အနေကဝါရံ၊ အကြိမ်များစွာ။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝေသာလိယံ၊ ဝေသာလီမြို့၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တသ္မာ၊ ထို့ကြောင့်။
ဣမံ ဝေသာလိပ္ပဝေသနံ၊ ဤဝေသာလီမြို့တွင်းသို့ ဆွမ်းခံဝင်တော်မူရာ အချိန်အခါကို။
နိယမေတွာ၊ သတ်မှတ်၍။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
ကဒါ ပါဝိသီတိ၊ အဘယ်အချိန်၌ ဆွမ်းခံဝင်တော်မူသနည်းဟူ၍။
ပုစ္ဆိတွာ၊ မေးပြီး၍။
အာဂမနတော၊ နဂိုမူလကြွလာတော်မူရာ အခါမှ။
ပဋ္ဌာယ၊ စ၍။
တံ၊ ထိုဝေသာလီမြို့တွင်းသို့ ဆွမ်းခံဝင်တော်မူရာ အချိန်ကို။
ဒဿေန္တော၊ ပြလိုသည်။
(ဟုတွာ၊ ဖြစ်၍။)
ဘဂဝါ ကိရာတိအာဒိ၊ ဘဂဝါ ကိရ အစရှိသော စကားရပ်ကို။
(အာစရိယော) အာဟ၊ ပြီ။
အာဂတမဂ္ဂေနဝါတိ၊ ကား။
ပုဗ္ဗေ၊ ဝေသာလီမြို့သို့ ဆွမ်းခံမဝင်မီ ရှေး၌။
ယာဝဝေဠုဝဂါမကာ၊ ဝေဠုဝရွာငယ်တိုင်အောင်။
အာဂတမဂ္ဂေနေဝ၊ သာဝတ္ထိမြို့မှ ဝေဠုဝရွာသို့ ကြွလာတော်မူအပ်သော လမ်းခရီးဖြင့်ပင်။
ပဋိနိဝတ္တေန္တော၊ သာဝတ္ထိမြို့သို့ ပြန်လှည့်တော်မူလျက်။
ယထာပရိစ္ဆေဒေနာတိ၊ ကား။
ယထာပရိစ္ဆိန္နကာလေန၊ ပိုင်းဖြတ်အပ်ပြီးတိုင်းသော ကာလဖြင့်။
တတောတိ၊ ကား။
ဖလသမာပတ္တိတော၊ ဖလသမာပတ်မှ။
အယန္တိ၊ ကား။
ဣဒါနိ၊ ယခုအခါ၌။
ဝုစ္စမာနာကာရော၊ ဆိုအပ် လတ္တံ့သော အခြင်းအရာရှိသော။
(ပရိဝိတက္ကော ဥဒပါဒိ) ဒိဝါဋ္ဌာနော လောကနာဒိ၊ နေ့အခါနေတော်မူရာ ဌာနကိုကြည်ရှုတော်မူခြင်း အစရှိသော ပြုတော်မူခြင်းသည်။
ပရိနိဗ္ဗာနဿ၊ ပရိနိဗ္ဗာန်စံတော်မူခြင်း၏။
ဧကန္တိကဘာဝဒဿနံ၊ မလွဲဧကန် အဖို့ရှိသည်အဖြစ်ကို ဖော်ပြသော ပြုတော်မူခြင်းတည်း။
ဩဿဋ္ဌောတိ၊ ဩဿဋ္ဌော ဟူသည်ကား။
သတ္တာဟမေဝ၊ (၇) ရက်တိုင်အောင်သာလျှင်။
မယာ၊ ငါသည်။
ဇီဝိတဗ္ဗံ၊ အသက်ရှည်ရမည်။
ဣတိ၊ ဤသို့။
အာယုသင်္ခါရော၊ ကံတရားက စီမံပြုလုပ်အပ်သော အသက်တော်ကို။
ဝိဿဋ္ဌော၊ စွန့်လွှတ်တော်မူအပ်ပြီ။
ဇေဋ္ဌကနိဋ္ဌဘာတိကာနန္တိ၊ ဇေဋ္ဌကနိဋ္ဌဘာတိကာနံဟူသော စကားတော်ဖြင့်။
ဘဂဝါ၊ သည် သဗ္ဗေဝ- အားလုံးသာလျှင်ဖြစ်ကုန်သော။
သဗြဟ္မစာရိနော၊ သီတင်းသုံးဖော်ရဟန်းတို့ကို။
သန္ဓာယ၊ ရည်ရွယ်၍။
ဝဒတိ၊ မိန့်တော်မူ၏။
ပဋိပါဒေဿာမီတိပဋိပါဒေဿာမိ ။ ။ “ဓမ္မသေနာပတိံ ပဋိပါဒေဿာမိ”ဟူသော အဋ္ဌကထာဝါကျ၌ “ပဋိပါဒေဿာမိ- သွားခြင်းကို ပြီးစေရတော့အံ့၊ ဝါ- လိုက်ပို့ရတော့အံ့”ဟူ၍ ပခုက္ကူ ဆရာတော်ကြီး၏ အဋ္ဌကထာနိဿယ၌ အနက်ပေးတော်မူ၏၊ အဋ္ဌကထာဘာသာဋီကာ၌မူ “ပဋိပါဒေဿာမိ- လာခဲ့ရာ လမ်းစဉ်အကျင့်ကို ပြီးစေရတော့အံ့”ဟု အနက်ပေးတော်မူ၏။ “ပဋိပါဒေဿာမီတိ မဂ္ဂပဋိပတ္တိယာ နိယောဇေဿာမိ”ဟူသော ဤသုတ်ဋီကာကို ကြည့်၍ ဘာသာဋီကာဆရာတော် အနက်ပေးခြင်းဖြစ်ဟန်ရှိ၏၊ သို့သော် “မဂ္ဂပဋိပတ္တိ”ဟူသော ဋီကာပါဌ်သည် “အဒ္ဓါနမဂ္ဂပဋိပန္န”ပုဒ်နှင့် အလားတူဖြစ်၍ “မဂ္ဂပဋိပတ္တိယာ- ခရီးသွားခြင်း ကိစ္စကို၊ နိယောဇေဿာမိ- အားထုတ်ပြုလုပ်စေအံ့”ဟူ၍ ဋီကာဝါကျကို အနက်ပေးသင့်ပါ၏။ ယခင်သံယုတ်ဋီကာ၊ ဒု (၄၇၉) ၌ကား၊ “ပဋိပါဒေဿာမီတိ ဌိတကာယံ ပဋိပါဒေဿာမိ”ဟု ဖွင့်ထား၏။ ထိုဋီကာ၌ “ဌိတကာယံ”ပုဒ်နှင့် အဋ္ဌကထာမှ “ဓမ္မသေနာပတိ”ပုဒ်တို့၏ အနက်မှာ အရှင်သာရိပုတ္တရာချည်းဖြစ်သောကြောင့် “အဟံ- ငါဘုရားသည်။ ဌိတကာယံ- ရပ်နေသော ခန္ဓာကိုယ်ရှိသော ဓမ္မသေနာပတိ(သာရိပုတြာ) ကို၊ ပဋိပါဒေဿာမိ- ရပ်နေခြင်းကိစ္စပြီးဆုံး စေအံ့၊ ဝါ- ခရီးသွားမှုပြုစေအံ့”ဟု အနက်ပေးသင့်၏။ အနည်းငယ်ချဲ့ထွင်ပြရသော်
