ဟေဋ္ဌာ၊ အောက်မဟာနိဒါနသုတ်၌။
အတ္ထတော၊ အနက်အားဖြင့်။
ဝိဘတ္တတ္တာ၊ ခွဲခြမ်းဖွင့်ပြအပ်ပြီးသည် အဖြစ်ကြောင့်။
(ဝိမောက္ခကထာ၊ ဝိမောက္ခနှင့်စပ်သော တရားဒေသနာတော်သည်။)
ဥတ္တာနတ္ထာယေဝ၊ ပေါ်လွင်သော အနက်ရှိသည်သာတည်း။
ဧကစ္စဿ၊ အချို့သောပုဂ္ဂိုလ်၏။
ဝါ၊ ပုဂ္ဂိုလ်မှာ။
ဝိမောက္ခေါတိ၊ ဝိမောက္ခဟူသော။
ဃောသောပိ၊ အသံသည်လည်း။
ဘယာဝဟော၊ ကြောက်ခြင်းကို ဆောင်တတ်၏။
ဝါ၊ ကြောက်ရွံ့စေတတ်၏။
(ကသ္မာ၊ နည်း။
တဿ၊ ထိုအချို့ပုဂ္ဂိုလ်၏။
ဝါ၊ သည်။)
ဝဋ္ဋာဘိရတဘာဝတော၊ ဝဋ်ဆင်းရဲ၌ ပျော်မွေ့သည် အဖြစ်ကြောင့်တည်း။
[ဝဋ်ဆင်းရဲ၌ ပျော်မွေ့သူသည် ဝဋ်ဆင်းရဲမှ မလွတ်မြောက်ချင်သောကြောင့် လွတ်မြောက်ခြင်းဟု အဓိပ္ပာယ်ပြသော ဝိမောက္ခဟူသော အသံသည် ထိုသူအတွက် ကြောက်စရာဖြစ်နေသသည်ဟူလို]
ပန၊ သို့သော်လည်း။
တထာဂတဿ၊ သည်။
ဝိမောက္ခေ၊ ဝိမောက္ခဈာန်တို့သို့။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝိဟရတောပိ၊ နေတော်မူပါသော်လည်း။
တံ၊ ထိုကြောက်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ကြောင့်။
(ဣမေပိ အဋ္ဌဝိမောက္ခာ၊ ဤဝိမောက္ခရှစ်ပါးတို့ကိုလည်း။)
အဘီတဘာဝဒဿနတ္ထမေဝ၊ လျှင်။
အာနီတာ၊ ကုန်ပြီ။
[ အဋ္ဌကထာအတိုင်း အာနီတာ- ဟု ရှိရမည်။ ]