ကသ္မာ ပနေတ္ထာတိအာဒိနာ၊ ကသ္မာ ပနေတ္ထအစရှိသော အမေးအဖြေ စကားရပ်ဖြင့်။
တေသံ စတုရာသီတိယာ ပါဏသဟဿာနံ၊ ထိုရှစ်သောင်းလေးထောင်သော လူပုဂ္ဂိုလ်တို့၏။
မဟာသတ္တေ၊ ဘုရားအလောင်းတော်၌။
သံဘတ္တတံ စ၊ ကောင်းစွာ ဆည်းကပ်ကြသူတို့၏ အဖြစ်ကိုလည်းကောင်း။
သံဝေဂ ဗဟုလတဉ္စ၊ များသော သံဝေဂ ဉာဏ်ရှိကြသူတို့၏အဖြစ်ကိုလည်းကောင်း။
ဒဿေတိ၊ ပြ၏။
ယတော၊ ယင်းသို့ကောင်းစွာ ဆည်းကပ်ကြကုန်သည် အဖြစ်, များသော သံဝေဂဉာဏ်ရှိကြကုန်သည် အဖြစ်ကြောင့်။
သုတဋ္ဌာနေယေဝ၊ ဘုရားအလောင်းတော် ရဟန်းပြုတော်မူသည်အဖြစ်ကို ကြားသိရာဌာန၌ပင်လျှင်။
ဌတွာ၊ ရပ်တန့်၍။
ဉာတိမိတ္တာဒီသု၊ ဆွေမျိုး မိတ်ဆွေတို့တွင်။
ကိဉ္စိ၊ တစ်စုံတစ်ယောက်သော သူကိုမျှ။
အနာမန္တေတွာ၊ မပန်ပြောကြကုန်မူ၍။
မတ္တဝရဝါရဏော၊ မုန်ယစ်သော မြတ်သော ဆင်သည်။
အယောမယဗန္ဓနံ၊ သံဖြင့် ပြီးသော အနှောင်အဖွဲ့ကို။
ဆိန္ဒတိ ဝိယ၊ ဖြတ်တောက်သကဲ့သို့။
ဃနဗန္ဓနံ၊ တခဲနက် ခိုင်မာသော ကာမဂုဏ်အနှောင်အဖွဲ့ကို။
ဆိန္ဒိတွာ၊ ဖြတ်တောက်ကြကုန်၍။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်သို့။
ဥပဂစ္ဆိံသု၊ ကပ်ရောက်ကြကုန်ပြီ။
(ဗောဓိသတ္တော၊ ဘုရားအလောင်း တော်သည်။)
ဉာဏဿ၊ ဉာဏ်တော်၏။
န တာဝပရိပါကဂတတ္တာ၊ ရင့်ကျက်ခြင်းသို့ မရောက်သေးသည်အဖြစ်ကြောင့်။
စတ္တာရော၊ လေးခုကုန်သော။
မာသေ၊ လတို့ပတ်လုံး။
စာရိကံ၊ ခရီးဒေသစာရီကြွချီတော်မူခြင်းကို။
ဝါ၊ မူခြင်းဖြင့်။
စရိ၊ ကြွချီတော်မူပြီ။
ပန၊ ထူးခြားသော ပြောင်းလဲပုံကား။
ယဒါ၊ အကြင်အခါ၌။
(ဗောဓိသတ္တဿ၊ ၏။)
ဉာဏံ၊ ဉာဏ်တော်သည်။
ပရိပါကံ၊ ရင့်ကျက်ခြင်းသို့။
ဂတံ၊ ရောက်ပြီ။
တံ၊ ထိုဉာဏ် တော် ရင့်ကျက်ရာအခါကို။
ဒဿေန္တော၊ ပြတော်မူလိုသည်။
(ဟုတွာ၊ ဖြစ်၍။)
အယံ ပနာတိ အာဒိံ၊ အယံ ပနအစရှိသော စကားရပ်ကို။
(အာစရိယော)
အာဟ၊ ပြီ။
သဗ္ဗေဝ၊ အားလုံးသာလျှင်ဖြစ်ကုန်သော။
