၃၅၅။ ဝိသုဒ္ဓေါတိ၊ ကား။
(အယံ ယက္ခော၊ ဤသိကြားမင်းသည်။)
ဝိသုဒ္ဓအဇ္ဈာ သယော၊ စင်ကြယ်မြင့်မြတ်ကိန်းဝပ်သော ကုသိုလ်ဓာတ်ခံရှိ၏။
ဥပနိဿယသမ္ပန္နော၊ အားကြီးသော မှီရာကုသိုလ်အကြောင်းတရားနှင့် ပြည့်စုံ၏။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ မြတ်စွာဘုရားမိန့်ဆိုလိုအပ်သော အနက်တည်း။
ဂါမကမ္မကရဏဋ္ဌာနန္တိ၊ ဂါမကမ္မကရဏဋ္ဌာနံ-ဟူသော ဤပါဌ်ဖြင့်။
ဂါမိကာနံ၊ ရွာသားတို့၏။
ဥပဋ္ဌာနဋ္ဌာနံ၊ သူသူ ငါငါချဉ်းကပ်တည်နေရာဌာနကို။
(အာစရိယော၊ အဋ္ဌကထာဆရာသည်။)
ဝဒတိ၊ မိန့်ဆိုလို၏။
တာဝတကေနေဝါတိ၊ ကား။
အတ္တနာ၊ မိမိသည်။
သောဓိတဋ္ဌာနေဝ၊ သုတ်သင်အပ်ပြီးသော နေရာ၌သာလျှင်။
အညဿ၊ အခြားသော သူ၏။
အာဂန္တွာ၊ လာ၍။
အဝဋ္ဌာနေနေဝ၊ အုပ်စီးပိုင်းနင်းတည်နေခြင်းကြောင့်သာလျှင်။
သတိံ ပဋိလ ဘိတွာတိ၊ ကား။
အဟော၊ တယ်ဟုတ်လှပါပေစွတကား။
မယာ၊ ငါသည်။
ကတကမ္မံ၊ ပြုလုပ်အပ်သော သုတ်သင်ရှင်းလင်းမှုလုပ်ငန်းသည်။
သဖလံ၊ အကျိုးရှိသည်။
ဇာတံ၊ ဖြစ်ပါပေစွာ။
ဣတိ၊ ဤသို့။
ယောနိသော၊ ကုသိုလ်ဖြစ်ခွင့်သင့်လျော်သော အကြောင်း အားဖြင့်။
စိတ္တံ၊ စိတ်ကို။
ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။
ပါသာဏေတိ၊ ကား။
မဂ္ဂမဇ္ဈေ၊ လမ်းအလယ်၌။
ဥစ္စတရဘာဝေန၊ အထူးမြင့်မောက်သည်အဖြစ်ဖြင့်။
ဌိတပါသာဏေ၊ တည်သောကျောက်တုံးကျောက်ခဲတို့ကို။
ဥစ္စာလေတွာတိ၊ ကား။
ဥဒ္ဓရိတွာ၊ ထုတ်နုတ်၍။
ဧတဿ သဂ္ဂဿဂမနမဂ္ဂန္တိ၊ ကား။
စန္ဒာဒီနံ၊ လနတ်သားအစရှိသည်တို့၏။
ဥပ္ပတ္တိဌာနဘူတဿ၊ ဖြစ်ရာဌာနဖြစ်သော။
ဧကဿ သဂ္ဂဿ၊ ဤနတ်ပြည်ဘုံဌာနသို့။
ဂမနမဂ္ဂံ၊ သွားကြောင်းလမ်းဖြစ်သော။
ပုညကမ္မံ၊ ကုသိုလ်ကောင်းမှုကို။
(အဟံ၊ ငါသည်။)
သောဓေမိ၊ သုတ်သင်ဖြူစင်စေ၏။
