကိုယ်ဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအလုပ်ကို။ နာနုယုဉ္ဇတိ၊ အားမထုတ်တော့။
တေန၊ ထို့ကြောင့်။ ဂဗ္ဘော၊ ကိုယ်ဝန်သူငယ်သည်။ ဗဟွာဗာဓော၊ များသောအနာရောဂါရှိသည်။ ဟောတိ၊ ၏။
ဝတ္ထု ဝိသဒံဟောတီတိ၊ ကား။ ဂဗ္ဘာသယော၊ ကိုယ်ဝန်သူငယ်၏ နေရာ သားအိမ်သည်။ ဝိသုဒ္ဓေါ၊ အထူးသန့်ရှင်း စင်ကြယ်သည်။ ဟောတိ၊ ၏။
မာတု၊ မယ်တော်၏။ မဇ္ဈိမဝယဿ၊ အလယ်ပိုင်းအရွယ် ၏။ တတိယကောဋ္ဌာသေ၊ သုံးခုမြောက်အဖို့ အပိုင်း၌။ ဗောဓိသတ္တဂဗ္ဘောက္ကမနမ္ပိ၊ ဘုရားအလောင်းတော်၏ မယ်တော်ဝမ်းသို့ သက်ရောက်ခြင်းကိုလည်း။ ဝါ၊ ဘုရားအလောင်းတော်နတ်သား၏ မယ်တော် ဝမ်းသက်ရောက်ချိန်ကာလကို ကြည့်ရှုခြင်းကိုလည်း။ တဿာ၊ ထိုမယ်တော်၏။ အာယုပရိမာဏဝိလောကနေနေဝ၊ အသက်အပိုင်းအခြားကို ကြည့်ရှုခြင်းဖြင့်ပင်လျှင်။ သင်္ဂဟိတံ၊ သွင်းယူအပ်ပြီ။ (ကသ္မာ၊ နည်း။ မာတု၊ ၏။ မဇ္ဈိမဝယဿ၊ ၏။ တတိယကောဋ္ဌာသေ၊ ၌။) ဝယောဝသေန၊ အရွယ်၏ အလိုကျအားဖြင့်။ ဥပ္ပဇ္ဇနကဝိကာရဿ၊ ဖြစ်တတ်သော ကာမဂုဏူပသဉှိတ (ပုရိသာဓိပ္ပါယ)စိတ်ဖြစ်ခြင်းစသော ဖောက်ပြန်မှု၏။ ဝါ၊ ကို။ (ဗောဓိသတ္တမာတုယာ၊ ၏။ ဝါ၊ သည်။) ပရိဝဇ္ဇနတော၊ ရှောင်ကြဉ်နိုင်သည်အဖြစ်ကြောင့်တည်း။
ပန၊ ထို့အပြင်။ ဝါ၊ ဤမျှမကသေး။ ဣတ္ထိသဘာဝေန၊ မိန်းမတို့၏ပင်ကို သဘောအားဖြင့်။ ဥပ္ပဇ္ဇနကဝိကာရော၊ သည်။ ဗောဓိသတ္တဿ၊ ၏။ အာနုဘာဝေနေဝ၊ အစွမ်းတန်ခိုးဖြင့်ပင်။ ဝူပသမတိ၊ ငြိမ်းပျောက်၏။
သတ္တမာသဇာတောတိ၊ ကား။ ပဋိသန္ဓိဂ္ဂဟဏတော၊ ပဋိသန္ဓေတည်နေကာ စ ကာလမှ။ သတ္တမေ၊ ခုနစ်ခုမြောက်သော။ မာသေ၊ လ၌။ ဇာတော၊ ဖွားသော သူငယ်သည်။ (ဇီဝတိ၊ အသက်ရှင်၏။)
သော၊ ထိုခုနစ်လဖွားသူငယ်သည်။ အတိဝိယ၊ အလွန်ပင်။ သုခုမာလတာယ၊ နုနယ်သည်အဖြစ်ကြောင့်။ သီတုဏှက္ခမော၊ အအေးအပူကို ခံနိုင်သည်။ န ဟောတိ၊ မဖြစ်။
အဋ္ဌမာသဇာတော၊ ပဋိသန္ဓေတည်နေပြီးနောက် ရှစ်လမြောက်၌ဖွားသော သူငယ်သည်။ သတ္တမာသဇာတတော၊ ခုနစ်လဖွားသူငယ်ထက်။ ဝုဒ္ဓိအဝယဝေါ၊ ကြီးထွားသော ကိုယ်အင်္ဂါရှိသည်။ ကာမံဟောတိ၊ အကယ်၍ ဖြစ်ပေ၏။ ပန၊ ထိုသို့ဖြစ်ပါသော်လည်း။ ဧကစ္စေ၊ အချို့ ကုန်သော။ စမ္မပဒေသာ၊ အရေအရပ်တို့သည်။ ဝုဒ္ဓိံ၊ ကိုယ်ထည်ကြီးထွားခြင်းသို့။ ပါပုဏန္တာ၊ ရောက်ကုန်လသော်။ ဃဋ္ဋနံ၊ ကျဉ်းကြပ်သော အင်္ဂါဇာတ်အဝနှင့် တိုးဝှေ့တိုက်ခိုက်မှုဒဏ်ကို။ န သဟန္တိ၊ မခံနိုင်ကုန်။ တေန၊ ထို့ကြောင့်။ သော၊ ထိုရှစ်လဖွားကလေးသည်။ န ဇီဝတိ၊ အသက်မရှင်။
ပန၊ ထိုမှတပါး။ သတ္တမာသဇာတဿ၊ ခုနစ်လဖွားသူငယ်၏။ တေ၊ ထိုအရေအရပ်တို့သည်။ တာဝ၊ ထိုမျှလောက် အတိုက်အခိုက်ခံရလောက်အောင်။ န ဇာတာ၊ ကိုယ်ထည်ကြီးထွားမှု မဖြစ်ပါသေးကုန်။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။
ဒေဝါ ပဌမံ ပဋိဂ္ဂဏှန္တီတိ၊ ကား။ လောကနာထံ၊ သတ္တလောက၏ အားကိုး အားထားရာဖြစ်သော။ မဟာပုရိသံ၊ မြတ်သောဘုရားအလောင်းတော်ကို။ သယမေဝ၊ ကိုယ်တိုင်သာလျှင်။ ပဌမံ၊ ရှေးဦးစွာ။ ပဋိဂ္ဂဏှာမ၊ ခံယူကုန်အံ့။ ဣတိ၊ ဤသို့။ သဉ္ဇာတဂါရဝဗဟုမာနာ၊ လွန်စွာဖြစ်သော ရိုသေသမှုအလေးဂရုပြုခြင်း, များစွာ မြတ်နိုးခြင်း ရှိကုန်သည်။ (ဟုတွာ၊ ဖြစ်ကြ၍။) အတ္တနော၊ မိမိ မိမိ၏။ ပီတိံ၊ နှစ်သက်မှု ပီတိကို။ ပဝေဒေန္တာ၊ ကြားသိစေကုန်လျက်။ ဝါ၊ ကြားသိစေကုန်သော။ ခီဏာသဝါ၊ အာသဝကုန်ခန်း ရဟန္တာ ဖြစ်ကုန်သော။ သုဒ္ဓါဝါသဗြဟ္မာနော၊ သုဒ္ဓါဝါသဘုံသား ဗြဟ္မာတို့သည်။ အာဒိတော၊ ရှေးဦးအစကာလ၌။ (နံ၊ ထိုဘုရားအလောင်းသူငယ်ကို။) ပဋိဂ္ဂဏှန္တိ၊ ခံယူကြကုန်၏။
သူတိဝေသန္တိ၊ ကား။ သူတိဇဂ္ဂနဓာတိဝေသံ၊ သားဖွား အညစ်အကြေးဆေးကြောသုတ်သင်သော အထိန်းတော်အသွင်ကို။ (ဂဏှိတွာ၊ ယူ၍။ ပဋိဂ္ဂဏှန္တိ၊ ခံယူကုန်၏။)
ဧကေတိ၊ ကား။ အဘယဂိရိဝါသိနော၊ အဘယဂိရိ ကျောင်းတိုက်နေဂိုဏ်းသားရဟန်းတို့သည်။ (ဝဒန္တိ၊ ဆိုကြကုန်၏။)
ဆဝိဝသေန၊ အရေ၏ အနေအားဖြင့်။ မစ္ဆက္ခိသဒိသံ၊ ငါးမျက်စိနှင့် တူသော။ (ဒုကူလပဋံ၊ ဘွဲ့ဖြူပုဆိုးကို။) (ဗောဓိသတ္တမာတာ၊ သည်။)
အဋ္ဌာသိ၊ ရပ်နေပြီ။ န နိသီဒိဝါ၊ ထိုင်လည်း မထိုင်။ န နိပဇ္ဇိဝါ၊ လျောင်းလည်း မလျောင်း။
တေန၊ ထို့ကြောင့်။ ဌိတာဝ။ပ။ဝိဇာယတီတိ၊ ယတိဟူ၍။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တံ၊ ဟောတော်မူ အပ်ပြီ။ (ဗောဓိသတ္တ- မာတုယာ၊ ဘုရားလောင်းမယ်တော်၏။ ဝါ၊ မယ်တော်မှာ။)
နိဒ္ဒုက္ခတာယ၊ ဒုက္ခမရှိသည် အဖြစ်ကြောင့်။ ဌိတာ ဧဝ၊ ရပ်သည်သာလျှင်။ ဟုတွာ၊ ဖြစ်၍။ ဝိဇာယတိ၊ ဖွားမြင်၏။
ဟိ၊ ဌိတာဧဝ-ဟု အထူးဆိုသင့်ပေ၏။ ဒုက္ခဿ၊ ဒုက္ခ၏။ ဗလဝဘာဝတော၊ အားကြီး သည်အဖြစ်ကြောင့်။ တံ ဒုက္ခံ၊ ထိုဒုက္ခကို။ အသဟမာနာ၊ သည်းမခံနိုင်ကြကုန်သော။ အညာ၊ (ဘုရားလောင်းမယ်တော်မှ) အခြားကုန်သော။ ဣတ္ထိယော၊ မိန်းမတို့သည်။ နိသိန္နာဝါ၊ ထိုင်ကုန်လျက်သော်လည်းကောင်း။ နိပန္နာ ဝါ၊ လျောင်းစက်ကုန်လျက်သော် လည်းကောင်း။ ဝိဇာယန္တိ၊ ဖွားမြင်ကုန်၏။
အဇိနပ္ပဝေဏိယာ၊ အဇိနပ္ပဝေဏိယာ။ ။ အဇိနပုဒ်ကို “သစ်နက်ရေ”ဟု မြန်မာပြန်ဆိုရိုးရှိ၏။ သို့သော် အဘိဓာန် (၄၄၂-ဂါထာ)၌မူ “စမ္မံတု အဇိနံ”ဟု အရေဟူသော အနက်ကို ဟောသောသဒ္ဒါ အဖြစ်ဖြင့် ပြထား၏။ သုဝဏ္ဏသာမဇာတ် (ဇာ၊ဒု-၇၅။ ဇာ၊ဋ္ဌ၊ဆ-၉၆)၌လည်း “အဇိနမှိ ဟညတေ ဒီပိ၊ နာဂေါ ဒန္တေဟိ ဟညတေ”ဟု ရှိ၏၊ ဒီပိ စမ္မေသု ဟညတေ-ဟူသော သဒ္ဒါကျမ်း ဥဒါဟရုဏ်နှင့် အတူတူဖြစ်၏၊ ထို့ကြောင့် အဇိနသဒ္ဒါသည် သစ်နက်သာမက သားကောင် အမျိုးမျိုးတို့၏ အရေအနက်ဟောဖြစ်သင့်၏၊ သီလက္ခန်ပါဠိ မဟာသီဟနာဒသုတ်အဋ္ဌကထာ (၂၉၃)စသည်၌ “အဇိနန္တိ အဇိနမိဂစမ္မံ”ဟု ဖွင့်ရာ၌ အဇိနဟူသော ရှေ့ပုဒ်ကို မိဂစမ္မံ-ဟု ဖွင့်ထားခြင်းဖြစ်သင့်၏၊ ဤသုတ်ဋီကာ၌လည်း အဇိနစမ္မေဟိ- ဟူသော ပါဌ်၌၊ အဇိနမိဂစမ္မေဟိဟု မိဂပုဒ်ပါသကဲ့သို့ အနက်မှတ်သင့်၏။ {{nissaya|တိ| ကား။}} အဇိနစမ္မေဟိ၊ သားကောင်အရေတို့ဖြင့်။ သိဗ္ဗိတွာ၊ ချုပ်၍။ ကတပဝေဏိယာ၊ ပြုလုပ်အပ်သော အထပ်ထပ်သော အဝတ်ထည်ဖြင့်။ (ပဋိဂ္ဂဟေသုံ၊ ခံယူကြကုန်ပြီ။)
မဟာတေဇောတိ၊ ကား။ မဟာနုဘာဝေါ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော။
မဟာယသောတိ၊ ကား။ မဟာပရိဝါရော၊ များသော အခြံအရံရှိသော။ ဝိပုလကိတ္တိဃောသော စ၊ ပျံ့နှံ့သော ကျော်စောသံလည်းရှိသော။ (ပုတ္တော၊ သည်။)
ဘဂ္ဂဝိဘဂ္ဂါတိ၊ ကား။ သမ္ဗာဓဋ္ဌာနတော၊ ကျဉ်းမြောင်းသော နေရာဌာနမှ။ နိက္ခမနေန၊ ထွက်လာရခြင်းသည်။ ဝိဘာဝိတတ္တာ၊ အမျိုးမျိုး အဖုံဖုံ ဖြစ်စေအပ်သည် အဖြစ်ကြောင့်။ ဘဂ္ဂါဝိယစ၊ ချိုးဖဲ့ခံရကုန်သကဲ့သို့ လည်းကောင်း။ ဝိဘဂ္ဂါဝိယစ၊ အမျိုးမျိုး ချိုးဖဲ့ခံရကုန်သကဲ့သို့ လည်းကောင်း။ ဟုတွာ၊ ဖြစ်ကုန်၍။ (နိက္ခမန္တိ၊ ထွက်ကြရကုန်၏။) တေန၊ ထိုဘဂ္ဂဝိဘဂ္ဂါဟူသော ပါဌ်ဖြင့်။ နေသံ၊ (ဘုရားအလောင်းတော်မှ တပါးတခြားသော) ကိုယ်ဝန်သူငယ်တို့၏။ အဝိသဒဘာဝမေဝ၊ မသန့်ရှင်းကုန်သည်အဖြစ်ကိုသာလျှင်။ (အာစရိယော၊ အဋ္ဌကထာဆရာသည်။) ဒဿေတိ၊ ပြ၏။