ဣမေ ပဗ္ဗဇိတာ၊ ဤနောက်လိုက်ရဟန်း တို့သည်။
မမ၊ ငါ၏။
ဂမနံ၊ ခွဲခွာသွားခြင်းကို။
ဇာနိဿန္တိ၊ သိကြကုန်လတ္တံ့။
ဇာနန္တာ စ၊ သိကြကုန်သော် ကား။
မံ၊ ငါ့နောက်သို့။
အနုဗန္ဓိဿန္တိ၊ အစဉ်တစိုက် လိုက်ကြကုန်လတ္တံ့။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာဖွင့်ဆိုလိုအပ်သော အနက်တည်း။
သိန္နိသိဝေသူတိ၊ သန္နိသိဝေသုဟူသည်ကား။
သန္နိသိန္နေသု၊ ငြိမ်သက်စွာ နေကုန်လသော်။
(သဏတေဝ၊ အသံပေးသလို ဖြစ်နေ၏-၌စပ်။)
[သန္နိပုဗ္ဗဿ သိဝေါဟူသော သဒ္ဒနီတိ (၁၂၁၄)သုတ်ဖြင့် သဒဓာတ်ကို သိဝပြု။]
သဏတေဝါတိ၊ ကား။
သဏတိဝိယ၊ အသံပြုသကဲ့သို့ဖြစ်၏။
သဒ္ဒံ၊ အသံကို။
ကရောတိ ဝိယ၊ ပြုသကဲ့သို့ ဖြစ်၏။
အဝိဝေကာရာမာနန္တိ၊ ကား။
အနဘိရတိဝိဝေကာနံ၊ တိတ်ဆိတ်မှု၌ မပျော်မွေ့ ခြင်းရှိသော သူတို့၏။
[အနဘိရတိ ဝိဝေကေ ယေသန္တိ အနဘိရတိဝိဝေကာ-ဟု ဘိန္နာဓိကရဏဗဟုဗ္ဗီဟိသမာသ်တွဲ၊ ဆတ္တံ ပါဏိမှိ ယဿာတိ ဆတ္တပါဏိ-ကဲ့သို့တည်း။]
အယံ ကာလောတိ၊ ကား။
အယံ၊ ဤအချိန်အခါသည်ကား။
တေသံ ပဗ္ဗဇိတာနံ၊ ထိုငါ၏ နောက်လိုက်ရဟန်းတို့၏။
ဝါ၊ ရဟန်းတို့က။
မမ၊ ငါ၏။
ဂမနဿ၊ ခွဲခွာသွားခြင်းကို။
အဇာနနကာလော၊ မသိခြင်း၏ အခါ။
(ဝါ၊ မသိရာအခါ)တည်း။
နိက္ခမိတွာတိ၊ ကား။
ပဏ္ဏသာလာယ၊ သစ်ရွက်မိုးကျောင်းမှ။
နိဂ္ဂန္တွာ၊ ထွက်၍။
(ပါယာသိ၊ ကြွသွားတော်မူပြီ-၌စပ်။)
[သစ်ရွက်မိုးကျောင်းမှ ထွက်ခွာ၍ဟု ဆရာဆို၏၊ ထီးနန်း စည်းစိမ်စသော ကာမဂုဏ်အာရုံကို စွန့်ခွာခြင်းအနေဖြင့် နန်းတော်မှ ထွက်ခွာသည်ဟု ဆိုကောင်းပါ၏ လောဟု မေးဖွယ်ရှိသောကြောင့် “မဟာဘိနိက္ခမနံ ပန-စသည်မိန့်။]
ပန၊ နိက္ခမိတွာပုဒ် အဖွင့်နှင့် စပ်၍ ဆက်လက်ဆိုဖွယ်ကား။
မဟာဘိနိက္ခမနံ၊ (ကာမဂုဏ်အာရုံကို စွန့်ခွာ ခြင်းအားဖြင့်) နန်းတော်မှ မြတ်သော ထွက်ခွာတော်မူခြင်းကို။
ပဂေဝ၊ ဥယျာနဘူမိသို့ သွားစဉ် ကာလရှေးမဆွကပင်။
နိက္ခန္တော၊ ထွက်ခွာတော်မူပြီးလေပြီ။
