အပါရဂင်္ဂါယာတိ၊ ကား။
ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။
ဩရမ္ဘာဂေ၊ ဤမှာဘက် အဖို့၌။
(ဘိက္ခူ၊ တို့သည်။
လောဟပါသာဒေ၊ ၌။
သန္နိပတိံသု၊ ကုန်ပြီ။)
သင်္ကာရဆဍ္ဍက သမ္မဇ္ဇနိယော ဂဟေတွာတိအာဒိ၊ သင်္ကာရဆဍ္ဍကသမ္မဇ္ဇနိယော ဂဟေတွာ- အစရှိသော စကားသည်။
အတ္တနော အတ္တနော၊ မိမိ မိမိ၏။
ဝသနဋ္ဌာနေ၊ နေရာအရပ်၌။
ဝတ္တကရဏာကာရဒဿနံ၊ ကျင့်ဝတ်ပြုပုံအခြင်းအရာကို ပြသော စကားတည်း။
ဧဝံ ဒွီသု ကာလေသူတိအာဒိ၊ ဧဝံ ဒွိသု ကာလေသု အစရှိစကားရပ်သည်။
နိဒဿနတ္တံ၊ ပြအပ်ပြီးသော အကြောင်းအရာတို့ကို ညွှန်ပြခြင်းအကျိုးငှာ။
(မြတ်စွာဘုရား လက်ထက်တော်က ဝါဝင်, ဝါကျွတ်ကာလနှစ်မျိုးတို့၌ မနောဘာဝနီယ ရဟန်းတော်တို့ မြတ်စွာဘုရားအထံ စုဝေးရောက်ရှိလာကြ၍ ပြုလုပ်အပ်သော လုပ်ငန်းကိစ္စ တို့ကို ပြန်လည်ညွှန်ပြခြင်းအကျိုးငှာ။)
ပစ္စာမသနံ၊ ထပ်မံသုံးသပ် ဖော်ပြသော စကားရပ်ပေ တည်း။
တံ၊ ထိုစကားရပ်ကို။
(အာစရိယေန၊ အဋ္ဌကထာဆရာသည်။)
ဟေဋ္ဌာ၊ အောက်၌။
ဒဿိတံ၊ (ဝဿံဝုဋ္ဌာတိ ဗုဒ္ဓကာလေ ကိရ အစရှိသည်ဖြင့်) ဖော်ပြအပ်ပြီ။
[အဓိဂတံဟု ဋီကာပါဌ်ရှိ၏။]
ကမ္မသာဓနော၊ အပ်ဟူသော ကံအနက်ကို ပြီးစီးစေသော။
သမ္ဘာဝနတ္ထော၊ ချီးမွမ်းခြင်းအနက်ရှိသော။
ဘာဝနီယ သဒ္ဓေါ၊ ဘာဝနီယသဒ္ဒါတည်း။
ဣတိ၊ ဤသို့ပြလိုသည်အဖြစ်ကြောင့်။
မနသာဘာဝိတေ သမ္ဘာဝိတေတိ၊ ဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
ပန၊ ထိုမှတပါး။
ဒုတိယဝိကပ္ပေ၊ နှစ်ခုမြောက်ကြံစည် ဖွင့်ပြအပ်သော အဖွင့်စကားရပ်၌။
ပဋိပက္ခပဟာနတော၊ ဆန့်ကျင်ဘက်ရာဂမြူ အညစ်အကြေး အစရှိသည်တို့ကို ပယ်ရှားခြင်းအားဖြင့်။
ဝါ၊ ပယ်ရှားခြင်းကြောင့်။
ဘာဝနဉ္စ၊ ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းသည်လည်းကောင်း။
ဝဍ္ဎနဉ္စ၊ ကုသိုလ်တရား တို့ကို တိုးပွားစေခြင်းသည် လည်းကောင်း။
(ဟောတိ)