အလဂ္ဂေါ ဟုတွာတိ၊ ကား။ ဂဗ္ဘာသယေစ၊ ကိုယ်ဝန်သူငယ်၏ ကိန်းအောင်းရာသားအိမ်၌လည်းကောင်း။ ယောနိပဒေသေစ၊ အင်္ဂါဇာတ်အရပ်၌လည်းကောင်း။ ကတ္ထစိ၊ မည်သည့်အရပ်၌မျှ။ အလဂ္ဂေါ၊ မငြိကပ်သည်။ အသတ္တော၊ မချိတ်တွယ်သည်။ ဟုတွာ၊ ဖြစ်၍။ (နိက္ခမတိ၊ ထွက်ရ၏။) ယတော၊ ယင်းသို့ မည်သည့်အရပ်၌မျှ မငြိမကပ် လွတ်လပ်စွာ ထွက်ရသည်အဖြစ်ကြောင့်။ (ဗောဓိသတ္တဿ၊ ၏။ မာတုကုစ္ဆိနိက္ခမနံ၊ အမိဝမ်းမှ ထွက်လာခြင်းသည်။) ဓမကရဏတော၊ ဓမကရိုဏ်ရေစစ်မှ။ ဥဒကနိက္ခမနသဒိသန္တိ၊ ရေထွက်ကျလာခြင်းနှင့် တူ၏ဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
ဥဒကေနာတိ၊ ဥဒကေနဟူသည်ကား။ ဂဗ္ဘာသယဂတေန၊ သားအိမ်၌ ရောက်ရှိ နေသော။ ဥဒကေန၊ ရေသည်။ (ဗောဓိသတ္တော၊ သည်။)
အမက္ခိတောဝ၊ ရေသလိပ် စသည် မလူးကပ်အပ်ဘဲသာလျှင်။ (မာတုကုစ္ဆိမှာ၊ မှ။) နိက္ခမတိ၊ ထွက်လာတော်မူ၏။ (ကသ္မာ၊ နည်း။) သမ္မက္ခိတဿ၊ လူးကပ်တတ်သော။ တာဒိသဿ၊ ထိုသို့အများနည်းတူ တွေ့ကြုံရသော။ ဥဒကသေမှာဒိကဿေဝ၊ ရေသလိပ်အစရှိသည်၏ပင်။ တတ္ထ၊ ထိုမယ်တော်ဝမ်း၌။ အဘာဝတော၊ မရှိသည်အဖြစ်ကြောင့်တည်း။
ဟိ၊ မရှိသည်မှာ အမှန်ဖြစ်၏။ ဗောဓိသတ္တဿ၊ ဘုရားအလောင်းတော်၏။ ပုညာနုဘာဝတော၊ ကောင်းမှု ကုသိုလ်ကံ၏ တန်ခိုးအာနုဘော်ကြောင့်။ ပဋိသန္ဓိဂ္ဂဟဏတော၊ ပဋိသန္ဓေတည်နေရာ အခါမှ။ ပဋ္ဌာယ၊ စ၍။ တံ ဌာနံ၊ ထိုပဋိသန္ဓေတည်နေရာဌာနသည်။ ပုဗ္ဗေပိ၊ ရှေးကပင် (ဘုရားလောင်းမဖွားမြင်မီ ရှေးကပင်)။ ဝိသုဒ္ဓံ၊ အထူးသန့်ရှင်းစင်ကြယ်သည်။ ဝိသေသတော၊ အထူးအားဖြင့်။ ပရမသုဂန္ဓဂန္ဓကုဋိဝိယ၊ မြတ်သော ကောင်းသော အနံ့ရှိသော ဂန္ဓကုဋိကျောင်းတော်ကဲ့သို့။ စန္ဒနဂန္ဓံ၊ စန္ဒကူးနံ့သည်။ ဝါယန္တံ၊ ကြိုင်လှိုင်ပြန့်နှံ့လျက်။ တိဋ္ဌတိ၊ တည်၏။
ဥဒကဝဋ္ဋိယောတိ၊ ကား။ ဥဒကက္ခန္ဓာ၊ ရေလုံးတို့သည်။ (ပါတုဘဝန္တိ)
မုဟုတ္တဇာတောတိ၊ ကား။ မုဟုတ္တေန၊ မုဟုတ်အချိန်ပိုင်းကာလ၌။ [တေန သမယေန၊ ၌ကဲ့သို့ သတ္တမျတ္တ၌ တတိယာဝိဘက်သက်။] ဇာတော၊ ဖွားမြင်တော်မူသည်။ ဟုတွာ၊ ဖြစ်၍။ မုဟုတ္တမတ္တောဝ၊ မုဟုတ်အချိန်ပိုင်းကာလမျှသာရှိသေးသော။ (ဗောဓိသတ္တော၊ သည်။)
အနုဓာရိယမာနေတိ၊ ကား။ အနုကူလဝသေန၊ သင့်လျော်သော အားဖြင့်။ နီယမာနေ၊ ဆောင်း မိုးအပ်စဉ်။ (ဂစ္ဆတိ၊ ကြွသွားတော်မူ၏။)
အာဂတာနေဝါတိ၊ ကား။ တံ ဌာနံ၊ (ဘုရားအလောင်းတော် ဖွားမြင်ပြီးစ၊ ခုနစ်ဖဝါးကြွလှမ်းတော်မူရာ) ထိုအရပ်သို့ (ပဉ္စကကုဓဘဏ္ဍာနိပိ- မင်းမြှောက်တန်ဆာငါးပါးတို့သည်လည်း)။ ဥပဂတာနိ ဧဝ၊ ဆိုက်ရောက်လာကုန်သည်သာတည်း။
အနေကသာခ အနေကသာခဉ္စ သဟဿမဏ္ဍလံ။ ။ သုတ္တနိပါတ်၊ နာလကသုတ် (နှာ-၃၈၆) ပါဠိတော်ဖြစ်၏၊ ထို၌ “အနေကသာခံ”ကို “ရတနမယာနေကသတပတိဋ္ဌာနဟီရကံ”ဟု ဋီကာ ဖွင့်သည်၊ ပတိဋ္ဌာန- ထီးရွက် ကိုင်းတံ တို့ကို ထောက်ကန်ထားသဖြင့် ထီးရွက်ကိုင်းတံတို့၏ တည်ရာဖြစ်သော၊ ဟီရ- ခရိုင်ကိုင်းတံများ၊ ရတနမယာနိ အနေကသတပတိဋ္ဌာနဟီရာနိ ယဿ ဆတ္တဿာတိ ရတနမယာနေကသတပတိဋ္ဌာနဟီရကံ-ဟု ဗဟုဗ္ဗီဟိတွဲ၊ သမာသန္တက ပစ္စည်း၊ ဤသို့ ဝစနတ္ထပြု၍ ပါဠိတော် “အနေသာခံ”၌ သာခါဟူသည် ထီရိုးမှ ထီးရွက်ဆီသို့ သွား၍ ထောက်ကန်ထားသော ထီးခရိုင် ရိုးတံများဖြစ်၏ဟု သိနိုင်၏။ န္တိ၊ ကား။ ရတနမယာ ။ပ။ဟီရကံစ၊ ရတနာအတိပြီးသော ရာပေါင်းများစွာသော ထီးရွက်၏တည်မှီရာ ခရိုင်ရိုးတံများလည်းရှိသော။
သဟဿမဏ္ဍလသဟဿမဏ္ဍလံ- ကို “တေသံ ဥပရိ ပတိဋ္ဌိတအနေကသဟဿမဏ္ဍလဟီရကံ”ဟု ဋီကာဖွင့်သည်၊ ဤသုတ်ဋီကာနှင့် ယခင် ဥပရိပဏ္ဏာသဋီကာ (၃၃၉)တို့၌ “ဌိတံ (ပတိဋ္ဌိတံ)”ဟု ဝိဘတျန္တပဒအနေဖြင့် ဝါကျပါဌ်ဖြစ်နေ၏၊ ယင်းသို့ဖြစ်နေပါက “ပတိဋ္ဌိတံ”ဟူသော ဒုတိယာ ဝိဘတျန္တပုဒ်သည် ပါဠိတော်ဂါထာမှ “ဆတ္တံ”၏ ဝိသေသနဖြစ်လေတော့မည်။ အမှန်အားဖြင့်ကား ထိုပတိဋ္ဌိတပုဒ်သည် “မဏ္ဍလဟီရ”၏ ဝိသေသနသာတည်း၊ ထို့ကြောင့် နောက်ပုဒ်နှင့် တဆက်တည်း တွဲစပ်သော သမာသ်ပုဒ်ဖြစ်မှသာ အနက်အဓိပ္ပါယ် မှန်ကန်မည်ဖြစ်သည်၊ မဏ္ဍလေန (မဏ္ဍလာကာရေန) ဌိတာနိ ဟီရာနိ မဏ္ဍလဟီရာနိ- ဝန်းဝိုင်းသော အသွင်သဏ္ဌာန်ဖြင့် တည်သော ထီးရွက်ကိုင်းတံများ၊ အနေကသဟဿာနိ မဏ္ဍလဟီရာနိ အနေကသဟဿမဏ္ဍလဟီရာနိ၊ ထို့နောက် “ပတိဋ္ဌိတာနိ အနေကသဟဿမဏ္ဍလဟီရာနိ ယဿ ဆတ္တဿာတိ ပတိဋ္ဌိတ အနေကသဟဿမဏ္ဍလဟီရကံ”ဟု ဗဟုဗ္ဗီဟိသမာသ်တွဲ၊ သမာသန္တကပစ္စည်းဆက်သက်။ ဆတ္တကိုပင် အရကောက်။
ထို၌ “မဏ္ဍလဟီရ”ဟူသည် ထီးခရိုင်ရိုးတံတို့၏ အထက်က ထီးရွက်မှာ ကပ်ထားသော ထီးကိုင်းလက်တံများတည်း၊ ထိုထီးကိုင်းတံတို့သည် ထီးရွက်၏ အောက်၌ ထီးရွက်နှင့် ပူးကပ်ပြီး၊ ဝန်းဝိုင်းသော ပုံသဏ္ဌာန်ဖြင့် ပတ်ပတ်လည် ဝန်းရံလျက်တည်ရှိသောကြောင့် မဏ္ဍလ (မဏ္ဍလဟီရ)ဟု ဆိုရသည်၊ ထိုဋီကာအဖွင့်နှင့် အညီ ထိုဂါထာကို အနက်ပေးလျှင် -
အနေကသာခဉ္စ- ရတနာအတိပြီးသော ရာပေါင်းများစွာသော ထီးရွက်ထောက်ခံ ခရိုင်ရိုးတံများလည်းရှိသော၊သဟဿမဏ္ဍလံစ- ထီးခရိုင်ရိုးတံတို့၏ အထက် ထီးရွက်နှင့် ကပ်လျက်တည်ရှိသော ထောင်ပေါင်းများစွာသော ဝန်းဝိုင်းပတ်ရံ ထီးရွက်ကိုင်းလက်တံများလည်း ရှိထသော၊ ဆတ္တံ- နတ်အသုံးအဆောင်ထီးဖြူတော်ကို၊အန္တလိက္ခေ၊ ကောင်းကင်ထက်၌ (ထက်က)၊ မရူ= နတ်ဗြဟ္မာတို့သည်၊ ဓာရယုံ= ဘုရားအလောင်းကို ဆောင်းမိုးပေးကြကုန်ပြီ၊ သုဝဏ္ဏဒဏ္ဍာ= ရွှေသားလက်ကိုင်အရိုးရှိကုန်သော၊ စာမရာ= စာမရီသားမြီးယပ်တို့သည်၊ ဝိပတန္တိ= တလွှဲလွှဲခတ်ကုန်၏၊ စာမရဆတ္တဂါဟကာ= စာမရီသားမြီးယပ်ကို ကိုင်သောသူနှင့် ထီးဖြူတို့ကို ကိုင်သူတို့ကို၊ န ဒိဿရေ= ပကတိလူတို့ မျက်စိဖြင့် မမြင်ရကုန်၊
န္တိ၊ ကား။ တေသံ၊ ထိုခရိုင်ရိုးတံ တို့၏။ ဥပရိ၊ အထက်၌။ ပတိဋ္ဌိတအနေက ။ပ။ဟီရကံ၊ တည်သော ထောင်ပေါင်း များစွာသော ဝန်းဝိုင်းပတ်ရံသော ထီးရွက်ကိုင်းတံများလည်းရှိသော။ (ဆတ္တံ၊ နတ်ထီးဖြူကို။)
မရူတိ၊ မရူဟူသည်ကား။ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။ (ဓာရယုံ၊ ဆောင်း မိုးပေးကြကုန်ပြီ။)
ဧဝံ၊ ဤသို့ပါဠိတော်၌ဟောတော်မူအပ်သည့်အတိုင်း (ခြေခုနစ်ဖဝါး ကြွလှမ်းတော်မူပြီးမှသာ အရပ်မျက်နှာအားလုံးတို့ကို ကြည့်ရှုတော်မူ၏ဟူ၍)။ န ဒဋ္ဌဗ္ဗံ၊ အတိအကျ မမှတ်အပ်။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။) ပဒဝီတိဟာရတော၊ ခြေခုနစ်ဖဝါးကြွလှမ်း တော်မူခြင်းမှ။ ပဂေဝ၊ ရှေးဦးမဆွ အစကပင်လျှင်။ ဒိသာဝိလောကနဿ၊ အရပ်မျက်နှာတို့ကို အစဉ်အတိုင်း ကြည့်ရှုတော်မူခြင်း၏။ ဝါ၊ ကို။ ကတတ္တာ၊ ပြုတော်မူအပ်ပြီးသည်အဖြစ် ကြောင့်တည်း။
တေန၊ ထို့ကြောင့်။ အာဟ၊ အဋ္ဌကထာ ဆရာမိန့်ဆိုတော်မူသည်ကား။ မဟာသတ္တော ဟီတိအာဒိ၊ မဟာသတ္တော ဟိ အစရှိသည်တည်း။
ဧကင်္ဂဏာနီတိ၊ ကား။ ဝိဝဋဘာဝေန၊ ဟင်းလင်းပွင့်သည်အဖြစ်ဖြင့်။ ဝိဟာရင်္ဂဏပရိဝေဏင်္ဂဏာနိဝိယ၊ ကျောင်းလွင်ပြင်, ပရိဝုဏ်လွင်ပြင်တို့ကဲ့သို့။ ဧကင်္ဂဏသဒိသာနိ၊ တစ်ခုတည်းသော ဟင်းလင်းပြင်နှင့် တူကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
