Issues
Select Version
AI Translations
language.en-US
နိဿယ
မြန်မာဘာသာ
(DN)Mahāvaggaṭīkā
(DN)Mahāvaggaṭīkā

Dvattiṃsamahāpurisalakkhaṇavaṇṇanā

Author: နိဿယ @ IAPT

ဒုကူလစုမ္ဗဋကေတိ၊ ဒုကူလစုမ္ဗဋကေ-ဟူသည်ကား။ ဒဟရဿ၊ သူငယ်၏။ နိပဇ္ဇနယောဂျတာဝသေန၊ အိပ်ခြင်း၌ သင့်လျော်သည်အဖြစ် အနေအားဖြင့်။ ပဋိသံဟဋဒုကူလသုခုမေ၊ အထပ်ထပ် ခေါက်အပ်သော နူးညံ့သော ဘွဲ့ဖြူအဝတ်ခင်းပေါ်၌။ (နိပဇ္ဇာပေတွာ၊ အိပ်စေ၍။)
ခတ္တိယော၊ မင်းအမျိုးဇာတ်။ ဗြာဟ္မဏော၊ ပုဏ္ဏားအမျိုး ဇာတ်။ ဣတိဧဝမာဒိ၊ ဤသို့အစရှိသော အမျိုးဇာတ်သည်။ ဇာတိ၊ ဇာတိမည်၏။
ကောဏ္ဍညော၊ ကောဏ္ဍညအနွယ်။ ဂေါတမော၊ ဂေါတမအနွယ်။ ဧဝမာဒိ၊ ဤသို့အစရှိသော အနွယ်သည်။ ဂေါတ္တံ၊ ဂေါတ္တမည်၏။
ပေါဏိကာ၊ ပေါဏိကာအမျိုးတို့။ စိက္ခလ္လိကာ၊ စိက္ခလ္လိကအမျိုးတို့။ သာကိယာ၊ သာကိယမင်းမျိုးတို့။ ကောဠိယာ၊ ကောဠိယအမျိုးတို့။ ဣတိ ဧဝမာဒိ၊ ဤသို့အစရှိသော အမျိုးသည်။ ကုလပဒေသော၊ အထူးသီးသန့် ညွှန်ပြအပ်သော အမျိုးမည်၏။
အာဒိသဒ္ဒေန၊ အာဒိသဒ္ဒါဖြင့်။ ရူပိဿရိယ ပရိဝါရာဒိသဗ္ဗသမ္ပတ္တိယော၊ ရုပ်အဆင်း, အစိုးရသူ၏ အဖြစ်, အခြံအရံအစရှိသော အားလုံးသော ပြည့်စုံ ဖွံ့ဖြိုးတိုးတက်မှုတို့ကို။ သင်္ဂဏှာတိ၊ သွင်းယူ၏။
မဟန္တဿာတိ၊ ကား။ ဝိပုလဿ၊ ပြန့်ပွားများမြတ်သော။ ဥဠာရဿ၊ ပြန့်ပွားများမြတ်သော။ ဣတိ၊ ဤကား။ အတ္ထော၊ အနက်တည်း။
နိပ္ဖတ္တိယောတိ၊ ကား။ သိဒ္ဓိယော၊ ပြီးစီးထမြောက် အထွက်အထိပ်ရောက် ခြင်းတို့သည်။ (ဟောန္တိ)
ဂန္တဗ္ဗဂတိယာတိ၊ ဂန္တဗ္ဗဂတိယာ-ဟူသော ပါဌ်ဖြင့်။ ဂတိသဒ္ဒဿ၊ ဂတိသဒ္ဒါ၏။ ကမ္မသာဓနတံ၊ ကမ္မသာဓန၏ အဖြစ်ကို။ (အာစရိယော) အာဟ၊ မိန့်ဆို၏။ ဟိ၊ ချဲ့။
ဥပပဇ္ဇနဝသေန၊ ပဋိသန္ဓေတည် နေကပ်ရောက်ခြင်း အနေအားဖြင့်။ သုစရိတ ဒုစ္စရိတေဟိ၊ ကောင်းစွာကျင့်အပ်သော ကုသိုလ်ကံ, မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်ကံတို့ဖြင့်။ (သတ္တေဟိ၊ သတ္တဝါတို့သည်။) ဂန္ထဗ္ဗာ၊ သွားရောက်ရသော ဘဝတို့ တည်း။ ဣတိ၊ ထို့ကြောင့်။ ဂတိယော၊ ဂတိတို့မည်၏။ ဥပပတ္တိဘဝဝိသေသော၊ ဥပပတ္တိဘဝ အထူးတို့တည်း။ (ကာမဘဝ, ရူပဘဝ၊ အစရှိသော ဘဝအထူးတို့တည်း။)
ယထာရုစိ၊ အလိုဆန္ဒအားလျော်စွာ။ ဂစ္ဆတိ ပဝတ္တတိ၊ ဖြစ်တတ်၏။ ဣတိ၊ ထို့ကြောင့်။ ဂတိ၊ ဂတိမည်၏။ အဇ္ဈာသယော၊ ပင်ကို ဓာတ်ခံအလိုသဘောတည်း။ [အဋ္ဌကထာထုတ်ပြထားသော မူလပဏ္ဏာသပါဠိတော်ဝါကျကို ဖွင့်နေခြင်းဖြစ်၏။ မူလပဏ္ဏာသအဋ္ဌကထာ(ဒု-၃၁၆)၌မူ “အာဂတိံဝါ ဂတိံဝါတိ ပဋိသန္ဓိဝသေန အာဂမနဋ္ဌာနံဝါ စုတိဝသေန ဂမနဋ္ဌာနံ ဝါ”ဟု ဖွင့်၏။]
ပဋိသရဏေတိ၊ ကား။ ပရာယဏေ၊ လည်းလျောင်းရာဟူသော အနက်၌။ အဝဿယေ၊ မှီခိုအားထားရာဟူသော အနက်၌။ (ဝတ္တတိ၊ ဖြစ်၏။)
ဟိ၊ ဂတိနှင့် ပဋိသရဏသဒ္ဒါတို့၏ အနက်ဒြပ် (အဘိဓေယျတ္ထ)ကား။ သဗ္ဗသင်္ခတ ဝိသံယုတ္တဿ၊ အားလုံးသော စီမံပြုလုပ်အပ်သော ရုပ်နာမ်တရားတို့နှင့် မယှဉ်တွဲသော။ အရဟတော၊ ရဟန္တာပုဂ္ဂိုလ်၏။ နိဗ္ဗာနမေဝ၊ နိဗ္ဗာန်သည်သာလျှင်။ တံပဋိသရဏံ၊ ထိုမှီခိုရာသည်။ ဟောတိ၊ ၏။
တျာဟန္တိ၊ တျာဟံ-ဟူသည်။ တေ အဟံ၊ တေ အဟံဟူသော ပဒစ္ဆေဒပုဒ်ပင်တည်း။
ဒသဝိဓေ၊ ဆယ်ပါး အပြားရှိသော။ ကုသလဓမ္မေ စ၊ ကုသိုလ်ကမ္မပထတရား၌လည်းကောင်း။ အဂရဟိတေ၊ မကဲ့ရဲ့အပ်သော။ ရာဇဓမ္မေ စ၊ မင်းကျင့်တရား၌လည်းကောင်း။ နိယုတ္တော၊ ယှဉ်၏။ ဣတိ၊ ထို့ကြောင့်။ ဓမ္မိကော၊ ဓမ္မိကမည်၏။
စ၊ ထို့အပြင်။ တေန ဓမ္မေန၊ ထိုကုသိုလ် ကမ္မပထတရားဆယ်ပါး, မကဲ့ရဲ့အပ်သော မင်းကျင့်တရားဆယ်ပါးဖြင့်။ သကလံ၊ အားလုံးသော။ လောကံ၊ သတ္တလောကကို။ ရဉ္ဇေတိ၊ နှစ်သက်ခင်မင်စေတတ်၏။ ဣတိ၊ ထို့ကြောင့်။ ဓမ္မရာဇာ၊ ဓမ္မရာဇာမည်၏။
ဓမ္မေန၊ ကုသိုလ်ကမ္မပထတရား, မင်းကျင့်တရားနည်းလမ်းဖြင့်။ ဉာယေန၊ သင့်လျော်သော အကြောင်းနည်းလမ်းဖြင့်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ အဓိဂစ္ဆတိ၊ ရ၏။ အဓမ္မေန၊ မတရားသော နည်းလမ်းဖြင့်။ (မတရား အကုသိုလ်ကမ္မပထနည်းလမ်းဖြင့်) န အဓိဂစ္ဆတိ၊ ရသည်မဟုတ်။ တသ္မာ၊ ထို့ကြောင့်။ ဓမ္မေန ။ပ။ရာဇာတိ၊ ရာဇာဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
စတူသု၊ လေးမျိုးကုန်သော။ ဒိသာသု၊ အရပ်မျက်နှာတို့၌။ သမုဒ္ဒပရိယောသာနတာယ၊ သမုဒ္ဒရာဟူသော အဆုံးအပိုင်းအခြား (နယ်နိမိတ်အကန့်အသတ်)ရှိသည် အဖြစ်ကြောင့်။ တတ္ထ တတ္ထ ဒီပေ၊ ထိုထိုကျွန်း၌။ မဟာပထဝီ၊ မြေကြီးသည်။ စတုရန္တာ နာမ၊ လေးမျိုးသော အဆုံးနိမိတ်ရှိသည်မည်၏။ ဣတိ၊ ထိုသို့သော အနက်ကို ပြလိုသည် အဖြစ်ကြောင့်။ ပုရတ္ထိမ ။ပ။ ဣဿရောတိ၊ ပုရတ္ထိမ ။ပ။ ဣဿရော- ဟူ၍။ (အာစရိယော) အာဟ၊ ပြီး။
ဝိဇိတာဝီတိ၊ ဝိဇိတာဝီဟူသည်ကား။ ဝိဇေတဗ္ဗဿ၊ အောင်မြင်သင့်သမျှ အတွင်းအပြင် ရန်အားလုံးကို။ [သီလက္ခန် အဋ္ဌကထာ၊ အမ္ဗဋ္ဌသုတ်အဖွင့် (၂၂၂)၌မူ ဇိဓာတ်၏ ကံကို ထုံးစံအတိုင်း ဒုတိယာဝိဘတ်ဖြင့်ပင် ဖွင့်ပြပါ၏။] ဝိဇိတဝါ၊ အောင်မြင် ပြီးသော။ ကာမကောဓာဒိကဿ၊ ကိလေသကာမနှင့် အမျက်ဒေါသအစရှိသော။ အဗ္ဘန္တရဿ၊ ခန္ဓာကိုယ်အတွင်း၌ဖြစ်သော။ အရိဂဏဿစ၊ ရန်သူအပေါင်းကိုလည်း ကောင်း။ ပဋိရာဇဘူတဿ၊ ဆန့်ကျင်ဘက်ရန်သူ မင်းဖြစ်သော။ ဗာဟိရဿ၊ ခန္ဓာကိုယ်၏ အပြင်အပ၌ဖြစ်သော။ အရိဂဏဿစ၊ ကိုလည်းကောင်း။ ဝိဇယိ၊ အောင်မြင်ပြီးပြီ။ ဝိဇေတွာ၊ အောင်မြင်ပြီး၍။ ဌိတော၊ တည်ပြီ။ ဣတိ၊ ဤကား။ အတ္ထော၊ ဝိဇိတာဝီပုဒ်၏ အနက်တည်း။
စက္ကဝတ္တိနော၊ စကြဝတေးမင်း၏။ ကေနစိ၊ တစ်စုံတစ်ယောက်သော ရန်သူနှင့်။ (သဒ္ဓိံ၊ အတူတကွ။) ယုဒ္ဓံနာမ၊ စစ်တိုက်ရခြင်း မည်သည်။ ကာမံနတ္ထိ၊ အကယ်၍ ကား မရှိပါပေ။ ပန၊ ယင်းသို့မရှိပါသော်လည်း။ ယုဒ္ဓေန၊ စစ်တိုက်ရခြင်းဖြင့်။ သာဓေတဗ္ဗဿ၊ ပြီးစီးစေရသော။ ဝိဇယဿ၊ အောင်နိုင်ခြင်း၏။ သိဒ္ဓိယာ၊ ပြီးစီးခြင်းကြောင့်။ ဝိဇိတသင်္ဂါမောတိ၊ အောင်နိုင်ပြီးသော တိုက်ပွဲရှိသူဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
စတုဗ္ဗိဓအစ္ဆရိယဓမ္မာဒိသမန္နာဂတေ၊ လေးပါးအပြားရှိသော အံ့ဩဖွယ်တရား စသည်နှင့် ပြည့်စုံသော။ အသ္မိံ ရာဇိနိ၊ ထိုစကြဝတေးမင်း၌။ [စတုဗ္ဗိဓအစ္ဆရိယဓမ္မကို အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် (အံ၊ပ-နှာ-၄၄၉)ကြည့်။] ဇနပဒေါဝ၊ တိုင်းနိုင်ငံဇနပုဒ် သည်ပင်။ ထာဝရိယံ၊ ခိုင်မြဲသည်အဖြစ်သို့။ ကေနစိ၊ ရန်သူတစ်ဦးတစ်ယောက်ကမျှ။ အသံဟာရိယံ၊ မလှုပ်ရှားစေနိုင်သည်အဖြစ်သို့ (ရုတ်ရုတ်သဲသဲ မဖြစ်စေနိုင်ခြင်းသို့)။ ဒဠှံ၊ ခိုင်မြဲစွာ။ ဘတ္တဘာဝံ၊ ဆောင်ယူသိမ်းပိုက်ထားအပ်သည်အဖြစ်သို့။ ပတ္တော၊ ရောက်ပြီ။ ဣတိ၊ ထို့ကြောင့်။ (ထိုသို့ခိုင်မြဲသည်အဖြစ်သို့ ရောက်သော နိုင်ငံဇနပုဒ်ရှိရာ၏ အဖြစ်ကြောင့်။) သော ရာဇာ၊ ထိုစကြဝတေးမင်းသည်။ ဇနပဒတ္ထာဝရိယပ္ပတ္တော၊ ဇနပဒတ္ထာဝရိယပ္ပတ္တမည်၏။ [လှမ်းယူ၍ အနက်ပေးသည်။] ဝါ၊ တနည်းကား။ (ယော ရာဇာ၊ အကြင် စကြဝတေးမင်းသည်။) ဇနပဒေ၊ နိုင်ငံဇနပုဒ်၌။ အတ္တနော၊ မိမိ၏။ ဓမ္မိကာယ၊ ကုသိုလ်ကမ္မပထတရားဆယ်ပါး၌ ယှဉ်သော။ ဝါ၊ မကဲ့ရဲ့အပ်သော မင်းကျင့် တရား၌ ယှဉ်သော။ ပဋိပတ္တိယာ၊ ပြုကျင့်ဆောင်ရွက်မှုကြောင့်။ ထာဝရိယံ၊ ခိုင်မြဲသည် အဖြစ်သို့။ ထိရဘာဝံ၊ ခိုင်မြဲသည်အဖြစ်သို့။ ပတ္တော၊ ရောက်ပြီ။ ဣတိ၊ ထို့ကြောင့်။ (ထိုသို့ဇနပုဒ်၌ ခိုင်မြဲသည်အဖြစ်သို့ ရောက်သည်အဖြစ်ကြောင့်။) သော ရာဇာ၊ သည်။ ဇနပဒတ္ထာဝရိယပ္ပတ္တော၊ မည်၏။
မနုဿာနံ၊ လူတို့၏။ ဥရေ၊ ရင်ဘတ်၌။ သတ္ထံ၊ ဓား စသော လက်နက်ကို။ ဌပေတွာ၊ ထား၍။ ဣစ္ဆိတဓနဟရဏာဒိနာ၊ အလိုရှိအပ်သော ဥစ္စာကို ယူဆောင်သွားခြင်းအစရှိသည်ဖြင့်။ ပရသာဟသကာရိတာယ၊ သူတပါးတို့ကို နိုင်ထက်ကလူပြုမူတတ်သည်အဖြစ်ကြောင့်။ သာဟသိကာ၊ သာဟသိကတို့မည်၏။
ရတိဇနနဋ္ဌေနာတိ၊ ကား။ အတပ္ပကပီတိသောမနဿုပ္ပါဒနေန၊ မရောင့်ရဲ မတင်းတိမ်နိုင်သော ပီတိသောမနဿကို ဖြစ်စေခြင်းကြောင့်။ (ရတနံ၊ ရတနမည်၏။)
ပန၊ သဘာဝတ္ထမှ တပါး သဒ္ဒတ္ထကား။ သဒ္ဒတ္ထတော၊ ရတိသဒ္ဒါ၏ မူရင်းအနက်အားဖြင့်။ [ရတနံ- ၌စပ်ပါ။] (ယံ၊ အကြင်အရာဝတ္ထုသည်။ စိတ္တံ၊ စိတ်ကို။) ရမေတိ၊ ပျော်မွေ့စေ တတ်၏။ ဣတိ၊ ထို့ကြောင့်။ (တံ၊ ထိုဝတ္ထုသည်။) ရတနံ၊ ရတနမည်၏။
အဟော မနောဟရံ၊ တယ်-စိတ်ကို ဆွဲဆောင်တတ်ပါပေစွာ့ တကား။ ဣတိ၊ ဤသို့။ စိတ္တေ၊ စိတ်ထဲ၌။ ကတ္တဗ္ဗတာယ၊ သိုမှီးမှုပြုထိုက်သည်အဖြစ်ကြောင့်။ (ရတနံ၊ ရတနာသည်။ စိတ္တီကတံ၊ စိတ္တီကတမည်၏။
သွာယံ စိတ္တီကာရော၊ စိတ်နှလုံးထဲ၌ သိုမှီးမှုပြုခြင်းသည်။ တဿ၊ ထိုရတနာ၏။ ပူဇနီယတာယ၊ ပူဇော်ထိုက်သည်အဖြစ်ကြောင့်။ (ဟောတိ၊ ၏။) ဣတိ၊ ထို့ကြောင့်။ စိတ္တီကတန္တိပဒဿ၊ စိတ္တီကတံ-ဟူသော ပုဒ်၏။ ပူဇနီယန္တိအတ္ထံ၊ ပူဇော်ထိုက်၏ဟူသော အနက်ကို။ (အာစရိယာ၊ အချို့ဆရာတို့သည်။) ဝဒန္တိ၊ မိန့်ဆိုကုန်၏။
မဟန္တံ၊ များစွာသော။ ဝိပုလံ၊ ပြန့်ပွားသော။ အပရိမိတံ၊ မမှန်းဆနိုင်သော။ မူလံ၊ အဘိုးကို။ အဂ္ဃတိ၊ ထိုက်တန်၏။ ဣတိ၊ ထို့ကြောင့်။ (ရတနံ၊ သည်။) မဟဂ္ဃံ၊ မဟဂ္ဃ မည်၏။
ဧတဿ၊ ဤရတနာ၏။ တုလာ၊ နှိုင်းယှဉ်တိုင်းတာ တန်းတူထားစရာဖြစ်သော။ ဥပမာ၊ ဥပမာသည် (ဥပမာနဝတ္ထုသည်)။ နတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ တံ၊ ထိုရတနာသည်။ အတုလံ၊ အတုလမည်၏။ အသဒိသံ၊ တန်းတူရည်တူမရှိသော အရာဝတ္ထုတည်း။
ကဒါစိ ဧဝ၊ တခါတရံ၌သာလျှင်။ ဥပ္ပဇ္ဇနတော၊ ဖြစ်ပေါ်လာသည် အဖြစ်ကြောင့်။ ဒုက္ခေန၊ ခက်ခဲသောအားဖြင့်။ လဒ္ဓဗ္ဗတ္တာ၊ ရနိုင်သည်အဖြစ်ကြောင့်။ (ရတနံ၊ သည်။) ဒုလ္လဘဒဿနံ၊ ခက်ခဲစွာ ရအပ်သော တွေ့မြင်ရခြင်းရှိသော အရာဝတ္ထုမည်၏။
အနောမေဟိ၊ အယုတ်စားအညံ့စားမဟုတ်ကုန်သော။ ဥဠာရဂုဏေဟေဝ၊ မြင့်မြတ်သော ဂုဏ်ရှိသူသာ ဖြစ်ကုန်သော။ သတ္တေဟိ၊ ပုဂ္ဂိုလ်တို့သည်။ ပရိဘုဉ္ဇိတဗ္ဗတော၊ သုံးဆောင်ထိုက်သည် အဖြစ်ကြောင့်။ (ရတနံ၊ သည်။) အနောမသတ္တပရိဘောဂံ၊ အယုတ်စား အညံ့စားမဟုတ် မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ အသုံးအဆောင်မည်၏။
ဣဒါနိ၊ စိတ္တီကတစသောပုဒ်တို့၏ အနက်ကို ဖွင့်ဆိုပြီးရာ ယခုအခါ၌။ နေသံ စိတ္တီကတာဒိ အတ္ထာနံ၊ ထိုစိတ္တီကတအစရှိသော အနက်တို့၏။ သဝိသေသံ၊ ဂုဏ်ထူး ဝိသေသနှင့် တကွ။ စက္ကရတနေ၊ စကြာ (စက်ဘီးစက်ဝန်း)ရတနာ၌။ လဗ္ဘမာနတံ၊ ရအပ်သည်အဖြစ်ကို။ ဒဿေတွာ၊ ပြပြီး၍။ ဣတရေသုပိ၊ စကြာရတနာမှ တပါး တခြားသော အရာဌာနတို့၌လည်း။ တေ၊ ထိုစိတ္တီကတအစရှိသော အနက်တို့ကို။ အတိဒိသိတုံ၊ ညွှန်ပြခြင်းငှာ။ စက္ကရတနဿစာတိအာဒိ၊ စက္ကရတနဿစ- အစရှိသော စကားရပ်ကို။ (အာစရိယေန၊ အဋ္ဌကထာဆရာသည်။) အာရဒ္ဓံ၊ အားထုတ်တော်မူ အပ်ပြီ။
အညံ၊ စကြာရတနာမှ တပါးတခြားသော။ ဒေဝဋ္ဌာနံနာမ၊ နတ်တို့နေရာ နတ်ကွန်း နတ်နန်း နတ်ရဲသစ်ပင်မည်သည်။ န ဟောတိ၊ မရှိတော့။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။) ရညော၊ ဘုရင်မင်း၏။ (စက္ကရတနဿ၊ စက်ဝန်းစက်ဘီးစကြာရတနာ ၏။ ဝါ၊ သည်။) အနညသာဓာရဏိဿရိယာဒိသမ္ပတ္တိပဋိလာဘ ဟေတုတော စ၊ အခြားသော သမ္ပတ္တိတို့နှင့် မသက်ဆိုင်သော အစိုးရသူ၏ အဖြစ်ဟူသော တန်ခိုးအာဏာ ရာထူးဌာနန္တရအစရှိသော ကြီးပွား ပြည့်စုံဂုဏ်အထူးတို့ကို ရခြင်း၏ အကြောင်း၏အဖြစ်ကြောင့်လည်းကောင်း။ သတ္တာနံ၊ တိုင်းသူပြည်သားတို့၏။ ယထိစ္ဆိတတ္ထပဋိလာဘဟေတုတောစ၊ အလိုရှိအပ်သမျှ အကျိုးစီးပွားတို့ကို ရခြင်း၏ အကြောင်း၏ အဖြစ်ကြောင့် လည်းကောင်းတည်း။