ဣတိ၊ ဤအနက်ကို ပြလိုသည်အဖြစ်ကြောင့်။
အာဟ၊ အဋ္ဌကထာဆရာ ဖွင့်ဆိုသည်ကား။
ယေဝါတိအာဒိ၊ ယေဝါ အစရှိသည်တည်း။
ဗုဒ္ဓါဒီသု၊ ဘုရားအစရှိကုန်သော။
တီသု၊ သုံးပါးကုန်သော။
ဝတ္ထူသု၊ သဒ္ဓါတရား၏ တည်ရာရတနာတို့၌။
ပသန္နစိတ္တဿ၊ ကြည်လင်သော စိတ်ရှိသော။
ကမ္မဖလသဒ္ဓါမတ္တေန၊ ကံ၏အကျိုးကို ယုံကြည်ခြင်းမျှဖြင့်။
(နသဒ္ဓဿ၊ သဒ္ဓါတရားရှိသူမဟုတ်သော။)
စ၊ ဆက်ဦးအံ့။
အဿ၊ ထိုအမျိုးကောင်းသား၏။
သာ သဒ္ဓါသမ္ပဒါ၊ ထိုသဒ္ဓါတရားနှင့် ပြည့်စုံခြင်းကို။
ဧဝံ၊ ဤပြဆိုလတ္တံ့ အတိုင်း။
ဝေဒိတဗ္ဗာ၊ သိထိုက်၏။
ဣတိ၊ ဤသို့။
ဖလေန၊ အကျိုးဖြစ်သော ကျင့်ဝတ်နှင့် ပြည့်စုံခြင်းဖြင့်။
ဟေတုံ၊ အကြောင်းဖြစ်သော သဒ္ဓါတရားကို။
ဒဿေန္တော၊ ပြတော်မူလိုသည် အဖြစ်ကြောင့်။
ဝတ္တသမ္ပန္နဿာတိ၊ ဝတ္တသမ္ပန္နဿဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
သံဝေဂေါနာမ၊ ထိတ်လန့်ခြင်းမည်သည်။
သဟောတ္တပ္ပဉာဏံ၊ ဩတ္တပ္ပစေတသိက်နှင့် တကွဖြစ်သောဉာဏ်တည်း။
အဘိဇာတိဋ္ဌာနာဒီနိပိ၊ မြတ်စွာဘုရား ဖွားမြင်တော်မူရာ ဌာနအစရှိသည်တို့သည်လည်း။
တဿ၊ ထိုသံဝေဂ၏။
ဥပ္ပတ္တိဟေတူနိ၊ ဖြစ်ခြင်း၏ အကြောင်းတို့သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
သံဝေဂဇနကာနီတိ၊ သံဝေဂဇနကာနိဟူ၍။
(အာစရိယော)
အာဟ၊ ပြီ။
စေတိယပူဇနတ္ထံ၊ စေတီတော်ကို ပူဇော်ခြင်းငှာ။
စာရိကာ၊ လှည့်လည်ခြင်းသည်။
စေတိယစာရိကာ၊ စေတိယစာရိကာ မည်၏။
(စေတိယစာရိကံ၊ စေတီတော်ကိုပူဇော်ခြင်း အကျိုးငှာလှည့်လည်ခြင်းဖြင့်။
အာဟိဏ္ဍန္တာ၊ လှည့်လည်ကုန်သော သူတို့သည်။)
သဂ္ဂေ၊ နတ်ပြည်၌။
ပတိဋ္ဌဟိဿန္တိယေဝ၊ တည်နေရကုန်လတ္တံ့ ဧကန်တည်း။
(ကသ္မာ၊ အဘယ့်ကြောင့်နည်း။)
ဗုဒ္ဓဂုဏာရမ္မဏာယ၊ ဘုရားဂုဏ်တော်ဟူသော အာရုံရှိသော။
ကုသလစေတနာယ၊ ကုသိုလ်စေတနာ၏။
သဂ္ဂသံဝတ္တနိယဘာဝတော၊ နတ်ပြည်၌ ဖြစ်စေတတ်သည်အဖြစ်ကြောင့်တည်း။