သဒိသောပိ နတ္ထီတိ၊ ကား။ တုမှာကံ၊ အရှင်ကိုယ်တော်မြတ်တို့၏။ ဣဒံ ဝိလောကနံ၊ ဤအရပ်မျက်နှာကို ကြည့်ရှုခြင်းသည်။ ဝိသိဋ္ဌေ၊ အရှင်တို့ထက် ထူးမြတ်သော ပုဂ္ဂိုလ်တို့ကို။ ပဿိတုံ၊ တွေ့မြင်ခြင်းငှာ။ (ဝိလောကနံ၊ ကြည့်ရှုခြင်းသည်။ ဟောတိ၊ ဖြစ်ပါ၏။) ဣဓ၊ ဤအရပ်မျက်နှာ၌။ တုမှေဟိ၊ အရှင်တို့နှင့်။ သဒိသောပိ၊ တန်းတူရည်တူပုဂ္ဂိုလ်သော်မှပင်။ နတ္ထိ၊ မရှိပါ။ ကုတော၊ အဘယ့်ကြောင့်။ ဥတ္တရိတရော၊ အရှင်တို့ထက် သာလွန် ထူးမြတ်သူသည်။ (အတ္ထိ၊ ရှိပါအံ့နည်း။ နတ္ထိဧဝ၊ တကယ်ပင်မရှိပါ။) ဣတိ၊ ဤသို့။ အာဟံသု၊ သံတော်ဦးတင်လျှောက်ကြကုန်ပြီ။
အဂ္ဂေါတိ၊ အဂ္ဂေါဟူသည်ကား။ (အဟံ၊ ငါသည်။) ပဓာနော၊ လက်ဦးပဓာန ပဌမတန်းစားပုဂ္ဂိုလ်သည်။ (အသ္မိ၊ ဖြစ်၏။) ပနဂုဏေဟိ၊ ဟု ဖွင့်ဆိုရခြင်း၏ အကြောင်းကား။ ကေန၊ အဘယ့်ဖြင့်။ အဿ၊ ထိုအလောင်းတော်မြတ်၏။ ပဓာနတာ၊ လက်ဦးပဓာန ပဌမတန်းစားပုဂ္ဂိုလ်အဖြစ်သည်။ ဟောတိ၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့ မေးဖွယ်ရှိသည်အဖြစ်ကြောင့်။ ဂုဏေဟီတိ၊ ဂုဏေဟိဟူ၍။ (အာစရိယော၊ အဋ္ဌကထာဆရာသည်။) အာဟ၊ မိန့်ဆိုပြီ။
စ၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤသဗ္ဗပဌမော-ဟူသော ပါဌ်၌။ ပဌမသဒ္ဒေါ၊ ပဌမသဒ္ဒါသည်။ ပဓာနပရိယာယော၊ ပဓာနသဒ္ဒါ၏ ပရိယာယ်တည်း။
ပန၊ ဆက်ဦးအံ့။ ဗောဓိသတ္တဿ၊ ဘုရားအလောင်း၏။ ပဓာနတာ၊ လက်ဦးပဓာနပဌမ၏ အဖြစ်သည်။ အနညသာဓာရဏာ၊ အခြားသော ပစ္စေကဗုဒ္ဓ, သာဝကတို့နှင့်မသက်ဆိုင်သည်။ (ဟောတိ) ဣတိ၊ ထို့ကြောင့်။ သဗ္ဗပဌမောတိ၊ ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။ သဗ္ဗပဓာနော၊ အားလုံးသော ပုဂ္ဂိုလ်တို့၏ ရှေးဦး ပဌမပဓာနပေတည်း။ ဣတိ အတ္ထော၊ ဤကားအနက်။
ဧတဿေဝါတိ၊ ကား။ အဂ္ဂသဒ္ဒဿေဝ၊ အဂ္ဂသဒ္ဒါ၏သာလျှင်။ (ဝေဝစနာနိ၊ ဝေဝုစ်ပရိယာယ်တို့တည်း။)
စ၊ မေးဖွယ်ရှိသည်ကား။ ဧတ္ထ၊ ဤသို့ “မဟာပုရိသ ။ပ။ဥတ္တရိတရော”ဟု သံတော်ဦး တင်ကြရာ၌။ ဝါ၊ သံတော်ဦးတင်ကြသော နတ်လူတို့တွင်။ တာဝ၊ တန်ခိုးရှိန်ထန် အခြံရံသင်းပင်းကျော်စောခြင်း နည်းပါးသော နတ်လူတို့မှ ရှေးဦးစွာ။ (နိဒဿေတဗ္ဗာ၊ ညွန်ပြထိုက်ကုန်သော။) မဟေသက္ခာ၊ တန်ခိုးရှိန်ထန် အခြံအရံသင်းပင်းကျော်စောခြင်း များပြား ကြီးမားကြကုန်သော။ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။ တထာ စ၊ ထိုပြဆိုအပ်ခဲ့သည့် အတိုင်းပင်။ ဝဒန္တိ၊ သံတော်ဦးတင်ကြပေကုန်၏။ ဣတရေ ပန၊ ယင်းနတ်ဗြဟ္မာတို့မှ တခြားသော နတ်လူတို့သည်ကား။ ကထံ၊ အဘယ်နည်း အဘယ်ပုံအားဖြင့်။ (ဝဒန္တိ၊ သံတော်ဦးတင်ကြကုန်သနည်း။) ဣတိ၊ ဤကားအမေးပုစ္ဆာတည်း။
မဟာသတ္တဿ၊ ဘုရားအလောင်းတော်မြတ်၏။ အာနုဘာဝဒဿနာဒိနာ၊ တန်ခိုးအာနုဘော်ကို မြင်ရခြင်း စသည်ဖြင့်။ (မဟေသက္ခာ၊ တို့သည်။ တထာ၊ အတိုင်း။ ဝဒန္တိ၊ ၏။)
ဟိ၊ ချဲ့ဦးအံ့။ မဟေသက္ခာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ မဟာသတ္တဿ၊ ၏။ အာနုဘာဝေါ၊ သည်။ (ပစ္စက္ခော၊ လက်တွေ့မျက်မြင်သည်။ အဟောသိဝိယ၊ ဖြစ်ခဲ့သကဲ့သို့။) တေန၊ ထိုဘုရား အလောင်းတော်မြတ်နှင့်။ သဒိသာနမ္ပိ၊ တူညီသော ပုဂ္ဂိုလ်တို့၏လည်း။ အာနုဘာဝေါ၊ သည်။ ပစ္စက္ခော၊ သည်။ အဟောသိ၊ ပြီ။ ဣတိ၊ ထို့ကြောင့်။ (မဟေသက္ခာ၊ တို့သည်။ တထာ၊ တိုင်း။ ဝဒန္တိ၊ ကုန်၏။) ဣတရေပန၊ မဟေသက္ခဒေဝမှ တပါးတခြားသော နတ်လူတို့သည်ကား။ တေသံ၊ ထိုမဟေသက္ခဒေဝတို့၏။ ဝစနံ၊ ပြောစကားကို။ သုတွာ၊ ကြားကြရ၍။ သဒ္ဒဟန္တာ၊ ယုံကြည်ကြကုန်သည်အဖြစ်ကြောင့်လည်းကောင်း။ အနုမိနန္တာ၊ မှန်းဆကြကုန်သည်အဖြစ်ကြောင့်လည်းကောင်း။ တထာ၊ တိုင်း။ အာဟံသု၊ သံတော်ဦးတင်ကြကုန်ပြီ။ (ဣတိ၊ ဤကားအဖြေတည်း။)
ပရိပါကဂတပုဗ္ဗဟေတုသံသိဒ္ဓါယ၊ ရင့်ကျက်ခြင်းသို့ ရောက်သော ရှေးရှေးအကြောင်း ကောင်းမှုကုသိုလ်ကြောင့် ပြီးစီးသော။ ဓမ္မတာယ၊ ဖြစ်ရိုးစဉ်လာ ဓမ္မတာသဘောသည်။ စောဒိယမာနော၊ တိုက်တွန်းနှိုးဆော်အပ်သည်။ (ဟုတွာ၊ ဖြစ်၍။) (ဇာတမတ္တော၊ ဖွားမြင်ပြီးကာမျှ ဖြစ်သော။ ဗောဓိသတ္တော၊ ဘုရားအလောင်းတော်သည်။ ဣမသ္မိံ အတ္တဘာဝေ၊ ယခုမျက်မှောက် ဘဝအတ္တဘော၌။ ပတ္တဗ္ဗံ၊ ဆိုက်ရောက်ရရှိမည်ဖြစ်သော။ အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။ ဗျာကာသိ၊ ကြိုတင်မြွက်ကြားတော်မူပြီ။
ဇာတမတ္တဿေဝ၊ ဖွားမြင်ပြီးကာစမျှသာဖြစ်သော။ ဗောဓိသတ္တဿ၊ ဘုရားအလောင်းတော်၏။ ဌာနာဒီနိ၊ ရပ်ခြင်းအစရှိသည်တို့သည်။ (ချိုင့်ခွက်မရှိ၍ ညီညာသော ခြေဖဝါးပြင်တို့ဖြင့် မြေပေါ်၌ ရပ်ခြင်းစသည်တို့သည်) ယေသံ ဝိသေသာဓိဂမာနံ၊ အကြင်ထူးခြားသော ဂုဏ်တို့ကို ရခြင်းတို့၏။ ပုဗ္ဗနိမိတ္တဘူတာနိ၊ ရှေ့ပြေး နိမိတ်ဖြစ်ကုန်သည်။ (ဟောန္တိ၊ ဖြစ်ကုန်၏။) ဣတိ၊ ထို့ကြောင့်။ တေ၊ ထိုထူးခြားသော ဂုဏ်တို့ကို ရခြင်းတို့ကို။ နိဒ္ဓါရေတွာ၊ ထုတ်ဆောင်၍။ ဒဿေန္တော၊ ပြတော်မူလိုသည်။ (ဟုတွာ၊ ဖြစ်၍။) ဧတ္ထစာတိအာဒိံ၊ ဧတ္ထစ-အစရှိသော စကားရပ်ကို။ (အာစရိယော) အာဟ။
တတ္ထ၊ ထိုဧတ္ထစ-အစရှိသော ဝါကျတို့၌။ (ကာရဏဝစနံ၊ ပုဗ္ဗနိမိတ်ဖြစ်ရခြင်း၏ အကြောင်းပြ စကားကို။ မယာ၊ ငါသည်။ ဝုစ္စတေ၊ ဆိုဦးအံ့။) ပတိဋ္ဌာနံ၊ ညီညာသော ခြေဖဝါးပြင်တို့ဖြင့် မြေပေါ်၌ ရပ်ခြင်းသည်။ စတုရိဒ္ဓိပါဒ၊ ပဋိလာဘဿ- လေးပါးသော ဣဒ္ဓိပါဒ်တရားထူးကို ရခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ ရှေးပြေး နိမိတ်တည်း။ (ကသ္မာ၊ အဘယ်ကြောင့်နည်း။) ဣဒ္ဓိပါဒဝသေန၊ ဣဒ္ဓိပါဒ်တရား၏ အစွမ်းဖြင့်။ လောကုတ္တရဓမ္မေသု၊ လောကုတ္တရာ တရားတို့၌။ သုပ္ပတိဋ္ဌိတ ဘာဝသမိဇ္ဈနတော၊ ကောင်းစွာ ရပ်တည်သည်အဖြစ်၏ ပြီးစီးသည် အဖြစ်ကြောင့် တည်း။
ဥတ္တရာဘိမုခဘာဝေါ၊ မြောက်အရပ်သို့ ရှေ့ရှုမျက်နှာတော် လှည့်တော်မူသည် အဖြစ်သည်။ လောကဿ၊ သတ္တဝါအပေါင်းကို။ ဥတ္တရဏဝသေန၊ ကျော်လွှား လွန်မြောက်ခြင်းအားဖြင့်။ ဂမနဿ၊ ကြွသွားတော်မူခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။ (ကသ္မာ၊ နည်း။)
ဟိ ယသ္မာ၊ အကြင့်ကြောင့်။ တေန ဘဂဝတာ၊ ထိုမြတ်စွာဘုရားသည်။ သဒေဝကော၊ နတ်နှင့်တကွသော။ လောကော၊ သတ္တလောကကို။ အဘိဘူတော၊ ကျော်လွန် လွှမ်းမိုးအပ်သည်။ ကေနစိ၊ မည်သူတစ်ဦးကမျှ။ သော ဘဂဝါ၊ ထိုမြတ်စွာဘုရားကို။ ဝါ၊ သည်။ အနဘိဘူတော၊ မကျော်လွန် မလွှမ်းမိုးအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။ (တသ္မာ၊ ထို့ကြောင့်တည်း။) [“တေန ဟိ ။ပ။ အဟောသိ”ဟူသော ကာရဏဝါကျသည် ယခင်ဥပရိပဏ္ဏာသဋီကာ(၃၄၀)၌ မပါ၊ စာပျက်၍ ပြင်လိုက်သည်။]
တေန၊ ထို့ကြောင့်။ မဟာဇနံ ။ပ။ ပုဗ္ဗနိမိတ္တန္တိ၊ ဟူ၍။ အာဟ၊ မိန့်ဆိုပြီ။
တထာ၊ ထိုမှ တပါး။ သတ္တပဒဂမနံ၊ ခြေခုနစ်ဖဝါးလှမ်း ကြွမြန်းတော်မူခြင်းသည်။ သတ္တ ။ပ။ဂမနဿ၊ ခုနစ်ခုသော ပုဒ်ရှိသော ဗောဇ္ဈင်တရားနှင့် ပြည့်စုံသော အရိယမဂ် လမ်းဖြင့် ကြွမြန်းတော်မူခြင်း၏။ (ပုဗ္ဗနိမိတ္တံ၊ တည်း။)
