Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Mahākassapattheravatthuvaṇṇanā

Author: နိဿယ @ IAPT

ပါဝါယာတိ၊ ကား။ ပါဝါနဂရတော၊ ပါဝါမြို့မှ။ (ကုသိနာရံ၊ သို့။ ဂမိဿာမိ၊ အံ့။)
ဇာနနဿ၊ သိခြင်း၏။ ဝါ၊ သိခြင်းဟူသည်။ အာဝဇ္ဇနပဋိဗဒ္ဓတ္တာ၊ ဆင်ခြင်စဉ်စားမှုနှင့် ဆက်စပ်နေသည် အဖြစ်ကြောင့်။ (သိလိုသော အကြောင်းအရာကို ဆင်ခြင်စဉ်းစား ကြည့်မှသာ သိနိုင်ရကား) အနာဝဇ္ဇိတတ္တာ၊ မဆင်ခြင်အပ်သည်အဖြစ်ကြောင့်။ (မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခြင်း ကိစ္စကို မဆင်ခြင်မစဉ်းစားမိသောကြောင့်။) သတ္ထု၊ မြတ်စွာဘုရား၏။ ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်းကို။ အဇာနန္တော၊ မသိသည်။ (ဟုတွာ၊ ဖြစ်၍။) ဒသဗလံ ပဿိဿာမီတိ၊ သက်ထင်ရှား မြတ်စွာဘုရားကို ဖူးမြင်အံ့ဟု။ ထေရော၊ အရှင်မဟာကဿပထေရ်သည်။ စိန္တေသိ၊ ဆင်ခြင်စဉ်းစားပြီ။ ဝါ၊ တနည်းကား။ သတ္ထု၊ ပရိနိဗ္ဗာန်စံတော်မူပြီးသော မြတ်စွာဘုရား၏။ သရီရေ၊ ကိုယ်တော်၌။ (ကြွင်းကျန်သော ရုပ်ကလာပ်တော်၌။) သတ္ထုသညံသတ္ထု သရီရေ ဝါ သတ္ထုသညံ ဥပ္ပါဒေန္တော တထာ စိန္တေသိ။ ။ ဋီကာ၌ “ဒသဗလံ ပဿိဿာမိ”ဟူသော အဋ္ဌကထာဝါကျကို နှစ်နည်းဖွင့်ပြရာတွင် ပဌမနည်း အလို အရှင်မဟာကဿပထေရ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည်ကို ဆင်ခြင်စဉ်စား မကြည့်မိသောကြောင့် ပရိနိဗ္ဗာန်စံပြီးမှန်းမသိ။ ထို့ကြောင့် ဒသဗလံ ပဿိဿာမိ (သက်တော် ထင်ရှား မြတ်စွာဘုရားကို ငါဖူးမြင်မည်) ဟု စဉ်းစားခြင်းဖြစ်၏။ “သတ္ထုသရီရေ ဝါ” အစရှိသော ဒုတိယနည်းအလိုကား ယခုအချိန်၌ ပရိနိဗ္ဗာန်စံပြီးဖြစ်သည်ကို အရှင်မဟာကဿပထေရ်သည်ဧကန်သိပြီးဖြစ်၏။ ထို့ကြောင့် သတ္ထုသရီရေ သတ္ထုသညံ ဥပ္ပါဒေန္တော တထာ စိန္တေသိ (ပရိနိဗ္ဗာန်စံတော်မူပြီးသော မြတ်စွာဘုရား၏ ကြွင်းကျန်သော ရုပ်ကလာပ်ကိုယ်တော်၌ ဆရာသခင် ဘုရားရှင်ဟူသော အမှတ်သညာကို ဖြစ်စေလျက် ဒသဗလံ ပဿိဿာမိ (မြတ်စွာဘုရားကို ငါဖူးမြင်မည်)ဟု အရှင်မဟာကဿထေရ် ဆင်ခြင်စဉ်းစားတော်မူသည်။
ထို့နောက် ယခုပြထားသော ဝါကျ၏ “တထာ စိန္တေသိ”နှင့် တဆက်တည်းပင်- တေနေဝါဟ “အထ ဘဂဝန္တံ ဥက္ခိပိတွာ”တိ ဟူသော သာဓကဝါကျသည် ဤနေရာနှင့် မဆီမဆိုင်ပါနေလေ၏။ “ဘဂဝန္တံ ဥက္ခိပိတွာ”ဟူသော ပါဠိသည် ဤနေရာ အဋ္ဌကထာ၌ မရှိ။ ယခု မဟာကဿပတ္ထေရဝတ္ထုသို့ မရောက်မီ တဆက်တည်းသော အဋ္ဌကထာ စာကြောင်းများ၌သာ ထိုပါဠိကို တွေ့ရ၏။ ထို့ကြောင့် ဤနေရာဋီကာ၌ စာကြောင်းများ ကျပျောက်နေသည်ဟု သိနိုင်၏။