ဤသုတ်အဋ္ဌကထာ၌ ပြထားသည့်အတိုင်း ခရီးသွားမှု မပြုမီရှေးဦးစွာ အရှင်သာရိပုတြာ ထေရ်သည် မြတ်စွာဘုရား၏ ဆန္ဒတော်အရ ထန်းပင်တစ်ဆင့် နှစ်ဆင့်စသည်ဖြင့် ကောင်းကင်အတက် အဆင်းပြုလုပ်ကာ မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးဦးခိုက်ပြီး တန်ခိုးအမျိုးမျိုး ပြတော်မူလျက် လာလာသမျှ လူရှင်ရဟန်းတို့အား ကောင်းကင်ပေါ်မှပင် တရားဟောတော်မူ၏။ ထို့နောက် ကောင်းကင်ပေါ်မှ ဆင်းသက်ပြီး မြတ်စွာဘုရား၏ ခြေတော်စုံတို့ကို ရှိခိုး၍ အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် မြတ်စွာဘုရားအား လျှောက်ထားပြီး “တပည့်တော် ခရီးသွားရန် အချိန်တန်ပါပြီ”ဟု လျှောက်၏၊ ထိုအချိန်တွင် ဖြစ်ခဲ့သော အကြောင်းအရာများကို
ဘဂဝါ “ဓမ္မသေနာပတိံ ပဋိပါဒေဿာမီတိ ဓမ္မာသနာ ဝုဋ္ဌာယ ဂန္ဓကုဋိအဘိမုခေါ မဏိဖလကေ အဋ္ဌာသိ”ဟူ၍ အဋ္ဌကထာ၌ ပြထား၏။ ယင်းသို့ ပြထားသည့်အတိုင်း အရှင် သာရိပုတြာပရိနိဗ္ဗာန်စံရန် ခရီးထွက်ဖို့အတွက် မြတ်စွာဘုရားသည် နှုတ်တော်ဖြင့်လည်းခွင့်ပြုတော်မူ၏၊ ကိုယ်တော်အားဖြင့်လည်း ခွင့်ပြုတော်မူ၏။ နှုတ်တော်ဖြင့် ခွင့်ပြုတော်မူပုံမှာ “ယဿ ဒါနိ တွံ သာရိပုတ္တ ကာလံ မညသိ” ဟူသည်တည်း၊ ထို့နောက် ခရီးသွားခါနီး အရို အသေပြုနေသော အရှင်သာရိပုတြာအား “ဓမ္မသေနာပတိံ ပဋိပါဒေဿာမိ (ငါဘုရားသည် ရပ်တည်လျက်နေသော သာရိပုတြာအား ရပ်ခြင်းကိစ္စပြီးဆုံးစေမည်”ဟု ရည်ရွယ်တော်မူကာ ကိုယ်တော်ဖြင့် ခရီးသွားခွင့်ပြုခြင်းကိစ္စကို (လိုက်ပို့ခြင်းကိစ္စကို) ပြုတော်မူသည့်အနေဖြင့် တရားဟောပလ္လင်ပေါ်ထိုင်နေတော်မူရာမှ ထတော်မူကာ ဂန္ဓကုဋိတိုက်တော် အထိ ကြွလှမ်းတော်မူ၍ ဂန္ဓကုဋိမုခ်ဦး၌ ခင်းထားအပ်သော ပတ္တမြားကျောက်စီ ပျဉ်ချပ်ပေါ်၌ ရပ်တော်မူ၏။ (ထိုနေရာတိုင်အောင် မြတ်စွာဘုရား ကိုယ်တော်တိုင် အရှင်သာရိပုတြာထေရ်ကို လိုက်ပို့တော်မူ၏။) ထိုမြတ်စွာဘုရား ရပ်တော်မူရာ ဌာန၏ အနီးပတ်ပတ်လည်၌ ဝိုင်းအုံရပ်နေကြသော ရဟန်းတို့ကို “ရဟန်းတို့- အသင်တို့ အကိုကြီးကို လိုက်ပို့ကြ” ဟု မြတ်စွာဘုရား မိန့်တော်မူသောအခါ ထိုရဟန်းအားလုံးသည် ဇေတဝန်ကျောင်းတိုက် တံခါးမုခ်တိုင်အောင် လိုက်ပို့ကြကုန်၏။ ၊ ကား။ မဂ္ဂပဋိပတ္တိယာ၊ ခရီးကြွသွားခြင်းကို။ နိယောဇေဿာမိ၊ အားထုတ်ပြုလုပ်စေတော်မူအံ့။
ဤသုတ်အဋ္ဌကထာ၌ ပြထားသည့်အတိုင်း ခရီးသွားမှု မပြုမီရှေးဦးစွာ အရှင်သာရိပုတြာ ထေရ်သည် မြတ်စွာဘုရား၏ ဆန္ဒတော်အရ ထန်းပင်တစ်ဆင့် နှစ်ဆင့်စသည်ဖြင့် ကောင်းကင်အတက် အဆင်းပြုလုပ်ကာ မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးဦးခိုက်ပြီး တန်ခိုးအမျိုးမျိုး ပြတော်မူလျက် လာလာသမျှ လူရှင်ရဟန်းတို့အား ကောင်းကင်ပေါ်မှပင် တရားဟောတော်မူ၏။ ထို့နောက် ကောင်းကင်ပေါ်မှ ဆင်းသက်ပြီး မြတ်စွာဘုရား၏ ခြေတော်စုံတို့ကို ရှိခိုး၍ အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် မြတ်စွာဘုရားအား လျှောက်ထားပြီး “တပည့်တော် ခရီးသွားရန် အချိန်တန်ပါပြီ”ဟု လျှောက်၏၊ ထိုအချိန်တွင် ဖြစ်ခဲ့သော အကြောင်းအရာများကို
ဘဂဝါ “ဓမ္မသေနာပတိံ ပဋိပါဒေဿာမီတိ ဓမ္မာသနာ ဝုဋ္ဌာယ ဂန္ဓကုဋိအဘိမုခေါ မဏိဖလကေ အဋ္ဌာသိ”ဟူ၍ အဋ္ဌကထာ၌ ပြထား၏။ ယင်းသို့ ပြထားသည့်အတိုင်း အရှင် သာရိပုတြာပရိနိဗ္ဗာန်စံရန် ခရီးထွက်ဖို့အတွက် မြတ်စွာဘုရားသည် နှုတ်တော်ဖြင့်လည်းခွင့်ပြုတော်မူ၏၊ ကိုယ်တော်အားဖြင့်လည်း ခွင့်ပြုတော်မူ၏။ နှုတ်တော်ဖြင့် ခွင့်ပြုတော်မူပုံမှာ “ယဿ ဒါနိ တွံ သာရိပုတ္တ ကာလံ မညသိ” ဟူသည်တည်း၊ ထို့နောက် ခရီးသွားခါနီး အရို အသေပြုနေသော အရှင်သာရိပုတြာအား “ဓမ္မသေနာပတိံ ပဋိပါဒေဿာမိ (ငါဘုရားသည် ရပ်တည်လျက်နေသော သာရိပုတြာအား ရပ်ခြင်းကိစ္စပြီးဆုံးစေမည်”ဟု ရည်ရွယ်တော်မူကာ ကိုယ်တော်ဖြင့် ခရီးသွားခွင့်ပြုခြင်းကိစ္စကို (လိုက်ပို့ခြင်းကိစ္စကို) ပြုတော်မူသည့်အနေဖြင့် တရားဟောပလ္လင်ပေါ်ထိုင်နေတော်မူရာမှ ထတော်မူကာ ဂန္ဓကုဋိတိုက်တော် အထိ ကြွလှမ်းတော်မူ၍ ဂန္ဓကုဋိမုခ်ဦး၌ ခင်းထားအပ်သော ပတ္တမြားကျောက်စီ ပျဉ်ချပ်ပေါ်၌ ရပ်တော်မူ၏။ (ထိုနေရာတိုင်အောင် မြတ်စွာဘုရား ကိုယ်တော်တိုင် အရှင်သာရိပုတြာထေရ်ကို လိုက်ပို့တော်မူ၏။) ထိုမြတ်စွာဘုရား ရပ်တော်မူရာ ဌာန၏ အနီးပတ်ပတ်လည်၌ ဝိုင်းအုံရပ်နေကြသော ရဟန်းတို့ကို “ရဟန်းတို့- အသင်တို့ အကိုကြီးကို လိုက်ပို့ကြ” ဟု မြတ်စွာဘုရား မိန့်တော်မူသောအခါ ထိုရဟန်းအားလုံးသည် ဇေတဝန်ကျောင်းတိုက် တံခါးမုခ်တိုင်အောင် လိုက်ပို့ကြကုန်၏။ ၊ ကား။ မဂ္ဂပဋိပတ္တိယာ၊ ခရီးကြွသွားခြင်းကို။ နိယောဇေဿာမိ၊ အားထုတ်ပြုလုပ်စေတော်မူအံ့။