သုဝိသုဒ္ဓသေတစ္ဆတ္တဓာရဏံ၊ အလွန် သန့်ရှင်းစင်ကြယ်သော နတ်ထီးဖြူကို ဆောင်းမိုးခြင်းသည်။ သုဝိသုဒ္ဓဝိမုတ္တိဆတ္တဓာရဏဿ၊ အလွန် သန့်ရှင်းစင်ကြယ်သော အရဟတ္တဖိုလ် ဝိမုတ္တိထီးဖြူကို ဆောင်းမိုး ခြင်း၏။ (ပုဗ္ဗနိမိတ္တံ)၊
ပဉ္စရာဇကကုဓဘဏ္ဍသမာယောဂေါ၊ ငါးမျိုးသော မင်းမြှောက်တန်ဆာ ဘဏ္ဍာတို့နှင့် ယှဉ်တွဲခြင်းသည်။ ပဉ္စဝိဓဝိမုတ္တိဂုဏသမာယောဂဿ၊ ငါးပါးအပြားရှိသော ဝိမုတ္တိဂုဏ်တို့နှင့် ကောင်းစွာ စုံလင်ယှဉ်တွဲခြင်း၏။ (ပုဗ္ဗနိမိတ္တံ)၊
အနာဝဋဒိသာနုဝိလောကနံ၊ အဆီးအတားမရှိထုတ်ချင်းပေါက် ဟင်းလင်းပွင့်သော အရပ်မျက်နှာတို့ကို အစဉ်အတိုင်း ကြည့်ရှုခြင်းသည်။ အနာဝဋဉာဏတာယ၊ အဆီးအတားမရှိ သိမြင်သော သဗ္ဗညုတဉာဏ်တော်ရရှိတော်မူသည်အဖြစ်၏။ (ပုဗ္ဗနိမိတ္တံ)၊
(ပုဗ္ဗနိမိတ္တံ) အဟံ၊ ငါသည်။ လောကဿ၊ သတ္တလောက၏။ အဂ္ဂေါ၊ လက်ဦးပဓာန ပဌမတန်းစား ပုဂ္ဂိုလ်သည်။ အသ္မိ၊ ဖြစ်၏။ ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။ အဆမ္ဘိတဝါစာဘာသနံ၊ မကြောက်မရွံ့ ရဲဝံ့စွာ စကားတော်ကို မိန့်မြွက်ပြောကြားတော်မူခြင်းသည်။ ကေနစိ၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦးကမျှ။ အဝိဗန္ဓနီယတာယ၊ မတားဆီး မနှောင့်ယှက်နိုင်သည် အဖြစ်ဖြင့်။ အပ္ပဝတ္တိယဿ၊ မရပ်တန့်စေအပ်သော။ ဝါ၊ ပြောင်းပြန် မလည်ပတ်စေနိုင်သော။ သဒ္ဓမ္မစက္ကပ္ပဝတ္တနဿ၊ သူတော်ကောင်းတရား စက်ဝန်းကို ချာချာလည်စေခြင်း၏။
(ပုဗ္ဗနိမိတ္တံ) အယံ၊ ဤဘဝအသစ်ဖြစ်ခြင်းသည်။ အန္တိမာ၊ နောက်ဆုံးအကြိမ်ဖြစ်သော။ ဇာတိ၊ ဘဝအသစ်ဖြစ်ခြင်း (ပဋိသန္ဓေနေခြင်း)သာတည်း။ ဣတိ၊ ဤသို့။ အာယတိံ၊ နောက်ထပ် တစ်ကြိမ်။ ဇာတိယာ၊ ၏။ အဘာဝကိတ္တနာ၊ မရှိခြင်းကို မိန့်ကြားတော်မူခြင်းသည်။ အနုပါဒိသေသာယ၊ ကံကိလေသာတို့က ငါ, ငါ့ဥစ္စာဟု မြဲမြံစွာ စွဲလမ်း ဖမ်းယူအပ်သော ဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ် အကြွင်းအကျန် မရှိသော။ နိဗ္ဗာနဓာတုယာ၊ ခန္ဓာဇာတ်သိမ်းချုပ်ငြိမ်းခြင်း ဓာတ်သဘောဖြင့်။ ပရိနိဗ္ဗာနဿ၊ ချုပ်ငြိမ်းခြင်း၏။ ဝါ၊ ပရိနိဗ္ဗာန်စံတော်မူခြင်း၏။ (ပုဗ္ဗနိမိတ္တံ၊ ရှေ့ပြေးနိမိတ် တည်း။) ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိရ၏။ (ကိန္တိကတွာ၊ အဘယ်သို့ ဆုံးဖြတ်ချက်ချမှု ပြု၍။ ဝေဒိတဗ္ဗံ၊ သိရသိနိုင်သနည်းဟူမူ။) အနာဂတေ၊ နောင်ကာလ၌။ တဿ တဿ လဒ္ဓဗ္ဗဝိသေသဿ၊ ထိုထိုရထိုက် ရစရာဂုဏ်ထူးဟူသမျှ၏။ တံ တံ နိမိတ္တံ၊ ထိုထိုရှေ့တော်ပြေး အမှတ်အသား နိမိတ်သည်။ အဗျဘိစာရီ၊ လျဉ်းပါးဖွယ် သံသယ ဖြစ်ဖွယ်မရှိ ဧကန်တိကျသော နိမိတ်တည်း။ ဣတိ ကတွာ၊ ဤသို့ ဆုံးဖြတ်မှုပြု၍။ (ဝေဒိတဗ္ဗံ၊ ၏)။
န အာဂတောတိ၊ န အာဂတော-ဟူသည်ကား။ ဣမသ္မိံ သုတ္တေစ၊ ဤမဟာပဒါန သုတ်၌လည်းကောင်း။ အညတ္ထစ၊ အခြားသော သုတ်၌လည်းကောင်း။ ဝက္ခမာနာယ၊ (ဤသုတ်အဋ္ဌကထာ၌) ယခုဖော်ပြလတ္တံ့သော။ အနုပုဗွိယာ၊ အစီအစဉ်အားဖြင့်။ န အာဂတော၊ မလာ။ ဝါ၊ မပါရှိ။
အာဟရိတွာတိ၊ ကား။ တသ္မိံ တသ္မိံ သုတ္တေစ၊ ထိုထို သုတ်၌လည်းကောင်း။ အဋ္ဌကထာသုစ၊ အဋ္ဌကထာတို့၌လည်းကောင်း။ အာဂတနယေန၊ လာသောနည်းဖြင့်။ အာဟရိတွာ၊ ဆောင်ယူ၍။ (မယာ၊ ငါအဋ္ဌကထာဆရာ သည်။) ဒီပေတဗ္ဗာ၊ ဖော်ပြရပေမည်။
ဒသသဟဿိလောကဓာတု ကမ္ပီတိ ဣဒံ၊ ဒသ ။ပ။ကမ္ပိ- ဟူသော ဤဝါကျကို။ ဣဓ ပါဠိယံ၊ ဤမဟာပဒါနသုတ်ပါဠိတော်၌။ အာဂတတ္တေ၊ လာပြီးသည်အဖြစ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ ဝက္ခမာနာနံ၊ ပြဆိုအပ်လတ္တံ့ကုန် သော။ အစ္ဆရိယာနံ၊ အံ့ဩဖွယ်အကြောင်းအရာတို့၏။ မူလဘူတံ၊ အခြေခံ အကြောင်းရင်း ဖြစ်သည်ကို။ ဒဿေတုံ၊ ပြုခြင်းငှာ။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ အညံ၊ ဤဒသ ။ပ။ကမ္ပိ- ဟူသော ဝါကျမှ တပါးသော။ ဧဝရူပမ္ပိ၊ ဤသို့သဘောရှိသော ဝါကျကိုလည်း။ ဧဝံ၊ ဤနည်းတူပင်။ (ဝက္ခမာနာနံ၊ ကုန်သော။ အစ္ဆရိယာနံ၊ တို့၏။ မူလဘူတံ၊ ကို။ ဒဿေတုံ၊ ငှာ။ ဝုတ္တံ၊ ဆိုအပ်ပြီးဟူ၍။) ဒဋ္ဌဗ္ဗံ၊ မှတ်ရမည်။
တန္တိဗဒ္ဓါ ။ပ။ဘေရိယောတိ၊ တန္တိ ။ပ။ဘေရိယော- ဟူသော စကားသည်။ ပဉ္စင်္ဂိကတူရိယဿ၊ ငါးပါးသော အင်္ဂါရှိသော တူရိယာကို။ ဝါ၊ ၏။ နိဒဿနမတ္တံ၊ နမူနာအဖြစ်ဖြင့် ပြကြောင်း စကားမျှသာတည်း။ ဝါ၊ သို့မဟုတ်။ စသဒ္ဒေန၊ (ဘေရိယောစ- ၌) စသဒ္ဒါဖြင့်။ ဣတရေသမ္ပိ၊ စောင်း, စည်ကြီးတို့မှ အခြားတပါးသော တူရိယာတို့ကိုလည်း။ သင်္ဂဟော၊ သွင်းယူခြင်းကို။ ဒဋ္ဌဗ္ဗော၊ မှတ်သင့်၏။ ဝါ၊ မှတ်ရမည်။
အန္ဒုဗန္ဓနာဒီနိ၊ လက်ထိတ် ခြေထိတ် သံခြေကျဉ်း အနှောင်အဖွဲ့အစရှိသည်တို့ သည်။ တင်္ခဏေဧဝ၊ ထိုဘုရားအလောင်းတော် ဖွားမြင်တော်မူရာ ခဏ၌သာလျှင်။ ဆိဇ္ဇိတွာ၊ ပြတ်ပြီး၍။ ပုန၊ တဖန်။ ပါကတိကာနေဝ၊ ပင်ကိုမူလအတိုင်းချုပ်နှောင် မြဲချုပ်နှောင်ကုန်သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တထာ၊ ထို့အတူ။ ဇစ္စန္ဓာဒီနံ၊ ပဋိသန္ဓေအားဖြင့် ကန်းသောသူ အစရှိသည်တို့၏။ စက္ခုသောတာဒီနိ၊ မျက်စိ နား ပသာဒရုပ်အစရှိသည်တို့သည်။ တထာရူပကမ္မပစ္စယာ၊ ထိုသို့မြင်မှု ကြားမှုစသည်ဖြစ်စေ နိုင်ခြင်းသဘောရှိသော ကံဟူသော အကြောင်းကြောင့်။ တသ္မိံယေဝခဏေ၊ ထိုဘုရား အလောင်းတော် ဖွားမြင်တော်မူရာခဏ၌သာလျှင်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပေါ်လာပြီး၍။ ဝိဂစ္ဆန္တိ၊ ပျက်စီးချုပ်ပျောက်သွားကုန်၏။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ အချို့ဆရာတို့ ဆိုကြကုန်၏။
စ၊ ထိုမှတပါး။ ဆိဇ္ဇိံသူတိ၊ ကား။ ပါဒေသု၊ ခြေတို့၌။ ဗန္ဓနဋ္ဌာနေသု၊ ဖွဲ့တုပ်ထားရာအရပ် တို့၌။ ဆိဇ္ဇိံသု၊ ပြတ်ကုန်ပြီ။
ဝိဂစ္ဆိံသူတိ၊ ကား။ ဝူပသမိံသု၊ ငြိမ်းပျောက်ကုန်ပြီ။
တံ တံ ဝိမာနဂတမဏိရတနာနိ၊ ထိုထို ဗိမာန်တို့၌ ရောက်ရှိနေကုန်သော ပတ္တမြားရတနာတို့ သည်။ အာကာသဋ္ဌကရတနာနိနာမ၊ ကောင်းကင်ပြင်၌ရှိသော ရတနာတို့မည်၏။
သကတေဇောဘာသိတာနီတိ၊ ကား။ အတိဝိယ၊ အလွန်လျှင်။ သမုဇ္ဇလာယ၊ တောက်ပသော။ အတ္တနော၊ မိမိ၏။ ပဘာယ၊ အရောင်ဖြင့်။ ဩဘာသိတာနိ၊ ထွန်းလင်း နေကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
နပ္ပဝတ္တီတိ၊ နပ္ပဝတ္တိ-ဟူသည်ကား။ သန္နိပါတော၊ စီးသွားသည်။
န အဟောသိ၊ မဖြစ်ပြီ။ [န ပဝတ္တိ- ဟု အဇ္ဇတနီ ဤဝိဘတ်ဖြင့် ဋီကာ၌ ရှိ၏။ အဋ္ဌကထာ၌ နပ္ပဝတ္တတိ၊ ဟုရှိ၏။ ဥပရိပဏ္ဏာသဋီကာ (၃၄၁)၌ မူ နပ္ပဝတ္တီတိ နသန္ဒိ= ဟုရှိ၏။] န ဝါယီတိ၊ ကား။ ခရော၊ ကြမ်းတမ်းသော။ ဝါတော၊ လေသည်။ န ဝါယိ၊ မတိုက်ခတ်ပြီ။
မုဒုသုခေါ၊ နူးညံ့၍ ချမ်းသာစေသော။ ဝါတော ပန၊ လေပြေ လေညင်းသည်ကား။ သတ္တာနံ၊ သတ္တဝါတို့၏။ သုခါဝဟော၊ ချမ်းသာကို ဆောင်လျက်။ ဝါယိ၊ တိုက်ခတ်ပြီ။ (သကုဏာ၊ ငှက်တို့သည်။)