၊ ဆရာသခင် ဘုရားရှင်ဟူသော အမှတ်သညာကို။ ဥပ္ပါဒေန္တောသတ္ထု သရီရေ ဝါ သတ္ထုသညံ ဥပ္ပါဒေန္တော တထာ စိန္တေသိ။ ။ ဋီကာ၌ “ဒသဗလံ ပဿိဿာမိ”ဟူသော အဋ္ဌကထာဝါကျကို နှစ်နည်းဖွင့်ပြရာတွင် ပဌမနည်း အလို အရှင်မဟာကဿပထေရ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည်ကို ဆင်ခြင်စဉ်စား မကြည့်မိသောကြောင့် ပရိနိဗ္ဗာန်စံပြီးမှန်းမသိ။ ထို့ကြောင့် ဒသဗလံ ပဿိဿာမိ (သက်တော် ထင်ရှား မြတ်စွာဘုရားကို ငါဖူးမြင်မည်) ဟု စဉ်းစားခြင်းဖြစ်၏။ “သတ္ထုသရီရေ ဝါ” အစရှိသော ဒုတိယနည်းအလိုကား ယခုအချိန်၌ ပရိနိဗ္ဗာန်စံပြီးဖြစ်သည်ကို အရှင်မဟာကဿပထေရ်သည်ဧကန်သိပြီးဖြစ်၏။ ထို့ကြောင့် သတ္ထုသရီရေ သတ္ထုသညံ ဥပ္ပါဒေန္တော တထာ စိန္တေသိ (ပရိနိဗ္ဗာန်စံတော်မူပြီးသော မြတ်စွာဘုရား၏ ကြွင်းကျန်သော ရုပ်ကလာပ်ကိုယ်တော်၌ ဆရာသခင် ဘုရားရှင်ဟူသော အမှတ်သညာကို ဖြစ်စေလျက် ဒသဗလံ ပဿိဿာမိ (မြတ်စွာဘုရားကို ငါဖူးမြင်မည်)ဟု အရှင်မဟာကဿထေရ် ဆင်ခြင်စဉ်းစားတော်မူသည်။
ထို့နောက် ယခုပြထားသော ဝါကျ၏ “တထာ စိန္တေသိ”နှင့် တဆက်တည်းပင်- တေနေဝါဟ “အထ ဘဂဝန္တံ ဥက္ခိပိတွာ”တိ ဟူသော သာဓကဝါကျသည် ဤနေရာနှင့် မဆီမဆိုင်ပါနေလေ၏။ “ဘဂဝန္တံ ဥက္ခိပိတွာ”ဟူသော ပါဠိသည် ဤနေရာ အဋ္ဌကထာ၌ မရှိ။ ယခု မဟာကဿပတ္ထေရဝတ္ထုသို့ မရောက်မီ တဆက်တည်းသော အဋ္ဌကထာ စာကြောင်းများ၌သာ ထိုပါဠိကို တွေ့ရ၏။ ထို့ကြောင့် ဤနေရာဋီကာ၌ စာကြောင်းများ ကျပျောက်နေသည်ဟု သိနိုင်၏။
၊ ဖြစ်စေတော်မူသည်။ (ဟုတွာ၊ ဖြစ်၍။) တထာ၊ ထိုမြတ်စွာဘုရားကို ဖူးမြင်အံ့ဟူသော အခြင်းအရာအားဖြင့်။ (ထေရော၊ သည်။) စိန္တေသိ၊ ပြီ။
တေနေဝ၊ ထို့ကြောင့်ပင်။ အထ ဘဂဝန္တံ ဥက္ခိပိတွာတိ၊ ဟူ၍။ (အာစရိယော) အာဟ။ [တေနေဝါဟ ။ပ။ ဥက္ခိပိတွာဟူသော ဝါကျမှာ ဤနေရာနှင့် မဆိုင်ကြောင်း အောက်ခြေ၌ ရေးထားသည်]။
(ပန၊ စင်စစ်သော်ကား။ မဟလ္လကော၊ သက်တော်ရွယ်တော် ကြီးပြီဖြစ်သော။ မေ၊ ငါ၏။ သတ္ထာ၊ ဆရာမြတ်စွာဘုရားသည်။) ဓုဝံ၊ မချွတ်ဧကန် အမှန်ပင်။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံတော်မူပြီးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ (ထေရော၊ အရှင်မဟာကဿပထေရ်သည်။) ပါရသေသဉာယေန ပါရိသေသာယေန ။ ။ ဤပါဠိဆိုလိုရင်းမှာ ယခင်ဘူမိစာလ အခန်း “သေသာနံ ပဉ္စန္နံ ဣဒါနိ အအသမ္ဘဝေါ ။ပ။ တသ္မာ ပါရှိသေသတော” ဟူသော ဋီကာ။ နှာ (၁၅၈) တုန်းက ဘူမိစာလဖြစ်ခြင်း၏ အကြောင်းကို အရှင်အာနန္ဒာသည် ပါရိသေသနည်းအားဖြင့် စဉ်းစား သိသကဲ့သို့ အရှင်မဟာကဿပထေရ်ရှင်မြတ်သည်လည်း ထိုနည်းတူ စဉ်းစားသိသည်ဟု ဆိုလိုကြောင်း မိမိယူဆထားသည့်အတိုင်း အနက်ပြန်ဆိုထားပါသည်။ {{nissaya| | ပါရိသေသနည်း အားဖြင့်။}} (ဘုရားအလောင်းတော် ပဋိသန္ဓေနေတော်မူခြင်း စသော “ဘူမိကမ္ပ” ဖြစ်ခြင်း၏ အကြောင်းတို့မှ ကြွင်းကျန်သော မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်းဟူသော အကြောင်း နည်းလမ်းအားဖြင့်) စိန္တေသိ၊ ဆင်ခြင်စဉ်းစားသိတော် မူပြီ။