အဂ္ဃေါ၊ (ဤရွေ့ ဤမျှဟု မှန်းဆအပ်သော) တန်ဖိုးသည်။ နတ္ထိ၊ မရှိ။ (ကသ္မာ၊ နည်း။) (စက္ကရတနဿ၊ ၏။ ဝါ၊ သည်။) အတိဝိယ၊ အလွန်အကဲပင်။ ဥဠာရသမုဇ္ဇလသတ္တရတနမယတ္တာစ၊ မွန်မြတ်သော လွန်စွာတောက်ပသော ခုနစ်ပါးသော ရတနာတို့အတိ ပြီးသည်အဖြစ်ကြောင့်လည်းကောင်း၏။ အစ္ဆရိယဗ္ဘုတမဟာနုဘာဝတာယစ၊ အံ့ဩဖွယ် မဖြစ်စဖူး အသစ်အထူးဖြစ်သော ကြီးမားသော တန်ခိုးအာနုဘော် ရှိသည်အဖြစ်ကြောင့်လည်းကောင်းတည်း။
(စက္ကရတနံ၊ သည်။) ယဒဂ္ဂေန၊ အကြင်မျှလောက်သော အပိုင်းအခြား အကန့် အသတ်အားဖြင့်။ မဟဂ္ဃံ၊ ကြီးမားများပြားသော တန်ဖိုးရှိသည်။ (ဟောတိ၊ ဖြစ်၏။) တဒဂ္ဂေန၊ ထိုမျှလောက် တန်ဖိုးကြီးမားကျယ်ဝန်းစေသော အပိုင်း အကန့်အသတ်အားဖြင့်။ ဝါ၊ အပိုင်းအခြား အကန့်အသတ် အတိုင်းအတာ ကြီးမားကျယ်ဝန်းသလောက်။ အတုလံ၊ တန်းတူရည်တူ နှိုင်းယှဉ်စရာ ဥပမာမရှိသည်မည်၏။
သတ္တာနံ၊ သတ္တဝါတို့၏။ ပါပဇိဂုစ္ဆနေန၊ မကောင်းမှုကို စက်ဆုပ်ခြင်းကြောင့်။ ဝိဂတကာဠကော၊ ကင်းသော မည်းညစ်သော အကုသိုလ်အညစ်အကြေးရှိသည်။ (သတ္တာနံ၊ တို့၏။) ပုညပသုတတာယ၊ ကုသိုလ်ကောင်းမှုကိုဆည်းပူးအားထုတ်ကုန်သည် အဖြစ်ကြောင့်။ မဏ္ဍဘူတော၊ ကြည်လင်သည်ဖြစ်၍ ဖြစ်သည်။ (ဟုတွာ၊ ဖြစ်၍။) ယာဒိသော၊ အကြင်ကဲ့သို့ရှုအပ်သော။ ကာလော၊ အချိန်ကာလသည်။ ဗုဒ္ဓုပ္ပါဒါရဟော၊ မြတ်စွာဘုရား ပွင့်ထွန်းတော်မူခြင်းငှာ ထိုက်သည်။ (ဟောတိ) တာဒိသေဧဝ၊ ထိုကဲ့သို့ ရှုအပ်သည်သာဖြစ်သော (မြတ်စွာဘုရား ပွင့်ထွန်းရာအချိန်သာဖြစ်သော)။ ကာလေ၊ အချိန်အခါ၌။ စက္ကဝတ္တီနမ္ပိ၊ စကြဝတေးမင်းတို့၏လည်း။ သမ္ဘဝေါ၊ ဖြစ်ပေါ်လာခြင်းသည်။ (ဟောတိ) ဣတိ၊ ဤအနက်ကို ပြတော်မူလိုသည်အဖြစ်ကြောင့်။ ယသ္မာ စ ပနာတိ အာဒိ၊ ယသ္မာစပနအစရှိသော။ (ယံ ဝစနံ၊ အကြင် စကားသည်။ အတ္ထိ၊ ရှိ၏။ တံ ဝစနံ၊ ထိုစကားကို။ အာစရိယော၊ သည်။) အာဟ၊ မိန့်ဆိုပြီ။
စ၊ ဆိုဖွယ်ရှိသည်ကား။ ဧတံ၊ ဤယသ္မာ စ ပန-အစရှိသော စကားကို။ ဝါ၊ ယသ္မာ စ ပန-စသည်ဖြင့် စကြဝတေးမင်းကို မြတ်စွာဘုရားနှင့် ဥပမာနှိုင်း၍ ဆိုအပ်သော စကားကို။ ဥပမာဝသေန၊ ဥပမာအနေအား ဖြင့်။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ ဆိုအပ်ပြီ။ စ၊ သို့သော်လည်း။ ဥပမော ပမေယျာနံ၊ ဥပမာန, ဥပမေယျတို့၏။ အစ္စန္တမေဝ၊ စင်စစ်ဧကန် တထပ်တည်း အတိအကျသာလျှင်။ သဒိသတာ၊ တူသည်အဖြစ်သည်။
န ဟောတိ၊ မဖြစ်နိုင်။ တသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။ ကဒါစိ ကရဟစိ၊ ရံခါရံခါ၌သာ။ ဥပ္ပဇ္ဇန္တိယထာ၊ ပွင့်ထွန်းတော်မူ ကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ စက္ကဝတ္တိနော၊ စကြဝတေးမင်းတို့သည်။ ကဒါစိ ကရဟစိ၊ ၌သာ။ န ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်လာသည်မဟုတ်ကုန်။ ဧဝံ သန္တေပိ၊ ဤသို့ တရံတခါ ၌သာဖြစ်သည်မဟုတ်ပါကုန်သော်လည်း။ စက္ကဝတ္တိဝတ္တပရိပူရဏဿာပိ၊ စကြဝတေးမင်း၏ ကျင့်ဝတ်ကို ဖြည့်ကျင့်ခြင်း၏လည်း။ ဒုက္ကရဘာဝတောပိ၊ ခက်ခဲစွာပြုကျင့်အပ်သည် အဖြစ်ကြောင့်လည်း။ (စက္ကဝတ္တိနော၊ တို့သည်။) ဒုလ္လဘုပ္ပါဒါယေဝ၊ ခက်ခဲစွာရအပ်သော ဖြစ်ခြင်းရှိကုန်သည်သာတည်း။ ဣတိ၊ ထို့ကြောင့်။ ဣမိနာ ဒုလ္လဘုပ္ပါဒတာသာမညေန၊ ဤရနိုင်ခဲသော ဖြစ်ပေါ်လာခြင်း ရှိသည်အဖြစ်အားဖြင့် တူသည်အဖြစ်ကြောင့်။ တေသံ၊ ထိုစကြဝတေးမင်းတို့၏။ ဒုလ္လဘဒဿနတာ၊ ရနိုင်ခဲသော တွေ့မြင်ရခြင်းရှိသည်အဖြစ်ကို။ (အာစရိယေန) ဝုတ္တာ၊ မိန့်ဆိုအပ်ပြီ။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိသင့် သိထိုက်၏။
စက္ကရတနာနုဘာဝေန၊ စကြာရတနာ၏ တန်ခိုးအာနုဘော်ကြောင့်။ သိဇ္ဈမာနော၊ ပြီးစီးသော။ ဂုဏော၊ အကျိုးအာနိသင်သည် (စည်းစိမ်ချမ်းသာသည်)။ စက္ကဝတ္တိပရိဝါရသာဓာရဏော၊ (စကြဝတေးမင်းနှင့် သာမက) စကြဝတေးမင်း၏ နောက်လိုက် နောက်ပါ အခြံအရံ ပရိသတ်တို့နှင့်လည်း သက်ဆိုင်သည်။ ကာမံ ဟောတိ၊ အကယ်၍ ကား ဖြစ်ပေ၏။ တထာပိ၊ သို့သော်လည်း။ စက္ကဝတ္တိဧဝ၊ စကြဝတေးမင်းသည်သာလျှင်။ နံ ဂုဏံ၊ ထိုအကျိုးအာနိသင်ကို။ သာမိဘာဝေန၊ ပိုင်ရှင်၏ အဖြစ်ကြောင့်။ ဝိဿဝိတာယ ဝိဿဝိတာယ။ ။ ဝိဿဝတိ အရဟတီတိ ဝိဿဝိ (ဝိပုဗ္ဗ သုဓာတ် ဣပစ္စည်း) ဝိဿဝိနော ဘာဝေါ ဝိဿဝိတာ- သုံးစွဲခြင်းငှာထိုက်သူ၏ အဖြစ်၊ တနည်း- ဝိဿဝနံ သဇနံ သမတ္ထနံ ဝိဿဝေါ၊ (ဝိ+သု+အ)၊ ဝိဿဝေါ အဿ အတ္ထီတိ ဝိဿဝီ၊ ဝိဿဝိနော ဘာဝေါ ဝိဿဝိတာ- အလိုရှိတိုင်း သုံးစွဲနိုင်စွမ်းရှိသူ၏အဖြစ်၊ ပါဠိ၌ တချို့သုဓာတ်သည် သက္ကတ၌ ဂြုဓာတ်ဖြစ်၍ ဝိဿဝိ-ဟု သံယုဂ်ရှိရ၏။ ဝိဿဝိတာယာတိ အရဟတာယ၊ အနေကတ္ထတ္တာ ဟိ ဓာတူနံ အရဟတ္ထော ဝိပုဗ္ဗော သုသဒ္ဒေါ၊ ဝိဿဝံ ဝါ သဇနံ ဝသိတာ ကာမကာရိတာ ဝိဿဝိတာ။ ဓမ္မသင်္ဂဏီမူလဋီကာ၊ နှာ-၈၆ (ဤဋီကာ၊ ၂၀၈-၌လည်းကြည့်) ၊ ထိုက်တန်သည် အဖြစ်ဖြင့်။ ဝါ၊ အလိုရှိတိုင်း သုံးပိုင်ခွင့်ရှိသူ၏အဖြစ်ဖြင့်။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ခံစား၏။ ဣတိ၊ ဤသို့။ ဝတ္တဗ္ဗတံ၊ ဆိုထိုက်သူ၏ အဖြစ်ကို။ အရဟတိ၊ ထိုက်၏။ (ကသ္မာ၊ နည်း။ တဿ ဂုဏဿ၊ ထိုစည်းစိမ်ချမ်းသာဟူသော အကျိုးအာနိသင်၏။ ဝါ၊ သည်။) တဒတ္ထံ၊ ထိုစကြဝတေးမင်း၏ အကျိုးငှာ။ ဥပ္ပဇ္ဇနတော၊ ဖြစ်လာသည်အဖြစ်ကြောင့်တည်း။ ဣတိ၊ ထိုအနက်သဘောကို။ ဒဿေန္တော၊ ပြတော်မူလို သည်အဖြစ်ကြောင့်။ တဒေတန္တိ အာဒိံ၊ တဒေတံအစရှိသော စကားရပ်ကို။ (အာစရိယော) အာဟ၊ ပြီ။
ယထာ ဝုတ္တာနံ၊ ဆိုအပ်ခဲ့ပြီးသမျှကုန်သော။ ပဉ္စန္နံ၊ (စိတ္တီကတ၊ စသည်ဖြင့်။) ငါးမျိုးကုန်သော။ ဝါ၊ သို့မဟုတ်။ ဆန္နံ၊ (ရတိဇနန အနက်ကို လည်း ပေါင်းထည့်၍၊) ခြောက်မျိုးကုန်သော။ အတ္ထာနံ၊ အနက်တို့၏။ ဣတရရတနေသုပိ၊ စကြာရတနာမှ တပါးသော ဟတ္ထိ, အဿ-စသော ရတနာတို့၌လည်း။ လဗ္ဘနတော၊ ရအပ်ကုန်သည်အဖြစ်ကြောင့်။ ဧဝံ သေသာနိပီတိ၊ ဧဝံ သေသာနိပိ-ဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဟတ္ထိအဿပရိဏာယကရတနေဟိ၊ ဆင်ပျံရတနာ,မြင်းပျံရတနာ, သားကြီး ရတနာတို့နှင့်။ (သမန္နာဂတော၊ ၌စပ်။) အဇိတဝိဇယတော၊ မအောင်နိုင်အပ်သေးသော ရန်သူအပေါင်းကို အောင်နိုင်သည်အဖြစ်အားဖြင့်။ (သမန္နာဂတော၊ ပြည့်စုံ၏။) စ၊ ထို့အပြင်။ စက္ကရတနေန၊ စကြာယာဉ်ပျံရတနာနှင့်။ ပရိဝါရဘာဝေန၊ အခြံအရံ၏ အဖြစ်အားဖြင့်။ (သမန္နာဂတော၊ ၏။) သေသေဟိ၊ ကြွင်းသော ရတနာတို့နှင့်။ ပရိဘောဂူပကရဏဘာဝေန၊ စည်းစိမ်အဆောင်အယောင်အဖြစ်အားဖြင့်။ သမန္နာဂတော၊ ၏။ [ပရိဘောဂနှင့် ပရိဝါရကို သေချာအောင် ခွဲခြားပြလို၍ ဟတ္ထိအဿ ။ပ။ ယောဇနာဟု မိန့်။]
ဟတ္ထိ အဿ မဏိ ဣတ္ထိရတနေဟိ၊ ဆင်ပျံ, မြင်းပျံ, ပတ္တမြား, မိဖုရားကြီး ရတနာတို့နှင့်။ ပရိဘောဂူပကရဏဘာဝေန၊ ဖြင့်။ (သမန္နာဂတော၊ ၏။) သေသေဟိ၊ ထိုလေးမျိုးတို့မှ ကြွင်းကျန်သော စကြာရတနာ, ဂဟပတိရတနာ, ပရိဏာယက ရတနာတို့နှင့်။ ပရိဝါရဘာဝေန၊ ဖြင့်။ (သမန္နာဂတော၊ ၏။) ဣတိ၊ ဤကား။ ယောဇနာ၊ ရတနာခုနစ်ပါး တို့ကို ပရိဝါရ ရတနာ, ပရိဘောဂူပကရဏရတနာဟု နှစ်မျိုးခွဲခြား ယှဉ်တွဲခြင်းတည်း။
စတုန္နံ မဟာဒီပါနံ သိရိဝိဘဝန္တိ၊ ကား။ တတ္ထ၊ ထိုကျွန်းငယ် နှစ်ထောင်အခြံအရံရှိသော ကျွန်းကြီးလေးကျွန်းတို့၌။ လဒ္ဓံ၊ ရအပ်သော။ သိရိသမ္ပတ္တိဉ္စေဝ၊ အသရေ၏ ပြည့်စုံမှုကို လည်းကောင်း။ ဘောဂသမ္ပတ္တိံစ၊ စည်းစိမ်၏ ပြည့်စုံမှုကိုလည်းကောင်း။ (ဂဟေတွာ၊ ယူ၍။)
တာဒိသမေဝါတိ၊ ကား။ ပုရေဘတ္တမေဝါတိအာဒိနာ၊ ပုရေဘတ္တမေဝ- အစရှိသည်ဖြင့်။ ဝုတ္တာနုဘာဝမေဝ၊ ဆိုအပ်ပြီးသော အစွမ်းတန်ခိုးရှိသည်ပင် ဖြစ်သော။ (အဿရတနံ၊ မြင်းပျံရတနာ လည်းကောင်း။)
ယောဇနပ္ပမာဏံ၊ တစ်ယူဇနာအတိုင်း အတာရှိသော။ ပဒေသံ၊ အရပ်တိုင်အောင်။ ဗျာပနေန၊ ကျယ်ပြန့်စေခြင်းအားဖြင့်။ ယောဇနပ္ပမာဏံ၊ သော။ အန္ဓကာရံ၊ အမိုက်မှောင်ကို။ (ဝိဓမိတွာ၊ ပယ်ခွင်း၍။)
အတိဒီဃတာဒိဆဗ္ဗိဓ၊ ဒေါသပရိဝဇ္ဇိတံ- အလွန်အရပ်ရှည်သည်အဖြစ် အစရှိသော ခြောက်ပါးအပြားရှိသော အပြစ်တို့သည် စွန့်ခွာရှောင်ရှားအပ်သော။ (ဣတ္ထိရတနံ၊ မိဖုရားရတနာလည်းကောင်း)။
သူရာတိပဒဿ၊ သူရာဟူသော ပုဒ်၏။ သတ္တိဝန္တော၊ ရဲစွမ်းသတ္တိရှိကုန်သော။ နိဗ္ဘယာ၊ ကြောက်ရွံ့ခြင်းမရှိကုန်သော။ ဣတိ၊ ဤကား။ အတ္ထော၊ အနက်တည်း။ ဣတိ၊ ဤသို့ ပြလိုသည်အဖြစ်ကြောင့်။ အဘီရုကာတိ၊ အဘီရုကာဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
အင်္ဂန္တိ၊ အင်္ဂံဟူသည်။ ကာရဏံ၊ အကြောင်းဖြစ်သော ဝီရိယတည်း။
ယေန ကာရဏေန၊ အကြင်အကြောင်းဖြစ်သော ဝီရိယကြောင့်။ ဝီရာတိ၊ ရဲရင့်သူတို့ဟူ၍။ ဝုစ္စေယျုံ၊ ဆိုသင့်ကုန်၏။ တံ၊ ထိုရဲရင့်သူတို့၏ အကြောင်းဝီရိယသည်။ ဝီရင်္ဂံ၊ ဝီရင်္ဂ မည်၏။
တေန၊ ထို့ကြောင့်။ ဝီရိယဿေတံ နာမန္တိ၊ နာမံဟူ၍။ (အာစရိယော) အာဟ။
ယာဝ စက္ကဝါဠပဗ္ဗတာ၊ စကြဝဠာတောင်တိုင်အောင်။ စက္ကဿ၊ စကြာရတနာ၏။ ဝါ၊ စက်ဝန်းဘီးကြီး၏။ ဝတ္တနတော၊ လှည့်ပတ်သွားလာသည်အဖြစ်ကြောင့်။ စက္က ။ပ။ပရိယန္တန္တိ၊ ယန္တံဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
အဒဏ္ဍေနာတိ ဣမိနာဝ၊ ဤအဒဏ္ဍေန ဟူသော ပါဌ်ဖြင့်ပင်။ ဓနဒဏ္ဍဿစ၊ ဥစ္စာဒဏ်တပ်ခြင်းကိုလည်းကောင်း။ သရီရဒဏ္ဍဿ စ၊ ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက် လက်နက်ပြစ်ဒဏ်ခတ်ခြင်းကိုလည်းကောင်း။ အကရဏံ၊ မပြုခြင်းကို။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ပန၊ ထိုမှတပါး။ အသတ္ထေနာတိ ဣမိနာအသတ္ထေန၊ ဟူသော ဤပါဌ်ဖြင့်။ သေနာယ၊ စစ်တပ်ဖြင့်။ ယုဇ္ဈနဿ၊ စစ်တိုက်ရခြင်းကို။ (အကရဏံ၊ ကို။ ဝုတ္တံ၊ ပြီ။) ဣတိ၊ ဤသို့သော။ တဒုဘယံ၊ ထိုနှစ်မျိုးစုံသော ပြစ်ဒဏ်ပေးမှုမပြုခြင်းကို။ ဒဿေတုံ၊ ပြုခြင်းငှာ။ ယေ ကတာပရာဓေတိအာဒိ၊ ယေ ကတာပရာဓေ- အစရှိသော စကားကို။ (အာစရိယေန) ဝုတ္တံ။
ဝုတ္တပ္ပကာရန္တိ၊ ကား။ သာဂရပရိယန္တံ၊ သမုဒ္ဒရာ အဆုံးရှိသော။ (ပထဝိံ၊ ကို)။
ရဉ္ဇနဋ္ဌေန၊ တပ်မက်တွယ်တာတတ်သည်အဖြစ်ဟူသော အနက်ကြောင့်။ ရာဂေါ၊ ရာဂမည်၏။ တဏှာယနဋ္ဌေန၊ သောက်သုံးလိုမှု ငတ်မွတ်မှု ဖြစ်ခြင်းအနက်ကြောင့်။ တဏှာ၊ တဏှာမည်၏။ ဣတိ၊ ဤသို့။ ပဝတ္တိအာကာရဘေဒေန၊ ဖြစ်ပုံ အခြင်းအရာ ကွဲပြားခြင်းကြောင့်။ လောဘောဝ၊ လောဘတမျိုးတည်းကိုပင်။ ဒွိဓာ၊ ရာဂနှင့် တဏှာဟု နှစ်မျိုးအပြားအားဖြင့်။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
တထာ (တံ ဝစနံ)၊ ထိုစကားသည်။ ဟိ (သစ္စံ)၊ မှန်၏။ အဿ၊ ထိုလောဘ၏။ ဒွိဓာ၊ ရာဂ, တဏှာ-ဟူသော နှစ်မျိုးအပြားအားဖြင့်။ ဆဒနဋ္ဌော၊ ဖုံးအုပ်ခြင်းအနက်သဘောသည်။ ဧကန္တိကော၊ တစ်ခုတည်းအဖို့ရှိသည်။ (ဧကန်စင်စစ် မုချဖြစ်သည်။) ဟောတိ၊ ၏။
ယထာဟ၊ အဘယ်သို့ မြတ်စွာဘုရားဟောတော်မူသနည်း။ အန္ဓတမံ ။ပ။ နရန္တိစ၊ အန္ဓတမံ ။ပ။နရံ- ဟူ၍လည်းကောင်း။ တဏှာဆဒနဆာဒိတာတိစ၊ ဒိတာဟူ၍လည်းကောင်း။ (အာဟ၊ ဟောတော်မူပြီ။) [ယံ (ယသ္မိံကာလေ)၊ အကြင်အခါ၌။ ရာဂေါ၊ တပ်မက်ခြင်းသဘောတရားသည်။ နရံ၊ သတွာ- ကို။ သဟတေ၊ လွှမ်းမိုးဖိစီး၏။ တဒါ၊ ထိုအခါ၌။ အန္ဓတမံ၊ ပညာစက္ခု၊ ကန်းအောင်ပြုသည့်၊ အဝိဇ္ဇာအမှောင်ထုသည်။ ဟောတိ၊ ဖြစ်၏။ တဏှာဆဒနဆာဒိတာ၊ တဏှာတည်း ဟူသော အမိုးအကာဖြင့် ဖုံးအုပ်ကာဆီးထားအပ်ကုန်သော။ (သတ္တာ၊ သတ္တဝါတို့သည်။ ဇရာမရဏံ၊ အိုမင်းရင့် ရော်ခြင်း သေခြင်းသို့။ အနွေန္တိ၊ အစဉ်လိုက်ကြကုန်၏။)]