သုကတဝသေန ၁။ သုကတဝသေန ။ ။ ဋီကာ၌ “ကဟာပဏာဒိဝသေန” ဟူသော အဋ္ဌကထာပါဌ်မှ “ကဟာပဏသဒ္ဒါကို “သုဂတိဝသေန လဒ္ဓဗ္ဗံ, ကဟာပဏဉ္စာတိ ကဟာပဏံ”ဟူ၍ ဝိရူပေက သေ အဖွင့်မျိုးဖွင့်ထား၏၊ ထိုဋီကာအဖွင့်ကို အမှီပြု၍ ဗားကရာ အဋ္ဌကထာနိဿယ၌ “(စာဋိ) ကဟာပဏာဒိဝသေန- သုကတ၏ အစွမ်းဖြင့်ရအပ်သော အိုးစရည်း အတိုင်းအရှည် ရှိသော အသပြာ၏အစွမ်းဖြင့်လည်းကောင်း”ဟူ၍ အဋ္ဌကထာပါဠိကို အနက် ပေးထားခြင်းကြောင့်ထိုနိဿယဆရာတော်ကြီး၏ ဋီကာပေမူ၌ ယခုဋီကာစာမူ၌ကဲ့သို့ “သုဂတိဝသေန”ဟုမရှိဘဲ “သုကတဝသေန”ဟု ရှိမှန်းသိရ၏၊ သုဂတိဝသေန-ဟူသော ယခုဋီကာပါဠိ၌ ဤနေရာနှင့် သင့်လျော်သော အနက်ကို စဉ်းစားမရပါ၊ သုကဝသေန-ဟူသော ပါဌ်အလိုအားဖြင့်ကား ထိုဂါမဘောဇက (ရွာစား)သည်-
ဘုရင်၏ အမှုတော်ထမ်းရာ၌ ဘုရင်ကျေနပ်လောက်အောင် ထမ်းဆောင်၍ ရအပ်သော ဆုလာဘ်ကို “သုကဝသေန လဒ္ဓဗ္ဗံ”ဟု ဋီကာဆိုလိုသည်ဖြစ်ရာ၏။ သို့ဖြစ်လျှင် ထိုဋီကာနှင့် အဋ္ဌကထာဖွင့်ထားသည့်အတိုင်း (၁) အမှုထမ်းကောင်းခြင်းကြောင့် ရအပ်သော ဆုလာဘ် (၂) အရက်သောက်သူနှင့် ပါဏဃာတစသည်ပြုလုပ်သူတို့ထံမှ ရအပ်သော ကဟာပဏ (ကျပ်ငွေ) (၃) ဒဏ္ဍဗလိအနေအားဖြင့် ရအပ်သော ဥစ္စာဓန-ဟူ၍ ဤသုံးမျိုးကို ဂါမဘောဇကမှာ ရရှိသည်ဟု ဆိုရမည်ဖြစ်၏၊ ဤသို့အနက်အဓိပ္ပါယ်စဉ်းစားရရှိသဖြင့် ဗားကရာ ဆရာတော်ကြီး၏ ဋီကာစာမူအတိုင်း “သုကဝသေန”ဟု ပါဠိပင်၍ ဋီကာအနက်ပေးလိုက်ပါသည်၊ ထပ်မံ စိစစ်ကြလေကုန်ဦး။ ၊ ကောင်းစွာပြုလုပ်အပ်သော အမှုတော်ထမ်းလုပ်ငန်း၏ အစွမ်းဖြင့်။ လဒ္ဓဗ္ဗံ၊ ရသင့်ရထိုက်သော ဆုလာဘ်လည်းကောင်း။ ကဟာပဏဉ္စာ၊ ကျပ်ငွေလည်းကောင်း။ (အရက်သောက်သူနှင့် ပါဏယာတစသည် ပြုလုပ်သူတို့ထံမှရအပ်သော ကျပ်ငွေလည်းကောင်း။) ဣတိ၊ ဤဆုလာဘ်နှင့် ကျပ်ငွေ-ဟူသော အနက်နှစ်မျိုးသည်။ ကဟာပဏံ၊ ကဟာပဏပုဒ်၏အနက်တည်း။ ဒဏ္ဍဝသေန၊ ဒဏ်တပ်ခြင်း အစွမ်းကြောင့်။ လဒ္ဓဗ္ဗံ၊ ရရှိဖွယ်ဖြစ်သော။ ဗလိ၊ အခွန်အတုတ်သည်။ ဒဏ္ဍဗလိ၊ ဒဏ္ဍဗလိမည်၏။