ထေရော၊ သည်။ ဇာနန္တောပိ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးမှန်း သိပါသော်လည်း။ အာဇီဝကံ၊ တက္ကတွန်းကို။ ပုစ္ဆိယေဝ၊ မေးတော်မူသည်သာတည်း။ ပန၊ ဆက်ဦးအံ့။ ပုစ္ဆနေ၊ မေးခြင်း၌။ ကာရဏံ၊ အကြောင်းကို။ သယမေဝ၊ အဋ္ဌကထာဆရာကိုယ်တိုင်သာလျှင်။ ပကာသေတုံ၊ ထင်ရှားပြခြင်းငှာ။ ကိံပနာတိအာဒိ၊ ကိံပနအစရှိသော အမေးအဖြေစကားရပ်ကို။ အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပြီ။
အဇ္ဇ သတ္တာဟပရိနိဗ္ဗုတောတိ၊ ကား။ အဇ္ဇဒိဝသတော၊ ယနေ့မှ။ ပဋိလောမတော၊ ပြောင်းပြန်အားဖြင့်။ သတ္တမေ၊ (၇) ရက်မြောက်သော။ အဟနိ၊ နေ့၌။ (နေ့က) ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် စံတော်မူပါပြီ။
နာဠိယာဝါပကေနာတိ၊ ကား။ နာဠိယာစေဝ၊ စလယ်တောင်းဖြင့် လည်းကောင်း။ ထဝိကာယ စ၊ အိပ်ဖြင့်လည်းကောင်း။ (အာဟိဏ္ဍထ)
မဉ္ဇုကေတိ၊ ကား။ မဉ္ဇုဘာဏိနေ၊ ချိုသာစွာ ပြောဆိုတတ်ကုန်သော။ မဓုရဿရေ၊ ချိုသာသောအသံရှိကုန်သော။ (တေ ဒါရကေ ဒိသွာ-ဟု စပ်) [ဝဇ္ဇဒဿျာဒီနမိနော အံယောသ္မိံသုသု"ဟူသော သဒ္ဒနီတိသုတ်ဖြင့် ဘာဏီ၌ ဤကို ဣနပြု။ ယောကို ဧပြု၍ ဘာဏိနေရုပ်ပြီး၏။]
ပဋိဘာနေယျကေတိ၊ ကား။ ပဋိဘာနဝန္တေ၊ (အကြောင်းအားလျော်စွာ) ရှေ့ရှုထင်လာသော ဉာဏ်ရှိကုန်သော။ (ဒါရကေ)
ဘုဉ္ဇိတွာ ပါတဗ္ဗယာဂူတိ၊ ကား။ ပဌမံ၊ ရှေးဦးစွာ။ ဘုဉ္ဇိတွာ၊ စားပြီး၍။ ပိဝိတဗ္ဗယာဂု၊ သောက်ဖွယ်ယာဂုတည်း။
တဿာတိ၊ ကား။ သုဘဒ္ဒဿ၊ သုဘဒ္ဒမည်သော။ ဝုဍ္ဎပဗ္ဗဇိတဿ၊ အသက်အရွယ် ကြီးရင့်ချိန်၌ ရဟန်းပြုသော ရဟန်းကြီးအား။ (အာရောစေသုံ)
အာရာဓိတသာသနေတိ၊ ကား။ သမာဟိတသာသနေ သမာဟိတသာသနေ ။ အာရာဓိတသာသနေ- ၌ အာရာဓိတပုဒ်၏ အဖွင့်ဖြစ်သော “သမာဟိတပုဒ်သည် မှန်ကန်သောပါဌ်ဖြစ်သည်ဟု မယူဆပါ။ နဂိုမူလက “သမာရဘိတ”ဟု ရှိရာမှ “သမာဟိတ”ဟု ပျက်ယွင်းသွားလေသလောဟု တွေးတောမိ၏။ သံရှေး အာရှေးရှိသော ရဘဓာတ်ဖြင့် သမာရဘတိ၊ သမာရဘန္တော၊ သမာရဘိတဗ္ဗော- ဟူသော ရုပ်များသည် အတွေ့များလှပါ၏။ “အာရာဓိတသာသနေ- ပြီးစီးစေအပ်ပြီးသော သာသနာ၌”ဟူသော အနက်နှင့် “သမာရဘိတသာသနေ- (ပြီးစီးအောင်) အားထုတ်အပ် ပြီးသော သာသနာ၌”ဟူသော အနက်သည်လည်း အတူတူပင် ဖြစ်သည်ဟု ဆိုနိုင်ပါ၏ စဉ်းစားကြပါကုန်။ {{nissaya| | ကောင်းစွာ တည်ထောင်ထားအပ်သော သာသနာတော်၌။ }} (ကဏ္ဋကော ဥပ္ပန္နော၊ ဖြစ်ပြီ။)
အလန္တိ၊ အလံဟူသည်ကား။ သမတ္ထော၊ စွမ်းနိုင်၏။
ပါပေါတိ၊ ကား။ ပါပပုဂ္ဂလော၊ ယုတ်မာသောသူသည်။ (အလံ၊ စွမ်းနိုင်၏။)
ဩသက္ကာပေတုန္တိ၊ ကား။ ဟာပေတုံ၊ ဆုတ်ယုတ်စေခြင်းငှာ။ အန္တရဓာပေတုံ၊ ကွယ်ပစေခြင်းငှာ။ (အလံ)
ပဉှာဝါရာတိ၊ ကား။ ပဉှာဝိယ၊ ပြဿနာတို့ကဲ့သို့သော။ ဝိဿဇ္ဇနာနိ၊ အဖြေစကားရပ်တို့သည်။ (နဿိဿန္တိ၊ ပျောက်ပျက်ကုန်လတ္တံ့။) ယသ္မိံ သမယေ ကာမာဝစရံ ။ပ။ ဟောတီတိအာဒိနာစ၊ ယသ္မိံ သမယေ ။ပ။ ဟောတိအစရှိသည်ဖြင့်လည်းကောင်း။ ယသ္မိံ သမယေ ။ပ။ ဘာဝေတီတိ အာဒိနာစ၊ ဘာဝေတိ- အစရှိသည်ဖြင့်လည်းကောင်း။ ပဝတ္တာနိ၊ ဖြစ်ကုန်သော။ ဧကံ၊ တစ်ခုသော။ ဘူမန္တရံ၊ ကာမာဝစရတရား, ရူပါဝစရတရား အစရှိသော တရားဓမ္မဖြစ်ရာ ဘုံအဆင့် ထူးခြားချက်ကို ဖော်ပြသော အခန်းကဏ္ဍ စကားရပ်သည်လည်းကောင်း။ ဒွေ၊ နှစ်ခုကုန်သော။ ဘူမန္တရာနိ၊ တို့သည်လည်းကောင်း။ (နဿိဿန္တိ)။