ဣမိနာ နယေန၊ ဤနည်းအားဖြင့်။ ဒေါသာဒီနမ္ပိ၊ ဒေါသအစရှိသော အကုသိုလ်တို့၏လည်း။ ဆဒနဋ္ဌော၊ ဖုံးအုပ်ခြင်းအနက် သဘောကို။ (ဝိညုနာ၊ ပညာရှိသည်။) ဝတ္တဗ္ဗော၊ ပြဆိုသင့်၏။
ကိလေသဂ္ဂဟဏေန၊ ကိလေသသဒ္ဒါဖြင့်။ ဝိစိကိစ္ဆာဒယော၊ ဝိစိကိစ္ဆာအစရှိကုန် သော။ သေသကိလေသာ၊ ကြွင်းကျန်သော ကိလေသာတို့ကို။ (ဘဂဝတာ) ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။
ယသ္မာ၊ အကြင့်ကြောင့်။ သဗ္ဗေ၊ အားလုံးကုန်သော။ တေ ပါပဓမ္မာ၊ ထိုယုတ်မာသော အကုသိုလ်တရားတို့သည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်ကုန်လသော်။ သတ္တသန္တာနံ၊ သတ္တဝါတို့၏ စိတ်အစဉ်ကို။ ဆာဒေတွာ၊ ဖုံးအုပ်ကုန်၍။ ပရိယောနန္ဓိတွာ၊ မြှေးယှက်ရစ်ပတ်ကြကုန်၍။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ကုသလပ္ပဝတ္တိံ၊ ကုသိုလ်၏ ဖြစ်ခြင်းကို။ နိဝါရေန္တိ၊ တားမြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တေ ပါပဓမ္မာ၊ တို့ကို။ ဆဒနာတိစ၊ ဆဒနတို့ဟူ၍လည်းကောင်း။ ဆဒါတိစ၊ ဆဒတို့ဟူ၍လည်းကောင်း။ (ဘဂဝတာ၊ သည်။) ဝုတ္တာ၊ ကုန်ပြီ။
ဝိဝဋ္ဋစ္ဆဒါတိ စ၊ ဝိဝဋ္ဋစ္ဆဒါဟူ၍လည်း။ ဩကာရဿ၊ ဩအက္ခရာ၏။ အာကာရံ၊ အာအက္ခရာကို။ ကတွာ၊ ပြု၍။ နိဒ္ဒေသော၊ ညွှန်ပြခြင်းသည်။ (ဟောတိ)။
တာသန္တိ၊ တာသံဟူသည်ကား။ ဒွိမ္ပိ၊ နှစ်မျိုးလုံးလည်းဖြစ်ကုန်သော (အိမ်ရာ တည်ထောင် လူ့ဘောင်၌ နေပါက စကြဝတေးမင်းဖြစ်ခြင်းနှင့် ရဟန်းပြုပါက အရဟန္တ သမ္မာသမ္ဗုဒ္ဓဖြစ်တော်မူခြင်းအားဖြင့် နှစ်မျိုးလုံးလည်းဖြစ်ကုန်သော။) နိပ္ဖတ္တီနံ၊ အထွက်အထိပ်ရောက် ပြီးမြောက်ခြင်းတို့၏။
နိမိတ္တဘူတာနီတိ၊ ကား။ ဉာပကကာရဏဘူတာနိ၊ သိစေတတ်သော အကြောင်းဖြစ်ကုန်သော။ (ကသ္မာ၊ အဘယ့်ကြောင့်။ ဧတာနိ၊ ဤပြလတ္တံ့သော (၃၂)ပါးသော မဟာပုရိသလက္ခဏာတော်တို့ကို။ တာသံ၊ ထိုနှစ်ပါးကုန်သော အထွတ်အထိပ်ရောက် ပြီးမြောက်ခြင်းတို့၏။ နိမိတ္တဘူတာနီတိ၊ သိစေတတ်သော အကြောင်းဖြစ်ကုန်၏ဟူ၍။ ဝိညာယန္တိ၊ သိအပ်ပါကုန်သနည်း။ ဣတိ၊ ဤကား အမေးတည်း။)
ဟိ(ယသ္မာ)၊ အကြင့်ကြောင့်။ ဧတေဟိ၊ ဤသုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတို့ဖြင့်။ မဟာပုရိသဘာဝေါ၊ မြတ်သော ယောက်ျား၏ အဖြစ်ကို။ လက္ခီယတိ၊ မှတ်သားအပ်၏။ ဣတိ၊ ထိုသို့ မြတ်သော ယောက်ျား၏ အဖြစ်ကို မှတ်သားအပ်ကြောင်း၏ အဖြစ်ကြောင့်။ တာနိ၊ ထို(၃၂)ပါးသော မဟာပုရိသလက္ခဏာတော်တို့သည်။ လက္ခဏာနိ၊ လက္ခဏတို့မည်၏။ တထာ (တသ္မာ၊ ထိုသို့မြတ်သော ယောက်ျား၏အဖြစ်ကို မှတ်သားအပ်ကြောင်း၏ အဖြစ်ကြောင့် လက္ခဏာအမည် ရသည် အဖြစ်ကြောင့်။ (ဧတာနိ၊ ဤပြအပ်လတ္တံ့သော (၃၂)ပါးသော မဟာပုရိသ လက္ခဏာတော်တို့ကို။ တာသံ၊ တို့၏။ နိမိတ္တဘူတာနီတိ၊ ဟူ၍။ ဝိညာယန္တိ၊ သိအပ်ကုန်၏။ ဣတိ၊ ဤကား အဖြေတည်း)။
ဧတဿ၊ ဤဝိပဿီဘုရားအလောင်းတော်မင်းသား၏။ ဌာနဂမနာဒီသု၊ ရပ်ခြင်း ကြွသွားခြင်းအစရှိသည်တို့၌။ ဘူမိယံ၊ မြေပေါ်၌။ သုဋ္ဌု၊ ကောင်းစွာ။ သမံ၊ ညီညီညာညာ။ ပတိဋ္ဌိတာ၊ တည်ကုန်သော။ ပါဒါ၊ ခြေတော်တို့သည်။ အတ္ထ၊ ရှိကုန်၏။ ဣတိ၊ ထိုသို့ ရပ်ခြင်း ကြွသွားတော်မူခြင်းစသည်တို့၌ မြေပေါ်၌ ကောင်းစွာ ညီညီညာညာတည်ရှိကုန်သော ခြေတော်တို့ရှိသည်အဖြစ်ကြောင့်။ သော၊ ထိုဝိပဿီဘုရားအလောင်းတော် မင်းသားသည်။ သုပ္ပတိဋ္ဌိတပါဒေါ၊ သုပ္ပတိဋ္ဌိတပါဒမည်တော်မူ၏။
ပန၊ ဆက်ဦးအံ့။ ဝါ၊ ထိုမှ တပါး။ အဿ၊ ထိုဝိပဿီဘုရားအလောင်းတော်မင်းသား၏။ တံ သုပ္ပတိ ဠိတပါဒတံ၊ ထိုမြေပြင်ပေါ်၌ ကောင်းစွာ ညီညီညာညာ တည်သော ခြေတော်များရှိတော်မူသည်အဖြစ်ကို။ ဗျတိရေကမုခေန၊ ပြောင်းပြန်အနက် မျက်နှာလှည့်သောအားဖြင့်။ ဝိဘာဝေတုံ၊ ထင်ရှားဖော်ပြခြင်းငှာ။ ယထာတိ အာဒိ၊ ယထာအစရှိသော စကားရပ်ကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထိုယထာအစရှိသော စကားရပ်၌။ (အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤသို့။ ဝေဒိတဗ္ဗော၊ သိထိုက်၏။) အဂ္ဂတလန္တိ၊ ကား။ အဂ္ဂပါဒတလံ (ဝါ)၊ အဖျားပိုင်း ခြေဖဝါးအပြင်သည်သော်လည်း။ (ပဌမံ၊ ရှေးဦးစွာ။ ဖုသတိ၊ မြေ၌ထိ၏။)
ပဏှီတိ၊ ကား။ ပဏှိတလံ (ဝါ)၊ ဖနောင့်အပြင်သည်သော်လည်း။ (ပဌမံ ဖုသတိ)
ပဿန္တိ၊ ပဿံ-ဟူသည်ကား။ ပါဒတလဿ၊ ခြေဖဝါးအပြင်၏။ ဒွီသု၊ နှစ်ဖက်ကုန်သော။ ပဿေသု၊ နံဘေးတို့တွင်။ ဧကေကံ၊ တစ်ခုခုသော။ (ပရိယန္တံ၊ အစွန်းဖြစ်သော။ ပဿံ ဝါ၊ နံဘေးဘက်သည်သော်လည်းကောင်း။) ဥဘယမေဝ၊ နှစ်မျိုးစုံပင် ဖြစ်သော။ ပရိယန္တံ၊ သော။ ပဿံ ဝါ၊ လည်းကောင်း။
(ပဌမံ ဖုသတိ) အဿ ပနာတိ အာဒိ၊ အဿ ပနအစရှိသော စကားရပ်သည်။ အနွယတော၊ အလျော်အားဖြင့်။ အတ္ထဝိဘာဝနံ၊ အနက်ကို ထင်ရှားဖော်ပြသော စကားရပ်တည်း။
သုဝဏ္ဏပါဒုကတလမိဝ၊ ရွှေခြေနင်းအပြင်ကဲ့သို့။ ဥဇုကံ၊ ဖြောင့်မတ်စွာ။ နိက္ခိပိယမာနံ၊ မြေပေါ်၌ ချအပ်လသော်။ (ဖုသတိ)
ဧကပ္ပဟာရေနေဝါတိ၊ ကား။ ဧကက္ခဏေယေဝ၊ တပြိုင်နက်တည်းသော ခဏ၌သာလျှင်။ (ဖုသတိ)
နိက္ခိပနေ၊ မြေပြင်၌ ခြေချနင်းရာအခါ၌။ သကလံ၊ အားလုံးသော။ ပါဒတလံ၊ ခြေဖဝါး အပြင်သည်။ ဘူမိံ၊ မြေကို။ ဖုသတိ၊ ထိ၏။
ဧကပ္ပဟာရေနေဝ၊ တပြိုင်နက်တည်းသော ခဏ၌သာလျှင်။ သကလံ၊ သော။ ပါဒတလံ၊ သည်။ ဘူမိတော၊ မြေမှ။ ဥဋ္ဌဟတိ၊ ကြွ၏။ ဣတိ၊ ဤကား။ ယောဇနာ၊ ပုဒ်တို့ကို လိုက်စပ်ခြင်းအားဖြင့် အနက်ကို ယှဉ်စေခြင်းတည်း။
တသ္မာ ။ပ။ ပါဒေါတိ၊ တသ္မာ ။ပ။ ပါဒေါ- ဟူသော စကားသည်။ နိဂမနံ၊ အပြီးအဆုံး နိဂုံးအုပ်ကြောင်း စကားတည်း။
ပန၊ အမှာစကားရပ်ကား။ ဧတ္ထ၊ ဤမဟာပဒါနသုတ်အဖွင့်၌။ အနုန္နတာနိန္နာဒိအနန္နတာနိန္နာဒိအစ္ဆရိယမ္ဘုတံ။ ။ ဤသုတ်ဋီကာ၌ “အနုပုဗ္ဗနိန္နာဒိ”ဟုလည်း ကောင်း၊ မဇ္ဈိမပဏ္ဏာသဋီကာ၊ ဗြဟ္မာယုသုတ်အဖွင့် (နှာ-၁၇၂)၌ “အနုပုဗ္ဗနိန္နာဝ”ဟုလည်း ကောင်း ပါဠိရှိ၏၊ သမုဒ္ဒရာ၏ အစဉ်အတိုင်း နိမ့်ခြင်းကို ဆိုလိုသော ထို “အနုပုဗ္ဗနိန္န”ဟူသော ပါဌ်သည် ဤ “သုပ္ပတိဋ္ဌိတပါဒတာလက္ခဏာတော်နှင့် မည်သို့မျှမသက်ဆိုင်သောကြောင့် ပျက်ယွင်းနေသော ပါဌ်သာတည်း၊ ထို့ကြောင့် “လက္ခဏသုတ္တဝဏ္ဏနာယံ အာဝိဘဝိဿတိ” ဟု ဋီကာညွှန်သည့်အတိုင်း အစ္ဆရိယအဗ္ဘုတအကြောင်းအရာတို့ကို ပါထိကဝဂ္ဂ လက္ခဏသုတ် အဋ္ဌကထာ (နှာ-၁ဝ၅)နှင့် မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ ဗြဟ္မာယုသုတ်အဖွင့် (၂၅၇)တို့ကို ကြည့်သောအခါ -
သုပ္ပတိဋ္ဌိတပါဒတာလက္ခဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ခြေဖဝါးတော်သည် အနည်းငယ်မျှ ချိုင့်ဟိုက်မနေဘဲ အလွန်ညီညာသည်ဖြစ်ရကား မြေပေါ်၌ ခြေဖဝါးတော် နင်းချသောအခါ ခြေဖဝါးတော်တစ်ခုလုံး တပြိုင်နက် မြေပေါ်၌ ညီညာစွာ ထိမိ၏၊ ခြေတော်ကြွမြှောက်တော်မူလျှင်လည်း ခြေဖဝါးတော်တခုလုံး တပြိုင်နက် ကြွ၏။အကယ်၍ အသူတရာပေါင်းများစွာနက်သော ချောက်ကြီး၌ပင် ခြေတော်ချရန် ကြွလှမ်းတော်မူ လျှင်လည်း နက်ရှိုင်းလှသော ထိုချောက်ကြီး၏ အနိမ့်ပိုင်း (နိန္နဋ္ဌာန)သည် လေတွေပြည့်ဖောင်း နေသော သားရေအိပ်ကဲ့သို့ ကြွတက်လာကာ ညီညာသော မြေပြင်ဖြစ်လာ၏။ မြင့်မောက်သော နေရာ(ဥန္နတဋ္ဌာန)သည်လည်း အောက်သို့ နစ်ဝင်သွား၏-စသည်ဖြင့် ဖွင့်ထားရာ၌ “နိန္နဋ္ဌာန, ဥန္နတဋ္ဌာန”ဟူသော ပါဠိနှစ်ပုဒ်တွေ့ရ၏။ ထိုနှစ်ပုဒ်ကို ပဋိသေဓပုဒ်နှင့် တွဲစပ်လိုက်လျှင် “အနုန္နတ+အနိန္န”ဟု ဖြစ်ရကား “အနု န္နတာနိန္နာဒိ”ဟု ပါဌ်မှန်တွေ့ရ၏။ တိပိဋက ပါဠိ မြန်မာ သရအဘိဓာန်၌လည်း ထိုအတိုင်းပါဠိရှိသင့်ကြောင်း ပြထား၏။ ထို့ကြောင့် ယင်းပါဠိကို အတည်ပြုကာ အနက်ပြန်ဆိုထားပါသည်။
၊ (မြတ်စွာဘုရားခြေတော်ကြွလှမ်းတော်မူရာ အခါဝယ် မြေကြီး၏) မမြင့်မောက်ခြင်း, မနိမ့်မချိုင့်ခြင်းအစရှိသော။ အစ္ဆရိယအဗ္ဘုတံ၊ အံ့ဩဖွယ်ရာ မဖြစ်စဖူး အသစ်အထူးဖြစ်ရပ်ဆန်းဖြစ်သော။ ယံ နိဿန္ဒဖလံ၊ (သုပ္ပတိဋ္ဌိတပါဒတာလက္ခဏာ တော်၏) အကြင်ထပ်ဆင့်တိုးတက်အကျိုးဆက်ကို။ ဝတ္တဗ္ဗံ၊ ဆိုသင့်ဆိုထိုက်၏။ တံ (နိဿန္ဒဖလံ)၊ ကို။ ပရတော၊ နောက်ပါထိကဝဂ္ဂ အဋ္ဌကထာ၌။ လက္ခဏသုတ္တဝဏ္ဏနာယံ၊ လက္ခဏသုတ်အဖွင့်စကားရပ်၌။ အာဝိ၊ ထင်ရှားစွာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤကား အမှာစကားတည်း။
နာဘိ ဒိဿတီတိ၊ ကား။ လက္ခဏစက္ကဿ၊ လက္ခဏာတော် ဖြစ်သော စကြာရတနာ၏။ နာဘိ၊ ပုံတောင်းချက်မကို။ ပရိမဏ္ဍလသဏ္ဌာနာ၊ ဝန်းဝိုင်းသော အသွင်သဏ္ဌာန်ရှိလျက်။ သုပရိဗျတ္တာ၊ ကောင်းစွာ ထင်ရှားသည်။ ဟုတွာ၊ ဖြစ်၍။ ဒိဿတိ၊ တွေ့မြင်အပ်၏။ လဗ္ဘတိ၊ ရအပ်၏။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာအလိုရှိအပ်သော အနက်တည်း။ နာဘိ ဒိဿတီတိ၊ ကား။ လက္ခဏစက္ကဿ၊ လက္ခဏာတော် ဖြစ်သော စကြာရတနာ၏။ နာဘိ၊ ပုံတောင်းချက်မကို။ ပရိမဏ္ဍလသဏ္ဌာနာ၊ ဝန်းဝိုင်းသော အသွင်သဏ္ဌာန်ရှိလျက်။ သုပရိဗျတ္တာ၊ ကောင်းစွာ ထင်ရှားသည်။ ဟုတွာ၊ ဖြစ်၍။ ဒိဿတိ၊ တွေ့မြင်အပ်၏။ လဗ္ဘတိ၊ ရအပ်၏။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာအလိုရှိအပ်သော အနက်တည်း။
နာဘိပရိစ္ဆိန္နာတိ၊ ကား။ တဿံ နာဘိယံ၊ ထိုပုံတောင်းချက်မ၌။ ပရိစ္ဆိန္နာ၊ ပိုင်းခြားအပ်သော။ ပရိစ္ဆေဒဝသေန၊ အပိုင်းအခြား အနေအားဖြင့်။ ဌိတာ၊ တည်သော။ (ဝဋ္ဋလေခါ၊ ဝန်းဝိုင်းသော အရေးအကြောင်းသည်။ ဝါ၊ ကို။ ဒိဿတိ၊ ထင်ရှား၏။ ဝါ၊ တွေ့မြင်အပ်၏။)
နာဘိမုခပရိက္ခေပပဋ္ဋောတိ၊ ကား။ ပကတိစက္ကဿ၊ ပကတိရိုးရိုးလှည်းဘီး၏။ အက္ခဗ္ဘာဟတပရိဟရဏတ္ထံ၊ ဝင်ရိုး တိုက်ခတ်မှုကိုရှောင်ရှားခြင်းအကျိုးငှာ။ နာဘိမုခေ၊ ပုံကောင်းမျက်နှာဝ အတွင်း၌။ ဌပေတဗ္ဗ ပရိက္ခေပပဋ္ဋော၊ (အောက်ခံအဖြစ်ဖြင့်) ထားသင့်သော ဝန်းဝိုင်းသော သံပြား ပုံသဏ္ဌာန်သည်။ ဝါ၊ ကို။ (ဒိဿတိ) ဣဓ၊ ဤနာဘိမုခပရိက္ခေပပဋ္ဋော- ဟူသော ပါဌ်၌။ တပ္ပဋိစ္ဆန္နော၊ ထိုပုံတောင်းမျက်နှာဝ၏ အဖိုး အအုပ် သံပြားဝိုင်းပုံသဏ္ဌာန်ကို။ အဓိပ္ပေတော၊ အလိုရှိအပ်၏။
နေမိမဏိကာတိ၊ ကား။ နေမိယံ၊ ဘီးအကွပ် (ဘီးခွေ)၌။ အာဝလိဘာဝေန၊ အစဉ်ကျကျ သွယ်တန်းနေသည်အဖြစ်ဖြင့်၏။ ဌိတမဏိကာလေခါ၊ တည်သောရွဲလုံးသဏ္ဌာန်ရှိသော အရေးအသားတို့ကို။ (ဒိဿန္တိ၊ တွေ့မြင်အပ်ကုန်၏။)
သမ္ဗဟုလဝါရောတိ၊ ကား။ ဗဟုဝိဓလေခင်္ဂဝိဘာဝနဝါရော၊ များသော အပြားရှိသော အရေးအသား အစိတ်အပိုင်း အင်္ဂါရပ်တို့ကို ဖော်ပြရာ အခန်းကဏ္ဍဝါရသည်။ (အနာဂတော၊ မလာ။ ဝါ၊ မပါရှိ။)
သတ္တီတိ၊ သတ္တိဟူသည်ကား။ အာဝုဓသတ္တိ၊ လက်နက်ဖြစ်သော လှံတည်း။