မဏိဖလကေတိ၊ ကား။
မဏိခစိတေ၊ ပတ္တမြားဖြင့် စီခြယ်အပ်သော။
ပမုခေ၊ ဂန္ဓကုဋိတိုက်အဝင်မုခ်ဦး၌။
အတ္ထတ ဖလကေ၊ ခင်းထား အပ်သော ပျဉ်ချပ်၌။
(အဋ္ဌာသိ၊ ရပ်တော်မူပြီ။)
တံ ပဌမဒဿနန္တိ၊ ကား။
ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတိုက်၌။
ပရိဗ္ဗာဇကရူပေန၊ ပရိဗိုဇ်အသွင်ဖြင့်။
အာဂတဿ၊ လာသော။
(မေ၊ တပည့်တော်၏။)
ယံ ဒဿနံ၊ အကြင်မြတ်စွာဘုရားကို ဖူးမြင်ခြင်းသည်။
သိဒ္ဓံ၊ ပြီးစီးခဲ့ပါပြီ။
တံ၊ ထိုဖူးမြင်ခြင်းသည်။
ပဌမဒဿနံ၊ ရှေးဦးစွာ ဖူးရခြင်းပါတည်း။
ဝါ၊ တနည်းကား။
အနောမဒဿိဿ၊ အနောမဒဿီမည်တော်မူသော။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဝစနံ၊ စကားတော်ကို။
သဒ္ဒဟန္တေန၊ ယုံကြည်လျက်။
ဝါ၊ ယုံကြည်သော။
(မယာ၊ တပည့်တော်သည်။)
တဒါ၊ ထိုအနောမဒဿီ မြတ်စွာဘုရား၏ လက်ထက်တော်၌။
အဘိနီဟာရကာလေ၊ အဂ္ဂသာဝကပါရမီဉာဏ်သို့ စိတ်ကိုရှေ့ရှုဆောင်မှု ဆုတောင်းပြုရာအခါ၌။
ပစ္စက္ခတော၊ မျက်မြင်ဒိဋ္ဌအားဖြင့်။
(ဒဿနံဝိယ၊ ဖူးတွေ့ရခြင်းကဲ့သို့။)
တုမှာကံ၊ ရှင်တော်မြတ်ဘုရားတို့ကို။
ယံ ဒဿနံ၊ အကြင် ဖူးတွေ့ခြင်းသည်။
သိဒ္ဓံ၊ ပြီးစီးခဲ့ပါပြီ။
တံ၊ ထိုဖူးတွေ့ရခြင်းသည်။
ပဌမမဒဿနံ၊ တည်း။
ပစ္စာဂမနစာရိကန္တိ၊ ကား။
ပစ္စာဂမနတ္ထံ၊ ပြန်ကြွလာခြင်း အကျိုးငှာ။
စာရိကံ၊ ခရီးဒေသစာရီ ကြွချီတော်မူခြင်းကို။
ဝါ၊ မူခြင်းဖြင့်။
(စရတိ)။
သတ္တာဟန္တိ၊ သတ္တာဟံ ဟူသော သဒ္ဒါသည်။
အစ္စန္တသံ ယောဂေ၊ အစ္စန္တသံယောဂအနက်၌။
ဥပယောဂဝစနံ၊ ဒုတိယာဝိဘတ်ရှိသော သဒ္ဒါတည်း။
ထေရဿ၊ အရှင်သာရိပုတြာထေရ်၏။
ဇာတောဝရကဂေဟံ၊ ဖွားမြင်ရာ တိုက်ခန်းရှိသော အိမ်သည်။
ဣတရဂေဟတော၊ အခြားအိမ်ထက်။
ဝိဝေကဋ္ဌံ၊ ဆိတ်ငြိမ်စွာ တည်ရှိသည်။
[ဝိဝေကံ ဟုတွာ တိဋ္ဌတီတိ ဝိဝေကဋ္ဌံ]
ဝိဝဋင်္ဂဏဉ္စ၊ ဟင်းလင်းပွင့်သော အပြင်လည်းရှိသည်။
ဟောတိ ကိရ၊ ဖြစ်သတတ်။
တသ္မာ၊ ထို့ကြောင့်။
ဇာတောဝရကံ ပဋိဇဂ္ဂထာတိ၊ ဖွားမြင်ရာ တိုက်ခန်းကို သုတ်သင်ကြကုန်လော ဟူ၍။
(ထေရေန၊ အရှင်သာရိပုတြာထေရ်သည်။)
ဝုတ္တံ၊ မိန့်ဆိုတော်မူအပ်ပြီ။
သောတိ၊ သောဟူသည်ကား။
ဥပရေဝတော၊ ဥပရေဝတသည်။
တံ ပဝတ္တိန္တိ၊ ကား။
တတ္ထ၊ ထို့ဖွားမြင်တော်မူရာ တိုက်ခန်း၌။
ဝသိတုကာမတာယ၊ နေတော်မူလိုသည်အဖြစ်ဟူသော ဆန္ဒတော်ဖြင့်။
ဝုတ္တံ၊ မိန့်ဆိုအပ်ပြီးသော။
တံ၊ ထိုအကြောင်းအရာကို။
(အာရောစေသိ၊ ပြောပြီ။)
ဇာနန္တာပိ တထာဂတာ ပုစ္ဆန္တီတိ၊ မြတ်စွာဘုရားတို့သည် သိတော် မူကုန်လျက် လည်း မေးကုန်၏ ဟူသော။
ဣမိနာ နီဟာရေန၊ ဤမေးပုံမေးနည်းဖြင့်။
ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။
ကေ တုမှေတိ၊ အသင်တို့ အဘယ်သူများလဲ ဟူ၍။
ပုစ္ဆိ၊ နတ်ဗြဟ္မာတို့ကို မေးတော်မူပြီ။
တွံ၊ အသင်ချစ်သားသည်။
စတူဟိ၊ လေးဦးကုန်သော။
မဟာရာဇေဟိ၊ နတ်မင်းကြီးတို့ထက်။
မဟန္တတရော၊ သာ၍ မြင့်မြတ်ပါသလော။
ဣတိ၊ ဤသို့။
ပုဋ္ဌော၊ မယ်တော်ကြီးက မေးမြန်းအပ်သည်။
(သမာနော၊ ဖြစ်လသော်။)
အတ္တနော၊ မိမိဟူသော ထေရ်ရှင်၏။
မဟတ္တံ၊ မြင့်မြတ်သည် အဖြစ်ကို။
သတ္ထု၊ မြတ်စွာဘုရား၏။
ဥပရိ၊ အထက်၌။
ပက္ခိပန္တော၊ တင်လွှမ်းတော် မူလိုသည်အဖြစ်ကြောင့်။
အာရာမိက ။ပ။ သတ္ထုနောတိ၊ ဟူ၍။
(ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။)
အာဟ၊ မိန့်ကြားတော်မူပြီ။
ဟိ၊ မိန့်ဆိုသင့်ပေ၏။