ပါရမိတာနုဘာဝေန၊ ပါရမီတော်တို့၏ အစွမ်းအာနုဘော်ကြောင့်။
[ပါရမိတာ၊ ၌တာပစ္စည်းသွတ္ထ။]
ဥဋ္ဌိတံ၊ ပေါ်ပေါက်လာသော ပလ္လင်သည်။
(ပေါ်ပေါက်လာသော တင်ပလ္လင်ဖွဲ့ခွေထိုင်နေရာဌာန သည်။
ပညတ္တံ ဝိယ ဟောတိ၊ ၌စပ်။)
ဥပရိ၊ အထက်၌။
ဒေဝတာဟိ၊ နတ်တို့သည် (နတ်တို့က)။
ဒိဗ္ဗပစ္စတ္ထရ ဏေဟိ၊ နတ်၌ဖြစ်သော အခင်းတို့ဖြင့်။
သုပညတ္တံ၊ ကောင်းစွာ ခင်းအပ်ပြီးသည်။
(သမာနမ္ပိ၊ ဖြစ်ပါသော်လည်း။)
မဟာသတ္တဿ၊ ဘုရားအလောင်းတော်၏။
ပုညာနုဘာဝေန၊ ကုသိုလ်၏ အစွမ်းတန်ခိုးကြောင့်။
သိဒ္ဓတ္တာ၊ ပြီးစီးသည်အဖြစ်ကြောင့်။
တေန၊ ထိုဘုရားအလောင်းတော်သည်။
ပညတ္တံ ဝိယ၊ ခင်အပ်သကဲ့သို့။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ထို့ကြောင့်။
(ထိုသို့ဘုရားအလောင်းတော်ကိုယ်တိုင် ခင်းထားအပ်သကဲ့သို့ ဖြစ်သည်အဖြစ်ကြောင့်။)
ပလ္လင်္ကံ ပညပေတွာတိ၊ ဟူ၍။
(အာစရိယေန၊ သည်။)
ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ကာမံ ။ပ။ အဝသိဿတူတိ အာဒိနယပ္ပဝတ္တံ၊ ကာမံ ။ပ။ အဝသိဿတု အစရှိသော နည်းဖြင့်ဖြစ်သော။
(အရေ, အကြော, အရိုးတို့သာ ကြွင်းကျန်ပါစေ။အသားအသွေးများ အားလုံးခန်းခြောက်သွားပါစေဟူသော နည်းအားဖြင့် ဖြစ်သော။)
စတုရင်္ဂဝီရိယံ၊ လေးပါး သော အင်္ဂါရှိသော ဝီရိယကို။
အဓိဋ္ဌဟိတွာ၊ အဓိဋ္ဌာန်၍။
ဝါ၊ စွဲမြဲစွာ ဆုံးဖြတ်၍။
(နိသီဒိ၊ ထိုင်နေတော်မူပြီ။)
ဝူပကာသန္တိ၊ ကား။
ဝိဝေကဝါသံ၊ ဆိတ်ငြိမ်သော အရပ်၌ နေခြင်းကို။
(သန္ဓာယ၌စပ်။)
အညေနေဝါတိ၊ ကား။
ယတ္ထ၊ အကြင်အရပ်၌။
မဟာပုရိသော၊ ဘုရားအလောင်းတော် ယောက်ျားမြတ်သည်။
တဒါ၊ နောက်လိုက်အပေါင်းအဖော်တို့နှင့် ခွဲခွာ၍ အဖော်မမှီး တစ်ပါးတည်းနေထိုင်ရာ ထိုအခါ၌။
ဝိဟရတိ၊ နေတော်မူ၏။
တတော၊ ထိုအရပ်မှ (ဘုရားအလောင်းတော် အဖော်မမှီး တပါးတည်းနေ ရာအရပ်မှ)။
အညေနေဝ၊ တခြားတပါးသာလျှင်ဖြစ်သော။
ဒိသာဘာဂေန၊ အရပ်မျက်နှာဘက်၌။