သိရိဝစ္ဆောတိ၊ ကား။ သိရိအဂါရံ သိရိဝစ္ဆောတိ သိရိအဂါရံ။ ။ ဤသုတ်ဋီကာ၌ “သီရိအင်္ဂါ”ဟု ရှိပြီး၊ မဇ္ဈိမပဏ္ဏာသ ဋီကာ (၁၇၂)၌ “သိရိမုခံ”ဟု ရှိ၏။ အဘိဓာန်ဋီကာကျမ်းပြု စတုရင်္ဂဗလအမတ်ကြီးရေးသားသော စက်လက္ခဏာပါဠိဂါထာတို့ကို ကျော်အောင်စံထားဆရာတော်ကြီး နိသျပြန်ဆိုရာ၌ “သိရိဝစ္ဆောတိ သိရိအဂါရံ”ဟုဋီကာ ဖွင့်ဆိုရကား “မန္ဒိရံ သဒနာဂါရံ”စသည်ဖြင့် အဘိဓာန်၌ အဂါရသဒ္ဒါ “အိမ်”ဟောသည်နှင့် အညီ “အိမ်မွန်”ဟု အနက်ပြန်ဆိုသည်။ ယင်းဋီကာလည်း တချို့ပေမူ၌ “သီရိအဂါ”ဟု ရှိသည်၊ အဂါသဒ္ဒါ အိမ်အဆောက်အဦကို ဟောသည်၊ ထို့ကြောင့် အဘိဓာန်ဋီကာ၌ “န ဂစ္ဆန္တီတိ အဂါ၊ သမ္ဘာရာဒယော”ဟု ဖွင့်သည်။ ဤသို့စသည်ဖြင့် ရန်ကုန်မြို့ ခြောက်ထပ်ကြီးတိုက်၊ ဂဏဝါစက အရှင်ခေမိန္ဒသာမိ၏ “ဗုဒ္ဓ၏ စက်လက္ခဏာတော်များ” ကျမ်းစာ၌ ဖော်ပြထား၏၊ စက်လက္ခဏာဘုရားရှိခိုးလင်္ကာတို့၌လည်း သိရိဝစ္ဆောကို “အိမ်မွန်”ဟု ချည်းစပ်ဆိုတော်မူကြသည်၊ “အိမ်မွန်”ဟု ဆိုရာ၌ “မွန်”သည် သိရိဝစ္ဆပုဒ်မှ သိရီ၏ ကိုယ်စား အတိုချုပ်အသုံးအနှုန်းတည်း၊ “အသရေရှိသော၊ ဝါ- မွန်မြတ်သော”ဟု ဆိုလို၏။ ၊ အသရေရှိသော အိမ်တော် (ကျက်သရေတိုက်)တည်း။
နန္ဒီတိ၊ ကား။ ဒက္ခိဏာဝတ္တံနန္ဒီတိ ဒက္ခိဏာဝတ္တံ။ ။ ဤမျှလောက် ဋီကာဖွင့်ဆိုရုံမျှဖြင့် ဘယ်အရာကို နန္ဒိ (နန္ဒိယာဝဋ္ဋ) ခေါ်သည်ဟု မသိနိုင်သေးပါ၊ သာရတ္ထဋီကာ (ပ-၁၆၂-နှာ)၌ “နန္ဒိယာဝဋ္ဋန္တိ ကာကပဒသဏ္ဌာနာ မင်္ဂလတ္ထံ ကတာ သုဝဏ္ဏဘာဇနဝိကတိ (မင်္ဂလာအကျိုးငှာပြုအပ်သော ကျီးခြေ သဏ္ဌာန်နှစ်သက်ဖွယ်လက်ျာရစ်လည်သော ရွှေခွက်အထူး)ဟု ဖွင့်ပြီး ဝိမတိဋီကာ (ပ-၃၂-နှာ)၌ “နန္ဒိယာဝဋ္ဋန္တိ နန္ဒိယပုပ္ဖါကာရေန မင်္ဂလတ္ထံ သုဝဏ္ဏေနကတံ (မင်္ဂလာအကျိုးငှာ ပြုအပ်သော နှစ်သက်ဖွယ်လက်ျာရစ်လည်သော ပန်းပွင့်သဏ္ဌာန်ရွှေခွက်အထူး)ဟု ဖွင့်၏။ ဤဋီကာနှစ်စောင်တို့၌ ပုံသဏ္ဌာန်ပြပုံမတူသော်လည်း ရွှေခွက်ကိုချည်း နန္ဒိယာဝဋ္ဋဟု ဆိုလိုကြောင်း သိသာပါ၏။
ဝိမတိဋီကာ၌ နန္ဒိယပုပ္ဖ (နှစ်သက်ဖွယ်ပန်း)ဟူ၍ မည်သည့်ပန်းဟု တိတိကျကျမပြဘဲ သာမာန်ပန်းကိုသာ ပြထားသော်လည်း ဇလပ်ပန်းကို ရွေးချယ်တော်မူကြ၏။ “နန္ဒိယ- နှစ်သက်ဖွယ်ဖြစ်သော၊ အာဝဋ္ဋ- လက်ျာရစ်လည်သော”ဟူ၍ မူရင်းပုဒ်နက် သဒ္ဒတ္ထဖြစ်ပြီး ကျီးခြေသည် ပုံသဏ္ဌာန်ပြ အပဓာန ဖြစ်သကဲ့သို့ ဇလပ်ပန်းသည်လည်း ပုံသဏ္ဌာန်ပြ အပဓာနမျှသာ ဖြစ်၏၊ ရွှေခွက်သာလျှင် နန္ဒိယာဝဋ္ဋပုဒ်၏ ပဓာနသရုပ်သကောင်အနက် ဒြပ်ဖြစ်ပါ၏။ သို့ဖြစ်ပါလျက် စက်လက္ခဏာဘုရား ရှိခိုးလင်္ကာတို့၌ “မကျန်ပွင့်ချပ် (သုံးတန်ပွင့်ချပ်) ဇလပ် ပြန့်မွှေး”ဟူ၍ စပ်ဆိုတော်မူကြသောကြောင့် ဇလပ်ပန်းသာလျှင် ပဓာနသရုပ်သကောင်အဖြစ်ဖြင့် နန္ဒိယာဝဋ္ဋ (ဇလပ်ပန်း)ဟူ၍ နာမည်ထင်ရှားနေလေ၏။ နိဿယခန်း၌ ပြထားသော “သော ဝတ္တိက”ပုဒ်၌ “လည်ရေးသုံးဆင့်”ဟူသော ရှေးမြန်မာပြန်ကဲ့သို့ မထင်ရှားသင့်သည်က ထင်ရှား နေလေသည်။
၊ လက်ျာရစ်လည်သော ဇလပ်ပန်းပုံသဏ္ဌာန်ရှိသော ရွှေခွက်တည်း။
သောဝတ္တိကောတိ၊ ကား။ သောဝတ္တိအင်္ကော၊ လည်ရေးသုံးဆင့် အမှတ်တံဆိပ်ပါသော ပစ္စည်းဝတ္ထု။ [စက်လက္ခဏာတော် ဘုရားရှိခိုးလင်္ကာနှင့်တကွ မြန်မာဆရာတော် အစဥ်အဆက်တို့သည် ဤပုဒ်ကို "လည်ရေးသုံးဆင့်"ဟုချည်းသာ မြန်မာပြန်တော်မူကြသည်။ဤသုတ်ဋီကာ၌ “အင်္ဂေါ”ဟု ရှိသော်လည်း၊ မဇ္ဈိမပဏ္ဏာသဋီကာ၌ “အင်္ကောဟု ရှိ၍ ပိုကောင်းသည်။]
ဝဋံသကောတိ၊ ကား။ အာဝေဠာ ဝဋံသကောတိ အာဝေဠာ။ ။ ဥတ္တံသော သေခရာဝေဠာ မုဒ္ဓမာလျေ ဝဋံသကော (အဘိဓာန်ဂါထာ (၃၀၈)အတိုင်းအနက်ပြန်ဆိုသည်၊ ဝဋံသကန္တိ ကဏ္ဏပိဠန္ဓနဝဋံသကန္တိ ဝုတ္တံဟောတိ၊ ဝဋံသကံ ကဏ္ဏစူဠိကဋ္ဌာနေ ဩလမ္ဗကန္တိပိ ဝဒန္တိ-ဟူသော သာရတ္ထဋီကာအလို နားတန်ဆာ၊ နားသွယ်ပန်း၊ နားဆွဲ၊ နားဍောင်းတည်း။ ၊ ဦးဆောက်ပန်း၊ ဦးစိုက်ပန်း၊ (ဦးထိပ်၌ ပန်ဆင်အပ်သော ပန်းခက်)။
ဝဍ္ဎမာနကန္တိ ဝဍ္ဎမာနကံ။ ။ ဤသုတ်ဋီကာ၌ “ဝဍ္ဎမာနကန္တိ ပုရိမဟာဒီသု ဒီပင်္ကံ”ဟု ရှိ၏။ စာပျက်နေဟန်ရှိ၏၊ ပါရာဇိကဏ်ဂဏ္ဌိသစ် (ပ-၂၆၇)၌ ဝဒ္ဓမာနကန္တိ ပုရိသဟာရိ ပုရိသင်္ဂံဟူသော သုတ်မဟာဝါဋီကာစာမူကို ပြ၍ ဝဒ္ဓမာနကံပုဒ်ကို ယောက်ျားတို့ တန်ဆာအထူးဟု မြန်မာပြန်ကာ ယင်းကို ဆရာတို့က “ဦးပေါင်း”ဟု ယူကြ၏ဟု မိန့်ဆိုထား၏၊ ထိုဂဏ္ဌိ လက်ထက်က သုတ်မဟာဝါဋီကာစာမူသည် မဇ္ဈိမပဏ္ဏာသဋီကာ (၁၇၂) ယခုစာမူအတိုင်းပင် ဖြစ်၏၊ ထိုစာမူကို တိုက်ရိုက်မြန်မာပြန်လျှင် နိဿယခန်းမှာ ရေးထားသည့် အတိုင်းပင် ဖြစ်၍ လူကို ထမ်းထားသော လူရုပ်ပုံ (လူထမ်းရုပ်)ဖြစ်ကြောင်းသိသာ၏၊ တိပိဋက ပါဠိ မြန်မာ အဘိဓာန်ကျမ်းကြီး၏ ဝဍ္ဎမာနကပုဒ် မြန်မာပြန်ခန်း၌ - ပါကဋ၌ “ခန္ဓာရောပိတပုရိသပခုံးပေါ်၌ ထမ်းထားအပ်သော ယောက်ျား”ဟု ဖွင့်သည်။ အလားတူပင် အဒ္ဓမာဂဓီ၌ “ပခုံးပေါ်မှာ ယောက်ျားတစ်ယောက်ကို ထမ်းပြီးလမ်းလျှောက်နေသော ယောက်ျား”ဟု ဖွင့်သည်။ ဤသို့ ထိုအဘိဓာန်ကြီး၌ ပြဆိုထား၏။ ထိုအဖွင့်နှစ်မျိုးလုံးပင် ယခင်ဋီကာ နှစ်စောင်အဖွင့်အတိုင်း လူထမ်းရုပ်ပုံချည်းဖြစ်သောကြောင့် ထိုဋီကာတို့အဖွင့်နှင့် တထပ်တည်း တူညီနေပေသည်။ သို့သော် စက်လက္ခဏာလင်္ကာများ၌ “ဦးဗောင်းမကွဲ၊ စားပွဲတည်ခင်း”စသည် စပ်ဆိုပြီ- ဝဍ္ဎမာနကထမင်းပွဲ(ခူးအပ်သော ထမင်းပွဲ)ဟု မြန်မာပြန်တော်မူကြလေကုန်၏။ ၊ ကား။ ပုရိသဟာရိ၊ ယောက်ျားကို ထမ်းဆောင်ထားသော။ ပုရိသင်္ဂံ၊ ယောက်ျားတည်းဟူသော အစိတ်အပိုင်းအင်္ဂါရပ်။
မောရဟတ္ထကောတိ၊ ကား။ မောရပိဉ္ဆကလာပေါ၊ ဥဒေါင်းမြီးစည်းယပ်တည်း။ ဝါ၊ တနည်းကား။ မောရပိဉ္ဆပဋိသိဗ္ဗိတော၊ ဥဒေါင်းမြီးဖြင့် ချုပ်အပ်သော။ ဗီဇနီဝိသေသော၊ ယပ်တောင်အထူး။
ဝါဠဗီဇနီတိ၊ ကား။ စာမရိဝါလံ၊ စာမရီသားမြီးယပ်။
သိဒ္ဓတ္ထာဒိပုဏ္ဏဃဋပုဏ္ဏပါတိယော၊ မုံညင်းဖြူစေ့စသည် တို့ဖြင့် ပြည့်သော အိုး, ပြည့်သော ခွက်များ။ [ပခုက္ကူ ဆရာတော်ကြီး၏ အဋ္ဌကထာ နိဿယနှင့် မင်းကွန်း တိပိဋကဓရဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်၊ ဒု(၇၃)တို့၌ ဤသုတ် ဋီကာအတိုင်း ပုဏ္ဏဃဋ, ပုဏ္ဏပါတိပုဒ်တို့ကို မြန်မာပြန်တော်မူကြပြီး အများအား ဖြင့်မူ (ရေပြည့်အိုးခွက်)ဟုချည်း ပြန်ဆိုတော်မူကြ၏။
စက္ကဝါဠောတိ၊ စက္ကဝါဠောဟူ၍။ ဝတွာ၊ မိန့်ဆိုပြီး၍။ တဿ၊ ထိုစကြဝဠာ၏။ ပဓာနာဝယဝေ၊ ပဓာနဖြစ်သော အစိတ်အပိုင်း အင်္ဂါရပ်တို့ကို။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ “ဟိမဝါ ။ပ။သဟဿာနီတိ၊ နိဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ ပြီ။
စက္ကဝတ္တိရညော ပရိသံ ဥပါဒါယာတိ ဣဒံ၊ ဒါယဟူသော ဤစကားသည်။ ဟတ္ထိရတနာဒီနမ္ပိ၊ ဆင်ပျံရတနာအစရှိသည်တို့၏လည်း။ တတ္ထ၊ ထိုစက်လက္ခဏာ၌။ လဗ္ဘမာနဘာဝဒဿနံ၊ ရထိုက်သည်အဖြစ်ကို ပြသော စကားတည်း။
သဗ္ဗောတိ၊ သဗ္ဗောဟူသော ပါဌ်ဖြင့်။ ဝါ၊ ပါဌ်၌။ သတ္တိအာဒိကော၊ လှံအစရှိသော။ ယထာဝုတ္တော၊ ပြဆိုအပ်ပြီးသမျှသော။ အင်္ဂဝိသေသော၊ အစိတ်အပိုင်း အင်္ဂါအထူးသည်။ စက္ကလက္ခဏဿေဝ၊ စက်လက္ခဏာတော်၏ သာလျှင်။ ပရိဝါရော၊ အခြံအရံတည်း။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
အာယတပဏှီတိ ဣဒံ၊ အာယတပဏှိဟူသော ဤသဒ္ဒါကို။ အညေသံ၊ ဘုရားအလောင်းတော်မှ အခြားသော လူတို့၏။ ပဏှိတော၊ ဖနောင့်ထက်။ ဒီဃတံ၊ (ဘုရားအလောင်း၏ ဖနောင့်က ပိုလွန်၍) ရှည်သည်အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ပန၊ သို့သော်လည်း။ အတိဒီဃတံ၊ (ဘုရားအလောင်းတော်၏ ဖနောင့်၏) အလွန်ရှည်သည်အဖြစ်ကို။ (သန္ဓာယ၊ ၍။ န ဝုတ္တံ၊ ဟောတော်မူအပ်သည် မဟုတ်။) ဣတိ၊ ဤအနက်သဘောကို ပြလို တော်မူသည် အဖြစ်ကြောင့်။ ပရိပုဏ္ဏပဏှီတ၊ ပရိပုဏ္ဏပဏှိဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ပနယထာ ဟိ၊ အစရှိသည်ကို ပြဆိုရခြင်း၏ အကြောင်းကား။ ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ (ဒဿေန္တေ၊ ပြလသော်။) ပဏှိလက္ခဏံ၊ ဖနောင့်တော်၏ လက္ခဏာသည်။ ပရိပုဏ္ဏံ နာမ၊ ပြည့်စုံသည်မည်သည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုပဏှိလက္ခဏာပြည့်စုံပုံ အခြင်းအရာကို။ ဗျတိရေကမုခေန၊ ပြောင်းပြန်အနက် မျက်နှာမူသောအားဖြင့်။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ ယထာ ဟီတိအာဒိ၊ ယထာ ဟိ-အစရှိသော ဝါကျ အပေါင်းကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
အာရဂ္ဂေနာတိ၊ ကား။ မဏ္ဍလာယ၊ ဝန်းဝိုင်းသော။ သိခါယ၊ ဆောက်ဖျားဖြင့်။
ဝဋ္ဋေတွာတိ၊ ကား။ ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ (ပဏှိ၊ ဖနောင့်တော်သည်။ ဝါ၊ ကို။ ဝဋ္ဋိယမာနာ၊ လုံးစေအပ်သည်ရှိသော်။) သုဝဋ္ဋာ၊ ကောင်းစွာ လုံးသည်။ ဟောတိ၊ ဖြစ်၏။ [ပဏှိကို ယူရမည်ဖြစ်သောကြောင့် “သုဝဋ္ဋာ”ဟု ဣတ္ထိလိင်ရုပ်ရှိသင့်၏။] ဧဝံ၊ ဤသို့ ကောင်းစွာ လုံးလောက်အောင်။ (ပဏှိ၊ သည်။ ဝါ၊ ကို။) ဝဋ္ဋေတွာ၊ လုံးစေ၍။ (လုံးအောင်ပြု၍)။ (ဌပိတာ ဝိယ၊ ထားအပ်သကဲ့သို့။ ဟောတိ။)
ရတ္တကမ္ဗလဂေဏ္ဍုကသဒိသာတိ၊ ကား။ ရတ္တကမ္ဗလမယဂေဏ္ဍုကသဒိသာ၊ နီမြန်းသော သိုးမွေးကမ္ဗလာချည် ဖြင့် ပြုအပ်သော ကျင်လုံးနှင့် တူသော။ (ပဏှိ၊ သည်။ ဟောတိ၊ ၏။)
မက္ကဋဿေဝါတိ ဧတံ၊ ဤမက္ကဋဿေဝ-ဟူသော ဥပမာစကားရပ်ကို။ (ဟတ္ထပါဒင်္ဂုလီနံ၊ လက်ချောင်း ခြေချောင်းတို့၏။) ဒီဃဘာဝဉ္စ၊ ရှည်ကုန်သည်အဖြစ်ကိုလည်းကောင်း။ သမတဉ္စ၊ ညီညာ ကုန်သည်အဖြစ်ကိုလည်းကောင်း။ (လက်မတော်နှစ်ချောင်းမှတပါး ရှည်တိုမရှိ တိတိညီညာပုံကို လည်းကောင်း။) သန္ဓာယ၊ ရည်ရွယ်၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
နိယျာသတေလေနာတိ၊ ကား။ ဆတ္တိရိတနိယျာသာဒိနိယျာသသမ္မိဿေန၊ စရည်းပင်မှ ဖြစ်သော သစ်စေးအစရှိသော သစ်စေးဖြင့် ရောနှောအပ်သော။ တေလေန၊ ဆီဖြင့်။ (မဒ္ဒိတွာ၊ နယ်၍။) [ဆတ္တိရိတပုဒ်ကိုစရည်းပင်ဟု ဆိုကြ၏။] ယံ၊ ယင်းသို့ရောနှောအပ်သော သစ်စေးကို။ သုရဘိနိယျာသန္တိပိ၊ အနံ့ကောင်းသော သစ်စေးဟူ၍လည်း။ ဝဒန္တိ၊ အချို့ ဆရာတို့ မိန့်ဆိုကြကုန်၏။ စ၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤဒီဃင်္ဂုလိတာလက္ခဏာတော်၌။
နိယျာသတေလဂ္ဂဟဏံ၊ နိယျာသတေလကို ဥပမာအဖြစ်ဖြင့် ယူခြင်းသည်။ ဟရိတာလဝဋ္ဋိယာ၊ ဆေးဒန်းတောင့်၏။ ဃနသိနဒ္ဓဘာဝဒဿနတ္ထံ၊ ခက်မာ၍ ပြေပြစ် ချော့မွေ့သည်အဖြစ်ကို ပြရခြင်းအကျိုးရှိ၏။
သတက္ခတ္တုံ၊ အကြိမ်တစ်ရာတိတိ။ ဝိဟတံ၊ ဖတ်အပ် (ခတ်အပ်)သော။ ကပ္ပါသပဋလံ၊ ဝါဂွမ်းလွှာသည်။ သပ္ပိမဏ္ဍေ၊ ကြည်လင်သော ထောပတ်၌။ ဩသာရိတံ၊ သက်ရောက်စေအပ်သည်။ ဝါ၊ နှစ်အပ်သည်။ (သမာနံ၊ ဖြစ်လသော်။) အတိဝိယ၊ အလွန်ပင်။ မုဒု၊ နူးညံ့သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မဟာပုရိသဿ၊ ဘုရားအလောင်း ယောက်ျားမြတ်၏။ ဟတ္ထပါဒါ၊ လက်ခြေတို့သည်။ (အတိဝိယ၊ ပင်။ မုဒူ၊ နူးညံ့ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ ဒဿေန္တော၊ ပြတော်မူလိုသော အဋ္ဌကထာဆရာသည်။ သပ္ပိမဏ္ဍေတိအာဒိံ၊ သပ္ပိမဏ္ဍေ အစရှိသော စကားရပ်ကို။ အာဟ၊ မိန့်တော်မူပြီ။
တလုနာတိ တလုနာ၊ ဟူသည်ကား။ သုခုမာလာ၊ သိမ့်မွေ့နူပျိုကုန်သော။ (ဟတ္ထပါဒါ၊ တို့သည်။)
စမ္မေနာတိ၊ ကား။ အင်္ဂုလန္တရဝေဌိတစမ္မေန၊ ခြေချောင်း လက်ချောင်းတို့၏ အလယ်အကြားကို ရစ်ပတ် ဆက်သွယ်သော အရေသည်။
ပဋိဗဒ္ဓ အင်္ဂုလန္တရောတိ၊ ကား။ ဧကတော၊ တပေါင်းတည်း။ သမ္ဗဒ္ဓ အင်္ဂုလန္တရော၊ ဆက်စပ်အပ်သော လက်ချောင်း ခြေချောင်းတို့၏ အကြားရှိသည်။ န ဟောတိ၊ မဖြစ်။
ဧကပ္ပမာဏာတိ၊ ကား။ ဒီဃတော၊ အရှည်အားဖြင့်။ သမာနပ္ပမာဏာ၊ တူညီသော အတိုင်းအတာရှိကုန်သည်။ (ဟောန္တိ၊ ဖြစ်ကုန်၏။)
ယဝလက္ခဏန္တိ၊ ကား။ အဗ္ဘန္တရတော၊ အတွင်း၌။ အင်္ဂုလိပဗ္ဗေ၊ လက်ချောင်း ခြေချောင်းတို့၏ အဆစ်၌။ ဌိတံ၊ တည်သော။ ယဝလက္ခဏံ၊ မယောစပါးလက္ခဏာသည်။ (တိဋ္ဌတိ၊ တည်၏။)