သာဝကသမ္ပတ္တိကိတ္တနမ္ပိ၊ သာဝကတို့၏ ပြည့်စုံသော ဂုဏ်ကို ထုတ်ဖော် မြွက်ကြားခြင်းသည်လည်း။
အတ္ထတော၊ အနက်အဓိပ္ပါယ် သက်ရောက်သောအားဖြင့်။
သတ္ထု၊ ဆရာမြတ်စွာဘုရား၏။
သမ္ပတ္တိံယေဝ၊ ပြည့်စုံသော ဂုဏ်ကိုသာလျှင်။
ဝိဘာဝေတိ၊ ထင်ရှားပြ၏။
သောတာပတ္တိဖလေ ပတိဋ္ဌာယာတိ၊ ကား။
ထေရဿ၊ အရှင်သာရိပုတ္တရာထေရ်၏။
ဒေသနာနုဘာဝေနစ၊ တရား ဒေသနာတော်၏ အစွမ်းကြောင့်လည်းကောင်း။
အတ္တနော၊ မိမိ၏။ (မိမိဟူသော မယ်တော် ပုဏ္ဏေးမကြီး၏။)
ဥပနိဿယသမ္ပတ္တိယာ၊ သောတာပတ္တိဖိုလ်၏ အားကြီးသော မှီရာ အကြောင်းဖြစ်သော ကုသိုလ်ပါရမီ၏ ပြည့်စုံခြင်းကြောင့်။(ပြည့်စုံသည့်အတွက်)
ဉာဏဿ၊ ဉာဏ်၏။
ပရိပက္ကတ္တာစ၊ ရင့်ကျက်သည်အဖြစ်ကြောင့် လည်းကောင်း။
သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။
ပတိဋ္ဌဟိတွာ၊ တည်၍။
(ပုတ္တံ အာဟ) အယန္တိ၊ ကား။
ယထာဝုတ္တာ၊ ဆိုအပ်ခဲ့ပြီးသမျှ စကားသည်။
ဧတ္ထာတိ၊ ကား။
ဝေသာလိံ ပိဏ္ဍာယ ပါဝိသီတိ၊ ဝေသာလိံ ပိဏ္ဍာယ ပါဝိသိဟူ၍။
(ဝုတ္တေ၊ မိန့်ဆို အပ်သော။)
ဧတသ္မိံ ဝေသာလိပ္ပဝေသေ၊ ဤသို့ဝေသာလီမြို့သို့ ဆွမ်းခံဝင်တော်မူခြင်း ကိစ္စ၌။
အနုပုဗ္ဗီကထာတိ၊ ကား။
အနုပုဗ္ဗဒီပနီ၊ မြတ်စွာဘုရား ကြွတော်မူရာ ခရီးအစဉ်ကို ဖော်ပြသော။
ကထာ၊ စကားတည်း။
ဥဒေနယက္ခဿ စေတိယဋ္ဌာနေတိ၊ ကား။
ဥဒေနဿ နာမ၊ ဥဒေနမည် သော။
ယက္ခဿ၊ နတ်၏။
အာယတနဘာဝေန၊ နေရာဌာန၏ အဖြစ်ဖြင့်။
ဣဋ္ဌကာဟိ၊ အုတ်တို့ဖြင့်။
စိတေ၊ စီအပ်သော။
မဟာဇနဿ၊ များစွာသော လူအပေါင်း၏။
စိတ္တီကတဋ္ဌာနေ၊ စိတ်၌ပြုအပ် (ထားအပ်)သော အရပ်၌။
ဝါ၊ အလေးအမြတ် ပြုအပ်သော နတ်နန်း နတ်ကွန်း၌။
ကတဝိဟာရောတိ၊ ကား။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဥဒ္ဒိဿ၊ ရည်စူး၍။
ကတဝိဟာရော၊ ဆောက်လုပ်အပ်သော ကျောင်းတော်ကို။
ဝုစ္စတီတိ၊ ကား။
ပုရိမဝေါဟာရေန၊ ရှေး၌ဖြစ်သော အခေါ်အဝေါ် အားဖြင့်။
ဥဒေနစေတိယန္တိ၊ ဥဒေနစေတိယဟူ၍။
ဝုစ္စတိ၊ (ဘူတပုဗ္ဗဂတိကနည်းအားဖြင့်) ခေါ်ဆိုအပ်၏။
ဂေါတမကာဒီသုပီတိ၊ ကား။
ဂေါတမကစေတိယန္တိဧဝမာဒီသုပိ၊ ဂေါတမကစေတိယံ ဤသို့အစရှိသော သဒ္ဒါတို့၌လည်း။
ဧသေဝ နယောတိ၊ ဧသေဝ နယောဟူသော သဒ္ဒါဖြင့်။
စေတိယဋ္ဌာနေ၊ စေတီနတ်ကွန်းတည်ရာ ဌာန၌။
ကတဝိဟာရဘာဝံ၊ ဆောက်လုပ်အပ်သော ကျောင်းတော်၏ အဖြစ်ကို။
(အာစရိယော၊ သည်။)
အတိဒိသတိ၊ ညွှန်ပြတော်မူ၏။
ဝဍ္ဎိတာတိ၊ ကား။
ဘာဝနာပါရိပူရိဝသေန၊ ဖြစ်ပွားစေခြင်းကိစ္စ၏ ပြည့်စုံလုံလောက်ခြင်း အနေအားဖြင့်။
ပရိဗြူဟိတာ၊ တိုးပွားစေအပ်ကုန်ပြီ။
ပုနပ္ပုနံ ကတာတိ၊ ကား။
ဘာဝနာယ၊ ဖြစ်ပွားစေခြင်း ကိစ္စကို။
ဗဟုလီကရဏေန၊ ကြိမ်ဖန်များစွာ ပြုခြင်းအားဖြင့်။
အပရာပရံ၊ အဖန်ဖန် အထပ်ထပ်။
ပဝတ္တိတာ၊ ဖြစ်စေအပ်ပြီးကုန်ပြီ။
ယုတ္တယာနံဝိယကတာတိ၊ ကား။
ယုတ္တံ၊ ယှဉ်တပ်အပ်ပြီးသော။
အာဇညယာနံ၊ အာဇာနည်မြင်း ယာဉ်ရထားသည်။
ဆေကေန၊ ကျွမ်းကျင်သော။
သာရထိနာ၊ ရထားထိန်းသည်။
အဓိဋ္ဌိတံ၊ စီမံအုပ်ထိန်းအပ်သည်။
(သမာနံ၊ ဖြစ်လသော်။)
ယထာရုစိ၊ အလိုဆန္ဒအတိုင်း။
ပဝတ္တတိ ယထာ၊ ဖြစ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ယထာရုစိပဝတ္တိရဟတံ၊ အလိုဆန္ဒအတိုင်းဖြစ်ခြင်းငှာ ထိုက်သည် အဖြစ်သို့။
ဂမိတာ၊ ရောက်စေအပ်ပြီးကုန်ပြီ။
ပတိဋ္ဌာနဋ္ဌေနာတိ၊ ကား။
သဗ္ဗသမ္ပတ္တိအဓိဋ္ဌာနဋ္ဌေန၊ သမ္ပတ္တိအားလုံး၏ တည်ရာ၏ အဖြစ်ကြောင့်။
[အင်္ဂုတ္တိုရ်ဋီကာ၊ တ (၂၀၃) အဋ္ဌကနိပါတ်ပါဠိတည်း]
ဝတ္ထုဝိယ ကတာယာတိ၊ ကား။
သဗ္ဗသော၊ ကြွင်းမဲ့ဥဿုံ အကုန်အစင်။
ဥပက္ကိလေသဝိသောဓနေန၊ စိတ်ကို ပူးကပ်နှိပ်စက်တတ်သော ကိလေသာတို့ကို သုတ်သင်ခြင်းကြောင့်။
ဣဒ္ဓိဝိသယတာယ၊ ပြီးစီးထမြောက်သော တန်ခိုး၏ ဖြစ်ရာ၏ အဖြစ်အားဖြင့်။
ပဝတ္တိဋ္ဌာနဘာဝတော၊ ဖြစ်ရာဌာန၏ အဖြစ်ကြောင့်။
သုဝိသောဓိတပရိဿယဝတ္ထု ဝိယ၊ ကောင်းစွာသုတ်သင်အပ်ပြီးသော ဘေးရန်ရှိသော တည်ရာဌာနကဲ့သို့။