မူလေ ။ပ။ ဘဝိဿာမာတိ၊ ဟူသည်ကား။ ရုက္ခေ၊ သစ်ပင်၌။ အဓိဝတ္ထော၊ စိုးအုပ်နေသော။ ပိသာစော ပိသာစော ။ ။ “ပိသိတံ- အသားကို။ အလွှာတိ- စားတတ်၏။ ဣတိ ပိသာစော” ဟူသော ဝိဂြိုဟ်အတိုင်းဆိုလျှင် ပိသာစဟူသည် သားစားတစ္ဆေ၊ ဘီလူးသရဲ ပြိတ္တာတို့ဖြစ်သည်ဟု ဆိုရပေလိမ့်မည်၊ သို့သော်ဤနေရာ၌ကား “ရုက္ခေ အဓိဝတ္ထော ပိသာစော”ဟု ဋီကာဖွင့်သောကြောင့် “ကုမ္ဘဏ္ဍော စ ပိသာစာဒီ၊ နိဒ္ဓိဋ္ဌာ ဒေဝယောနိယော”ဟူသော အဘိဓာန် (၁၃) ဂါထာကိုလည်း သာဓကပြု၍ (ပိသာစ သတ္တဝါသည် နတ်အမျိုးအစား၌ ပါဝင်သောကြောင့်) “ပိသာစနတ်။ ရုက္ခစိုး”ဟူ၍ အဋ္ဌကထာ ဘာသာဋီကာ၌ အနက်ပြန်ဆိုတော်မူ၏။ အထဝါ-ဖြင့် ဖွင့်ထားသော ဋီကာဒုတိယနည်း၌ကား ယခင်ဝိဂြိုဟ်အတိုင်း အသားစားသော တစ္ဆေမြေဘုတ် ဘီလူးပြိတ္တာများပင် ဖြစ်၏။ ပိသာစေန ကိရ အစရှိသော ဋီကာစကားနှင့်သက်ဆိုင်သော ပိသာစဝတ္ထုကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ စူဠသကုလုဒါယီသုတ်အဖွင့် (၁၈၇) ၌ ကြည့်ကြကုန်။ {{nissaya|| ပိသာစနတ်သည်။ }} ဝါ၊ ရုက္ခစိုးနတ်သည်။ တဿ၊ ထိုသစ်ပင်၏။ သာခါပရိဝါရေ၊ အကိုင်းအခက်ဟူသော အခြံအရံအသိုင်းအဝိုင်းသည်။ နဋ္ဌေ၊ ကျိုးပြတ်ပျက်စီးလသော်။ ခန္ဓံ၊ ပင်စည်ကို။ နိဿာယ၊ မှီ၍။ ဝသတိ၊ နေ၏။ ခန္ဓေ၊ ပင်စည်သည်။ နဋ္ဌေ၊ သော်။ မူလံ၊ အမြစ်ကို။ နိဿာယ၊ မှီ၍။ ဝသတိ၊ ၏။ မူလေ၊ သည်။ နဋ္ဌေ ပန၊ သော်ကား။ အနိဿယောဝ၊ မှီခိုနေစရာ မရှိတော့သည် သာလျှင်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထိုပိသာစနည်းတူ။ (မယံ၊ ငါတို့သည်။) ဘဝိဿာမ၊ ဖြစ်ကြရတော့အံ့။ ဣတိ၊ ဤကား။ အတ္ထော၊ ဆိုလိုရင်း အနက်တည်း။
အထဝါ၊ တနည်းကား။ မူလေ နဋ္ဌေတိဧတ္ထ၊ မူလနဋ္ဌေဟူသော ဤပါဌ်၌။ ကိရ၊ အကြောင်းအရာ တစ်ခုကို ပြဆိုရသော်ကား။ ပိသာစေန၊ သားစားတစ္ဆေ မြေဘုတ်ဘီလူးသည်။ ရုက္ခဂစ္ဆာဒီနံ၊ သစ်ပင်ခြုံအစရှိသည်တို့၏။ ကိဉ္စိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ မူလံ၊ အမြစ်ကို။ ဆိန္ဒိတွာ၊ ဖြတ်၍။ အတ္တနော၊ မိမိ၏။ ပုတ္တဿ၊ သားအား။ ဒိန္နံကိရ၊ ပေးအပ်သတတ်။ ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။ တံ၊ ထိုသစ်မြစ်သည်။ တဿ၊ ထိုသား၏။ ဟတ္ထတော၊ လက်မှ။ နဝိဂစ္ဆတိ၊ ပျောက်ဆုံးမသွားသေး။ တာဝ၊ ထိုသို့ပျောက်ဆုံး မသွားသေးသမျှ ကာလပတ်လုံး။ တံ ပဒေသံ၊ ထိုသွားလာရာ အရပ်ကို။ အဒိဿမာနရူပေါ၊ မပေါ်ထင်မမြင်ရသော ရုပ်ကိုယ်ကောင်ရှိသည်။ (ဟုတွာ၊ ဖြစ်၍။) ဝိစရတိ၊ လှည့်လည်သွားလာ၏။