ဘုရင်၏ အမှုတော်ထမ်းရာ၌ ဘုရင်ကျေနပ်လောက်အောင် ထမ်းဆောင်၍ ရအပ်သော ဆုလာဘ်ကို “သုကဝသေန လဒ္ဓဗ္ဗံ”ဟု ဋီကာဆိုလိုသည်ဖြစ်ရာ၏။ သို့ဖြစ်လျှင် ထိုဋီကာနှင့် အဋ္ဌကထာဖွင့်ထားသည့်အတိုင်း (၁) အမှုထမ်းကောင်းခြင်းကြောင့် ရအပ်သော ဆုလာဘ် (၂) အရက်သောက်သူနှင့် ပါဏဃာတစသည်ပြုလုပ်သူတို့ထံမှ ရအပ်သော ကဟာပဏ (ကျပ်ငွေ) (၃) ဒဏ္ဍဗလိအနေအားဖြင့် ရအပ်သော ဥစ္စာဓန-ဟူ၍ ဤသုံးမျိုးကို ဂါမဘောဇကမှာ ရရှိသည်ဟု ဆိုရမည်ဖြစ်၏၊ ဤသို့အနက်အဓိပ္ပါယ်စဉ်းစားရရှိသဖြင့် ဗားကရာ ဆရာတော်ကြီး၏ ဋီကာစာမူအတိုင်း “သုကဝသေန”ဟု ပါဠိပင်၍ ဋီကာအနက်ပေးလိုက်ပါသည်၊ ထပ်မံ စိစစ်ကြလေကုန်ဦး။ ၊ ကောင်းစွာပြုလုပ်အပ်သော အမှုတော်ထမ်းလုပ်ငန်း၏ အစွမ်းဖြင့်။ လဒ္ဓဗ္ဗံ၊ ရသင့်ရထိုက်သော ဆုလာဘ်လည်းကောင်း။ ကဟာပဏဉ္စာ၊ ကျပ်ငွေလည်းကောင်း။ (အရက်သောက်သူနှင့် ပါဏယာတစသည် ပြုလုပ်သူတို့ထံမှရအပ်သော ကျပ်ငွေလည်းကောင်း။) ဣတိ၊ ဤဆုလာဘ်နှင့် ကျပ်ငွေ-ဟူသော အနက်နှစ်မျိုးသည်။ ကဟာပဏံ၊ ကဟာပဏပုဒ်၏အနက်တည်း။ ဒဏ္ဍဝသေန၊ ဒဏ်တပ်ခြင်း အစွမ်းကြောင့်။ လဒ္ဓဗ္ဗံ၊ ရရှိဖွယ်ဖြစ်သော။ ဗလိ၊ အခွန်အတုတ်သည်။ ဒဏ္ဍဗလိ၊ ဒဏ္ဍဗလိမည်၏။
ဂဟပတိကာ ကိံ ကရိဿန္တိတိ၊ ကား။
ဂဟပတိကာနာမ၊ အိမ်ပိုင်ရှင် လူတန်းစားတို့ မည်သည်။
အဋဝိကာ ဝိယ၊ တောကြိုတောကြား နေသူတို့ ကဲ့သို့။
ဝိသမနိဿိတာ၊ မညီမညာ သွားလာခက်ငြား တောင်ကြားမြစ်လယ် အရပ်ကို မှီခိုသူတို့တည်း။
တေ၊ ထိုအိမ်ရှင်လူတန်းစားတို့သည်။
ကိဉ္စိ၊ စိုးစဉ်းအနည်းငယ်မျှသော။
အနတ္ထံ၊ ငါ၏ အကျိုးမဲ့ လုပ်ငန်းကို။
န ကရိဿန္တိ၊ မပြုကြကုန်လတ္တံ့။
ဧဝံ တယာ ။ပ။ န ကထိတန္တိ၊ ကား။
ပုဗ္ဗေ၊ ရှေး၌။
ယဒိပိ နကထိတံ၊ အကယ်၍ ပင် မပြောဆို အပ်ပါပေ၏။
ပန၊ သို့သော်လည်း ။