ဝါ၊ ဘေးရန်တို့ကို ကောင်းစွာ သုတ်သင်ပြီးသော တည်ရာဌာနကဲ့သို့။
ကတာ၊ ပြုအပ်ပြီးကုန်ပြီ။
အဓိဋ္ဌိတာတိ၊ ကား။
ပဋိပက္ခဒူရီဘာဝတော၊ ဆန့်ကျင်ဘက် အကုသိုလ်တို့ ဝေးကွာသည်အဖြစ်ကြောင့်။
သုဘာဝိတဘာဝေန၊ ကောင်းစွာဖြစ်ပွား စေအပ်ပြီးသည်အဖြစ်ဖြင့်။
တံတံအဓိဋ္ဌာနယောဂျတာယ၊ ထိုထိုစွဲမြဲစွာ ရပ်တည်ခြင်းငှာ သင့်လျော်သည် အဖြစ်ဟူသော အကျိုးငှာ။
ဌပိတာ၊ ထားအပ်ပြီးကုန်ပြီ။
သမန္တတော စိတာတိ၊ ကား။
သဗ္ဗဘာဂေန၊ အားလုံးသော အဖို့အားဖြင့်။
ဘာဝနာနုရူပစယံ၊ နဂိုမူလဖြစ်ပွားစေခြင်း အားလျော်စွာ ဆည်းပူးခြင်းသို့။
[ယခင်အင်္ဂုတ္တိုရ်ဋီကာ]
ဂမိတာ၊ ရောက်စေအပ်ပြီးကုန်ပြီ။
တေန၊ ထို့ကြောင့်။
သုဝဍ္ဎိတာတိ၊ ဟူ၍။
(အာစရိယော) အာဟ၊ ပြီ။
သုဋ္ဌု သမာရဒ္ဓါတိ၊ ကား။
ဣဒ္ဓိဘာဝနာယ၊ တန်ခိုးအစွမ်းဖြစ်ပွားစေခြင်း၏။
သိခါပ္ပတ္တိယာ၊ အထွတ် အထိပ်သို့ ရောက်ခြင်းငှာ။
သမ္မဒေဝ၊ ကောင်းစွာသာလျှင်။
သံသေဝိတာ၊ မှီဝဲအပ်ပြီး ကုန်ပြီ။
အနိယမေနာတိ၊ ကား။
ယဿ ကဿစီတိ၊ မည်သူမဆို ပုဂ္ဂိုလ် တစ်ဦးဦးသည် ဟူ၍။
အနိယမဝစနေန၊ ပုဂ္ဂိုလ်အတိအကျသတ်မှတ်ခြင်းမရှိသော စကားဖြင့်။
(ကထေတွာ၊ ၍။)
နိယမေတွာတိ၊ ကား။
တထာဂတဿာတိ၊ တထာဂတဿဟူ၍။
သရူပဒဿနေန၊ သရုပ်အထည်ကိုယ်ဒြပ် အတိအကျဖော်ပြခြင်းအားဖြင့်။
နိယမေတွာ၊ သတ်မှတ်၍။
အာယုပ္ပမာဏန္တိ၊ အာယုပ္ပမာကံဟူသော သဒ္ဒါဖြင့်။
ပရမာယုပ္ပမာဏံ၊ အလွန်ဆုံးရှည်သော အသက်တမ်းပမာဏကို။
(အာစရိယော၊ အဋ္ဌကထာဆရာသည်။)
ဝဒတိ၊ မိန့်ဆို၏။
တဿေဝ၊ ထိုအလွန်ဆုံးရှည်သော အသက်တမ်းပမာဏကို။
ဂဟဏေ၊ ယူခြင်း၌။
ကာရဏံ၊ အကြောင်းပြစကားကို။
ဗြဟ္မဇာလသုတ္တဝဏ္ဏနာယံ၊ ဗြဟ္မဇာလသုတ်ကို ဖွင့်ရာအခန်း၌။
ဝုတ္တနယေနေဝ၊ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင်။
ဝေဒိတဗ္ဗံ၊ သိထိုက်၏။သိပါလေ။
ပန၊ အဋ္ဌကထာဝါဒမှ တပါး ထေရဝါဒကို ပြရသော်ကား။
မဟာသိဝတ္ထေရော၊ မဟာသိဝထေရ်သည်။
(အဝေါစ၊ ၌စပ်။)
မဟာဗောဓိသတ္တာနံ၊ မြတ်သောဘုရားအလောင်းတော်တို့၏။
စရိမဘဝေ၊ နောက်ဆုံးဘဝ၌။
ပဋိသန္ဓိဒါယိနော၊ ပဋိသန္ဓေအကျိုးကို ပေးသော။
ကမ္မဿ၊ ကုသိုလ်ကံ၏။
အသင်္ချေယျာ၊ ယုကတာသံဝတ္တနသမတ္ထတံ- ရေတွက်မရ အသင်္ချေယျ အသက်ရှည်သည် အဖြစ်ကိုဖြစ်စေခြင်းငှာ စွမ်းနိုင်သည်အဖြစ်ကို။
ဟဒယေ၊ စိတ်နှလုံး၌။
ဌပေတွာ၊ ထား၍။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။
အာယုသင်္ခါရဿ၊ ကုသိုလ်ကံသည် စီမံပြုလုပ်အပ်သော အသက်တော်၏။
ပရိဿယဝိက္ခမ္ဘနသမတ္ထတာ၊ ဘေးရန်ကို ပယ်ခွါခြင်း၌ စွမ်းနိုင်သည်အဖြစ်သည်။
ပါဠိယံ၊ ပါဠိတော်၌။(မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်၌။)
အာဂတာ ဧဝ၊ လာသည်(ပါရှိသည်) သာတည်း။
ဣတိ၊ ထို့ကြောင့်။
ဣမံ ဘဒ္ဒကပ္ပမေဝ၊ ဤဘဒ္ဒကမ္ဘာပတ်လုံးပင်။
(တထာဂတော၊ မြတ်စွာဘုရားသည်။)
တိဋ္ဌေယျ၊ သက်တော်ရှည်ရှည် တည်တော်မူနိုင်၏။
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်ဆိုတော်မူပြီ။
ခဏ္ဍိစ္စာဒီဟိ အဘိဘုယျတီတိဧတေန၊ ခဏ္ဍိစ္စာဒီဟိ အဘိဘုယျ တိ - ဟူသောဤစကားဖြင့်။
ဣဒ္ဓိဗလေန၊ တန်ခိုးအစွမ်းဖြင့်။
ဇရာယ၊ အိုမင်းရင့်ရော်ခြင်းကို။
ပဋိဃာတော၊ တားဆီးကာကွယ်နိုင်ခြင်းသည်။
နဟောတိ ယထာ၊ မဖြစ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
တေန၊ ထိုတန်ခိုးအစွမ်းဖြင့်။
မရဏဿပိ၊ သေခြင်းသဘောကိုလည်း။
ပဋိဃာတော၊ သည်။
နဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့မဖြစ်ခြင်းသည်။
အတ္ထတော၊ တိုက်ရိုက်မဆိုသော်လည်း ဆိုသကဲ့သို့ဖြစ်သော အနက်အားဖြင့်။
အာပန္နမေဝ၊ သက်ရောက်တော့သည်သာတည်း။
ဣတိ၊ ထို့ကြောင့်လည်းကောင်း။
(သမတ္ထိတံ၊ ၌စပ်။)
ကွ၊ အဘယ်အရပ်၌။
သရော၊ မြားကို။
ခိတ္တော၊ ပစ်အပ်ပါသနည်း။
ကွစ၊ အဘယ်အရပ်၌လည်း။
သရော၊ မြားသည်။
နိပတိတော၊ ကျပါလိမ့်မည်နည်း။
ဣတိ၊ ဤသို့ အတိအကျမသိနိုင်သည် အဖြစ်ကြောင့်လည်းကောင်း။