ယဒါ ပန၊ အကြင်အခါ၌ကား။ တသ္မိံ၊ ထိုအမြစ်သည်။ ကေနစိ၊ တစ်ဦးတစ်ယောက်က။ အစ္ဆိန္နဘာဝေန ဝါ၊ လုယူအပ်သည် အဖြစ်ကြောင့်သော် လည်းကောင်း။ သတိဝိပ္ပဝါသေနဝါ၊ သတိလွတ်ကင်း မေ့လျော့ခြင်းကြောင့်သော် လည်းကောင်း။ နဋ္ဌ၊ ပျောက်ဆုံးသွားလသော်။ မနုဿာနမ္ပိ၊ လူတို့၏သော်မှလည်း။ ဒိဿမာနရူပေါ၊ မြင်ရသော ရုပ်ကိုယ်ကောင်ရှိသည်။ (ဟုတွာ) ဝိစရတိ၊ ၏။ တံ၊ ထိုပျောက်ဆုံးသော သစ်မြစ်ရှိသော ပိသာစကို။ သန္ဓာယ၊ ရည်ရွယ်၍။ မူလေ ။ပ။ ဘဝိဿာမာတိ၊ ဘဝိဿာမဟူ၍။ (ထေရော၊ အရှင်မဟာကဿပထေရ်သည်။) အာဟ၊ မိန့်တော်မူပြီ။
မံ ကာယသသ္မိံ ကတွာတိ၊ ကား။ တံ ပဋိပဒံ၊ ထိုလဖြင့် ဥပမာနှိုင်းခိုင်းအပ်သော အကျင့်ကို။ (ထိုစန္ဒူပမာ ပဋိပဒါစန္ဒူပမာ ပဋိပဒါ။ ။ လနှင့်ဥပမာနှိုင်း ခိုင်းအပ်သော အကျင့်သည် စန္ဒူပမာပဋိပဒါမည်၏။လသည် ကောင်းကင်မှာ သွားနေစဉ် မည်သူနှင့်မျှ မိတ်ဆွေဖွဲ့ခြင်း, ချစ်ခင်တွယ်တာခြင်း အလျင်းမရှိသော်လည်း လူပေါင်းများစွာတို့က လကို မြတ်နိုးကြ ချစ်ခင်ကြ၏။ ဤအတူပင် ရဟန်းများလည်း အရှင်မဟာကဿပကဲ့သို့ မည်သူနှင့်မျှ ချစ်ခင်ရင်းနှီးအောင် အားမထုတ်ဘဲ လူအများ ကြည်ညိုလေးစား၍ လနှင့်တူစွာ ဒါယကာ ဒါယိကာမတို့ထံ ဆွမ်းကိစ္စစသည် အတွက် ဆက်ဆံမှု ပြုခြင်းတည်းဟူသော အကျင့်ဟု ဆိုလို၏။
တနည်းအားဖြင့် လသည် အမိုက်မှောင်ကို ပယ်ခွင်း၍ အလင်းရောင်ကို သယ်ဆောင် ဖြန့်ခင်းသကဲ့သို့ ထို့အတူ ကိလေသာ အမှောင်ကို ပယ်ခွင်း၍ ဉာဏ်အရောင် အလင်း ဖြန့်ခင်းခြင်းအားဖြင့် လနှင့်တူစွာ ကျင့်ခြင်းသည် စန္ဒူပမာပဋိပဒါမည်၏။ စန္ဒူပမာ ဘိက္ခဝေ ကုလာနိ ဥပသင်္ကမထ-စသည်။ နိဒါနဝဂ္ဂ၊ ကဿပသံယုတ် စန္ဒူပမသုတ် (၄၀၁) သံယုတ် အဋ္ဌကထာ။ ဒု (၁၅၄)။
ကို) ကာယေန၊ ကိုယ်အားဖြင့်။ သစ္ဆိကတဝန္တံ၊ မျက်မှောက်ပြုအပ်သော မျက်မြင်သက်သေရှိသည်ကို။ (ကတွာ၊ ပြု၍။) တသ္မာ၊ ထိုသို့ စန္ဒူပမာပဋိပဒါဟူသော မျက်မြင်သက်သေညွှန်ပြစရာရှိသည်အဖြစ်ကြောင့်။ မံ၊ ငါ့ကို။ တဿာ ဒေသနာယ၊ ထိုစန္ဒူပမသုတ် ဒေသနာတော်၏။ သန္ဓေဘူတံ၊ မျက်မြင်သက်သေ ဖြစ်သူကို။ ကတွာ၊ ပြု၍။ (ကထေသိ၊ ဟောတော်မူပြီ။) (မံ၊ ငါ့ကို။ တိက္ခတ္တုံ၊ သုံးကြိမ်။ သကလသာသနဒါယဇ္ဇံ၊ အားလုံးသော သာသနာတော် အမွေအနှစ်ကို။)
ပဋိစ္ဆာပေသိ၊ လက်ခံစေတော်မူပြီ။ ဝါ၊ အပ်နှင်းတော်မူပြီ။ တံ ပဋိစ္ဆာပနံ၊ ထိုအပ်နှင်းခြင်းကို။ ကဿပသုတ္တေန၊ ကဿပသုတ်ဖြင့်။ ဒီပေတဗွီ၊ ပြရမည်။ [ကဿပသုတ်ဟူ၍ သီးခြားမရှိပါ။ ကဿပသံယုတ်ရှိ သုတ်အားလုံးကိုပင် ကဿပသုတ်ဟု ဆိုလို၏။ နိဒါနဝဂ္ဂသံယုတ်။ နှာ-၃၉၉။ ၄၂၃) ကြည့်ပါ]။
စန္ဒနဃဋိကာဗာဟုလ္လတော၊ စန္ဒကူးထင်းတုံး များပြားသည် အဖြစ်ကြောင့်။ စန္ဒနစိတကော၊ စန္ဒနစိတကမည်၏။
တံ သုတွာတိ၊ ကား။ (မနုဿာ၊ လူတို့သည်။) အာယသ္မတာ အနုရုဒ္ဓတ္ထေရေန၊ အရှင်အနုဒ္ဓထေရ်သည်။ ဝုတ္တံ၊ မိန့်ဆိုအပ်သော။ ဒေဝတာနံ၊ နတ်တို့၏။ တံ အဓိပ္ပါယံ၊ ထိုအလိုဆန္ဒကို။ သုတွာ၊ ကြားကြကုန်၍။ (ဂစ္ဆိံသု အဋ္ဌံသု- တို့၌စပ်)