ဧတရဟိ၊ ယခုအခါ၌။
ဘယေန၊ ကြောက်ခြင်းကြောင့်။
ကထိတံ၊ ဆိုအပ် (သံတော်ဦးတင်အပ်) ပြီးပါပြီ။
မယှံ၊ ကျွန်တော်မျိုး၏။
(ဥပရိ၊ အထက်၌။)
ဒေါသံ၊ အပြစ်ကို။
မာကရေယျာထ၊ မပြုပါကုန်လင့်။
အာရောစိတကာလတော၊ သံတော်ဦးတင်ပြီးရာအခါမှ။
ပဋ္ဌာယ၊ စ၍။
မယှံ၊ ၏။
ဒေါသော၊ အပြစ်သည်။
န (ဟောတိ)၊ မဟုတ်တော့ပါ။
ဣတိ၊ ဤသို့။
(ဂါမဘောဇကော၊ ရွာစားသည်။)
ဝဒတိ၊ သံတော်ဦးတင်၏။
နိဗဒ္ဓန္တိ၊ နိဗဒ္ဓိ-ဟူသည်ကား။
(ဧတံ၊ ဤမတရားသဖြင့် မင်းပြစ်ဒဏ်သင့်ခြင်းသည်။)
ဧကန္တိကံ၊ ဧကန် မလွဲ အမြဲပုံသေတည်း။
ပိသုဏေသီတိ၊ ကား။
(အယံ၊ ဤရွာစားသည်။
တုမှေ၊ သင်တို့ကို။
ကိမတ္ထံ၊ အဘယ်အကျိုးငှာ။
ဝါ၊ အဘယ်အကြောင်းကြောင့်။)
ပိသုဏကမ္မံ၊ ကုန်းတိုက်ခြင်းအမှုကို။
အကာသိ၊ ပြုသနည်း။
တုမှာကံ၊ အသင်တို့၏။
(၃၃-ယောက်သော အသင်တို့၏။)
အန္တရေ၊ အလယ်အကြား၌။
(အလယ်အကြားက)
ပေသုညံ၊ ကုန်းတိုက်စကားကို။
မယှံ၊ ငါ၏။
(သန္တိကံ၊ အထံသို့)
ဥပသံဟရတိ၊ ဆောင်ပို့ သနည်း။
ဣတိ၊ ဤကား။
အတ္တော၊ အနက်တည်း။
(ဝသနဂါမံ၊ နေထိုင်ရာရွာကို။)
ပုန၊ နောက်ထပ်တဖန်။
အဟရဏီယံ၊ ပြန်မဆောင်ယူအပ်သည်ကို။
ဝါ၊ အပိုင်ပေး အပ်သည်ကို။
ဗြဟ္မဒေယျံ၊ မွန်မွန်မြတ်မြတ်ပေးအပ်သည်ကို။
ကတွာ၊ ပြု၍။
(ဒေမိ)
မယှမ္ပီတိ၊ ကား။
မယှမ္ပိ၊ ငါ၏လည်း။
အတ္ထာယ၊ အကျိုးငှာ။
မံ၊ ငါ့ကို။
ဥဒ္ဒိဿ၊ ရည်စူး၍။
ပုညကမ္မံ၊ ကုသိုလ်ကောင်းမှုကို။
ကရောထ၊ ပြုကြကုန်လော။
နီလုပ္ပလံနာမ၊ ကြာညို မည်သည်။
ဝိကသမာနံ၊ ပွင့်လသော်။
ဥဒကတော၊ ရေမှ။
ဥဂ္ဂန္တွာဝ၊ တက်ပြီး၍ သာလျှင် (တက်ပြီးမှသာလျှင်။)
ဝိကသတိ၊ ပွင့်၏။
ဧဝံ၊ ဤအတူ။
အဟုတွာ၊ မဖြစ်မူ၍။
အန္တော ဥဒကေ၊ ရေအတွင်း၌။
ပုပ္ဖိတံ၊ ပွင့်သော။
နီလုပ္ပလံဝိယ၊ ကြာညိုကဲ့သို့။
(ကထာ၊ ထို့အတူ။)
ပန၊ အမှန်တကယ်ပင်။
အမှာကံ၊ ငါတို့၏။