(သမတ္တိတံ၊ ၌ပင်စပ်။)
အညထာ၊ အဋ္ဌကထာအဆိုမှ တပါးတခြား ကွဲလွဲသောအားဖြင့်။
ဝုဋ္ဌိတေနပိ၊ ပေါ်ထွက်လာပါသော်လည်း။
ဝါ၊ ဆိုအပ်သည်လည်းဖြစ်သော။
ထေရဝါဒေန၊ မဟာသိဝထေရ်၏ အဆိုအမိန့်စကားသည်။
အဋ္ဌကထာဝစနမေဝ၊ အဋ္ဌကထာ စကားကိုပင်။
သမတ္ထိတံ၊ ခိုင်မြဲစေအပ်လေပြီ။
ဝါ၊ ထောက်ခံရာ ရောက်နေလေပြီ။ (ပြခဲ့သော အကြောင်းနှစ်မျိုးကြောင့် အဋ္ဌကထာစကားကို ထောက်ခံရာရောက်နေပြီဟူလို)
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗံ၊ မှတ်သင့်၏။
တေန၊ ထို့ကြောင့်။
သော နရုစ္စတိ ။ပ။ နိယမိတန္တိ၊ ဟူ၍။
(အာစရိယော) အာဟ။
ပရိယုဋ္ဌိတစိတ္တောတိ၊ ကား။
ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။
(မာရေန၊ မာရ်နတ်သည်။
ယဿ ကဿစိ၊ တဦးဦး၏။
စိတ္တေ၊ စိတ်ကို။
အဘိဘူတေ၊ လွှမ်းမိုးအပ်လသော်။
တေနအဘိဘူတစိတ္တေန၊ ထိုလွှမ်းမိုးခံရသော စိတ်ရှိသောသူသည်။)
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
အတ္ထာနတ္ထံ၊ အကြောင်းအရာအဖြစ်မှန် ဟုတ်သည် အဖြစ်မှန်မဟုတ်သည်ကို။
သလ္လက္ခေတုံ၊ မှတ်သားခြင်းငှာ။
နသက္ကာ၊ မတတ်နိုင်။
ဧဝံ၊ ဤသို့မတက်နိုင်လောက်အောင်။
(မာရေန၊ မာရ်နတ်သည်။)
အဘိဘူတစိတ္တော၊ လွှမ်းမိုးအပ်သော စိတ်ရှိသော။
(အညော၊ အရှင်အာနန္ဒာနှင့် အရိယာပုဂ္ဂိုလ်တို့မှ အခြားသော။
ပုထုဇ္ဇနောပိ၊ ပုထုဇ္ဇဉ်ပုဂ္ဂိုလ်သည်လည်း။)
ပန၊ ဆက်ဦးအံ့။
သော အဘိဘဝေါ၊ ထိုလွှမ်းမိုးခံရခြင်းသည်။
မဟတာ၊ ကြီးစွာသော။
ဥဒကောဃေန၊ ရေအလျဉ်သည်။
အပ္ပကဿ၊ အနည်းငယ်သော။
ဥဒကဿ၊ ရေကို။
အဇ္ဈောတ္ထရဏံ ဝိယ၊ လွှမ်းမိုးခြင်းကဲ့သို့။
အဟောသိ၊ ဖြစ်ပြီ။
ဣတိ၊ ဤအနက်ကို ပြလိုသည် အဖြစ်ကြောင့်။
အဇ္ဈောတ္ထတစိတ္တောတိ၊ အဇ္ဈောတ္ထတစိတ္တောဟူ၍။
(အာစရိယေန)
ဝုတ္တံ၊ ပြီ။
အညောပီတိ၊ ကား။
ထေရတော၊ အရှင်အာနန္ဒာထေရ်မှ။
(အညော၊ အခြားသော။)
ဝါ၊ သို့မဟုတ်။
အရိယေဟိ၊ အရိယာပုဂ္ဂိုလ်တို့မှ။
အညော၊ အခြားသော။
ယောကောစိ၊ အမှတ်မရှိ တစ်ဦးဦးသော။
ပုထုဇ္ဇနောပိ၊ ပုထုဇ္ဇဉ် ပုဂ္ဂိုလ်သည်လည်း။
စ၊ ဆိုဖွယ်အထူးကား။
ဧတ္ထ၊ ဤမာရေန ပရိယုဋ္ဌိတစိတ္တော- ဟူသော ပုဒ်တို့၏ အဖွင့်စကားရပ်၌။
ပုထုဇ္ဇနဂ္ဂဟဏံ၊ ပုထုဇ္ဇနသဒ္ဒါသည်။
ဝါ၊ ပုထုဇ္ဇဉ် ပုဂ္ဂိုလ်ကိုယူခြင်းသည်။
(ဒဿနတ္ထံ၊ ၌ စပ်ပါ။)
သဗ္ဗေန၊ အားလုံးစုံသော အခြင်းအရာအားဖြင့်။
သဗ္ဗံ၊ အားလုံးစုံ အကုန်အစင်။
(တနည်း၊ သဗ္ဗေနသဗ္ဗံ- အချင်းခပ်သိမ်း။)
အပ္ပဟီနဝိပလ္လာသော၊ မပယ်အပ်သေးသော ဝိပလ္လာသရှိသည်။
(ဟုတွာ၊ ဖြစ်၍။)
မာရေန၊ သည်။
ပရိယုဋ္ဌိတစိတ္တော၊ လွှမ်းမိုးအပ်သော စိတ်ရှိသော ပုထုဇ္ဇဉ်ပုဂ္ဂိုလ်သည်။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
အတ္ထံ၊ အကြောင်းအရာ အဖြစ်မှန်ကို။
သလ္လက္ခေတုံ၊ မှတ်သားခြင်းငှာ။
န သက္ကောတိ ယထာ၊ မစွမ်းနိုင်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ထေရော၊ အရှင်အာနန္ဒာထေရ်သည်။
ဘဂဝတော၊ မြတ်စွာဘုရားသည်။
ကတံ၊ ပြုတော်မူအပ်သော။
နိမိတ္တောဘာသံ၊ သွယ်ဝိုက်ချိပ်ရိပ်ပရိယာယ် အရိပ်နိမိတ်ပြ စကားနှင့် အသွယ်မဝိုက် တိုက်ရိုက်ရှင်းရှင်း ပွင့်လင်းသော စကားကို။
[နောက်၌ဖွင့်လတ္တံ့]
သဗ္ဗသော၊ အားလုံးစုံ အကုန်အစင်။
န သလ္လက္ခေသိ၊ မမှတ်သားနိုင်။
ဣတိ၊ ဤသို့သော အနက်ကို။
ဒဿနတ္ထံ၊ ပြခြင်း အကျိုးရှိ၏။
တေန၊ ထို့ကြောင့်။
အာဟ၊ အဋ္ဌကထာဆရာ မိန့်ဆိုတော်မူသည်ကား။
မာရော ဟီတိအာဒိ၊ မာရောဟိ- အစရှိသည်တည်း။
စတ္တာရော ဝိပလ္လာသာတိ၊ ကား။
အသုဘေ၊ မတင့်တယ်သော အာရုံ၌။
သုဘန္တိ၊ တင့်တယ်၏ဟူ၍။
သညာဝိပလ္လာသော၊ သညာ၏ဖောက်ပြန်သော အားဖြင့် ဖြစ်ခြင်း။
ဝါ၊ ဖောက်ပြန်သော သညာ။
စိတ္တဝိပလ္လာသော၊ စိတ်၏ဖောက်ပြန်သောအားဖြင့် ဖြစ်ခြင်း။
ဝါ၊ ဖောက်ပြန်သောစိတ်။
ဒုက္ခေ၊ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌။
သုခန္တိ၊ သုခဟူ၍။