ဥစ္စဋ္ဌာနေ၊ မြင့်သော ကောင်းကင်ပြင်၌။ ဌာတုံ၊ တည်နေခြင်းငှာ။ အဝိသဟန္တာ၊ မရဲဝံ့ကုန်သည်။ (ဟုတွာ၊ ဖြစ်၍။) ပထဝိဂတာ၊ မြေပြင်၌ ရောက်နေကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
ဥတုသမ္ပန္နောတိ၊ ကား။ အနုဏှာသီတတာသင်္ခါတေန၊ မပူမအေးသည်အဖြစ်ဟု ဆိုအပ်သော။ ဥတုနာ၊ ဥတုနှင့်။ သမ္ပန္နော၊ ပြည့်စုံသည်။ (အဟောသိ၊ ဖြစ်ပြီ။)
ဘုဇဟတ္ထသင်္ဃဋ္ဋနသဒ္ဒေါ၊ လက်မောင်းနှင့် လက်ဖဝါးတို့ကို ရိုက်ခတ်ခြင်းကြောင့် ဖြစ်သော အသံကို (လက်ပမ်းပေါက်ရိုက်ခတ်သံကို)။ အပ္ဖေါဋနံ၊ အပ္ပေါဋနဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။ ပန၊ ပေါ်လွင်အောင် ဆိုရသော်ကား။ အတ္ထတော၊ ဆိုလိုရင်း အနက်သဘောအားဖြင့်။ ဝါမဟတ္ထံ၊ ဝဲဘက်လက်ကို။ ဥရေ၊ ရင်ဘတ်ပေါ်၌။ ဌပေတွာ၊ ထား၍။ ဒက္ခိဏေန၊ ယာဘက်ဖြစ်သော။ ပုထုပါဏိနာ၊ ကျယ်ပြန့်သော လက်ဝါးပြင်ဖြင့်။ ဟတ္ထတာဠနေန၊ ဝဲဘက်လက်မောင်းကို ရိုက်ခတ်ခြင်းအားဖြင့်။ သဒ္ဒကရဏံ၊ အသံပြု ခြင်းကို။ ဝါ၊ ပြုအပ်သော အသံကို။ (အပ္ဖေါဋနံ၊ ၍။ ဝုစ္စတိ။)
မုခေန၊ ပါးစပ်ဖြင့်။ ဥဿေဠနံ၊ အသံမြည်စေခြင်းသည်။ သဒ္ဒဿ၊ အသံကို။ မုဉ္စနံ၊ ထုတ်လွှတ်ခြင်းသည်။ သေဠနံ၊ လေချွန်ခြင်းမည်၏။
နိရန္တရံ၊ အဆက်မပြတ် တစပ်တည်း။ ဓဇမာလာသမောဓာနဂတာယ၊ အလံတံခွန်သဖွယ် တင့်တယ်သော ပန်းတို့၏ စုဝေးပေါင်းဆုံခြင်းသို့ ရောက်ခြင်းအားဖြင့်။ (ဒသသဟဿိလောကဓာတု၊ တစ်သောင်းသော လောကဓာတ် သည်။) ဧကဒ္ဓဇမာလာ၊ တဆက်တည်းသော အလံတံခွန်ပန်းရှိသည်။ အဟောသိ၊ ဖြစ်ပြီ။
စ၊ ဆက်ဦးအံ့။ ကေဝလံ၊ ပြဆိုလတ္တံ့သော အံ့ဩဖွယ် နိမိတ်များ မဖက်သက်သက်။ ဧတာနိဧဝ၊ ဤပြဆိုခဲ့ပြီးသော အံ့ဩဖွယ် နိမိတ်တို့သည်သာ (တစ်သောင်းသော စကြာဝဠာအားလုံး တဆက်တည်းသော တံခွန်ပန်းရှိခြင်းအစရှိသော ပြဆိုခဲ့ပြီးသော အံ့ဩဖွယ် နိမိတ်တို့သည်သာလျှင်)။ န အဟေသုံ၊ ဖြစ်ကုန်သည် မဟုတ်သေး။ အထ ခေါ၊ စင်စစ်သော်ကား။ အညာနိပိ၊ အခြားသော အံ့ဩဖွယ်နိမိတ်တို့သည်လည်း။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ [ထိုအံ့ဩဖွယ်နိမိတ်တို့ကို ပြလိုသောကြောင့် “ဝိစိတ္တ ပုပ္ဖ”စသည် မိန့်။] ဝိစိတ္တပုပ္ဖသုဂန္ဓဝဿဒေဝေါ၊ ဆန်းကြယ်သော ပန်းမိုးနှင့် ကောင်းသော အနံ့ရှိသော ပန်းမိုးသည်။ ပဝဿိ၊ ရွာသွန်းပြီ။ သူရိယေ၊ နေကို။ ဒိဿမာနေ ဧဝ၊ သူငါထင်ထင်မြင်အပ် စဉ်သာလျှင်။ [တနည်း- သူရိယေ- နေသည်၊ ဒိဿမာနေ ဧဝ- အများ မျက်မြင်ပေါ်ထင် နေစဉ်သာလျှင်၊ ဒိဗ္ဗမာနေ ဧဝ- ထွန်းလင်းတောက်ပနေစဉ်သာလျှင်-ဟု မူကွဲရှိ၏။] တာရကာ၊ ကြယ်တာရာတို့သည်။ ဩဘာသိံသု၊ ထွန်းလင်းတောက်ပနေကုန်ပြီ။ အစ္ဆံ၊ ကြည်လင်သော။ ဝိပ္ပသန္နံ၊ အထူး ကြည်လင်သော။ ဥဒကံ၊ ရေသည်။ ပထဝိတော၊ မြေမှ။ ဥမ္ဘိဇ္ဇိ၊ ပေါက်ထွက်ပြီ။ ဗိလာသယာ၊ တွင်းဟူသော ကိန်းအောင်းရာရှိကုန်သော။ တိရစ္ဆာနာစ၊ တိရစ္ဆာန်တို့သည်လည်း။ အာသယတော၊ ကိန်းအောင်းရာတွင်းမှ။ နိက္ခမိံသု၊ ထွက်ကုန်ပြီ။ ရာဂ ဒေါသ မောဟာပိ၊ ရာဂ ဒေါသ မောဟတို့သည်လည်း။ တနူ၊ နည်းပါးကုန်သည်။ ဘဝိံသု၊ ဖြစ်ကုန်ပြီ။ ပထဝိယံ၊ မြေ၌။ ရဇော၊ မြူမှုန်သည်။ ဝူပသမိ၊ မကြွမတက်ငြိမ်သက်နေပြီ။ အနိဋ္ဌဂန္ဓော၊ အလိုမရှိအပ်သော အနံ့သည်။ ဝိဂစ္ဆိ၊ ကင်းပျောက်ပြီ။ ဒိဗ္ဗဂန္ဓော၊ နတ်၌ ဖြစ်သော အနံ့သည်။ ဝါယိ၊ ကြိုင်လှိုင်ပြန့်နှံ့ပြီ။ ရူပိနော၊ ရုပ်ရှိကုန်သော။ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။ သရူပေနေဝ၊ ရုပ်ခန္ဓာကိုယ်နှင့် တကွသာလျှင်။ မနုဿာနံ၊ လူတို့၏။ အာပါထံ၊ မြင်ကွင်းသို့။ အဂမံသု၊ ရောက်ကုန်ပြီး။ သတ္တာနံ၊ သတ္တဝါတို့၏။ စုတူပပါတာ၊ စုတေသေလွန်ခြင်း, ပဋိသန္ဓေနေခြင်းတို့သည်။ နာဟေသုံ၊ မဖြစ်ကုန်ပြီ။ ဣတိ ဧဝ မာဒီနိ၊ ဤသို့ အစရှိကုန်သော။ မဟာဘိနီဟာရသမယေ၊ မြတ်သော ဘုရားဆုတောင်းတော်မူရာအခါ၌။ ဥပ္ပန္နာနိ၊ ဖြစ်ပေါ်လာ ကုန်သော။ ယာနိ ဒွတ္တိံသပုဗ္ဗနိမိတ္တာနိ၊ အကြင် (၃၂)ပါးသော ရှေ့ပြေးနိမိတ်တို့သည်။ ဟောန္တိ၊ ရှိကုန်၏။ တာနိ၊ ထို(၃၂)ပါးသော ရှေ့တော်ပြေးနိမိတ်တို့သည်။ အနဝသေသတော၊ အကြွင်းမရှိ အားလုံးစုံ။ တဒါ၊ ထိုဘုရားအလောင်းတော် ဖွားမြင်တော်မူရာနေ့၌။ အဟေသုံ၊ ရှိကုန်ပြီ။ ဣတိ၊ ဤကား။ ပုဗ္ဗနိမိတ်များပေတည်း။
တတြာပီတိ၊ တတြာပိဟူသည်ကား။ ကေဝလံ၊ သက်သက်။ (ဘုရားလောင်း ဖွားမြင်တော်မူရာနေ့၌ မြေတုန်လှုပ်ခြင်းစသည် မဖက်သက်သက်) သမ္ပတိဇာတဿ၊ ယခုပင် ဖွားမြင်သော ဘုရားအလောင်းတော်၏။ ဌာနာဒီသုဧဝ၊ (ညီညာသော ခြေတော်တို့ဖြင့်) ရပ်ခြင်းအစရှိသည်တို့၌သာလျှင်။ ပုဗ္ဗနိမိတ္တဘာဝေါ၊ ရှေ့တော်ပြေးအမှတ်အသားနိမိတ်တို့၏ အဖြစ်ကို။ န ဝေဒိတဗ္ဗော၊ သိထိုက်သည်မဟုတ်သေး။ တေသုပိ ပထဝိကမ္ပါဒီသု၊ ထိုမြေတုန်လှုပ်ခြင်းအစရှိသည်တို့၌လည်း။ ဧဝံ၊ ဤဆိုအပ် လတ္တံ့သော နည်းဖြင့်။ ပုဗ္ဗနိမိတ္တဘာဝေါ၊ ကို။ ဝေဒိတဗ္ဗော၊ သိသင့်သိထိုက်၏။ ဣတိ၊ ဤသည်ကား။ အဓိပ္ပါယော၊ တကြာပိ၌ ပိသဒ္ဒါ၏ ဆိုလိုအပ်သော (ပေါင်းပုံ သမ္ပိဏ္ဍန ဖြစ်ပုံ) အနက်တည်း။ (ဒသသဟဿိလောကဓာတုကမ္ပော၊ တစ်သောင်းသောလောကဓာတ် မဟာပထဝီမြေကြီး တုန်လှုပ်ခြင်းသည်)။
သဗ္ဗညုတညာဏပဋိလာဘဿ၊ သဗ္ဗညုတာဉာဏ်တော်ကို ရခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။ (ကသ္မာ၊ အဘယ်ကြောင့်နည်း။) သဗ္ဗဿ၊ အားလုံးစုံသော။ ဉယျဿစ၊ သိဖွယ်တရားဟူသမျှ၏လည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ တိတ္ထကရမတဿစ၊ နိဗ္ဗာန်သို့ ကူးသွားကြောင်း အရိယမဂ် အယူဝါဒကို တီထွင်ပြုလုပ်တော်မူသော အရှင်မြတ်၏ အလိုတော်၏လည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ (ပထဝိယာ၊ မြေကို။) စာလနတော၊ လှုပ်စေတတ်သည်၏ အဖြစ်ကြောင့်တည်း။ (ဒေဝတာနံ၊ နတ်ဗြဟ္မာတို့၏။)
ကေနစိ၊ မည်သူတစ်ဦးတစ်ယောက် ကမျှ။ အနုဿာဟိတာနံယေဝ၊ မတိုက်တွန်းအပ်ကုန်ဘဲသာလျှင်။ ဣမသ္မိံ ယေဝ ဧကစက္ကဝါဠေ၊ ဤစကြဝဠာတစ်ခုတည်း၌သာလျှင်။ သန္နိပါတော၊ စုဝေးရောက်လာ ခြင်းသည်။ (ဓမ္မစက္ကပ္ပဝတ္တနကာလေ၊ ဓမ္မစကြာတရားဟောရာအခါ၌။) ကေနစိ၊ မျှ။ အနုဿာဟိတာနံယေဝ၊ လျှင်။ ဧကပ္ပဟာရေနေဝ၊ တပြိုင်နက်တည်းသာလျှင်။ သန္နိပတိတွာ၊ စုဝေးရောက်လာကြ၍။ ဓမ္မပဋိဂ္ဂဏှနဿ၊ ဘုရားတရားတော်ကို နာယူခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ ရှေ့ပြေးအမှတ်အသား နိမိတ်တည်း။
ပဌမံ၊ လူတို့မှ ရှေးဦးစွာ။ ဒေဝတာနံ၊ သုဒ္ဓါဝါသဗြဟ္မာတို့၏။ ပဋိဂ္ဂဟဏံ၊ ဖွားမြင် တော်မူသော ဘုရားအလောင်းတော်ကို ခံယူခြင်းသည်။ ဒိဗ္ဗဝိဟာရပဋိလာဘဿ၊ ဒိဗ္ဗဝိဟာရမည်သော ရူပါဝစရဈာန်ကို ရခြင်း၏။ (ပုဗ္ဗနိမိတ္တံ) ပစ္ဆာ၊ နတ်တို့မှ နောက်၌။ မနုဿာနံ၊ လူတို့၏။ ပဋိဂ္ဂဟဏံ၊ သည်။ တတ္ထေဝ၊ ထိုဖွားမြင်တော်မူရာအရပ်၌ပင်။ ဌာနဿ၊ (ညီညာသော ခြေတော်တို့ဖြင့်) ရပ်တည်ခြင်း၏။ နိစ္စလဘာဝတော၊ လှုပ်ရှားခြင်း မရှိသည်အဖြစ်ကြောင့်။ အာနေဉ္ဇဝိဟာရပဋိလာဘဿ၊ လှုပ်ရှားခြင်း မရှိ တည်ငြိမ်စွာ နေကြောင်း အရူပဈာန်ကို ရခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။