ပဋိဝိဇ္ဈိတွာတိ၊ ကား။ တံတံပဗ္ဗာနံ၊ ထိုထို လက်ဆစ် ခြေဆစ်တို့၏။ သမာနဒေသတာယ၊ (စဉ်တန်း ဖြောင့်ကာ) တူညီညာသော တည်ရာဒေသရှိသည် အဖြစ်ကြောင့်။၊ အင်္ဂုလီနံ၊ ခြေချောင်း လက်ချောင်းတို့ကို။ ပသာရိတကာလေပိ၊ ဆန့်တန်းအပ်ရာအခါ၌လည်း။ (အင်္ဂုလိပဗ္ဗာနိ၊ လက်ဆစ် ခြေဆစ်တို့သည်။) အညမညံ၊ အချင်းချင်း။ ဝိဇ္ဈိတာနိ ဝိယ၊ (သီးကြိုး သီတံဖြင့်) ထိုးသီထားအပ်ကုန်သကဲ့သို့။ ဖုသိတွာ၊ ထိ၍။ တိဋ္ဌန္တိ၊ တည်ကုန်၏။
ဂေါပ္ဖကာ၊ ဖမျက်(ခြေမျက်စိ)တို့ကို။ သင်္ခါ၊ သင်္ခတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဧတေသံ၊ ဤခြေတော်တို့၏။ ဥဒ္ဓံ၊ ခြေဖမိုးအထက်၌။ သင်္ခါ၊ ခြေမျက်စိတော်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဣတိ၊ ထို့ကြောင့်။ (ထိုသို့ခြေဖမိုး၏ အထက်၌ ခြေမျက်စိရှိကုန်သည် အဖြစ်ကြောင့်။ တေ၊ ထိုခြေတော်တို့သည်။) ဥဿင်္ခါ၊ ဥဿင်္ခတို့မည်၏။ ပါဒါ၊ ခြေတော်တို့တည်း။ [ပါဒါ-ဟု အဘိဓေယျပြထားသောကြောင့်“ဧတေသံ- ထိုကိုယ်အင်္ဂါတို့၏ ။ပ။ တေ- ထိုကိုယ်အင်္ဂါတို့သည်”ဟု အနက်ဆိုမှသာ ပိုကောင်း၏။]
ပိဋ္ဌိပါဒေတိ၊ ကား။ ပိဋ္ဌိပါဒသမီပေ၊ ခြေဖမိုးအနီး၌။
တေနာတိ၊ တေန-ဟူသည်ကား။ ပိဋ္ဌိပါဒေ၊ ခြေဖမိုး၏ အနီး၌။ ဌိတဂေါပ္ဖကဘာဝေန၊ တည်သော ခြေမျက်စိရှိကုန်သည်အဖြစ်ကြောင့်။ ဗဒ္ဓါ၊ ဖွဲ့နှောင်ထားအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ယောဇနာ၊ တေန ဟူသော ပုဒ်ကို ဗဒ္ဓါ ဟောန္တိ-ဟူသော နောက်ပုဒ်တို့နှင့် အနက်အားဖြင့် ယှဉ်စပ်ခြင်းသည်။ ဟောတိ၊ ၏။
တယိဒံ တေနာတိ ပဒံ၊ ထိုတေနဟူသော ပုဒ်ကို။ ဥပရိပဒဒွယေပိ၊ အထက်ဖြစ်သော ပုဒ်နှစ်ခုအပေါင်း၌လည်း။ ယောဇေတဗ္ဗံ၊ ယှဉ်စေသင့်၏။ (ကိန္တိ၊ အဘယ်သို့။ ယောဇေတဗ္ဗံ၊ ယှဉ်စေသင့်သနည်းဟူမူ။) တေန ဗဒ္ဓဘာဝေန၊ ထိုအခြားသော လူတို့၏ ခြေတို့ကို မယ်န (စို့သတ်)ဖြင့် ဖွဲ့နှောင်အပ်သကဲ့သို့ ဖွဲ့နှောင်အပ်ကုန်သည်အဖြစ်ကြောင့်။ (တေသံ၊ ထိုအခြားလူတို့၏။ ပါဒါ၊ ခြေတို့သည်။) ယထာသုခံ၊ ချမ်းသာသည် အားလျော်စွာ။ န ပရိဝဋ္ဋန္တိ၊ မလည်ကုန်။ ယထာသုခံ၊ စွာ။ တေန နပရိဝဋ္ဋနေန၊ ထိုသို့ မလည်နိုင်ခြင်းကြောင့။ ဂစ္ဆန္တာနံ၊ သွားနေသော ထိုလူတို့၏။ ပါဒတလာနိပိ၊ ခြေဖဝါးပြင်တို့သည်လည်း။ န ဒိဿန္တိ၊ မပေါ်ထင်ကုန်။ ဣတိ၊ ဤသို့။ (ယောဇေတဗ္ဗံ၊ ၏။)
ဥပရီတိ၊ ကား။ ပိဋ္ဌိပါဒတော၊ ခြေဖမိုးမှ။ ဒွိတိအင်္ဂုလိမတ္တံ၊ လက်သစ်နှစ်ခုသုံးခုအတိုင်း အရှည်ရှိသော။ ဥဒ္ဓံ၊ အထက် အရပ်၌။ (ဂေါပ္ဖကာ၊ တို့သည်။ ပတိဋ္ဌဟန္တိ၊ တည်ကုန်၏။) စတုရင်္ဂုလိ မတ္တံ၊ လက်လေးသစ် အတိုင်းအရှည်ရှိသော။ ဣတိ စ၊ ဤသို့လည်း။ ဝဒန္တိ၊ မိန့်ဆိုကုန်၏။ [ပိဋ္ဌိပါဒဿ ဥပရိ ပကတိအင်္ဂုလေန စတုရင်္ဂုလေ ဇင်္ဃာပဒေသေ နိဂူဠှာ အပညာယမာနရူပါဟုတွာ ဌိတာတိ အတ္ထော။ လက္ခဏသုတ်ဋီကာ၊၁၁၂] (တေ၊ ထိုခြေမျက်စိတော်တို့သည်။)
နိဂူဠှာ စ၊ လျှို့ဝှက်အပ်ကုန်သည်လည်း (အသား အသွေးတော်များစည်ကား ပြည့်ဖြိုး၍ အရေဖြင့် မြှေးယှက်ဖုံးအုပ်အပ်ကုန်သည်လည်း)။ ဟောန္တိ၊ ဖြစ်ကုန်၏။ အညေသံ၊ အခြားသော သူတို့၏။ ဂေါပ္ဖကာဝိယ၊ ခြေမျက်စိတို့ကဲ့သို့။ ပညာယမာနာ၊ ထင်ရှားပေါ်လွင် နေကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ [ဂေါပ္ဖက၏ လိင်နှင့် ကိုက်ညီအောင် ပုလ္လိင်ရုပ်ဖြင့် ထားသည်။]
တေနာတိ၊ တေနဟူသည်ကား။ ဂေါပ္ဖကာနံ၊ ခြေမျက်စိတို့၏။ ဥပရိ၊ ခြေဖမိုး၏ အထက်လက်သုံးသစ်(လေးသစ်)၌။ ပတိဋ္ဌိတဘာဝေန၊ တည်ကုန်သည်အဖြစ်ကြောင့်။ (နိစ္စလော၊ လှုပ်ရှားခြင်းမရှိသည်။ဟောတိ)
အဿာတိ၊ ကား။ မဟာပုရိသဿ၊ ဘုရား အလောင်းတော် ယောက်ျားမြတ်၏။ (ဥပရိမကာယော၊ ၌စပ်။)
ဒေသန္တရပ္ပဝတ္တိယံ၊ အရပ်တပါး၌ ဖြစ်ခြင်းသည်(အရပ်တပါး ရွေ့ရှားကြွသွားခြင်းသည်)။ သတိပိ၊ ရှိပါသော်လည်း။ (ဥပရိမကာယော၊ အထက်ပိုင်း ကိုယ်တော်သည်။) နိစ္စလော၊ သည်။ (ဟောတိ) ဣတိ၊ ဤအနက်သဘောကို။ ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှာ။ နာဘိဂ္ဂဟဏံ၊ နာဘိသဒ္ဒါကို။ (ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။)
အဓောကာယောဝ ဣဉ္ဇတီတိ ဣဒံ၊ အဓောကာယောဝဣဉ္ဇတိ-ဟူသော ဝါကျသည်။ ပုရိမပဒဿ၊ ရှေးဝါကျ၏(အနက်ကို သိကြောင်းဝါကျ၏)။ ကာရဏဝစနံ၊ အကြောင်းကို ပြသောစကားရပ်တည်း။
ယသ္မာ၊ အကြင့်ကြောင့်။ အဓောကာယောဝ၊ အောက်ပိုင်း ကိုယ်တော်သည်သာလျှင်။ ဣဉ္ဇတိ၊ လှုပ်၏။ တသ္မာ၊ ထို့ကြောင့်။ နာဘိတော၊ ချက်တော်မှ ။ပ။ နိစ္စလော၊ လှုပ်ရှားခြင်း မရှိသည်။ ဟောတိ၊ ၏။ ပန၊ ထိုမှတပါး။
သုခေန ပါဒါ ပရိဝဋ္ဋန္တီတိ ဣဒံ၊ ဝဋ္ဋန္တိဟူသော ဝါကျသည်။ ပုရိမဿစ၊ ရှေးဝါကျ၏လည်းကောင်း။ ပစ္ဆိမဿစ၊ နောက်ဝါကျ၏ လည်းကောင်း။ ကာရဏဝစနံ၊ တည်း။
ယသ္မာ၊ ကြောင့်။ သုခေန၊ ချမ်းသာသောအားဖြင့်။ ပါဒါ၊ ခြေတော်တို့သည်။ ပရိဝဋ္ဋန္တိ၊ လည်နိုင်ကုန်၏။ တသ္မာ၊ ကြောင့်။ အဓောကာယောဝ၊ လျှင်။ ဣဉ္ဇတိ၊ ၏။ ယသ္မာ၊ ကြောင့်။ သုခေန ပါဒါ ပရိဝဋ္ဋန္တိ၊ ကုန်၏။ တသ္မာ၊ ကြောင့်။ ပုရတောပိ၊ ရှေ့ဘက်၌လည်းကောင်း။ ဝါ၊ ရှေ့ဘက်ကလည်းကောင်း ။ပ။ ပစ္ဆတောဝ၊ နောက်၌သာလျှင်။ ဝါ၊ နောက်ကသာလျှင်။ (ဌတွာ၊ ရပ်၍။ ပဿန္တာနံ၊ ကြည့်သော သူတို့အား။ န ပညာယန္တိ၊ ထင်ရှားသည်မဟုတ်ကုန်။) ဣတိ၊ ဤသို့။ (ဒဋ္ဌဗ္ဗံ၊ မှတ်ရမည်)။
ယသ္မာ၊ အကြင်ကြောင့်။ ဧဏီမိဂဿ၊ ဧဏီမည်သော သားကောင်၏။ ဝါ၊ တောဆိတ်နက်၏။ (ဇင်္ဃာ၊ ၌စပ်။) သမန္တတော၊ ထက်ဝန်းကျင်ပတ်ပတ်လည်၌။ ဧကသဒိသမံသာ၊ တထပ်တည်း တူညီမျှသော အသားရှိကုန်သည်။ (ဟုတွာ၊ ဖြစ်၍။) အနုက္ကမေန၊ အစဉ်အားဖြင့်။ ဥဒ္ဓံ၊ အထက်၌။ ထူလာ၊ ပြည့်ဖြိုးကုန်သော။ ဇင်္ဃာ၊ ခြေသလုံးတို့သည်။ ဟောန္တိယထာ၊ ဖြစ်ကုန်သကဲ့သို့။ တထာ၊ ထို့ အတူ။ မဟာပုရိသဿာပိ၊ ဘုရားအလောင်း ယောက်ျားမြတ်၏လည်း။ (သမန္တတော၊ ၌။ ဧကသဒိသမံသာ(ဟုတွာ)။ အနုက္ကမေန ဥဒ္ဓံထူလာ ဇင်္ဃာ ဟောန္တိ၊ ဖြစ်ကုန်၏။) တသ္မာ၊ ကြောင့်။ ဧဏီမိဂသဒိသဇင်္ဃောတိ၊ ဇင်္ဃောဟူ၍။ (အာစရိယေန) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ပရိပုဏ္ဏဇင်္ဃောတိ၊ ကား။ သမန္တတော၊ ၌။ မံသူ ပစယေန၊ အသား၏ စည်ပင်ပြည့်ဖြိုးခြင်းအားဖြင့်။ ပရိပုဏ္ဏဇင်္ဃော၊ ပြည့်ဖြိုးသော ခြေသလုံးရှိတော်မူ၏။
တေန၊ ထို့ကြောင့်။ နဧကတောတိအာဒိ၊ န ဧကတော-အစရှိ သော။ (ယံ ဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တံ ဝစနံ၊ ထိုစကားကို။) အာဟ၊ မိန့်ဆိုပြီ။
ဧတေနာတိ (ပဒဿ)၊ ဧတေနဟူသော ပုဒ်၏။ ဇာဏုဖာသုဘာဝဒီပနေန၊ ပုဆစ်ဒူးဝန်းတို့၏ ချမ်းသာကုန်သည်အဖြစ်ကို ပြကြောင်းဖြစ်သော။ အနောနမန္တောတိ အာဒိဝစနေန၊ အနောနမန္တောအစရှိသော စကားတော်ဖြင့်။ ဣတိ အတ္ထော၊ ဤကား အနက်တည်း။
အဝသေသဇနာတိ၊ ကား။ ဣမိနာ လက္ခဏေန၊ ဤဇာဏုပရာမသန-လက္ခဏာတော်နှင့်။ ရဟိတဇနာ၊ ကင်းသော လူတို့သည်။
ဟေဋ္ဌိမကာယတော၊ အောက်ပိုင်းကိုယ်ထက်။ ဥပရိမကာယဿ၊ အထက်ပိုင်းကိုယ်၏။ ရဿတာယ၊ တိုသည် အဖြစ်ကြောင့်။ ခုဇ္ဇာဝါ၊ ကုန်းကုန်သည်သော်လည်း။ ဟောန္တိ၊ ၏။ ဥပရိမ၊ ကာယတော- ထက်။ ဟေဋ္ဌိမကာယဿ၊ ၏။ ရဿတာယ၊ ကြောင့်။ ဝါမနာဝါ၊ ပုကွ ကုန်သည်သော်လည်း။ ဟောန္တိ၊ ၏။ ဧတေန၊ ဤအဝသေသဇနာ-အစရှိသော အဖွင့် စကားရပ်ဖြင့်။ သမ္မာသမ္ဗုဒ္ဓံစ၊ မြတ်စွာဘုရားကိုလည်းကောင်း။ စက္ကဝတ္တိနဉ္စ၊ စကြဝတေးမင်းကိုလည်းကောင်း။ [ဒဏ္ဍီကဲ့သို့ဤကာရန္တ “စက္ကဝတ္တီ”ပုဒ်နောင် အံဝိဘတ်ကို နံပြုသည်။] ဌပေတွာ၊ ချန်ထား၍။ ဣတရေ၊ အခြားကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ခုဇ္ဇပက္ခိကာစ၊ ကုန်းသော သူ၏ အသင်းအပင်း၌ ပါဝင်ကုန်သည်လည်းကောင်း။ ဝါမနပက္ခိကာစ၊ ပုကွသူ၏ အသင်းအပင်း(ဘက်)၌ ပါဝင်ကုန်သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤအနက်သဘောကို။ (အာစရိယော၊ အဋ္ဌကထာ ဆရာသည်။) ဒဿေတိ၊ ပြတော်မူ၏။
သဗ္ဗာပိ၊ အားလုံးစုံလည်းဖြစ်ကုန်သော။ ပဒုမကဏ္ဏိကာ၊ ပဒုမာကြာအချက်တို့ သည်။ သုဝဏ္ဏ ဝဏ္ဏာဝ၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိကုန်သည်ချည်းသာလျှင်။ ကာမံဟောန္တိ၊ အကယ်၍ကား ဖြစ်ပါပေကုန်၏။ ပန၊ သို့သော်လည်း။ ကဉ္စနပဒုမကဏ္ဏိကာ၊ ရွှေပဒုမာကြာအချက်တို့သည်။ ပဘဿရဘာဝေန၊ အရောင်တလက်လက် ထွက်ကုန်သည်အဖြစ်ကြောင့်။ တတော၊ ထိုအားလုံးကုန်သော ပဒုမာကြာအချက်တို့ထက်။ သာတိသယာ၊ သာလွန်မှုနှင့်တကွဖြစ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ သုဝဏ္ဏပဒုမကဏ္ဏိကသဒိသေဟီတိ၊ သေဟိဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဩဟိတန္တိ၊ ကား။ သမောဟိတံ၊ အတွင်း၌ ကောင်းစွာ သွင်းထားအပ်သော။ အန္တောဂဓံ၊ အတွင်း၌ သက်ဝင်နေသော။ (ဝတ္ထဂုယှံ၊ အင်္ဂါဇာတ်တော်သည်။ အတ္ထိ၊ ရှိ၏။)
ပန၊ ဆက်ဦးအံ့။ တထာဘူတံ၊ ထိုသို့အတွင်း၌ သက်ဝင်နေသည်ဖြစ်သော။ တံ၊ ထိုအင်္ဂါဇာတ်သည်။ ဝါ၊ ကို။ တေန၊ ထိုအအိမ်သည်။ ဆန္နံ၊ ဖုံးအုပ်ထားအပ်သည်မည်သည်။ ဟောတိ၊ ၏။ ဣတိ၊ ထို့ကြောင့်။ ပဋိစ္ဆန္နန္တိ၊ ပဋိစ္ဆန္နံ-ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
သုဝဏ္ဏဝဏ္ဏောတိ၊ ကား။ သုဝဏ္ဏဝဏ္ဏဝဏ္ဏော၊ ရွှေကိုယ်ကဲ့သို့သော ကိုယ်ရှိတော်မူ၏။ ဣတိ အယံ၊ ဤသုဝဏ္ဏဝဏ္ဏဝဏ္ဏော-ဟူသော အနက်သည်။ ဧတ္ထ၊ ဤသုဝဏ္ဏဝဏ္ဏော-ဟူသော ပါဠိတော်၌။ အတ္ထော၊ အနက်တည်း။ ဣတိ၊ ထို့ကြောင့်။ အာဟ၊ အဋ္ဌကထာဆရာ ဖွင့်ဆိုတော်မူသည်ကား။ ဇာတိဟိင်္ဂုလကေနာတိ အာဒိ၊ ဇာတိဟိင်္ဂုလကေနအစရှိသည် တည်း။ သွာယံ အတ္ထော၊ ထိုသုဝဏ္ဏဝဏ္ဏဝဏ္ဏော-ဟူသော အနက်ကို။ ဝါ၊ ရွှေတုံးရွှေခဲ၏ ကိုယ်ကဲ့သို့သော ကိုယ်ရှိတော်မူ၏ဟူသော အနက်ကို။ အာဝုတ္တိဉာယေန စ၊ ဝဏ္ဏသဒ္ဒါကို နှစ်ကြိမ်ဆိုခြင်းဟူသော နည်းဖြင့်လည်း။ ဝေဒိတဗ္ဗော၊ သိသင့်သိထိုက်၏။
ဣဓ၊ ဤသုဝဏ္ဏဝဏ္ဏော-ဟူသော ပါဌ်၌။ ဝဏ္ဏသဒ္ဒေါ၊ ဝဏ္ဏသဒ္ဒါသည်။ သရီရပရိယာယော၊ သရီရသဒ္ဒါ၏ အနက်တူ ပရိယာယ်သဒ္ဒါတည်း။ ဣတိ၊ ဤသည်ကား။ အဓိပ္ပါယော၊ အလိုရှိအပ်သော အနက်တည်း။
ပဌမဝိကပ္ပံ၊ ရှေးဦးစွာ ကြံစည်အပ်သော အနက်ကို။ ဝတွာ၊ ဖွင့်ဆိုပြီး၍။ ပန၊ ယင်းသို့ ဖွင့်ဆိုပြီးပါသော်လည်း။ တထာရူပါယ၊ ထိုသို့ ဝဏ္ဏသဒ္ဒါ၏ သရီရ အနက်ဟောခြင်းသဘောရှိသော။ ရုဠှိယာ၊ သရီရအနက်တက်ရောက် တင်စားခြင်း၏။ အဘာဝံ၊ မဖြစ်သင့်ခြင်းကို။ မနသိ၊ စိတ်နှလုံး၌။ ကတွာ၊ သွင်းထားမှု ပြုပြီး၍။ ဝဏ္ဏဓာတုပရိယာယမေဝ၊ အဆင်းဓာတ်သဘောအနက်ဟော ပရိယာယ်ပင် ဖြစ်သော။ ဝဏ္ဏသဒ္ဒံ၊ ဝဏ္ဏသဒ္ဒါကို။ ဂဟေတွာ၊ ယူ၍။ ဒုတိယဝိကပ္ပေါ၊ နှစ်ခုမြောက် ကြံစည်အပ်သော အတ္ထဝိကပ်ကို။ (အာစရိယေန၊ သည်။) ဝုတ္တော၊ မိန့်ဆိုအပ်ပြီ။
တသ္မာ၊ ထို့ကြောင့်။ ပဒဒွယေနာပိ၊ သုဝဏ္ဏဝဏ္ဏော, ကဉ္စနသန္နိဘတ္တစော-ဟူသော ပုဒ်နှစ်ခု အပေါင်းဖြင့်လည်း။ သုနိဒ္ဓန္တသုဝဏ္ဏသဒိသဆဝိဝဏ္ဏော၊ (အညစ်အကြေးမရှိ စင်ကြယ်အောင် ဖိုဝ၌) ကောင်းစွာ မှုတ်အပ်သော ရွှေနှင့် တူသော အရေအဆင်းရောင်ရှိတော်မူ၏။ ဣတိ၊ ဤအနက်ကို။ ဝုတ္တံ၊ ဆိုအပ် (ဆိုလို)သည်။ ဟောတိ၊ ၏။
ရဇောတိ၊ ရဇောဟူသည်ကား။ သုခုမရဇော၊ သိမ်မွေ့သေးငယ်သော မြူမှုန့်သည်။
ဇလ္လန္တိ၊ ကား။ မလီနဘာဝါဝဟော၊ ညစ်နွမ်းသည်အဖြစ်ကို သယ်ဆောင်သော။ ရေဏုသဉ္စယော၊ မြူအစုအဝေးသည်။ (န ဥပလိမ္ပတိ၊ မလိမ်းကပ်။)