ဣဒံ ပုညကမ္မံ၊ ဤကုသိုလ် ကောင်းမှုသည်။
ဘဝန္တရူပပတ္တိယာ၊ ဘဝတပါး၌ ပဋိသန္ဓေကပ်ရောက် တည်နေခြင်းနှင့်။
ဝိနာ၊ ကင်း၍။
ဣမသ္မိံယေဝ အတ္တဘာဝေ၊ ယခုဘဝအတ္တဘော၌ပင်လျှင်။
၀ိပါကံ၊ အကျိုးကို။
ဒေတိ၊ ပေး၏။
ဣတိ၊ ဤသို့။
ယောဇနာ၊ ပုဒ်တို့ကို အနက်ယှဉ်စပ် ယောဇနာခြင်းကို။
(ကာတဗ္ဗာ၊ ပြုရမည်။)
စိန္တာမတ္တကမ္ပီတိ၊ ကား။
ဒေါမနဿဝသေန၊ (မတရားဖမ်းဆီးခံရခြင်းကြောင့်) စိတ်မချမ်းသာခြင်း အနေအားဖြင့် ။
စိန္တာမတ္တကမ္ပိ၊ သို့လောသို့လောတွေးတော ပူပန်ခြင်း မျှကိုသော်လည်း။
(အကတွာ) ပဂေဝါတိ၊ ကား။
ကာလဿေဝ၊ နံနက်စောစော၌ သာလျှင်။
အတိဝိယ ပါတော၊ အလွန်အကဲ နံနက်စောစောကြီး၌သာလျှင်။
ဣတိ၊ ဤကား။
အတ္ထော၊ ပာဝပုဒ်၏အနက်တည်း။
(အဋ္ဌကထာ၌မူ“ကာလဿ”ဟုရှိ၏။)
ကဏ္ဏိကူပဂန္တိ၊ ကား။
ကဏ္ဏိကာယောဂျုံ၊ အထွတ်အားသင့်လျော်သော။ (အထွတ် ပြုလုပ်ရန် သင့်လျော်သော။
ရုက္ခံ ဆိန္ဒိတွာ)
တစ္ဆေတွာ မဋ္ဌံ ကဗျာတိ၊ ကား။
ကဏ္ဏိကာယ၊ အထွတ်အကျိုးငှာ။
ကတ္တဗ္ဗံ၊ ပြုထိုက်သော။
သဗ္ဗံ၊ အားလုံးသော လုပ်ငန်းကို။
နိဋ္ဌပေတွာ၊ ပြီးစီးစေပြီး၍။
တထာဟိ၊ ထိုသို့ပြီးစီးစေပြီးသည် အဖြစ်ကြောင့်သာလျှင်။
သာ၊ ထိုအထွတ်ကို။
ဝတ္ထေန၊ အဝတ်ဖြင့်။
ဝေဌေတွာ၊ ရစ်ပတ်၍။
ဌပိတာ၊ ထားအပ်ခဲ့ပြီ။
စယဗန္ဓနံ၊ စယဗန္ဓန-ဟူသည်။
သာလာယ၊ ဇရပ်၏။
အဓိဋ္ဌာနသဇ္ဇနံ၊ တည်ရာမြေခုံဟု ခေါ်ဝေါ်အပ်သော အကျည်ကို စီစဉ်ပြုလုပ်ခြင်းတည်း။
ကဏ္ဏိကမဉ္စ ဗန္ဓနံ၊ ဗန္ဓနဟူသည်။
ကဏ္ဏိကာရောဟနကာလေ၊ အတွက်တပ်ဆင်တင်ထားရာ အခါ၌။
အာရုဟိတွာ၊ တက်ရောက်၍။
အဝဋ္ဌာနအဋ္ဋကရဏံ၊ ခိုင်မြဲစွာ ဆွဲကိုင်ရပ်တည်ရာ ငြမ်းကိုပြုခြင်းတည်း။
ယဿ အတ္ထတေ ဖလကေတိ၊ ကား။
ယဿ၊ အကြင်သူ၏။
ဖလကေ၊ ပျဉ်ချပ်ကို။
အတ္ထတေ၊ ခင်းအပ်ပြီးလသော်။
ဣတိ၊ သို့။
ယောဇနာ၊ ကို။
(ကာတဗ္ဗာ)
အဝိဒူရေတိ၊ ကား။
သာလာယ၊ ဇရပ်၏လည်းကောင်း။