ဝီဏာနံ၊ စောင်းတို့၏။ သယံ၊ မိမိအလိုကို။ ဝဇ္ဇနံ၊ အသံမြည်ခြင်းသည်။ ပရူပဒေသေန၊ သူတပါးတို့၏ နည်းညွှန်လမ်းပြ ခြင်းနှင့်။ ဝိနာ၊ ကင်း၍။ သယမေဝ၊ ကိုယ်တော်တိုင်သာလျှင်။ အနုပုဗ္ဗဝိဟာရပဋိလာဘဿ၊ အစဉ်အတိုင်း ဝင်စားနေကြောင်း သမာပတ်ကိုးပါးကို ရခြင်း၏။ပုဗ္ဗနိမိတ္တံ။ [ပ, ဒို, တ, စတုတ္ထဈာန်နှင့် အရူပဈာန်လေးပါး နိရောဓသမာပတ်အားဖြင့် ကိုးပါး။]
ဘေရီနံ၊ စည်ကြီးတို့၏။ ဝဇ္ဇနံ၊ မြည်ခြင်းသည်။ စက္ကဝါဠပရိယန္တာယ၊ စကြဝဠာ အဆုံးရှိသော။ ပရိသာယ၊ တရားနာပရိသတ်ကို။ ပဝေဒနသမတ္ထဿ၊ ကြားသိစေခြင်းငှာ စွမ်းနိုင်သော။ ဓမ္မဘေရိဃာ၊ တရားစည်ကြီးကို။ အနုဿာဝနဿ၊ အဖန်ဖန် အထပ်ထပ် ကြားသိစေခြင်း၏။ အမတဒုန္ဒုဘိဃောသနဿ၊ တရားတည်းဟူသော အမြိုက်စည်ကြီး ခတ်တီးကြွေးကြော်ခြင်း၏။ [ဓမ္မဘေရိယာ အနုဿာဝနဿ- ကို ထပ်ဖွင့်သည်။]ပုဗ္ဗနိမိတ္တံ။
အန္ဒုဗန္ဓနာဒီနံ၊ သံခြေကျဉ်းအနှောင်အဖွဲ့ အစရှိသည်တို့ကို။ ဆေဒေါ၊ ဖြတ်ခြင်းသည်။ မာနဝိနိဗဒ္ဓဘေဒနဿ၊ မာနဟူသော အနှောင်အဖွဲ့ကို ဖောက်ဖျက်ခြင်း၏။ပုဗ္ဗနိမိတ္တံ။
မဟာဇနဿ၊ များစွာသော သတ္တဝါအပေါင်း၏။ ရောဂဝိဂမော၊ ရောဂါပျောက်ကင်းခြင်း သည်။ တဿေဝ၊ ထိုများစွာသော သတ္တဝါအပေါင်း၏ပင်။ သကလဝဋ္ဋဒုက္ခရောဂဝိဂမဘူတဿ၊ အားလုံးသော ဝဋ်ဒုက္ခဟူသော ရောဂါပျောက်ကင်းကြောင်းဖြစ်သော။ သစ္စပဋိလာဘဿ၊ သစ္စာလေးပါးတရားမြင်သိရရှိခြင်း၏။ပုဗ္ဗနိမိတ္တံ။
မဟာဇနဿာတိ ပဒံ၊ မဟာဇနဿ- ဟူသော ပုဒ်ကို။ “မဟာဇနဿ၊ ၏။ ဒိဗ္ဗစက္ခုပဋိလာဘဿ၊ ဒိဗ္ဗစက္ခုဉာဏ်ကို ရခြင်း၏ (ပုဗ္ဗနိမိတ္တံ)။ မဟာဇနဿ၊ ၏။ ဒိဗ္ဗသောတဓာတုပဋိလာဘဿ၊ ဒိဗ္ဗသောတအဘိညာဉ်ဓာတ်သဘောကို ရရှိခြင်း၏။ (ပုဗ္ဗနိမိတ္တံ)။ ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။ တတ္ထ တတ္ထ၊ ထိုထိုဆက်စပ်သင့်သောနောက်နောက်ပုဒ်တို့၌။ အာနေတွာ၊ ဆောင်ယူ၍။ သမ္ဗန္ဓိတဗ္ဗံ၊ ဆက်စပ်ပေးရမည်။
ဣဒ္ဓိပါဒဘာဝနာဝသေန၊ ဣဒ္ဓိပါဒ်လေးပါးကို ဖြစ်ပွားစေခြင်း၏ အစွမ်းဖြင့်။ သာတိသယဉာဏဇဝသမ္ပတ္တိသိဒ္ဓိ၊ လွန်ကဲသော အစွမ်းသတ္တိနှင့်တကွဖြစ်သော ဉာဏ်အရှိန်အဟုန်နှင့် ပြည့်စုံခြင်း၏ ပြီးစီးခြင်းသည်။ (ဟောတိ၊ ၏။) ဣတိ၊ ထို့ကြောင့်။ ပီဌသပ္ပီနံ ။ပ။ ပုဗ္ဗနိမိတ္တန္တိ၊ ပီဌသပ္ပီနံ ။ပ။ပုဗ္ဗနိမိတ္တံ- ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။ (ဝိဒေသပက္ခန္ဒနာဝါနံ၊ လေအဟုန်ဖြင့် အရပ်တပါးသို့ မျောပါသွားသော လှေတို့၏။)
သုပဋ္ဋနသမ္ပာပုဏနံ၊ ကောင်းသော ဆိပ်ကမ်းသို့ ကောင်းစွာ ရောက်လာခြင်းသည်။ (မဟာဇနဿ၊ ၏။) စတုပဋိသမ္ဘိဒါဓိဂမဿ၊ လေးပါးသော ပဋိသမ္ဘိဒါတို့ကို ရခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။ (ကသ္မာ၊ နည်း။)
အတ္ထာဒိအနုရူပံ၊ အတ္ထ(အနက်အကျိုး)အစရှိသည်တို့အား အားလျော်စွာ။ အတ္ထာဒီသု၊ အနက်အကျိုးအစရှိသည်တို့၌။ [အာဒိဖြင့် ဓမ္မ, နိရုတ္တိ, ပဋိဘာနတို့ကို ယူ] သမ္ပဋိပတ္တိဘာဝတော၊ ကောင်းစွာ ရောက်ရှိ သိမြင်သည်အဖြစ်ကြောင့်တည်း။
ရတနာနံ၊ ရတနာတို့၏။ သကတေဇောဘာသိတတ္တံ၊ မိမိကိုယ်ပိုင် အရောင်ဖြင့် ထွန်းလင်းကုန်သည်အဖြစ်သည်။ လောကဿ၊ သတ္တဝါအပေါင်းအား။ ယံ ဓမ္မောဘာသံ၊ အကြင်တရားတည်းဟူသော အရောင်ကို။ ဒဿေဿတိ၊ ဟောပြတော်မူလတ္တံ့။ တေန၊ ထိုတရားအရောင်ဖြင့်။ တဿ သကတေဇောဘာသိတတ္တဿ၊ ထိုမိမိကိုယ်ပိုင်တရား အရောင် ထွန်းလင်းတောက်ပသည်အဖြစ်၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။ (မဟာဇနဿ၊ ၏။)
စတုဗြဟ္မဝိဟာရပဋိလာဘဿ၊ လေးပါးသော ဗြဟ္မဝိဟာရ တရားကို ရခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။ (ကသ္မာ၊ နည်း။) တဿ၊ ထိုဗြဟ္မဝိဟာရတရား လေးပါး၏။ သဗ္ဗသော၊ အားလုံးစုံအကုန်အစင်။ ဝေရဝူပသမနတော၊ ရာဂဒေါသအစရှိသော ရန်ကို ငြိမ်းစေတတ်သည်အဖြစ်ကြောင့်တည်း။ (မဟာဇနဿ၊ ၏။)
ဧကာဒသအဂ္ဂိနိဗ္ဗာယနဿ၊ တစ်ဆယ့်တစ်ပါးသော မီးတို့ကို ငြိမ်းစေခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။ (ကသ္မာ၊ နည်း။) ဒုန္နိဗ္ဗာပနနိဗ္ဗာနဘာဝတော၊ ငြိမ်းစေနိုင်ခဲသော မီး(၁၁)ပါးငြိမ်းသည် အဖြစ်ကြောင့်တည်း။ (မဟာဇန၊ ၏။)
ဉာဏာလောကဒဿနဿ၊ ဉာဏ်အရောင် အလင်းကို တွေ့မြင်ရရှိခြင်း၏။ ပုဗ္ဗနိမိတ္တံ(ကသ္မာ)အနာလောကေ၊ အရောင်အလင်း မရှိရာအရပ်၌။ အာလောက ဒဿနဘာဝတော၊ အရောင်အလင်းကို တွေ့မြင်သည် အဖြစ်ကြောင့်တည်း။
နိဗ္ဗာနရသေနာတိ၊ ကား။ ကိလေသာနံ၊ ကိလေသာတို့၏။ နိဗ္ဗာယနရသေန၊ ငြိမ်းခြင်းကိစ္စအားဖြင့်။ ဝါ၊ ငြိမ်းခြင်းအရသာအားဖြင့်။
ဧကရသဘာဝဿတိ၊ ကား။ သာသနဿ၊ သာသနာတော်၏။ သဗ္ဗတ္ထ၊ လိုက်နာကျင့်သုံးသူ အားလုံးသော သတ္တဝါအပေါင်း၌။ [နောက်၌ “လောကဿ”ပါဌ်ကို ထောက်၍ အနက်ပေးသည်။] ဧကရသဘာဝဿ၊ တစ်ခုတည်းသော ချိုသော အရသာရှိသည်အဖြစ်၏။ (ပုဗ္ဗနိမိတ္တံ၊ တည်း။) တဉ္စ၊ ထိုတစ်ခုတည်းသော ချိုသောအရသာရှိသည်အဖြစ်သည်လည်း။ အမဓုရဿ၊ ချိုသော အရသာမရှိသော။ လောကဿ၊ သတ္တဝါအပေါင်းကို။ သဗ္ဗသော၊ အားလုံးစုံအကုန်အစင်။ မဓုရဘာဝါပါဒနေန၊ ချိုသောအရသာရှိသည် အဖြစ်သို့ ရောက်စေခြင်းအားဖြင့် (ဟောတိ)။
သဗ္ဗသော၊ အားလုံးစုံ အကုန်အစင်။ ဒိဋ္ဌိဂတဝါတာပနယနဝသေန၊ မိစ္ဆာအယူဟူသော လေကို ပယ်ရှားခြင်းအနေအားဖြင့်။ (မဟာဇနဿ၊ ၏။) ဒ္ဓါသဋ္ဌိ ဒိဋ္ဌိဂတဘိန္ဒနဿ၊ ၆၂-ပါးသော မိစ္ဆာအယူကို ဖြိုဖျက်ခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။
အာကာသာဒိအပ္ပတိဋ္ဌဝိသမစဉ္စလဋ္ဌာနံ၊ ထောက်တည်ရာမရှိသော ကောင်းကင် အစရှိသော မညီမညာ လှုပ်ရှားစွာ တည်နေရာအရပ်ကို။ ပဟာယ၊ ပယ်၍။ သကုဏာနံ၊ ငှက်တို့၏။ ပထဝိဂမနံ၊ မြေပေါ်၌ သက်ရောက်ခြင်းသည်။ တာဒိသံ၊ ထိုကဲ့သို့ လှုပ်ရှားသော။ မိစ္ဆာဂါဟံ၊ မှားယွင်းသော အယူကို။ ပဟာယ၊ ၍။ သတ္တာနံ၊ သတ္တဝါ တို့၏။ ပါဏေဟိ၊ အသက်တို့ဖြင့်။ ရတနတ္တယသရဏဂမနဿ၊ ရတနာသုံးပါးအပေါင်းကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း။ ပုဗ္ဗနိမိတ္တံ။
ဗဟုဇနကန္တတာယာတိ၊ ကား။ စန္ဒဿ၊ လ၏။ ကန္တတာဝိယ၊ နှစ်သက်အပ်သည်အဖြစ်ကဲ့သို့။ ဗဟုဇနဿ၊ များစွာသော သတ္တဝါအပေါင်း၏။ ကန္တတာယ၊ နှစ်သက်အပ်သည်အဖြစ်၏။ (ပုဗ္ဗနိမိတ္တံ၊ တည်း။)
သူရိယဿ၊ နေ၏။ ဥဏှသီတဝိဝဇ္ဇိတဥတုသုခတာ၊ အပူ,အအေးသည် ကြဉ်ဖယ်အပ်သော ဥတု၏ ချမ်းသာကြောင်း ကောင်းသည်အဖြစ်သည်။ ပရိဠာဟဝိဝဇ္ဇိတ ။ပ။ တ္တိယာ၊ ကိုယ်စိတ်ပူလောင်ခြင်းဆင်းရဲသည် ကြဉ်ဖယ်အပ်သည်ဖြစ်၍ ကိုယ်၌ဖြစ်သော ချမ်းသာ, စိတ်၌ဖြစ်သော ချမ်းသာသို့ ရောက်ခြင်း၏။ ပုဗ္ဗနိမိတ္တံ။