တေန၊ ထို့ကြောင့်။ မလံဝါတိ၊ မလံဝါဟူ၍။ အာဟ၊ ပြီ။ (ပဒုမပလာသတော၊ ပဒုမာကြာရွက်ပေါ်မှ။ ဥဒကဗိန္ဒုဝိယ၊ ရေပေါက်ကဲ့သို့။ ရဇောဇလ္လံ၊ မြူအညစ်အကြေးသည်။)
ယဒိ ဝိဝတ္တတိ၊ အကယ်၍ လျောကျသွားငြားအံ့။ (ဧဝံ သတိ၊ ဤသို့လျောကျသွားသည်ဖြစ်လသော်။) ကထံ၊ အဘယ်ကြောင့်။ နှာနာဒီနိ၊ ရေချိုးခြင်းစသည်တို့ကို၏။ (ကရောန္တိ၊ ပြုတော်မူပါကုန် သနည်း။ ဣတိ၊ ဤသို့ မေးဖွယ်ရှိခြင်းကြောင့်။ အာဟ၊ ဆရာမိန့်ဆိုသည်ကား။ ဟတ္ထဓောဝနာဒီနိတိအာဒိ၊ ဟတ္ထဓောဝနာဒီနိအစရှိသည်တည်း။
အာဝဋ္ဋပရိယောသာနေတိ၊ ကား။ ပဒက္ခိဏာဝဋ္ဋနဝသေန၊ လက်ျာရစ်လည်ခြင်း အနေအားဖြင့်။ ပဝတ္တဿ၊ ဖြစ်သော။ အာဝဋ္ဋဿ၊ လည်ပတ်ခြင်း၏။ အန္တေ၊ အဆုံး၌။ (ဌိတာနိ၊ ၌စပ်။)
ဗြဟ္မုနော၊ ဗြဟ္မာ၏။ သရီရံ၊ ကိုယ်သည်။ ပုရတောဝါ၊ ရှေ့ဘက်၌လည်းကောင်း။ ပစ္ဆတော ဝါ၊ နောက်ဘက်၌လည်းကောင်း။ အနောနမိတွာ၊ မကိုင်းညွတ်မူ၍။ ဥဇုကမေဝ၊ ဖြောင့်တန်းစွာသာလျှင်။ ဥဂ္ဂတံ၊ အထက်သို့ မတ်မတ် တက်၏။ ဣတိ၊ ဤအနက်ပြလိုသည်အဖြစ်ကြောင့်။ ဗြဟ္မာ ဝိယ ဥဇုဂတ္တောတိ၊ တ္တော ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ပန၊ ဥဂ္ဂတဒီဃသရီရော ဘဝိဿတိ-ဟုဖွင့်ဆိုရခြင်း၏ အကြောင်းကား။ သာ အယံ ဥဇုဂတ္တတာ၊ ထိုဖြောင့်တန်းသော ကိုယ်ရှိတော်မူသည်အဖြစ်ကို။ အဝယဝေသု၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့သည်။ ဝုဒ္ဓိပ္ပတ္တေသု၊ ကြီးထွားခြင်းသို့ ရောက်ကုန်လသော်။ ဒဋ္ဌဗ္ဗာ၊ တွေ့မြင်နိုင်ကုန်၏။ ဒဟရကာလေ၊ ကလေးသူငယ် အရွယ်ကာလ၌။ န ဒဋ္ဌဗ္ဗာ၊ မတွေ့မြင်နိုင်ကုန်သေး။ ဣတိ၊ ဤအနက် သဘောကို ပြလိုသည်အဖြစ်ကြောင့်။ ဥဂ္ဂတဒီဃသရီရော ဘဝိဿတီတိ၊ ဘဝိဿတိ-ဟူ၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ ပြီ။
ဣတရေသူတိ၊ ကား။ ခန္ဓဇာဏူသူတိ၊ လည်ပင်းနှင့် ပုဆစ်ဒူးဝန်းမည်ကုန်သော။ ဒွီသု၊ နှစ်မျိုးကုန်သော။ ဣမေသု ဌာနေသု၊ ဤနေရာဌာန၌။ နမန္တာ၊ ညွတ်ကိုင်းကုန်လသော်။ ပုရတော၊ ရှေ့ဘက်၌။ နမန္တိ၊ ညွတ်ကိုင်းကုန်၏။ ဣတိ၊ ဤသို့။ အာနေတွာ၊ နမန္တာပုဒ်, နမန္တိပုဒ်တို့ကို ဆောင်ယူ၍။ သမ္ဗန္ဓော၊ စပ်ခြင်းကို။ (ကာတဗ္ဗော၊ ပြုရမည်။)
ပဿဝင်္ကာတိ၊ ကား။ ဒက္ခိဏပ​ဿေန ဝါ၊ လက်ျာနံပါးအား ဖြင့်သော်လည်းကောင်း။ ဝါမပဿေန ဝါ၊ လက်ဝဲနံပါးအားဖြင့်သော်လည်းကောင်း။ ဝင်္ကာ၊ ကောက်သူတို့သည်။ (ဟောန္တိ)
သူလသဒိသာတိ၊ ကား။ ပေါတ္ထကရူပကရဏေ၊ မြေညက်(ရွှံ့)ဖြင့် ပြုအပ်သော ယမင်းရုပ် ပြုလုပ်ရာအရပ်၌။ ဌပိတ သူလပါဒသဒိသာ၊ ထားအပ်သော တံကျင်ခြေနှင့် တူကုန်သည် (ဟောန္တိ)။
ဧတဿ- ထိုမင်းသား၏။ ဟတ္ထပိဋ္ဌိအာဒိဝသေန၊ လက်ဖမိုးစသည်တို့၏ အပြား အားဖြင့်။ သတ္ထ၊ ခုနစ်မျိုးကုန်သော။ သရီရာဝယဝါ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတို့သည်။ ဥဿဒါ၊ ပြည့်ဖြိုးတိုးပွားကုန်သည်။ ဥပစိတမံသာ၊ စည်းကားပွားများသော အသားရှိ ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ (ထိုသို့လက်ဖမိုးစသည်ဖြင့် ခုနစ်မျိုး ကုန်သော ပြည့်ဖြိုးစည်ကားသော အသားရှိသော ကိုယ်အင်္ဂါ အစိတ်အပိုင်းရှိသည် အဖြစ်ကြောင့်။ သော၊ ထိုမင်းသားသည်။) သတ္တုဿဒေါ၊ သတ္တုဿဒမည်တော်မူ၏။ (အံသကူဋက္ခန္ဓေသု၊ တို့၌။)
အဋ္ဌိကောဋိယော၊ အရိုးအစွန်းတို့သည်။ ပညာယန္တိ၊ ထင်ရှားကုန်၏။ ဣတိ၊ ဤသို့။ ယောဇနာ၊ ပုဒ်တို့ကို အနက် ယှဉ်စပ်ခြင်းသည်။
(ဟောတိ) နိဂူဠှသိရာဇာလေဟီတိဧတံ၊ နိဂူဠှသိရာဇာလေဟိ- ဟူသော ဤသဒ္ဒါသည်။ လက္ခဏဝစနံ၊ (ဥပလက္ခဏနည်းအားဖြင့် အကြောကွန်ရက်တစ်ခုမျှကိုသာ)သတ်မှတ်ပြကြောင်းသဒ္ဒါတည်း။ ဣတိ၊ ထို့ကြောင့်။ တေန၊ ထိုနိဂူဠှသိရာဇာလေဟိဟူသော သဒ္ဒါဖြင့်။ နိဂူဠှအဋ္ဌိကောဋီဟိ၊ အသားဖြင့်ဖုံးအုပ်ထားအပ်သော အရိုးစွန်းရှိကုန်သော။ (ဟတ္ထပိဋ္ဌာဒီဟိ၊ လက်ဖမိုးအစရှိသည်တို့ဖြင့်။) ဣတိပိ၊ ဤသို့သော အနက်သည် လည်း။ ဝါ၊ ကိုလည်း။ ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့။ (ဒဋ္ဌဗ္ဗံ၊ မှတ်သင့်၏။)
ဟတ္ထပိဋ္ဌာဒီဟိတိဧတ္ထ၊ ဟတ္ထပိဋ္ဌာဒီဟိ-ဟူသော ဤပါဌ်၌။ အာဒိသဒ္ဒေန၊ အာဒိသဒ္ဒါဖြင့်။ အံသကူဋခန္ဓကူဋာနံ၊ ပခုံးစွန်း, လည်ကုပ်စွန်းတို့ကို။ သင်္ဂဟေ၊ သွင်းယူခြင်းသည်။ သိဒ္ဓေ၊ ပြီးစီးလသော်။ တံ၊ ထိုသွင်းယူအပ်ပြီးသော ပခုံးစွန်း လည်ကုပ်စွန်းကို။ ဧကဒေသေန၊ တစိတ်တဒေသအားဖြင့်။ ဒဿေန္တော၊ ပြတော်မူလိုသည်။ (ဟုတွာ၊ ဖြစ်၍။) ဝဋ္ဋေတွာ ။ပ။ခန္ဓေနာတိ၊ ခန္ဓေနဟူ၍။ (အာစရိယော) အာဟ၊ မိန့်ဆိုပြီ။ ဝါ၊ တနည်းကား။
သိလာရူပကံ ဝိယာတိအာဒိနာ၊ သိလာရူပကံ ဝိယအစရှိသော ပါဌ်ဖြင့်။ နိဂူဠှအံသကူဋတာပိ၊ အသားဖြင့်ဖုံးအုပ်အပ်သော ပခုံးစွန်းရှိသည် အဖြစ်ကိုလည်း။ ဝိဘာဝိတာယေဝ၊ ထင်ရှားဖော်ပြအပ်သည်သာတည်း။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်လိုက်၏။
သီဟဿ၊ ခြင်္သေ့၏။ ပုဗ္ဗဒ္ဓံ၊ ရှေ့ထက်ဝက်ကိုယ်တည်း။ သီဟပုဗ္ဗဒ္ဓံ၊ ခြင်္သေ့၏ ရှေ့ထက်ဝက်ကိုယ်။ အဿ၊ ထိုဘုရားအလောင်းတော်မင်းသား၏။ ပရိပုဏ္ဏာဝယဝတာယ၊ ပြည့်ဖြိုးသော ကိုယ်အင်္ဂါအစိတ်အပိုင်းရှိသည်အဖြစ်ကြောင့်။ သီဟပုဗ္ဗဒ္ဓံဝိယ၊ ခြင်္သေ့၏ ရှေ့ ထက်ဝက်ကိုယ်ကဲ့သို့သော။ သကလော၊ အားလုံးသော။ ကာယော၊ အထက်ပိုင်း အောက်ပိုင်းကိုယ်တော်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ထို့ကြောင့်။ (ခြင်္သေ့၏ ရှေ့ထက်ဝက် ကိုယ်ကဲ့သို့သော အားလုံးသော ကိုယ်ရှိတော်မူသည်အဖြစ်ကြောင့်။) သော၊ ထိုမင်းသားသည်။ သီဟပုဗ္ဗဒ္ဓကာယော၊ သီဟပုဗ္ဗဒ္ဓကာယမည်၏။
တေန၊ ထို့ကြောင့်။ သီဟဿ ။ပ။ ပရိပုဏ္ဏောတိ၊ ဏ္ဏောဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
သီဟဿေဝါတိ ပဒဿ၊ သီဟဿေဝဟူသောပုဒ်၏။ သီဟဿ ဝိယာတိ၊ သီဟဿ ဝိယ-ဟူ၍။ ပဒစ္ဆေဒေါ၊ ပုဒ်ဖြတ်ခြင်းကို။ ကာတဗ္ဗော၊ ပြုရမည်။
ဒုဿဏ္ဌိတဝိသဏ္ဌိတော န ဟောတီတိ၊ ကား။ ဒုဋ္ဌု၊ မကောင်းသဖြင့်။ ဝါ၊ မသင့်မလျော်။ သဏ္ဌိတောစ၊ တည်သည် လည်းကောင်း။ [သဏ္ဌာနိကော- ဟူ၍ မရှိသောကြောင့် “သဏ္ဌာန်ရှိသည်”ဟု အနက် မဖြစ်နိုင်] ဝိရူပသဏ္ဌိတောစ၊ ဖောက်ပြန်စွာ တည်သည်လည်းကောင်း။ န ဟောတိ၊ မဖြစ်။ တေသံ တေသံ အဝယဝါနံ၊ ထိုထိုကိုယ်အင်္ဂါအစိတ်အပိုင်းတို့ ၏။ အယုတ္တဘာဝေနစ၊ မသင့်လျော်ကုန်သည်အဖြစ်ဖြင့်လည်းကောင်း။ ဝိရူပဘာဝေနစ၊ ဖောက်ပြန်ကုန်သည်အဖြစ်ဖြင့်လည်းကောင်း။ သဏ္ဌိတိဥပဂတော၊ တည်နေခြင်းသို့ ကပ်ရောက်သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ ဤကား။ အတ္ထော၊ (ဒုဿဏ္ဌိတဝိသဏ္ဌိတော နဟောတိ-ဟူသော ပုဒ်တို့၏) အနက်တည်း။
သဏ္ဌန္တီတိ၊ သဏ္ဌန္တိ-ဟူသည်ကား။ သဏ္ဌဟန္တိ၊ တည်ရှိကုန်၏။
ဒီဃေဟီတိ၊ ကား။ (ဒီဃေဟိ၊ ရှည်ကုန်သော။) အင်္ဂုလိနာသာဒီဟိ၊ ခြေချောင်း လက်ချောင်း နှာခေါင်းအစရှိသည်တို့ဖြင့်။ (သောဘတိ၊ တင့်တယ်၏။)
ရဿေဟီတိ၊ ကား။ (ရဿေဟိ၊ တိုကုန်သော။) ဂီဝါဒီဟိ၊ လည်ပင်းအစရှိသည်တို့ဖြင့်။ (သောဘတိ)
ထူလေဟီတိ၊ ကား။ (ထူလေဟိ၊ ပြည့်ဖြိုးတုတ်ခိုင်ကုန်သော။) ဦရု ဗာဟုအာဒီဟိ၊ ပေါင်လက်မောင်းအစရှိသည်တို့ဖြင့်။ (သောဘတိ)
ကိသေဟီတိ၊ ကား။ (ကိသေဟိ၊ ကြုံလှီသေးငယ်ကုန်သော။) ကေသလောမမဇ္ဈာဒီဟိ၊ ဆံပင်, အမွေး, ခါး အစရှိသည်တို့ ဖြင့်။ (သောဘတိ)။
ပုထုလေဟီတိ၊ ကား။ (ပုထုလေဟိ၊ ကျယ်ပြန့်ကုန်သော။) အက္ခိ ဟတ္ထတလာဒီဟိ၊ မျက်လုံး လက်ဝါးပြင် အစရှိသည်တို့ဖြင့်။ (သောဘတိ)
ဝဋ္ဋေဟီတိ၊ ကား။ (ဝဋ္ဋေဟိ၊ လုံးကုန်သော။) ဇင်္ဃဟတ္ထာဒီဟိ၊ ခြေသလုံး, လက် အစရှိသည်တို့ဖြင့်။ (သောဘတိ)
(မဟာပုရိသဿ၊ ဘုရားအလောင်းတော်ယောက်ျားမြတ်၏။ အတ္တဘာဝေါ၊ ခန္ဓာကိုယ်တော်သည်။) သတပုညလက္ခဏတာယ၊ မြောက်မြားလှစွာသော ကုသိုလ်ကောင်းမှုတို့ကြောင့်ဖြစ်သော လက္ခဏာတော်တို့ရှိသည်အဖြစ်ကြောင့်။ နာနာစိတ္တေန၊ အမျိုးမျိုးသော စိတ်ကြောင့်။ ပုညစိတ္တေန၊ ကုသိုလ်စိတ်ကြောင့်။ [ရှေ့ပုဒ်ကို နောက်ပုဒ်က အနက်ဖွင့်ပြသည်။] စိတ္တိတော၊ ဖြစ်သော ဆန်းကြယ်သည်၏ အဖြစ်ရှိသည်။ သဉ္ဇာတစိတ္တဘာဝေါ၊ လွန်စွာဖြစ်သော ဆန်းကြယ်သည်၏အဖြစ်ရှိသည်။ ဤဒိသောဧဝ၊ ဤကိုယ်တော်ကဲ့သို့ တွေ့မြင်အပ်သောခန္ဓာကိုယ်တော်သည်သာလျှင်။ ဗုဒ္ဓါနံ၊ မြတ်စွာ ဘုရားတို့၏။ ဓမ္မကာယဿ၊ လောကုတ္တရာတရားအပေါင်း၏။ အဓိဋ္ဌာနံ၊ လွန်ကဲထူးခြား သော တည်ရာဌာနသည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ ယုတ္တော၊ သင့်လျော်၏။ ဣတိ၊ ဤသို့။ ဒသပါရမီဟိ၊ ဆယ်ပါးသော ပါရမီတော်တို့သည်။ သဇ္ဇိတော၊ စီမံအပ်သည်။ အဘိသင်္ခတော၊ စီမံပြုလုပ်အပ်သည်။ (ဟောတိ) ဒါနစိတ္တေန ပုညစိတ္တေနာတိ ဝါ၊ ဒါနစိတ္တေန ပုညစိတ္တေန-ဟူ၍လည်း။ ပါဌော၊ ပါဠိသည်။ (အတ္ထိ၊ ရှိ၏။) ဒါနဝသေန စ၊ ပေးလှူခြင်းဒါနကုသိုလ်အနေအားဖြင့်လည်းကောင်း။ သီလာဒိဝသေန စ၊ သီလပါရမီ ကုသိုလ်စသည်အနေအားဖြင့်လည်းကောင်း။ ပဝတ္တပုညစိတ္တေန၊ ဖြစ်သော ကုသိုလ်စိတ်ကြောင့်။ (စိတ္တိတော၊ လွန်စွာဖြစ်သောဆန်းကြယ်သည်အဖြစ်ရှိသည်။) ဣတိ အတ္ထော၊ ဤကား ဆိုလိုအပ်သော အနက်တည်း။
ဒွိန္နံ ကောဋ္ဋာနံ အန္တရန္တိ၊ ကား။ ဒွိန္နံ၊ နှစ်ခုကုန်သော။ ပိဋ္ဌိဗာဟာနံ၊ နောက်ကျောဘက် လက်မောင်းဖြစ်သော လက်ဖျံရိုးတို့၏။ ဝေမဇ္ဈံ၊ အလယ်အရပ်ကို။ ပိဋ္ဌိမဇ္ဈဿ၊ နောက်ကျောအလယ်အရပ်၏။ ဥပရိဘာဂေါ၊ အထက်အဖို့ကို။ (အန္တရံသံ၊ အန္တရံသဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။)
စိတံ ပရိပုဏ္ဏန္တိ၊ ကား။ အနိန္နဘာဝေန၊ မနိမ့်သည် မချိုင့်သည် အဖြစ်ဖြင့်။ စိတံ၊ စည်ပင်သော။ ဒ္ဓိဟိ၊ နှစ်ခုကုန်သော။ ကောဋ္ဋေဟိ၊ လက်ဖျံရိုး (လက်ပြင်ရိုး)တို့နှင့်။ သမတလတာယ၊ ညီမျှသော အပြင်ရှိသည်အဖြစ်အားဖြင့်။ ပရိပုဏ္ဏံ၊ ပြည့်ဖြိုးသော။ (တံ အန္တရံသံ၊ ထိုအလယ်အရပ်သည်။ အတ္ထိ၊ ရှိ၏။)
ဥဂ္ဂမ္မာတိ၊ ဥဂ္ဂမ္မဟူ သည်ကား။ (မဟာပုရိသဿ၊ ၏။ ကဋိတော၊ ခါးမှ။ ပဋ္ဌာယ၊ စ၍။ မံသပဋလံ၊ အသားလွှာသည်။ ယာဝခန္ဓာ၊ ပခုံးတိုင်အောင်။) ဥဂ္ဂန္တွာ၊ အထက်တက်၍။ အနိန္နံ၊ မနိမ့်မချိုင့်မဟိုက်သည်။ သမတလံ၊ (လက်ဖျံရိုးနှစ်ခုတို့နှင့်) တူညီသော အပြင်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ (ပတိဋ္ဌိတံ၊ တည်၏။) ဣတိ၊ ဤကား။ အဓိပ္ပါယော၊ ဆိုလိုအပ်သော အနက်တည်း။
တေန၊ ထို့ကြောင့်။ သုဝဏ္ဏဖလကံ ဝိယာတိ၊ ရွှေပျဉ်ပြားကဲ့သို့ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
နိဂြောဓော ဝိယ ပရိမဏ္ဍလောတိ၊ ကား။ ပရိမဏ္ဍလနိဂြောဓောဝိယ၊ ဝန်းဝိုင်းသော ပညောင်ပင်ကဲ့သို့။ ပရိမဏ္ဍလော၊ ဝန်းဝိုင်း၏။ နိဂြောဓပရိမဏ္ဍလပရိမဏ္ဍလောတိ၊ နိဂြောဓပရိမဏ္ဍလပရိမဏ္ဍလော-ဟူ၍။ ဝတ္တဗ္ဗေ၊ ဆိုသင့် ဆိုထိုက်လျက်။ ဧကဿ၊ တစ်ခုသော။ ပရိမဏ္ဍလသဒ္ဒဿ၊ ပရိမဏ္ဍလသဒ္ဒါ၏။ လောပံ၊ ကျေပျောက်ခြင်းကို။ ကတွာ၊ ပြု၍။ နိဂြောဓပရိမဏ္ဍလောတိ၊ လောဟူ၍။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
တေန၊ ထို့ကြောင့်။ သမက္ခန္ဓသာခေါ နိဂြောဓောတိအာဒိ၊ နိဂြောဓောအစရှိသော။ (ယံ ဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တံ ဝစနံ၊ ထိုစကားတော်ကို။ အာစရိယော၊ အဋ္ဌကထာဆရာသည်။) အာဟ၊ မိန့်ဆိုပြီ။