ကောဝိဠာရရုက္ခဿစ၊ ပင်လယ် ကသစ်ပင်၏လည်းကောင်း။
အဝိဒူရေ၊ အနီး၌။
(ပေါက္ခရဏ ခဏာပေသိ)
သဗ္ဗဇေဋ္ဌိကာတိ၊ ကား။
တဿ၊ ထိုမဃလုလင်၏။
သဗ္ဗာသံ၊ အားလုံးကုန်သော။
ဘရိယာနံ၊ မယားတို့တွင်။
ဇေဋ္ဌိကာ၊ အကြီးဆုံးမယားဖြစ်သော။
သုဇာတာ၊ သုဇာတာ သည်။
(မဏ္ဍယမာနာဝ ပိစရတိ) တဿဝါတိ၊ ကား။
သက္ကဿေဝ၊ သိကြားမင်း၏ သာလျှင်။
သန္တိကေတိ၊ ကား။
သမီပေ၊ အနီး၌။
သန္တိကာဝစရာ၊ အထံတော်ပါး သွားလာကျက်စားသူတို့သည်သာလျှင်။
ဟုတွာ၊ ဖြစ်၍။
နိဗ္ဗတ္တာ၊ ဖြစ်ကုန်ပြီ။
(ဝေဇယန္တော နာမ၊ ဝေဇယန္တမည်သော)
ပါသာဒေါ၊ ပြာသာဒ်သည်။
ဓဇေန၊ တန်ခွန်နှင့်။
သဒ္ဓိံ၊ အတူတကွတိုင်းတာအပ်လသော်။
သဟဿယောဇနိကော၊ ယူဇနာတစ်ထောင်ရှိ၏။
။
ကက္ကဋကဝိဇ္ဈနသူလသဒိသန္တိ၊ ကား။
ကက္ကဋကေ၊ ပုဇွန်တို့ကို။
ဂဏှိတုံ၊ ဖမ်းယူခြင်းငှာ။
တဿ ဗိလပရိယန္တဿ၊ ထိုပုဇွန်တွင်းအစွန်ကို။
ဝိဇ္ဈနသူစိသဒိသံ၊ ထိုးကြောင်း နှုတ်သီးချွန်နှင့်တူ၏။
မစ္ဆရူပေနာတိ၊ ကား။
မတမစ္ဆရူပေန၊ သေးပြီးငါး၏ ရုပ်သွင် သဏ္ဌာန်ဖြင့်။
ဩသရတီတိ၊ ကား။
ပိလဝန္တော၊ ပေါ်လောပေါ်လျက်။
ဂစ္ဆတိ၊ မျောပါ သွား၏။
တဿာပိ ဗကသကုဏိကာယ၊ ထိုဗျိုင်းငှက်မငယ်၏လည်း ။
အာယု၊ အသက်သည်။
ပဉ္စဝဿသတာနိ၊ အနှစ်ငါးရာတို့သည်။
အဟောသိ၊ ဖြစ်ပြီ။
(ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူ)
ဒေဝနေရယိကာနံ၊ နတ်နှင့်ငရဲဘုံသား သတ္တဝါတို့၏။
အာယု၊ အသက်ကို။
ပရိစ္ဆန္နံ ဝိယ၊ ပိုင်းဖြတ်အပ်သကဲ့သို့။
(ကထာ၊ ထို့အတူ။)
မနုဿ ပေတ တိရစ္ဆာနာနံ၊ လူ, ပြိတ္တာ, တိရစ္ဆာန်တို့၏။
အာယုနော၊ အသက်၏။
ဝါ၊ အသက်ကို။
အပရိစ္ဆန္နတ္တာ၊ မပိုင်းဖြတ်အပ် မပိုင်းဖြတ်နိုင်သည် အဖြစ်ကြောင့်တည်း။
ဥက္ကုဋ္ဌမကာသီတိ၊ ကား။
ဥစ္စာသဒ္ဒံ၊ ကျယ်လောင်သော အသံကို။
အကာသိ၊ ပြုပြီ။
ပုဗ္ဗသန္နိဝါသေနာတိ၊ ကား။
ပုရိမဇာတီသု၊ ရှေးဘဝတို့၌။