ဒေဝတာနံ၊ နတ်တို့၏။ အပ္ဖေါဋနာဒီဟိ၊ လက်ပမ်းပေါက်ခတ်ခြင်းအစရှိသည်တို့ဖြင့်။ ကီဠနံ၊ ကစားပျော်ပါးခြင်း သည်။ ပမောဒုပ္ပတ္တိ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ခြင်းသည်။ [ကီဠနံကို ဖွင့်သည်။] ဘဝန္တဂမနေနစ၊ ဘဝအဆုံးနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ရောက်ခြင်းကြောင့်လည်းကောင်း။ ဓမ္မသဘာဝဗောဓနေနစ၊ တရားသဘောကို ထိုးထွင်းသိတော်မူခြင်းကြောင့် လည်းကောင်း။ ဥဒါနဝသေန၊ ဥဒါန်းကျူးရင့်တော်မူခြင်းအားဖြင့်။ ပမောဒဝိဘာဝနဿ၊ ဝမ်းမြောက်မှုကို ထင်ရှားဖော်ပြခြင်း၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။
ဓမ္မဝေဂဝဿနဿာတိ၊ ကား။ ဒေသနာဉာဏဝေဂေန၊ ဒေသနာဉာဏ်တော်၏ အရှိန်အဟုန်ဖြင့်။ ဓမ္မာမတဿ၊ သေခြင်း ကင်းကြောင်းတရားဒေသနာမိုးကို။ ဝါ၊ အမြိုက်ဒေသနာမိုးကို။ ဝဿန၊ ရွာသွန်းခြင်း၏။ ပုဗ္ဗနိမိတ္တံ။
ကာယဂတာသတိဝသေန၊ ကာယဂတာသတိ၏ အစွမ်းဖြင့်။ လဒ္ဓံ၊ ရအပ်သော။ ဈာနံ၊ ပဌမဈာန်ကို။ ပါဒကံ၊ အခြေခံကို။ ကတွာ၊ ပြု၍။ ဥပ္ပါဒိတမဂ္ဂဖလသုခါနုဘဝေါ၊ ဖြစ်စေအပ်သော မဂ်ဖိုလ်ချမ်းသာကို ခံစားခြင်းသည်။ ကာယဂတာသတိအမတပဋိလာဘော၊ ကာယဂတာသတိဟူသော အမြိုက် ချမ်းသာကို ရခြင်းမည်၏။ ပန၊ ယင်းအကြောင်းကို ဆက်လက်ဖော်ပြရသော်ကား။ တဿ၊ ထိုကာယဂတာသတိအမတပဋိလာဘ၏။ ဝါ၊ သည်။ ကာယဿာပိ၊ ရုပ်ကိုယ်ခန္ဓာ၏လည်း။ (စိတ်အစဉ်နာမ်ခန္ဓာမျှသာမက ရုပ်ကိုယ်၏လည်း။) အတပ္ပကသုခါဝဟတ္တာ၊ (စိတ္တဇရုပ်မှ တဆင့် တိဇရုပ်အထိ တကိုယ်လုံး ကူးစက်သဖြင့်) မရောင့်ရဲ မတင်းတိမ်စေနိုင်သော ချမ်းသာကို ဆောင်သည်အဖြစ်ကြောင့်။ ခုဒါပိပါသာပီဠနာဘာဝေါ၊ ဆာလောင်ခြင်း ရေငတ်ခြင်းတို့ နှိပ်စက်မှု၏ မရှိခြင်းကို။ ပုဗ္ဗနိမိတ္တံ၊ ရှေ့ပြေးနိမိတ်ဟူ၍။ ဝုတ္တော၊ မိန့်ဆိုအပ်ပြီ။
ပန၊ ဆက်ဦးအံ့။ အဋ္ဌကထာယံအဋ္ဌကထာယံ ပန။ ။ အဋ္ဌကထာ၌ (၁) ခုဒါပီဠနမရှိခြင်းသည် ကာယဂတာသတိ တည်းဟူသော အမြိုက်ချမ်းသာ အရသာခံစားခြင်း၏ (ကာယဂတာသတိအမတပဋိလာဘ၏) ပုဗ္ဗနိမိတ်ဖြစ်သည်၊ (၂) ပိပါသာပီဠနမရှိခြင်းသည် ဝိမုတ္တိသုခ (မဂ်ဖိုလ်ချမ်းသာ) ခံစားခြင်း၏ ပုဗ္ဗနိမိတ်ဖြစ်သည်ဟု ပုဗ္ဗနိမိတ်နှစ်မျိုး ခွဲဆို၏။ ဋီကာ၌မူ ကာယဂတာသတိကို ပွားများ အားထုတ်ခြင်းကြောင့် ရသော ဈာန်ကို အခြေခံပြုပြီး ဝိပဿနာရှု၍ ဖြစ်ပေါ်လာသော မဂ်ဖိုလ်ချမ်းသာ ခံစားခြင်းကို “ကာယဂတာသတိအမတပဋိလာဘ”ဟု ဆိုထားရကား အဋ္ဌကထာ၌ ပြထားသော (၁) (၂) နှစ်မျိုးလုံးကို တစ်ခုတည်းပေါင်းကာ “ခုဒါပိပါသာပီဠန မရှိခြင်း”ဟူ၍ ပုဗ္ဗနိမိတ်တစ်ခုတည်းပြုထားသည်။ ထို့နောက် -
ဋီကာဆရာ အဆိုအရ- အဋ္ဌကထာ၌ ပြထားသော (၁) သည် “အမတံ တေ ဘိက္ခဝေ ပရိဘုဉ္ဇန္တိ၊ ယေ ကာယဂတာသတိံ ပရိဘုဉ္ဇန္တိ”ဟူသော အင်္ဂုတ္တိုရ်ပါဠိတော်ဧကကနိပါတ် (နှာ၄၇)၌ ကာယဂတာသတိကို အမြိုက် အရသာချမ်းသာဟု အထူးဟောကြားထားသည်နှင့်လျော်ညီ၏။ ထို့ကြောင့် ခုဒါပီဠနမရှိခြင်းသည် (၁) ချမ်းသာခံစားခြင်း၏ ဝိသေသပုဗ္ဗနိမိတ် ဖြစ်၏။ (၂) သည်ကား အမြိုက်အရသာချမ်းသာဟု မြတ်စွာဘုရား အထူးဟောမထားသော သာမာန်ဝိမုတ္တိဖိုလ်ချမ်းသာခံစားခြင်းဖြစ်သောကြောင့် ပိပါသာပီဠနမရှိခြင်းသည် ထို(၂) ချမ်းသာခံစားခြင်း၏ သာမညပုဗ္ဗနိမိတ်ဖြစ်သည်ဟု ဋီကာစကားကို အကျယ်ချဲ့ သိနိုင်၏။
ထို့အပြင် ဋီကာ၌ ဂေါဗလီဗဒ္ဒနည်းဟု ဆိုသည်ကို ထောက်၍ အဋ္ဌကထာ၌ ပြထားသော (၁) (၂) နှစ်မျိုးတို့တွင် (၂)သည် (၁)၌ ပါဝင်နိုင်သော်လည်း (၂)ကို ခွဲထုတ်လိုက်ခြင်းကြောင့် ထို(၂)သည် (၁) ၌မပါဝင်နိုင်၊ ဥပမာအားဖြင့် “ဂေါ ဂစ္ဆတိ၊ ဗလီဗဒ္ဒေါစ ဂစ္ဆတိ”ဟူသော ဝါကျဝယ် ဗလီဗဒ္ဒနှင့် တကွ နွားအားလုံး “ဂေါ”၌ ပါဝင်နိုင်သော်လည်း ဗလီဗဒ္ဒခေါ် နွားကြီးကို သီးခြားခွဲထုတ်လိုက်ခြင်းကြောင့် ထိုဗလီဗဒ္ဒသည် “ဂေါ ဂစ္ဆတိ” ဝါကျ၌ မပါနိုင်တော့သကဲ့သို့ တည်း။
၊ အဋ္ဌကထာ၌။ ခုဒံစ၊ အစာဆာလောင်ခြင်းကို လည်းကောင်း။ ပိပါသဉ္စ၊ ရေသောက်လိုခြင်း (ရေငတ်ခြင်း)ကိုလည်းကောင်း။ ဘိန္ဒိတွာ၊ ခွဲ၍။ (ပုဗ္ဗနိမိတ္တံ၊ ကို)။ ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထိုသို့ခွဲ၍ ဆိုအပ်သော စကား၌။ ပုဗ္ဗနိမိတ္တာနံ၊ တို့ကို။ ဘေဒေါ၊ ခွဲခြားချက်ကို။ ဝိသေသသာမညဝိဘာဂေနစ၊ ဝိသေသပုဗ္ဗနိမိတ်, သာမညပုဗ္ဗနိမိတ်ဟု ခွဲဝေခြင်းအားဖြင့်လည်းကောင်း။ ဂေါဗလီဗဒ္ဒဉာယေန စ၊ ဂေါဗလီဗဒ္ဒနည်းအားဖြင့်လည်းကောင်း။ ဂဟေတဗ္ဗော၊ ယူသင့်၏။ ဝါ၊ ယူရမည်။
သယမေဝါတိ ပဒံ၊ သယမေဝ-ဟူသော ပုဒ်ကို။ အဋ္ဌင်္ဂိကမဂ္ဂဒွါရဝိဝရဏဿာတိဧတ္ထာပိ၊ အဋ္ဌင်္ဂိကမဂ္ဂဒွါရဝိဝရဏဿ-ဟူသော ဤပုဒ်၌လည်း။ အာနေတွာ၊ ဆောင်ယူ၍။ သမ္ဗန္ဓိတဗ္ဗံ၊ ဆက်စပ်ရမည်။ [သယမေဝ ဝိဝရဏံ (သယမေဝ) အဋ္ဌင်္ဂိကမဂ္ဂဒွါရဝိဝရဏဿ၊ ဟူ၍ နောက်ပုဒ်၌လည်း စပ်ပါဟူလို။]
ဘရိတဘာဝဿာတိ၊ ကား။ ပရိပုဏ္ဏဘာဝဿ(စ)၊ ပြည့်နေသည်အဖြစ်၏လည်းကောင်း။ (ပုဗ္ဗနိမိတ္တံ)
အရိယဒ္ဓဇမာလာမာလိတာယာတိ၊ ဟူသည်ကား။ ကာသာယဒ္ဓဇမာလာဝန္တတာယ၊ သင်္ကန်းတည်းဟူသော အလံတံ ခွန်ပန်း ရှိသည်အဖြစ်၏။ (ပုဗ္ဗနိမိတ္တံ) ဣတိ၊ ဤသို့။ ကေစိ၊ အချို့ဆရာတို့သည်။ (ဝဒန္တိ၊ ဆိုကြ ကုန်၏။) ပန၊ အမှန်တကယ် အနက်ကား။ သဒေဝကဿ၊ နတ်နှင့်တကွဖြစ်သော။ လောကဿ၊ ၏။ အရိယမဂ္ဂဗောဇ္ဈင်္ဂဒ္ဓဇမာလာဟိ၊ အရိယမဂ်နှင့် ဗောဇ္ဈင်တည်းဟူသော တံခွန်ပန်းတို့ဖြင့်။ မာလိဘာဝဿ၊ ပန်းရှိသည်အဖြစ်၏။ ပုဗ္ဗနိမိတ္တံ၊ တည်း။
ပန၊ အမှာစကားရပ်ကား။ ဧတ္ထ၊ ဤသမ္ဗဟုလဝါရ၌။ ယံ၊ အကြင်ထုတ်ဆောင်ဖွယ်ရာအဖွင့် သံဝဏ္ဏနာစကားကို။ (မယာ၊ ငါသည်။) အနုဒ္ဓတ၊ မထုတ်ဆောင်အပ်။ တံ၊ ထိုမထုတ်ဆောင် အပ်သော အဖွင့်သံဝဏ္ဏနာစကားကို။ သုဝိညေယျမေဝ၊ လွယ်ကူစွာ သိနိုင်သည်သာတည်း။
ဧတ္ထာတိ၊ ဧတ္ထဟူသည်ကား။ သမ္ပတိဇာတောတိ အာဒိနာ၊ သမ္ပတိဇာတော-အစရှိသည်ဖြင့်။ အာဂတေ၊ လာသော။ ဣမသ္မိံဝါရေ၊ ဤဝါရ၌။ (ပဉှံ၊ အမေးပုစ္ဆာကို။ ပုစ္ဆန္တိ၊ မေးကြကုန်၏။) (သော ပဉှော- ထိုယဒါ မဟာပုရိသော-အစရှိသော အမေးပုစ္ဆာကို)
ဝိဿဇ္ဇိတောဝ၊ ဖြေဆိုအပ်ပြီးသည်သာ။ တသ္မာ၊ ထို့ကြောင့်။ အမှေဟိ၊ ငါတို့သည်။ ဣဓ၊ ဤတိပိဋကစူဠာဘယထေရ်၏ အဖြေစကားရပ်၌။ အပုဗ္ဗံ၊ အသစ်ဖြစ်သော။ ဝတ္တဗ္ဗံ၊ ဖြည့်စွက်ဆိုဖွယ်သည်။ နတ္ထိ၊ မရှိတော့ပေ။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ ဆိုလိုအပ်သော အနက်အဓိပ္ပါယ်တည်း။
တဒါ၊ ထိုဖွားမြင်ပြီးစ ဘုရားအလောင်းတော် ခြေခုနစ်လှမ်း ကြွမြန်းတော်မူရာအခါ၌။ မဟာသတ္တော၊ ဘုရား အလောင်းတော်သည်။ ပထဝိယံ၊ မြေပေါ်၌။ ဂစ္ဆန္တောပိ၊ ကြွသွားနေပါသော်လည်း။ အာကာသေန၊ ကောင်းကင်ဖြင့်။ ဂစ္ဆန္တောဝိယ၊ ကြွသွားနေသကဲ့သို့။ မဟာဇနဿ၊ များစွာသော နတ်လူဗြဟ္မာအပေါင်းအား။ တထာ၊ ထိုဖြေဆိုသည့်အတိုင်း။ ဥပဋ္ဌာသိ၊ ထင်လာ၏။ ဣတိ အယံ၊ ဤသို့ထင်လာခြင်းသည်။ ဧတ္ထ၊ ဤနိယတိ ပုဗ္ဗေကတစသည် တို့တွင်။ နိယတိ၊ နိယတိတည်း။ ဝါ၊ ဖြစ်မြဲထုံးစံတည်း။ ဓမ္မနိယာမော၊ သဘောတရားတို့၏ ကိန်းသေဖြစ်မြဲ အစဉ်အလာတည်း။ ဗောဓိသတ္တာနံ၊ ဘုရားအလောင်းတော်တို့၏။ ဓမ္မတာ၊ ဖြည့်ကျင့်ဆည်းပူး တော်မူခဲ့သော ကုသိုလ်ပါရမီတရားတို့၏ အကျိုးဖြစ်ရိုးစဉ်လာ သဘောတံထွာပေတည်း။ ဣတိ ဣဒံ၊ ဤသို့ ဖြေဆိုခြင်းသည်။ (ဘုရားအလောင်းတော် သည် မြေပေါ်၌ ခြေခုနစ်လှမ်း ကြွမြန်းတော်မူပါသော်လည်း ကောင်းကင်ဖြင့် ကြွလှမ်းနေသကဲ့သို့ နတ်လူဗြဟ္မာတို့အား ထင်မြင်လာ၏ဟု ဖြေဆိုခြင်းသည်။) နိယတိဝါဒဝသေန၊ ဓမ္မသဘာဝ၏ ဖြစ်မြဲစဉ်လာဟု ပြောဆိုကြောင်းဝါဒအလိုကျအားဖြင့်။ ကထနံ၊ ဖြေဆိုခြင်းတည်း။