သညာဝိပလ္လာသော၊ ခြင်း။
စိတ္တဝိပလ္လာသော၊ ခြင်း။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးမျိုးကုန်သော။
ဣမေ ဝိပလ္လာသာ၊ ဤဖောက်ပြန်သောအားဖြင့်ဖြစ်ခြင်းတို့ကို။
(ထေရဿ၊ အရှင်အာနန္ဒာထေရ်သည်။
အပ္ပဟီနာ၊ မပယ်အပ်သေးကုန်။)
[ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘဖြစ်သော အာရုံ (ခန္ဓာ) ဟူသော လေးမျိုးတို့တွင် တမျိုးတမျိုး၌ သညာ, စိတ္တ, ဒိဋ္ဌိ ဝိပလ္လာသဟူ၍ အမှတ်မှားမှု သုံးမျိုးစီရှိသောကြောင့် ဝိပလ္လာသ (၁၂) ပါးရှိရာတွင် အရှင်အာနန္ဒာမှာ ရှစ်မျိုးကိုပယ်ပြီးဖြစ်၍ ပြခဲ့သော လေးမျိုးကို မပယ်ရသေး]
တေနာတိ၊ ကား။
(ထေရဿ၊ သည်။)
ဣတရေ၊ ပြခဲ့သော လေးမျိုးမှ တပါးကုန်သော။
အဋ္ဌ၊ ရှစ်မျိုးကုန်သော။
ဝိပလ္လာသာ၊ ဝိပလ္လာသတို့ကို။
ယဒိပိ ပဟီနာ၊ အကယ်၍ ကား ပယ်အပ်ပြီးပေကုန်ပြီ။
တထာပိ၊ ထိုသို့ ပင် ပယ်အပ်ပြီး ပါကုန်သော်လည်း။
ယထာဝုတ္တာနံ၊ ဆိုအပ်ပြီးတိုင်းကုန်သော။
စတုန္နံ၊ လေးမျိုးကုန်သော။
ဝိပလ္လာသာနံ၊ ဝိပလ္လာသတို့၏။
ဝါ၊ တို့ကို။
အပ္ပဟီနဘာဝေန၊ မပယ်အပ်သေးကုန်သည် အဖြစ်ကြောင့်။
အဿာတိ၊ ကား။
ထေရဿ၊ အရှင်အာနန္ဒာထေရ်၏။
(စိတ္တံ၊ ကို။)
မဒ္ဒတီတိ၊ ကား။
(ဟဒယံ၊ နှလုံးသားကို။)
ဖုသနမတ္တေန၊ ထိရုံမျှ ထိခြင်းဖြင့်။
မဒ္ဒန္တော ဝိယ၊ နှိပ်နယ်သကဲ့သို့။ (တကယ်နှိပ်နယ်သည် မဟုတ်သော်လည်း နှိပ်နယ်သကဲ့သို့။)
ဟောတိ၊ ၏။
အညထာ၊ ထိရုံမျှ ထိခြင်းဟူသော အခြင်းအရာမှ တပါးသော တကယ်နှိပ်နယ်ခြင်းဟူသော အခြင်းအရာအားဖြင့်။
တေန၊ ထိုမာရ်နတ်သည်။
မဒ္ဒိတေ၊ တကယ်နှိပ်နယ်အပ်လသော်။
သတ္တာနံ၊ သတ္တဝါတို့၏။
မရဏမေဝ၊ သေခြင်းသည် သာလျှင်။
သိယာ၊ ဖြစ်နိုင်၏။
(ဧသ၊ ဤမာရ်နတ်သည်။
ထေရဿ၊ အရှင်အာနန္ဒာထေရ်၏။
မုခေန၊ ခံတွင်းပေါက်ဖြင့်။
ဟတ္ထံ၊ လက်ကို။
ပဝေသေတုံ၊ သွင်းခြင်းငှာ။)
ကိံ၊ အဘယ့်ကြောင့်။
သက္ခိဿတိ၊ စွမ်းနိုင်လတ္တံ့နည်း။
နသက္ခိဿတိ၊ မစွမ်းနိုင်လတ္တံ့သည်သာတည်း။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ ဆိုလိုအပ်သော အနက်တည်း။
(ဧသ၊ ဤမာရ်နတ်သည်။
ထေရဿ၊ ၏။
မုခေန၊ ဖြင့်။
ဟတ္ထံ၊ ကို။
ပဝေသေတုံ၊ ငှာ။)
ကသ္မာ၊ အဘယ့်ကြောင့်။
နသက္ခိဿတိ၊ မစွမ်းနိုင်လတ္တံ့သနည်း။
ဧသ၊ ဤမာရ်နတ်သည်။
အဂ္ဂသာဝကဿ၊ အဂ္ဂသာဝကဖြစ်သော အရှင်မဟာမောဂ္ဂလာန်ထေရ်၏။
ကုစ္ဆိံ၊ ဝမ်းတွင်းသို့။
ပဝိဋ္ဌော နနု၊ ဝင်ပြီးသည်မဟုတ်ပါလော။
ဣတိ၊ ဤကားအမေးပုစ္ဆာတည်း။
(တံ ဝစနံ၊ ထိုအရှင်မဟာမောဂ္ဂလာန်ထေရ်၏ ဝမ်းတွင်းသို့ ဝင်းဖူးပြီးဟု ဆိုအပ်သော စကားသည်။)
သစ္စံ၊ မှန်ပေ၏။
(ဧသ၊ သည်။
အဂ္ဂသာဝကဿ၊ ၏။
ကုစ္ဆိံ၊ သို့။)
ပဝိဋ္ဌော၊ ဝင်ဖူးပေ၏။
စ၊ သို့သော်လည်း။
တံ၊ ထိုသို့ အရှင်မဟာ မောဂ္ဂလာန်၏ ဝမ်းသို့ ဝင်ခြင်းသည်။
အတ္တနော၊ မိမိ၏။
အာနုဘာဝဒဿနတ္ထံ၊ အစွမ်းအာနုဘော်တန်ခိုးကို ပြခြင်းအကျိုးငှာ။
(ဟောတိ၊ ဖြစ်၏။)
ဝိဗာဓနာဓိပ္ပါယေန၊ ညှဉ်းဆဲခြင်း၌ဖြစ်သော အလိုဆန္ဒဖြင့်။
ဝါ၊ ညှဉ်းဆဲလိုခြင်းကြောင့်။
နပဝိဋ္ဌော၊ ဝင်သည်မဟုတ်။
ပန၊ အဟုတ် အမှန်ကား။
ဝိဗာဓနာဓိပ္ပါယေန၊ ဖြင့်။
(ပဝိသိတုံ၊ ဝင်ခြင်းငှာ။)
ကိံသက္ခိဿတီတိ၊ အဘယ်ကြောင့်။
စွမ်းနိုင်လတ္တံ့နည်းဟူ၍။
ဣဓ၊ ဤအရှင်အာနန္ဒာ၏ စိတ်ကို မာရ်နတ်က လွှမ်းမိုးအုပ်စီးမှုကို ဖော်ပြရာအခန်း၌။
(အာစရိယေန၊ အဋ္ဌကထာ ဆရာသည်။)
ဝုတ္တံ၊ ဆိုအပ်ပြီးပြီ။
(ကသ္မာ၊ အဘယ့်ကြောင့်။
ဣဓ၊ ၌။
အာစရိယေန၊ သည်။
ဝုတ္တံ၊ ဆိုအပ်ပါသနည်း။)
(မာရေန၊ မာရ်နတ်သည်။)
ဟဒယမဒ္ဒနဿ၊ နှလုံးကို နှိပ်နယ်သကဲ့သို့ ထိရုံမျှပြုလုပ်ခြင်းဟူသော အခွင့်ကို။
အဓိဂတတ္တာ၊ ရအပ်သည် အဖြစ်ကြောင့်။
(ဣဓ၊ ၌။
အာစရိယေန၊ သည်။
ဝုတ္တံ၊ ဆိုအပ်ပါပြီ။)
[အဓိကတတ္တာ- ဟု အင်္ဂုတ္တိုရ်ဋီကာ၊ တ(၂၅၄၊ အဋ္ဌကနိပါတ်၊ ဘူမိစာလသုတ်) ၌ ရှိ၏။
ဟဒယမဒ္ဒနဿ၊ နှလုံးသားကို နှိပ်နယ်သကဲ့သို့ ထိရုံမျှ ထိခြင်းကို။