ဒသိကတန္တံဝါတိ၊ ကား။ ပလိဝေဌိတ အဟတကာသိကဝတ္ထာနံ၊ ရစ်ပတ်ကြောင်းဖြစ်သော အသစ်စက်စက် ကာသိတိုင်းဖြစ် အဝတ်ထည်တို့၏။ ဒသဌာနေန၊ အမြိတ်အဆာ နေရာဌာန၌။ ဝါ၊ နေရာဌာနက။ တန္တမတ္တမ္ပိ၊ ချည်မျှင်မျှသည်သော်လည်းကောင်း။ (ဌာနာ၊ နေရာမှ။ စလိတံနာမ၊ ရွေ့ရှားသည်မည်သည်။ နာဟောသိ၊ မဖြစ်ပါလေပြီ။)
ဒါရုက္ခန္ဓိဝါတိ၊ ကား။ စန္ဒနာဒိစိတကဒါရုက္ခန္ဓံဝါ၊ စန္ဒကူးသား အစရှိသည်တို့၏ ထင်းပုံမှ သစ်သားတုံးသည် လည်းကောင်း။ (ဌာနာ စလိတံ နာမ နာဟောသိ)။
သမုဒါယေသု၊ အပေါင်းအစု ဖြစ်သော အရာဝတ္ထုတို့၌။ ပဝတ္တဝေါဟာရာနံ၊ ဖြစ်သော အခေါ်အဝေါ် အသုံးအနှုန်းစကားလုံးတို့၏။ အဝယဝေသု၊ အစိတ်အပိုင်း အရာဝတ္ထုတို့၌။ ဒိဿနတော၊ တွေ့ရမြင်ရကုန်သည် အဖြစ်ကြောင့်။ သရီရဿ၊ မြတ်စွာဘုရား ရုပ်ကလာပ်ခန္ဓာကိုယ် တစ်ခုလုံး၏။ အဝယဝဘူတာနိ၊ အစိတ်အစိတ် ဖြစ်ကုန်သော။ အဋ္ဌီနိ၊ အရိုးဓာတ်တော်တို့ကို။ သရီရာနီတိ၊ ခန္ဓာကိုယ်တော်တို့ဟူ၍။ (သင်္ဂီတိကာရေဟိ၊ သင်္ဂါယနာတင်ထေရ် အရှင်မြတ်တို့သည်။) ဝုတ္တာနိ၊ ခေါ်ဝေါ် သုံးနှုန်းအပ်ကုန်ပြီ။
န ဝိပ္ပကိရိံသူတိ၊ ကား။ (သတ္တ ဣမာ ဓာတုယော၊ တို့သည်။) သရူပေနေဝ၊ မိမိ၏ မကွဲမပျက်သေးသော ပင်ကိုရုပ်သွင်အားဖြင့်သာလျှင်။ ဌိတာ၊ တည်ကုန်ပြီ။ ဣတိ၊ ဤကား။ အတ္တော၊ အနက်တည်း။
သေသာ ဝိပ္ပကိရိံသူတိ၊ ကြွင်းသော အရိုးဓာတ်တော်တို့ အစိတ်စိတ် ကွဲကုန်ပြီဟူ၍။ ဝတွာ၊ မိန့်ဆိုပြီး၍။ ပန၊ ယင်းသို့ အစိတ်စိတ်ကွဲကုန်သည်ဖြစ်ရကား။ ယထာ၊ အကြင်သို့သော အခြင်းအရာ အားဖြင့်။ တာ၊ ထိုအရိုးဓာတ်တော်တို့သည်။ ဝိပ္ပကိဏ္ဏာ၊ အစိတ်စိတ်ကွဲကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ တံ၊ ထိုအရိုးဓာတ်တော်တို့ အစိတ်စိတ် ကွဲပုံကို။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ တတ္ထာတိ အာဒိ၊ တတ္ထအစရှိသော စကားရပ်ကို။ (အာစရိယော) အာဟ၊ ပြီ။
ဥဒကဓာရာ နိက္ခမိတွာ နိဗ္ဗာပေသုန္တိ၊ ကား။ ဒေဝတာနုဘာဝေန၊ နတ်တို့၏ တန်ခိုးအာနုဘော်ကြောင့်။ (တေသံ၊ ထိုအင်ကြင်းပင်ပျိုတို့၏။ ခန္ဓန္တရ ဝိဋပန္တရေဟိပိ၊ ပင်စည်အကြား အခွအကြားတို့မှလည်း။ ဥဒကဓာရာ၊ ရေအယဉ်တို့သည်။ နိက္ခမိတွာ၊ ထွက်ကြကုန်၍။ ဘဂဝတော၊ မြတ်စွာဘုရား၏။ စိတကံ၊ စန္ဒကူးထင်းပုံကို။ နိဗ္ဗာပေသုံ၊ မီးငြိမ်းစေကြကုန်ပြီ။)
ဧဝံ မဟတိယော၊ ဤမျှလောက်ကြီးမားကုန်သော။ ဗဟူ၊ များစွာကုန်သော။ ဥဒကဓာရာ၊ ရေအယဉ်တို့သည်။ ကိမတ္ထာယ၊ အဘယ်အကျိုးငှာ။ (နိက္ခမိတွာ၊ ၍။ နိဗ္ဗာပေသုံ၊ ငြိမ်းစေကြကုန်သနည်း။) ဣတိ၊ ဤသို့မေးဖွယ်ရှိသည် အဖြစ်ကြောင့်။ ဘဂဝတော စိတကော မဟန္တောတိ၊ မဟန္တာဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဟိ၊ ယင်းသို့ မိန့်ဆိုသင့်ပေ၏။ သော၊ ထိုစန္ဒကူးထင်းပုံသည်။ ထိုစန္ဒကူးထင်းပုံသည်။ မဟာ၊ ကြီးမား၏။ ဝီသရတနသတိကော၊ အတောင်တရာနှစ်ဆယ် အမြင့်ရှိ၏။
