၂၅၀။ ပကတိယာဝါတိ၊ ကား။
သဘာဝေနေဝ၊ ပင်ကိုယ်သဘောအားဖြင့် သာလျှင်။
စက္ကရတနပါတုဘာဝတော၊ စကြာရတနာ ထင်ရှားဖြစ်ပေါ်လာရာ အခါမှ။
ပုဗ္ဗေပိ၊ ရှေးအခါ၌လည်း ။
(မဟာဘောဂေါ၊ သည်။
ဇာတော) ။
ယာဒိသံ၊ အကြင်ကဲ့သို့ ရှုအပ်သော။
စက္ကဝတ္တိဿ၊ စကြာရတနာကိုလည်စေတတ်သော။
ရညော၊ မင်း၏။
ပုညဗလံ၊ ကုသိုလ်၏ အစွမ်းအားကို။
နိဿာယ၊ မှီ၍။
ယထာဝုတ္တာ၊ ပြဆိုအပ်ပြီး တိုင်းသော။
စက္ကရတနာနုဘာဝ နိဗ္ဗတ္တိ၊ စကြာရတနာ အစွမ်းအာနုဘော်၏ ဖြစ်ခြင်း သည်။
(ဟောတိ) ။
တာဒိသံ၊ ထိုကဲ့သို့ ရှုအပ်သော။(ထိုစကြာရတနာ၏ အာနုဘော်ကို ဖြစ်စေသော ပုညဗလကဲ့သို့ ရှုအပ်သော) ။
ဧတဿ၊ ထိုစက္ကဝတ္တိမင်း၏။
ပုညဗလံ၊ ကို။
နိဿာယ၊ ၍။
ဂဟပတိရတနဿ၊ အိမ်ရှင်သူဌေးရတနာ၏။
ကမ္မဝိပါကဇံ၊ ကံ၏ အကျိုးအနေအားဖြင့် ဖြစ်သော။
ဒိဗ္ဗစက္ခုံ၊ နတ်၌ ဖြစ်သော မျက်စိနှင့်တူသော မျက်စိကို။
နိဗ္ဗတ္တေတိ၊ ဖြစ်စေ၏။
ဣတိ၊ ထို့ကြောင့်။
စက္ကရတနာဘာဝသဟိတန္တိ၊ ဟူ၍။
(အာစရိယော၊ အဋ္ဌကထာဆရာသည်) ။
အာဟ၊ ဖွင့်ဆိုပြီ။
ဟိ၊ စက္ကရတနာနုဘာဝ သဟိတံ- ဟူ၍ ဆိုသင့်၏။
ကာရဏဿ၊ စကြာရတနာ၏ အာနုဘော်ကို ဖြစ်စေသော ပုညဗလဟူသော အကြောင်းတရား၏။
ဧကသန္တတိ ပတိတတာယစ၊ တစ်ဦးတည်းသော စက္ကဝတ္တိမင်း၏ ခန္ဓာအစဉ်၌ ကျရောက် ဖြစ်လာသည် အဖြစ်ကြောင့်လည်းကောင်း။
ဖလဿ၊ ဂဟပတိရတနာ၏ ဒိဗ္ဗစက္ခုဖြစ်ပေါ်လာခြင်းဟူသော အကျိုးတရား၏။
သမာနကာလိကတာယစ၊ အကြောင်းတရားနှင့် တူသော ကာလ၌ (တချိန်တည်း၌) ဖြစ်ပေါ်လာသည် အဖြစ်ကြောင့်လည်းကောင်း။
တထာဝစနံ၊ ထိုသို့ စက္ကရတနာနု ဘာဝသဟိတံ- ဟု ဖွင့်ဆိုခြင်းသည် ။
(ဟောတိ)။