(ကသ္မာ၊ အဘယ့်ကြောင့်။ နိဂြောဓပရိမဏ္ဍလပရိမဏ္ဍလောတိ၊ ၍။ ဝတ္တဗ္ဗေ၊ လျက်။ ဧကဿ၊ သော။ ပရိမဏ္ဍလသဒ္ဒဿ၊ ၏။ လောပံ၊ ကို။ ကတွာ၊ ၍။ နိဂြောဓပရိမဏ္ဍလောတိ၊ ၍။ (ဘဂဝတာ) ဝုတ္တော၊ ပြီ။ ဣတိ၊ ဤသို့။ ဝိညာယတိ၊ သိအပ်ပါသနည်း။ [နဟိ ။ပ။ ပရိမဏ္ဍလောတိ- ဟူသော ဝါကျသည် ဉာပကဟေတု ဝါကျဖြစ်၍ ဤသို့ ပုစ္ဆာဝါကျထည့်သည်။] ဟိ(ယသ္မာ)၊ အကြင့်ကြောင့်။ သဗ္ဗော၊ အားလုံးစုံသော။ နိဂြောဓော၊ ပညောင်ပင်သည်။ ပရိမဏ္ဍလော၊ ဝန်းဝိုင်းသည်။ န ဟောတိ၊ မဟုတ်။ ဣတိ၊ ထို့ကြောင့်။ (ထိုသို့ ပညောင်ပင်ရှိသမျှအားလုံး ဝန်းဝိုင်းသည်မဟုတ်၍ ဤ၌မူ ဝန်းဝိုင်းသော ပညောင်ပင်ကိုသာ ယူ၍ ဝန်းဝိုင်းသော ပညောင်ပင်ကဲ့သို့ ဝန်းဝိုင်းသည်ဟူသော အနက်ကို ဆိုလိုသည် အဖြစ်ကြောင့်။ နိဂြောဓ ပရိမဏ္ဍလပရိမဏ္ဍလောတိ၊ ဟူ၍။ ဝတ္တဗ္ဗေ ။ပ။ ဘဂဝတာ ဝုတ္တော၊ ပြီ။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်ပါ၏။) ဝါ၊ တနည်းကား။ ပရိမဏ္ဍလသဒ္ဒသန္နိဓာနေန၊ ပရိမဏ္ဍလသဒ္ဒါ အနီးကပ်တည်ရှိခြင်းကြောင့်။ ဝါ၊ အနီးကပ်တည်ရှိသော ပရိမဏ္ဍလသဒ္ဒါကြောင့်။ ပရိမဏ္ဍလောဝ၊ ဝန်းဝိုင်းသည်သာဖြစ်သော။ နိဂြောဓော၊ ပညောင်ပင်ကို။ ဂယှတိ၊ ယူအပ်၏။ ဣတိ၊ ထို့ကြောင့်။ ဧကဿ၊ တစ်ခုသော။ ပရိမဏ္ဍလသဒ္ဒဿ၊ ပရိမဏ္ဍလသဒ္ဒါ၏။ လောပေန၊ ကျေပျောက်ခြင်းနှင့်။ ဝိနာပိ၊ ကင်း၍လည်း။ အယံ အတ္ထော၊ ဤဝန်းဝိုင်းသော ပညောင်ပင်ဟူသော အနက်ကို။ လဗ္ဘတိ၊ ရနိုင်၏။ ဣတိ၊ ထို့ကြောင့်။ နိဂြောဓောဝိယ ပရိမဏ္ဍလောတိ၊ လောဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
ဩကာရဿ၊ ဩအက္ခရာ၏။ ဝကာရာဒေသံ၊ ဝအက္ခရာအပြုကို။ (ဝအက္ခရာဟု ညွှန်ပြအပ်သည်ကို။ ကတွာ၊ ပြု၍။ ဝါ၊ ပြုခြင်းကြောင့်။ ယာဝတကော အဿာတိယာဝတကော အဿ၊ ဟူသော ပဒစ္ဆေဒပုဒ်သည်။ ယာဝတကွဿ၊ ယာဝတကွဿဟူသော ပဒသန္ဓိပုဒ်သည်။ ဟောတိ၊ ဖြစ်၏။
သမဝဋ္ဋိတက္ခန္ဓောတိ၊ ကား။ သမံ၊ ညီညာစွာ။ သုဝဋ္ဋိတက္ခန္ဓေ ဝဋ္ဋိတက္ခန္ဓော။ ။ ဝဋ္ဋိတ-၌ “ဝဋ္ဋ+ဏေ+တ”ဟု ကာရိတ်ပစ္စည်းပါဝင်နိုင်၏၊ ဝဋ္ဋဓာတ်သည် အာဝတ္တန (ချာချာလည်ခြင်း) အနက်ဟောတည်း၊ ဝဋ္ဋာပီယတေ အာဝဋ္ဋာပီယတေတိ ဝဋ္ဋိတောလည်စေအပ်, လုံးစေအပ်သော(လည်ပင်း)၊ လုံးစေအပ်သော-ဟူသော စကားသည် လုံးသောဟူသော စကားနှင့် အတူတူဖြစ်၏။ ရှေးကုသိုလ်ကံသည် လည်စေအပ်သော၊ ဝါ- ရှေးကုသိုလ်ကံ ကြောင့် လုံးသော-ဟုဆိုလို၏၊ ထို့ကြောင့် ဝဋ္ဋတိ အာဝဋ္ဋတီတိ ဝဋ္ဋိတော- ချာချာလည်သော၊ ဝါ- လုံးသော (လည်းပင်းတော်)ဟူ၍ ကာရိတ်မပါဘဲလည်း အနက်ယူနိုင်၏။ ခန္ဓသဒ္ဒါသည် ခန္ဓာဘာရ (ပခုံးဝန်) ခန္ဓေန ဝဟတိ- စသည်၌ ပခုံးဟူသော အနက်ကိုဟော၏။ သို့သော် ဤနေရာ၌မူ “ကောဉ္စာ ဝိယ ဒီဃဂလာ”စသည်ဖြင့် ဖွင့်ထားသောကြောင့် လည်ပင်း၊ လည်တိုင်ကို ယူရ၏။ ဆရာတော်ကြီးများ၏ အဋ္ဌကထာနိဿယတို့၌ ခန္ဓသဒ္ဒါကို “လည်ကုပ်”ဟုလည်း အနက်ပြန်ဆို၏။ မြန်မာအဘိဓာန်ဆရာတို့ကမူ လည်ပင်းနောက်ဘက်ပိုင်းကို လည်ကုပ်ဟု ဖွင့်ဆိုထားကြ၏။ {{nissaya|| ကောင်းစွာ လုံးသော လည်ပင်းရှိတော်မူ၏။}} (ဧကေ၊ အချို့သော သူတို့သည်။)
ကောဉ္စာဝိယ၊ ကြိုးကြာငှက်တို့ကဲ့သို့။ ဒီဃဂလာ၊ ရှည်သော လည်ပင်း လည်တိုင်ရှိကုန်၏။ (ဧကေ) ဗကာဝိယ၊ ဗျိုးတို့ကဲ့သို့။ ဝင်္ကဂလာ၊ ကောက်သော လည်ပင်းရှိကုန်၏။ (ဧကေ) ဝရာဟာဝိယ၊ ဝက်တို့ကဲ့သို့။ ပုထုလဂလာ၊ ကြီးသော (တုတ်သော) လည်ပင်းရှိကုန်၏။ ဣတိ၊ ဤသို့။ ယောဇနာ၊ ပုဒ်တို့ကို အစဉ်အတိုင်း အနက် ယှဉ်စပ်ခြင်းကို။ (ကာတဗ္ဗာ၊ ပြုရမည်။)
သုဝဏ္ဏာဠိင်္ဂသဒိသောတိ၊ ကား။ (မဟာပုရိသဿ၊ ၏။) ခန္ဓော၊ လည်ပင်းတော်သည်။) သုဝဏ္ဏမယခုဒ္ဒကမုဒိင်္ဂသဒိသော၊ ရွှေဖြင့် ပြီးသော ငယ်သော မုရိုးစည်နှင့် တူ၏။
ရသဂ္ဂသဂ္ဂီတိ၊ ကား။ (ယာ၊ အကြင်အကြောတို့သည်။) မဓုရာဒိဘေဒံ၊ အချိုအစရှိသော အပြားရှိသော။ ရသံ၊ အရသာကို။ ဂသန္တိ၊ ဆောင်ယူကုန်၏။ အန္တော၊ ခန္ဓာကိုယ်အတွင်း၌။ ပဝေသေန္တိ၊ သွင်းကုန်၏။ ဣတိ၊ ထို့ကြောင့်။ (တာ၊ ထိုအကြောတို့သည်။) ရသဂ္ဂသာ၊ ရသဂ္ဂသတို့ မည်၏။ ရသဂ္ဂသာနံ၊ အချိုအစရှိသော အရသာကို ခန္ဓာကိုယ်အတွင်း ဆောင်သွင်းတတ်သော အကြောတို့တွင်။ ဝါ၊ တို့ထက်။ အဂ္ဂါ၊ ကောင်းမြတ်သော အကြောတို့တည်း။ ရသဂ္ဂသဂ္ဂါ၊ အချို အစရှိသော အရသာကို ခန္ဓာကိုယ်အတွင်း၌ ဆောင်သွင်းတတ်သော အကြောတို့တွင် ကောင်းမြတ်သော အကြောတို့။ ဧတဿ၊ ဤမင်းသား၏။ ဝါ၊ ဤမင်းသားမှာ။ တာ (ရသဂ္ဂသဂ္ဂါ)၊ ထိုအရသာကို ခန္ဓာကိုယ်အတွင်းသို့ ဆောင်းသွင်းသော အကြောတို့တွင်ကောင်းမြတ်သော အကြောတို့သည်။ သန္တိ၊ ရှိကုန်၏။ ဣတိ၊ ထို့ကြောင့်။ သော၊ ထိုမင်းသားသည်။ ရသဂ္ဂသဂ္ဂီ၊ ရသဂ္ဂသဂ္ဂီမည်၏။
တေနာတိ၊ ကား။ ဩဇာယ၊ အဆီဩဇာကို။ အဖရဏေန၊ မဖြန့်နိုင်ခြင်းကြောင့်။ ဟီနဓာတုကတ္တာ၊ ယုတ်လျော့သော အသွေးအသားဓာတ်ရှိကုန်သည်အဖြစ်ကြောင့်။ တေ၊ ထိုဘုရားအလောင်းတော်မှ အခြားသော လူတို့သည်။ ဗဟွာဗာဓာ၊ များသော အနာရောဂါရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဟနူတိ၊ ဟနုဟူသော နာမည်သည်။ သန္နိဿယဒန္တာဓာရဿ သန္နိဿယဒန္တာဓာရဿ။ ။ ဤ၌ နိဿယ-ဟူသည် သွား၏ မှီရာသွားဖုံးတည်း၊ သဟ နိဿယေန ယေ ဝတ္တန္တီတိ သန္နိဿယာ၊ သန္နိဿယာ စ တေ ဒန္တာစာတိ သန္နိဿယဒန္တာမှီရာသွားဖုံးနှင့် တကွဖြစ်ကုန်သော သွားများ၊ တေသံ အာဓာရော သန္နိဿယဒန္တာဓာရောမှီရာသွားဖုံးနှင့်တကွသော သွားတို့၏ တည်ရာမေး၊ ဤနေရာအဋ္ဌကထာဘာသာဋီကာ၌ စာရိုက်ပုံ မသန့်ရှင်းလှပါ။ {{nissaya|| မှီရာသွားဖုံးနှင့် တကွဖြစ်သော သွားတို့၏ တည်ရာဖြစ်သော မေး၏။}} သမညာ၊ နာမည်တည်း။ ဘဂဝတော၊ မြတ်စွာဘုရား၏။ တံ၊ ထိုမေးတော်သည်။ သီဟဿ၊ ခြင်္သေ့၏။ ဟနုဝိယ၊ အောက်မေးကဲ့သို့။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သီဟဟနု၊ သီဟနုမည်တော်မူ၏။
တတ္ထ၊ ထိုမြတ်စွာဘုရား၏ သီဟဟနုမည်တော်မူရာ၌။ (ဒဿေတုံ ဝုတ္တံ၊ ၌စပ်။) ယသ္မာ၊ အကြင့်ကြောင့်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ ရူပကာယဿစ၊ ရုပ်ကိုယ်တော်၏လည်းကောင်း။ ဓမ္မကာယဿစ၊ တရားကိုယ်တော်လည်း ကောင်း။ ဥပမာနာမ၊ နှိုင်းယှဉ်မှု ဥပမာမည်သည်။ ဟီနူပမာဝ၊ ရူပကာယနှင့် ဓမ္မကာယ အောက် နိမ့်ကျသော ဥပမာသာတည်း။ သမာနူပမာ၊ ရူပကာယ ဓမ္မကာယတို့နှင့် အဆင့် အတန်းတူညီသော ဥပမာသည်။ နတ္ထိ၊ မရှိ။ အဓိကူပမာ၊ ယင်းကာယတို့ထက် အဆင့် အတန်းသာလွန်သော ဥပမာသည်။ ကုတော၊ အဘယ့်ကြောင့်။ ဝါ၊ အဘယ်မှာ။ အတ္ထိ၊ ရှိနိုင်အံ့နည်း။ (နတ္တိဧဝ၊ တကယ်မရှိနိုင်ပါ။) တသ္မာ၊ ထို့ကြောင့်။ အယမ္ပိ၊ ဤသီဟဟနု-ဟူသော ဥပမာသည်လည်း။ ဟီနူပမာ၊ တည်း။ ဣတိ၊ ဤအနက် သဘောကို။ ဒဿေတုံ၊ ပြခြင်းငှာ။ တတ္ထာတိအာဒိ၊ တတ္ထအစရှိသော စကား ဝါကျကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။
ယသ္မာ၊ အကြင့်ကြောင့်။ မဟာပုရိသဿ၊ ၏။ ဟေဋ္ဌိမာနုရူပဝသေနေဝ၊ (ခြင်္သေ့၏ အောက်မေးနှင့် အလားတူ စည်ပင်ဝန်းဝိုင်းသော) အောက်မေးအား လျော်ညီသည့်အနေအားဖြင့်သာလျှင်။ ဥပရိမမ္ပိ၊ အထက်၌ဖြစ်သော မေးတော်သည်လည်း။ သဏ္ဌိတံ၊ တည်ရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ဒွေပိ ပရိပုဏ္ဏာနီတိ၊ ဟူ၍။ (အာစရိယေန) ဝုတ္တံ၊ ပြီ။ တဉ္စ၊ ထိုဒွေပိ ပရိပုဏ္ဏာနိ-ဟူသော စကားကိုလည်း။ (ဒွိန္နံ ဟနူနံ၊ အထက်အောက် မေးတော်နှစ်ပါးတို့၏။) သဗ္ဗသော၊ နေရာအားလုံး အကုန်အစင်။ ပရိမဏ္ဍလတာယ၊ ဝန်းဝိုင်းသည်အဖြစ်အားဖြင့်။ ဝါ၊ ဝန်းဝိုင်း၏ဟူ၍။ န ဝုတ္တံ၊ ဆိုလိုအပ်သည်မဟုတ်။ အထ ခေါ၊ အဟုတ်အမှန်ကား။ တိဘာဂါဝသေသမဏ္ဍလတာယ၊ (မေးတော်လေးပိုင်း ရှိရာတွင်) ကြွင်းသော သုံးဖို့ သုံးပိုင်းတို့၏ ဝန်းဝိုင်းသည့်အနေအားဖြင့်။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ ဣတိ၊ ထို့ကြောင့်။ ဒွါဒသိယာ ပက္ခဿ စန္ဒသဒိသာနီတိ၊ သဒိသာနိဟူ၍။ အာဟ၊ ပြီ။
သလ္လက္ခေတွာတိ၊ ကား။ အတ္တနော၊ မိမိ၏။ လက္ခဏသတ္ထာနုသာရေန၊ လက္ခဏာ ဟောကျမ်းသို့ အစဉ်လိုက်သောအားဖြင့်။ ဥပဓာရေတွာ၊ စူးစမ်းဆင်ခြင်၍။ (အာဟံသု၊ သံတော်ဦးတင်ကြကုန်ပြီ။)
ဒန္တာနံ၊ သွားတို့၏။ ဥစ္စနီစတာ၊ မြင့်ကုန်, နိမ့်ကုန်သည်အဖြစ်ကို။ အဗ္ဘန္တရဗာဟိရပဿဝသေနဝါ၊ (သွားတို့၏) အတွင်းဘက်နံပါး, အပြင်ဘက်နံပါးတို့နှင့် စပ်သဖြင့်လည်း။ ဝေဒိတဗ္ဗာ၊ သိနိုင်၏။ အဂ္ဂဝသေနေဝ၊ သွားထိပ်ဖျားနှင့်စပ်သဖြင့်သာလျှင်။
န ဝေဒိတဗ္ဗာ၊ သိနိုင်သည်မဟုတ်။ တေန၊ ထို့ကြောင့်။ အယပဋ္ဋကေန ။ပ။ ဝိယာတိ၊ ဝိယဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
စ၊ ဆက်ဦးအံ့။ ကကစံ၊ လွှကို။ အယပဋ္ဋကံ၊ သံပြားဟူ၍။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။ (ဒန္တာ၊ သွားတို့သည်။)
သမာ၊ ညီညာကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဝိသမာ၊ မညီကုန်သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။ သမသဏ္ဌာနာ၊ ညီညာသော အသွင်သဏ္ဌာန်ရှိကုန်သည်။ (ဘဝိဿန္တိ) ဣတိ၊ ဤကား။ အတ္ထော၊ သမာဟူသော ပါဌ်၏ အနက်တည်း။ (ဇိဝှာ၊ လျှာတော်သည်။)
သာတိသယံ၊ အခြားသူတို့၏ လျှာထက်သာလွန်ခြင်းနှင့်တကွ။ မုဒုဒီဃပုထုလတာဒိပ္ပကာရဂုဏာ၊ နူးညံ့သည်အဖြစ်, ရှည်သည်အဖြစ်, ကျယ်ပြန့်သည် အဖြစ် အစရှိသော အပြားရှိသော ဂုဏ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဘူတာ ဇာတာ၊ ဖြစ်ပြီ။ ဣတိ၊ ထို့ကြောင့်။ ဘကာရဿ၊ ဘအက္ခရာ၏။ ဟကာရံ၊ ဟအက္ခရာအဖြစ်ကို။ ကတွာ၊ ပြု၍။ ပဟူတာ၊ ပဟူတာမည်၏။ ဧတဿ၊ ဤမင်းသား၏။ ပဟူတာ၊ နူးညံ့ရှည်လျား ကျယ်ပြန့်သည်အဖြစ်အစရှိသော ဂုဏ်အမျိုးမျိုးရှိသည်ဖြစ်သော။ ဇိဝှာ၊ လျှာတော်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ထို့ကြောင့်။ (သော၊ ထိုမင်းသားသည်။) ပဟူတဇိဝှော၊ ပဟူတဇိဝှမည်တော်မူ၏။ (အညေ၊ အခြားသော သူတို့သည်။)
ဝိစ္ဆိန္ဒိတွာ ဝိစ္ဆိန္ဒိတွာ၊ ဖြတ်၍ ဖြတ်၍။ ပဝတ္တသရတာယ၊ ဖြစ်သော အသံရှိကုန်သည်အဖြစ်ကြောင့်။ ဆိန္နဿရာပိ၊ ပြတ်သော အသံရှိကုန်သည်လည်းကောင်း။
အနေကာကာရတာ၊ များသော အခြင်းအရာရှိကုန် သည်အဖြစ်ကြောင့်။ ဘိန္နဿရာပိ၊ ကွဲအက်သော အသံရှိကုန်သည်လည်းကောင်း။
ကာကဿ၊ ကျီး၏။ အမနုညသရောဝိယ၊ စိတ်နှလုံးကို လွန်စွာ မနှစ်သက်စေတတ်သော အသံကဲ့သို့။ [မနံ အာဘုသော ဉေတိ တောသေတီတိ မနုညံ မနုညော ဝါ] အမနုညသရတာယ၊ ကြားရသူတို့၏ စိတ်နှလုံးကို လွန်စွာ မနှစ်သက်စေသော အသံရှိ ကုန်သည်အဖြစ်ကြောင့်။ ကာကဿရာပိ၊ ကျီးအသံကဲ့သို့သော အသံရှိကုန်သည်လည်းကောင်း။ (ဟောန္တိ၊ ဖြစ်ကုန်၏။)
အပလိဗုဒ္ဓတ္တာတိ၊ ကား။ (ပိတ္တသေမှေဟိ၊ သည်းခြေ, သလိပ်တို့သည်။) အနုပဒ္ဒုတဝတ္ထုကတ္တာ၊ မမြှေးယှက်အပ်သော တည်ရာဌာနရှိသည် အဖြစ်ကြောင့်။ (သရော၊ အသံသည်။ ဝိသဒေါ၊ သန့်ရှင်းကြည်လင်သည်။ ဟောတိ) စ၊ ဆက်ဦးအံ့။ အက္ခရုပ္ပတ္တိဋ္ဌာနံ၊ အက္ခရာအသံတို့၏ ဖြစ်ရာ လည်ချောင်းစသော အရပ်ကို။ ဝတ္ထူတိ၊ တည်ရာဌာနဟူ၍။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
အဋ္ဌင်္ဂသမန္နာဂတောတိ ဧတ္ထ၊ အဋ္ဌင်္ဂသမန္နာဂတော-ဟူသော ပါဌ်၌။ အင်္ဂါနိ၊ ရှစ်ပါးသော အသံတော်အင်္ဂါတို့ သည်။ ပရတော၊ နောက်ဖြစ်သော ဇနဝသဘသုတ်, မဟာဂေါဝိန္ဒသုတ်တို့၌။ အာဂမိဿန္တိ၊ လာကုန်လတ္တံ့။
မဉ္ဇုဃောသောတိ၊ ကား။ မဓုရဿရော၊ ချိုသာသော အသံတော်ရှိ၏။
