Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Pariṇāyakaratanavaṇṇanā

Author: နိဿယ @ IAPT

၂၅၁။ အယံ၊ ဤကုသိုလ်ကံတရားသည်။ ဓမ္မော၊ ဓမ္မတည်း။ အယံ၊ ဤအကုသိုလ်ကံတရားသည်။ အဓမ္မော၊ အဓမ္မတည်း။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသည်ဖြင့်။ ကမ္မဿကတာဝဗောမနသင်္ခါတဿ၊ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည် အဖြစ်ကို ထိုးထွင်းသိခြင်း သဘောဟု ဆိုအပ်သော။ ပဏ္ဍိတဘာဝဿ၊ ပညာရှိပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာ၏။ အတ္ထိတာယ၊ ရှိသည်အဖြစ်ကြောင့်။ ပဏ္ဍိတော၊ ပဏ္ဍိတမည်၏။
ဗာဟုဿစ္စဗျတ္တိယာ၊ များသော အကြားအမြင်သုတ ရှိသူ၏ အဖြစ်ကို ထင်ရှားပြတတ်သော ဉာဏ်ပညာကြောင့်။ ဗျတ္တော၊ ထက်မြတ်ကျွမ်းကျင်သူမည်၏။
သဘာဝသိဒ္ဓါယ၊ ပင်ကိုသဘာဝအားဖြင့် ပြီးစီးသော။ မေဓာသင်္ခါတာယ၊ မေဓာဟုခေါ်ဆိုအပ်သော။ ပကတိပညာယ၊ ပင်ကိုပဋိသန္ဓေပညာ၏။ အတ္ထိတာယ၊ ရှိသည်အဖြစ်ကြောင့်။ မေဓာဝီ၊ မေဓာဝီမည်၏။
ဝါ၊ ပင်ကို ပဋိသန္ဓေပညာရှိမည်၏။ အတ္တနော၊ မိမိ၏။ ယာထာဝဗုဒ္ဓံ၊ မှန်ကန်စွာ သိအပ်ပြီးသော။ အတ္ထံ၊ အနက် အဓိပ္ပါယ်ကို။ ပရေသံ၊ သူတပါးတို့ကို။ ဝိဘာဝေတုံ ပကာသေတုံ၊ ထင်ရှားပြခြင်းငှာ။ သမတ္ထတာယ၊ စွမ်းနိုင်သည် အဖြစ်ကြောင့်။ ဝိဘာဝီ၊ ဝိဘာဝီမည်၏ (မိမိထိုးထွင်း သိမြင်အပ်ပြီးသမျှ အနက်အဓိပ္ပါယ် အကြောင်းအရာကို သူတပါးတို့ကို ထင်ရှား ဖေါ်ပြစွမ်းနိုင်သူမည်၏)
ဝဝတ္ထပေတုန္တိ၊ ကား။ နိစ္ဆိတုံ၊ ဆုံးဖြတ်ခြင်းငှာ ။ (သမတ္ထော ဟောတိ)။