အဋ္ဌဒန္တကေဟီတိ၊ ကား။ နင်္ဂလေဟိ၊ ထွန်တို့ဖြင့်။ ဟိ (ယသာ)၊ အကြင့်ကြောင့်။ နေသံ၊ ထိုထွန်တို့၏။ အဋ္ဌေဝ၊ ရှစ်ချောင်းသာလျှင် ဖြစ်ကုန်သော။ ဒန္တသဒိသာနိ၊ သွားနှင့်တူကုန်သော။ ပေါတ္ထာနိ၊ သစ်သားချွန်တို့သည်။ ဟောန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့်။ (တာနိ၊ ထိုထွန်တို့ကို။) အဋ္ဌဒန္တကာနီတိ၊ အဋ္ဌဒန္တကတို့ဟူ၍။ ဝုစ္စတိ (ဝုစ္စန္တိ)၊ ခေါ်ဆိုအပ်ကုန်၏။
ဓမ္မကထာဝ ပမာဏန္တိ၊ ကား။ ပဿန္တာနဉ္စ၊ ဖူးမြင်ရသူတို့၏လည်းကောင်း။ သုဏန္တာနဉ္စ၊ ကြားနာရသူတို့၏လည်းကောင်း။ (ပရိဗ္ဗုတဿ၊ ပရိနိဗ္ဗာန်စံတော်မူပြီးသော။ ဗုဒ္ဓဿ၊ သိဖွယ်လုံးစုံ အကုန်သိတော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝါ၊ သည်။) အတိဝိယ၊ အလွန်အကဲသာလျှင်။ အစ္ဆရိယဗ္ဘုတဘာဝတော၊ လက်ဖျစ်ခတ်တီးအံ့ ချီးထိုက်သည်အဖြစ်, မဖြစ်စဖူး အသစ်အထူးဖြစ်သည် အဖြစ်ကြောင့်လည်းကောင်း။ သာတိ သယံ၊ လွန်ကဲမှုနှင့် တကွဖြစ်အောင်။ ပသာဒါဝဟဘာဝတော၊ ကြည်ညိုဖွယ်ကို ဆောင်သည် အဖြစ်ကြောင့် လည်းကောင်း။ သဝိသေသံ၊ ထူးခြားမှုနှင့် တကွဖြစ်အောင်။ ဗုဒ္ဓါနုဘာဝဒီပနတော၊ မြတ်စွာဘုရား၏ တန်ခိုးအစွမ်းကို ပြသည်အဖြစ်ကြောင့် လည်းကောင်း။ (ဓမ္မကထာဝ၊ ဓမ္မကထိက ပုဂ္ဂိုလ်တို့၏ ဉာဏ်စွမ်းအာနုဘော် ထုတ်ဖော်နိုင်အား တရားစကားသည်သာလျှင်။ ပမာဏံ၊ အတိုင်းအတာ ပမာဏ တည်း။)
ဟိ၊ ချဲ့ဦးအံ့။ ပရိနိဗ္ဗုတဿ၊ သော။ ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ ဧဝရူပေါ၊ ဤသို့သဘောရှိသော။ အာနုဘာဝေါ၊ တန်ခိုးအာနုဘော်တော်သည်။ (ဟောတိ၊ ဖြစ်၏။) ဣတိ၊ ဤသို့။ ဧတ္ထ၊ ဤမြတ်စွာဘုရား၏ တန်ခိုးအာနုဘော်တို့ကို ထုတ်ဖော်ပြရာ၌။ တံ ပဝတ္တိ၊ ထိုအံ့ဩဖွယ် ကြည်ညိုဖွယ်ဖြစ်ပုံကို။ ကထေန္တာနံ၊ ဟောကြားကုန်သော။ ဓမ္မကထိကာနံ၊ တရားဟောပုဂ္ဂိုလ်တို့၏။ အတ္တနော၊ မိမိ၏။ ဉာဏဗလာနုရူပံ၊ ဉာဏ်စွမ်းအားလျော်စွာ။ ပဝတ္တိယမာနာ၊ ဖြစ်စေအပ်သော။ ဓမ္မကထာဝ၊ တရားစကားသည်သာလျှင်။ ပမာဏံ၊ တည်း။ (ကသ္မာ၊ အဘယ့်ကြောင့် နည်း။) ဝဏ္ဏေတဗ္ဗဿ၊ ချီးမွမ်းထိုက်သော။ အတ္ထဿ၊ အနက်ဖြစ်သော ဂုဏ်ထူး၏။ မဟာဝိသယတ္တာ၊ ကြီးမားကျယ်ဝန်းသော ဖြစ်ရာ ပမာဏရှိသည် အဖြစ်ကြောင့်တည်း။ တသ္မာ၊ ထို့ကြောင့်။ ဧသာ၊ ဤမြတ်စွာဘုရား၏ ချီးမွမ်းဖွယ် ကြည်ညိုဖွယ် အကြောင်းအရာ ဂုဏ်အပေါင်းသည်။ ဝဏ္ဏနာဘူမိ၊ ချီးမွမ်းခြင်း၏ နယ်ပယ်တည်း။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
စတုဇ္ဇာတိယဂန္ဓပရိဘဏ္ဍံ ကာရေတွာတိ၊ တဂရ+ ကုင်္ကုမ+ ယဝနပုပ္ဖ+ တမာလပတ္တာနိ- တောင်ဇလပ်+ ကုင်္ကမံ+ လေးညှင်းပွင့်+ ပန်ညိုရွက်တို့ကို။ ပိသိတွာ၊ ကြိတ်၍။ ကတဂန္ဓေန၊ ပြုအပ်သော နံ့သာဖြင့်။ ပရိဘဏ္ဍံ၊ ပြေပြစ်ညက်ညော အချောသုတ်လိမ်းမှုကို။ ကာရေတွာ၊ ပြုစေ၍။