ပုဗ္ဗေ၊ ရှေး၌။ ပုရိမဇာတီသု၊ ရှေးဘဝတို့၌။ တာဒိသဿ၊ ထိုကဲ့သို့ ရှုအပ်သော (ကောင်းကင်ဖြင့် သွားသကဲ့ နတ်လူအများ ထင်မှတ်ရလောက်စေနိုင်သော)။ ပုညသမ္ဘာရကမ္မဿ၊ ကုသိုလ်အဆောက်အဦးတည်းဟူသော ကံ၏။ ဝါ၊ ကံကို။ ကတတ္တာ၊ ပြုလုပ် အပ်ပြီးသည်အဖြစ်ကြောင့်။ ဥပစိတတ္တာ၊ ဆည်းပူးအပ်ပြီးသည်အဖြစ်ကြောင့်။ မဟာဇနဿ၊ များစွာသော လူနတ်ဗြဟ္မာအပေါင်းအား။ တထာ၊ ထိုကောင်းကင်ဖြင့် သွားသကဲ့သို့သော အသွင်ဖြင့်။ ဥပဋ္ဌာသိ၊ ထင်လာပြီ။ ဣတိ ဣဒံ၊ ဤသို့ဖြေဆိုခြင်းသည်။ ပုဗ္ဗေကတကမ္မဝါဒဝသေန၊ ရှေးရှေးဘဝကပြုအပ်ခဲ့ဖူးသော ကံဝါဒအလိုအားဖြင့်။ ကထနံ၊ ဖြေဆိုခြင်းတည်း။
ဣမေသံသတ္တာနံ၊ ဤသတ္တဝါတို့၏။ ဥပရိ၊ အထက်က။ ဤသနသီလတာယ၊ လွှမ်းမိုး အုပ်စီးလေ့ရှိသည်အဖြစ်ကြောင့်။ ယထာသကံ၊ ကိုယ်ပိုင်ဥစ္စာအသီးအသီးဖြစ်သော။ ကမ္မမေဝ၊ ကံသည်သာလျှင်။ ဣဿရောနာမ၊ စိုးမိုးအုပ်ချုပ်သူမည်၏။ တဿ၊ ထိုဣဿရ မည်သော ကံ၏။ နိမ္မာနံ၊ ဖန်ဆင်းခြင်း ဟူသည်။ အတ္တနော၊ မိမိ မိမိကိုယ်စီအသီးသီး၏။ ဖလဿ၊ အကျိုးကို။ နိဗ္ဗတ္တနံ၊ ဖြစ်စေခြင်းတည်း။ မဟာပုရိသောပိ၊ ဘုရားအလောင်းတော်ကိုလည်း။ သဒေဝကံ၊ နတ်နှင့်တကွဖြစ်သော။ လောကံ၊ သတ္တဝါအပေါင်းကို။ အဘိဘဝိတုံ၊ လွှမ်းမိုးခြင်းငှာ။ သမတ္ထေန၊ စွမ်းနိုင်သော။ ဥဠာရေန၊ ကောင်းမြတ်သော။ ပုညကမ္မေန၊ ကုသိုလ်ကံသည်။ နိဗ္ဗတ္တိတော၊ ဖြစ်စေအပ်သည်။ (ဟုတွာ၊ ဖြစ်၍။) ဣဿရေန၊ သတ္တဝါတို့၏ အထက်က လွှမ်းမိုးအုပ်ချုပ်သော ဘုရင်ဖြစ်သော။ တေန၊ ထိုကောင်းမြတ်သော ကုသိုလ်ကံသည်။ နိမ္မိတောနာမ၊ ဖန်ဆင်းအပ်သည် မည်၏။ စ၊ ဆက်ဦးအံ့။ (မဟာပုရိသဿ၊ ၏။) ယဒိဒံ မဟာနုဘာဝတာ၊ အကြင်ကြီးသော တန်ခိုးအာနုဘော်ရှိသည်အဖြစ်သည်။ (အတ္ထိ၊ ရှိ၏။) အယံ၊ ဤကြီးသော တန်ခိုးအာနုဘော် ရှိသည်အဖြစ်သည်။ တဿ၊ ထိုအစိုးသခင်ဘုရင်ဖြစ်သော ကံ၏။ နိမ္မာနဝိသေသော၊ ဖန်ဆင်းပုံ အထူးတည်း။ ယာယ၊ ယင်းသို့ ကြီးသော တန်ခိုးအာနုဘော်ရှိအောင် ဖန်ဆင်းပုံ အထူးကြောင့်။ (မဟာပုရိသော၊ သည်။) မဟာဇနဿ၊ အား။ တထာ၊ ထိုကောင်းကင်က ကြွသွားနေသည့်ပုံသဏ္ဌာန်ဖြင့်။ ဥပဋ္ဌာသိ၊ ထင်ပေါ်လာပြီ။ ဣဒံ၊ ဤသို့ ထင်ပေါ်လာသည် ဟု ဖြေဆိုခြင်းသည်။ ဣဿရနိမ္မာနဝါဒဝသေန၊ သတ္တဝါတို့၏ အထက်က စိုးမိုးအုပ်ချုပ်သော ကံ၏ ဖန်ဆင်းဝါဒ အလိုအားဖြင့်။ ကထနံ၊ မဟာပဒါန ဖြေဆိုခြင်းပေတည်း။
ဧဝံ၊ ဤသို့။ တံတံ၊ ထိုထိုအဖြေစကားကို။ ဗဟုလံ၊ များစွာ။ ဝတွာ၊ ပြောဆိုပြီး၍။ ဣမာယ ပရိယာယ ကထာယ၊ ဤပရိယာယ်စကားအမျိုးမျိုးဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့ ပယ်ရှားပြီး၍။ အဝသာနေ၊ ထိုစကားများ၏ အဆုံး၌။ ဥဇုကမေဝ၊ မသွယ်မဝိုက် ဖြောင့်ဖြောင့်သာလျှင်။ ဗျာကရိ၊ ဖြေကြားတော်မူပြီ။ (ကိန္တိ၊ အဘယ်သို့။ ဗျာကရိ၊ ဖြေကြားသနည်းဟူမူ။)
သမ္ပတိဇာတော၊ ယခုပင် ဖွားမြင်ပြီးစ ဘုရားအလောင်းတော်သည်။ ပထဝိယံ၊ မြေပေါ်၌။ ကထံ၊ အဘယ်နည်းအဘယ်ပုံအားဖြင့်။ ပဒသာ၊ ခြေဖြင့်။ ဂစ္ဆတိ၊ သွားလိမ့်အံ့နည်း။ ဧဝံမဟာနုဘာဝေါ၊ ဤမျှလောက်တန်ခိုးအာနုဘော်ရှိသော ဘုရားအလောင်းတော်သည်။ အာကာသေန၊ ကောင်းကင်ဖြင့်။ ဂစ္ဆတိမညေ၊ သွားသည် ထင်ပေ၏။ ဣတိ၊ ဤသို့။ ပရိကပ္ပနဝသေန၊ ထင်မြင်ကြံဆခြင်း အနေအားဖြင့်။ အာကာသေန၊ ဖြင့်။ ဂစ္ဆန္တောဝိယ၊ သွားသကဲ့သို့။ အဟောသိ၊ ဖြစ်ပြီ။
ပန၊ ထိုမှ တပါး။ သီဃတရံ၊ အထူးလျှင်မြန်စွာ။ သတ္တပဒဝီတိဟာရေန၊ ခြေခုနစ်လှမ်း ကြွမြန်းတော်မူခြင်းဖြင့်။ ဂတတ္တာ၊ ကြွသွားတော်မူသည်အဖြစ်ကြောင့်။ ဒိဿမာနရူပေါ၊ ထင်သာ မြင်သာ သဘောရှိသည်။ (သမာနောပိ၊ ဖြစ်ပါသော်လည်း။) မဟာဇနဿ၊ များစွာသော နတ်လူဗြဟ္မာအပေါင်းအား။ အဒိဿမာနောဝိယ၊ မထင်မြင်မပေါ်လွင် သကဲ့သို့။ အဟောသိ၊ ပြီ။ (ပန၊ ထိုမှ တပါး။) (မဟာသတ္တဿ၊ ၏။)
အစေလကဘာဝေါစ၊ အဝတ်မရှိကိုယ်လုံးတီး၏ အဖြစ်သည်လည်းကောင်း။ ခုဒ္ဒကသရီရတာစ၊ သေးငယ်သော ကိုယ်ခန္ဓာရှိသည်အဖြစ်သည်လည်းကောင်း။ တာဒိသဿ၊ ထိုသို့အလျင်အမြန်သွား သကဲ့သို့ ရှုမြင်အပ်သော။ ဣရိယာပထဿ၊ ခြေခုနစ်လှမ်းကြွခြင်း ဣရိဃာပုထ်အား။ န အနုစ္ဆဝိကာ၊ မသင့်လျော်။ ဣတိ၊ ထို့ကြောင့်။ ကမ္မာနုဘာဝသဉ္ဇနိတပါဋိဟာရိယဝသေန၊ ကုသိုလ်ကံ၏ အစွမ်းအာနုဘော်သည်ဖြစ်စေအပ်သော တန်ခိုးပြာဋိဟာ၏ အစွမ်းဖြင့်။ အလင်္ကတပဋိယတ္တောဝိယစ၊ တန်ဆာဆင်ယင်ပြင်ဆင်ထားအပ်သူကဲ့သို့ လည်းကောင်း။ သောဠသဝဿုဒ္ဒေသိကောဝိယစ၊ ၁၆-နှစ်အရွယ်ရှိသူဟု ညွှန်ပြထိုက်သူ ကဲ့သို့လည်းကောင်း။ မဟာဇနဿ၊ အား။ ဥပဋ္ဌာသိ၊ ထင်ပေါ်လာပြီ။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိသင့်၏။ ဧတံ၊ ဤသို့။ အလင်္ကတပဋိယတ္တ၊ စသည် ကဲ့သို့ဖြစ်ခြင်း သဘောသည်။
မဟာသတ္တဿ၊ ဘုရားအလောင်းတော်၏။ ပုညာနုဘာဝေန၊ ကောင်းမှု ကုသိုလ်၏ အစွမ်းတန်ခိုးကြောင့်။ တဒါ၊ ထိုခြေခုနစ်လှမ်း ကြွမြန်းတော်မူရာအခါ၌။ တထာ၊ ထိုအလင်္ကတပဋိယတ္တ စသည်အားဖြင့်။ ဥပဋ္ဌာနမတ္တံ၊ ထင်ပေါ်လာခြင်း မျှသာတည်း။ ဣတိ၊ ဤသို့။ ဗျာကရိ၊ ဖြေကြားတော်မူပြီ။
ပစ္ဆာ၊ ခြေခုနစ်လှမ်းကြွသွားတော်မူပြီးသည်မှ နောက်၌။ ဗာလဒါရကောဝ၊ ကလေးသူငယ်သည်သာလျှင်။ အဟောသိ၊ ပြီ။ တာဒိသော၊ ထို(၁၆)နှစ်အရွယ်ရှိသူ ကဲ့သို့ ရှုမြင်အပ်သူသည်။ န အဟောသိ၊ မဖြစ်ပြီ။ ဣတိ၊ ဤသို့။
ဗုဒ္ဓဘာဝါနုစ္ဆဝိကဿ၊ ဘုရားအဖြစ်အားလျော်သော။ ဗောဓိသတ္တာနုဘာဝဿ၊ ဘုရားအလောင်းတော်၏ တန်ခိုးအာနုဘော်၏။ ဝါ၊ ကို။ (ထေရေန၊ တိပိဋကစူဠာဘယထေရ်သည်။) ယာထာဝတော၊ အဟုတ်အမှန်အားဖြင့်။ ပဝေဒိတတ္တာ၊ သိစေအပ်(ပြောကြားအပ်) သည်အဖြစ်ကြောင့်။ အဿ၊ ထိုထေရ်ရှင်မြတ်၏။ ပရိသာ စ၊ ပရိသတ်သည်လည်း။ ဗျာကရဏေန၊ ထေရ်ရှင်မြတ်ဖြေကြားခြင်းကြောင့်။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ကထိတော ဝိယ၊ ဖြေကြားတော်မူအပ်သကဲ့သို့။ ဟုတွာ၊ ဖြစ်၍။ ထေရေန၊ ထေရ်ရှင်မြတ်သည်။ ပဉှော၊ ပြဿနာကို။ ကထိတော ဘော၊ ဖြေကြားအပ်ပါ ကလားဟရို့။ ဣတိ၊ ဤသို့။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်။ အဟောသိ၊ ဖြစ်ပြီ။
သဗ္ဗဓမ္မတာတိ၊ ကား။ သဗ္ဗာ၊ အားလုံးကုန်သော။ သောဠသဝိဓာပိ၊ (၁၆)မျိုး အပြားရှိသည်လည်းဖြစ်ကုန်သော။ ယထာ ပုတ္တာ၊ ဆိုအပ်ခဲ့ပြီးသော အသီးအသီး ကုန်သော။ ဓမ္မတာ၊ ထုံးထမ်းစဉ်လာသဘော ဓမ္မတာတို့သည်။ သဗ္ဗဗောဓိသတ္ထာနံ၊ အားလုံးသော ဘုရားအလောင်းတော်တို့၏။ (ဓမ္မတာ၊ တို့သည်။) ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။) နေသံ၊ ထိုဘုရားအလောင်းတော်တို့၏။ ပုညဉာဏသမ္ဘာရဒဿနေန၊ ကောင်းမှုကုသိုလ်နှင့် ဉာဏ်အဆောက်အဦးကို ဖော်ပြခြင်းအားဖြင့်။ ဧကသဒိသတ္တာ၊ တထပ်တည်းတူကုန်သည် အဖြစ်ကြောင့်တည်း။