ဝါ၊ ဘက်သို့။
(အဂမံသု၊ သွားကြကုန်ပြီ။)
ဗောဓိမဏ္ဍော၊ ဗောဓိမဏ္ဍိုင်အရပ်သည်(အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တို့၏ ကြည်လင်ရာ ဗောဓိပင်အောက်အရပ်သည်)။
ဇမ္ဗုဒီပဿ၊ ဇမ္ဗူကျွန်း၏။
မဇ္ဈေ၊ အလယ်၌။
နာဘိဋ္ဌာနိယော၊ ဗဟိုချက်အရပ်၌ တည်ရှိသည်။
ကာမံ ဟောတိ၊ အကယ်၍ကား ဖြစ်ပါပေ၏။
ပန၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။
တဒါ၊ ထိုနောက်လိုက်နောက်ပါ လူအပေါင်းနှင့် ခွဲခွာ၍ ဘုရားအလောင်းတော်တစ်ပါးတည်း နေတော်မူရာအခါ၌။
(ဗောဓိမဏ္ဍော၊ သည်။)
ဗြဟာရညေ၊ ကြီးစွာသော တော၌။
ဝိဝိတ္တေ၊ ဆိတ်ငြိမ်သော အရပ်၌။
ယောဂီနံ၊ တရားအားထုတ်သော သူတော်ကောင်းတို့၏။
ပဋိသလ္လာနာသာရုပ္ပေါ၊ တစ်ပါးတည်းကိန်းအောင်းနေထိုင်ခြင်းငှာ လျောက်ပတ်သည်။
ဟုတွာ၊ ဖြစ်၍။
တိဋ္ဌတိ၊ တည်၏။
တဒညော၊ ထိုဗောဓိမဏ္ဍိုင်အရပ်မှ တပါးသော။
ဇမ္ဗုဒီပပ္ပဒေသော ပန၊ ဇမ္ဗုဒိပ်အရပ်သည်ကား။
ယေဘုယျေန၊ များသောအားဖြင့်။
ဗဟုဇနော၊ များသော လူရှိသည်။
(ဟုတွာ၊ ဖြစ်၍။)
အာကိဏ္ဏမနုဿော၊ ရောပြွမ်းသော လူရှိသည်။
ဣဒ္ဓေါ၊ လူသူအများ ပွားများ တိုးတက်သည်။
ဖီတော၊ စည်ပင်သည်။
အဟောသိ၊ ဖြစ်ပြီ။
တေန၊ ထို့ကြောင့်။
တေ၊ ထိုနောက်လိုက် နောက်ပါလူများစွာတို့ကို။
တံတံ ဇနပဒဒေသံ၊ ထိုထိုဇနပုဒ်နယ်ပယ်အရပ်ကို။
ဥဒ္ဒိဿ၊ ရည်မှန်းကြကုန်၍။
ဂတာ၊ သွားကြကုန်သည်။
(ဟုတွာ၊ ဖြစ်ကြ၍။
ဝါ၊ ဖြစ်ကြခြင်းကြောင့်။)
အန္တော ။ပ။ပက္ကန္တာတိ၊ ဟူ၍။
(အာစရိယေန)
ဝုတ္တာ၊ ဆိုအပ်ကုန်ပြီ။
အန္တောဇမ္ဗုဒီပါဘိမုခါ၊ ဇမ္ဗုကျွန်း အတွင်းပိုင်းအရပ်သို့ ရှေ့ရှုမျက်နှာမူကုန်လျက်။
ပက္ကန္တာ၊ ဖဲခွာသွားကြကုန်ပြီ။
ဟိမဝန္တာ ဒိပဗ္ဗတာဘိမုခါ၊ ဟိမဝန္တာအစရှိသော တောင်တို့ကို ရှေ့ရှုမျက်နှာမူကုန်လျက်။
န ပက္ကန္တာ၊ ခွဲခွါသွားကြသည် မဟုတ်ကုန်။
ဣတိ၊ ဤကား။
အတ္ထော၊ ဆိုလိုအပ်သော အနက်တည်း။