ခစိတွာတိ၊ ကား။ (သုဝဏ္ဏတာရကာဒီဟိ၊ ရွှေကြယ်အစရှိသည်တို့ဖြင့်။) တတ္ထ တတ္ထ၊ လွှတ်ရုံး၏ ထိုထိုနေရာ၌။ ဩလမ္ဗနဝသေန၊ တွဲလွဲဆွဲခြင်း အနေအားဖြင့်။ ရစေတွာ၊ ဆင်ယင်၍။ (သေတစ္ဆတ္တံ ဓာရေသုံ-၌စပ်) ဂန္ဓဝတ္ထုနိ၊ နံ့သာပစ္စည်းဝတ္ထုတို့ကို။ ဂဟေတွာ၊ ယူ၍။ ဂန္ထိတမာလာ၊ သီကုံးအပ်သော ပန်းတို့သည်။ ရတနဒါမာနိ၊ ရတနဒါမတို့မည်၏။
ဗဟိကိလဉ္ဇပရိက္ခေပဿ၊ အပြင်ဘက်ရိုင်ဖျာအကာအရံကိုလည်းကောင်း။ အန္တော သာဏိပရိက္ခေပဿ၊ အတွင်းဘက်တင်းတိမ် အဝတ်အကာအရံကိုလည်းကောင်း။ ကရဏေန၊ ပြုခြင်းအားဖြင့်။ သာဏိကိလဉ္ဇပရိက္ခေပံ၊ တင်းတိမ်နှင့် ရိုင်ဖျာအကာအရံကို။ ကာရေတွာ၊ ပြုစေ၍။ (သေတစ္ဆတ္တံ ဓာရေသုံ- ၌ပင်စပ်)
ဝါတဂ္ဂါဟိနိယော၊ လေကိုစုတ်ယူတတ်ကုန်သော။ ပဋာကာ၊ တန်ခွန်ကုက္ကားတို့သည်။ ဝါတပဋာကာ၊ ဝါတပဋာကာတို့မည်၏။
သရဘရူပပါဒကော၊ သရဘမည်သော သားကောင်ရုပ်တပ် ဆင်အပ်သော ခြေထောက်ရှိသော။ ပလ္လင်္ကော၊ ပလ္လင် (ခုတင်) သည်။ သရဘမယပလ္လင်္ကော၊ မည်၏။ တသ္မိံ သရဘမယပလ္လင်္ကေ၊ ထိုသရဘသားကောင်ရုပ် တပ်ဆင်ထားအပ်သော ပလ္လင်၌။ (ဘဂဝတော သရီရာနိ ဌပေတွာ)။
သတ္တိဟတ္ထာ၊ လက်၌လှံရှိကုန်သော။ ပုရိသာ၊ ယောက်ျားတို့သည်။ တံသဟစရဏတော၊ ထိုလှံတို့နှင့် တကွဖြစ်ကုန်သည်အဖြစ်ကြောင့်။ သတ္တိယော၊ လှံတို့မည်၏။ ကုန္တာ ပစရန္တီတိ ယထာ၊ လှံတွေသွားကြကုန်၏ဟူသော ဥဒါဟရုဏ်တို့ ကဲ့သို့တည်း။ တေဟိ၊ ထိုလှံကိုင်ယောက်ျားတို့ကို။ သမန္တတော၊ ပတ်ပတ်လည်၌။ ရက္ခာပနံ၊ စောင့်ရှောက်စေခြင်းသည်။ ပဉ္ဇရကရဏံ၊ လှောင်ချိုင့်ပြုလုပ်ခြင်းမည်၏။ [ပဉ္စကရဏံ၊ ဟုပါဠိပျက်၏] ဣတိ၊ ဤအနက်ကို ပြလိုသည်အဖြစ်ကြောင့်။ သတ္တိဟတ္ထေဟိ ပုရိသေဟိ ပရိက္ခိပါပေတွာတိ၊ ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဓနူနီတိဧတ္ထာပိ၊ ဓနူနိဟူသော ဤပါဌ်၌လည်း။ ဧသေဝ နယော၊ ဤသတ္တိဟတ္ထဟိ စသည်၌ ဆိုအပ်ပြီးသော နည်းပင်တည်း။
သန္ဓာဟဂဝစ္ဆိကံ ဝိယ ကတွာတိ၊ ကတွာဟူသည်ကား။ [ဣတိပါသင့်၏] နိရန္တရာဝဋ္ဌိတအာရက္ခ သန္နာဟေန၊ အကြားမလပ် တဆက်တည်းတည်ရှိသော အစောင့်အရှောက် ဖွဲ့ယှက်ထားခြင်းဖြင့်။ ဂဝစ္ဆိဇာလံဝိယ၊ ဇာကွက်ဇာကွန်ရက် တပ်ဆင်ထားအပ်သော ပြတင်းပေါက်ကဲ့သို့။ ကတွာ၊ ပြု၍။ (အာရက္ခံ သံဝိဒဟိံသု)
သာဓုကီဠိတန္တိ၊ ကား။ သပရဟိတံ၊ မိမိနှင့် သူတပါးတို့၏ စီးပွားကို။ သာဓနဋ္ဌေန၊ ပြီးစေတတ်သည် အဖြစ်ဟူသော အနက်ကြောင့်။ သာဓု၊ သာဓုတို့ (သူတော်ကောင်းတို့) မည်၏။ ဥဠာရပုညပသဝနတော၊ မွန်မြတ်သော ကုသိုလ်ကို ဖြစ်ပွားစေသည် အဖြစ်ကြောင့်။ တေသံ၊ ထိုသူတော်ကောင်း တို့၏။ ကီဠိတံ၊ ကစားခြင်းကို။ သမ္ပရာယိကတ္ထာဝိရောဓိကံ၊ တမလွန်ဘဝ အကျိုးနှင့် ဆန့်ကျင်ခြင်း မရှိသော။ ကီဠာဝိဟာရံ၊ ကစားခြင်းအားဖြင့် နေခြင်းကို။ ဝါ၊ ကစားခြင်းဟူသော နေခြင်းကို။ (ကီဠိဿာမ၊ ပျော်ပျော်ပါးပါး နေကြကုန်အံ့။) ဣတိ အတ္ထော။