အဘိနီလနေတ္တောတိ၊ ကား။ အဓိကနီလနေတ္တော၊ အလွန်အကဲညိုသော မျက်လုံးရှိတော်မူ၏။ စ၊ ဆက်လက်ဆိုဖွယ်ကား။ အဓိကတာ၊ လွန်ကဲသည်အဖြစ်ကို။ သာတိသယံ၊ လွန်ကဲမှုနှင့်တကွ။ ဝါ၊ လွန်ကဲစွာ။ နီလဘာဝေန၊ ညိုသည်အဖြစ်ဖြင့်။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။ နေတ္တနီလဘာဝဿေဝ၊ မျက်လုံးတော်၏ ညိုသည်အဖြစ်၏ သာလျှင်။ (ညိုသည်အဖြစ်တခုတည်း၏သာလျှင်။) အဓိကဘာဝတော၊ လွန်ကဲသည် အဖြစ်ဖြင့်။ န ဝေဒိတဗ္ဗော၊ သိထိုက်သည်မဟုတ်။ ဣတိ၊ ထို့ကြောင့်။ အာဟ၊ ဖွင့်ဆိုတော်မူသည်ကား။ နသကလနီလနေတ္တောတိ အာဒိ၊ တ္တောအစရှိသည်တည်း။
ပီတလောဟိတဝဏ္ဏာ၊ ဝါရွှေအဆင်း, နီသော အဆင်းတို့ကို။ သေတမဏ္ဍလဂတရာဇိဝသေန၊ ဖြူသော အဝန်းအဝိုင်း၌ ဖြစ်ပေါ်နေသော အရေးအကြောင်း၏ အနေအားဖြင့်။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။
နီလသေတကာဠဝဏ္ဏာပန၊ ညိုသော အဆင်း, ဖြူသော အဆင်း, နက်သော အဆင်းတို့ကိုကား။ တံ တံ မဏ္ဍလဝသေနေဝ၊ (မျက်လုံးတော်၏) ထိုထိုဝန်းဝိုင်းသော နေရာဒေသအနေအားဖြင့်သာလျှင်။ ဝေဒိတဗ္ဗာ၊ ကုန်၏။
အက္ခိဒလံ၊ မျက်ခွံကို။ စက္ခုဘဏ္ဍန္တိ၊ မျက်လုံးဟူသော ဥစ္စာဘဏ္ဍာဟူ၍။ (ဝေဒိတဗ္ဗံ၊ သိထိုက်၏။) ဣတိ၊ ဤသို့။ ကေစိ၊ အချို့ဆရာတို့သည်။ (ဝဒန္တိ၊ မိန့်ဆိုကုန်၏။)
အက္ခိဒလဝဋုမံ အက္ခိဒလဝဋုမံ။ ။ နောက်၌ “အက္ခိဒလလောမေသု နိရုဠှော”ဟု ဖွင့်ရာ၌ မျက်တောင်မွေးပေါက်ရာ ဌာနကို “အက္ခိဒလ”ဟု ဆိုထားသောကြောင့် အက္ခိဒလဟူသည် မျက်ခွံဖြစ်၏ဟု သိသာ၏။ ထို့အပြင် “အန္တဝါ အယံ လောကော ပရိဝဋုမော”ဟူသော သီလက္ခန် ဗြဟ္မဇာလသုတ် (နှာ-၂၁)၌ “ပရိဝဋုမောတိ သမန္တတော ပရိစ္ဆေဒဝါ”ဟု ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ(ဒု-၅၇)ဖွင့်ထားသည်နှင့် အညီ ဤ၌ “ဝဋုမသဒ္ဒါသည် အပိုင်း အခြားအကန့်အသတ် (ပရိစ္ဆေဒ) အနက်ဟောဖြစ်သင့်၏၊ အက္ခိဒလ၌ အပိုင်းအခြားဟူသည် ပိုင်းခြားထားသော အရေးအကြောင်းဖြစ်သော မျက်ရစ်တည်း၊ သို့ဖြစ်၍ မျက်ရစ်ကို အက္ခိဒလဝဋုမ-ဟု ဆိုလိုသည်။ ထို့အပြင် အက္ခိဗိမ္ဗ၌ ဗိမ္ဗသဒ္ဒါသည် “ဗိမ္ဗန္တု မဏ္ဍလံ ဘဝေ”ဟူသော အဘိဓာန်ဂါထာ (၅၃)နှင့် အညီ အဝန်းအဝိုင်းအနက်ဟောဖြစ်သင့်ရကား အက္ခိဗိမ္ဗ-ဟူသည် မျက်လုံးအဝန်းအဝိုင်း တစ်ခုလုံးပင်တည်း။ {{nissaya|| မျက်ခွံ၏ အပိုင်းအခြားအရေးအကြောင်း (မျက်ရစ်)ကို။}} (စက္ခုဘဏ္ဍန္တိ၊ ၍။ ဝေဒိတဗ္ဗံ၊ ၏။ ဣတိ၊ သို့။) အညေ၊ အခြားဆရာတို့သည်။
(ဝဒန္တိ) ပန၊ အမှန်စင်စစ်ကား။ အက္ခိဒလေဟိ၊ မျက်ခွံတို့နှင့်။ သဒ္ဓိံ၊ တကွ။ အက္ခိဗိမ္ဗံ၊ မျက်လုံးအဝန်းအဝိုင်းတစ်ခုလုံးကို။ (စက္ခုဘဏ္ဍန္တိ၊ မျက်လုံးပစ္စည်းဝတ္ထုဟူ၍။ ဝေဒိတဗ္ဗံ၊ ၏)။
ဟိ၊ မျက်ခွံတို့နှင့် တကွ မျက်လုံးတစ်ခုလုံးကို စက္ခုဘဏ္ဍာဟု သိရခြင်း၏ အကျိုးကား။ ဧဝံ၊ ဤသို့သိရခြင်းသည်။ (သတိ၊ ဖြစ်လသော်။) ဝိနိဂ္ဂတဂမ္ဘီရဇောတနာပိ ဝိနိဂ္ဂတဂမ္ဘီရဇောတနာပိ ယုတ္တာ။ ။ စက္ခုဘဏ္ဍပုဒ်၏ ကေစိဝါဒနှင့် အညေဝါဒ အဖွင့်တို့ကို ပြဆိုပြီးနောက် မိမိဋီကာဝါဒအဖွင့်အတွက် ရရှိအပ်သော အကျိုးလဒ္ဓဂုဏ်ကို ပြလို၍ “ဧဝဥှိ”စသည်ကို မိန့်တော်မူ၏၊ စက္ခုဘဏ္ဍာခေါ် မျက်လုံးပစ္စည်း မပြည့်စုံသူတို့မှာ ဆင်နှင့် ကြွက်တို့၏ မျက်လုံးများကဲ့သို့ ဝိနိဂ္ဂတ (ပြူးထွက်သော မျက်လုံး)နှင့် ဂမ္ဘီရ (အတွင်း ချိုင့်ဝင်၍ နက်သော မျက်လုံး)ဟူ၍ ကြည့်မကောင်းသော မျက်လုံးရှိကြ၏-ဟူ၍ အဋ္ဌကထာ ဖွင့်ထား၏၊ အက္ခိဒလ, အက္ခိဒလဝဋုမတို့ကို စက္ခုဘဏ္ဍဟု အနက်ယူလျှင် ထိုအဋ္ဌကထာအဖွင့်သည် ယုတ္တမဖြစ်၊ အက္ခိဒလ (မျက်ခွံ)နှင့် တကွ မျက်လုံးတစ်ခုလုံး (အက္ခိဗိမ္ဗ)ကို စက္ခုဘဏ္ဍာဟု ငါတို့ဖွင့်ဆိုသည့်အတိုင်း အနက်ယူမှသာ ယုတ္တဖြစ်သည်ဟူလို။ {{nissaya|| ပြူးထွက်သော မျက်လုံး၊ ချိုင့်ဝင်၍ နက်သော မျက်လုံးတို့ကို ဖော်ပြရှင်းလင်းချက်သည် လည်း။}} ယုတ္တာ၊ သင့်လျော်မှန်ကန်သည်။ ဟောတိ၊ ၏။
အဓိပ္ပေတန္တိ ဣမိနာအဓိပ္ပေတံ၊ ဟူသော ဤပါဌ်ဖြင့်။ ဧတ္ထ၊ ဤဂေါပခုမောဟူသော ပါဠိတော်၌။ ဧကဒေသေန၊ တစိတ်တပိုင်းဖြစ်သော မျက်တောင်မွေးကို ဆိုခြင်းဖြင့်။ သမုဒါယုပလက္ခဏဉာယေန၊ အပေါင်းဖြစ်သော မျက်လုံးတစ်ခုလုံးကို မှတ်သားယူကြောင်းနည်း (ဥပလက္ခ ဏနည်း, ဧကဒေသူပစာရ)အားဖြင့်။ အယံအဓိပ္ပါယော၊ ဤအလိုရှိအပ်သော အနက်သည်။ (ဟောတိ) ဣတိ၊ ဤအနက်ကို။ (အာစရိယော) ဒဿေတိ၊ ပြတော်မူ၏။
ယသ္မာ၊ အကြင်ကြောင့်။ ပခုမသဒ္ဒေါ၊ ပမုခသဒ္ဒါသည်။ လောကေ၊ လောက၌။ အက္ခိဒလလောမေသု၊ မျက်တောင်မွေးတို့၌။ နိရုဠှော၊ တက်ရောက်ထင်ရှား၏။ တေနေဝ၊ ထို့ကြောင့်ပင်လျှင်။ မုဒု ။ပ။ အက္ခီနီတိ၊ မုဒု ။ပ။ အက္ခီနိ- ဟူ၍။ (အာစရိယော) အာဟ၊ ဖွင့်ဆိုတော်မူပြီ။
ဥဏ္ဏာသဒ္ဒေါ၊ ဥဏ္ဏာသဒ္ဒါသည်။ လောကေ၊ လောက၌။ အဝိသေသတော၊ မထူးမခြား သာမညအားဖြင့်။ လောမပရိယာယော၊ အမွေးရိုးရိုး အနက်ဟော လောမသဒ္ဒါ၏ ဝေဝုစ်ပရိယာယ်စကားလှယ်သည်။ ကိဉ္စာပိ ဟောတိ၊ အကယ်၍ ဖြစ်ပေ၏။ ပန၊ ထိုသို့ဖြစ်ပါသော်လည်း။ ဣဓ၊ ဤဥဏ္ဏာလက္ခဏာတော်မြတ်၌။ လောမဝိသေသဝါစကော၊ ထူးခြားသော အမွေးကို ဟောသော သဒ္ဒါတည်း။ ဣတိ၊ ထို့ကြောင့်။ ဥဏ္ဏာလောမန္တိ၊ ဥဏ္ဏာလောမံ-ဟူ၍။ (အာစရိယော) အာဟ၊ ပြီ။
နလာဋဝေမဇ္ဈေ ဇာတာတိ၊ ကား။ နလာဋမဇ္ဈဂတာ၊ နဖူးပြင်၏ အလယ်သို့ ဆိုက်ရောက်လျက်။ ဇာတာ၊ ဖြစ်ပေါ်နေသော။ (ဥဏ္ဏာ၊ မွေးရှင်တော်သည်-၌စပ်) (အယံ၊ ဤလက်ပန်လဲ, နွယ်လဲတို့နှင့် တူ၏ဟူသော ဥပမာသည်။ အဿ၊ ထိုဥဏ္ဏလုံမွေးရှင်တော်၏။)
ဇာတာ၊ ဖြစ်ပေါ်နေသော။ (ဥဏ္ဏာ၊ မွေးရှင်တော်သည်- ၌စပ်)။ (အယံ၊ ဤလက်ပန်လဲ, နွယ်လဲတို့နှင့် တူ၏ဟူသော ဥပမာသည်။ အဿ၊ ထိုဥဏ္ဏလုံမွေးရှင်တော်၏။) ဩဒါတတာယ၊ ဖြူသည်အဖြစ်၌။ ဥပမာ၊ ဥပမာတည်း။ မုဒုတာယ၊ နူးညံ့သည်အဖြစ်၌။ ဥပမာ၊ သည်။ န၊ မဟုတ်။
ဟိ၊ မှန်၏။ ဥဏ္ဏာ၊ ဥဏ္ဏလုံမွေးရှင်တော်သည်။ တတောပိ၊ ထိုလက်ပန်လဲ, နွယ်လဲတို့ထက်လည်း။ သာတိသယံ၊ သာလွန်ခြင်းနှင့် တကွ။ မုဒုတရာ၊ အထူးသဖြင့် နူးညံ့၏။
တေန၊ ထို့ကြောင့်။ အာဟ၊ ဖွင့်ဆိုတော်မူသည်ကား။ သပ္ပိမဏ္ဍေတိ အာဒိ၊ သပ္ပိမဏ္ဍေ- အစရှိသည်တည်း။
ရဇတပုဗ္ဗုဠကန္တိ၊ ရဇတပုဗ္ဗုဠကံဟူသော ပါဌ်ဖြင့်။ ရဇတမယတာရကံ၊ ငွေဖြင့် ပြီးသော ကြယ်တာရာသဏ္ဌာန်ရှိသော ရေပွက်ပန်းပွင့်ကို။ အာဟ၊ ဆိုလို၏။
ဒွေ အတ္ထဝသေ ပဋိစ္စ ဝုတ္တန္တိ၊ ကား။ ယသ္မာ၊ အကြင်ကြောင့်။ ဗုဒ္ဓါစ၊ မြတ်စွာ ဘုရား ရှင်တို့ကိုလည်းကောင်း။ စက္ကဝတ္တိနော စ၊ စကြဝတေးမင်းတို့ကိုလည်းကောင်း။ ပရိပုဏ္ဏနလာဋတာယ စ၊ ပြည့်ဖြိုးသော နဖူးရှိတော်မူကုန်သည်အဖြစ်ကြောင့် လည်းကောင်း။ ပရိပုဏ္ဏသီသဗိမ္ဗတာယစ၊ ပြည့်ဖြိုးသော ဦးခေါင်းအဝန်းအဝိုင်းရှိတော် မူကုန်သည်အဖြစ် ကြောင့်လည်းကောင်း။ ဥဏှီသသီသာတိ၊ ဥဏှီသသီသတို့ဟူ၍။ (သင်းကျစ်ပြားဖြင့် ဖွဲ့ပတ်ထားအပ်သကဲ့သို့သော ဦးခေါင်းရှိတော်မူသော ပုဂ္ဂိုလ်တို့ဟူ၍။ ဝါ၊ သင်းကျစ်ပြား ကဲ့သို့ ဝန်းဝိုင်းသော ဦးခေါင်းရှိတော်မူသော ပုဂ္ဂိုလ်တို့ဟူ၍။) ဝုစ္စန္တိ၊ ခေါ်ဆိုအပ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒွေ၊ နှစ်မျိုးကုန်သော။ တေအတ္ထဝသေ၊ ထိုအနက်တို့ကို(ထိုပရိပုဏ္ဏနလာဋ, ပရိပုဏ္ဏသီသဗိမ္ဗ-ဟူသော အနက်တို့ကို)။ ပဋိစ္စ၊ စွဲမှီရည်စူး၍။ ဥဏှီသသီသောတိဣဒံ၊ ဥဏီသသီသော-ဟူသော ဤစကားတော်ကို။ (ဘဂဝတာ၊ မြတ်စွာဘုရားသည်။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣဒါနိ၊ အနက်နှစ်မျိုးကို ပြပြီးရာ ယခုအခါ၌။ တံ အတ္ထဒွယံ၊ ထိုအနက်နှစ်မျိုးအပေါင်းသည်။ မဟာပုရိသေ၊ ဘုရားအလောင်းတော် ယောက်ျားမြတ်၌။ သုပ္ပတိဋ္ဌိတံ၊ ကောင်းမွန် ခိုင်မြဲစွာ တည်ရှိနေပြီ။ ဣတိ၊ ဤသို့ ပြတော်မူလိုသည်အဖြစ်ကြောင့်။ မဟာပုရိသဿ ဟီတိအာဒိ၊ မဟာ ပုရိသဿ ဟိ-အစရှိသော စကားဝါကျကို။ (အာစရိယေန) ဝုတ္တံ၊ ပြီ။ (မဟာပုရိသဿ၊ ၏။ တံ မံသပဋလံ၊ ထိုအသားလွှာသည်။
သဏှတမတာယစ၊ အထူးသဖြင့် သိမ်မွေ့ နူးညံ့သည်အဖြစ်ကြောင့်လည်းကောင်း။ သုဝဏ္ဏဝဏ္ဏတာယ စ၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိသည်အဖြစ်ကြောင့်လည်းကောင်း။ ပဘဿရတာယစ၊ အရောင် တလက်လက်ထွက် သည် အဖြစ် ကြောင့်လည်းကောင်း။ ပရိပုဏ္ဏတာယစ၊ စည်ပင်ပြည့်ဖြိုးသည်အဖြစ်ကြောင့်လည်းကောင်း။ ရညော၊ ဘုရင်မင်း၏။ ဗန္ဓဥဏှီသပဋ္ဋောဝိယ၊ (ဦးခေါင်း၌) ဖွဲ့တပ်အပ်သော သင်းကျစ်ပြား ကဲ့သို့။ ဝိရောစတိ၊ တင့်တယ်၏။
ကပ္ပသီသာတိ ကပ္ပသီသာ။ ။ ဤသုတ်အဋ္ဌကထာ, ဋီကာတို့၌ရှိသော “ကပိသီသာ”ဟူသော ပါဌ်အတိုင်းဆိုလျှင် “မျောက်ဦးခေါင်းကဲ့သို့ နှစ်ဖြာကွဲသော ဦးခေါင်းရှိကုန်၏”ဟု အနက်ပေးရ ပေလိမ့်မည်၊ အဋ္ဌကထာ နိဿယများ၌လည်း ထိုအတိုင်းပင် အနက်ပြန်ဆိုတော်မူကြ၏၊ သို့သော် မျောက်ဦးခေါင်းမှာ ဆင်ဦးခေါင်းကဲ့သို့ နှစ်ဖြာကွဲသည်ဟု မဆိုနိုင်ပါ၊ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ(၂၆၄)တို့၏ ဋီကာ (၁၂၇) ဗြဟ္မာယုသုတ် မဟာပုရိသလက္ခဏာတော်အဖွင့်များနှင့် ဝိနည်းမဟာဝါ မဟာခန္ဓကအဋ္ဌကထာ (၃၁၀)နှင့် ဋီကာ အစောင်စောင်တို့၌ “ကပ္ပသီသော” ဟု ချည်းရှိပြီး ထိုဋီကာတို့ အဖွင့်ပါဌ်များမှာလည်း ဤမဟာပဒါနသုတ်ဋီကာအတိုင်းပင်ဖြစ်ပါ၏။ ဝိမတိဋီကာ၊ ဒု(၁၂၇)၌မူ“ကပ္ပသီသောတိ ဂဇမတ္ထတံ ဝိယ ဒွိဓာဘိန္နသီသော (ဆင်ဦးခေါင်း ကဲ့သို့ နှစ်ဖြာကွဲသော ဦးခေါင်းရှိသူ)ဟူ၍ ဆင်ဦးခေါင်းကို ဥပမာပြလျက်ဖွင့်၏။ ထိုဥပမာကြောင့် ဤမဟာပဒါနသုတ် အဋ္ဌကထာမှ “ဟတ္ထိသီသာ”ပါဌ်နှင့် ရောထွေးနေသည်ဟု ဆိုဖွယ်ရာ ဖြစ်နေ၏။ သို့သော် ဟတ္ထိသီသာပါဌ်ကို ဤသုတ်ဋီကာ မဖွင့်သည်သာမက ဗားကရာအဋ္ဌကထာ နိဿယ(၁၂၈)၌ (အဋ္ဌိသီသာပါဌ်နေရာ၌) ဟတ္ထိသီသာဟုလည်း ရှိ၏။ ဆင်ဦးကင်းနှင့် တူသော ဦးခေါင်းရှိကုန်၏ဟု ပေး၊ ဋီကာနှင့်ကား မညီ”ဟု မိန့်မှာထား၏၊ သို့ဖြစ်၍ ကပ္ပသီသာဟု ရှိပြီးဖြစ်၍ အဋ္ဌိသီသာနှင့်ဆင်တူရိုးမှား ဟတ္ထိသီသာပါဌ် မရှိသင့်ဟု ယူဆပါသည်။ {{nissaya|| ကပ္ပသီသာဟူသည်ကား။}} (ကေစိ၊ အချို့လူတို့သည်။) ဒွိဓာဘူတသီသာ၊ နှစ်ဖြာဖြစ်သော ဦးခေါင်းရှိကုန်၏။
ဖလသီသာတိ၊ ကား။ (ကေစိ) ဖလိတသီသာ၊ ဖြစ်သော အသီးရှိသော ဦးခေါင်းရှိကုန်၏။ ဝါ၊ သစ်သီးတမျှ ဖုထသော ဦးခေါင်းရှိကုန်၏။
အဋ္ဌိသီသာတိ၊ ကား။ မံသဿ၊ အသား၏။ အဘာဝတော၊ မရှိသည် အဖြစ်ကြောင့်။ အတိဝိယ၊ အလွန်အကဲပင်။ အဋ္ဌိတာယ၊ အရိုးသာရှိသည်အဖြစ်ကြောင့်။ ဝါ၊ တနည်းကား။ ပတနုဘာဝတော၊ အလွန်သေးငယ်သည်အဖြစ်ကြောင့်။ တစောနဒ္ဓ-အဋ္ဌိမတ္တသီသာ၊ အရေဖြင့် ဖွဲ့ပတ်အပ်သော အရိုးမျှသာဖြစ်သော ဦးခေါင်းရှိကုန်၏။
တုမ္မသီသာတိ၊ ကား။ (ကေစိ၊ တို့သည်။) လာဗုသဒိသသီသာ၊ ဗူးသီးနှင့် တူသော ဦးခေါင်းရှိကုန်၏။
ပဗ္ဘာရသီသာတိ၊ ကား။ (ကေစိ) ပိဋ္ဌိဘာဂေန၊ နောက်အဖို့အားဖြင့်။ ဝါ၊ နောက်ဘက်၌။ ဩလမ္ဗမာနသီသာ၊ တွဲလျားကျသော ဦးခေါင်းရှိကုန်၏။
ပုရိမနယေနာတိ၊ ကား။ ပရိပုဏ္ဏနလာဋတာပက္ခေန၊ ပြည့်ဖြိုးသော နဖူးရှိသည်အဖြစ် ဟူသော အဖို့အားဖြင့်။
ဥဏှီသဝေဌိတသီသောဝိယာတိ၊ ကား။ ဥဏှီသပဋ္ဋေန၊ သင်းကျစ်ပြားဖြင့်။ ဝေဌိတသီသပဒေသော ဝိယ၊ ရစ်ပတ်အပ်သော ဦးခေါင်းနေရာဌာန ရှိသကဲ့သို့။ (ဟောတိ)
ဥဏှီသံ ဝိယာတိ၊ ကား။ ဆေကေန၊ ကျွမ်းကျင်သော။ သိပ္ပိနာ၊ အတတ်ပညာရှင်သည်။ ဝိရစိတဥဏှီသမဏ္ဍလံဝိယ၊ စီမံဖန်တီးအပ်သော သင်းကျစ်ပြား အဝန်းအဝိုင်းကဲ့သို့ (ဟောတိ)။