အဓိကတတ္တာ၊ ရည်စူးမှု ပြုအပ်သည် အဖြစ်ကြောင့်- အနက်ဟု ဆိုနိုင်၏]။
နိမိတ္တောဘာသန္တိဧတ္ထ၊ နိမိတ္တောဘာသံ- ဟူသော ဤပါဌ်၌။
ဘဂဝါ၊ မြတ်စွာ ဘုရားသည်။
ကပ္ပံ၊ အာယုကပ်ပတ်လုံး။
တိဋ္ဌတု၊ သက်တော်ရှည်ရှည် တည်နေတော်မူပါ။
ဣတိ၊ ဤသို့။
သကလကပ္ပံ၊ အားလုံးသော အာယုကပ်ပတ်လုံး။
အဝဋ္ဌာနယာစနာယ၊ မလွဲမသွေတည်နေတော်မူရန် လျှောက်ထားတောင်းပန်ခြင်းငှာ။
ယဿ ကဿစိ ။ပ။ ဘာဝိတာတိအာဒိနာ၊ ယဿ ကဿစိ ။ပ။ ဘာဝိတာ အစရှိသည်ဖြင့်။
အညာပဒေသေန၊ ဘုရားရှင် ကိုယ်တော်မှ တပါး အခြားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ညွှန်ပြခြင်းအားဖြင့်။
အတ္တနော၊ ဘုရားရှင်ကိုယ်တော်မြတ်၏။
စတုရိဒ္ဓိပါဒဘာဝနာနုဘာဝေန၊ လေးပါးသော ဣဒ္ဓိပါဒ်ကို ဖြစ်ပွားစေခြင်း၏ အစွမ်းအာနုဘော်ကြောင့်။
ကပ္ပံ၊ အာယုကပ်ပတ်လုံး။
အဝဋ္ဌာနသမတ္ထတာဝသေန၊ မလွဲမသွေ စွဲမြဲစွာ တည်နေခြင်းငှာ စွမ်းနိုင်သည် အဖြစ်နှင့် စပ်သောအားဖြင့်။
သညုပ္ပါဒနံ၊ အမှတ်နိမိတ် အရိပ်အယောင်ကို ဖြစ်စေကြောင်း စကားတော်သည်။
နိမိတ္တံ၊ နိမိတ္တမည်၏။
ပန၊ ထိုမှတပါး။
တထာ၊ ထို “တိဋ္ဌတု ဘဂဝါ ကပ္ပံ”ဟူ၍ အာယုကပ်တစ်ခုလုံး ကုန်ဆုံးသည်တိုင်အောင် သက်တော်ရှည်ရှည်တည်နေတော်မူပါရန် အရှင်အာနန္ဒာလျှောက်ထား တောင်းပန်နိုင်ခြင်းအကျိုးငှာ။
ပရိယာယံ- သွယ်ဝိုက်ချိပ်ရိပ်ပရိယာယ် အရိပ်နိမိတ်ပြစကားတော်ကို။
(အညာပဒေသ အနေအားဖြင့် မိန့်ကြားတော်မူအပ်သော “ယဿ ကဿစိ”ဟူသော ပရိယာယ်အရိပ် နိမိတ်ပြစကားတော်ကို။)
မုဉ္စိတွာ၊ လွှတ်၍။
ဝါ၊ မိန့်ကြားမှုပြုတော်မမူဘဲ။
ဥဇုကံယေဝ၊ ဖြောင့်ဖြောင့်တိုက်ရိုက်သာလျှင်။
(တထာဂတဿ-ဟု ကိုယ်တော်မြတ်ကို တိုက်ရိုက် ညွှန်ပြတော်မူ၍သာလျှင်)
အတ္တနော၊ ဘုရားရှင်ကိုယ်တော်မြတ်၏။
အဓိပ္ပါယဝိဘာဝနံ၊ အလိုဆန္ဒတော်ကို ထင်ရှားဖော်ပြသော စကားတော်သည်။ (သက်တော်ရှည်ရှည် တည်နေတော်မူပါရန် အရှင်အာနန္ဒာကို လျှောက်ထား တောင်းပန်မှု ပြုစေလိုသော ဆန္ဒတော်ကို ဖော်ပြသော “တထာဂတဿ ခေါ အာနန္ဒ စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလီကတာ ။ပ။ သော အာကင်္ခမာနော အာနန္ဒ တထာဂတော ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ” ဟူသော အမိန့်စကားတော်သည်။)
ဩဘာသော၊ ဩဘာသမည်၏။
[ဩဘာသတိ ဒိဗ္ဗတိ ဥဇုကံယေဝ အတ္တနော အဓိပ္ပါယဝိဘာဝနံ ဟောတီတိ ဩဘာသော-ဟု ဝစနတ္ထပြု]။
ဇာနန္တောယေဝါတိ၊ ကား။
[နောက်ထပ်ဝါသဒ္ဒါ တစ်ခုပါနေသည်မှာ အပိုသာတည်း]
မာရေန၊ မာရ်နတ်သည်။
ပရိယုဋ္ဌိတဘာဝံ၊ အရှင်အာနန္ဒာ၏ စိတ်ကို လွှမ်းမိုးအပ်သည်အဖြစ်ကို။
ဇာနန္တောယေဝ၊ သိတော်မူလျက်သာလျှင်။
(ကိမတ္ထံ ယာဝတတိယံ အာမန္တေသိ၊ မိန့်တော်မူပါသနည်း။)
အတ္တနော၊ မိမိ၏။(အရှင်အာနန္ဒာ ထေရ်၏။)
အပရာဓဟေတုတော၊ (တိဋ္ဌတု “ဘန္တေ ဘဂဝါ ကပ္ပံ-အစရှိသည်ဖြင့် တောင်းပန်မှု မပြုခြင်းဟူသော။)ချွတ်ယွင်းချက်အပြစ်တည်းဟူသော အကြောင်းကြောင့်။
သတ္တာနံ၊ သတ္တဝါတို့၏။
သောကော၊ ပူဆွေးဝမ်းနည်းမှုသည်။
တနုကော၊ လျော့ပါးသွား သည်။
ဟောတိ၊ ဖြစ်၏။
ဗလဝါ၊ အားကြီးပြင်းထန်သည်။
န ဟောတိ၊ မဖြစ်။
ဣတိ၊ ထို့ကြောင့်။
ဒေါသာရောပနေန သောကတနုကရဏတ္ထန္တိ၊ ဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
ပန၊ မေးဖွယ်ရှိသည်ကား။
ထေရော၊ အရှင်အာနန္ဒာထေရ်သည်။
မာရေန၊ မာရ်နတ်က။
ပရိယုဋ္ဌိတစိတ္တကာလေ၊ လွှမ်းမိုးအပ်သော စိတ်ရှိရာအခါ၌။
ပဝတ္တိံ၊ မာရ်နတ်က မိမိ၏စိတ်ကို အုပ်စီးထားခြင်းဟူသော ဖြစ်ပုံအကြောင်းအရာကို။
ပစ္ဆာ၊ မိမိစိတ်ကို လွှမ်းမိုးပြီးရာနောက်အခါ၌။
ဇာနာတိကိံ၊ သိပါသလော။
ဣတိ၊ ဤသို့မေးငြားအံ့။
(ပဝတ္တိံ၊ ကို။
ပစ္ဆာ၊ ၌။)
သဘာဝေန၊ မိမိ၏ ပင်ကိုသဘောအားဖြင့်။
နဇာနာတိ၊ မသိ။
ဗုဒ္ဓါနုဘာဝေန ပန၊ မြတ်စွာဘုရား၏ အစွမ်းအာနုဘော်တော်ကြောင့် ကား။
(ပစ္ဆာ၊ ၌။)
ဇာနာတိ၊ သိ၏။
ဣတိ၊ ဤကား အဖြေတည်း။