စိရသန္နိဝါသေန၊ ကြာမြင့်စွာအတူတကွ ဆက်ဆံပေါင်းသင်းနေထိုင်ခဲ့ခြင်းကြောင့်။
(သဉ္ဇာတသိနေဟာ-၌စပ်)
ဟိ၊ မှန်၏။
ဧဝံ၊ ဤသို့ ရှေးဘ၀၌ကြာမြင့်စွာ ပေါင်းသင်းနေထိုင်ခဲ့ခြင်းကြောင့်။
ဧကစ္စာနံ၊ အချို့သော သူတို့၏။
ဒိဋ္ဌမတ္တေနပိ၊ မြင်အပ်ကာမျှဖြင့်လည်း။
သိနေဟော၊ ချစ်ခင်ခြင်းသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တေန၊ ထို့ကြောင့်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပုဗ္ဗေဝ ။ပ။ ယထောဒကေတိ၊ ပုဗ္ဗေဝ ။။ ဒကေ-ဟူ၍။
အာဟ၊ ဟောတော်မူပြီ။
ပုဗ္ဗေဝ၊ ရှေးဘဝတုန်းကပင်။
သန္နိဝါသေနဝါ၊ ဆက်ဆံပေါင်းသင်း နေထိုင် ခဲ့ခြင်းကြောင့်လည်းကောင်း။
ပစ္စုပ္ပန္နဟိတေနဝါ၊ ယခုပစ္စုပ္ပန်ဘဝ၌ အကျိုးစီးပွားကို ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း။
ဧဝံ၊ ဤနှစ်မျိုးသော အကြောင်းကြောင့်။
ဥဒကေ၊ ရေ၌။
ဥပ္ပလံ၊ ကြာသည်။
ဇာယတေဧဝ ယထာ၊ ပေါက်သကဲ့သို့သာလျှင်။
(တထာ၊ ထို့အတူ။)
တံပေမံ၊ ထိုချစ်ခင်ခြင်းသည်။
ဇာယတေ၊ ဖြစ်၏။
အဝသေသေသူတိ၊ အဝသေသေသု- ဟူသော စကားကို။
အသုရေ၊ အသုရာ တို့ကိုလည်းကောင်း။
သက္ကံ၊ သိကြားမင်းကို။
ဌပေတွာ၊ ထား၍။
ဒွီသု၊ စတုမဟာရာဇ် တာဝတိံသာအားဖြင့် နှစ်မျိုးကုန်သော။ ဒေဝလောကေသု= နတ်ပြည်တို့၌။
(ဝါ၊ တို့က။)
ဒေဝေဧဝ၊ နတ်တို့ကိုပင်လျှင်လည်းကောင်း။
သန္ဓာယ၊ ရည်ရွယ်၍။
(အာစရိယော အဋ္ဌကထာဆရာသည်။)
ဝဒတိ၊ မိန့်ဆိုတော်မူ၏။
အတ္ထနိဿိတန္တိ၊ ကား။
အတ္တနော စ၊ မိမိ၏လည်းကောင်း ။
ပရေသဉ္စ၊ သူတပါးတို့၏လည်းကောင်း။
အတ္ထမေဝ ဟိတမေဝ၊ စီးပွားကိုသာလျှင်။
နိဿိတံ၊ မှီသော။
(ပဉ္စ၊ အမေးပုစ္ဆာကို။)
ပန၊ ဆက်ဦးအံ့။
တံ ဟိတံ၊ ထိုစီးပွားဟူသည်။
သုခဿ၊ သုခ၏။
နိဒါနံ၊ အကြောင်းတည်း။
ဣတိ၊ ထို့ကြောင့်။
ကာရဏနိဿိတန္တိ၊ ဟူ၍။
(အာစရိယော) အာဟ၊ ပြီ။